ဗောဓိတစ်ထောင်ဆီသို့ ..
မုံရွာမြို့မဝင်ခင် ဗောဓိတစ်ထောင်ကို အရင်တွေ့ရပါလိမ့်မယ်။ မုံရွာမြို့ထဲကနေ ၁၁ မိုင်ခန့် ကွာဝေးပါတယ်။ ရပ်တော်မူဘုရားကြီးကို အဝေးကနေ လှမ်းဖူးမြင်နိုင်ပါတယ်။ ဗောဓိတစ်ထောင် ဆရာတော်ဘုရားကြီး၏ ကျေးဇူးတော်ကြောင့် ဘုရားစေတီများ၊ ရုပ်ပွားတော်များ၊ စိမ်းလန်းစိုပြေနေသော သဘာဝပါတ်ဝန်းကျင်များကို အံ့ဩဖွယ်ရာ မြင်တွေ့ရမှာဖြစ်ပါတယ်။
ဆရာတော်ဘုရားကြီးက ရပ်တော်မူဘုရားကြီး၊ လျှောင်းတော်မူဘုရားကြီး၊ စေတီတော်တစ်ဆူနဲ့ ထိုင်တော်မူဘုရားကြီးတစ်ဆူ တည်ထားဖို့ ရည်ရွယ်ခဲ့ပေမယ့် ပျံလွန်တော်မူသွားချိန်မှာ ထိုင်တော်မူဘုရားကြီးတစ်ဆူ မပြီးစီးခဲ့ပါဘူး။ ယခု တည်ဆောက်နေဆဲ အနေအထားနဲ့ တွေ့ခဲ့ရတယ်။ ဆရာတော်ဘုရားကြီး ပျံလွန်တော်မူခဲ့တာ ၆ နှစ်ရှိသွားပြီဖြစ်ပါတယ်။












မျှော်စင်ပေါ်ကနေ ပါတ်ဝန်းကျင်တစ်ခုလုံးကို အားရအောင်ကြည့်ပြီးတဲ့အခါမှာတော့ ရပ်တော်မူဘုရားကြီးဆီကို သွားခဲ့ကြပါတယ်။ အထပ်ပေါင်း (၃၁) ထပ် ရှိတဲ့ ဘုရားကြီးကို မျှော်ကြည့်ပြီး တက်မကြည့်ခင် ကြိုပြီးမောသွားတယ်။ မနက်စောစောမို့လို့ တော်ပါသေးတယ်။ ရာသီဥတု မပူပါဘူး။ ဘုရားဖူးလဲ သိပ်များများမရှိဘူး။


ပထမထပ်ကနေ စပြီး တက်သွားမယ်ဆိုရင် ငရဲကြီး ၈ ထပ်ကို အရင်တွေ့ရမှာဖြစ်ပါတယ်။ ၉ ထပ်မြောက်မှာမှ လူ့ဘုံနဲ့ အထက်မှာ နတ်ဘုံ ဗြဟ္မာ့ဘုံတွေရှိပါတယ်။ တည်ဆောက်စဉ်မှာ အသုံးပြုခဲ့တဲ့ ဓါတ်လှေကားရှိပေမယ့် ဘုရားဖူးတွေအတွက် ရိုးရိုးလှေကားသာရှိပါတယ်။ ပင်မ တိုင်ကြီး ၅ တိုင်နဲ့ အမာခံတည်ဆောက်ထားပါတယ်။ လူတွေတော်တော်များများကတော့ နတ်ဘုံရောက်တာနဲ့ တော်ပြီဆိုပြီး ပြန်ဆင်းကြတယ်။ ခြေထောက်လဲ ညောင်းနေပြီလေ။ ကျွန်မတို့လဲ ၁၁ ထပ် တက်ပြီးချိန်မှာ ညောင်းပြီမို့လို့ ပြန်ဆင်းခဲ့ကြပါတယ်။ အထပ်တိုင်းက ပုံတွေကို ပြချင်ပေမယ့် သိပ်များသွားမှာစိုးလို့ နဲနဲပဲ ရွေးပြလိုက်ပါတယ်။












ပုံတွေကြည့်ပြီး စိတ်ကျေနပ်မှုရပါစေလို့ ဆုတောင်းလိုက်ပါတယ် …
13 comments
MAUNG
October 29, 2014 at 6:43 am
ငယ်ငယ် တုံးက တစ်ခေါက် ရောက်ဘူးတယ်၊ အဲဒီ တုန်းက သနပ်ခါး ပင်တွေ အရမ်းပေါ တာဘဲမှတ်မိ တော့တယ်။
ဓာတ်ပုံလေး တွေ ရှယ် လို့ကျေးဇူး ပါဗျာ၊ အခွင့် သာ ခဲ့ရင် တော့ နောက် တစ်ခေါက်လောက် ထပ်သွားချင်ပါသေးတယ်
ဘုရား ဆင်းထုတော်ကြီး ကို ကြက်ခြေခတ် အိုင်ဘင်း နောက်မှာ ပူဇော် ထားတာကြီး မြင်ရတော့ တစ်မျိုးကြီးဘဲ။ ကျွန်တော့ စိတ်ထဲ တော့ လုံးဝ သဘော မကျဘူး။
weiwei
October 29, 2014 at 8:51 am
အဲဒီအထပ်က ၁ဝ ထပ်မြောက်လောက်မှာဆိုတော့ strength အတွက် ထောက်ထားတယ်လို့ ယူဆရပါတယ် … ခြံခတ်ထားသလိုတော့ ဖြစ်နေတာပေါ့ ..
