လက်တဆုံးနှိုက်တယ်တဲ့လား…..
လွန်ခဲ့တဲ့အနှစ် ၂ဝကျော်တုံးကပေါ့။ ကျမတို့ ညီမဝမ်းကွဲလေးတယောက်က ရန်ကုန်မြို့လယ်မှာ ရွှေဆိုင်လေး တဆိုင်ဖွင့်ပါတယ်။ သူတို့မိဘတွေက ဒီလိုရွှေဆိုင်အလုပ်မလုပ်ခဲ့ဖူးသော်လည်း သူတို့အမေဖက်က အမျိုးတွေက ရွှေဆိုင်လုပ်ငန်းမှာ ဆရာတဆူပဲဆိုပါတော့။ ကျမတို့က သူတို့ အဖေဖက်ကအမျိုးပါ။
ညီမတွေ ရွှေဆိုင်ဖွင့်ပြီး ၆လလောက်မှာ ကျမအမကလည်း သူ့အမျိုးသားရဲ့ကျန်းမာရေး အခြေအနေအရ ကိုယ်ပိုင်အလုပ်လုပ်ထားမှ ဖြစ်မယ်ဆိုပြီး ဗိုလ်ချုပ်ဈေးထဲမှာ ဆိုင်ခန်းလေးတခန်း ငှားပါတယ်။ ရတနာ အဓိက ထားတဲ့ရွှေဆိုင်လေးတဆိုင် စဖွင့်ပါတယ်။ အဲဒီအခါမှာ နဂိုအထာကျစပြုနေပြီဖြစ်တဲ့ ညီမဝမ်းကွဲလေးတွေက ကူပေးသလို သူတို့ရဲ့တဖက်အမျိုးတွေကလည်း ကူညီကြပါတယ်။
ကျမကတော့ နယ်မှာနေတာဖြစ်လို့ ဘာမှမကူနိုင်ပါဘူး။ အမလုပ်ငန်းစလို့ တနှစ်လောက်အကြာမှာ ကျမ ရန်ကုန်အလည်လာတော့ ညီမဝမ်းကွဲလေးက သတိပေးပါတယ်။ သူ့တို့ အမျိုးကပြောတယ်။ ကျမအမက လက်တဆုံး နှိုက်တယ် လို့ဝေဖန်ပါသတဲ့။
ဒါနဲ့အမကို `နင်ဘာတွေလုပ်လို့လဲ ၊ သူများကလက်တဆုံး နှိုက်တယ်လို့ပြောနေပြီနော်´လို့ သတိပေးတော့ အမက “သူတို့က ရွှေထည်ပစ္စည်းတွေဆိုရင် သူတို့ဆီက တဆင့်ပဲ ယူရောင်းစေချင်ပါတယ်။ ငါက ကိုယ်ကြိုက်တဲ့ ပုံစံပြ ၊ ကိုယ့်စိတ်ကြိုက် ဒီဇိုင်းတွေနဲ့ရောင်းချင်တယ်။ အဲဒါကြောင့် ပန်းထိမ်ဆရာကိုပါသိအောင် လုပ်ပြီး ကိုယ်တိုင် အပ်တာပါ။ သူတို့နဲ့ ငါနဲ့လည်း ရောင်းတဲ့ဈေးကွက်မတူတော့ အကြိုက်ချင်းလည်းမတူဘူးလေ” လို့ရှင်းပြပါတယ်။
သူတို့ဖက်ကလည်း မိန်းမသားတယောက် ပန်းထိမ်ဆရာတွေနဲ့ပါ ဆက်ဆံရင် အလိမ်ခံရတာမျိုးဖြစ်မှာစိုးလို့ စေတနာနဲ့ သတိပေးဟန်တူပါတယ်။ ဒီလိုပြောလို့ တယောက်နဲ့တယောက်တော့ ခင်မင်မှုမပျက်ကြပါဘူး။
ကျမအမကို ဒီလိုဝေဖန်ရင် သူနဲ့ဗီဇတူတဲ့ ကျမတို့တမျိုးလုံးလည်း ဝေဖန်ခံရမှာပါပဲ။ ကျမတို့ အမျိုးတွေကလေ
ပစ္စည်းတခုခုကို ပထမ တခါဝယ်ရင် ကြုံတဲ့နေရာက ဝယ်သုံးပါတယ်။
ဒီပစ္စည်းကောင်းတယ်လို့ သိပြီဆိုရင် အရင်နေရာထက် ဈေးချိုတာ ရှိအုံးမလားလို့ ရှာကြည့်တတ်ပါတယ်။
