Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

လွမ်းရုံလေးနဲ့ နွမ်းမယ်ထင်ပါရဲ့….

Shwe EiNovember 23, 20141min101434

(၁)
စာသင်ခန်းသို့ ခြေလှမ်းကျဲကျဲလှမ်းဝင်သွားသော ဆရာ့ကို ဖျတ်ခနဲလှမ်းမြင်လိုက်ရသည်နှင့် ကျွန်မတို့ အုပ်စု ကန်တင်းမှ လွယ်အိတ်ကိုယ်စီဆွဲရွေ့ သုတ်ခြေတင်လာခဲ့ကျသည်။

ဆရာလက်ချာစပေးနေပြီ။

တံခါးပေါက်နှင့်အနီးဆုံး နောက်ဆုံးခုံတန်းမှာ ခပ်တည်တည်နေရာယူလိုက်ပြီးနောက် လွယ်အိတ်ကို ဖွင့်လိုက်တော့ လက်ချာလိုက်ဖို့ ဗလာစာအုပ်တစ်အုပ်တစ်လေတောင်မပါ။ ဂွတော့ကျဘီ။ ဘယ့်နှယ့်ကျောင့် ဖတ်စာအုပ်တွေကြီး ထည့်ပီးကျောင်းလာတက်မိပါလိမ့်။

ဘေးဘီဝဲယာမျက်လုံးကစားလိုက်တော့ အနိုင်ကျင့်လို့ရမဲ့တစ်ယောက်ကဘေးနားမှာ အခန့်သားထိုင်ပီး လက်ချာလိုက်နေပေပြီ။

S – ဟဲ့ ငရဲ နင့်စာအုပ်ပေး..ငါလက်ချာလိုက်မလို့
Y – ဟမ် ငါ့စာအုပ်နင့်ပေးတော့ ငါကဘာနဲ့ လက်ချာလိုက်ရမှာတုန်း
S – ပေးဆိုပေးစမ်းပါ..ဟိုမှာ ဆရာကြည့်နေဘီ..
Y – အေး..အေး ယူဟာ
ပြောတာမှ နောက်ကျနေသေးသည် စာအုပ်ကလက်ထဲရောက်နေပြီကို ပေကပ်ကပ်လုပ်နေသေးအိ။
Y – ဟဲ့ ငါကဘာနဲ့လက်ချာလိုက်မှာတုန်းဆို
S – အော် ဘောပင်ကိုင်ထားပီး ရေးချင်ယောင်ဆောင်လေ..ပိန်းဘ
Y – အမ်..ဟုတ်ပါဘီ
မကျေမနပ်ပေမဲ့ ဆက်ပြောလို့မရမှန်းသိတော့ မျက်စောင်းတချက်ထိုးအိ။

(၂)
Y – စာမေးပွဲနီးလာဘီဟ ငါတို့ စာစုကျက်ရအောင်
ပီးရင် နင်တို့မိန်းကလေးတွေက အတန်းမှန်ကျတာဆိုတော့ ငါတို့ကို စာလေးဘာလေးရှင်းပြအုံး

S – အေး..အဆောင်နားက လက်ဖက်ရည်ဆိုင်မှာ ဆုံကျမယ်လေ

Y – ဟဲ့ ရွှေအိ ဒီစာငါနားမလည်ဝူး နဲနဲရှင်းပြအုံး

S – အေး #$&%&$&#&$& အို်က်ဒါဘဲ

Y – ဟမ် နားမလည်လို့ရှင်ခိုင်းပါတယ်ဆိုမှ ဘာဒေလာပြောနေတာတုန်း
ငါ့ဖာသာကြည့်တာမှ ဟုတ်အုံးမယ်
ရှင်းပြတဲ့လူက ပိုညံ့နေတယ်..ဒွတ်ခ

S – အာ့ဆိုလဲ ကို့ဘာသာကြည့်ပေါ့ဟယ် ဘာလို့လာမေးနေသေးလဲ

Y – သိမယ်ထင်လို့ပေါ့ ဟွန်း

(၃)
Y – စာကျက်ရတာ ပင်ပန်းတယ်ဟာ..ကမ်းနားလမ်းမှာ အအေးသွားသောက်ရအောင်

S – အေးသွားလေ
တို့အားလုံး ဘယ်နှစ်ယောက်တုန်း..ဆယ်ယောက်မလား

Y – အေးလေ..နင့်စက်ဘီးငါနင်းမယ်
ဟိုကောင်တေနောက်က မလိုက်နဲ့ ငါ့နောက်ကလိုက်..

