Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

ချယ်ရီမြေသို ့တမ်းခြင်း

မစုဥာဏ္December 1, 20141min80215

Cherry (photo: internet)

 

မှိုင်းညို ့ညို ့တောင်တန်း

ဝိုင်းရံထားတဲ့ ချယ်ရီမြေ

စမ်းရေကြည် တသွင်သွင်စီးကျ

အေးမြလှပေ။

 

ဟန်ဆောင်မဲ့ ပြုံးပန်း

ပန်ဆင်ထားတဲ့ တောင်ပေါ်သူတွေ

ပါးအို ့နီနီ ယဉ်ယဉ်လေးလှ

ရိုးသားကြပေ။

 

အိုးစည်သံခြုံလွမ်း

ရိုးရာဓလေ့ နဲ ့ ရာဇဝင်တွေ

အာဏာရှင် လူတစ်စုကြောင့်

ညှိုးနွမ်းခဲ့ပေ။

 

ထင်းရှူးမြိုင်တောတန်း

သေနတ်သံမစဲတဲ့ ချယ်ရီမြေ

မျက်ရည်သွေ တသွင်သွင်စီးကျ

သွေးမြေကျလို ့နေ။

 

ယမ်းငွေ ့တွေ ခြုံ လွမ်း

သိန်းပေါင်းချီတဲ့ Refugee တွေ

မွေးမြေမှာ…ငြိမ်းချမ်းစွာ..ပြန်နေရဖို ့

တမ်း………..တမ်းတနေ။

 

စစ်မှန်တဲ့ ငြိမ်းချမ်းရေး အမြန် ဖော်ဆောင်ပေးဖို ့….မှန်း..မှန်းဆနေ။

 

မစုဉာဏ်

(နိုဝင်ဘာ၊၂၀၁၁ တုန်းကရေးထားတဲ ့ကဗျာပါ။ လတ်တလော မှာ နမ့်ဆန်မြို ့နဲ ့ နမ့်ခမ်းမြို  ့ အပါအဝင် ကချင်ပြည်နယ် လိုင်ဆာဘက်မှာ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေတာ တွေ ကြားရတော့ စစ်ဘေးသင့် ပြည်သူတွေ အတွက် ပြန်လည်မျှဝေလိုက်တာပါ)

 

 

15 comments

  • kai

    December 1, 2014 at 4:56 am

    USရဲ့ thanksgiving ပွဲပြီးပြီးသကာလ.. ဗမာတွေလည်း.. အာဏာရှင်တွေလည်း.. တိုင်းရင်းသားတွေကို.. လူထုကို.. တောင်းပန်/ကျေအေး.. ကျေးဇူးတင်ရက်တရက်.. လုပ်ဖို့လိုတယ်ထင်မိတယ်…

    တိုင်းရင်းသားတွေ မြေပိုင်နက်.. ခတ်တည်တည်နဲ့.. ကျောက်တူး.. သယံဇာတထုတ်.. သွားနေ..
    ပြီးတော့. မြေပိုင်ရှင်တွေကို. အသိအမှတ်လည်းမပြု..
    ဟုတ်တော့နေ.. :i:

    • မြစပဲရိုး

      December 2, 2014 at 1:28 am

      USရဲ့ thanksgiving ပွဲပြီးပြီးသကာလ..

      ဟို ကျပ်မပြည့် မိန်းမကြီး က တောင်းပန် နေရတာ ကိုရော ပြောပါဦးလေ။
      ဘာမှ မဆိုင် တဲ့ ဆယ်ကျော်သက် ကလေး တွေ ကို တောင် မဆီမဆိုင် လက်ပံသား ဓားနဲ့ချိုင်။
      မပြောချင်တော့ဘူး။
      Republican တွေထဲ ဒီ လို လူမျိုး တွေ များများ ရှိနေလား တောင် မသိ။

      ဟုတ်တော့နေ..
      😉

  • kyeemite

    December 1, 2014 at 9:40 am

    .ချယ်ရီမြေ အပါအဝင် တိုင်းရင်းသားဒေသတွေအားလုံး ငြိမ်းချမ်းရေးရစေချင်ပါတယ်
    .ဗမာလူမျိုးကြီးဝါဒ ပျောက်အောင်ကုသဖို့အရင်လိုတယ်..
    .မဘသ လို အစွန်းရောက်မျိုးချစ်တွေကိုဆန့်ကျင်ကြဖို့လည်းလိုတယ်
    .ပြည်သူအများ အမြင်ကျယ်ကြဖို့လည်းလိုတယ်
    .အင်း…လိုတာတွေကတော့အတော်များသား…
    .တကယ့်စစ်မှန်တဲ့နိုင်ငံချစ်သူတွေဦးဆောင်နိုင်မှအားလုံးပြေလည်နိုင်ပေလိမ့်မယ် :p:

  • မြစပဲရိုး

    December 2, 2014 at 1:23 am

    ကချင်ဘက်က ရွေးကောက်ပွဲ အနှောက်အယှက်မဖြစ်အောင် ရှောင်မယ် ဆိုလား။
    ခိုင်လုံ တဲ့ သတင်းတော့ မဟုတ် ထင်ရဲ့။

