သူ ပြန်သွားပြီ
အကြောင်းထူး မထူးတော့မသိဘူး။ ပြည်သူတွေ တစ်ရက်တာတော့ အတော်ဒုက္ခရောက်သွားတယ်။ ကားလမ်းကြောင်းတွေပိတ်ပြီး ဘယ်ဆီဘယ်ဝယ်သွားရမှန်းတောင်မသိ ဖြစ်ခဲ့တယ်။ ခုတော့ ပြန်သွားပြန်ပါပြီ။


အကြောင်းထူး မထူးတော့မသိဘူး။ ပြည်သူတွေ တစ်ရက်တာတော့ အတော်ဒုက္ခရောက်သွားတယ်။ ကားလမ်းကြောင်းတွေပိတ်ပြီး ဘယ်ဆီဘယ်ဝယ်သွားရမှန်းတောင်မသိ ဖြစ်ခဲ့တယ်။ ခုတော့ ပြန်သွားပြန်ပါပြီ။
10 comments
တောင်ပေါ်သား
November 15, 2014 at 10:04 am
ညနေ သံလမ်းကလှည်းတန်းအပြန် သိပ်တော့မကြာလိုက်ဘူး ၊ ကားကလည်းပေါချက် ၊ ပြည်လမ်းဘက်ကဘတ်စကားတွေ အင်းစိန်လမ်းပေါ်ရောက်လာလို့ ၊ အင်းစိန်ဘက်ပြန်သူတွေ နဲ့ ပြည်လမ်းဘက်က ကားစီးရသူတွေတော့ အတော်ဒုက္ခများကြတယ် ၊ ယာာဉ်ထိန်းတွေက လမ်းကို အစောကြီး ကြိုပိတ်လို့ ဆိုးသွားတာပါ ၊ အဲလောက် မလိုပါဘူး ၊ ၁ဝ မိနစ် ၁၅ မိနစ်လောက် ကြိုပိတ် တော်ရောပေါ့ ၊ အခုတော့ ၁ နာရီမက စောပိတ်တာကိုး ၊
manawphyulay
November 15, 2014 at 10:18 am
လမ်းကြောင်းတွေပိတ်မယ်ဆိုတာ ကြိုကြေငြာထားတော့ မကောင်းဘူးလား။ ဈေးသည်တွေလည်း ဒုက္ခရောက်ကုန်ရောပေါ့…
အလင်းဆက်
November 15, 2014 at 4:58 pm
အိုဘားမားကို လှိုက်လှဲစွာ ကြိုဆိုကြောင်းကို မြန်မာလို ရေးထားလေတော့…
သူ ဖတ်သွားသလား…
သိချင်ပါဘိ။
kai
November 15, 2014 at 5:04 pm
အိုဘားမားသက်တန်း.. ၂နှစ်ကျန်သေးတယ်..။
အဲဒါပြီးရင်.. သက်တန်း ၈နှစ်ပြည့်ပြီမို့.. သမ္မတပြန်လုပ်ခွင့်မရှိတော့…
ဒီမိုကရက်တွေကံကောင်းရင်.. ဟီလာရီကလင်တန်သမ္မတဖြစ်လိမ့်မယ်..။
အဲဒီအခါကျ.. နောက်တခေါက်(အနည်းဆုံး) လာလိမ့်ဦးမယ်…။
နောက်၂နှစ် ..၂၀၁၆ ရွေးကောက်ပွဲမှာ.. ရီပါ့ဗလစ်ကန်င်သမ္မတတက်ရင်တော့.. အဲဒီသမ္မတ..မြန်မာပြည်လာမယ်မထင်..
အလင်းဆက်
November 15, 2014 at 5:24 pm
ရန်ကုန် နဲ့ အိုဘားမား
Friday, November 14, 2014
http://blog.irrawaddy.org/2014/11/blog-post_73.html?utm_source=feedburner&utm_medium=feed&utm_campaign=Feed%3A+irrawaddy-blog+%28The+Irrawaddy%27s+Blog%29
.
