Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

ပတ္တမြားမြေသို့ အလည်တစ်ခေါက်

weiweiOctober 10, 20144min74917

ကျွန်မနဲ့ ခရီးသွားခြင်းက တစ်သားထဲဖြစ်နေသလိုပါပဲ။ ပိတ်ရက်ရလိုက်တိုင်း ခရီးတစ်ခုခုထွက်ပြီး အပန်းဖြေတတ်တာ အကျင့်တစ်ခုလိုဖြစ်နေပါပြီ။ ရက်ရှည်ရင်တစ်မျိုး၊ ရက်တိုရင်တစ်မျိုး အဆင်ပြေသလို သွားလေ့ရှိပါတယ်။ ဒီအပါတ် သီတင်းကျွတ်မှာ မရောက်ဖြစ်တာ ကြာနေပြီဖြစ်တဲ့ မုံရွာဘက်ကို သွားလည်ပြီး ပြင်ဦးလွင်မှာအပန်းဖြေမယ်လို့ စီစဉ်ဖြစ်ခဲ့တယ်။
ဒါပေမယ့် မုံရွာကပြန်ပြီး ပြင်ဦးဘက် အတက်လမ်းမှာ စိတ်ကူးပြောင်းသွားတယ်။ မန္တလေး-ပြင်ဦးလွင်-မိုးကုတ် ပြေးဆွဲနေတယ် တက်စီကားလေးတွေကြည့်ပြီး မိုးကုတ်သွားကြရင်ကောင်းမယ်လို့ တွေးမိပြီး ပြင်ဦးလွင်မှာညအိပ်ပြီး မနက်ဘက် မိုးကုတ်ဘက်ကို ခရီးထွက်ခဲ့ကြပါတယ်။

ပြင်ဦးလွင်ကနေ မိုးကုတ်ကို ၉၃ မိုင်ရှိပါတယ်။ ဘုမသိ ဘမသိ ဘယ်သူမှမမေးပဲ လမ်းညွှန်အတိုင်းမောင်းသွားလိုက်တယ်။ မနက် ၈ နာရီလောက်မှာ ပြင်ဦးလွင်ကနေ စထွက်ဖြစ်ပါတယ်။ လမ်းတလျှောက် ရွာငယ်လေးတွေရှိပေမယ့် ဆိုင်ကြီးကြီးမားမားမရှိပါဘူး။ ဆီရောင်းတဲ့ပန့်ဆိုင်လဲ မရှိဘူး။ ဆိုင်ကယ်လေးတွေတော့ အသွားအလာရှိတယ်။ ပါတ်ဝန်းကျင်က အရမ်းကိုသာယာလှပတယ်။ ဘယ်ကြည့်ကြည့် စိမ်းစိုနေလို့ မျက်စိအေးတယ်။ သဘာဝလေက အေးမြမြလေးမို့လို့ ကားအဲယားကွန်းကိုပိတ်ပြီး လေရှူခဲ့ကြတယ်။ လမ်းကောင်းပေမယ့် ကျဉ်းတယ်။ ကားနှစ်စီးဒီအတိုင်းရှောင်လောက်အောင် မကျယ်ဘူး။ တောင်တက်တောင်ဆင်းတွေနဲ့ အကွေ့အကောက်တော်တော်များတယ်။ တစ်လမ်းလုံးမှာ သွားနေတဲ့ကား ရှောင်ခဲ့ရတဲ့ကားက သိပ်များများမရှိဘူး။ လမ်းတံတားကြေးကောက်ခံနေတဲ့နေရာလဲ မရှိဘူး။ အားလုံးအေးအေးဆေးဆေးနဲ့ မောင်းလိုက်တာ နေ့ခင်း ၁၁ နာရီမှာ မိုးကုတ်မြို့ကိုရောက်ပါတယ်။

ပြင်ဦးလွင် မိုးကုတ် လမ်းတစ်နေရာ
ပြင်ဦးလွင် မိုးကုတ် လမ်းတစ်နေရာ
လမ်းမှာတွေ့ခဲ့တဲ့ ရွာလေးတစ်ရွာ
လမ်းမှာတွေ့ခဲ့တဲ့ ရွာလေးတစ်ရွာ
လမ်းခရီးက သာယာတယ်
လမ်းခရီးက သာယာတယ်

