ကျောက်ကာ ညနေခင်း
မုံရွာမြို့ရောက်ရင် ကျောက်ကာရွှေဂူနီဘုရားဆီကို သွားဖူးဖြစ်ကြမှာပါ။ မုံရွာမြို့ထဲကနေ ၈ မိုင်ခန့်သာ ဝေးပါတယ်။ ကျွန်မတို့သွားဖြစ်တဲ့အချိန်က ညနေခင်းအချိန်မို့လို့ အေးချမ်းသာယာတယ်။ အဖိုးတန် ကျောက်သံပတ္တမြားများနဲ့ ရွှေသားများစွာရှိခြင်းကြောင့် အထူးစောင့်ရှောက်ထိန်းသိမ်းထားရတဲ့ ဘုရားတစ်ဆူဖြစ်ပါတယ်။




ကျောက်ကာဆိုတာနဲ့ တစ်ဆက်ထဲ နံမည်ကြီး ထန်းဇလုပ်ရေတံခွန်စခန်းကို သတိရကြမှာပါ။ ကျောက်ကာညနေခင်း ကျောက်ကာသူတွေ ရေခပ်ဆင်းတဲ့အကြောင်း သီချင်းရှိခဲ့ပြီး အလွန်ကျော်ကြားခဲ့ဖူးပါတယ်။ ကျောက်ကာသူတွေအလွန်ချော အလွန်လှတဲ့အကြောင်း ကျောက်တောင်တွေကြားက ရေတံခွန်ထဲမှာ ရေချိုးဆင်းပုံတွေကို ရေးစပ်ထားခဲ့တဲ့သီချင်းကြောင့် ဘယ်လိုနေရာမျိုးနဲ့ ဘယ်လိုများချောမောလှပလဲဆိုတာ သိချင်လောက်အောင် စွဲဆောင်မှုရှိခဲ့ဖူးပါတယ်။ ရုပ်ရှင်ထဲမှာ ပါခဲ့တဲ့ နေရာတစ်ခုမို့လို့လဲ အပြင်မှာ မြင်ချင်မိပါတယ်။ တစ်ခါမှ မရောက်ဖူးသေးလို့ ဒီတစ်ခါတော့ သေချာမေးမြန်းပြီး သွားကြည့်ဖြစ်ခဲ့တယ်။ တော်ရုံနဲ့ မရောက်ဖြစ်ကြတဲ့ ထန်းဇလုပ်ရေတံခွန်စခန်းရဲ့ ညနေခင်းအချိန်ကို ဓါတ်ပုံမှတ်တမ်းတင်ဖြစ်ခဲ့ပါတယ်။


















ဒီပို့စ်မှာ ဓါတ်ပုံကို ဦးစားပေးထားပါတယ်။
ဇာတ်လမ်းနဲ့ သမိုင်းကြောင်း သိသူများရှိရင် ကွန်မန့်ကနေ ရေးပေးပါလို့ တောင်းဆိုချင်ပါတယ် ..
31 comments
တောင်ပေါ်သား
October 28, 2014 at 2:26 pm
မရောက်ဘူးတဲ့နေရာမို့ ကျေးဇူးပါဗျို့
မမချွိ
October 28, 2014 at 2:44 pm
သများ မှာ မုံရွာ ဇာတ်လမ်းတော့ရှိတယ်။
ယူမား ဝေ။
ခွီးခွီးးး
:k:
အပူပိုင်းဒေသမှာ ဒီလိုရှုခင်းမြင်ရတာ အေးချမ်းလိုက်တာ။
တစ်ခေါက်လောက်တော့ သွားဦးမှပါ။
weiwei
October 28, 2014 at 3:27 pm
ဇာတ်လမ်းပေးမယ်ဆိုရင်တော့ မုံရွာဇာတ်လမ်းတစ်ခုထဲတော့ မရဘူး .. အကုန်ပေးမှယူပြီး စာအုပ်ထုတ်စ်လိုက်မယ် … 🙂
အပူပိုင်းဒေသပေမယ့် တကယ်ကို အေးချမ်းနေတယ် .. စိမ်းစိုသာယာလို့ ..
