Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

သွားမယ်၊ ဝါးမယ်၊ Wonderful မှာ သွားဝါးမယ်…

ကုိ ထြဋ္November 25, 20142min72322

–  ဒီတပတ် သွားမယ်၊ ဝါးမယ် ကဏ္ဍလေးကို အချိန်မှီတင်လိုက်ပါတယ်ဗျာ… နောက်ကျနေလို့ ဗိုက်ဆာနေပြီလား… ကဲ…ကဲ … သွားနေပါပြီဗျာ….

– ပထမက နေရာစုံစားတာကို တင်ပေးမို့ပါ… အခုက လောလောလတ်လတ် မနေ့က သွားဝါးခဲ့တာလေးကို ပြောပြချင်လာတာနဲ့ Wonderful လေးပဲ တင်လိုက်ပါတယ်…

 

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

 

Wonderful Fast Food & Bakery  တဲ့…

– နေရာက သိမ်ကြီးဈေး ဘယ်ရုံလဲတော့ မသိဘူးဗျ… မင်္ဂလာရုပ်ရှင်ရုံ ဝင်ပေါက်နဲ့ မျက်စောင်းထိုးလောက်မှာ…

– အကျယ်အဝန်း သဘောကျစရာ… ကျယ်တော့ သူ့ဝိုင်းသူစား၊ ကိုယ့်ဝိုင်းကိုယ်စား … ပြောချင်တာပြော မကြားရဘူး…

– မွေးနေ့ပွဲတွေ… ကန်တော်ကြီးမှာလုပ်သွားတဲ့ ဆွေးနွေးပွဲလေးတွေလဲ လုပ်လို့ရပါတယ်… ကန်တော်ကြီးလောက် မဆိတ်ငြိမ်ပေမယ့် မဆိုးဘူးလို့ ပြောချင်ပါတယ်…

– ကလေးတွေ ဆော့ဖို့ အရုပ်တွေလဲ ရှိတယ်… အဆင်အပြင်လေးလဲ မဆိုးဘူး…

– ဆိုးတာတော့ ရှိတယ်… အဲကွန်းသိပ်မအေးဘူး… ပန်ကာတွေတော့ ထားပေးထားပါတယ်… ပြင်ဆင်ရေးတွေတော့ လုပ်ဦးမယ် ထင်ပါတယ်…

– စားစရာတွေက Fast Food & Bakery ဆိုပေမယ့် နေ့လည်စာ ကောင်းကောင်းစားချင်ရင်လဲ Menu ကောင်းကောင်းလေးတွေ ရှိပါတယ်… အခုပြောမှာကလဲ အဲဒီ နေ့လည်စာ အကြောင်းပါပဲ…

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

– သွားဖြစ်ပုံလေးလဲ ပြောပြချင်ပါသေးတယ်… စောင့်နိုင်တယ်မလား… ဗိုက်မဆာသေးဘူးမလား…

– နီပန် မက်ကက်နက်တစ် မီးဖိုလေး ပျက်တော့ ဆားဗစ်စင်တာ သွားပို့ရတယ်… ဗိုလ်ရွဲလမ်းကိုပေါ့…

– ဒါနဲ့ပဲ မိန်းမက ရှော့ပင်ထွက်ရအောင်တဲ့ မဝယ်တာ ကြာပြီ… မသွားတာ ကြာပြီဆိုတော့တဲ့…

– ဗိုလ်ရွဲလမ်းကနေ လမ်းတောက်လျှောက် လျှောက်လာလိုက်တာ ဘယ်ရောက်လာလဲဆိုတော့ သိမ်ကြီးဈေးက ဂမုန်းပွင့် ပြင်ထားတာကို ရောက်လာတယ်…

– အမှန်တော့ လမ်းမှာ ပြတ်တုန်းလပ်တုန်း ၂၃ ဆိုတဲ့ အတိုင်း လမ်းဘေး ဝက်ခေါင်းသုပ်စားတာ အဆင်မပြေတာနဲ့ တင်းတင်းနဲ့ ထွက်လာတာလဲ ပါတယ်…

– ဂမုန်းပွင့်ဝင်မွှေ ဘာမှလဲ သိပ်မထူးပါဘူး… ၃ထပ် သာလုပ်ထားတယ်… စိတ်ကြိုက်က ထပ်မတွေ့နဲ့…