မိုးကုတ်မှာ လည်စရာနေရာသိပ်မရှိပါဘူး။ အဓိကအနေနဲ့ အနောက်ဘက်တောင်ပေါ်မှာတည်ထားတဲ့ ချမ်းသာကြီးဘုရား၊ အရှေ့ဘက်တောင်ပေါ်က ပတ္တမြားစေတီ၊ မြို့လယ်က အင်းလို့ခေါ်တဲ့ရေကန်၊ ဖောင်တော်ဦးစေတီ၊ ရှေးဟောင်းဘုရားလို့ပြောကြတဲ့ ရွှေဂူကြီးဘုရားနဲ့ တရားရိပ်သာတွေရှိပါတယ်။ မိုးကုတ်မိုတယ်တစ်ခုပဲတွေ့ခဲ့ပြီး တခြားဟိုတယ်တွေမတွေ့မိခဲ့ဘူး။ မြို့တွင်းမှာ မြေနေရာရှားပါးလို့ လမ်းကျဉ်းတယ်။ ခြံကွက်ကျယ်တွေမရှိပဲ အိမ်တွေက ကပ်နေတယ်။ လမ်းကျဉ်းလေးတွေက ကုန်းဆင်းကုန်းတက်တွေနဲ့မို့လို့ ကိုရီးယားဇာတ်လမ်းတွဲတွေထဲက အိမ်တွေနဲ့တောင် ဆင်နေသလိုပဲ။

မြို့ထဲက လမ်း
မြို့ထဲက လမ်း
ဒါက လမ်းသွယ်လေးတစ်ခု
ဒါက လမ်းသွယ်လေးတစ်ခု

ပထမဆုံးအနေနဲ့ အထင်ရှားဆုံးနေရာဖြစ်တဲ့ ချမ်းသာကြီးဘုရားကို အရင်သွားလိုက်ကြပါတယ်။ တောင်ပေါ်အထိကားနဲ့တက်လို့ရတာကို မသိခဲ့လို့ စောင်းတန်းကနေ ခြေထောက်နဲ့တက်ခဲ့ရတာကလဲ အမှတ်တရတစ်ခုဖြစ်ခဲ့ပါတယ်။ အမြင့်ရောက်လေလေ အဝေးကိုပိုမြင်နိုင်လေလေဆိုတဲ့ စကားအတိုင်းပဲ တောင်ပေါ်ကနေ မိုးကုတ်မြို့တစ်မြို့လုံးကို အပေါ်စီးက မြင်ခဲ့ရပါတယ်။ လှလိုက်တာလို့ ခဏခဏပြောဖြစ်အောင်လှတဲ့ မြို့လေးတစ်မြို့ပါ။ ရောက်ဖူးခဲ့သမျှ မြန်မာပြည်တွင်းကမြို့တွေထဲမှာ အလှဆုံးမြို့လို့တောင်ပြောလို့ရပါတယ်။ တောင်ပေါ်ကနေ ကြည့်လို့မဝဖြစ်ခဲ့ပေမယ့် ဓါတ်ပုံအတွက်ကတော့ နေပြောင်းပြန်ဖြစ်နေလို့ စိတ်တိုင်းကျ မရိုက်ဖြစ်ခဲ့ဘူး။

ချမ်းသာကြီးဘုရားပေါ်ကနေ ရိုက်ခဲ့တာ
ချမ်းသာကြီးဘုရားပေါ်ကနေ ရိုက်ခဲ့တာ
မြို့ မြောက်ဘက်အခြမ်း
မြို့ မြောက်ဘက်အခြမ်း
ပတ္တမြားစေတီဘက်ကို ဇွန်းနဲ့လှမ်းခပ်ထားတာ
ပတ္တမြားစေတီဘက်ကို ဇွန်းနဲ့လှမ်းခပ်ထားတာ
ခပ်ကြီးကြီး အဆောက်အဦးက မိုးကုတ်တရားရိပ်သာ (နေချင်စရာလေးနော်)
ခပ်ကြီးကြီး အဆောက်အဦးက မိုးကုတ်တရားရိပ်သာ (နေချင်စရာလေးနော်)
ရှုခင်းက မြန်မာပြည်နဲ့မတူဘူးနော်
ရှုခင်းက မြန်မာပြည်နဲ့မတူဘူးနော်
ချမ်းသာလိုက်ကြတာ .. ရွှေအစစ် ကျောက်သံပတ္တမြားအစစ်တွေနဲ့ ချမ်းသာကြီး ပုံစံတူ
ချမ်းသာလိုက်ကြတာ .. ရွှေအစစ် ကျောက်သံပတ္တမြားအစစ်တွေနဲ့ ချမ်းသာကြီး ပုံစံတူ