Yae Myae Tha Ninn
October 28, 2014 at 4:53 pm
နေတော်တော် စောင်းပြီဆိုတဲ့ ပုံတော့ သဘောကျတယ်… မသိရင် ဓားခြစ် ပန်းချီလေး ကျနေတာပဲ… အခါသင့်ရင်တော့ ရောက်ဖူးချင် သပ… 🙂
weiwei
October 29, 2014 at 8:43 am
အလောင်းတော်ကသဖခရီးစဉ်နဲ့ ဟန်နီးမွန်းထပ်သွားလိုက်ပါလား …
Yae Myae Tha Ninn
October 29, 2014 at 9:23 am
ဟုတ်.. အန်တီဝေ… ပုဂံသွားဖို့တော့ စဉ်းစားထားပါတယ်… တနှစ်ကို တနေရာလောက်ပဲ ရောက်ဖြစ်မယ် ထင်ပါတယ်… 🙂
ကိုပေါက်(မန္တလေး)
October 28, 2014 at 5:47 pm
သွားချင်လိုက်တာ နော်
weiwei
October 28, 2014 at 8:39 pm
မန္တလေး-မုံရွာလမ်း အရမ်းကောင်းနေပြီ … ရန်ကုန်-မန္တလေးအမြန်ထက်အများကြီးကောင်းတယ်။ လမ်းဘေးရှုခင်းလှတယ် …
အချိန်ရရင် ဆိုင်ကယ်နဲ့တောင်သွားလို့ရပါပြီ ..
ရှုခင်းတွေကတော့ ကိုပေါက်တို့ ဓါတ်ပုံဆရာတွေအကြိုက်ပဲ ..
ကိုပေါက်(မန္တလေး)
October 29, 2014 at 9:17 am
မဝေရေ
မုံရွာကိုတော့ ရောက်ပါရဲ့ အလုပ် ကိစ္စနဲ့
နေ့ခြင်းပြန် ဘဲ အမြဲ သွားရတာဆိုတော့
ကြည့်ရုံဘဲကြည့်ခဲ့ ရတယ် ဓါတ်မဖမ်းနို်င်ဘူး
အဲလို
အလုပ်မပါဘဲ ခရီးသွားချင်တာ
လောလောဆယ် မဖြစ်နိုင်သေးဘူး
အလင်းဆက်
October 29, 2014 at 6:42 am
ဘုရားပုံတော်ကလည်း အဆန်း
ကျောက်သားအလွှာ အထပ်တွေကလည်း
မတ်မတ် တက်ရပ်ချင်စရာ
ညနေခင်း လမ်းကလေးကလည်း ဖွေးဖွေးနဲ့လက်တွဲပြီး လျှောက်ချင်စရာ
😆
weiwei
October 29, 2014 at 8:40 am
ရွှေသားတွေများလွန်းလို့ ဘုရားလက်ချောင်းတစ်ချောင်းကို ပုဆိန်နဲ့ခုတ်ပြီး ခိုးယူတဲ့သူ ရှိဖူးတယ်တဲ့ ..
လွန်ခဲ့တဲ့ အနှစ် ၂ဝ လောက်က တစ်ခါရောက်ဖူးတယ် .. အဲဒီတုန်းကဆို မြို့နဲ့အဝေးကြီးလို့ထင်ရလောက်အောင်ပဲ .. အခုတော့ မြို့နဲ့တစ်ဆက်ထဲလိုမျိုး ဖြစ်နေပါပြီ ..