– ရွှေတိဂုံဘုရားလမ်းဘက်ကနေ အထွက် Wonderful ကို ဘွားကနဲ တွေ့တော့…

– မိန်းမရေ သွားစားရအောင်ဆိုတော့ ၂ ခေါက် ကုန်ဖြစ်မယ်တဲ့.. အိမ်ရောက်မှပဲ စားရအောင်ဆိုတော့…

– အော်.. တခါတလေလေး ထွက်ပါတယ်… စားမကောင်း သောက်မကောင်းနဲ့ မပြီးချင်ဘူး… ကုန်ပလေ့စေတော့ဆိုပြီး ဝင်လိုက်တာပါ…

 

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

 

– ဝင်ဝင်ချင်းပဲ နွေးထွေးတဲ့ အရသာ ရလိုက်တယ်… ( အဲကွန်းမကောင်းလို့ပါ… )

– ရောက်တာနဲ့ ညာဘက်ကိုကြည့်လိုက်ရင် စားစရာအမယ်တွေကို ပုံနဲ့ ဈေးနှုန်းနဲ့ ဖော်ပြထားပေးပါတယ်…

– ကျွန်တော်တို့ကတော့ ထိုင်းစတိုင် ဝက်လက်ပေါင်း နှင့် ထမင်း (၃၂၀ဝ ကျပ် ) တပွဲမှာလိုက်ပါတယ်…

– စားပြီး သောက်ဖို့ကတော့ လိုင်ချီး တခွက် ( ၁၁၀ဝ ကျပ် ) မှာပါတယ်…

– ကိုယ်က မှာတုန်း မိန်းမက နေရာ ရှာထိုင်ပြီးနေပြီ… ရောက်တော့ သိပ်မအေးတော့ နေရာရွေးဖို့ ကြည့်လိုက်ပါတယ်…

– ဝင်ပေါက်က ဘယ်ဘက်ခြမ်းမှာဆို ၂ ယောက်တည်း ထိုင်လို့ရတဲ့ ခုံ နဲ့ အဲဒီအရှေ့နားမှာတော့ အခန်းပုံစံ ကန့်ထားတဲ့ ကျွန်တော်ပြောတဲ့ မွေးနေ့၊ ဆွေးနွေးပွဲလုပ်လို့ ကောင်းတဲ့ နေရာပေါ့…

– တကယ်လဲ လာလုပ်ကြပါတယ်.. အဲအတွက်လဲ ရည်ရွယ်သလို နေရာဖိုးပေးစရာ မလိုပါဘူး…

– ကျွန်တော်တို့က အဲလောက် မလိုဘူးလေ… ဒါနဲ့ ၂ ယောက်ခုံ ပြောင်းထိုင်မလားဆိုတော့ မဖြစ် မအေးလို့…

– ပန်ကာ နဲ့ နီးတဲ့ နေရာပဲ ပြောင်းထိုင်ဖြစ်ခဲ့တယ်…

– ထိုင်ပြီဆိုတာနဲ့ ရေနွေး ၂ ခွက် လာချပေးတယ်ဗျ… ဒါက ထုံးစံ… လိုသလောက် နောက်မှ ထယူဖို့လဲ ရှိတယ်…

– တခုပဲ ယခင်ကတော့ စံပယ်ပန်းရနံ့ နဲ့ ရေနွေးကြမ်း… အခုတော့ ကောက်ညှင်းမွှေး နဲ့ ဖြစ်သွားတယ်…

– မှာတာလဲ မကြာဘူး ရောက်လာတယ်ဗျ… တခြားဆိုင်တွေဆို ကြာတတ်တာက စိတ်ပျက်စရာကိုး…

– လာချပေးတဲ့ စားချင်စရာပဲ… ပုံမှာသာ ကြည့်ပါ…

 

P1280432

ဒါက ရောက်ရောက်ချင်း လာချပေးတဲ့ ရေနွေးကြမ်း ( ကောက်ညှင်းမွှေးရနံ့ နဲ့… )

P1280435

ဒါကတော့ ဘေလ်စာရွက်လေးနဲ့ ခုံ နံပါတ်…

P1280436

ဒါက ယိုးဒယား စတိုင် ဝက်လက်ပေါင်း နှုင့် ထမင်း ( ကော်ရည်လေးတွေနဲ့က အောက်မှာ ထမင်းနဲ့ ဝက်လက်၊ သူ့ဘေးက ယိုးဒယားသဘောင်္သီးထောင်း၊ ဆော့စ် နှင့် ကျောက်ဖရုံ သီးဟင်းချို )