ချမ်းသာကြီးဘုရားကဆင်းပြီးတော့ အနီးဆုံးဖြစ်တဲ့ ရွှေဂူကြီးဘုရားကို သွားခဲ့တယ်။ သပ်ယပ်သန့်ရှင်းတဲ့ဘုရားနဲ့ ပါတ်ဝန်းကျင်တောင်တန်းတွေက ပန်းချီကားချပ်ထဲရောက်နေသလိုပါပဲ။ မိုးကုတ်ဆိုတော့လဲ ဘုရားတွေမှာ ပတ္တမြားတွေစီချယ်ထားကြတယ်။ ဗုဒ္ဓဝင်ကိုတောင် ကျောက်စီပန်းချီကားတွေနဲ့ ရေးချယ်ထားကြတာတွေ့ရတယ်။

ရွေဂူကြီး စေတီတော်
ရွေဂူကြီး စေတီတော်
စေတီအနောက်ဘက်က တောင်ပေါ်ကို လှမ်းရိုက်ခဲ့တာ
စေတီအနောက်ဘက်က တောင်ပေါ်ကို လှမ်းရိုက်ခဲ့တာ
ရွှေဂူကြီးဘုရား
ရွှေဂူကြီးဘုရား

နေ့လည် ၁၂ နာရီလောက်ရှိပြီမို့ ဗိုက်ဆာနေကြပေမယ့် ကျွန်မကတော့ မွန်းလွဲချိန်မရောက်ခင် ပတ္တမြားစေတီပေါ်ကိုရောက်မှ မိုးကုတ်တစ်မြို့လုံးကို ဓါတ်ပုံရိုက်နိုင်မယ်လို့ မှန်းဆမိတဲ့အတွက် ထမင်းနောက်မှစားပြီး တောင်ပေါ်အရင်သွားမယ်လို့ ဆုံးဖြတ်လိုက်တယ်။ ကျွန်မတို့ကားလေးက အသေးလေးနဲ့ ပတ္တမြားတောင်တက်လမ်းက အလွန်အသဲယားစရာပါ။ မက်စောက်တဲ့တောင်တက်လမ်းကို ဘုရား တရား တရင်းတက်သွားခဲ့ရပေမယ့် တက်ရတာ တန်တဲ့နေရာတစ်ခုဖြစ်နေမှန်း အပေါ်ရောက်မှ တွေ့လိုက်ရတယ်။ ခြေထောက်နဲ့ တက်ရမယ်ဆိုရင်တောင် တက်ကြည့်လောက်အောင် ထိုက်တန်တဲ့နေရာတစ်ခုဖြစ်ပါတယ်။ မွန်းတည့်နေကြောင့် ဓါတ်ပုံတွေလဲ အဆင်ပြေပြေရလာခဲ့ပါတယ်။ လေတစ်ဖြူးဖြူးနဲ့ အသဲပုံရေကန်အလှ ချမ်းသာကြီးဘုရားအဝေးမြင်ကွင်းတွေက ပြန်မဆင်းချင်လောက်အောင် စွဲဆောင်နိုင်ခဲ့ပါတယ်။

နာရီဝက်လောက်နေပြီးတော့ ပြန်ဆင်းခဲ့ပြီး မြို့ထဲမှာထမင်းစားခဲ့ကြတယ်။ ဘယ်ဆိုင်ကောင်းလဲမသိလို့ တွေ့တဲ့ဆိုင်တစ်ဆိုင်မှာ ဝင်စားလိုက်ပါတယ်။ နံမည်က ရွှေပြည်တဲ့။ ဟင်းချက်လက်ရာတော်တော်ကောင်းပြီး စေတနာပါတဲ့ ဆိုင်တစ်ဆိုင်ဖြစ်ပါတယ်။ အရွေးမှန်သွားတယ်။ ၅ ယောက် အဝစားတာတောင်မှ ၉၀၀ဝ ကျပ်ပဲ ကျခဲ့တာမို့လု့ိ ခရီးစဉ်တစ်လျှောက်မှာ ဈေးအသက်သာဆုံးနဲ့စားလို့ကောင်းတဲ့ဆိုင်တစ်ဆိုင်မို့လို့ မှတ်ထားလိုက်တယ်။

ပို့စ်တစ်ခုထဲနဲ့ အပြီးသတ်လိုက်ချင်ပေမယ့် ဓါတ်ပုံတွေ အများကြီးထပ်တင်ချင်သေးလို့ နောက်ထပ် ပို့စ်တစ်ခု ထပ်ခွဲလိုက်ပါတော့မယ်။

17 comments

  • တောင်ပေါ်သား

    October 10, 2014 at 4:41 pm

    အဲဒီဘက် မရောက်ဖူးဘူးဗျာ ၊

    ရူခင်းလေးတွေက လှတယ် ၊

  • တညင်သား

    October 10, 2014 at 4:50 pm

    အန်တီဝေ ခရီးသွားအတွေ့အကြုံလေးရေးတော့ အဲ့လိုခရီးတွေသွားချင်မိတယ် ..
    ကြုံတုန်းလေးဗျာ…ဟို ကျောက်တူးတဲ့နေရာက ဘယ်နားလောက်မှာ ရှိလဲသိချင်မိတယ်..