သူ့ထက်ပင်ရင်းမူလဖြန့်ချီရာကို သိနိုင်ရင် နီးစပ်ရင် အဲဒီနေရာကို ရအောင် ရှာပြီးဝယ်တတ်ပါတယ်။ကိုယ့်အမျိုး၊မိတ်ဆွေချင်းလည်း ဘယ်နေရာကတော့ ဈေးချိုပြီး ပစ္စည်းကောင်းတယ်၊ပင်ရင်းဆိုတာမျိုး လက်တို့ပေးလေ့ရှိပါတယ်။
အဲဒီအကျင့်ကို လက်တဆုံးနှိုက်တယ်လို့ဆိုပြီး အမုန်းခံရတာလည်း ရှိပါတယ်။
လက်တဆုံးနှိုက်တယ်ဆိုတဲ့ အသုံးအနှုန်းကတော့ ဒီအကျင့်ကို မကောင်းဘူးဆိုတဲ့ ရှုဒေါင့်က ဝေဖန်တဲ့ အသုံးအနှုန်းပါ။ `သူများစားဖို့တောင် မချန်ဘူး´`နတ်နေကိုင်းတောင် မချန်ဘူး´ ဆိုတာတွေလောက်တော့ မဆိုးတဲ့ စကားလုံးတွေပါပဲ။လက်တဆုံးရဲ့ အဆုံးမှာ အန္တရာယ်လည်း ကြည့်အုံးဆိုတာလည်း ပါပါတယ်။
ဒီအကျင့် ၊ ဒီစရိုက်မှန်မမှန်ဆိုတာကိုတော့ မပြောချင်ပေမယ့် ကိုယ်ကိုယ်တိုင် Survive ရှင်သန်ဖို့တော့ ရှိသင့်တယ်လို့မြင်ပါတယ်။
အခု နှစ်ပေါင်း ၂ဝကျော် လွန်လာပြီးတဲ့အခါမှာ ကျမရဲ့အမဟာ ဗိုလ်ချုပ်ဈေးထဲ ဆိုင်ခန်းပိုင်နဲ့ ရတနာဆိုင် တခုဖွင့်နေဆဲပါ။
ကျမရဲ့ညီမဝမ်းကွဲလေးတွေဟာလည်း နယ်မှာရွှေဆိုင်လုပ်ငန်းကို ဆက်ပြီးလုပ်နေပါတယ်။
သူတို့ အမျိုးကတော့ လောလောဆယ် ဒီရွှေလောကထဲမှာ ရှိမနေတော့ပါဘူး။
ပိုပြီးချမ်းသာ ပိုကောင်းတဲ့ ပိုပြီးငွေရလွယ်တဲ့
လောကထဲရောက်သွားတာလည်း ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် မူလလုပ်ငန်းထဲမှာတော့ ရှိမနေတော့ပါဘူး။
မိတ်ဆွေတို့ရော ဘယ်လိုများ မြင်ပါသလဲ။
21 comments
ဦးဦးပါလေရာ
October 26, 2014 at 12:28 am
တကယ်တော့ လုပ်ငန်းတစ်ခုကို စေ့စေ့စပ်စပ် ပိုင်ပိုင်နိုင်နိုင်လုပ်နိုင်ချင်ရင်
(ဒီပိုစ့်ထဲက အသုံးအနှုံးနဲ့) လက်တစ်ဆုံးနှိုက်တဲ့ အကျင့်မျိုးရှိဖို့လိုပါတယ်။
အဲဒါမှ လုပ်ငန်းတွေမှာတွေ့ရတတ်တဲ့ အချိုးအကွေ့ အတိမ်းအစောင်းတွေကို ခံနိုင်ပါတယ်။
သာမန်နေ့စဉ်ဘဝမှာ သာမန် ဝယ်ရောင်းစားသုံးမှုမျိုးမှာတော့ ကိုယ့်အတွက်တန်မတန် ချင့်ချိန်တာလေးနဲ့ တွဲဖက်ကျင့်သုံးသင့်တယ်ထင်တာပဲ အမရေ…။
ကျနော်က အဲသည်ကိစ္စမှာ တော်တော်အစွန်းရောက်တဲ့သူပါ…
ဘာလေးပဲဖြစ်ဖြစ် ပင်ရင်းအကျဆုံး ဈေးအချိုဆုံး ကို ရွေးဖို့ ရှာဖို့ ကြိုးစားတဲ့အကျင့် စွဲနေတယ်….
အဲဒါ တချို့ကိစ္စမှာ မတန်မှန်းသိပေမယ့် လုပ်မိနေဖြစ်တာပဲ….
