ပေါင်လှန်ထောင်းရတာ နာလှပါဘိ

စဆရ ႀကီးOctober 17, 20141min35917

ကျုပ်ဆိုတဲ့ကောင်ကလဲ အတော်လေးကို မကောင်းတာလား။ မကောင်းဆိုသိပ်ပြီးတော့ ကွန်ဆာဗေးတစ်ကြီးဆန်လွန်းတယ်ပဲပြောရလေမလား။ တစ်ကယ်ပါ၊ ကျုပ်ဆိုတဲ့ကောင်ကြီးကလဲ ဗမာသာမဟုတ်တာ မြန်မာဆိုတာတော့ သိပ်ချစ်သား။ မွေးကတည်းက မြန်မာဆိုတာကြီးကို မြတ်နိုးလိုက်တာများဗျာ Brain Wash အလုပ်ခံထားရတယ်ဆိုတာတောင် ကိုယ့်ကိုယ်ကိုမသိပဲ နေရင်းထိုင်ရင်း မြန်မာလို့ဆိုရတာကြီးကို ကြိတ်ကြည်နူးနေမိတဲ့ကောင်ကြီး။ ရောက်လေရာနေရာတိုင်းမှာ မြန်မာဆိုတာ ဘယ်သူမှမသိလေတော့ တက်ဘလွတ်ကြီးထုတ်၊ ဖုန်းကိုထုတ်၊ မြေပုံကြီးပြပြီး တွေ့ပလား၊ သိပလားဟ ဒါငါတို့နိုင်ငံကြီးလေ၊ ငါတို့နိုင်ငံကြီးက ၅၅ သန်းလောက်သော လူဦးရေလေးနဲ့ ၂၆၁၂၂ရ စတုရန်းမိုင်အကျယ်အဝန်းမှာနေတယ်ဆိုတော့ ဖိလစ်ပိုင်မတွေ၊ ဘင်္ဂါလီတွေက အံ့ဩလို့။ အဟင်း… ရှက်ရှက်နဲ့ သူတို့ထပ်ပြောတာများ အမှန်အတိုင်းဝန်ခံရမယ်ဆိုလျင်တော့ သူတို့မှတ်ချက်ချတာက နင်တို့မြန်မာတွေ ကလေးလဲ များများမမွေးနိုင်ကြဘူးထင်တယ်နော်တဲ့။

ဆိုတော့ ဘယ်ရမလဲဗျာ။ မြန်မာဆိုတာ သွေးရဲကြောင်း ခပ်ကြမ်းကြမ်းလေးပြလိုက်တယ်။ ဖားတွေလဲ ရော့နင်တစ်ယောက်ယူ၊ ကျန်တာတွေလဲ နင်ကတော့ နှစ်ယောက်ယူဆိုပြီး မြန်မာတွေ ကလေးလိုချင်သလောက်ရတယ်ဆိုတာ ပြလိုက်တာ ကျုပ်လဲ တစ်ရေးနိုးမှ အိမ်မက်မက်နေမှန်းသိပြီး စပ်ဖြီးဖြီးကြီးနဲ့ နေလိုက်ရတာ။ တော်သေးတယ်၊ ခုထိ ကျုပ်ကလွဲ ဘယ်သူမှသိတာမဟုတ်ဘူးလေ။ ဟုတ်တယ်မလား။

တစ်ကယ့်တစ်ကယ်မှာတော့ ကျုပ်တို့လို မြန်မာအမျိုးကောင်းသားတွေကသာ အဖြစ်မရှိတာ၊ ကျုပ်တို့မြန်မာအမျိုးသမီးတွေကတော့ လက်စွမ်း၊ ခြေစွမ်း၊ ရှိသမျှအစွမ်းတွေ ရောက်လေရာမှာ ပြကြလေသဗျ။

    (က)

ကျူပ်ဆိုတဲ့ကောင် ဆင့်ကာပူရမှာတုန်းက ဆင့်ကာပူရက မြန်မာအမျိုးသမီးအတော်များများနဲ့ (တစ်ကယ်ပါ) တစ်ယောက်မှ အသိမရှိဘူး။ ဆိုတော့ အနည်းငယ်တော့ ရှိတယ်များထင်မလားပေါ့။ တစ်ကယ်တော့တစ်ယောက်မှကို မသိဘူး။

ကျုပ်သူငယ်ချင်းတစ်ကောင်တော့ သိပ်တော်တယ်ဆိုရမလား၊ သူကတော့ အဲ့ဒီအချိန် ၂၀၀ရ လောက်က နာမည်အနည်းငယ်ရှိတဲ့ Teen အဖွဲ့ထဲက ကိုထူးဝင်းဖေပေါ့ဗျာ။ သူ့ခမျာ စလုံးကိုခြေချတယ်ဆိုကတည်းက သူ့ကောင်မလေးက လေဆိပ်မှာ ဖုန်းတစ်လုံးနဲ့ သူ့ကိုလာစောင့်လို့ကြိုနေတာ၊ နောက်ထပ် ပြည်မကြီးဖွား မော်လမြိုင်သားလဲ ထိုနည်းလည်းကောင်းပေါ့။ ပြောရမယ်ဆိုသူကလဲ ရာဇဝင်နဲ့ဗျ။ ကျုပ်တို့တစ်တွေ အိမ်မှာဗျူးအောင်ပြီး အောင်ပွဲခံတဲ့အနေနဲ့ ဆူးလေက King လားရှိူးခုနှစ်လွှာပေါက်စီဆိုင်မှာ အောင်ပွဲခံကြတယ်ပေါ့။ စုစုပေါင်း ၁၂ ယောက်လောက်ရှိမယ်ထင်တယ်။ တစ်ခုထူးတာက အဲ့ဒီဆိုင်က စားပွဲထိုးက ၁၅ နှစ်ကျော်ကျော်ကောင်မလေးတွေချည်းဗျ။ မသိပဲဝင်သွားတာ။ ဆိုတော့ကာလိုရင်းချုပ်ရလျင် စားပွဲထိုးမလေးပေါ့၊ ပါးလေးတွေနီနေတာပဲ၊ အမှာစာလာယူတာမှာ လူတိုင်းစားချင်တာလေးတွေမှာတယ်ပေါ့။ အဲ့ဒီပြည်မကြီးဖွား မော်လမြိုင်သားအလှည့်ကျတော့ ပြုံးပြုံးကြီးနဲ့ ကောင်မလေးကို ငေးကြည့်ရင်း…