ဒေါ်ဖွားမေနဲ့သွားမှ လက်တွဲပြီးလျှောက်လို့ကောင်းမှာပေါ့ …
😆
MAUNG
October 29, 2014 at 6:53 am
ရောက် ဖူးဘူး၊ မုံရွာ ရောက် ရင် သွားကြည့် ဦးမယ်
ကျေးဇူး ဗျာ
kyeemite
October 29, 2014 at 10:58 am
.မရောက်ဖူးသေးဘူးမဝေရေ…ပုံလေးတွေမျှဝေလို့ကျေးဇူးပါ
.အင်း..သဒ္ဒါလွန်ထားကြတာ ရွှေဂူနီဘုရားတောင်ပုံပျက်နေပြီနော်
.အဲ့ထက်ဆိုးတာ ပခုက္ကူက ဘုရားမှာတွေ့ဖူးတယ်..ကြောက်စရာကြီးကိုဖြစ်လို့ :p:
Ma Ei
October 29, 2014 at 11:23 am
မုံရွာ ရွှေဂူနီ ဘုရားဖူးပြီး ကျောက်ကာ ထန်းဇလုပ် ချောင်းမရောက်ခဲ့ရဘူး…
ပုံလေးတွေလှလိုက်တာ…နောက်တစ်ခေါက်ပြန်သွားဦးမှပါဘဲ …
weiwei
October 29, 2014 at 11:34 am
ထန်းဇလုပ်ချောင်းက နွေဘက်ဆိုရင် ရေမရှိလို့ ခရီးသွားအဖွဲ့တွေက လိုက်မပို့ပေးကြဘူး ..
သီတင်းကျွတ်မှာတောင် ရေကနဲနဲပဲရှိတယ် .. ဒါပေမယ့် ရှုခင်း တော်တော်လှပါတယ် .. မုံရွာရောက်ရင် သွားကြည့်သင့်တဲ့နေရာတစ်ခုပဲ …
kai
October 29, 2014 at 12:30 pm
ကျောက်ကာသူအကြောင်းရဲ့.. သီချင်းနာမယ်သိချင်တာ..
အံ့ကြီးဆိုတာကတော့. မင်းဂံဘုတ်… တဲ့..
ရောက်ကြည်ချင်သား.. :k:
=======
နန်းတော်ရှေ့ဆရာတင် ရေးဖွဲ့ခဲ့တဲ့ မင်းဂံဘုတ် သီချင်းမှာပါတဲ့ မင်းဂံဘုတ် ဆိုတာ မနီးမဝေးမှာရှိကြတဲ့ မင်းဂံရွာ နဲ့ ဘုတ်ရွာ၊ ၂ရွာ ပေါင်းပြီးတော့ ဒေသခံတွေ ခေါ်ကြသလို ခေါ်တာဖြစ်ပါတယ်။ မန္တလေးမြို့ မြောက်ဘက် ၁၂ မိုင်လောက်အကွာက အိမ်ရှေ့မင်းထန်းတော၊ ထန်းပင်တွေ ပတ်လည် ဝိုင်းနေတဲ့ နန်းတော်ရှေ့ဆရာတင်ပျော်ရာ “ကိုကြီးတင် ပျော်တဲ့နယ်” ဖြစ်ပါတယ်။
တနေ့မှာ မင်းဂံရွာ မြောက်ဘက် အိမ်ရှေ့မင်းထန်းတောထဲက ထန်းတဲမှာ နန်းတော်ရှေ့ဆရာတင် ရောက်နေတဲ့အခိုက် သည်းကြီး မည်းကြီး မိုးရွာလာပါရောတဲ့။ မကြာခင်မှာပဲ ထန်းတဲရှင်ရဲ့ သမီးငယ်အပျိုအရွယ်က ရပ်ရွာ အလှူပွဲကိုအသွား မိုးရေထဲမှာ မိုးမိလာလို့ ဆံပင်ဖါးလျားနဲ့ အပြေးအလွှား ထန်းတဲထဲကို ဝင်ပြေးလာသတဲ့။ မိုးကသည်းလိုက်တာ၊ ကင်ပွန်းချုံဘေးမှာ ရှာတဘက်ခြုံပြီး မိုးခိုနေတာလည်း မလုံပါဘူးအဖေရယ် လို့ဆိုပြီး သူ့အဖေကိုပြောပြနေတဲ့ မိန်းခလေးကို နန်းတော်ရှေ့ဆရာတင် က ထန်းရည်ကလေး ခပ်ထွေထွေနဲ့ ကြည့်မိတယ် ထင်ပါရဲ့။