S – အေးပါ
နေတော့ပူတယ်ဟာ…ထီးလဲပါဘူး

Y – အေး…ရှေ့ဆက်သွားရမယ့်ခရီးကကြမ်းတယ်ဟ..နင်လိုက်နိုင်ပါ့မလား
(ရုပ်တည်ကြီးနဲ့လာမေးသီ)

S – ဟမ်…လမ်းကြမ်းရင်တော့ မလိုက်ချင်ဝူး..ကွကိုသာသွားလိုက်တော့
(ရုပ်တည်ကြီးနဲ့ပြန်ဖြေလိုက်မိသီ) 😛

(၄)
S – ဟဲ့ ငရဲ ဖြေနိုင်လား

Y – အေး..နင်ရော

S – အေးဆေးပါဟာ

Y – ငါတို့၂ယောက် ကွာလီဖိုင်းတန်း အတူတူဆက်တက်ရရင်ကောင်းမှာနော်

S – အေး..ငါလဲတက်ချင်တယ်

Y – ငါဒီနေ့ အစောကြီးဖြေလို့ပြီးတာဟ..

S – ဟင်..ဒါဆို ဘာလို့အခန်းထဲက မထွက်တာတုန်း

Y – နင့်ကို ထိုင်ကြည့်နေတာလေဟာ

S – ဟားးးဟားးးငါ့ကိုကြည့်တော့ ဘာတွေ့တုန်း

Y – (ပြူးဘီးသား မျက်လုံးကိုထပ်ပြူးပီး ကြည့်ကာ ဖြေအိ) မသိတော့ဝူးဟာ..နင်ကလဲ ဘာတွေမေးမှန်းမသိဝူး

(၅)

S – အောင်စာရင်းထွက်ပြီ ငရဲရေ့ ငါတို့မိန်းခလေး ၄ယောက်တော့ ကွာလီဖိုင်းတန်း ဆက်တက်ရမယ်
နင့်တို့ယောက်ကျားလေး ၉ယောက်မှာ တစ်ယောက်မှ အရည်အချင်းပြည့်မီတဲ့သူမပါဝူး…ခိခိ

Y – အော်..တော်တော် ပျော်နေတယ် ဟလား ငါမပျောလိုက်ချင်ဝူး

S – နင်က နင့်အဒေါ်ရုံးမှာ အလုပ်ဝင်လုပ်နေဘီမို့လား
ကွကိုအရာရှိဖြစ်အောင် ဆက်လုပ်စမ်းပါဟယ်

Y – အေးပါ…ရုံးဆင်းတာနဲ့ နင့်ဆီလာခဲ့မယ်…အဆင်သင့်စောင့်နေ

S – ကျောင်းနားက လဖက်ရီဆိုင်ဘဲသွားမှာမို့လား..ထုံးစံအတိုင်းပေါ့..သိပါတယ်

(၆)

S – ငရဲ..ငါကျောင်းထွက်လိုက်ဘီ
ရန်ကုန်မှာ အလုပ်သွားလုပ်တေ့ာမယ်..ဟိုနေ့က ဆရာမဒေါ်ဟန်နီ အင်းဂလိပ်စာဖြေခိုင်းလို့ သွားဖြေတာလေ
အိုက်ဒါ သူ့ဦးလေး ကုမ္ပဏီက အလုပ်ခေါ်ဖို့တဲ့ဟ
ငါတို့ ရယောက်ဖြေကျတာ ငါတစ်ယောက်ဘဲ အရွေးခံရတယ်

