သည်လိုအဖြစ်တွေရပ်စေချင်ပြီ

Sine SantDecember 17, 20141min66221

ပြောရဦးမယ် လေးပေါက် ရေ . .
တိုင်တော တယ်လို ့တော့မထင်စေချင်ပါဘူး ။
မြန်မာပြည်ကြီးမှာ လုလု အချစ်ဆုံးအတွယ်တာရဆုံး
မြို ့ဟာ ရွှေမန်းမြို ့ ကြီးပါပဲ ။
ဖုန်ထူ တဲ့မြို ့၊ ပူအိုက်တဲ့မြို ့ ၊ မြန်မာ့ရိုးရာဓလေ့စရိုတွေကိုထိန်သိမ်း
ထားတဲ့မြို ့ ၊ ရာဇဝင်ထဲမှာ ထီးနန်းတည်ထားတဲ့မြို ့၊
” ဒါဟာ ဒို ့မြန်မာ “ဆိုပြီးဂုဏ်ယူဝင့်ကြွားနိုင်လောက်အောင်
ရှေးဟောင်းအမွေအနှစ်တွေပေါများလှတဲ့မြို ့ကို လုလုချစ်တယ် မြတ်နိုးတယ် ။ တစ်နှစ်မှာ နှစ်ခေါက်လောက်တော့
ရောက်အောင်သွားတဲ့မြို ့ပါ ။
မန္တလေးရောက်တိုင်း မဟာမြတ်မုနိ ဘုရားကို မမောနိုင်မပမ်း
နိုင်ပဲအရောက်သွားဖူး ရတာလည်း ပီတိ တမျိုးခံစားရလို ့ရင်ထဲ
အေးချမ်းရတယ်။ ဈေးချို ကိုလည်းတပတ်လောက်တော့ပတ်ချင်
သေးတယ် ။ အချိန်ရ ရင်ရသလို ဦးပိန်တံတားပေါ် လမ်းလျှောက်ချင် သေးတာ။ နန်းတွင်းထဲလည်းဝင်လေ့လာ ချင်သေးတယ် ။ ရွှေမန်းမြို ့ရဲ ့ဘယ်နေရာကို ကြည့်ကြည့် အတိတ်က လွမ်းမောဖွယ်ရာ ပုံရိပ်တွေကို တခေါက်ပြန်လည် ခံစား
ကြည့်မိနေ တာ ရွှေမန်းမြို ့ကြီးကို ချစ်လွန်းလို ့ပေါ့ လေးပေါက်ရယ် ။
ဒါပေမယ့် လွန်ခဲ့တဲ့ အောက်တိုဘာလ တွင်းရောက်ခဲ့တုန်းကတော့
အချိန်မရတာက တစ်ကြောင်း ၊ မြစ်ကြီးနားက နေ ရထား စီးခဲ့ရလို ့ခရီးပမ်းလွန်းတာက တစ်ကြောင်း အဲ့လို အကြောင်းပေါင်းများစွာကြောင့် မြို ့ထဲလည် ချင်တာတောင် မလည် ခဲ့ရဘူး ။ ဒါနဲ ့လုလု စီးလာတဲ့ ရထား က မန်းမြို ့နားရောက်ခါ နီးမြို ့ဟောင်း ဘူတာ လောက် ကစပြီး ကယ်ရီ သမား တွေခြေချင်းလိမ်အောင် ခရီးသည်တွေ လိုက်ခေါ် နေကြပြီ ။ ခဏနေတော့ လုလု နားကို ကယ်ရီသမား တစ်ယောက်ရောက်လာတယ်
” ဘယ်သွားမှာလဲ ကယ်ရီ ငှားဦးမလား ” စသည် ဖြစ်