အလင်းဆက်
October 29, 2014 at 6:49 am
ကိုယ်တိုင် ရောက်သွားရသလိုပါပဲဗျာ
တင်ပြပေးတာ ကျေးဇူးအထူးးးး
ရပ်တော်မူ ရုပ်ပွါးတော်ကြီးက အတော်မြင့်တာပဲ။ ထီးထီးမားမားကြီး မြင်ရတာ တမျိုးဆန်းတယ်။
စိမ်းလန်းစိုပြေနေတဲ့ သစ်ပင်တွေကြားမှာ ဗောဓိတထောင် ရုပ်ပွါးတော်တွေကို မြင်တော့
ဇွဲကပင်တောင် ခြေရင်းကို ပြန်သတိရတယ်။
ဇွဲကပင်တောင်ရဲ့ တစ်ဖက်ခြမ်း တောင်ခြေရင်း ကွက်လပ်ကြီးမှာလည်း
အဲ့ဒီလို ရုပ်ပွါးတော်တွေအများကြီး ရှိတယ်။
တောင်ပေါ်ကနေ အောက်ကို လှမ်းကြည့်ရင်တော့
မမြင်ရတော့လောက်အောင် (တောင်က မြင့်လို့)ပါပဲ။
တောင်ပေါ်တက်ခါနီး အစမှာ မြင်ရတာလေးနဲ့ တူလို့ သတိရသွားတယ်။
weiwei
October 29, 2014 at 8:55 am
ဇွဲကပင်တောင်ခြေမှာလဲ အဲလိုပဲ ဘုရားလေးတွေရှိတာ တွေ့ခဲ့တယ် .. ခပ်ဆင်ဆင်တူပါတယ် ..
ဗောဓိတစ်ထောင်မှာကတော့ သေသေချာချာ ထိန်းသိမ်းစောင့်ရှောက်ထားလို့ ဆင်းတုတော်ပေါင်း ကိုးထောင့်ခြောက်ရာကျော်ရှိပြီး သပ်သပ်ယပ်ယပ်ပိုရှိပါတယ် … အညာဒေသမှာ ဗောဓိပင်ရှင်အောင်စိုက်ပျိုးဖို့ မလွယ်ပါဘူး .. အဲဒါကြောင့် အပင်တွေက အကြီးကြီးတွေဖြစ်မလာဘူး .. သေသွားတဲ့အပင်နေရာမှာ အစားထိုးပြန်စိုက်ကြတယ်လို့ သိရတယ် .. အရိပ်ရတဲ့နေရာတွေမှာတော့ အပင်တွေကြီးထွားတာ သတိထားမိခဲ့တယ် ..
မမချွိ
October 29, 2014 at 8:51 am
ဘုရားဖူးသွားပါတယ် ဝေ ရေ။
ဒီနေ့လေ သများ အလုပ်ကိစ္စ စိတ်ညစ်နေတာ။
:h:
ခု နည်းနည်း စိတ်အေးချမ်းသွားတယ်။
weiwei
October 29, 2014 at 8:58 am
စိတ်အေးချမ်းသွာတယ်ဆိုလို့ ဝမ်းသာပါတယ် ဇီဇီရေ ..