ရန်ကုန်ရောက် အိုဘားမားကြောင့် လမ်းဘေးဈေးသည်တွေ ဈေးရောင်းခွင့်ပိတ်၊ လမ်းပိစိလေးတွေလည်း ပိတ်၊ လမ်းမကြီးတွေလည်း ပိတ်။
ရန်ကုန်မြို့လယ်က လမ်းသွယ်တခုကို စတင် ပိတ်ဆို့ဖို့ ပြင်နေတဲ့ မြင်ကွင်း (ဓာတ်ပုံ – စည်သူလင်း/ဧရာဝတီ)
ရာသီဥတုလည်း အင်မတန် ပူတဲ့အချိန် လူတွေက ဟိုနားဒီနားမှာ ပိတ်မိ။
အိုဘားမားကို ကျိန်ဆဲကြသူတွေ ရှိနိုင်သလို အဖြစ်သဲလွန်းတဲ့ လုံခြုံရေးဆိုင်ရာတွေကို ကျိန်ဆဲသူတွေလည်း ရှိနိုင်ပါတယ်။
ရန်ကုန်ရောက် အိုဘားမားကြောင့် လမ်းပိတ်ဆို့မှုနဲ့ အကြီးအကျယ် ရင်ဆိုင်ရတာကတော့ ရန်ကုန်သူ ရန်ကုန်သားတွေပါပဲ။
သူလာမယ့်လမ်းများ ဆက်စပ်လမ်းများကို ပိတ်လိုက်တာက နာရီအနည်းငယ် ဆိုသော်လည်း သတင်းထောက်တယောက်က ဒီလို ရွဲ့ပါတယ် –
“ရန်ကုန်မြို့လယ်မှာ အလုပ်ဆင်းရသူတွေ လမ်းကို ၃ မိုင်ထက်မနည်း လျှောက်နေကြရပြီ။ ရုံးထဲ ထိုင်နေရတာမျိုးမဟုတ်ဘဲ လေ့ကျင့်ခန်းနည်းနည်းပါးပါး လုပ်ခွင့်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်” တဲ့။
သတင်းသမားတယောက်ကလည်း… အိုဘာမားလုံခြုံးရေးအတွက် ပြည်သူတွေဒုက္ခခံစေတဲ့ အစိုးရကို နဂိုကတည်းက အမုန်းတရားအခံနဲ့ဆိုတော့ ဘယ်လိုကြည်ဖြူနိုင်တော့မလဲလို့ ဆိုတယ်။
အိုဘာမား လာလို့ မြန်မာနို်င်ငံမှာ အပြောင်းအလဲတွေ ဖြစ်ကုန်ပြီလား လို့ တချို့က မေးတယ်။
အိုဘားမားကြောင့်
ညဖက် ဧည့်စာရင်း အစစ်ခံရတယ်။
ရန်ကုန်မြို့ လမ်းတချို့မှာ ရှိတဲ့ ချိုင့်လေးတွေ ကောင်းသွားတယ်
မြက်တွေနဲ့ ပိတ်နေတဲ့ ဝန်ကြီးများရုုံးလည်း ရှင်းသွားတယ် လို့ အကြီးတန်းသတင်းထောက်တယောက်က မြင်တယ်။
ဝန်ကြီးများရုံးဘေးမှာရှိတဲ့ အနော်ရထာလမ်းတလျှောက် အိုဘားမား မလာခင် မြင်ကွင်း။ ဒီလမ်းက ရန်ကုန်မှာ ယာဉ်ကျောအပိတ်ဆုံးလမ်းမကြီးတွေထဲ ပါပါတယ်။ အိုဘားမားကြီး လာခါနီးတော့ ကားတွေကို ရှင်းထုတ်လိုက်တာပါ (ဓာတ်ပုံ – စည်သူလင်း/ဧရာဝတီ)