တကယ်တော့ ဈေးမှန်ဆိုတာ အဖြစ်သင့်ဆုံးဈေးသာဖြစ်ပါတယ်… အသက်သာဆုံးဈေး တော့ မဟုတ်ပါဘူး…
padonmar
October 26, 2014 at 6:04 am
ဟုတ်တယ်ဦးပါ၊ဒီကိစ္စက လက်ဖမိုးနဲ့ လက်ဖဝါးလို ငြင်းစရာတွေတော့အများကြီးပဲ။
အစွန်းရောက်တာမှန်သမျှတော့ မကောင်းပါဘူး။
ရွာထဲက အီကိုသမားတွေ၊မားကက်တင်းသမားတွေရဲ့ အသံလည်းကြားချင်လို့။
ကိုပေါက်(မန္တလေး)
October 26, 2014 at 9:46 am
မမာရေ
အခုခေတ်မှာတော့ရောင်းဝယ်မူ့ပုံစံပြောင်းသွားပါတယ်။
ပင်ရင်းမှာသွားဝယ်ရင် ဈေး အသက်သာဆုံးဖြစ်မယ်ဆိုတဲ့ အချက် က အားလုံးမမှန်တော့ပါဘူး။
အခုနောက်ပိုင်းမှာကုန်ပစ္စည်းတော်တော်များများက အရေ အတွက် အပေါ်မှာမူတည်ပြီး ဈေးနူန်းအလျော့အတင်း
လုပ်ကြလို့ပါဘဲ။
surmi
October 26, 2014 at 10:23 am
အရောင်းအဝယ် ပြန်လုပ်ရတဲ့သဘောမှာတော့
နှိုက်သင့်ရင်နှိုက်ရတာပါဘဲ။
လူတစ်ဦးနဲ့တစ်ဦးအမြင်ကလုံးဝတူမှာမဟုတ်လို့ ပြောဖို့တော့ခက်မှာပါ ။
သို့သော်လဲ လုပ်ငန်းဆောင်တာ လုပ်ဆောင်ရာမှာ သူ့ဖက်ကိုယ့်ဖက် ကြည့်ပြီးလုပ်ရတာလည်းရှိလေတော့
တစ်ကွက်ချန်ပေးကြရတာလည်းရှိပြန်တယ် ။
ရီစရာအနေနဲ့ပြောရရင် …
ဈေးသည်ဖြစ်ခဲ့ဖူးလေတော့ ရောက်လေရာရာစေိးတွေစုံစမ်းတဲ့အကျင့် နဲ့လက်ကားဆိုင်တွေလိုက်ရှာဝယ်တဲ့အကျင့်စွဲနေပြန်ရော ။
အဲဒီတော့ အင်္ကျ ီတွေစပို့ရှပ်တွေဆို ရင် လက်ကားဆိုင်ကဝယ်တော့ဘအရောင်တွေထပ် ၊ အဆင်ဒီဇိုင်းတွေတူ ဖြစ်ကုန်ရောဗျ ။
အခုတော့ စိတ်လျော့ပြီး နီးစပ်ရားသာဝယ်ပါတော့တယ်။
လမ်းတွေကလည်းကျပ်သကိုးး:mrgreen:
ဦးကြောင်ကြီး
October 26, 2014 at 11:01 am
ခေါင်းပုံဖြတ် အမြတ်ထုတ် သွေးစုတ် ဗူဇွာ စီးပွားရေးသမား လုပ်ငန်းရှင်တိုင်း ကြုံရမည့် အချက်ပါပဲ။ လက်တဆုံး နှိုက်ရာမှာ နှစ်မျိုးရှိတယ်။ (နှစ်ဖက်စလုံး နှိုက်တတ်လျင်တော့ ဆရာပေါ့ဗျာ) back end နဲ့ front end ဆိုပြီး။ များသောအားဖြင့် ကုန်ကျစားရိတ် သက်သာဖို့ စဉ်းစားမိကြတယ်.. ဈေးကွက်သည် ယှဉ်ပြိုင်မှု သိပ်များတဲ့အခါမျိုး၊ ဝယ်သူ ဒါမှမဟုတ် ကိုယ့်ဖောက်သည်က ပေါချောင်ကောင်း လိုချဉ်တဲ့ အခါမျိုးမှာပေါ့။ Supply chain management ကိုနားလည်အောင်လုပ်။ မလုပ်တတ်လျင် သိပ်ကျစ်ရာကြပြီး ပင်ရင်း၊ လက်ကား၊ စက်ရုံတွေရဲ့ ငြိုငြင်မှု ပညာပြမှု