    • weiwei

      October 10, 2014 at 7:02 pm

      အခုတော့ ကျောက်ထွက်တာ အရမ်းနဲသွားပြီလို့သိခဲ့ရတယ် … ကျောက်တူးတဲ့နေရာတွေက မိုးကုတ် အနောက်ပြင်ဘက်မှာ ရှိတယ် … ကျောက်ဝိုင်းလို့ခေါ်တဲ့ ကျောက်ဈေးကွက်တစ်ခုတော့ ရှိနေသေးတယ် ..

  • ကေဇီ

    October 10, 2014 at 5:11 pm

    Ohhh..
    I miss Mogyok..
    The weather is so nice this time.

  • အလင်းဆက်

    October 10, 2014 at 8:27 pm

    ခင်္ရီးသွား ဗဟုသုတ ရပါအိ ။
    စေတီတော်ကို ကျောက်မျက်တွေနဲ့…လုပ်ထားတာလေး..သေချာ ကြည့်သွားမိတယ်။
    အဟိ

  • မဝေ မိုးကုတ်မြို့ ကိုတစ်ည အိပ်ရောက်ဘူးခဲ့တယ်

    လွန်ခဲ့သောလေးနှစ်ကပေါ့။

    ကျနော်ရောက်ချိန်မှာ မိုးတွင်းဖြစ်နေတော့ တောင်ခိုးတွေ ဝေ နေတာကို တွေ့ ခဲ့ ရတယ်။

    မဝေဓါတ်ပုံထဲမှာတွေ့ လိုက်ရတာက မြို့လည်ကန်ကြီး ကရေ အတော်နည်းနေပြီ

    ထပ်သွားချင်သေးတယ်

  • kai

    October 11, 2014 at 8:11 am

    မိုးကုတ်မြို့..
    သူတို့ရဲ့ဝင်ငွေနဲ့.. မြို့ဟာ.. ဥရောပမြို့လောက်တော့.. အေးဆေးလှအောင်လုပ်နိုင်တယ်..။
    ရာသီဥတုလည်းကောင်းတယ်..။
    လူတွေအတွက်.. လောကနိဗ္ဗာန်ဆောက်နိုင်မယ်ပေါ့…

    အခုတော့..
    စနစ်ကြောင့်မဟုတ်..။ စနစ်ကြောင့်မဟုတ်..။ :k:

    • pooch

      October 11, 2014 at 9:31 am

      ပတ္တယားမှာ ရှိတယ် တူးဖော်ရေး အတုလုပ်ပြီး ပြ အကြီးဆုံး ကျောက်မျက်ပြခန်း ဆိုပြီး ရောင်းတာ
      အလန်းဇယား ရောင်းလို့ရတာ အကုန် မဝယ်ဝယ်ချင်အောင် ပြရောင်းတာ
      Package နဲ့သွားဖြစ်တဲ့သူတိုင်း ရောက်အောင် ပို့ကြလေရဲ့
      ဝယ်ပါဘူး ကိုယ့်ဆီက ထွက်တာတွေကို :loll:

  • မြစပဲရိုး

    October 11, 2014 at 1:08 pm

    မိုးကုတ် က မြန်မာပြည်ရဲ့ အလှတရား တွေထဲ မှာ ရှေ့တန်းက ပါမယ် ထင်ရဲ့။
    မိုးကုတ်ဆရာတော်ကြီး ရဲ့ ရုပ်ထု က အတော်ကို တူတာဘဲနော်။
    လက်ရာကောင်းလိုက်တာ။

    အဲဒီ ရေကန်လေး က အရင် Post မှာ ရေးထားတဲ့ “အသဲပုံရေကန်” တဲ့လား။
    အဲဒါ နာမည် အစစ်လား။ ဝေ တင်စားလိုက်တာလား။
    ရေကန် ရယ်၊ သစ်ပင် တွေ ရယ်၊ တောင်တွေ ရယ် နဲ့ စိတ်အေးချမ်းဖို့ ကောင်းလိုက်တာ။