သွားရေးလာရေး အခက်အခဲနဲ့တွေ့ပြီး အလုပ်အကိုင်တွေ ပျက်သွားကြသူတွေဟာ သောကြာမနက် အလုပ်ဆင်းချိန် လမ်းတွေ ပိတ်မယ်ဆိုတာကို ကြိုမသိခဲ့ကြပါဘူး။
ရန်ကုန်မြို့တော်ဝန် ဆိုတာက ရွေးချယ်တင်မြောက်ထားတာ မဟုတ်ဘဲ မိုးကျရွှေကိုယ်ဖြစ်တာကြောင့် မြို့သူမြို့သားတွေရဲ့ အခက်အခဲတွေ၊ အစီအစဉ်တွေ၊ ပူပန်သောကတွေကို ဂရုမစိုက်တာဖြစ်မယ်လို့ ယူဆရပါတယ်။
အခုတော့ လူတဦးတယောက် သွားလာရေး အဆင်ပြေဖို့အတွက် လူပေါင်းများစွာ အဆင်မပြေမှုနဲ့ ကြုံခဲ့ရပါပြီ။
နေပူပူ ကားကြပ်ကြပ်ထဲမှာ အချိန်ကြာကြာ မတ်တပ်ရပ်ရ၊ ဘယ်တော့လာမယ်မှန်းမသိတဲ့ ဘတ်စ်ကားကို စောင့်ရ ဆိုင်းရ၊ အလုပ်အကိုင်တွေ တလွဲတချော်ဖြစ်ရ။
ဝန်ကြီးများရုံးဟောင်း အပါအဝင် ရန်ကုန်မြို့ သုံးလေးနေရာကို အိုဘားမား ဒီကနေ့ လာသွားခဲ့ပါတယ်။
အိုဘားမားကြီးရဲ့ ဒီတခေါက် ခရီးစဉ်ကိုတော့ ရန်ကုန်မှာနေထိုင်သူအများအပြား ကောင်းကောင်းကြီး အမှတ်ရနေကြမှာ သေချာပါတယ်။
kai
November 15, 2014 at 6:48 pm
ကျုပ်အလုပ်က.. လေယဉ်ကွင်းလေးနားမှာ..
ကားရပ်တော့..လေယဉ်ကွင်းနားကပါ့ကင်မှာရပ်တာ..။
အဲဒါ..တနေ့အလုပ်ထဲဝင်ဖို့ကားရပ်လိုက်တုံး..ဘေးနား..ကားနက်တစင်းက..ဖြည်းဖြည်းလေးမောင်းပြီး.. ကြည့်တယ်..။
ခဏနေတော့..ရဲရောက်လာရော..။ ကားနက်ထဲပါတာက.. Secret Service စီးကရက်ဆားဗစ်လေ..။ သူက..ရဲကိုပြောလိုက်ပုံရပါတယ်..။
ရဲက.. ဒီနေ့ဒီလေယဉ်ကွင်းနား..ကားမရပ်ဖို့ပြောသဗျ..။
မေးတော့.. အိုဘားမားချော့ပါကြီးတွေ(Marine One)ကွင်းထဲဆင်းမတဲ့လေ..။
တကယ်ပါပဲ..။
ရုံးထဲရောက်ပြီးခဏနေတော့.. အိုဘားမားကို.. ကွင်းထဲ..ထောင်ထောင်ထောင်ထောင်နဲ့တွေ့ရတယ်..။
ပြီးတော့.. သူ့ Marine One ပေါ်တက်တာပဲ..