ခံရကိန်းရှိလည်။ အမှာစာ သိပ်များလာလျင် ကိုယ့်ကိုပစ်သွားလိမ့်မည်။ Cost control လုပ်ဖို့ လိုပါသည် သို့သော် ငွေပမာဏ တခုထဲကြည့် တောင်းဆိုတာထက် သူမသာ ကိုယ်အသုဘ ဖြစ်ဖို့လိုသည်။ ဥမပါ – ဝယ်ဈေးကို မကျစ်ဘဲ ပေးငွေကို အရစ်ကျ ပေးတာမျိုး၊ လဆိုင်းပေးတာမျိုး ဒါမှမဟုတ် လက်ငင်းပေးပစ်တာမျိုး.. ပုံမှန်အော်ဒါ တလ ဘယ်လောက် ပေးမည် ကတိပြုတာမျိုး၊ ကုန်ကြမ်းပေး (သို့) ရောင်း ကုန်ချောပြန်ယူတာမျိုး၊ ငွေကြေးထောက်ပံ့တာမျိုးနဲ့ ချုပ်ထားလျင် တဖက်ကလည်း ကျေနပ်မြီ ကိုယ်လိုချဉ်တာလဲ ရမည်။ များသောအားဖြင့် ထုတ်လုပ်ရေးသမားသည် သိပ်ရှုပ်ရှုပ်ထွေးထွေး နားမလည်ဘူး၊ မလည်လို့လည်း အပ်ထည်လက်ခံ စားနေတာ။ ကိုယ်က ခေါင်းရှုပ်ခံနိုင် ရင်းနိုင်လျင် ဒင်းတို့ကျေနပ်ဖို့များအိ။ သေချာဖို့တော့ လိုတာပေါ့လေ။ ထောင်ချောက်က အဲဒီ ဈေးသက်သာမှုမှာ မှိန်းနေပြီး ကျေနပ်နေ ဇိမ်ရစ်နေ၊ ပိုတိုးတက်ကြီးပွား စွန့်စားဖို့ မရဲတော့တာ။ တင်းတိမ်ခြင်းရဲ့ မကောင်းတဲ့ အစွန်းဖက်မှာ ပိတ်မိသွားတတ်တယ်။ ပေါချောင်ကောင်းနောက်လိုက်တဲ့အခါ ပစ္စည်းကွာလတီ တိုးတက်မလာတာ အသေအခြာပဲ။ တရုတ်ကြီးဆို အဲဒီနွံကနေ ထွက်ဖို့ ကြိုးစားနေပြီ။ ၂၀၀၅ခုနှစ်မှာ အိုင်ဘီအမ် ပါစင်နယ် ကွန်ပြူတာလုပ်ငန်းကို ဒေါ်လာသန်း ၁၂၅ဝ + သူ့အကြွေး ဒေါ်လာ သန်း ၅၀ဝ ပါပေးပြီး ဝယ်လိုက်တယ်။ အခုဆို ကမာ္ဘ့တတိယ အကြီးဆုံးကွန်ပြူတာ ကုမ္မဏီ လီနိုဗိုဖြစ်နေပြီ။ ကွန်ပြူတာအပြင် စမဖုံးဈေးကွက်ကိုပါ ဝင်ထားတယ်။ မှန်သလား မှားသလား.. မြတ်နေလျင် မှန်.. ပြုတ်သွားတော့လဲ မှားတာပေါ့။ လီနိုဗိုလို ကိုယ်က ပေါချောင်ကောင်း စားရိတ်နည်းနည်းနဲ့ ရလျင် လုပ်ငန်းတိုးချဲ့နိုင်ဖို့ အရင်းအနှီးအဖြစ် မှတ်ယူဖို့ သင်ခန်းစာဖြစ်သည်။ ပိုလျှံတာကို အလိုက်သင့် နေမိလျင် ကိုယ်ရနေတဲ့ အခွင့်အရေး တချိန် ဆုံးရှုံးတဲ့အခါ ပြန်မဆည်နိုင် ဖြစ်တတ်သည်။ (အနိစ္စ အမြဲမရှိ) မြန်တျန့် (တီလုပ်၊ကလား မီပါ) အများစု အဲဒါနဲ့ ဂန့်ကုန်တာဖြစ်သီ။