P1280439

ဒါလေးက လိုင်ချီး ဖျော်ရည် ( အောက်မှာ ဂျယ်လီလေးတွေ ပါသေးတယ်… )

– ဝက်လက်ပေါင်းကို ထမင်းနဲ့ ရောထားတဲ့ တပန်းကန်၊ ဆော့စ် က တပန်းကန်၊ ယိုးဒယားသဘောင်္သီးထောင်းက တပန်းကန်၊ ကျောက်ဖရုံသီး ဟင်းချိုက တပန်းကန် ဗျ…

– ဒါတွေ အားလုံးမှ ၃၃၀ဝ ကျပ်ဆိုတော့ ကျွန်တော်ကတော့ တန်တယ် ထင်မိတယ်…

– စားလိုက်တော့ ပိုပြီးကို တန်တယ်ဗျာ… ကော်ရည်လေးကို ခပ်မြည်းလိုက်တယ်… ဂွတ်ဆိုမှ…

– မိန်းမရေ ဂွတ်တယ် ဟ ဆိုပြီး ဝက်လက်ကလေးကို တဖတ်ခပ်ပြီး ခွံ့လိုက်တယ်…

– သူလဲ မဆိုးဘူးဆိုတဲ့ အဓိပ္ပာယ်နဲ့ ပြန်ကြည့်တယ်… ဒါဆို ဇွန်း၊ခက်ရင်း တစုံ ထပ်ယူမှဆိုတာ သိလိုက်တယ်…

– ပတ်ဝန်းကျင်ကို ကြည့်လိုက်တော့ ကိုယ်တိုင်ယူ စနစ်နဲ့ ဇွန်း၊ခက်ရင်းတွေ တွေ့တော့ ယူလာ…

– မိန်းမက ယိုးဒယားသဘောင်္သီးထောင်းကို နယ်နေပြီ… ဖရီးကစ်ပေးတဲ့ သဘောဆိုတော့ မြည်းကြည့်တာ .. ဂွတ် တုန်းပဲ ဗျ…

– ဒါနဲ့ ဟင်းချိုက နဂို ဘူးသီး မဟုတ်ဘူး ထင်နေတာ… သောက်ကြည့်တော့ ဟုတ်ပ ကျောက်ဖရုံသီးဗျ…

– ဒါတောင် တော်တော်နူးတော့ စိတ်ထဲ မပြတ်သားလို့ ထပ်သောက်တော့… တကယ်ကို ကျောက်ဖရုံသီး ဟင်းချိုပါ…

– စ စားပြီဆိုတော့.. အစကတော့ စတယ်လ်နဲ့ပေါ့… နောက်တော့ ဘေးဘီကြည့်တော့ အားလုံး ကိုယ့်အာရုံနဲ့ ကိုယ်စားနေကြတာ…

– စားပွဲ နဲ့ ထိုင်ခုံက နည်းနည်းတော့ ရှေ့တိုးရမယ်… ပုံမှန်အတိုင်းထိုင်စားရင် ကျွန်တော့်ဗိုက်က ထောက်နေတော့…

– ထူးဘူးကွာဆိုပြီး ၂ ခုံဆက်ထားတဲ့ သံတန်းပေါ် ခြေထောက်တင်မှ ဗိုက်ထောက်သက်သာပြီး စားလို့ အဆင်ပြေတာဗျား… ဟူး… ဝလာတာ ကောင်းဘူး…

– နေရာ ပုံစံကျလို့ စစားတော့ မိန်းမက ထမင်းများတယ် မတန်ဘူူးတဲ့… တကယ်စားတော့ ကွက်တိပါပဲ…

– ကျွန်တော် အသားသိပ်မစားဘဲ ထမင်းချည်း ကော်ရည်နဲ့ လှိမ့်တီးလိုက်လို့လဲ ပါတယ်…

– စားနေရင်း လိုင်ချီးသီး ဖျော်ရည်လေး ရောက်လာပါတယ်… အရင် မြည်းလိုက်ပါတယ်… ဒါလဲ ဂွတ်ပါပဲ…

