Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

” တန်သလောက်ဘဲ လုပ်ကြမယ်ဆို “

ခင္ခOctober 7, 20141min4079

” တန်သလောက်ဘဲ လုပ်ကြမယ်ဆို ”

 

သဒ္ဒါကြည်ဖြူ

လောင်းတဲ့ဆွမ်းက

ပိုလေမျှတော့

သွားရောက်ယူကာ

ဝေကာမျှပေး

ပရဟိလေးတို့

အိမ်မဲ့ရာနေ

ကျုးတွေဆီသို့

ပို့ကြလို့ကွယ်

သာဓုခေါ်မယ်။

 

ပြန်လှန်စဉ်းစား

ဗိုလ်ချုပ်ပြောစကား

ဗုန်းဗောလအော်

သုံးကြဗမာ

မချွေတာရင်

အလဟတ်သတ်

ကုန်ကျစရိတ်ပင်

အတော်များမယ်ထင်။

 

မော်စီတုန်းက

တရုတ်ပြည်ကြီး

ထူထောင်ခဲ့စဉ်

ထမင်းပုဂံထဲ

ထမင်းစေ့ကျန်

ထိုမြို့အတွင်း

ကျန်သည့်ထမင်း

စုမိခဲ့ရင်

နောင်တစ်ရွာအတွက်

စားလောက်လိမ့်မယ်

တိုင်းထွာချက်ပြုတ်

စားသောက်ဖို့ကို

မိန့်ခွန်းချွေတာ

ဖတ်ဖူးပါတယ်။

 

အဲဒီတော့ကာ

သဒ္ဒါကြည်ဖြူ

လှုလေသူကို

မတားမကောင်း

တားမကောင်းသော်လည်း

မျှတစွာလေး

လူခံလောင်းရင်

ကောင်းလေမလား

တွေးမိသွားတယ်

မကျေနပ်လည်း

ဆဲပေတော့။

 

 

ခင်ခ။

9 comments

  • kai

    October 8, 2014 at 1:52 pm

    ဘုန်းကြီးနဲ့ ကိုရင်ကပ္ပိယပေါင်းရင်.. ဦးရေ၁သန်းအသာလေး..
    တယောက်တမင်းတနှပ်.. ၁ဒေါ်လာနဲ့ပဲတွက်..။
    တရက်၂နှပ်.. ၂ဒေါ်လာ..။
    တရက်..စားရေးထောက်ပံ့ရငွေ.. ဒေါ်လာ ၂သန်း..။
    တနှစ်.. ၃၆၅ x $၂သန်း = ဒေါ်လာ သန်းပေါင်း ၇၃၀။

    ဒါတောင်အပိုအလျှံဆိုတဲ့.. ပိုပိုမိုမို.. ဦးဦးဖျားဖျား.. ဝက်သားတုံးကြီးလက်သီးဆုပ်သဏ္ဍန်.. အစားအသောက်အတွက်.. တန်ဖိုးနဲ့ထည့်မတွက်သေး..။
    မင်းတုန်းမင်းဆရာ ..ဆတော်ကြီးသိမ်းထားတဲ့.. ငါးခြောက်ပြားကြီးတွေလို.. သိမ်းထားတာတွေမထည့်တွက်သေး…။

    ဒါတောင်.. စားဝတ်နေရေးမှာ.. စားရေးတခုပဲတွက်သေး..။
    နေရေးက..ဒီနှစ်မြေဈေးနဲ့ဆို.. တနှစ် ဒေါ်လာ ဘီလီယန်တောင်.. တော်တော်များမယ့်ဘီလီယံ
    ဥပမာ။ ။ ရန်ကုန် သရက်တောဘုန်းကြီးကျောင်းမြေနေရာကို.. ငှားစားရင်..တနှစ်ဒေါ်လာဘယ်နှမီလီယံရမလည်း.. တွက်ကြည့်စေချင်..။
    ဝတ်ရေးက.. သင်္ကန်းတွေ.. သင်္ကန်းတွေဆိုတာ… ဆွေးမြေ့ကုန်လို့.. ပစ်ထားရတဲ့.. တရားစခန်းကြီးတွေက.. နာမယ်ကျော်ကျောင်းကြီးတွေက.. စတိုခန်းတွေထဲကြည့်ကြစေချင်..
    ဖော့သင်္ကန်း၊ ပိုးသင်္ကန်း ကြာသင်္ကန်း ငါသင်္ကန်းတွေ…။ တန်ဖိုးတနှစ်ဒေါ်လာဘီလီယံပေါင်းများစွာ..။

    ဒါတောင်.. ယောက်ျားကြီးတွေဖြစ်ကြတာအများစုမို့.. လုပ်အား… ကုန်ထုတ်စွမ်းအား.. ထွက်လာရမယ့်အစား.. ပြောင်းပြန်.. ထောက်ပံ့ကြရလို့.. နှစ်ပြန်ရှုံးတာမပါသေးဘူး..။
    မြန်မာမိန်းမတွေ.. ယောက်ျားရှားသွားသမို့.. အိမ်ထောင်စုဘဝမဆောက်နိုင်..။ မွေးနှုန်းထက်.. သေနှုန်းမြင့်နေသမို့.. လူဦးရေလျှော့လာမဲ့ကိန်းဆိုက်..။ နောင်တိုင်းပြည်အနာဂတ်.. အခြေအနေမကောင်းတာမပါသေးဘူး..။

    စိတ်မှန်းနဲ့ချကြည့်ရင်.. တနှစ်တနှစ်.. မြန်မာ့အမျိုးသားကုန်ထုတ်စွမ်းအား GDP ဘီယီယံ ၅ဝရဲ့.. ၄ပုံ၁ပုံ အသာလေးရှိတယ်..။
    ဒေါ်လာ ၁ဝဘီလီယန်အပေါ်မှာပဲ..။