နောက်တမျိုးက ခက်ခဲတယ် ပိုအကျိုးအမြတ်ကြီးလယ်။ အခြားတဖက်စွန်း ဈေးကွက်မှ ကပ်စတန်မာတွေကို ဓါးပြားကြီးနဲ့ လှီးတာ။ လူပေါ်လူဇော်တွေအလုပ်.. အနောက်တိုင်းမှာ ပေါဂျဒါ .. မစုနဲ့ ပိုသုံး.. ပိုသုံးဒေါ့ ပိုလျှာ၊ ပိုလျှာတော့ ပိုရ.. လောဘနဲ့ တွန်းပစ်တာ။ အမှန်အမှားထက် နည်းလမ်းကို ပြောခြင်းဖြစ်ပါဒရယ်။ အရည်အတွက်၊ အရည်အသွေး၊ ဝန်ဆောင်မှု အားလုံးပါသွားပြီ။ ယှဉ်ပြိုင်မှုများတဲ့ ဈေးကွက်မှာပြောတာနော်။ ၂၀၀ဝခုနှစ်လောက်အထိ မြန်တျန့်ဈေးကွက်ကတော့ သိတဲ့အတိုင်း ကုန်ပစ္စည်း အသစ်တင်မည်ဆို တတ်နိုင်လျင် တီဗွီမှာ ထက်ထက်မိုးဦးနဲ့ ကြော်ငြာ.. အမူယာမျုးိစုံနဲ့ သီချင်းဆိုပြ.. ဈေးကွက်ထဲ ရောက်ရောပဲ.. ယှဉ်ပြိုင်မှု သိပ်မရှိလို့ လုပ်လို့ရတာ။ ခုချိန်တော့ မပြောတတ်.. အပြည့်မဟုတ်တောင် အရင်လောက် မလွယ် ထင်ပါအိ။
ဘာနဲ့ တူလဲဆို sale နဲ့ marketing ကွာသလိုပဲ။ အရောင်းက ရိုးရှင်းတယ်.. ဈေးသက်သာ၊ အရည်အသွေးမှန်ဖို့ ကြိုးစား၊ ဖြန့်ချီရေး နိုင်ပလေ့စေ..။ Marketing ကြတော့ ဗျူ ဟာတွေ ကြော်ငြာတွေ ဆားဗစ်တွေ ပိုလာပြီ။ ကုန်ပစ္စည်းတိုင်းသည် သူနဲ့သင့်တော်ရာ ရှိတယ်။ ရွှေဆိုင်ကြတော့ ပမာဏ အရွယ်အစားနှင့် ဆိုင်မည်ထင်သည်။ ကိုယ်က မားကက်တင်းလုပ်ပါရဲ့ ဆိုင်မကြီးလျင် ကုန်တာပဲ အဖတ်တင်မြည်။ ဈေးမှန် အလေးမှန် အရည်အသွေးမှန် အာမခံပြန်ဝယ်ပေးတာ အခရာ ကျလိမ့်မြီ။ အဲလိုမျိုးမှာ ထုပ်လုပ်သူဖက် ပြန်နှိုက်တာ မမှားပါ။ မားကက်တင်းလုပ်လဲ ဆိုင်ကြီးကို ဘယ်ယှဉ်နိုင်ပါ့မလဲ။ ဖောက်သည်က ရေပေါ်ဆီလူတန်းစားဆို တမျုးိစဉ်းစားရမည်.. ဈေးနှုန်းလည်း ဂရုမစိုက်.. မားကက်တင်းလုပ်ဖို့လည်း ဝယ်သူက အကန့်အသတ်.. ဒါမျိုးဆို ဝန်ဆောင်မှုကောင်းကောင်း ဥပမာ- ပုံမှန်အဆက်အသွယ် သတင်းအချက်အလက် ပေးနေတာမျိုး၊ အကောင်းဆုံး ထုပ်ပိုးမှုပုံစံနဲ့ ရောင်းတာမျိုး လုပ်ရမည်။ ဗူးခွံကို အကုန်အကျခံပါ၊ ရတနာပေါလစ်၊ ဘရပ်ရှ်၊ မှန်စတာတွေ နိုင်ငံခြား စံချိန်မှီပေးပါ။ လာဝယ်တဲ့အခါ မမလေး ကိုကို ပစ်ခေါ်ပါ။
နှစ်မျုးိစလုံး လုပ်မည်ဆိုလဲ လုပ်ပေါ့.. ဟိုမရောက် ဒီမရောက် ကားယားဂျီး ကျမသွားဖို့တော့ ဂရုစိုက်..
ပုံ
သီအိုရီ ကကြောင်ကြီး (လက်တွေ့ ဘာမှမရှိ)
မမချွိ
October 26, 2014 at 12:02 pm
စီးးးပွားးရေးးတော့ နားးးမလည်
ပညာရပ်မှာတော့ ရသလောက် နှုက် အကျိုးးမဲ့ မဖြစ်
:mrgreenn:
Ma Ma
October 26, 2014 at 1:16 pm
လက်တဆုံးနှိုက်တယ်ဆိုတဲ့ စကားလုံးက မကောင်းတဲ့ ရည်ရွယ်ချက်နဲ့ပြောတာဖြစ်ပေမယ့်….