ကောင်းကင်ပေါ်မှာ ပုံစံတူ၂စင်းပျံတာ… ဘယ်အစင်းထဲ..အိုဘားမားပါသွားသလည်း..မသိရ…
အလုပ်က.. ဟောလိဝုဒ်နဲ့နီးတာမို့.. ရွေးကောက်ပွဲရာသီနီးရင်..အိုဘားမားက.. ဟောလိဝုဒ်မင်းသားမင်းသမီဒါရီုက်တာတွေ.. အလှူငွေလာကောက်တာမို့လို့.. အမြဲလာတတ်တာ..။ သူဆင်းတဲ့လေယဉ်ကွင်းက..အလုပ်နားက.. ဗင်န်နိုင်းဆိုတဲ့လေယဉ်ကွင်း..။
သူလာရင်.. လမ်းပိတ်..လမ်းကြပ်သဗျ..။
uncle gyi
November 15, 2014 at 10:29 pm
အိုဗားမားလာတာမန်းလေးတော့ဘာမှမသိမဖြစ်
လာမှမလာပဲဖြစ်စရာဘာရှိမှာလဲနော်
ဒါပေမဲသူရောက်တာသတင်းတော့ဂေဇက်ထဲလိုက်ဖတ်နေရတယ်
မြစပဲရိုး
November 16, 2014 at 12:27 am
ကား တွေ က အိုဘားမား မလာခင် တုန်း က မပိတ်ခဲ့ ဘူးလားဟင်။
အခု တော့ သူပြန်ပြီမို့ လမ်းတွေ မပိတ် တော့ဘူးပေါ့ နော်။
lol:-)))
မြန်မာပြည် သတင်းတွေထဲ ပါးနမ်း တာ နဲ့ ရှူးဖိနပ်စီးတာ နဲ့ လမ်းပိတ်တာ တွေက
သူ ပြောခဲ့တဲ့ စကား တွေ ထက် ပိုပြီး ရှေ့ရောက်နေတာ ပိုပြီး များ နေတာ …..
🙄
manawphyulay
November 17, 2014 at 9:53 am
လမ်းပိတ်ချင်ပိတ်ပါစေ ဟီလာရီကလင်တန်သမ္မတဖြစ်ရင် ပိုကောင်းမလားလို့လေ မျှော်လင့်မိတာပါ။
ဘယ်သူပဲ လာလာ လမ်းပဲပိတ်ပိတ် သူတို့လာရင် မြန်မာပြည်အတွက် အခွင့်အလမ်းတွေပိုရှိလာဖို့ လိုပါတယ်။
manawphyulay
November 17, 2014 at 9:57 am
သမ္မတကြီးသာ
မြန်မာပြည်ရဲ့သမ္မတဖြစ်မယ်ဆိုရင် ဘယ်ကဏ္ဍကို အရင်ဆုံး
ဦးစားပေးဆောင်ရွက်လိုပါသလဲ။
အိုဘားမား-
မြန်မာပြည်မှာစိန်ခေါ်မှုတွေ အများကြီးရှိပါတယ်။ဒီမိုကရေစီ အသွင်
ကူးပြောင်းရေးလုပ်းငန်းတွေ ပြည့်စုံဖို့ ပိုပြီးကြီးမားတဲ့စိန်ခေါ်မှုတွေရှိနေတယ်။ကျနော်သာဆိုရင်ဦးစားပေးလုပ်ချင်
တာကတော့ လူတိုင်းလိုလိုလည်း ပြေလည်နေကြတဲ့ ကိစ္စပါ။
နံပါတ် ( ၁ )က နောက်နှစ်မှာ ၂၀၁၅ ရွေးကောက်ပွဲကို
သေချာကျင်းပမယ်။
နံပါတ် (၂ )က ဖွဲ့စီးပုံ ပြင်ဆင်ရေးကိစ္စပါ။အရပ်သား အစိုးရ
စစ်စစ်ဖြစ်သွားစေရေးအတွက် နံပါတ် ( ၃ )ကတော့ သတင်းစာ
လွတ်လပ်ခွင့်နဲ့ လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်ကို ကာကွယ်တဲ့
နိုင်ငံရေးအရ စည်းရုံးနိုင်ခွင့်ရှိတဲ့ ဥပဒေကို ပြဌာန်းရမယ်။
ဒါတွေကို လုပ်မှ မြန်မာပြည်က တိုးတက်မယ်။