Y – အေး…သွားလေဟာ ကောင်းပါတယ်
ငါလဲ .. ဒုဦးစီးဝင်ဖြေမလို့..အောင်ရင်တော့ နယ်သွားရမယ်ထင်တယ်ဟ

S – အေး..ကောင်းပါတယ်ဟာ

Y – တနယ်တကျေးမှာ အလုပ်သွားလုပ်ရတယ်ဆိုပေမဲ့ တစ်စုံတစ်ယောက်အတွက် ရည်ရွယ်ပြီး သွားရာတာမျိုးက တွန်းအားတစ်ခုဖြစ်လိမ့်မယ်လို့ ငါတော့ထင်တယ်

S – မပြောတတ်တော့ပါဘူးဟာ..ငါတော့နင်တို့ အကုန်လုံးကို လွမ်းနေတော့မှာဘဲ

(၇)
…မရွှေအိ ဖုန်းလာတယ်..ရခိုင်ကဆက်တယ်ပြောတယ်

..ဟေ..ဒီလောက် ဝါးလုံး၂လုံးဆက်တိုင်ထောင်မှ ဖုန်းလိုင်းမိတဲ့ ကမ်းရိုးတန်းရွာကို ရခိုင်ကဖုန်းဝင်လာတယ်…အံ့ရော

အင်း..ဆက်တဲ့လူက နံမယ်ပြောသွားတယ်..ငရဲ ဆိုရင်အမသိတယ်တဲ့

အော်…၃နှစ်လောက် အဆက်အသွယ်ရတချက် မရတချက်နဲ့..သူငယ်ချင်းသံယောဇဉ်တောင် မကျန်နိုင်တော့ဝူးထင်ပါရဲ့လို့
စိတ်ဒုန်းဒုန်းချပြီး မေ့ပစ်ထားခဲ့တဲ့တစ်ယောက်က…ဒီလိုနေရာထိအောင် ဖုန်းလိုက်ဆက်သတဲ့လား

အင်း..နောက်တခါဖုန်းလာရင်တော့..ငါရည်းစားရနေပြီ ငရဲရေ့လို့ ကြွားရအုံးမယ်

ဒါပေမဲ့…နင်ပြောလာမဲ့စကား ငါကြိုသိနေတာခက်တယ်

နင့်ဘာနင် ရည်းစားရရမရရ ငါနင့်ကို ချစ်တဲ့အချစ်ကတပြားသားမှ မလျော့ဘူးဆိုပြီးတော့လေ

နင်အိုက်လိုပြောလာရင် ငါဘာပြန်ပြောမယ်ထင်လဲ..ငရဲ

နင်ထည်လဲတွဲနေတဲ့ ရည်းစားတွေကိုဘဲ အိုက်စကားသွားပြောပြီး စိတ်ချမ်းသာအောင် လုပ်စမ်းပါလို့လေ…

Shwe Ei
2001~2008

34 comments

  • surmi

    November 23, 2014 at 9:22 pm

    အော … ဖတ်ရင်းနဲ့ကျောင်းသားဘဝလေးတောင် သတိရမိပါရဲ့ဗျာ ။
    အကယ်၍များ ကိုရဲ လို လူမျိုးနောက်ထပ်ရှိနေသေးတယ်ဆို ယုံမလား ။
    ကိုရဲလိုမျိုးဘဲ အလာကောင်းပေမယ့်အခါနှောင်းခဲ့ရတယ်ဆိုရင်လည်း ………
    ဖြစ်လေ့ဖြစ်ထရှိတဲ့တိုက်ဆိုင်မှုလို့သာ မှတ်ယူရမယ်ထင်တယ် ။
    တကယ်ဆိုရင် အစကတည်းက တရားဝင် ဖွင့်ဟခဲ့သင့်တာပါဘဲ ။
    ကိုရဲဆိုသူကို ပြောခွင့်ရမယ်ဆိုရင်လေ ……
    ” ဖြတ်ကနဲပေါ်လာတဲ့ အချစ်ဆိုတဲ့ ခံစားမှုအတွက် ချက်ခြင်းဖွင့်ပြောလိုက်စမ်းပါ “” လို့ …………