ဘုရားရိပ်၊ တရားရိပ်၊ သစ်ရိပ် ဝါးရိပ်တွေက စိတ်ကို အေးချမ်းစေတယ် …
Yae Myae Tha Ninn
October 29, 2014 at 9:21 am
အရမ်းကျေးဇူးတင်တယ်ဗျာ.. တကယ် ထောင့်စုံတယ်… ရိုက်ထားတာ.. ကိုယ်တိုင် ကိုယ်ကျ ဖူးနေရသလိုပဲ… 🙂
kyeemite
October 29, 2014 at 11:13 am
.ဘုရားဖူးသွားပါတယ်ဗျာ
.မဝေလည်း မြန်မာပြည်တော်တော်နှံ့နေပြီပဲ..အားကျပါဘိ 🙂
မြစပဲရိုး
October 29, 2014 at 2:14 pm
ဗောဓိတစ်ထောင် နဲ့ ဗောဓိတစ်ထောင် ဆရာတော်ဘုရားကြီး အကြောင်း ကို အဖေ အမေ တို့ ပြောပြလို့ သိ နေတာ ကြာပြီ။
ဆရာတော်ကြီး ပျံလွန်တော်မူသွားပြီကိုး။
မှန်တာပြောရရင် အဲဒီနေရာ ကို အခုမှ ဓာတ်ပုံတွေ ကြည့်မှ မြင်ဖူး တယ်။
သစ်ပင် တွေ ဒီလောက် အများကြီး စိုက် ထားတော့ ပါတ်ဝန်းကျင် က တစ်ခြား အရပ် နဲ့ ကွာ တယ် လို့ ခံစားရလား။
အရမ်းလှတယ်နော်။
ကျေးဇူးပါဝေဝေ။
ငရဲခန်း တွေ့ရတာ ငယ်တုန်းကတော့ ကြောက်တယ်။
အခုတော့ ကြောက်တော့ဘူး။ ရီချင်တယ်။
သူကြီး ကို ပြေးမြင်လို့။ lol:-))
weiwei
October 29, 2014 at 2:22 pm
ဟုတ်တယ်အရီးရေ …
ဝင်းစိန်တောရပုံတွေတင်တုန်းက သူကြီးနဲ့ ငရဲခန်းကိစ္စ ပြောဖြစ်ကြပြီးနောက်ပိုင်း ငရဲခန်းမြင်တာနဲ့ သူကြီးကိုချည်းပြေးမြင်မိနေတော့တာ ..
သူကြီးနဲ့ ငရဲ တွဲမြင်နေသလိုတောင် ဖြစ်နေတယ် .. 🙂
ဦးကြောင်ကြီး
November 1, 2014 at 12:28 pm
သဂျီးက ငရဲထက် ပိုဆိုးတာပေါ့…
ကိုပေါက်(မန္တလေး)
October 31, 2014 at 4:36 pm
မဝေရေ
ကျနော်ကတော့ 2012 သီတင်းကျွတ်လပြည့်မှာရောက်ခဲ့တာ
ကျနော်သွားတဲ့ရက်က ဘုရားဖူးတွေပြည့်ကျပ်နေလို့ အထက်ထိ မတက်ခဲ့ရ
တကယ်တက်မယ်ဆိုရင်လဲအတော်လေးတက်ယူရမယ်ထင်ပါတယ်
မဝေ ခရီးသွားဆောင်းပါးတွေက တကယ်ကို ပြည့်စုံတဲ့ဆောင်းပါး ပါ။
မဝေဆောင်းပါးတွေကို ဖတ်ရတော့
ကျနော်ရေးခဲ့ဘူးတဲ့ ကိုပေါက်လမ်းသလားနေသည်တွေက အပေါ်ယံ ဆန်တာကို သွား မြင်မိတယ်။
weiwei
November 2, 2014 at 5:51 pm
အခုနောက်ပိုင်း ခရီးသွားဖြစ်တဲ့အခါ မိသားစု ၃ ယောက်ထဲ ကားလေးတစ်စီးနဲ့ သွားဖြစ်တာများပါတယ် .. ခဏခဏသွားဖူးတဲ့နေရာတွေတောင်မှ သူများနောက်ကလိုက်တာနဲ့ ကိုယ်တိုင်ဦးဆောင်ပြီး သွားရတာ မတူဘူးလေ .. အင်တာနက်ကနေရှာတော့လဲ လုံလောက်တဲ့အချက်အလက်တွေ မတွေ့ရဘူး .. အဲဒါကြောင့် ကိုယ်ချင်းစာလို့ ကိုယ်တိုင်သွားရသလိုမျိုးဖြစ်အောင် ထောင့်စုံအောင်စဉ်းစားပြီး မှတ်တမ်းတင်ထားတာပါ …