“ကျုပ်… ကရင်ဆော်ဒါ ကြိုက်ဒယ်”

ဆိုပြီး အံကြိတ်သံကြီးနဲ့ပြောလိုက်တာများ တစ်ဖွဲ့လုံး ရယ်မောမဆုံးကြသလို ထိုကရင်မလေးမှာလဲ နဂိုက နီနေသည်မှရဲဗလောင်းခတ်သွားသည်ထိပင်။ ကျုပ်တို့လဲ သူက ပြည်မကြီးဖွားမို့လို့ သိပ်မပြောတတ်လို့ပါလို့ ဝိုင်းရှင်းပြရသေးသည်။ ဘဝများအဲ့လို။

အဲ့လိုနဲ့ ကျုပ်တို့လဲသွားရတော့မယ်ဆိုပြီး ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်ကြီးက စုစုပေါင်းနှစ်ခုမျှသော Terminal နှစ်ခုက တစ်ခုသော နေရာမှာပေါ့။ ကျုပ်ကိုအဖွဲ့ခေါင်းဆောင်အနေနဲ့ တင်မြှောက်ထားတော့ လိင်ဗျံကြီးပေါ်မတက်ခင် အေးဂျင့်ကပေးလိုက်တဲ့ လူစာရင်းကိုစစ်ရင်းနဲ့ ထူးဝင်းဖေလို့ခေါ်လိုက်ချိန်မှာ လူတစ်ယောက်ကပြန်ဖြေတော့ ကျူပ်လဲကြည့်လိုက်တာ သိတော့သိသလိုလိုပဲရှိလို့ ခင်ဗျားကို ကျုပ်မြင်ဖူးသလိုလိုပဲဆိုတော့ သူကပြောတယ်၊ သူကအဆိုတော်တစ်ယောက်ပါတဲ့။ ကျုပ်လဲ သိသလောက်လေးပြန်စဉ်းစားတော့ ခင်ဗျားက တော်တော်တော့တူတာပဲဆိုတော့ သူက သူပါပဲပြောတယ်ဗျ။ ကျုပ်မှာယုံရခက်ကြီး၊ ဘယ့်နှယ့်ဗျာ၊ နိုင်ငံကသိတဲ့အဆိုတော်တစ်ယောက်က ကျုပ်တို့လို သူများနိုင်ငံမှာ အလုပ်သွားလုပ်သူတွေနဲ့တူတူ သူလဲ သွားတယ်ဆိုတော့။ ဒီလိုနဲ့ နောက်တော့ သေချာသိလိုက်ရတာ သူမှသူဗျာ။ စည်သူလွင်လို အသံနဲ့လူတစ်ယောက်။

ဆိုတော့ သူတို့နှစ်ယောက်နဲ့ ပါတ်သက်ပြီး ကျုပ်မြန်မာမိန်းကလေးနှစ်ယောက်ကို မြင်ခဲ့ရဖူးတယ်ပေါ့။ တော်ပါပေတယ်။ သူတို့တွေ ဘဝကိုသန့်သန့်ရှင်းရှင်းနေနိုင်တယ်။ အထူးသဖြင့် မြန်မာမိန်းကလေးဆိုတာ စလုံးမှာ သိပ်တန်ဖိုးရှိတယ်။

အဲ့ဒီတုန်းက ပြောရရင် ကိုယ့်ငါးချဉ် ကိုယ်ချဉ်တယ်ပဲထင်ကြပေမယ်။ ဆင့်ကာပူရမှာ ကုန်တိုက် လေးခုရှိသဗျ။ မြန်မာတွေပျော်စံရာ မြန်မာကုန်တိုက်လို့ သတ်မှတ်ထားတဲ့ ပင်နီစူးလားပလာဇာ၊ ဖားတွေ ပျော်မြူးရာ အော့ချက်လမ်းမကြီးပေါ်က လပ်ကီးပလာဇာ၊ အင်ဒိုတွေရွှင်မြူးရာ Star ကုန်တိုက်၊ ကုလားပေါင်းစုံ စုရုံးရာ မူစတာဖာ ဆိုပြီးရှိရာမှာ ထိုင်းတွေအတွက်ကတော့ ဘွန်ကန်မှာ တစ်ခုတော့ရှိပေမယ့် သူတို့ကုန်တိုက်အနေနဲ့တော့ သတ်မှတ်လို့ရတဲ့အဆင့်မရောက်ဘူးပေါ့ဗျာ။ ကျုပ်ဆိုတဲ့ကောင်ကလဲ ကုန်တိုက်ပေါင်းစုုံကိုရောက်ဖူးရာမှာ မြန်မာကုန်တိုက်ကိုသွားရာမှာ မကြိုက်တာတွေအတော်များများရှိပေမယ့် ကွန်ဆာဗေးတစ်ကြီးဘဝပဲရှိသေးလို့လားတော့မသိဘူး၊ မြန်မာကုန်တိုက်မှာ မြန်မာတွေပဲကြီးစိုးတာ၊ ဘယ်တစ်ခြားနိုင်ငံသား (ဆိုလိုရင်းက ရွှေ့ပြောင်းအလုပ်သမားတွေ) မတွေ့ဘူးဗျာ။ ကျုပ်တို့မြန်မာမလေးတွေကို မြန်မာတွေနဲ့ပဲ တွဲလျက်သားမြင်ရတယ်။ ကိုယ့်မှာမရှိပေမယ့် ကျေနပ်မိတယ်။

