( တမ်း တ ရင်း နဲ့ ဝေး )
မိုုးကောင်းကင်အောာက်
မင်းရောက်လာမလား
မျှော်စောင့်စားလည်း
ခွဲသွားသူက ပြန်မလာ ၊
တိမ်ပြာပြာကြား
မင်းလားလို့တွေး
ငေးနေသော်လည်း
ထားခဲ့သူက အဝေးမှာ ၊
စီးနေဆဲ မြစ်ရေ
အသစ်တွေဖြစ်ခဲ့ပေမယ့်
ချစ်ခဲ့လေတဲ့ သူ
အပြစ်တွေဖွဲ့
ပစ်လေတဲ့ အမုန်းမြား
ငါ့အား ထိမှန်
မချိ ပြန် ငမိုက်သားမျိုး
ဘာအားကိုးနဲ့ စောင့်လေသလဲ
သဲကွဲခြင်း မရှိ
ပီဘိအရူးပမာ
ထူးမလာတာသိပေမယ့်
ငြိနေဆဲ သံယောဇဉ်
အမှန်ကော ထင်သလား ဟင် ၊
14 comments
မြစပဲရိုး
November 8, 2014 at 4:02 pm
ဟိုနေ့ ကတော့
ဇာတ်လမ်း တစ်ခန်းရပ် ဆို ကိုမျိုး ရဲ့။
မင်းသားက အဝတ်မလဲ သေးဘဲ ဆက်က ချင်နေတဲ့ သဘောလား။
ဘာမှန်း မသိ ဝင် ဝင် ရွှီး နေသူ မို့ အမှား ပါက စိတ်မရှိပါနှင့်။ :))
တောင်ပေါ်သား
November 8, 2014 at 4:07 pm
အရီးကလည်းဗျာ
ဒါက တတိယအရွယ်၏ ဒုတိယဝေဒနာလေ ၊ ဟီး ဟီး 🙂
မြစပဲရိုး
November 8, 2014 at 4:28 pm
ဒုတိယ ဝေဒနာ ?????
သေချာရဲ့လား ကိုမျိုး ရဲ့။
ဝေဒနာတွေ က One digit တောင် သေချာ ရဲ့လား။ <10 ???
:))
တောင်ပေါ်သား
November 8, 2014 at 4:39 pm
စာရေးဖို့ ကုန်ကြမ်းရှာရတယ်လေ အရီးရဲ့
ဒါမှ ပျောက်ကွယ်နေတဲ့ ဖီလင်တွေ ထွက်လာမှာ 🙂
မြစပဲရိုး
November 8, 2014 at 4:52 pm
ဒါကြောင့်ပြောပါတယ်လေ။
<10 မက လောက်ပါဘူးလို့။
ဆက်ရေးပါလေ။
ပိတ်သတ်ကြီး တွေ အပြည့်ပါ။
:))
တောင်ပေါ်သား
November 8, 2014 at 4:55 pm
ဂယ်နော်
မြှောက်ပေးလို့ကတော့ ဟဲ ဟဲ 🙂
ခင် ခ
November 9, 2014 at 8:38 pm
အလွမ်းဝေဒနာ
အပန်းဖြေစရာ
မဟုတ်ပေမယ့်
အတွေးတွေဖြာ
ရေးဖွဲ့ပါ ဆရာ။
ကေဇီ
November 10, 2014 at 7:53 am
တမ်းတရင်းဝေးတာတော့ ပြသနာမရှိ
ဝေးသွားတဲ့ သူကိုတော့ မတမ်းတနဲ့တော့နော်။
:kwi:
တောင်ပေါ်သား
November 10, 2014 at 1:46 pm
နီးတဲ့သူကိုပဲ လှမ်းတော့မယ် ၊ 🙂
Yae Myae Tha Ninn
November 10, 2014 at 9:03 am
ဟုတ်တယ်.. ဇီဇီရေ.. ထောက်ခံတယ်… 🙂
ဦးမျိုး ကုန်ကြမ်းပဲ ရှာပါနော်… 😛
kyeemite
November 10, 2014 at 10:09 am
.အတွေးချည်းသာလော…လက်တွေ့မှာရော
.အခက်တွေ့မှာနော… :))
တောင်ပေါ်သား
November 10, 2014 at 1:49 pm
ပရက်တီကယ် မဆင်းရဲပါဘူးဗျာ ၊ စိတ်ကူးမျှသာ ၊ 🙂
အလင်းဆက်
November 12, 2014 at 7:52 am
ဒီလို ကဗျာတွေကို
တစ်ခုခု စီစဉ်ဖို့ ကြံစည်နေပါကြောင်းးး
အာ့လာ အသိပေးတာ
😆
တောင်ပေါ်သား
November 12, 2014 at 9:04 am
အိုဗျာ စိတ်ကြိုက်လုပ်
ရင်တွင်းဖြစ်တွေ ရှိသေးတယ် 🙂