လာမေး ကြတာပေါ့ ။ လုလု ကလည်းတစ်ယောက်တည်း သယ်လာတဲ့ အထုပ်တွေက များ နဲ ့ငှားမယ်ပေါ့ ။ ဘူတာ ကနေ ကျွဲဆည်ကန် ကားဝင်းထိ ဘယ်ဈေးလဲ ဆိုတော့ ” ” ” “နှစ်ထောင်ပဲပေးပါ “တဲ ့ ဪ နှစ်ထောင်ဆိုပဲဆ်ုတော့ မဆိုးဘူးပေါ့ ဒါနဲ ့ငှားမယ် ပြောလိုက်ရော ။ သူတို ့ကယ်ရီသမား အချင်းပဲပြောနေကြတာ ကြားရသလောက်ကတော့ “သည် ညီမလေး လိုက်မယ်တဲ့” ဆိုပြီး ။
အဲဒါနဲ ့ဘူတာရောက်ရထားဆိုက်တော့ လူတစ်ယောက်က လုလု အထုပ်တွေ ဆွဲချသွားတယ် ။ လုလု ကလည်း ” အစ်ကို ့ကိုငှားထားတာမဟုတ်ဘဲနဲ ့ဘာလို ့ကျမ အထုပ်တွေ လာသယ် နေတာလဲ ” လို ့မေးလိုက်တော့ သူက “ဟုတ်ပါတယ် ညီမလေး အခုန ကငှားလိုက်တဲ့ လူ ကနောက်ထပ် ခရီးသည်တွေ လိုက်ရှာနေလို ့ကျနော့်ကို
လွဲပေးလိုက်လို ့ပါ ” တဲ ့ ဪ ပြီးတာပါပဲ ဆိုပြီး သူ ့နောက်က အပြေးလိုက်ရသေးတာ ၊ မတော် လုလု အထုပ်တွေ ဘယ်မ သွားမန်း မသိလိုက်မှာစိုး ရသေးစိုးရသေးတယ်လေ ။
ဘူတာအပြင်လည်းရောက်ရော taxi တစ်စီးပေါ်အထုပ်တွေသွား တင်နေတော့
“ခုန အစ်ကိုတို ့ပြောတာ ဆိုင်ကယ် ဆို ” လို ့မေးလိုက်တော့
အဲ့လူ ကအင်းမလုပ်အဲ မလုပ်နဲ ့ ” ရတယ် ညီမလေး သည်ကားပေါ်ပဲ တက်လိုက်တော့ ”
တဲ့ အဲ့လူ ကိုသေချာအောင်မေးလိုက်သေးတယ် နှစ်ထောင်ပဲနော် လို ့ ။” ဟုတ်တယ် ညီးမလေး
နှစ်ထောင်ပဲ ဟို ကားမောင်းတဲ့အစ်ကို ကိုပေးလိုက်ပါ “တဲ့
ကားပေါ်လည်းအထုပ်တွေ တင်ပြီးရော
“အထုပ်သယ်, ခ ခြောက်ထောင် ” တဲ့
“ဘာ ကျမ သယ်ခိုင်းတာမှမဟုတ်တာ ရှင် ပြောတော့ ဆိုင်ကယ်ဆို ပြီးအခု ကားပေါ်လာတင်တယ် ပြီးတော့ အထုပ်သယ်ခ ခြောက်ထောင် ဟုတ်လား ”
“ဟုတ်ပါတယ် ကျတော်က အထုပ်ပဲသယ်ပေးတာပါ ညီမ မယုံရင် တခြားသူတွေကို လိုက်မေးကြည့်လို ့ရပါတယ် ” တဲ့ လုလု ဘယ်သူ ့ကိုသွားမေးရမှာလဲ
အုပ်စု ဖွဲ ့လိမ်စားနေကြတာ ကို ၊ စိတ်က ပျက်နေပြီ မတတ်နိုင်တော့ ဘူး ကိုယ့်အထုပ်နဲ ့ကို အလိမ်ပဲ ခံလိုက်တော့မယ် ဆိုပြီး ခြောက်ထောင်က များလွန်းတယ် လျော့ဦး ဆိုတာနဲ ့ ငါးထောင်တဲ့ သည်ထက် ထပ် မလျော့နိုင်တော့ဘူးတဲ ့
ကဲ မတတ်နိုင်တော့ဘူး ရော့ ငါးထောင် ပေါ့ ။