  • ကေဇီ

    November 24, 2014 at 6:37 am

    မွမ်းးမန်မှု ကောင်းးးတဲ့ ဖြစ်ရပ်မှန် လေးးထင်ရဲ့
    ဖတ်ရတာ ရင်ခုန်စရာ…..
    သူငယ်ချင်းး ချစ်သူတွေကို အချစ်ဆုံးး ဖြစ်ခဲ့တဲ့
    အသီးး၂လုံးး ပိုင်ရှင်ရယ်ပါ…!!!

    :chit:

    • Shwe Ei

      November 24, 2014 at 10:52 am

      ဒီနေရာမှာ မွန်းမန်မှုကအတော်လေး အရေးပါတယ် မွမွဆွိရဲ့
      သများ အိုက်ပို့စ်အကြမ်းရေးထားတာ တစ်လလောက်ရှိဘီ
      တကယ်ချရေးဖစ်တော့ ခေါင်းထဲမှာ အစီအရီ ပေါ်လာတွေကိုဘဲ မှတ်မိသလောက် စာပြန်စီလိုက်တာ 🙂
      စာကြမ်းနဲ့စာချော တခြားစီဖြစ်နေတဲ့ ပို့စ်အသစ်တစ်ခုထွက်လာပါရော…
      ဒါတောင်မှ Ice Berg လိုဘဲ ပေါ်နေတဲ့တပိုင်းတစလောက်သာ မြင်ရရုံလေး ချရေးဖြစ်တယ်…
      တချို့အကြောင်းအရာတွေကို … ရင်ဘတ်ရဲ့ အနက်ရှိုင်းဆုံးတစ်နေရာမှာ မြုပ်နှံထားလိုက်ပီမို့…ပေါ်လာစရာလဲ အကြောင်းမရှိတော့ဝူး ထင်ပါရဲ့…

  • ဦးကြောင်ကြီး

    November 24, 2014 at 7:30 am

    လွမ်းရုံနွမ်း
    စွမ်းကုန်ကြမ်း
    ပန်းထုံလန်း..
    ဂျမ်းဘုံသွမ်း..

  • ကြွေလွင့် ပန်း

    November 24, 2014 at 8:11 am

    အဟင်း…

    ဒီမယ်မကြည်ပြာ
    ပြာကိုရဲရဲ့စာတွေ ဆက်ဖတ်ချင်လိုက်တာဗျာ
    ကျုပ်လဲ တစ်ချိန်တုန်းက အဲ့လိုလေးရင်တွေခုန်ဖူးပါ့
    ကျုပ်ကယောကျာ်းလေးတစ်ယောက်ဘက်ကနေတာပေါ့

    ကျုပ်မန်းလေး အဝေးသင်ရောက်တော့ စိတ်နာနာနဲ့ပဲ အဲ့ဒီကချင်မလေးက တွေ့ချင်လို့ ပြန်လာခဲ့ပါဆိုတာကို လွမ်းစရာရှိ နာစရာနဲ့ ဖြေဆိုပြီး ၁၅ နှစ်လောက် နာစရာတွေနဲ့ချည်းဖြေလာလိုက်တာ

    နောင် ၁၅ နှစ်နေလို့ ပြန်လာတော့မှပဲ လွမ်းစရာရှိ သူ့ကလေးချီကြည့်ဆိုသလိုဖြစ်နေတယ်။ ကျုပ်သိပ်မှားခဲ့တယ်။

    ဒီလောက်အဝေးကြီးကနေ ဖုန်းလေးတစ်ချက်ကိုင်ရသူအတွက်တော့ ဒီလိုအဝေးကြီးကသူတစ်ယောက်ကို မရမက ဖုန်းဆက်သူကိုတော့ ပြစ်မထားသင့်ဘူးထင်။