လပ်ကီးပဲသွားသွား၊ စတားပဲသွားသွား၊ မူစတာဖာပဲဒိုးဒိုး ကျုပ်မှာ International Lover တွေချည်းမြင်နေရတာဗျာ။

အဲ့ဒီတုန်းက ဘယ်သူ့မဆို ငါတို့မြန်မာမိန်းကလေးတွေကလေလို့ လက်မထောင်ပြောခဲ့တာ။ မလေးရောက် ၂ဝ ရင်းဂစ်တန်တွေတော့ ကိုယ်နဲ့မဆိုင်သလိုနေခဲ့တာ။ ကြားရင်လဲ မကြားချင်ယောင်ဆောင်၊ သိခဲ့ရင်လဲ မသိခြင်ထောင် ထောင်နေခဲ့တာ။ အဲ့လိုများ ပြောပါတယ်။

    (ခ)

အကြောင်းမလှလို့ ကျုပ်ဆိုတဲ့ကောင် ယူအေအီးကို တစ်ကိုယ်တော် ရွက်လွှင့်လာရပြန်သပေါ့။ ကျုပ်တို့အဖွဲ့ထဲမှာ မြန်မာမိန်းကလေးနှစ်ယောက်ပါသဗျ။ နာမည်တွေတော့မသိဘူးပေါ့ဗျာ။

ဒီတစ်ခါတော့ တရုတ်ပြည်မှာ လေယာဉ်ပြောင်းစီးရမှာ။ ကွမ်ကျိုးကနေပေါ့။ တရုတ်လေကြောင်းလိုင်းကတော့ ဝန်ဆောင်မှုအပြည့်ပါပဲ။ ကျုပ်တို့တစ်ဖွဲ့လုံး ယောင်ဝါးဝါးနဲ့။ ကျုပ်လဲ ဒီတစ်ခါလဲ တာရာပွကြီးအနေနဲ့ပေါ့။ စုစုပေါင်း လူ ၁၂ ယောက်ကို ဦးဆောင်ရပြန်တယ်။ ဆိုတော့ တရုတ်ပြည်ရောက်တော့ ကျုပ်လဲ လူစစ်တယ်။

“ထွန်းထွန်းနိုင်”
“ရှိ”

ရခိုင်လေးထွက်လာတယ်။

“ဝင်းမင်းစိုး”
“ရှိပါတယ်ဗျ”

အသားဖြူဖြူမြန်မာလေး စပ်ဖြဲဖြဲနဲ့။

…..
…….

“ရည်မွန်ဗလ”
“………”

ကျုပ်လဲတစ်ချက်ပြုံးသွားတယ်၊ မြန်မာမလေးတစ်ယောက် နာမည်သိရပြီဆိုပြီး။
တစ်ယောက်မှ မဖြေ။ ကျုပ်လဲ မကျေမနပ်နဲ့ ထပ်ခေါ်တယ်။ ဆောင့်ကြီးအောင့်ကြီးပေါ့။ ဒီအချိန်မှာ ပုပုသေးသေးကောင်လေးတစ်ယောက်ထွက်လာတယ်။

“ခင်ဗျားခေါ်တာ ရည်မွန်ဗလလား ရဲမွန်ဗလလား”
ကျုပ်လဲ မကျေမနပ်နဲ့ ပြန်ဖတ်တယ်။ ရီလား ရဲလားမသိ။ မင်းက မွန်ဗလလားဆိုတော့ သူက ပြန်ပြောတယ်။

“ကျုပ်က ရဲမွန်ဗလဗျ” တဲ့။ ထိုတော့မှ ကျုပ်တစ်ယောက် တိတ်တခိုးမျှော်လင့်မိသော မြန်မာမလေးတစ်ယောက်နာမည်ကို ရွံရှာစက်စုတ်ခြင်းဖြစ်တော့သည်။ တစ်ကယ်တော့ သူက ယောကျာ်းတစ်ယောက်ဖြစ်နေသောကြောင့်ပေတည်း။

နောက်များတော့ သိရလေသည်ပေါ့။ ဒီတစ်ခါမှာလည်း ဂျေညီညီသမီးတစ်ယောက်ပါလေသည်။ သူမသည်ကား လွန်စွာ ခင်မင်နှစ်လိုဖွယ်ကောင်းလေသည်။ အနည်းငယ်ပြည့်သော ကိုယ်ခန္ဒာကိုလဲပိုင်ဆိုင်သည်။ ကျုပ်တို့တစ်တွေ Introduction စပေးသောကာလမှာပင် သူမအားရုံးချုပ်တွင်ခေါ်ထားလိုသော အီဂျစ်တွေမနည်း။ တစ်ရက်များမှာတော့ ကျုပ်လဲ အဖွဲ့ခေါင်းဆောင်ပီသစွာ ဖြေရှင်းပေးရန်အလို့ငှာဖြစ်လာလေသည်။ သူမမှ သူ့အား ဘင်္ဂါလီတစ်ဦးမှ ဇွတ်အတင်းလိုက်နှောင့်ယှက်နေသည်ဟု ဆိုလာသဖြင့်စုံစမ်းရာ ကုမ္ပဏီတူခြင်းဖြစ်ကြောင်းသိရသဖြင့် HR ထိ ကျုပ်လဲ တက်တိုင်လေသည်။ မတိုင်ခင်တော့ ထိုသူအားခင်အောင်ပေါင်းပြီး ထိုသူ၏ ID နံပါတ်အားတောင်းပြီး အတိအကျတိုင်သဖြင့် ထိုသူလဲအထိနာပြီး သူမလဲ အန္တရာယ်ကင်းလေ၏။