နေပူပူ ဖုန်ထူထူ ထဲမှာ လွမ်းတာတွေ သတိရတာတွေ လည်ချင်ပတ်ချင် စိတ်လည်းမရှိတော့ဘူး
ပိုက်ဆံကြောင့်မဟုတ်ဘဲ တသက်နဲ ့ တကိုယ် ဒီတစ်ခါ အလိမ် ခံ လိုက်ရလို ့စိတ်ကတော်တော် တိုနေပြီ သိသိကြီးနဲ ့ဆိုတော့ လေ။
အဲဒါ နဲ ့မပြီးသေးဘူး ကားဝင်းလည်းရောက်ရော ကားခ ရှစ်ထောင် တဲ့ နေပါဦး ခုနပြော တော့ နှစ်ထောင် ဆို
“အဲ့ဒါ ဟိုလူ ပြောတဲ့ သူ ့ဈေးပါတဲ့ ကျနော့ ကားက နှစ်ထောင် မရဘူး”တဲ့ “မကျေနပ်ရင် ကားနံပတ် မှတ်ပြီး သွားတိုင်လို ့ရတယ်”တဲ ့ ။ တော်ပြီတော်ပြီ ဘာမှလည်းမမှတ်ချင်ဘူး ဘယ်သူ ့ကိုမှလည်းသွားမတိုင်ချင်ဘူး ။
တစ်ခါ ကနေနှစ်ခါ ဆိုတော့ ကို်ယ့်ကိုယ်ကိုပဲ အ ,လို ့ခံရတာ လို ့ပဲ မှတ်လိုက်တော့မယ် ဆိုပြီး ရှစ်ထောင်ထုတ်ပေးခဲ့တယ်။
အဲဒါ ပဲ ဘူတာကြီးနဲ ့ကျွဲဆည်ကန်ကားဝင်း ကြားမှာ
တစ်သောင်း သုံးထောင် ပေးခဲ့ရတာ တခါမှ မကြုံဖူးဘူး ။
လုလု ချစ်တဲ့ရွှေမန်းမြို ့မှာ ဒီလိုအုပ်စုဖွဲ ့ပြီးလိမ်နေကြတာ ကိုကြုံ လိုက်ရတော့ အရမ်းစိတ်ပျက်သွားတယ် ။ ဒါကြီးမား တဲ့လိမ်လည် မှုတော့မဟုတ်ပါဘူး။ ကိုယ့်မြို ့ကိုရောက်လာတဲ့ ခရီးသွားပြည်သူတွေကို ခရီးရောက်မဆိုက် အမောဆို ့အောင် လုပ် တာတော့ သရုပ်ပျက်လွန်းတယ်လို ့ထင်ပါတယ် ။
ရွှေမန်းမြို ့မှမဟုတ်ပါဘူး တခြားဘယ်မြို ့မှာမဆို ်
ရွှေမန်းမြို ့မှာမှမဟုတ်ပါဘူး တခြားဘယ်မြို ့မှာမှ သည်လိုလူလိမ်တွေ မရှိစေချင်ဘူး ။ အသေးစားလိမ်လည်မှုက နေ ဖြေရှင်းလို ့မရတဲ့ လိမ်လည်မှုတွေ ဖြစ်လာမှာကို စိုးရိမ် ပါတယ် ။ လူတစ်ယောက်က လိမ်တတ်ပြီ ဆိုရင် သူမလုပ်ရဲတဲ့ အရာတခြားဘာမှမရှိဘူးလို ့သိထားပါတယ် ။
နိုင်ငံတော် အနေနဲ ့ဆင်းရဲ မွဲသေမှု ကို ပ ပျောက်အောင်မလုပ်နိုင်ဘူးဆိုရင်တောင်
လျော့ချနိုင်အောင်အတတ်နိုင်ဆုံး လုပ်ပေးနိုင်မယ်ဆိုရင်
စားဝတ်နေရေးအခက်အခဲကို အကြောင်းပြုပြီး ဖြစ်ပေါ်
လာတဲ့ ရာဇဝတ်မှု တွေလျော့နဲ လာနိုင်မယ်လို ့မျော်လင့်မိပါတယ် ။

