ဟောဟိုတိမ်တွေရဲ့ အဆုံး
မင်း အပြုံးနဲ့စောင့်နေမလား
အရောက်သွားမယ့် ငါ့ခြေလှမ်းတွေမှာ
သေချာခြင်းတွေ သိပ်မပါပေမယ့်
ရှိတဲ့သစ္စာ ငြိတဲ့မေတ္ထာ
ချစ်တာကို အားကိုးလို့
ရှေ့သို့မှသည် အစချီ
လာလေပြီ မင်းထံ
ငြင်းဆန်ပြန်ခဲ့ရင်ဖြင့်
မထိုက်သင့်သူလို့ မှတ်ယူ
ချစ်ရသူရေ
ရင်ပူလှတယ်လေး ။
Post Views: 370
16 comments
Kaung Kin Pyar
October 17, 2014 at 3:07 pm
ရန်ကုန်သို့ဆိုတော့ကာ…အလုပ်ကို ပြန်လာတာလား အူးမျိုး…
အူးမျိုးရဲ့…ချစ်ရပါသော အလုပ်က မျှော်နေတာ ဖြစ်မယ်…
တောင်ပေါ်သား
October 17, 2014 at 3:12 pm
အလုပ်က ချစ်စရာလား ကလေးမရဲ့ 🙂
အလုပ်အတွက်များ ရင်မပူပေါင် ၊
အလင်းဆက်
October 17, 2014 at 3:10 pm
ခုတလော.. ဒီလူကြီး ကဗျာတွေ ဆန်နေတယ်…A ကန်န…..
:k:
တောင်ပေါ်သား
October 17, 2014 at 3:14 pm
နင့်ဖွေးဖွေးကိုတော့ ငါမကြံပါဘူးကွာ ၊ စိတ်ချ 🙂
အလင်းဆက်
October 17, 2014 at 3:17 pm
ဒါဆို…ဒေါ်ဖွားမေ….
:k:
တောင်ပေါ်သား
October 17, 2014 at 3:20 pm
တေပြီဆရာ ၊
၃ဝကျော်ရင် စိတ်မဝင်စားဘူးကွာ ၊ ဟဲ ဟဲ 🙂
ကေဇီ
October 17, 2014 at 3:44 pm
ဟယ်။
သများ အရမ်း ဝမ်းနည်းသွားဘီ။;
ရွှတ် ဖတ်!!!
😥
တောင်ပေါ်သား
October 17, 2014 at 3:50 pm
ဪ ကေလေးရယ်
စာရိုက်တာ မှားသွားလို့ ဆောရီး ဆောရီး
၄ဝ ကျော်ကို ပြောတာပါကွယ် ၊ 🙂
Yae Myae Tha Ninn
October 17, 2014 at 4:47 pm
ရှေ့သို့မှသည် အစချီ
လာလေပြီ မင်းထံ
ငြင်းဆန်ပြန်ခဲ့ရင်ဖြင့်
မထိုက်သင့်သူလို့ မှတ်ယူ
ချစ်ရသူရေ
ရင်ပူလှတယ်လေး ။
ကိုတောင်ပေါ်သားရေ… ရှေ့သို့ လှမ်းချီလို့ မြင်မိလိုက်လို့.. အာ.. MPT အကြောင်းနဲ့ တူတယ် ထင်နေတာ… 🙂 ဟီး.. နောက်တာနော်… 🙂
ကောင်းပါတယ်ဗျိုး… ဆက်လုပ်… 😀
မြစပဲရိုး
October 17, 2014 at 8:03 pm
မောင်ထွဋ် ပြောလိုက်မှ ကိုမျိုး တစ်ယောက် ထိုင်ငို တော့မလားဘဲ။ lol:-)))
သူပြောသလို MPT ကို ပြောတာလား ကိုမျိုး။ 🙄 :))
မြစပဲရိုး
October 17, 2014 at 8:01 pm
ကိုမျိုး
အပူ ထပ်မရှာတော့ဘူး လို့ တစ်နေရာမှာ ပြောဖူးခဲ့သလားလို့။
အခုတော့ အပူ ကို မျှော်ပြန်ပြီလား။ :))
ဒါနဲ့ ရန်ကုန်သို့ ဆိုတာနဲ့ ဘာများဆက်စပ်လဲ တွေးမရ။ 🙄
တောင်ပေါ်သား
October 18, 2014 at 8:35 am
အရီးရယ်
ခုဟာက အပူဟုတ်ဘူးဗျ ၊ အအေး အအေး
လိုင်ချီးစ်လို ဖြူဖြူ အေးအေးလေး . . . . . 🙂
ရန်ကုန်သို့ ဆိုတာက သူက ရန်ကုန်မှာကိုးဗျ ၊
ကိုထွဋ်ကိုတော့ မပြောချင်ဘူး ၊ ဖီလင်လေးတောင် ပျောက်သွားတယ် ၊
kyeemite
October 18, 2014 at 9:41 am
.သိပ်ကဗျာဆန်နေပါလားကိုမျိုး…အချစ်တဖန်မွေးဖွားလာနေသလား :))
တောင်ပေါ်သား
October 18, 2014 at 10:11 am
ဟုတ်ရပါဘူး ကိုမိုက်ရယ် ၊
ချက်ကောင်းကို တည့်တည့်ထိထားတာမို့ လှုပ်ဖို့တောင် မရဲပါဗျား ၊ 🙂
manawphyulay
October 18, 2014 at 12:03 pm
ရန်ကုန်သို့ဆိုတော့ ဘယ်နေရာကနေ ရိုက်ထားတာလဲဟင်…
တောင်ပေါ်သား
October 18, 2014 at 12:14 pm
ဧရာဝတီတိုင်းဘက်ကအပြန်