နောင်များတွင်မတော့ သူမသည် အာရပ်တစ်ယောက်နှင့်ရည်းစားဖြစ်ပြီး ဖိလစ်ပိုင်တစ်ယောက်နှင့် အပြင် (ကုမ္ပဏီအဆောင်မဟုတ်သည့်) နေရာတွင်နေထိုင်ကြလေသတည်းဟူသတတ်။ ကျုပ်တစ်ယောက်မှာသာ ကိုယ့်မြန်မာအမျိုးသမီးတစ်ယောက်ကို ကယ်ဆယ်လိုက်နိုင်လေခြင်းဟု ကြည်နူးမိမယ်မှ ကြံတုန်း။

နောက်တစ်ယောက်မှာတော့ မော်လမြိုင်သူ၊ ပြည်မကြီးအနွယ်ဝင်၊ ၁၉ နှစ်သမီးတစ်ယောက်။ သူမသည်ကား ရောက်ကာစကတည်းက အားကိုးတစ်ကြီးနှင့် ပြည်နယ်ကွာနေသော်လည်း အကူအညီတောင်းခံလျက်သား။ နှစ်လခန့်ကြာသည့်အခါ သူမသည်ကား စုန်းစုန်းမြုပ်ပျောက်ကွယ်သွားတော့၏။ ဘာဆိုဘာမှ မကြားရတော့။

ကျုပ်တစ်ယောက် ရာထူးတွေအဆင့်ဆင့်တိုးလို့ တစ်ခြားပြည်နယ်သို့ပြောင်းသွားရသောအခါတွင်မတော့ Pizza ဆိုင်နှင့်တွဲလျက်ဆိုင်တွင် တာဝန်ကျလေ၏။ တစ်နေ့တွင်မတော့ ရွှေရောင်ဆံပင်လေးနှင့် ဖြူဖွေးသန့်စင်လှသော မျက်နှာလေးနှင့် Pizza မှ ဝန်ထမ်းကောင်မလေးတစ်ယောက်ရောက်လာပြီး ကျုပ်နာမည်ဖတ်ပြီး ဝမ်းသာအားရနှင့် မြန်မာလားဟုမေးတော့မှ သိရလေသည်။ ကျုပ်တစ်ယောက်မှာတော့ ဝမ်းသာခြင်းမှာ သူမထက်ပိုမည်ထင်။ တစ်ရက်တွင်မတော့ ထိုဆိုင်သို့ အကြောင်းအရာရှိသဖြင့် ရောက်သွားသည်မှ သူမသည်ကား အီဂျစ်တစ်ယောက်နှင့် ရည်းစားဖြစ်လျက်သားဆိုသည်ကို သိရလေသည်။ ခုတော့ သူမလဲ ပုဝါစလေးခြုံသွားလေပြီဟု သတင်းကြားမိပြန်သေးသည်။

ကျုပ်သူငယ်ချင်းတစ်ယောက်မှာတော့ သူ့ကောင်မလေးကို လက်ထပ်နိုင်ရန်အလို့ငှာ တစ်ခါမှမလုပ်ဖူးသော အလုပ်များကိုလာရောက်လုပ်ကိုင်ရာမှ သူ့ကောင်မလေးကို မခွဲနိုင်သဖြင့် သူ့ဖာသာအကုန်အကျခံခေါ်လိုက်ရာမှ ရောက်ပြီးတစ်လအကြာတွင် ကက ဖြစ်သွားလေ၏။

(ဂ)

ကျုပ်အတော်လေးရှက်သည်။ ရှက်သည်ဆိုသည်မှ ဒီကုမ္ပဏီတွင်မှ ပိုလို့ရှက်သည်။ ဝန်ထမ်းတစ်သောင်းခန့်ရှိသည့် ကုမ္ပဏီတွင် ကျုပ်ဆိုသည့်ကောင်က မြန်မာဆိုတာ ဘာလဲဆိုပြီး သိရအောင် ကြိုးစားနေသည့်အခိုက်တွင်မှ ကျုပ်တို့လူမျိုး၊ စရိုက်ပေါင်းစုံ မိန်းကလေးများ၏သတင်းသည်ကား အတော်လေး မွှေးပျံ့လာပေသည်။ ထိုမိန်းမများအတွက်တော့ ဘာမှ မထူးဆန်းသော်လည်း စောင့်ကြည့်နေကြသည့်၊ မြန်မာဆိုတာ ဘာလဲသိချင်သည့် လူတော်တော်များများ၊ တစ်ခြားနိုင်ငံသားများအမြင်တွင်မတော့ မြန်မာဆိုသည်မှာ ဈေးဖြတ်ပြီးသားဖြစ်လေ၏။

ဘာတဲ့၊ ဖား ၂၀၊ နငယ် ၅၀၊ မြန်မာ အလကားဆိုလား…

ကျုပ်ဘယ်တော့မှ မြန်မာမိန်းကလေးများအကြောင်းမပြောဖြစ်တော့ပါ။ မြန်မာဆိုတာ နိုင်ငံကလွဲ ဘာမှမပြောတော့ပါ။
ကျုပ် မြန်မာအမျိုးသားတစ်ယောက်ဖြစ်ကြောင်းကလွဲ မြန်မာမိန်းကလေးများ ဒီမှာရှိတယ်လို့မပြောလိုတော့ပါ။

ဒါပေမယ့် ကျုပ်လည်း မြန်မာတစ်ယောက်ပေမလား၊ မြန်မာပြည်ပြန်၊ မြန်မာမိန်းကလေးတစ်ယောက်ကိုလက်ထပ်ပြီး
ဒါ… မြန်မာမိန်းကလေးပါလို့

ဂုဏ်ယူဝင့်ကြွားစွာ သက်သေပြပါမယ်ဆိုမှ

တစ်ကယ်ပါ၊
ကျုပ် ဒီနေရာမှာ တော်တော်လေး “အ” တယ်လို့ဝန်ခံရပေမယ်။

ကျုပ် မြန်မာမတစ်ယောက်ကို လက်ထပ်မိခဲ့ပါပေတယ်။ ။

(ကြွေလွင့်ပန်း)

