နေမသာတဲ့ ည
ရှိစုမဲ့စု၊ မူးစုပဲစုနဲ့
ငါ့ကောင်းကင်ကြီးတစ်ခု
တိမ်တွေကိုစုထားလိုက်တာများ
ရာသီသုံးလီကျော်လို့ တစ်ရက်ကူးတောင်
ဒီမိုးနှယ် တစ်ကယ်မရွာဘူး
သစ်မြစ်တွေတောင် မိုးကိုမျှော်လို့
ခြောက်သယောင်းယောင်း။
ဘဝရယ်
ကြယ်တွေများစုပြီးထမ်းထားသလားထင်
ဟိုတစ်ကွက် ဒီတစ်ကွက်နဲ့ စုရင်းမောနေရတာ
လတစ်စင်းလောက်သာကောက်ရမယ်ဆိုရင်တော့
လေညှင်းလေးတော့ အပိုဆုရမယ်ထင်
ခုများတော့..
ပိုးစုန်းကျူးလေးတွေနဲ့
ငါ့တစ်ည လင်းလက်စေခြင်း။
နေ့ရက်တိုင်းသာ
အရေခွံလဲရမယ်ဆိုရင်
ငါ့ဆံပင်တွေလဲ ငွေရောင်သမ်းမယ်မထင်
နှောင်းတစ်မြေ့မြေ့နဲ့
လွမ်းလို့နေဆဲပါခင်
အနာဂါတ်ကိုခိုးသွားတဲ့ ပစ္စုပ္ပန်ကတော့ လှောင်လို့ရယ်ပြုံး။
အိပ်မနေတော့ပါဘူးလေ
ညတစ်ည ဘယ်သူခိုးသွားတာမှတ်လို့
မနေ့ကသာ နေ့တစ်ခုကို ညကခိုးသွားတာ
အနက်ရော်အပြည့်နဲ့ ဒီတစ်ညကိုပဲ စောင့်ကြည့်နေတော့မယ်
ဘယ်သူသိတာမှတ်လို့။
တစ်နေဝင်တစ်မိုးချုပ်နဲ့
ငါ့ခေါက်ရိုးကျိုးထဲ
ရင်ဘတ်တစ်ခြမ်း ဈာပနကိုရှု
တစ်ခုခုကိုတော့ လိုနေသလားလို့
ပြန်စမ်းကြည့်တော့မှပဲ
ငါ့….
တစ်ကိုယ်တည်း။ ။
(၂၃/၁၁/၂၀၁၄)
7 comments
ကေဇီ
November 23, 2014 at 10:37 am
တင်စားးနိုင်မှု တွေ အတွက်
စကားးလုံးးတွေ အတွက်
လေးးစားးတယ်လို့ပဲ ပြောတတ်တော့တယ် ကိုရင်
ကြွေလွင့် ပန်း
November 23, 2014 at 11:02 am
ပြောမယ့်သာပြောရတယ်
ကိုခင်ဇော်ရေ
ကျေးဇူးတင်ပါတယ်၊ စကားလုံးတွေက တင်စားတာမဟုတ်ပါဘူး
စိတ်ကူးပေါက်သလို ရေးလိုက်တာသာဖြစ်ပါကြောင်း
အလင်းဆက်@မောင်သူရ
November 23, 2014 at 1:30 pm
ဖတ်/သိမ်း လုပ်သွားတယ်။
အဟိ။
😆
မြစပဲရိုး
November 23, 2014 at 5:04 pm
မောင်ရှုံး
Heart ထိ တဲ့ ကဗျာလေးပါဘဲ။
အရမ်းဖတ်လို့ ကောင်းပါ့တော်။
ပြီးတော့
ရန်စ မယ်ကွဲ့။ :))
တစ်ခါတစ်ခါ အရီးတို့ တွေ ဟာ ကိုယ့်ကိုယ်ကို သနား ပြီး နေတတ်ကြတယ်။
self pity ခေါ်ကြသလား။
မှားတယ်လို့ တော့ မပြောလိုပေမဲ့ အဲဒီ စိတ်က ကိုယ့် ကို ဆွဲချ ပြီး နာကျင်စေတတ်တယ်။
တကယ်တော့ အဲဒီ self pity စိတ် က ကိုယ့်ဟာကိုယ် ရွေးချယ်ထားတာ။
အဲဒီ စိတ်ဖြစ်ရင် သူများ ဒါမှမဟုတ် အခြေအနေ ကို အပြစ်တင်ဖို့စိတ် က ရှေ့တက်လာပြီး ဇာတ်လမ်းတွေ ပို ရှုပ်သွားတတ်တယ်။
ဒီတော့ ဘာဘဲရရ၊ ဘာဘဲဖြစ်ဖြစ် အဲဒါလို ပျော်ပျော်ရွှင်ရွှင် လက်ခံ
တစ်ခြားမှာ တစ်ခြားကို အပြစ်မဖို့ဘဲ
ကိုယ့်ကိုယ်ကို အပေါ်ပိုရောက် အောင် မောင်း သင့်မလားဘဲ။
တွေးမိလိုက်တာလေးပါ။
ဒါထက်
ညမှာ နေသာစေသင့်သလား လို့ စဉ်းစားကြည့်နေတယ်။
ကမ္ဘာထဲ ညသန်းခေါင် နေ မြင်ရတဲ့ အရပ် က လူတွေ ကတော့ ည မှာ လ ကို မြင်ချင်နေ မှာ အသေအချာ။
lol:-)))
ဦးကြောင်ကြီး
November 24, 2014 at 7:02 am
ငါတဂိုဒီး
မြှာပျိုတီး
လျှာစိုငြီး
အာကိုဂျီး..။
kyeemite
November 24, 2014 at 11:18 am
.အတွေးထက်ထက်အရေးသွက်သွက်ကဗျာလေးကိုခံစားဖတ်ရှုအားပေးသွားပါတယ်ကိုရင် :))
kyeemite
November 24, 2014 at 11:31 am
.အတွေးကကောင်း ခံစားမှုလေးပါပေါင်းတော့ .လက်ရာမြောက်ရင်တွင်းဖြစ်ကဗျာလေးတစ်ပုဒ်မွေးဖွားလာသပေါ့လေ :))