Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

ပိုစ့်တင်လို့မှ Copy > Paste လုပ်လို့မရတဲ့အခါ….

alinsettOctober 18, 20143min4376

Copy / Paste လုပ်လို့ မရရင်…

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

Gszette မှာ post တွေ တင်တဲ့အခါ…
တချို့က.. Add New Post ရဲ့ စာမျက်နှာကို ဖွင့်ပြီးမှ
တစ်လုံးချင်းစီ စာစီစာရိုက်လုပ်ပြီး တင်တာဖြစ်ပါလိမ့်မယ်။

အဲဒီလို တင်တာက ချမ်းသာတဲ့ ပုဂိ္ဂုလ်တွေမှ ဖြစ်မှာပါ ။

:k:

အချက်နှစ်ချက်ကို သတိပြုမိပြီးတဲ့နောက်…
မောင်သူရကြီးကတော့…. အဲဒီနည်းနဲ့ ပိုစ့်မတင်ဖြစ်တော့ပါဘူး ။

အချက် နှစ်ချက်က ဘာတွေလဲ..ဆိုတော့…
Add New Post စာမျက်နှာကို ဖွင့်ပြီး… တစ်လုံးချင်းစီ စာချရေးနေရင်…

၁) အင်တာနက် ဖွင့်ထားရတဲ့အတွက် အချိန်နဲ့အမျှ အင်တာနက်ဖိုး ကုန်နေမယ်။

၂) လိုင်းမကောင်းတာတို့ ၊ ခလုပ်မှားနှိပ်တာတို့၊ မီးပျက်သွားတာတို့..
စက်တခုခု ချွတ်ယွင်းသွားတာတို့…ဖြစ်သွားရင်
(ရေးပြီးတာလေးတွေကို Save ( Ctrl > S ) သာ မလုပ်လိုက်မိရင် ) ရေးထားသမျှလေးတွေ ပျောက်ထွက်သွားရော… (ပလုံပေါင်းများပြီ ၊)

ဆိုတော့…
အဲဒီ အင်တာနက်ဖွင့်ထားပြီး Add New post စာမျက်နှာကို ဖွင့်ပြီး ချရေးနေတဲ့ ပုံစံကို စွန့်လွှတ်ထားတာကောင်းပါတယ်။

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

မောင်သူရကြီး အပါအဝင် တချို့ကတော့ ( တော်တော်များများသော တချို့ကတော့ )

Note ရေးလို့ရတဲ့ နေရာ တခုခုထဲမှာ ကြိုရေးထားတဲ့ စာကို
Copy ယူလာပြီး ( Ctrl > C )
ဂဇက်ရဲ့ New post စာမျက်နှာထဲမှာ Paste ( Ctrl > V ) လုပ်လိုက်တဲ့ နည်းကို သုံးပါတယ်။

(မောင်သူရကြီးကတော့ အရင်က (ကွန်ပူတာလေးမရှိခင်တုန်းကပေါ့ )
Phone ထဲက Note တခုခုထဲ ချရေးတယ် ။
ပြီးတော့.. Copy ယူတယ်။
စာတွေ အဆင်သင့်ဖြစ်တယ် ဆိုမှ ဂဇက်ထဲဝင် > Add New Post > Paste > Publish လုပ်ပါတယ် ။ )

(ဒါက ဖုန်းနဲ့ ပိုစ့်တင်နေသူတွေအတွက် ထည့်ပြောတာပါ။ )

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

အခုနောက်ပိုင်းမှာတော့ …
လက်ပကျွတ်လေး ကျေးဇူးနဲ့ စာကို ဖုန်းထဲမှာထက် အားရပါးရ ရိုက်ခွင့်ရပါပြီ။
ဆိုတော့….
အခု လက်ပကျွတ်ထဲမှာ Notepad ဆိုတာ ရှိပါတယ် ။
အဲဒီ Notepad ကို စာမျက်နှာသစ်ဖွင့်တယ်။

 

ဒါလေးနဲ့...ကြိုရေးတယ်။
ဒါလေးနဲ့…ကြိုရေးတယ်။

 

 

 
(( Format > Font > Zawgyi – One > ok
အဲ့ဒီလို ချိန်ပြီး ရေးပါတယ်။  ))

ရေးစရာ ရှိတဲ့ စာကို ချရေးလိုက်တယ်။
ပြီးတော့ Save လုပ်ထားလိုက်တယ်။
(ဒီနေရာမှာ ကျွန်တော် Save လုပ်တဲ့ နည်းကို

သူကြီးမင်း သင်ပေးထားတဲ့အတိုင်း လုပ်ပါတယ်။  ကျေးကျေးပါ သူကြီး )
———————
 Notepad  ထဲ ရေးပြီးသား စာတွေကို Save လုပ်နည်း
———————

File > Save As >

အဲဒီမှာ File Name ပေးတယ်..
ပြီးတော့..