    ကြုံတုန်းလေး ရှင်းပြသွားတာပါ မကြည်ပြာ။

    • Shwe Ei

      November 24, 2014 at 11:04 am

      သများမှာပစ်ထားရက်တဲ့နှလုံးသားမရှိခဲ့ပါဝူးဗျာ…
      စိတ်မရှည်တတ်တဲ့သဘောလေး များတာတစ်ခုဘာဘဲ 🙂
      တချို့တချို့သော ညှိလို့မရတဲ့အကြောင်းတွေရှိလာတဲ့အခါ … ပိုရွေ့ ပိုရွေ့ ဝေးးးးသလိုဖစ်နေခဲ့တာ ကိုယ်တိုင်လဲသတိထားမိပါရဲ့…

  • kyeemite

    November 24, 2014 at 8:31 am

    .မတွေ့ရတာတောင်ကြာပါပေါ့ ဒေါ်ရွှေအိရေ
    .ပေါ်လာပြန်တော့လည်း အလွမ်းဇတ်ကလေးနဲ့ပါလား…အင်း…လွမ်းလောက်စရာပေပဲကိုး :))

    • Shwe Ei

      November 24, 2014 at 11:36 am

      I am not a robot လေအူးမိုက်ရဲ့…ခိခိ :mrgreen:

    • Shwe Ei

      November 24, 2014 at 11:40 am

      ရင်ဒွင်းဖစ်ဆိုတော့ မာန်ပါတာပေါ့ မောင်ငေးရယ်… 😛

  • ဦးကျောက်ခဲ

    November 24, 2014 at 10:16 am

    အရေးအဖွဲ့လေး လန်းသကွယ်…
    သူငယ်ချင်းအရင်းတွေ ရည်းစားမဖြစ်တာကောင်းတယ်…
    တစ်ယောက်အကြောင်းတစ်ယောက် သိပ်သိနေကြတော့… မကိတ်ဘူး… အဟိ
    :k:

    • ကေဇီ

      November 24, 2014 at 11:07 am

      အဲ့ အသံယောဇဉ်က ပိုမြဲတာမို့ အားပေးတယ် ချွေအိလေးးး
      ဒီလူဂျီး စကား နား အယောင်နဲ့။

      :k:

      • Shwe Ei

        November 24, 2014 at 1:11 pm

        ဒီနေရာမှာ အန်ကယ်ကျောက်စကားကိုဘဲ နားယောင်ပရဇီတော့ မွမွဆွိရယ်… :'(

      • ဦးကျောက်ခဲ

        November 24, 2014 at 2:05 pm

        ဒဂယ်ပြောတာ…
        ဘော်ဘော်တွေထဲမှာ ငယ်သူငယ်ချင်း ၂ယောက် ပြန်ယူထားကြတာ…
        ငယ်ကျိုးငယ်နာ အကုန် အတွင်းသိအစင်းသိဆိုတော့
        ခဏခဏ နပန်းသတ်ကြသလားမမေးနဲ့ … အဟိ
        :k:

        • Shwe Ei

          November 24, 2014 at 3:05 pm

          ခုချိန်ထိ သူလာလည်လို့ဘဲဖစ်ဖစ် ကိုယ်ပြန်သွားလို့ဘဲဖစ်ဖစ် ပြန်တွေ့ကြတဲ့အခါတိုင်း အိုက်ဂလို လူကြားမရှောင် သူကြားမရှောင် ရန်ဖစ်လွန်းလွန့်…ဘေးလူတေက မြင်ရုံနဲ့မေးကြတယ်..ငယ်သူငယ်ချင်းတွေလားဒဲ့…..
          ..ပိုပါတယ် လို့တော့ ဖြေလိုက်ပါဝူး. :harr:

  • surmi

    November 24, 2014 at 10:30 am

    အော … ဖတ်ရင်းနဲ့ကျောင်းသားဘဝလေးတောင် သတိရမိပါရဲ့ဗျာ ။
    အကယ်၍များ ကိုရဲ လို လူမျိုးနောက်ထပ်ရှိနေသေးတယ်ဆို ယုံမလား ။
    ကိုရဲလိုမျိုးဘဲ အလာကောင်းပေမယ့်အခါနှောင်းခဲ့ရတယ်ဆိုရင်လည်း ………
    ဖြစ်လေ့ဖြစ်ထရှိတဲ့တိုက်ဆိုင်မှုလို့သာ မှတ်ယူရမယ်ထင်တယ် ။
    တကယ်ဆိုရင် အစကတည်းက တရားဝင် ဖွင့်ဟခဲ့သင့်တာပါဘဲ ။
    ကိုရဲဆိုသူကို ပြောခွင့်ရမယ်ဆိုရင်လေ ……
    ” ဖြတ်ကနဲပေါ်လာတဲ့ အချစ်ဆိုတဲ့ ခံစားမှုအတွက် ချက်ခြင်းဖွင့်ပြောလိုက်စမ်းပါ “” လို့ …………

    ငါးကြိမ်မြောက်ကွန်မန့်ပါဗျို့
    ညကတည်းက မန့်နေတာဘယ်လိုမှမရ 🙁

    • Shwe Ei

      November 24, 2014 at 1:38 pm

      ပြောပါတယ်..သများ စိတ်မရှည်တတ်ပါဝူးလို့…
      အခုတော့ အန်ကယ်ဆာပြောသလိုဘဲ…ဘယ်လောက်ဘဲဖုန်းအခေါ်ကောင်းကောင်း…
      ဆက်သွယ်မှုဧရိယာပြင်ပရောက်နေတော့ လိုင်းမမိတော့ဝူးလေ…ကဲ

  • Mr. MarGa

    November 24, 2014 at 12:55 pm

    ဒီ အရေးအသားက
    ဆန်းတယ်
    အကြောင်းအရာက
    စိတ်ဝင်စားစဖွယ်
    ကောင်းအိ

    • Shwe Ei

      November 24, 2014 at 1:42 pm

      ဆိတ်ဝင်စားတယ်..လားးး ???
      အိုက်လိုမျိုး ဖြစ်ရပ်မှန်လေးတေရော ရေးချင်ဝူးလား??

      • Mr. MarGa

        November 24, 2014 at 1:59 pm

        ဂွမ်း ခဲ့တာတွေ လူသိရှင်ကြား ပြောစရာလား ဗျာ :mrgreenn:

  • ကန္နားစီး မိဂီ

    November 24, 2014 at 1:07 pm

    ကွဲစည် နဲ့ မကြည်ပြာ က အဲ့ကတည်းက သိသကိုး …
    ငိငိ

    • Shwe Ei

      November 24, 2014 at 1:48 pm

      ဟုတ်ဒယ်လေ…ကွဲစည်နဲ့သများနဲ့ အသက်၁နှစ်ဘဲကွာတာ မသိလိုက်ဝူးမို့လား..ညင်းးးညင်းး

  • Wow

    November 24, 2014 at 4:12 pm

    ခုတော့ ရှင့်မလဲ အကြွေးဒွေနဲ့ ကျမမလဲ ခလေးဒွေနဲ့ လွှတ်လွမ်းပေါ့ ကျီပြာရယ် :mrgreen:

    • Shwe Ei

      November 24, 2014 at 6:42 pm

      မမဝေါင်းမှ ခံစားချက်အစစ်အမှန်များ လမ်းကြုံဝင်ရွေ့ ရင်ဖွင့်သွားပါသီ 😛

  • uncle gyi

    November 24, 2014 at 10:50 pm

    မေ့မရတဲ့ညပေါင်းတွေ များနေပေမဲ့
    ငယ်ကကျွမ်းတဲ့ငယ်ကျွမ်းဆွေကို
    သူငယ်ချင်းလို့ပဲဆက်လို့ခေါ်မယ်ခိုင်

  • CharTooLan

    November 25, 2014 at 9:34 am

    ဒီအရွယ် အိအိ တို့အရွယ် ~ တန့်~ တန့်~ တန့်~ တန်~
    ဤပေ့ချ်အားဆေ့ဇ်၍ ရဲဇားအလွန်ရှုပ်ပွေများသော (ဗျောင်းဗျန်တွေးရန်) 😛
    ကယဲစီ၏ ဂယက်များအား လိုက်လံနှောင့်ရန် သိမ်းထားလိုက်တော့မည်………..