lulu (တောင်ကြီး)
17.12.2014

21 comments

  • တောင်ပေါ်သား

    December 17, 2014 at 2:40 pm

    မန်းဘူတာမှာ ဒါတွေက ကြာပါပြီ ၊

    ကျနော်ကတော့ အိတ်တစ်လုံးနဲ့ သွားတဲ့ကောင်ဆိုတော့ ကိစ္စမရှိ ၊

    ကားဂိတ် ဆိုင်ကယ် ကယ်ရီတွေ ဆိုးတာကလည်း တစ်မျို း ၊

    အင်းးး အောင်မင်္ဂလာအဝေးပြေးမှာ တက္ကစီသမားတွေ ဗိုလ်ကျတာလည်းရှိသေး ၊

  • Kaung Kin Pyar

    December 17, 2014 at 2:47 pm

    အသက်ငယ်ငယ် မိန်းခလေးတစ်ယောက်ထဲလဲ ဖြစ်လေတော့ သူတို့ ဂွင်တွေ့သွားတာပါပဲ လုလုရေ…
    ဘာပဲဖြစ်ဖြစ်…သတိထားရမယ့် အချက်တစ်ခုပါပဲ…

  • ခင်ဇော်

    December 17, 2014 at 2:59 pm

    ဟမ်မငေးးး
    ကားဝင်းတိုင်း အဲလိုဖြစ်နေတာ အရင်ကတည်းက။
    အနောက်ကားကြီးဝင်း ဆို ပိုဆိုးတာ။
    ကောင်လေး တစ်ယောက်တည်း ဆိုရင် တည်းခိုခန်းပါ ဇွတ်တည်းခိုင်းတာ။
    ဘာတဲ့!!

    ရေချိုးလို့လည်း ရတယ်၊ ဒိုက်ထိုးလို့လည်း ရတယ် တို့။
    ထမင်းလည်း ကျွေးတယ် ၊ နင်းလည်း ပေးတယ်တို့။
    :mrgreen:

    နောက်ခါ ဆို သတိထားး
    ကြည့်ရှောင်။
    မျက်နှာထားတင်းတင်းထားပြီး လာကြိုမှာ အိမ်က လာကြိုမှာလို့ သာ တွင်တွင်ပြော။
    ကိုယ့် အထုတ်ဆွဲရင် စူးစူးဝါးဝါးအော်ပြီး ပြန်ချခိုင်းးး
    တပြားမှ မပေးဘူးဆိုတာ အရင် ပြောထားးး အော်ပြော။

    :k:

    • ဦးကျောက်ခဲ

      December 17, 2014 at 3:15 pm

      အဟိ… ကျောက်စ်တို့ ကျောင်းသားဘဝ သာစည်မှာရထားခေါင်းတွဲပြောင်းရင်…
      “စမ်းရေမှာ အပန်းဖြေမယ် ၊ ရေချိုးမယ် ဒိုက်ထိုးမယ်လေ” … ဆိုပြီး ပေါ်တင်ဆွယ်သဗျ…
      အဲဒါ… ကျောက်စ်နဲ့ဆရာ ဘယ်ကောင်တွေသွားလဲ သိချင်လို့မေးလိုက်တော့…
      “မနေ့က ကိုကျောက်ခဲတို့ အုပ်စုကို ကျနော်ပို့ပေးလိုက်တာ ဆရာရဲ့” … တဲ့…
      နာမည်အလွဲသုံးစားလုပ်သွားတဲ့ ကျောင်းနေဘက် သူငယ်ချင်းကောင်းတွေ…
      :k:

      • ခင်ဇော်

        December 17, 2014 at 3:19 pm

        အဟီးဟီးးး
        ဦးကျောက်ခဲက ရေချိုးသွားလား ဒိုက်ထိုးသွားလား တဲ့??

        :mrgreen:

        • lu lu

          December 17, 2014 at 4:28 pm

          ဖျားဖျား ဦးကျောက်
          ရေလည်းသွားမကူးနဲ ့ ရေနစ်မှာစိုးလို ့
          ဒိုက်လည်းသွားမထိုးနဲ ့ခါးနာ မှာစိုး လို ့
          သတိပေးပျဇေ အဟီးး

        • ဦးကျောက်ခဲ

          December 18, 2014 at 9:54 am

          မူလပထမ အော်ရီဂျင်နယ်ကျောက်စ်က သာစည်မှာ…
          ရေမချိုးဘူး … ရေစေးတွေ ၊ ချိုးပြီးရင် ကပ်စေးစေးနဲ့…
          ဒိုက်မထိုးဘူး … ထိုးဇယာလား… ဝေါ့…
          :k:

  • Zaw Lwin

    December 17, 2014 at 3:14 pm

    လေယာဉ်ကွင်းလည်း လေယာဉ်ကွင်း မို ့လို ့
    ကားကွင်းလည်း ကားကွင်း မို ့လို ့
    အဲ့ဒီ လို မလိမ့်တပါတ်ရိုက်ပြီး လုပ်စားနေကြတာပါ။

  • တစ်နပ်စားနည်းနဲ့ လုပ်စားကြတာတွေပေါ့ လုလုရယ်
    ဆိုတော့. . .
    ဒီတစ်ခေါက်က အထာမသိလို့အောင့်သက်သက်နဲ့ အလိမ်ခံလိုက်ရတယ်ပေါ့
    နောက်တစ်ခါ ဒါမျိုး ထပ် အလိမ်ခံရရင် လုလု ညံ့ရာကျလိမ့်မယ်။
    ရောင်းဝယ်ဖောက်ကား စည်ကား သွားလာနေကြတဲ့ ဘယ်မြို့မှာမဆို ဒါမျိုး လိမ်ဆင်တွေရှိသလားဆိုတာ
    အရင်ဆုံး သတိထားသင့်ပြီပေါ့

    There are no mistake, only lessons.

    :kwi:

    • lu lu

      December 17, 2014 at 3:21 pm

      အဲ့တုန်းက တော့ အ လို ့
      နောက်တခါ မညံ့ အောင်သတိထား ရတာပေါ့

  • ခင် ခ

    December 17, 2014 at 4:02 pm

    ဖတ်ရတာနဲ့တင်ရင်မောမိပါပေါ့။
    ကျုပ်လည်း မန်းစပြောင်းခါစ ကျုပ်တို့ဇနီးမောင်နှံ ရန်ကုန်ကနေ ရထားနဲ့ မန်းလာတာပေါ့။
    အခုလိုဘဲမြို့ဟောင်းဘူတာရောက်တော့ အမတို့ကားဌားမလား မေးကြလေရဲ့လေ၊
    အဲဒီတုန်းကမန်းတက္ကသိုလ်ထဲသွားတည်းရမှာဆိုတော့ ဘူတာကြီးကဆိုနီးလေတာမို့ ကားမဌားဘူး ဆိုက်ကားနဲ့သွားမယ်ပြောလိုက်တယ်၊
    ဟော မန်းဘူတာလဲရောက်ရော ကျုပ်တို့ရဲ့လက်ဆွဲအိတ်ကို လူတစ်ယောက်ကလာဆွဲလို့ ဘာလုပ်တာလဲမေးတော့ အကိုတို့မန်းတက္ကသိုလ်ကို ဆိုက်ကားနဲ့သွားမယ်လို့ပြောတာမို့ လာကြိုတာတဲ့၊ တယ်ဟုတ်တဲ့ မန်း ပါလားပေါ့စိတ်ထဲက ချီးကျုးမိသေးဗျာ။ ဒါနဲ့ဆိုက်ကားတစ်စီးပေါ် ကျုပ်တို့ကို တင်ပေးလဲပြီးရော ပစ္စည်းသယ်လိုက်ပို့ခတစ်ထောင်တဲ့ တောင်းတယ်လေ၊ ဇနီးသည်က စကားမများချင်လို့ တစ်ထောင်ထုတ်ပေးလိုက်ပေမယ် ကျုပ်စိတ်ထဲတော့ ဘဝင်ကမကျချင်ဖူးပေါ့ဗျာ။ ဘာလို့လဲဆိုတော့ ဆိုက်ကားခမှ တစ်ထောင်ဘဲပေးရတာလေ။ အဲလို အဲလို တွေ လုပ်စားနေတဲ့သူတွေကတော့ ဟိုတုန်းထဲကရှိနေတယ်လေ၊ အခုထိမပျောက်နိုင်သေးပါဘူး လုလုရေ။ ကျုပ်ကြုံခဲ့တာ လွန်ခဲ့တဲ့ ဆယ်စုနှစ်ကျော်ကနော်။