အဲဒီ အောက်နားမှာ Encoding : UTF-8 မှာ ထားပြီး > Save နဲ့ သိမ်းပါတယ်။

အဲဒီလို သိမ်းခြင်းအားဖြင့်…ရေးထားတဲ့ စာတွေက ဟိုဟိုသည်သည် မပြောင်း မရွေ့တော့ပဲ
ရေးထားတုန်းက အတိုင်း စာပိုဒ်ကလေးတွေ တည်မြဲပြီး ရှိနေပါတယ်။

Microsoft Word နဲ့ ရေးပြီး သိမ်းရင် Paste လုပ်တဲ့အခါ စာသားတွေက ဟိုဘက်ဒီဘက် ပြောင်းကုန်တယ်။
ပြီးတော့ စာပိုဒ်တွေ  ပူးကပ်ကုန်တယ်။ ပြန် စီရတာ အလုပ်ရှုပ်ပါတယ် ။

Notepad ထဲမှာ Encoding : UTF-8  ထားပြီး သိမ်းလိုက်တော့ အလုပ်ရှုပ်သက်သာပါတယ်။

(ဒီလို Notepad ထဲမှာ ကြိုရေးပြီးမှ Add New Post စာမျက်နှာကို စဖွင့်ပြီး Copy > Paste လုပ်တဲ့နည်းက ဘာတွေ အားသာလဲ ဆိုတော့…

၁) အေးအေးဆေးဆေး ချိန်ယူ ရေးထားလို့ရတယ်။
၂) အင်တာနက် မဖွင့်ပဲ ရေးရတဲ့အတွက် အင်တာနက်ဖိုး အကုန်အကျသက်သာတယ်။
၃) ရေးပြီးသားကို အခေါက်ခေါက်အခါခါ ပြန်ဖတ်ပြီး ပြင်ဆင်ဖြည့်စွက် ၊ ကျေနပ်ပြီဆိုမှ ပိုစ့်တင်လို့ရတယ်။
၄) ပိုစ့်တင်နေတုန်း တခုခုချွတ်ချော်သွားလည်း နောက်တစ်ခေါက်ပြန်တင်ဖို့အတွက် ကိုယ့်မှာ Copy ကျန်ခဲ့တယ်။

ကဲ… စာရိုက်ပြီး သိမ်းတဲ့ အပိုင်းကတော့ ဒီလောက်ဆို ok ပါပြီ။

Paste လုပ်တဲ့ အပိုင်းဆီ သွားကြရအောင်… ။

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

အခုနောက်ပိုင်း ကျွန်တော်တို့ ရေးထားပြီးသားကို Copy ယူလာပြီး
Gazette ရဲ့ Add New Post စာမျက်နှာကို ဖွင့်ပြီး
Paste လုပ်လိုက်ရင် လုပ်မရပဲ ဖြစ်လာတတ်ပါတယ်။

ခါတိုင်းဆို Paste ကို ကလစ်လိုက်တာနဲ့  Copy ယူလာတဲ့ စာတွေ ဘွားခနဲ ပေါ်လာပေမယ့်…
တခါတခါကျတော့ ဘာစာမှ ပေါ်မလာတော့ပါဘူး ။
ကျွန်တော် မကြာခဏဖြစ်နေပါတယ်။

ဟိုနေ့က အန်တီမှီတစ်ယောက်လည်း အဲဒီလိုမျိုး Copy > Paste လုပ်လို့ မရလို့ အခက်တွေ့သွားတာ တွေ့လိုက်ရတယ် ။

အန်တီမှီ ဒီကွန်မန့်လေး ယူပြလိုက်တယ်နော်။
အန်တီမှီ ဒီကွန်မန့်လေး ယူပြလိုက်တယ်နော်။

 

 

 

 

 

ဆိုတော့… ဒါက ကျွန်တော် တစ်ယောက်ထဲ ဖြစ်တာမဟုတ်တော့ဘူး ။

ဒါကြောင့်… ကျွန်တော် Copy > Paste လုပ်လို့မရတုန်းက… ဟိုဟိုဒီဒိ ကလိကြည့်ရင်း
လုပ်လို့ရသွားတာလေး….ပြန် Share ပေးရတော့မယ်။

ဒီလိုပါ ။
ကျွန်တော် Copy > Paste လုပ်လို့မရတော့…
သာမန်အတိုင်း Add New Post စာမျက်နှာမှာ ဖြစ်နေတဲ့ Visual ဆိုတဲ့ ပုံစံကနေ
Text ပုံစံကို ပြောင်းပစ်လိုက်ပါတယ်။
(ပုံ (၁)ကို ကြည့်ပါ ။ )

ဒီလို ဖြစ်နေရင်...ဟိုလိုပြောင်း ၊
(ပုံ-၁) ဒီလို ဖြစ်နေရင်…ဟိုလိုပြောင်း ၊

 

 

 

 

 

 

 

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

Visual ဆိုတဲ့ ပုံစံကနေ Text ပုံစံကို ပြောင်းပြီးသွားရင်…
ပိုစ့်တင်တဲ့ စာမျက်နှာပုံစံက  ….
အောက်က ပုံ (၂) အတိုင်း မဆိုသလောက်ကလေး ပြောင်းသွားပါလိမ့်မယ်။