    အဲဒီငွေတွေနဲ့.. ကလေးကျောင်းတွေဆောက်…။ တက္ကသိုလ်တွေဆောက်…။ မြို့ပြလမ်းတွေ..ရထားလမ်းတွေ… ။ စက်မှုလယ်ယာတွေ…။ ကျမ်းမာရေးအာမခံတွေ..ကမ္ဘာတန်းမှီ ဖြည့်၍ရနိုင်..။

    မှတ်ချက်။ ။ ဘာသာရေးမရှိရင်.. အမျိုးသား အိုင်ဒတတီပျောက်မှာစိုးကြောက်သူများအတွက်.. အခုယူအက်စ်ရဲ့.. လူငယ်ပိုင်းဖြစ်နေလာပုံ.. မြင်ကြည့်ကြစေချင်..။
    ဘာသာမရှိ.. ချချ်အပျော်တက်ကြ၏…။ သာဓု..သာဓု…။

    ဆိုတော့…
    သာသနာရေးဝန်ကြီးဌာနနဲ့. မဟနကို..ဖျက်သိမ်းစေချင်..။
    ရှိတဲ့သာသနာဝမ်ထမ်းဦးရေကို.. လက်ရှိရဲ့.. ၃ပုံ၁ပုံသာထားစေချင်…။ :k:

    • ကေဇီ

      October 8, 2014 at 2:16 pm

      မပြောပါနဲ့ အူး တဂျီးရယ်။
      တော်ကြာ ဥသေးစိမ်ကြီး ဘုန်းကြီးကျောင်းမြေတွေ ထပ်သိမ်းပြီး
      စိန်တလုံးတွေ နဂါးမောက်သီးတွေ ထပ်စိုက်နေပါအူးမယ်။

      :k:

    • ခင် ခ

      October 8, 2014 at 5:16 pm

      နံမည်ကြီး ဘုန်းတော်ကြီးကျောင်းတွေဆို ပကာသနဂုဏ်အတွက် အလှုရက်တောင် တစ်နှစ်စာကြိုယူရတယ်တဲ့ သဂျီးရေ
      တကယ်လိုအပ်တဲ့ ကျောင်းတွေ နေရာတွေအတွက် ပံပိုးမှုဖြစ်စေချင်မိတယ်လေ။

    • မြစပဲရိုး

      October 8, 2014 at 7:17 pm

      အရင်ဆုံး အလုပ်သမားဝန်ကြီး က အဘ တွေ ကို လက်ရှိ လူ ဖြစ်နေသူ တွေ ရဲ့ အလုပ်လက်မဲ့ ပြသနာတွေ အရင်ရှင်းပေးဖို့ သွားပြောဦး ရှင့်။ :))

      • ခင် ခ

        October 8, 2014 at 8:13 pm

        တစ်ချို့က အရချောင် အနေချောင် နေကြတာလဲရှိတယ်ဗျ
        တစ်ချို့ကလေးတွေ သူအရွယ်တန်းတွေ လဘက်ရည်ဆိုင်တို့လိုမျိုး စားသောက်ဆိုင်လိုမျိုး မွေးမြူရေးကြက်ခြံလိုမျိူး ပန်းရောင်း ဂျာနယ်ရောင်း လုပ်နေကြပေမယ့် သူတို့ကိုအဲလိုနေရာမှာ အလုပ်လုပ်စေလည်း ခဏနဲ့ ထွက်ပြေးကြတာမျိုးလည်းရှိတယ်ဗျ
        တကယ်တော့ကိုယ့်ဘဝကို ကိုယ်ဝန်အားနဲ့ရပ်လာနိုင်ဖို့ ဖြစ်လာအောင်လုပ့်သင့်တာ။
        တကယ်အလုပ်လုပ်လိုသူတွေအတွက် အလုပ်ရှိတတ်ပါတယ်။ လုပ်ချင်စိတ်ရှိဖို့ဘဲလိုတာပါ။
        အဲလိုမဟုတ်ဘဲ ဆွမ်းဟင်းအကျ စားနေမျှနဲ့ ရပ်တည်နေဖို့ လုပ်ပေးနေတာကဖြင့် ရေရှည်အတွက် ဟန်မယ်မထင်ဘူးလို့ထင်ပါတယ်လေ။

        • မြစပဲရိုး

          October 8, 2014 at 8:28 pm

          အဲဒါအမှန်ပါဘဲ ကိုခ ရယ်။
          မဟုတ်ရင် အချောင် ခို စိတ်တွေ ဝင်လာမှာ စိုးရတာပါ။

  • ဝင့်ပြုံးမြင့်

    October 9, 2014 at 7:49 am

    ဂျိမ်းးးး
    (သဂျီးအတွက် ငရဲပြည်တံခါး ပွင့်သွားသံ)
    mrgreen:

    • kai

      October 9, 2014 at 2:19 pm

      လပြည့်နေ့အမှတ်တရ.. ကုသိုလ်တွေတပုံတပင်ရအောင်.. ထောက်ပြလိုက်တာ.. ငရဲတခါးဖွင့်ပေးတယ်လား..
      ငရဲမီးမှောင်ခိုထုတ်ရောင်းဦးမှာ.. :k:

  • manawphyulay

    October 9, 2014 at 3:08 pm

    ဘယ်လိုပြောရမှန်းတောင် မသိတော့ပါဘူး လေးခရယ်…
    ပြောရင်လည်း ငရဲကြီး…. မပြောရင်လည်း ငရဲမနေဆိုသလိုပေါ့..

Leave a Reply