    • Shwe Ei

      November 25, 2014 at 10:37 am

      ကိုယဲ မိန်းမမရခြင်းသည် သများ ပယောဂ လုံးဝကင်းရှင်းကြောင်း ထောက်ခံပါသီ :mrgreen:

  • မဟာရာဇာ အံစာတုံး

    November 25, 2014 at 11:00 am

    အတိတ်ကို စိတ်တွေ ပြန်လည်ပီး
    ကျုပ် ကိုဂျီးမတ် ကိုဒေါ့ အသီးကွဲအောင် လုပ်ခဲ့ဘာနဲ့ မကြည်ဗျာ …
    :mrgreen:

    • Shwe Ei

      November 25, 2014 at 4:11 pm

      ကိုဂျီးမတ်ကို စိတ်လည်အောင် လုပ်ဖို့က ပိုခက်တယ်ဆိုတာ မောင်ငေးမသိသေးလို့ပါကွီ… 😛

  • Crystalline

    November 26, 2014 at 6:16 am

    ယောက်ျားလေးသယ်ရင်းထားတာ ခိုင်းကောင်းပြီး အားကိုးရတာတော့တကယ်… ကျောင်းစာကလွဲရင်… :mrgreenn: အလယ်တန်းကျောင်းသူဘွက ခင်ခဲ့ဖူးတဲ့ အစ်ကိုကြီးလေးယောက်ကို တခါတလေသတိယမိ… ဆရာမနဲ့ တစ်တန်းလုံးချဉ်ဖတ်တွေမယ့် ကိုယ့်တော့ ညမလေးအရင်းလိုပဲ… တက်ကသိုလ်တက်တော့ သယ်ရင်းရဖို့နေနေသာသာ.. မိန်းကလေးတွေချင်း နာမည်သိတာ အယောက်၂ဝထက်မပို.. အခုလည်း တစ်ယောက်မှ အဆက်အသွယ်မရှိတော့… :mrgreenn:

    • Shwe Ei

      November 26, 2014 at 10:29 am

      တစ်ယောက်တစ်လေတောင် ချန်မထားဝူးလား အမရယ်.. :mrgreen:

  • မြစပဲရိုး

    November 26, 2014 at 6:29 pm

    ရင်တွင်းဖြစ် လေးက ခပ်စပ်စပ်လေး။
    ကြိုက်တယ်။
    ဆက်ရန် ရောရှိသေးလား။
    ဆက်ဖတ်ချင်သေးတော့။ :))

    ဒါနဲ့
    ကျုပ် တူမတော် ရယ်။
    ညည်း နှယ်အေ။
    မင်းသားနာမည် ပေးစရာရှားလို့။
    ဒင်း ကိုသာပြေးမြင်နေမိ။
    lol:-))

    • Shwe Ei

      November 27, 2014 at 8:35 am

      ဆက်ရေးရင်.. လွမ်းခန်းအပြင် ကြမ်းခန်းတွေပါ အကုန်ပေါ်လာမှာစိုးလို့..ဖတ်ကောင်းရုံလေးနဲ့ ရပ်လိုက်တာ.. 🙂
      မင်းသားနံမယ်က အမှန်တိုင်းပေးထားတာ အရီးရဲ့…တိုက်ဆိုင်လွန်းတာများပြောပါတယ်.. :mrgreen:

  • padonmar

    December 4, 2014 at 10:10 pm

    ကျုပ်တို့ အဲသလို ခိုင်းကောင်းတဲ့ သူငယ်ချင်းလေး မထားခဲ့ရဖူးဘူး…

Leave a Reply