Visual ဆိုတဲ့ ပုံစံကနေ Text ပုံစံကို ပြောင်းပြီးသွားရင်တော့…
Copy ယူထားတာလေးကို… Paste လုပ်ကြည့်လိုက်ပါ ။

Visual နဲ့  လုပ်တုန်းက မရပေမယ့် Text ပုံစံပြောင်းပြီး Paste လိုက်တော့

Copy ယူထားတဲ့စာတွေဟာ

ပိုစ့်တင်တဲ့ စာမျက်နှာထဲ… ဘွားခနဲ ရောက်လာပါလေရော… ။

အပ်ချလောင်း.. ဟော...ရောက်ပေါ့။
(ပုံ-၂) အပ်ချလောင်း..
ဟော…ရောက်ပေါ့။

 

 

 

 

 

 

 

 

 

—————————————————————-

 

 

Text ကိုပြောင်းပြီး Paste လုပ်လိုက်လို့  စာတွေ ဝင်လာပြီဆိုတာနဲ့
Visual ကို ပြန်ပြောင်းလို့ရပါပြီ။
ရောက်လာပြီးသား စာတွေ ပြန် မပျောက်တော့ပါဘူး ။

—————————————————————–

 

( Visual ကို ပြန်မပြောင်းရင်… 

ပိုစ့်ထဲ ပုံတွေ လင့်ခ်တွေ ထည့်ရတာက Text နဲ့က အဆင်မပြေဘူးလေ။

Text ပုံစံနဲ့ ပုံတွေ လင်ခ့်တွေ ထည့်ရင် Code တွေပဲ ပေါ်လာမှာ ဖြစ်ပါတယ်။

ဆိုတော့…

စာတွေ Paste လုပ်လို့ ရတာနဲ့… Visual ကို ပြန်ပြောင်းလိုက်တာ ကောင်းပါတယ်။ )

—————————————————————-

ကျွန်တော်တော့  အဲဒီနည်းလေးနဲ့ လုပ်လို့ရနေပါတယ်။
Copy > Paste လုပ်လို့ မရဖြစ်နေသူတွေ အဲဒီနည်းလေးနဲ့ လိုက်လုပ်ကြည့်ပါဦး ။
ကျွန်တော် အဆင်ပြေသလို လိုက်လုပ်တဲ့သူတွေ အဆင်ပြေ မပြေ သိချင်ပါတယ်။

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

မိတ်ဆွေများ လွတ်လပ်ငြိမ်းချမ်းပါစေ…

ချစ်ခင်လေးစားလျက်…

အလင်းဆက် (Gazette)

၂၀၀၁၄ ၊ အောက်တိုလ ၊ ၁ရ ရက် ၊ ည ၈ နာရီ ၄ဝ မိနစ်

6 comments

  • hmee

    October 18, 2014 at 8:21 pm

    ​ကျေး​ကျေးပါ။ ​နောက်​တခါ စမ်​းကြည်​့မယ်​။ မရရင်​​တော့ ​မေးလ်​နဲ့ ပို့မှာပဲ။ 🙂

    • အလင်းဆက်

      October 18, 2014 at 9:48 pm

      ဟုတ်။
      ဒီပိုစ့် အန်တီမှီ ဖတ်မိပါ့မလားလို့ တွေးနေတာ

      :k:
      အဆင်မပြေရင် မေးလ်ထဲသာ ပို့ထားပါနော်။
      ရွာ့သူားအရေးဆို တတ်နိုင်တဲ့ဘက်က ကူချင်ပါတယ်။

      မေးလ် စစ်တာ နောက်ကျတာတွေ ဖြစ်တတ်လို့
      ကျနော့် ဖုန်းကိုလည်း ဘယ်သူမဆို ဆက်နိုင်ပါတယ်။
      ကျနော် ကူလို့ ရမယ့်အတိုင်းအတာဆို ကူညီဖို့ အသင့်ပြင်ထားပါတယ်။

      ကျနော့်မေးလ်ကိုလည်း ရွာထဲ ဝင်ကတည်းက ဖော်ပြပေးထားပါတယ်
      alinsett.art@gmail.com
      ဖုန်းကိုလည်း ဆက်သွယ်နိုင်ပါတယ်
      09 317 86 86 1

      😆

  • မမချွိ

    October 19, 2014 at 10:57 am

    ဂွစ်ဂွစ် (ခလက်ဒစ်တူ ပို့(စ)ပိုင်ရှင်)

    :k:

    • အလင်းဆက်

      October 19, 2014 at 11:01 am

      ဂွစ်ဂွစ်….

      ကွကိုယ်တော့ ခလက်ဒစ် ပေးမနေတော့ပါဘူး ။

      😆

  • ဦးကြောင်ကြီး

    October 20, 2014 at 3:18 am

    အောပုံ တင်ခြင်လို့.. အဲဒါ ကူတင်ပေးမား…

Leave a Reply