အဲဒီမှာ အော်…တို့ မြန်မာမိန်းခလေးတွေက မိုးရေစိုမှ အင်မတန်ယဉ်ပြီး ကြည့်လို့ကောင်းတာကလားဆိုတဲ့ အတွေးဝင်ပြီး “ပိတုန်းရောင် ကေသာ…ဖြန့်လိုက်ရင်…တစ်ကိုယ်လုံး…ဝေဝေ ဖြာဖြာ လွင်လွင်…”သီချင်း စာသားဖြစ်လာတော့တာပါပဲ။
နန်းတော်ရှေ့ဆရာတင် ရေးဖွဲ့ခဲ့တဲ့ မူလ သီချင်းရဲ့အစ ခြေဆင်းက တော်တော်ပဲ ရှည်ပါတယ်။ ကိုအံ့ကြီး က သီဆိုရာမှာ ခြေဆင်းကိုဖြုတ်ထားခဲ့ပြီး ကျန်တဲ့အပိုဒ်တွေကိုပဲဆိုခဲ့ပါတယ်။
ဒီနေရာမှာ ရေးစရာတခုရှိပါတယ်။ ကိုအံ့ကြီး သီဆိုတာကို သေသေချာချာနားထောင်ကြည့်ရင် “ပါလာသည့် ရှန် (ရှံ) တဘက်ကလေး…” လို့ဆိုသွားပါတယ်။ အမှန်ကတော့ နန်းတော်ရှေ့ဆရာတင် ရေးခဲ့တာက ရှာတဘက် ဖြစ်ပါတယ်။ ရှာတဘက် နဲ့ ရှန် (ရှံ) တဘက် မတူပါ။ အခုခေတ်မှာ ရှန် (ရှံ) တဘက် ကိုပဲကြားဖူးကြသူတွေ များပါလိမ့်မယ်။ လူထုဒေါ်အမာရေးတဲ့ ဆောင်းပါးတွေမှာ ရှာတဘက် အနီရောင် အကြောင်းတွေ ပါပါတယ်။ ပြည်သူချစ်သော အနုပညာသည်များ စာအုပ်ထဲမှာ စာသား အမှန်ပါဝင်ပါတယ်။
“ဟိုတောင်ပေါ်ရိုးဆီက မြူခိုးတွေလွင်…မိုးရွာမယ် မထင်မိပါလို့ ပါလာသည့် ရှာတဘက်ကလေး ခေါင်းပေါ်တင်မိရင်…”
မင်းဂံဘုတ် (ရွှေမင်းဂံ)
တေးရေး – နန်းတော်ရှေ့ဆရာတင်
တေးဆို – ကိုအံ့ကြီး
https://www.facebook.com/MyanmarSong/posts/529998620404069
weiwei
October 29, 2014 at 1:46 pm
ရုပ်ရှင်ကတော့ ” ဆောင်း” ဆိုတဲ့ ရုပ်ရှင်ကား … ထွန်းဝေ၊ ညွန့်ဝင်းနဲ့ စံရှားတင်တို့ပါတယ် ..
ထန်းဇလုပ်ချောင်းမှာ ရိုက်ခဲ့တာ .. အဲဒီခေတ်တုန်းကတော့ နံမည်ကြီးခဲ့တာပေါ့ …
သီချင်းကတော့ ကျောက်ကာအတွက် သီးသန့်မဟုတ်ပဲနဲ့ သီးချင်းတစ်ခုထဲမှာ ပါခဲ့တာ …
Novy
October 29, 2014 at 2:32 pm
ထန်းဇလုပ်ချောင်းကိုရောက်ဘူးချင်လိုက်တာမဝေရယ်
အရမ်းသာယာတာပဲနော်
အလောင်းတော်ကသဖဘုရားကောဖွင်ပြီလားဟင်
weiwei
October 29, 2014 at 2:49 pm
အလောင်းတော် ကသဖ ခရီးစဉ်တွေ မိုးတွင်းနားတယ်ဆိုတော့ …
အခု ဆောင်းအဝင်မှာ ခရီးစဉ်တွေ ပြန်စတော့မယ် ထင်ပါတယ် …
အလောင်းတော် ကသဖ မရောက်ဖူးသေးဘူး … ပင်ပန်းတယ်ဆိုလို့ သွားရမှာကြောက်ပြီး မသွားဖြစ်သေးတာ..