အရောင်းအဝယ်အလုပ်တစ်ခုကို လုပ်တော့မယ်ဆိုရင် ပစ္စည်းဝယ်ယူတဲ့နေရာက အရေးအကြီးဆုံးလို့ ထင်ပါတယ်။
ကိုယ်ရောင်းဝယ်မယ့်ပစ္စည်းအကြောင်းကို နားလည်ဖို့၊ အရင်းခံဈေးနဲ့ ဝယ်နိုင်/တတ်ဖို့ လိုပါတယ်။
အဲလိုမှမဟုတ်ရင်တော့ အရောင်းအဝယ်လုပ်ငန်းရေရှည်တည်တံ့ဖို့ အောင်မြင်ဖို့ ခဲယဉ်းပါလိမ့်မယ်။
မြစပဲရိုး
October 26, 2014 at 1:49 pm
ကြောင်ဒုံနီရာ ပြောတဲ့ အထဲ က “ယှဉ်ပြိုင်မှု သိပ်မရှိလို့ ” ဆိုတာ လောလောဆယ်တော့ သွေးထွက်အောင်မှန် တဲ့ စကားပါဘဲ။
အစ်မဒုံ ရဲ့ အစ်မ လုပ်ငန်း ကတော့ လက်တစ်ဆုံးနှိုက်နှိုက် မနှိုက်နှိုက် “သူများနဲ့ မတူဘဲ ဆန်းသစ်တဲ့ အိုင်ဒီယာ” နဲ့ “ဝယ်သူ ရဲ့ ဆန္ဒ ” ကို အလေးထားတတ်လို့ အောင်မြင်တာ ထင်ပါတယ်။ :))
ကန္နားစီး မိဂီ
October 26, 2014 at 4:50 pm
ill come back in next week
🙂
မြစပဲရိုး
October 26, 2014 at 5:06 pm
အလိုလေး။
ပေါ်တော်မူ လေး ကိုယ်ရောင်ပြလာတယ်။
တော်လိုက်တဲ့ အစ်မဒုံ ရေ့။
မောင်ဂီ။
Marketing သံကြား လို့ ဝင်လာတာ Professional စိတ်ပါဘဲ၊။
ကန့်လန့်တိုက် မယ်။ ပြန်လာခဲ့ :))
မမချွိ
October 26, 2014 at 6:14 pm
ဟမ်မလေး …..
နာ့ မောင်ဂလေး ယောင်္ကျားရသွားဘီမှတ်လို့ ငိုလိုက်ရတာ။
:h:
.
.
.
.
.
.
.
.
.
.
.
မနာလိုဖစ်ပီးးးးး
:k:
ကန္နားစီး မိဂီ
October 27, 2014 at 12:44 am
but i’m not sure yet….
coz i’m studying different thing…
it’s so sasssyyyyyyyyy u know….\
မြစပဲရိုး
October 27, 2014 at 1:48 am
Awww …
Please make sure you are studying thing that you love.
Please also make sure you are doing the thing that makes you successful.
ဦးကြောင်ကြီး
October 27, 2014 at 7:55 am
မှောင်ဂီ နင် ခေါင်းလုပ်နေလား.. ဂွတ်ထှ
pooch
October 27, 2014 at 10:11 am
ဒေါ်ဒေါ်ရေ တခါတလေကျတော့ ပင်ရင်းထက် လက်ကားဖြန့်တဲ့ဆိုင်ကြီးက ပိုပြီးဈေးချိုနေတတ်တဲ့ သာဓက လေးတွေရှိပါတယ်
ဥပမာတခု ပြောရရင် တခါက ကမ်ပဏီကြီးတခုက ကိုယ်တိုင်ထုတ်ပြီး သူတို့ထုတ်ကုန် ကို သူတို့ (ဆပ်ပြာပဲဆိုကြပါတော့)ကိုယ်တိုင်ရောင်းမယ်လို့ ကြွေးကြော်ပြီး ဆိုင်ကြီးကနားကြီးတခုဖွင့်ပြီးရောင်းပါတယ်
ဒါပေမဲ့ သူတို့ကိုယ်တိုင်ရောင်းတဲ့ဈေးက လက်ကားသမားတွေရောင်းတဲ့ဈေးထက်ပိုများနေပါတယ်
ဘာကွာတာလဲ ဆိုတော့ လက်ကားရောင်းတဲ့ ဆိုင်ကြီးတွေက သူတို့ပစ္စည်းတင်မက တခြားသော ပစ္စည်းပေါင်းများစွာကို ရောင်းတာဆိုတော့ နယ်ပို့တာပဲဖြစ်ဖြစ် ဆိုင်ရောက်ပို့ပေးတာပဲ ဖြစ်ဖြစ် ကြားထဲ ရောညှပ်ပြီး ထည့်ပေးပြီး သယ်ယူခကို လျှောလိုက်တော့ သယ်ယူခမပါတဲ့ မူရင်းဈေးအတိုင်း ဆိုင်ကို ရောက်သွားတယ်
ကိုယ်က ပင်ရင်းဆိုင် သွားဝယ်အုန်းတော့ ဆီဖိုး တော့ ထည့်တွက်ရမှာပဲလေ ဆိုင်လက်ထဲအရောက် မူရင်းဈေးဆိုတော့ ကိုယ်ထုတ်တဲ့ ပစ္စည်း ကိုယ်တိုင်ရောင်းအုန်းတော့ ကိုယ်က သူများထက် ဈေးမလျှော့နိုင်ပါဘူး ဒေါ်ဒေါ်ရေ ။