17 comments

  • ကေဇီ

    October 17, 2014 at 9:05 am

    နာ နေတာ မကြည့်ရက်လို့ ထောင်းတာ ရပ်လိုက်ပါတော့ ကိုယ့် ဆရာ။
    :a:

    အမှန်တော့ အဲဒီ အပိုင်းမှာ ကျုပ်ကိုယ်တိုင်လည်း ကွန်ကျတယ် လို့ ဝန်ခံပါတယ်။

    ဘာလို့ ဆို……
    မြန်မာ ယောင်္ကျား မှ ယူ မယ် ဆိုတဲ့ အတွေးရှိသူမို့ အိမ်က စိတ်ချလက်ချ လွှတ်လိုက်တာလဲ ပါသပေါ့။

    လူမျိုးခြားကို မင်းသားတွေက လွဲရင် အပြင်မှာ မကြိုက်နိုင်တာ အမှန်။
    ကိုယ်နဲ့လည်း နီးနီးစပ်စပ်မရှိလို့နေမှာပါ။
    :mrgreenn:

    တစ်ချို့က အဖြူ ကို ယူပြီး တည်တည်တံ့တံ့ ဟိုမှာ လိုက်နေတာတွေလည်း ကိုယ့်စီနီယာထဲမှာ ရှိပါရဲ့။

    မုဒိတာ ပွါးရုံအပြင် အားကျစိတ်ဖြစ်မလာ။

    အဲဒီ စိတ်ဟာ တမင် လုပ်ယူစရာမလိုတဲ့ မွေးရာပါမို့ပဲ ခုထိ မြဲနေတယ် ထင်ပါရဲ့။

    စကား မစပ် …
    Teen က တစ်ယောက်က ဝဝ လေး တစ်ယောက်လားးး
    အဲဒီထဲက ဆို ဟဲလေး တစ်ယောက်ပဲ မှတ်မိတယ်။
    :mrgreenn:

    • ကြွေလွင့် ပန်း

      October 17, 2014 at 9:23 am

      ဆိုတော့ တစ်ကယ်ပြောတာပါ.. ကျုပ်သွားဖူးတဲ့အထဲက၊ လက်လှမ်းမှီသလောက်တွေထဲက သိရသမျှတွေပဲ ပြောပြတာပေါ့။ ကျုပ် မြန်မာမိန်းကလေးတွေကို သိပ်တန်ဖိုးထားတယ်၊ ပြောရရင် မြန်မာမှရယ်တော့လဲမဟုတ်ပါဘူး၊ ကျုပ်ဝန်ထမ်းတွေထဲမှာလဲ ဖားမလေးတွေဆိုလဲ ဖားကောင်လေးတွေနဲ့ ရည်းစားဖြစ်ရင် အားပေးတယ်၊ နငယ်မလေးတွေလဲ ထိုနည်းလည်းကောင်းပဲ၊ ဒီရောက်နေတဲ့ မြန်မာမလေးတွေထဲက စမ်းသပ်မှုမျိုးစုံကိုကြံ့ကြံ့ခံပြီး မြန်မာကောင်လေးတစ်ယောက်ယောက် (ဘယ်လိုဝင်ငွေ၊ ဘယ်လိုအဆင့်အတန်းပဲဖြစ်ဖြစ်ပေါ့) ကို ချစ်မြတ်နိုးနေတယ်ဆိုရင် ကျုပ်က အရမ်းအားပေးတာ။ အဲ့ဒါက ပြောရရင် ကိုယ့်လူမျိုးမိန်းကလေးတစ်ယောက်ကို ကိုယ့်တိုင်းရင်းသားတစ်ယောက်ရဲ့ ရင်သွေးကိုပဲ လွယ်စေချင်၊ ကိုယ့်နိုင်ငံထဲမှာ ဘယ်နေရာသွားသွား တင့်တောင့်တင့်တယ်ဖြစ်နေတာပဲ မြင်ချင်တယ်ဆိုတဲ့စိတ်ပေါ့ဗျာ။

      တစ်ချို့များ ရေမြေခြားထွက်လာတယ်၊ ကိုယ့်ရေမြေမှာဆို သူတို့ကိုကြိုက်တယ်လို့ သတင်းကြားမိတာနဲ့တောင် နှာခေါင်းရှုံ့ပြကြနေတဲ့ မိန်းကလေးတွေ ဒီလို မိဘအုပ်ထိန်းမှုနဲ့ ဝေးရာတစ်နေရာရောက်လာချိန်မှာ သူတို့တွေဟာ ကမ္ဘာကမသိတဲ့ မြန်မာနိုင်ငံဆိုတာကြီးကို ကိုယ်စားပြုနေရပါလားဆိုတာကိုမေ့၊ တစ်ချိန်က အလကားပေးတောင် မယူဘူးပြောခဲ့ကြသူတွေ…

      အင်း…………

      မပြောလိုတော့ဘူးဗျာ၊ တစ်ကယ့်ကို ပြောဖို့ခွန်အားကိုမရှိတော့တာပါ
      ကျုပ်ကပဲ သိပ်ရှေးရိုးစွဲဆန်လွန်းနေတာလား၊ Brain Wash အလုပ်ခံထားရတာလားတော့မသိဘူး၊ ကျုပ်တို့မြန်မာမိန်းကလေး (ဘယ်မိန်းကလေးကိုမှ) ဘယ်တစ်ခြားနိုင်ငံသားနဲ့မှ တွဲမမြင်ချင်ဘူး။

      ရင်ထဲခံစားမိတာလေးပါ။

      ဒေါ်ကေဇီမေးထားတာလေးတော့ မှန်ပါတယ်လို့၊ မျက်လုံးပြူးပြူး၊ ခပ်ပြည့်ပြည့်လေးပါ။

      • ကေဇီ

        October 17, 2014 at 9:44 am

        သူတပါး စိတ်နဲ့ လုပ်ရပ်မျိုးကတော့ ထိန်းဖို့ ခက်သားလားးး
        :a:

        ကျနော် သိသလောက်ကတော့ မိန်းကလေးတွေက လွတ်လပ်မှု နဲ့ ငွေရေးကြေးရေး တွဲ လာရင် ရုန်းဖို့ ခံနိုင်ရည်မရှိတာမျိုးဖြစ်ပါလိမ့်မယ်။
        တစ်ချို့ ပင်ကိုယ်ဗီဇ အရ သုံးစွဲချင် လွတ်လပ်ချင် ပေမဲ့ ကိုယ့်နိုင်ငံတုန်းက ထိန်းချုပ်ထားရသမျှ ပြည်ပမှာမှ စု ပြီး စိတ်လွှတ်လိုက်လားမသိ။
        စိတ်ထဲ ခံယူချက် ခိုင်ခိုင်မာမာ ထည့်ထားတတ်အောင် မရင့်ကျက်လို့ထင်ပါရဲ့။
        :b:
        ဘယ်သူ့မှ ပြောင်းလဲလို့ မရတဲ့ ကိစ္စတွေမို့ စိတ်ထဲ အရမ်းမထည့်ပါနဲ့ ကိုရင်။
        အမြန် အို လိမ့်မယ်။ :mrgreenn:

        ကျနော်တို့ ကိုယ် ကျနော်တို့ ပြောင်းလဲဖို့တောင် ဘယ်လောက်ခက်လဲ။

        ခု တလော ကျနော် အမြင်မှန်ရပြီး လက်လျှော့ လိုက်မိတဲ့ ကိစ္စတွေ များနေတယ်။

        :p:

  • kyeemite

    October 17, 2014 at 4:04 pm

    .ဘာပြောရမယ်မှန်းတောင်မသိဘူး…ငွေကိုတန်ဖိုးထားလွန်း မက်မောလွန်းတာပေါ့…
    .ဒါပေမဲ့ရေရှည်တော့အဆင်မပြေဖို့များပါတယ်…ကိုယ်ဖြစ်ကိုယ်ခံပေါ့ :p:

  • အလင်းဆက်

    October 18, 2014 at 10:42 am

    မြန်မာကိုလား….
    ချစ်ဖူးတယ်…
    ချစ်ဖူးးးးတယ်…
    အိုမလွယ်ဘူး..ရူးနိုင်တယ်…

    :k:

  • manawphyulay

    October 18, 2014 at 12:08 pm

    ဒါကလည်း သူတို့ဘဝနဲ့ သူတို့တော့ ရှိနေမှာပါလေ… အပြစ်ပြောလို့မရပြန်ဘူးပေါ့။

    ကျုပ်မြန်မာဆိုတာ လက်မပဲ ထောင်နိုင်အောင် ကြိုးစားခဲ့တော့ပေါ့နော်… 😆

  • Foreign Resident

    October 19, 2014 at 3:11 pm

    ” ဘာတဲ့၊ ဖား ၂၀၊ နငယ် ၅၀၊ မြန်မာ အလကားဆိုလား ”

    ကိုရှုံး ရေ ၊ နငယ် ဆိုတာ ဘာလဲဗျ ။

    ကိုရှုံး ရေ ၊ မြန်မာမတွေလည်း အလကားတော့ မပေးလောက်ပါဘူး ။
    တစ်ခုခု ကောင်းတာ / သာတာ / ရတာ တစ်ခုခု ရှိလို့ပါဗျာ ။
    ဘေးကနေ သိပ် ခံစားမနေပါနှင့်ဗျာ ။ ကုန်ရောင်း ကုန်ဝယ် ကိစ္စတွေပါဗျာ ။

    ကျုပ်ကတော့ ကျုပ် အမေ ၊ ကျုပ် နှမ ၊ ကျုပ် သမီး ဖြစ်ရင်တောင် သိပ် ခံစားမနေပါဘူး ။
    နို့ ၊ သူ့ ပစ္စည်း နှင့်သူ လေ ၊ သူ့သဘောသူဆောင် လိမ့်မပေါ့ ။

    • ဦးကျောက်ခဲ

      October 19, 2014 at 3:54 pm

      နငယ်ဆိုတာ နီပေါ အဘဖောရေ…
      တဖက်စောင်းနင်းဖြစ်မှာစိုးလို့ ဝင်မမန့်ချင်သော်လည်း ကိုရင်ရှုံးပြောတာ မမှား…
      မြန်မာချင်းကျတော့… တရားဝင်ယူရမယ်တဲ့… မဟုတ်ရင် နာမည်ပျက်မှာ ဆိုပဲ…
      :k:

      • Foreign Resident

        October 19, 2014 at 4:34 pm

        ” မြန်မာချင်းကျတော့… တရားဝင်ယူရမယ်တဲ့… မဟုတ်ရင် နာမည်ပျက်မှာ ဆိုပဲ ”

        ဟား ၊ ဟား ၊ ဟား ၊ ဟား ၊ ဖစ်မှဖစ်ရလေချင်း ။

        ရွှေမတွေ အကြောင်းက ကျနော်လည်း နားမဆံ့အောင် ကြားဖူးပါ့ဗျာ ။
        ကိုယ်တွေကလည်း နာမည် အပျက်ခံပြီး ထဲထဲဝင်ဝင် ဝင်မရှုပ်ရဲလို့ ။

        ဒီတော့လည်း ၊ တစ်ခုတော့ ၊ သုံးသပ်လို့ရသွားတာပေါ့ ။
        မြန်မာမတွေဟာ ၊ မြန်မာပြည်ထဲမှာသာ ၊ လူရှေ့ သူရှေ့ မှာသာ ၊
        ဟန်ဆောင် သိက္ခာ ရှိချင် ယောင်ဆောင်နေတာဖြစ်ပြီး ၊
        လူလစ် ရင်တော့ ၊ လူပီသစွာ စားချင် ဝါးချင်စိတ် ရှိတယ်ဆိုတာ ၊
        ကောက်ချက်ချလို့ ရသွားသပေါ့ဗျာ ။ ဟီ ဟိ ။

