ကန်ချီ
ကြာရိုးက
ကြာခူးသမားရဲ့အတိမ်အနက်နဲ့တော့ သပ်သပ်
လူက
ဘက်ထရီရဲ့အနီအနက်နဲ့တော့ သပ်သပ်
ဒီလိုပြောတော့
တိမ်ဆင်သက်ရာအရပ်မှာ
တောထနေပုံက
လဟာပြင်တွေကို မကြားကြဘူး။
အိပ်မက်ကို မှိတ်တုတ်မှိတ်တုတ်မက်ရင်း
သစ်တစ်ပင်တော့စိုက်ခဲ့တယ်
ဝေးပါသေးတယ်
ငှက်တစ်သောင်းတို့
ပျံရင်းနဲ့သေကြပေတော့
အနာဂါတ်ဟာ
ကျောတစ်ရာရင်တစ်ရာပဲ အဖြေထွက်နေတုန်း
7 comments
အလင်းဆက်
October 10, 2014 at 8:01 pm
အိပ်မက်ကိုများ မှိတ်တုတ် မှိတ်တုတ် မက်ရတယ်လို့.. ။
ကျနော်ကတော့..အိပ်မက် မမက်တတ် ။ မက်လည်း..ဂျူံုးဂျူံးဂျက်ဂျက်နဲ့ပဲ.. .။
:k:
မြစပဲရိုး
October 11, 2014 at 1:26 pm
ဇင်ရော် တွေကတော့ သစ်ပင်မရှိလဲ ကျောက်တောင် ကျောက်ဆောင် တွေ ပေါ်မှာ နားတတ် ကြပါတယ်။
{ အနာဂါတ်ဟာ ကျောတစ်ရာရင်တစ်ရာပဲ အဖြေထွက်နေတုန်း }
အတော်လေး ကြိုက်မိပါရဲ့ ကိုဆစ် ရေ။
တွေးစရာ တွေ တစ်သီချည်း ထွက်သွားလို့။ :))
သို့ပေသည့် ကန်ချီ ဆိုတာ ဘာတုန်း။ 🙄
Yae Myae Tha Ninn
October 11, 2014 at 4:43 pm
ကျွန်တော်ထင်တာတော့ အရီး… ကန်ချီဆိုတာ.. ကံချေ… ကံခေ နေတုန်းပဲကိုး… တိုင်းရင်းသား စကားတခုနဲ့ ပြောလိုက်တာဗျ… ကထူးဆန်းပို့စ်လို တက်တက်စင်လွဲဦးမှာ မြင်ယောင်သေး… ဟေးး ဟေးးး… ခက်တာက ဘုန်းကြီးကျောင်းက ထရိန်းပေးလိုက်တာက ရဲ စွာ ပြောတတ်ဖို့ပဲတဲ့… 😀
ပြီးတော့ ကိုစစ်… ကျွန်တော် ဒီလို စီလိုက်ရင်ရော.. အရသာ ပျက်သွားမလား…
ကြာရိုးက
ကြာခူးသမားရဲ့အတိမ်အနက်နဲ့တော့ သပ်သပ်
လူက
ကောင်းကင်ရဲ့အနိမ့်အမြင့်နဲ့တော့ သပ်သပ်
ဒီလိုပြောတော့
တိမ်ဆင်သက်ရာအရပ်မှာ
တောထနေပုံက
လဟာပြင်တွေကို မကြားကြဘူး။
အိပ်မက်ကို မှိတ်တုတ်မှိတ်တုတ်မက်ရင်း
သစ်တစ်ပင်တော့စိုက်ခဲ့တယ်
ဝေးပါသေးတယ်
ငှက်တစ်သောင်းတို့
ပျံရင်းနဲ့သေကြပေတော့
အနာဂါတ်ဟာ
ကျောတစ်ရာရင်တစ်ရာပဲ အဖြေထွက်နေတုန်း
ခေါင်းသုံးလုံး မဖြစ်ခင် အမြစ်ကလေးတော့ မြင်ချင်မိတယ်…
မှားသွားရင် ဆောရီးနော်… 🙂
kai
October 11, 2014 at 1:41 pm
အရှိုးတွေထပ် အမျိုးမမြတ်နိုင်တဲ့
အတိတ်ဟာ နားခိုရာကိုရှာ
သစ်ပင်တော့သစ်ပင်
ငှက်တကောင်နားရင် ကိုင်းကျတဲ့ပေါက်ပင်
စိတ်ဂယက်ထတဲ့အခါ
ငါ့ဝမ်းပူဆာမနေသာသူတို့ရဲ့ လတာပြင်ထဲကြည့်။ ။
Mr. MarGa
October 11, 2014 at 4:08 pm
ကန်ချီ

ကန်ကို လေယာဉ်ချီ
မဟာရာဇာ အံစာတုံး
October 12, 2014 at 1:01 pm
ကျန်ချီ ကို ကျုပ်က ပန်းချီ မှတ်လို့ … :mrgreenn:
ငှက်တစ်သောင်း တော့ မသေခိုင်းပါနဲ့ဦး …
စိတ္တဇ ပန်းချီတွေတောင်မှ ရောင်းအားတက်နေသေးတာ …
ဘယ့်နှယ် …
ko six
October 25, 2014 at 9:36 pm
ကန်ချီဆိုတာ
မြန်မာ့ဇာတ်သဘင်ဝေါဟာရပါ။
စချီ၊ပြန်ချီ၊ကန်ချီဆိုပြီး ရှိ၏။
လူရွှင်တော်တစ်ဥိီးအစချီပြောဆိုသောစကားကို
နောက်တစ်ဦးကပြန်ချိီဖြင်တွယ်၏
ထိုအခါ ပထမလူက
ချေပပြောဆိုသောစကားကို
ကန်ချီဟု ခေါ်ပါကြောင်း