အဲ့တော့ ပင်ရင်းတိုင်းလည်း ဈေးချိုချိုနဲ့ မရောင်းပေးနို်င်ပါဘူး။
ဖြန့်ဖြူးတဲ့ဈေးကွက်မှာ စက်ရုံထုတ်တဲ့ပစ္စည်းကို ကြားက လက်ကားသမားတွေကို ကျော်လို့ ဘယ်လိုမှ မရနိုင်ပါဘူး
ကိုယ်က တမျိုးပဲထုတ်ပြီး တမျိုးပဲ ရောင်းပေမဲ့ လက်ကားသမားက ကုန်မျိုးစုံကို ရောင်းနေတာမို့ပါ။
ဒီနေ့ခေတ်မှာ ဈေးချိုတော်က လက်ကားသမားတွေ ကျန်နေသေးတော ဒီသဘောတွေကြောင့်ပါ
kyeemite
October 27, 2014 at 11:21 am
.အာတီဒုံပြောတဲ့ တစ်ဆင့်ယူရောင်းရာကနေ ပင်ရင်းကယူရောင်းတယ်ဆိုတာမျိုးကို
.တတ်နိုင်သမျှလူတိုင်းလုပ်လေ့ရှိတာပါပဲ…အဲ့ဒါကို “လက်တဆုံးနှိုက်တယ်” မပြောသင့်ပါဘူး
.ရွှေပုဇွန်ဆိုင်ဆိုတာ မုန့်ကွာလတီနာမည်ကောင်းနဲ့ ရပ်တည်နေတာပါ…အဓိကပြသနာက
.နွားနို့ကွာလတီပေါ်တော်တော်တည်ပါတယ်..လာသွင်းတဲ့နွားနို့က မစစ်ရင်၊ မသန့်ရင်
.မုန့်ကွာလတီကိုပါလာထိခိုက်ပါတယ်…ဒီတော့ ကွာလတီအာမခံနဲ့ လိုသလောက်သွင်းပေးမဲ့
.နွားမွေးမြူရေး ဖန်း ကလည်းမရှိတော့…ကိုယ်တိုင်နွားမွေးဖို့လုပ်ရပြန်ပါတယ်
.ရပ်စောက်ဖက်မှာစာကျက် မြေတွေဝယ်ပြီးနွားမွေးပြီး ကိုယ်တိုင်နို့ထုတ်ယူရပါတော့တယ်…
.အဲ့တာကို တပိုင်တနိုင်နွားမွေးနို့ရောင်းနေသူတွေ လုပ်ကိုင်မစားနိုင်အောင် “လက်တဆုံးနှိုက်တယ်”
.လို့ပြောလို့မရပါဘူး…သက်သာဖို့ထက် ကွာလတီကောင်းကောင်းလိုချင်လို့မလွှဲသာလို့လုပ်ရတာပါပဲ
.တကယ်ဆိုရင်တော့ ဘယ်မုန့်လုပ်သူမှအလုပ်ရှုပ်ခံပြီး နွားမမွေးချင်ပါဘူး
.ဒါပေမဲ့ သူတို့အဲ့လိုလုပ်တော့ ရပ်စောက်က ဒေသခံတွေအလုပ်ရပြန်တာအမြတ်ပေါ့
.ရွှေပုဇွန်က သူဋ္ဌေးပြောပြဖူးတာလေးပြန်ဖေါက်သယ်ချတာပါ 🙁
Yae Myae Tha Ninn
October 27, 2014 at 11:46 am
ကိုယ်ပိုင်လုပ်ရင်တော့ တဆုံးနှိုက်တယ်ဆိုတာထက် Source ကိုလိုက်တာလို့ ပြောချင်ပါတယ်… အခု ငွေဖြည့်ကဒ် ဝယ်မယ်… E Lite ဆို အလွန်ဆုံး ၅ % ပဲရမယ်… သူပဲ ရောင်းတာလား… ABC တံဆိပ် နဲ့ ငွေဖြည့်ကဒ် ၁ဝ % ရတယ်… ဒါပေမဲ့ နည်းနည်း စစ်ဝယ်ရမယ်… ဒါဆို ဘာကို ရွေးမလဲ… ၂ ဆ လေ… ၁ဝ ကဒ် ရောင်းမယ်… ၅၀၀ဝ ကျပ် နဲ့ တသောင်းကျပ်… ဒါဆို Source ကို မလိုက်သင့်ဘူးလား… တခုပဲ ရှိတယ်… အရောင်းအဝယ်မှာ အပြိုင်အဆိုင် ရှိပါတယ်… ကိုယ်မပေးနိုင်ရင် ပေးနိုင်တဲ့ သူနောက် ပါသွားမှာပဲ… မှားသွားရင် ဆောရီးပါ… ဝင်ပြောကြည့်တာပါ… 🙂
Novy
October 27, 2014 at 11:50 am
တစ်ချိုအရာတွေမှာ လက်တဆုံးနှိုက်တာအကျိုးရှိပေမဲ့
တစ်ချိုအရာတွေမှာတော့ လက်တစ်ဝက်လောက် နဲ့ပဲပိုအစဉ်ပြေတာတွေရှိပါတယ်
မိမိလုပ်ကိုင်မဲ့လုပ်ငန်းနဲ့ မိမိက ဒီအရာပေါ်ဘယ်လောက်လိုအပ်ချက်ရှိလည်းပေါ်မှာမူတည်နေလိုပါ
kai
October 27, 2014 at 2:13 pm
ဘစ်ဇနက်တိုင်း.. အဲလိုစိတ်ထားပြီး.. လုပ်ကိုလုပ်ရမယ်လို့.. ယူဆတာပဲ..