        • မမချွိ

          October 19, 2014 at 4:58 pm

          ငင်။
          ဘွဖော အနော့ကို စောင်းပြောသလားဟင်?
          အနော် က လူလစ်မှ မဟုတ်ပါဘူးးး လူရှေ့မှာလည်း စားပါ ဝါးပါတယ်။
          အဟိ။
          အစားအသောက်တွေကို ပြောပါတယ်။

          :kwi:

          ဆင်ခြင်၊ စဉ်းစား ငြိမ်သက်တဲ့ အမကြီးတွေလည်း ကျနော် မြင်ဖူးပါ့ဗျားးး
          မြန်မာမ တိုင်း တော့ မဟုတ်။

          :a:

    • ကြွေလွင့် ပန်း

      October 20, 2014 at 9:10 am

      ဆိုတော့ အဘဖောပြောတာလဲ မငြင်းလိုဘူး..
      အဆဲခံချင်လွန်းလို့ ပြောရမယ်ဆိုရင်တော့လဲ ဘယ်မြန်မာမကမှ ဘယ်မြန်မာကောင်ကိုမှ ဟိုဟာပါတယ်လို့တော့ ထင်တာလဲ မဟုတ်ပြန်ဘူးဗျ။

      တစ်နည်းဆိုရသော် ဥူးကျောက်ကို ထောက်ခံတယ်ပဲ ပြောရမယ်။ ယူရမယ်ဆိုတာက တစ်ပိုင်း၊ တော်တော်များများ (ကိုယ်တွေ့ရော၊ မေးမြန်းချက်တွေရောအရဆိုရင်) သူတို့ပြောတာပေါ့ (သူတို့ကိုယ်တိုင်ကပြောတာနော်) ပျက်မယ့်ပျက် နာမည်က ဒီမှာပဲ ပျက်တာ၊ ပြန်သွား ရရာယောကျာ်း အေးဆေးခေါင်းခေါက်ယူလို့ရတယ်ဆိုတာများတယ်။ ဒီတော့ ဒီမှာ ရွှေရွှေချင်းထပ်မိရင်တော့ မြတ်တယ်မထင်ဘူး၊ နပ်တဲ့သူတွေပဲ ထပ်မိကြတယ်။ တစ်ချိူ့ထပ်မိသူတွေလဲ တော်တော်နဲ့ မခွာတော့ဘူး၊ လေယာဉ်ပေါ်တက်မှပဲတို့၊ သင်္ဘောပေါ်တက်မှပဲတို့ ခွာနိုင်ကြတယ်။ ဒီတော့ သူတို့က မြန်မာအချင်းချင်းဆိုရှောင်တယ်၊ မြန်တျန့်ကိုပြန်ရောက်လို့ မတော်တစ်ဆ ပြန်တွေ့ကြမှ အတွင်းသိ၊ အစင်းသိတွေဆိုပြီး အကုန်ဖော်မှာ စိုးကြတယ်။ အဲ့လို။

      ပြောရမယ်ဆိုရင်ဗျာ ဒေါ်ကေဇီပြောသလို တစ်ချို့ တစ်ချို့သော တစ်ချို့ တစ်ချို့လဲရှိပါတယ်။ ရာခိုင်နှူန်းတော့ အတော်လေးကို နည်းပါပေတယ်။ အဆိုးမြင်စိတ်နဲ့ ပြောခြင်းလဲမဟုတ်ပါ။ တစ်နည်းအားဖြင့်ပေါ့နော်.. သမီးပျိုရှိတဲ့ မိဘများ ကိုယ့်သမီးကို တစ်မြေရပ်ခြားလွှတ်တော့မယ်ဆို အမှန်တစ်ကယ်ရင်ဆိုင်ရနိုင်တဲ့၊ တစ်ကယ်ကြီးကို ၉၀% သော မြန်မာမိန်းကလေးများ ဖြစ်ပျက်နေတဲ့အကြောင်းကို သတိပေး၊ ပြင်ဆင်မှုတွေရှိစေလိုခြင်းလဲ ပါပါတယ်။

      ဟုတ်ကဲ့..

      ကျွန်တော်သေချာပေါက်ထပ်ပြောပါမယ်။
      ၁ဝ % မပါ၊ ၉ဝ % ခန့်မျှသောသူများကိုသာ ဆိုလိုပါတယ်။

      • ကြွေလွင့် ပန်း

        October 20, 2014 at 9:20 am

        ဆိုတော့ စိတ်ပါဝင်စားမယ်ဆိုရင်တော့ အဲ့လို အဲ့လိုသော ဘဝမျိုးထဲမှာ ကျင်လည်နေတဲ့ မိန်းကလေးတွေရဲ့ ကိုယ်ပိုင်အတွေ့အကြုံ ဝန်ခံချက်တွေရေးဖို့ ဇာတ်လမ်းအစစ်အမှန် ၄ ပုဒ်လောက်ရှိနေပါသေးတယ်။ ကောင်းတာရော၊ ဆိုးတာရော အတွင်းကျကျပါပါတယ်။

        ဖြစ်ရပ်မှန်တွေပေါ့။

      • Foreign Resident

        October 20, 2014 at 10:24 am

        ” တစ်ကယ်ကြီးကို ၉၀% သော မြန်မာမိန်းကလေးများ ဖြစ်ပျက်နေတဲ့အကြောင်းကို
        သတိပေး၊ ပြင်ဆင်မှုတွေရှိစေလိုခြင်းလဲ ပါပါတယ် ”