Crystalline
October 29, 2014 at 2:55 pm
သာယာလိုက်တာ.. အေးဆေးလေးထိုင်ပြီး ငါးမျှားချင်တယ်.. 😀
sorrow
November 1, 2014 at 11:03 am
..အကုသိုလ်တွေ…အကုသို်လ်တွေ…အဟီးးးးးး
pooch
October 30, 2014 at 3:44 pm
မရောက်ဖြစ်သေးဘူး မဝေရေ နီးလို့ ကပ်ကျော်နေတာ
ကျိူင်းတုံဘက်ရောက်တုန်းက လွယ်မွေက နှစ်တရာ အိမ်ရောက်ဖြစ်သေးလား
ဒီဇင်ဘာဆို ချယ်ရီလာကြည့်တဲ့ နိုင်ငံခြားသားတွေ အများကြီးပဲတဲ့ အမရေ
အဲ့ဖက်လည်း လည်လို့ ကောင်းတယ်
weiwei
October 31, 2014 at 2:12 pm
လွယ်မွေ နှစ်တရာအိမ်ဆိုတာ အခုမှ ကြားဖူးတာ …
ကျိုင်းတုံကို နောက်တစ်ခေါက်ထပ်ရောက်ဖို့ သိပ်မလွယ်ဘူး .. လမ်းဆိုးပြီး အန္တရယ်များလို့ ..
နီးရင် ကပ်ကျော်တတ်တာတော့အမှန်ပဲ .. အိ်မ်နဲ့နီးတဲ့ ရွှေတိဂုံဘုရားကို အမြဲတမ်းကပ်ကျော်နေတာ …
Mr. MarGa
October 30, 2014 at 5:32 pm
ကျောက်ကာသူလေးတွေလည်း မပါဝူးး
:mrgreenn:
kyeemite
October 31, 2014 at 9:57 am
.အောက်ဆုံးက ထနောင်းရိပ်လမ်းလေးပုံ တော်တော်ကြိုက်မိတယ်…သာယာလိုက်တာ
weiwei
October 31, 2014 at 2:28 pm
အဲဒီနေရာထက် ပိုလှတဲ့ ထနောင်းရိပ်လမ်းလေးတွေ စစ်ကိုင်း-မုံရွာလမ်းမှာ ရှိသေးတယ် … အခုနေရာလေးက ကားခဏရပ်လိုက်တုန်း အမြန်ဖမ်းရိုက်လိုက်လို့ ..
ခင် ခ
October 31, 2014 at 2:23 pm
ဒီနှစ်က အဲဒီမှာ မိုးနည်းလို့ ရေနည်းနေတာဗျ မိုးများတဲ့နှစ် ရေများရင် ရေကျနေတာက ပိုလှမယ်မဝေရေ။
weiwei
October 31, 2014 at 2:37 pm
ရေများရင် အခုပုံတွေထက် ရေပိုသန့်ပြီး ပိုလှမှာ သေချာတယ် …
ကျောက်ကာသူတွေက ချောင်းထဲမှာရေမလာမချိုးတော့ပဲ အိမ်မှာပဲ ရေချိုးခန်းနဲ့ ရေချိုးကြပြီနဲ့တူပါတယ် ..
🙂
ဦးကြောင်ကြီး
November 1, 2014 at 11:17 am
.ကျောက်ကာညနေခင်း
.တောက်ဖြာသက်မေနှင်း
.ရောက်လာရပ်ဆွေရင်း
.သောက်ပါဗလက်လေညှင်း…
surmi
June 7, 2015 at 9:44 am
အစ်မရေ
ကြိုတင်ခွင့်တောင်းထားတဲ့အတိုင်း ဓတ်ပုံများနှင့်တကွ ပို့စ် များလည်း ယူသွားပါပြီခင်ဗျ
ကျေးကျေး 🙂
aye.kk
June 7, 2015 at 10:08 am
သာယာအေးချမ်းပြီးစိတ်ကြည်နှူးဖွယ်ရာ
ကောင်းလိုက်တာ၊ဓတ်ပုံတွေအားလုံးလှတယ်။
ရွှေဂူနီဘုရားကိုရောက်ဖူးချင်မိတယ်။မဝေကျေးဇူးနဲ ့ဘုရားပုံတော်တွေကို
ဖူးလိုက်ရတာကျေးဇူးတင်တယ်။