– အဲတော့မှ ကျွန်တော် သက်ပြင်းချရပါတယ်… မဟုတ်ရင် လင်မယား ၂ ယောက် တခါတလေလေးက အဆင်မပြေရင် စိတ်မကောင်းချင်ဘူး…

– စားကောင်းလား မကောင်းလား တန်တယ် မတန်ဘူးလားတော့ မသိဘူး.. ပန်းကန်တွေ ပြောင်နေတာပဲ ဝါးထားတာ…

– အကုန်လုံး စားကောင်းပါတယ်… အဆင်လဲ ပြေပါတယ်… နည်းနည်းပူတာက လွဲလို့ပေါ့…

– ၂ ယောက် တပွဲစားပေမယ့် ဗိုက်ဝ ပါတယ်… စိတ်လဲ အဆာပြေပါတယ်…

– ဈေးနှုန်းလဲ တလ တခါ၊ တပတ် တခါ စား အနေနဲ့ သင့်တင့်မျှတပါတယ်ဆိုတာ သတင်းကောင်းပါးရင် နှုတ်ဆက်လိုက်ပါတယ်…

– နောက်တလ ဒါမှမဟုတ် ဘယ်အချိန်မှန်းမသိမှာ ပြန်ဆုံကြပါမယ်…. 🙂 🙂 🙂

 

ရေမြေ့သနင်း

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

 

22 comments

  • La Yeik

    November 25, 2014 at 11:01 am

    ဟယ် …. စားချင်တယ် အူးလေး….ဝက်သားအရမ်းကြိုက်တယ်…အအီပြေ ယိုးဒယား သင်္ဘောသီးထောင်းနဲ့ ဆိုတော့ ဂွတ်….:)

  • Yae Myae Tha Ninn

    November 25, 2014 at 11:06 am

    အားပေးတာ ကျေးဇူးပါ.. ဦးလေးဆိုတာတော့ တွန့်သဗျာ.. ခုမှ ၂၉ ပဲ ရှိပါသေးတယ်… 🙂

    • La Yeik

      November 25, 2014 at 11:22 am

      ဟယ်…မီးက ၁၈ ကို ၆ရက်လျော့ အူးလေးရဲ့…

      • Yae Myae Tha Ninn

        November 25, 2014 at 11:24 am

        ဟားဟား.. ဟုတ်ပါပြီဗျာ.. ဆရာမရဲ့ ပို့စ်ကိုလဲ ဖတ်ပြီးကြောင်းပါ.. နောက်မှ လာမန့်မယ်နော်… 🙂

  • surmi

    November 25, 2014 at 11:17 am

    သိမ်ကြီးဈေး (C) ရုံပါ ။

  • Yae Myae Tha Ninn

    November 25, 2014 at 11:20 am

    ကျေးဇူး.. ဦးဆာ… ဟုတ်…
    ဟိုတခါ ပြောတာ အဆင်ပြေသွားပြီ… ဦးမိုက်ကူမယ်တဲ့.. ဒီတပတ် စနေ ချိန်းထားတယ်.. 🙂

  • Ma Ei

    November 25, 2014 at 11:33 am

    ဈေးလဲ မဆိုးပါဘူး
    ပုံလေးတွေ ကြည့်ရတာလဲ
    စားကောင်းမယ့်ပုံ..

    • Yae Myae Tha Ninn

      November 25, 2014 at 11:59 am

      တကယ်လဲ စားကောင်းပါတယ်…မအိ… ဟော့ပေါ့လဲ ရတယ်.. ၂ ယောက်စားလေးတွေ သူများတွေ စားတာမြင်ဖူးတယ်.. လှေကလေးထဲမှာ စားစရာတွေ ထည့်ပေးထားတယ်… မီးကို အရက်ပျံ မီးဖိုလား မသိဘူး.. တခါစားစာ မီးကွက်တိလေးနဲ့… Display လုပ်ပေးတာ ချစ်ဖို့ကောင်းတယ်… 🙂

  • Crystalline

    November 25, 2014 at 1:52 pm

    မကြာခနရောက်ပေမယ့်.. သတိမထားမိ… အာ့လေးတပွဲကို လူဝကြီးက မိန်းမကိုခွဲကျွေးသေးတာ အံ့ရော… :mrgreenn:

    • Yae Myae Tha Ninn

      November 25, 2014 at 3:09 pm

      ခရစ်ကတော့ ရန်စကားပြောပြီ… မဆိုသလောက်လေး ဝ တာပါ… 🙂
      ပြီးတော့ အနော်က ထမင်းနဲ့ ကော်ရည်နဲ့ကို ပိုကြိုက်လို့ပါ… ဝက်သားကတော့ မဒီအကြိုက်ကိုး… 🙂

  • kyeemite

    November 25, 2014 at 1:57 pm

    .အင်း..စားချင်စဖွယ်ပါပဲ…ကိုယ်တောင်မြို့ထဲမရောက်တာကြာပေါ့ :))

    • Yae Myae Tha Ninn

      November 25, 2014 at 3:13 pm

      ဟုတ်.. ဦးမိုက် အတူတူပါပဲ.. အခုက မရည်ရွယ်ဘဲ ရောက်သွားတာ… 🙂

  • ခင်ဇော်

    November 25, 2014 at 2:54 pm

    လိုက်ချေး သီး ဖျော်ရည်က သောက်ချင်စရာအေ။
    ယောက်ခမ လိုက်ချေးသီးကို သတိရလာပြီ။
    :mrgreen:

    • Yae Myae Tha Ninn

      November 25, 2014 at 4:00 pm

      ရန်ကုန်လာရင် တိုက်မယ်.. ဒီလောက်တော့ တိုက်နိုင်ပါတယ်အေ… 😀

  • ခင် ခ

    November 25, 2014 at 3:16 pm

    ကျုပ်တို့လို တောမှာနေ တောသားလေး မြို့တက်လာရင် လိုက်ကျွေးပါလားဟင်!

    • Yae Myae Tha Ninn

      November 25, 2014 at 4:29 pm

      ဟုတ်.. ကိုခကြီး.. လာသာလာခဲ့… ဧည့်ဝတ်ကျေစေရမယ်… 🙂

  • Shwe Ei

    November 25, 2014 at 4:13 pm

    သိမ်ကြီးဈေးရောက်တိုင်းလိုလို စားဖြစ်တဲ့ဆိုင်ဘဲ..

    သူ့ဆိုင်နဲ့ဈေးနဲ့အစားအသောက်နဲ့ ဟာမိုနီဖြစ်ပါတယ်..

    အခုနောက်ပိုင်း မြန်အစားစာ..ရှမ်းအစားစာ ကောင်တာခွဲလေးတွေ ထပ်တိုးလာတော့ ပိုတောင်အဆင်ပြေသလို….

  • Yae Myae Tha Ninn

    November 25, 2014 at 4:43 pm

    ဟုတ်.. မုန့်ဟင်းခါးလဲ ရှိသေးတယ်.. ဈေးတော့ ကြီးမလားပဲ… 🙂

  • တူတို့ချည်းပဲ..သွားစားနေတယ်…
    နာ့ကျတော့ခေါ်ဗူးးးး

    နာ့ဟာနာ..ဖွေးဖွေးနဲ့ပဲ သွားစားတော့မယ်… ။

    :k:

  • Yae Myae Tha Ninn

    November 26, 2014 at 8:43 am

    သဘောပါကွယ်… 😛

    အဲနေ့ကလိုက်ရင် ခြေတိုမှာ ဗိုလ်ရွဲလမ်းကနေ သိမ်ကြီးဈေး… ပြီးရင် ထပ်လျှောက်သေးတယ်.. 🙂

  • မြစပဲရိုး

    November 26, 2014 at 6:50 pm

    နင်းနင်း
    ဝက်လက်ပေါင်း နှင့် ထမင်း (၃၂၀ဝ ကျပ် ) က နဲနဲလေး။
    လေး ငါး ဇွန်း ဆို ကုန်မဲ့ ပုံ။
    ပျောက်နေတာလား။
    အလုပ်များ နေတာလား။
    :))

  • Yae Myae Tha Ninn

    November 27, 2014 at 8:59 am

    ထင်လို့ပါ.. အရီးရဲ့.. အရှေ့က ဝက်ခေါင်းသုပ် အခံရှိလို့လား မသိ.. ဗိုက်ပြည့်တယ်…
    ဟီး.. ပျောက်ကြည့်တာ ဘာထူးသလဲလို့…ဘာမှ ထူးဘူး.. ပျောက်တာပဲ အဖတ်တင်တယ်… 🙂

Leave a Reply