    နောက်ဆက်တွဲ တွေ ဆက်မျှော်နေပါသည် ဝေ။
    မရောက်ဖူးတာ ရောက်ဖူးသွားလို့ လဲ ကျေးဇူးပါ။
    :))

    • weiwei

      October 11, 2014 at 2:36 pm

      အသဲပုံနဲ့တူလို့ အဲလိုနံမည်ပေးလိုက်တာ အရီးရေ .. သူတို့ကတော့ အင်း လို့ပဲ ခေါ်ကြတယ်ထင်တယ် ..
      မိုးကုတ်ကတော့ ပို့စ် ၂ ပိုင်းနဲ့တင် ကုန်ပါပြီ ..
      မုံရွာဘက် ဆက်သွားကြမယ် ..

  • CharTooLan

    October 11, 2014 at 1:26 pm

    ပုံတွေလှတယ်…တောင်ပေါ်ဒေသတွေသွားရင် အဲ့လိုရှုခင်းတွေတွေ့ရတိုင်း ဟယ်~~~လှလိုက်တာ ကြည့်စမ်း ကြည့်စမ်း အရမ်းလှတာပဲ~~ လို့ရွတ်မိတယ်… ဒါနဲ့
    မြန်မာပီနဲ့မတူဝူးဆိုတဲ့ရှုခင်းက ဘယ်ပီနဲ့တူနေလို့လဲခည??

    • weiwei

      October 11, 2014 at 2:24 pm

      မြန်မာပြည်နဲ့ မတူဘူးလို့ပြောတာက နိုင်ငံခြားရုပ်ရှင်တွေထဲက ရှုခင်းတွေနဲ့ တူနေလို့ ..
      နောက်ပြီး မြန်မာပြည်အနှံ့ခရီးထွက်ဖြစ်ပေမယ့် ဒီလိုရှုခင်းနဲ့သဏ္ဍာန်တူတာမျိုး မတွေ့ခဲ့ဖူးတာကြောင့်ပါ ..

  • Paing Lay

    October 11, 2014 at 3:51 pm

    ပတ္တမြားမြေနဲ့ ကျွန်တော်တို့ မြို့နဲ့ဆိုရင် ၂၈မိုင်ပဲဝေးတယ်ဂျ။ အဲဒီကြားထဲမှာ ကျိုက်ထီးရိုးတောင်တော်ထက် ပေ ၅၀၀ဝ မြင့်တဲ့ ကမာ္ဘ့အံ့ဖွယ်စေတီဆိုတာလည်း ရှိသေးတယ်။ နှစ်စဉ် နှစ်တိုင်း တန်ဆောင်တိုင်လပြည့်နေ့တွေဆိုရင် မိုးမိတ်ရော မိုးကုတ်ရော ဘုရားလာဖူးကြတယ်ဗျ။ ကျွန်တော်တို့ ဆီက စေတီကိုလည်း ကျိုက်ထီးရိုးလို လမ်းရှယ်ပြင်လိုက်ရင် အတိုင်းအထက်အလွန်ပေါ့ဗျာ။ 🙂

    • weiwei

      October 12, 2014 at 8:46 am

      ကိုပိုင်လေး အဲဒီဘုရားသွားဖြစ်တဲ့အခါ မှတ်တမ်းရေးပြီး ဓါတ်ပုံတွေနဲ့ ပြမယ်ဆိုရင် လူတွေသိသွားပြီး သွားချင်စိတ်ပေါက်သွားကြမှာပါ ..

  • ဦးကြောင်ကြီး

    October 12, 2014 at 2:12 am

    မိုးကုတ်က
    သိုးအုပ်
    ခိုးတုပ်လို့
    ကြိုးပြုတ်
    ရိုးနုပ်သမို့
    အိုးလုပ်
    ကိုးဖြုတ်စို့
    ဂျိုးသုပ်..။

  • မဝေ ေ၇

    မုးိကုတ်မြို့ကိုဝိုင်းထားတဲ့ တောင်တန်းတွေကမြို့ပါတ်ပါတ်လည်အရမ်းလှပါတယ်

  • မ " တတ် ပါ့ "

    October 13, 2014 at 11:48 am

    မဝေ စာတွေ့လေးနဲ့ မိုးကုတ်ရောက်ဖူးသွားပြီ… ဟိဟိ

    ကျေးဇူးတင်ပါတယ်။

Leave a Reply