    ကကြီးမိုက် ရယ်
    ကျွန်မ ထင်တာတော့ “ဗမာလူမျိုးကြီးဝါဒ” ဆိုတာ နိုင်ငံရေးမှာ ကစားဖို့ ကျပ်မပြည့်ခဲ့တဲ့ အာဏာရှင် တွေ ရဲ့ သေးသိမ်တဲ့ လှုံ့ဆော်မှု လို့ ထင်ပါတယ်။
    ရိုးရိုးသာမာန်အနေ နဲ့ ဘာများ ထူးပြီး ဂုဏ်ဝင့်စရာလိုလို့လဲ။
    သူတို့မလဲ မီးမရ။ ကိုယ့်မလဲ မီးပျက်။
    အားလုံး အတူတူ ပါဘဲ။ :mrgreenn:

    • မစုဉာဏ်

      December 2, 2014 at 11:32 pm

      “ဗမာလူမျိုးကြီးဝါဒ” ကို ဗမာလူမျိုးတိုင်း မကျင့်သုံးသော်လည်း ….
      နှစ်ပေါင်း ၆ဝ ကျော်လောက်၊ ခွဲခြားအုပ်ချုပ်ခံရ။
      မိမိပိုင် နယ်မြေပေါ်က မောင်းထုတ်ခံရ၊ စာပေ ယာဉ်ကျေးမှုတွေ ဖျက်စီးခံရနဲ ့၊ ငြိမ်းငြိမ်းချမ်းချမ်း မနေရပဲ.. စစ်ဘေးပြေးနေရတော့ တိုင်းရင်းသားတွေ အများစုစိတ်ထဲမှာ သိမ်ငယ်စိတ်ဝင်ပြီး၊ ဗမာလူမျိုးတွေပေါ် အမြင်မကြည်လင်တာတွေ ဖြစ်ကုန်တယ်လို ့ထင်ပါတယ်။
      စစ်အစိုးရရဲ ့သွေးခွဲအုပ်ချုပ်ရေး အောင်မြင်မှုတစ်ခုပေါ ့။
      အမေရိကန်လို ထိပ်တန်းနိုင်ငံတွေမှာတောင် လူဖြူ၊၊ လူမည်းခွဲခြားမှု က အနည်းနဲ ့အများရှိနေဆဲပါ။

  • ခင်ဇော်

    December 2, 2014 at 8:03 am

    ချယ်ရီတွေ မရှိတော့ဘူး အမရဲ့။
    မီးရှို့ပြီးပြီး ကြက်ဆူတွေ စိုက်ပစ်ခဲ့ကြပြီ။

    :h:

  • ဦးကြောင်ကြီး

    December 2, 2014 at 11:32 am

    ငါ့ဗဇက်ထဲ ရောက်ခါနီး ငါးကြော်တုံးဂျီး လုယူသွားဒဲ့ နင်ဂို တသပ်မကြေ…

    • မစုဉာဏ်

      December 2, 2014 at 11:14 pm

      ဦးကြောင်ကြီး ပြောမှ ငါးကြော်ကပို စားလို ့ကောင်းလာသလိုလိုပဲ း)

  • uncle gyi

    December 2, 2014 at 11:00 pm

    တနေ့တော့ဖြစ်လာမှာပါ
    သံယံဇာတတွေကုန်တဲ့
    တနေ့

  • aye.kk

    December 3, 2014 at 9:59 am

    မေတ္တာတရားတွေခြောက်ခမ်း
    ချယ်ရီတွေလည်းနွမ်းခဲ့ပြီ ။
    ညစ်နွမ်းတဲ့လက်တွေနဲ ့
    ဖျက်ဆီးတတ်တဲ့သူတွေ တစ်နေ ့တော့ဝဋ်လည်ကြမှာ အမှန်ပဲလေ။

  • ကန္နားစီး မိဂီ

    December 3, 2014 at 11:10 am

    ချယ်ရီမြေလား ….
    အနေကြာဖူးပါရဲ့ …
    ချယ်ရီကိုလည်းအတော်ချစ်တယ်…
    တခါတော့မျက်ရည်ကျရတယ်….
    ကျနော် ထွက်လာတာ အရမ်းကြာသွားလို့ ဗမာစာ မစားရဘူးလေ…
    ယာမဇာကုရ ခေါ်တဲ့ ချယ်ရီတမျိုးက လက်ဖက်နံ့ နံသဗျ…
    ကျုပ်မှာ လက်ဖက်သုတ် စားချင်လို့ မျက်ရည်နဲ့မျက်ခွက်….

    အန်းနီးဝေး …. ကျနော် ဆာကူရာကို ချစ်ပါသေးတယ်…
    ဧပြီဆို …. သူနဲ့ပြန်တွေ့မယ်…
    ဒချိ ဒချိ မယ်..

  • Ma Ma

    December 3, 2014 at 4:32 pm

    ပခုံးနှစ်ဖက်ကြား ခေါင်းပေါက်ပြီး မတ်မတ်သွားနိုင်တဲ့ လူသားတိုင်း တန်းတူအခွင့်အရေးတွေရပြီး ငြိမ်းချမ်းကြစေချင်ပါတယ်။

  • Mr. MarGa

    December 8, 2014 at 11:22 am

    ပြောလို့ပြောတာမဟုတ်
    တိုင်းရင်းသားလို့ ပြောလိုက်ရင် ဗမာကို မေ့မေ့သွားတယ်….
    ဒါလည်း brainwash ထဲ ထည့်ရမယ်ထင့် 🙁

Leave a Reply