  • uncle gyi

    December 17, 2014 at 11:05 pm

    ဒါတွေကတိုင်းပြည်ရဲ့ပြဒါးတိုင်တခုပါပဲ
    လူကြီးတွေတာဝန်ရှိသူတွေကလဲ
    သူတို့မထိသမျှသူတို့နဲ့မဆိုင်သလိုပါပဲ
    ဒါတကယ်တွေးကြည့်ရင်တိုင်းပြည်မျက်နှာအိုးမဲသုတ်နေကြသူတွေပဲ
    သူကြီးစကားငှါးသုံးရရင်စနစ်ကြောင့်

  • kai

    December 18, 2014 at 5:58 am

    နောက်ဆို ဖုံးကင်မရာလေးထုတ်.. ပေါ်တင်သာရိုက်..။
    လန့်ဖြန့်ပြီး.. အသေသတ်မလား… မသိ…။ :k:

  • kyeemite

    December 18, 2014 at 11:56 am

    .ရန်ကုန်ကားဂိတ်တွေမှာလည်းအတူတူပါပဲလေ..
    .အားနာလို့မရဘူး..ဟောက်ထုတ်ပစ်လိုက်ပီးမှ…ကိုယ်လိုချင်တဲ့ကားကိုဈေးဆစ်ပြီးငှားရတယ်..
    .မိန်ကလေးတစ်ယောက်ထဲမို့လူလည်ကျသွားကြတာ 👿

  • ဦးကြောင်ကြီး

    December 18, 2014 at 12:02 pm

    ကချင်သဗုံမ လုလုကို ခြစ်ချဉ်လိုက်တာ..

    • lu lu

      December 18, 2014 at 2:39 pm

      ကြောက်တယ် လို ့
      😥

  • Shwe Ei

    December 19, 2014 at 1:36 pm

    -ခေတ်ကိုက အပေါက်ဆိုးမှ အန်ဒရယ်ကင်းသလိုဖစ်နေတယ်..
    -ခရီးသွားဖန်များရင်တော့ သဘောပေါက်လာမှာပါ
    -သများတောင် ဟိုနေ့က ဘတ်စ်ကားပေါ် ပဆံတောင်း တဲ့ကိုရင်ကို ဒါ့ပုံရိုက်ဖို့ ကြံနေတုန်း ဖုန်းဝင်လာတာ ကွက်တိဖစ်သွားလို့ အစီအစဉ်ပျက်သွားတယ်။
    -လူလိမ်တွေကို မှတ်တမ်းတင်လို့ ကိုယ့်လာရန်ရှာရင်တော့ ဘေးကကြည့်နေတဲ့လူလဲ လူကောင်းမဟုတ်လို့ဘဲ :-/

  • Ma Ma

    December 19, 2014 at 2:54 pm

    မရိုးဆန်းသော ဖြစ်ရပ်များပေ့ါနော်။

    အားနာပြီး ပေးသွားတဲ့သူ၊ ပြီးပြီးရောဆိုပြီး ပေးသွားတဲ့သူတွေများတော့….
    ဒီလိုပဲ လုပ်စားနေကြတာပဲ။

    အဲလိုမှမဟုတ်ပဲ မျက်နှာထားတင်းတင်းထားပြီး တန်သလောက်ပဲ ပေးရင်လည်း လက်ခံသွားကြတာပဲ။

    • lu lu

      December 19, 2014 at 4:11 pm

      အလကားရ ရင် အကုန်လိုချင်ကြတာပေါ့
      ဘယ်လောက်ရရအရှက်မရှိ ယူချင်ကြတာ

  • Paing Lay

    December 19, 2014 at 3:02 pm

    အနော်ကတော့ လက်ဖက်ရည်ဆိုင်ထိုင်ရတာ အကျင့်ပါနေလို့လားမသိဘူး။ ဘယ်မြို့ပဲ ရောက်ရောက် လက်ဖက်ရည်ဆိုင် အရင်ထိုင်ပြီးမှသွားတာ အကျင့်ပါနေပြီ။ လာပြီး အီးရော ဖောရော လုပ်ရင်လည်း မျက်နှာလေဖြတ်သလို Ever Smile လုပ်ထားလိုက်တယ်။ :mrgreen:

    • lu lu

      December 19, 2014 at 4:10 pm

      သင်ထားရဦး မှာပါလား နော်
      ဟန်ဆောင်တတ်အောင်

Leave a Reply