ယူအက်စ်စီးပွားရေးတွေများ.. အဲလို.. လိုက်လိုက်နှိုက်ယုံတင်မက.. ဝယ်ပါဝယ်ပစ်တယ်..
ငါးလေးကို.. ငါးကြီးကမြိုသလိုပေါ့…။
နောက်ဆုံး.. အစိုးရက..Antitrust ဥပဒေနဲ့.. တားရတဲ့အထိ….ကြီးကြီးလာလိုက်တာများ…။
Iris
October 27, 2014 at 7:11 pm
ရုံးက အဝယ်ဌာနကတော့ အနည်းဆုံး quotations
၃ခုလောက်ရှာတယ်. အင်ယာဌာနကို တက်ခ်ကယ်နေကယ်တွေစစ်ခိုင်းတယ်။ ပြီးရင်သူတို့ကတန်ဖိုးညှိတယ်။ ရောင်းတဲ့သူတွေကသူတို့မှာပြိုင်ဘက်တွေရှိတာသိတော့ အတတ်နိုင်ဆုံးလျှော့ပေးတယ်။ အရမ်းလျှေ့ပေးရင်မယုံရဘူး။ ပြီးရင် ဟိုဟာမပါ.ဒီဟာမပါနဲ့.။ ပြီးမှထပ်ဝယ်ထည့်ရရင်မူလ သတ်မှတ်ဈေးထက်ပိုများသွားရော။
ဆက်သွယ်ရေးပစ်စည်းရောင်းတဲ့ ကန်ပနီကတော့မာမာပဲ..သူ့ဆီမှာ တိုက်ရိုက်ဝယ်လည်းဈေးမလျှော့ပေးဘူး။ သူ့ပစည်းကိုတခြားမှာဝယ်ရင်တောင်မှဈေးလျှော့ရအုံးမယ်။ အရောင်းမန်နေဂျာကပြောပြတာကတော့။သူတို့လျှော့မရောင်းတာကတော့ သူတို့ဆီကဝယ်ပြီးပြန်ရောင်းတဲ့ သူတွေကြောင့်တဲ့။ ကျမတို့ကတော့service နဲ့ engineering time ကြောင့်သူတို့ကိုရွေးတာများတယ်။
ပြိုင်ဘက်မရှိ နာမည်ကြီး DP ကန်ပနီကတော့ တော်တေ်ာမာတယ်။ နဲနဲလောက်ဒီဇိုင်းပြင်မယ်ဆို လာထား money ပဲ။နော်ဝေ ငွေ နဲ့ကိုတောင်းတာ။
sale engineer ကတော်တော်အပြောကောင်းတာကိုခန့်ထားတာ။ အိန်ဒီးယန်း ကောင်လေး။ ပါဝါပိုင်းမှာနာမည်ကြီးတဲ့ အေဘီဘီ ကိုယှဉ်ပြီး လုသွားတာ။ ဆွစ်ဇာလန်သားတွေကအပြောသိပ်မကောင်းဘူး။ အမှန်တော့ အေဘီဘီ က ပါဝါပိုင်းမှာ ပိုပြီးကောင်းတာ။ ဒါပေမဲ့ အုံနာက အပြောကောင်းတဲ့နောက်ပါသွားရော။ ကော်မရှင်းနင်း စ တော့မှ ြြြြြြြြြြြြြြြပြသာတွေရှင်းရမယ်ထင်တယ်။
ပစ်စည်းတစ်ခုချင်းကိုတိုက်ရိုက်လိုက်မဝယ်ဘူး. SYSTEM လိုက်ဝယ်တော့ engineering time ကိုလျှော့ချလို့်ရတယ်။
အဲ့ဒါက ကိုယ့်အတွက် အမြတ်။ လူ့စွမ်းအားအရင်းအမြစ်ရယ် အချိန်ရယ်က ကိုယ့်အတွတ်အမြတ်ဆိုတော့ အကြာကြီး ဆွေနွေးနေရရင်ရှုံးတယ်။
ပြီးတော့ဦးကြောင်ပြောသလို delivery time နဲ့ quality ကို payment နဲ့ပြန်ထိမ်းတယ်။ပိုက်ပိုက်များများမြန်မြန်ရချင်ရင်မြန်မြန်ပစ်စည်းပို့။ အရစ်ကျပဲပေးတယ်။
အလင်းဆက်
October 28, 2014 at 10:41 am
အဲဒါလေး…မှတ်သားထားလိုက်တယ်..တီဒုံ