        ” ကျွန်တော်သေချာပေါက်ထပ်ပြောပါမယ်။
        ၁ဝ % မပါ၊ ၉ဝ % ခန့်မျှသောသူများကိုသာ ဆိုလိုပါတယ် ”

        ငင်င်င်င်င်င်င်င် ၊ ၉ဝ % တဲ့ ၊ Percentage ကလည်းများလှချေလား ။
        အဘ တောင် ၅ဝ % လောက်ဘဲ ထင်ထားမိတာ ။

        ” မိန်းကလေးတွေရဲ့ ကိုယ်ပိုင် အတွေ့အကြုံ ဝန်ခံချက်တွေရေးဖို့
        ဇာတ်လမ်း အစစ် အမှန် ၄ ပုဒ်လောက်ရှိနေပါသေးတယ် ”

        အ ဟိ ဟိ ဟိ ၊ ရေး ဖြစ်အောင် ရေးစမ်းပါ ကိုရှုံး ရဲ့ ။
        အရမ်း ဖတ်ချင်ပါတယ် ခည ။

        ပြောရမယ် ဆိုရင် ၊ ရွာသူားတွေထဲ မှာ ၊
        ကိုရှုံး ရဲ့ ရေးဟန် က ကျနော် အကြိုက်ဆုံးတွေထဲမှာ ပါပါတယ် ။
        အမြဲတမ်း အားငယ်တတ်လို့ ၊ အားမလို အားမရ ဖြစ်ရတာကတော့ တစ်ပိုင်းပေါ့လေ ။

  • ဦးကြောင်ကြီး

    October 20, 2014 at 2:25 pm

    ရွှေမကို ဘာထင်သလဲကွ… ပြည်တွင်းမှ ယဉ်ကျေးမှု ဆိုဒါဂျီးနဲ့ အတင်းအဓမ္မ ဖိနှိပ်ထားလို့ ဟွန့်…။ ဒဂယ်တော့ ကရှုပ်ရယ်… လူဆိုတာ ကိလေသာ ထတာခြင်း အတူတူပါပဲ။ ပြောကြတာ ရှိတယ် မဟုတ်လား… ပထမနှစ်မှာ ဆရာဝန်၊ ဒုတိယနှစ် အင်ဂျင်နီယာ၊ ကျောင်းပြီးခါနီးတော့ ရရာဆိုတာ…. ။ ဒီလိုပဲ အဖြူ သား စားရမလား ကြံတာပါပဲ… မရတော့ အမဲနဲ့ပဲ၊ အဖိုးကြီးနဲ့တွဲ… နောက်တော့ အခန်းခ သက်သာလဲမနည်း.. အဲဒါကို ခေတ်မှီတယ်ဆိုပဲ။ သောက်ခွီး… ငါ့ကြတော့ ပေးမစားဘူး..

    • မြစပဲရိုး

      October 20, 2014 at 2:54 pm

      { ပထမနှစ်မှာ ဆရာဝန်၊ ဒုတိယနှစ် အင်ဂျင်နီယာ၊ ကျောင်းပြီးခါနီးတော့ ရရာဆိုတာ…. ။ }
      အလိုလေးတော်
      ဟေ့ ဒီမှာ မောင်မောင်ကြောင် ရဲ့
      စေတနာ ပါရင်ပါသလောက် အလုပ်များ တဲ့ ဆရာဝန်တွေ ကိုလဲ စာရင်းထဲ မထည့်ခဲ့။
      ကိုယ့်လောက်တောင် အမှတ်မများဘဲ ကျား မို့ ဆိုပြီး ပေါင်ချောင်ရသွားသူ အင်ဒုံနီယာ တွေ ကိုလဲ ယောင်လို့တောင် အိမ်မမက်။
      ကိုယ် နဲ့ တန်းတူ ကျောင်းက မင်းသား တွေ ကို လဲ အထင်မကြီး။
      မေဂျာ သမား တွေ ကို တန်းမညှိ။
      ယူနီဖောင်း ဝတ် မှန်သမျှ အိမ်ထောင်ဖက်မဖြစ်စေရ။
      မိဘတွေက လူမျိုးခြား ဆို နိုး။
      အသက် +2 / -2
      အကျင့်စာရိတ္တ – လက်ညိုးထည့်တောင် မကိုက်တတ် စေရ။ lol:-))))

      POst နဲ့ မဆိုင်ဘဲ လျှောက်ပြောနေလို့ ခွေးလွှတ်ပါ။
      ကြောင် ကို အမြီးနင်းချင်လို့။

      အမှန်က ကျား/မ လူမျိုး ဘာသာ နေရာ ဒေသ ပေါ် မတည်ပါ။
      အတ္တအများ အနည်း၊ တဏှာစိတ် အများအနည်း ပေါ်မှာ စိတ်ကို ချုပ်ထိန်းနိုင်သူ နဲ့ မချုပ်ထိန်းနိုင်သူ အပေါ်မှာဘဲ မူတည် ပါတယ်။
      မိန်းမ မှာတော့ လူမြင် သူမြင် ဝှက်ထားမရ ဗိုက်ထွက်စေတဲ့ သဘာဝ တရားကြီး က ဘက်လိုက်ထားတော့ ပိုပြီး ပြောစရာ ဖြစ်သပေါ့။

      စိတ်ဝင်စားဖို့ ကောင်းပါတယ် မောင်ရှုံးရေ့။
      လူ့သဘော မနော တွေ လေ့လာရတာပါ့။
      ဆက်ရေးပါဦး။ :))

  • kai

    October 20, 2014 at 3:28 pm

    ဟေး…
    ဖေါ်ကြေးဆို.. ကျုပ်လည်း.. ဂျပန်..ယူအက်စ်ကဟာတွေဖေါ်မဟေ့..
    နောက်ပြောတာ..
    တော်ကြာ.. တော်ကြာ..

    ထုခံနေရဦးမယ်..။ :k:

Leave a Reply