Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

ဝါးခယ်မ အလွမ်းပြေ Little Wakema

padonmarDecember 18, 20141min425122

`ယခုလိုအချိန်သို့ရောက်ပြီဆိုလျှင် အတွတ်နှင့် မွှေးတို့ အတူတကွ မွေးဖွားခဲ့သော ဝါးခယ်မမြို့ပြင်ရှိ လယ်ကွက်များထဲတွင်စပါးစေ့လေးတို့သည် အိပ်ပျော်ရာမှ နိုးကြပေတော့မည်။´

` ခင်နှင်းယု၏ မွှေး ´အဖွင့်

မွှေးတို့အတွတ်တို့ နဲ့တကွ ဝါးခယ်မသူ ဝါးခယ်မသား တွေအပါအဝင် ဝါးခယ်မနွယ်ဖွားတွေ၊ဝါးခယ်မမြေမှာအနေကြာသူတွေ၊ဝါးခယ်မကို ခြေချမိလို့ မေ့မရသူတွေအတွက် ဝါးခယ်မအလွမ်းပြေ Little Wakema

ရန်ကုန်ရွှေမြို့တော်ကြီးထဲမှာဝါးခယ်မမြို့လေးကို ရောက်သွားသလို ခံစားရစေဖို့ စီစဉ်ထားပါတယ်။

နေ့ရက်-3ီဇင်ဘာနောက်ဆုံးပတ် တနင်္ဂနွေနေ့(28.12.2014)

အချိန်- နံနက်၈နာရီမှ ၁၂ နာရီထိ

နေရာ၊သိမ်တော်ကြီး၊မဟာဗန္ဓုလလမ်းမကြီး၊ပန်းဘဲတန်းမြို့နယ်

အခမ်းအနား-၆၄ကြိမ်မြောက်ဝါးခယ်မအသင်း နှစ်ပတ်လည်

အစီအစဉ်-

(က)အသက်အရွယ်ကြီးရုံသာမကဂုဏ်သိက္ခာပါကြီးတဲ့ ဝါးခယ်မသူဝါးခယ်မသား ဘိုးဘွားများကို ကန်တော့ ဩဝါဒခံယူကြမယ်။

(ခ)ဘယ်ခေတ်မှာမှ မညံ့ခဲ့တဲ့ (Thewhole Burma First တောင်ရဖူးသေးတယ်) ဝါးခယ်မနွယ်ဖွား ဒသမတန်းအောင် မျိုးဆက်သစ်ကလေးတွေကိုဂုဏ်ပြုကြမယ်။ဒီနှစ် ၆ဘာသာဂုဏ်ထူးရှင် ၂ယောက်၊၅ဘာသာ ဂုဏ်ထူးရှင်၂ယောက်၊၄ဘာသာဂုဏ်ထူးရှင်

၂ယောက် အပါအဝင်ဂုဏ်ထူးရှင်အများကြီးပါ။ (စိတ်ပါရင် ကိုယ်တိုင်ဝင် ဂုဏ်ပြုဆုချလို့ရပါတယ်)

(ဂ)ဝါးခယ်မအသင်းရန်ကုန်ရဲ့ တနှစ်တွင်းဇာတိမြေမှာ ပညာ၊ကျန်းမာ၊သာယာရေးတွက် လှုပ်ရှားမှုတွေကို ရှင်းလည်းပြမယ်။ဓာတ်ပုံတွေနဲ့လည်းပြမယ်။နောင်လုပ်မယ့် ဖွံ့ဖြိုးရေး အစီအစဉ်တွေအတွက် ကိုယ့်ချွေးနည်းစာလေးတွေ သဒ္ဓါသ၍ပါချင်ရင်လည်း အလှူခံမယ်။အသင်းဝင်ချင်သူတွေလည်း ဝင်နိုင်အောင်စီစဉ်ထားမယ်။(အသင်းဝင်ကြေးက၁၀၀ဝထဲပါ)

(ဃ) ဝါးခယ်မဦးရဲမောင် ဦးဆောင်တဲ့ ဂီတပညာရှင်တွေရဲ့တီးဝိုင်းနဲ့ ဝါးခယ်မသား၊ဝါးခယ်မနွယ်ဖွား၊ဝါးခယ်မချစ်သူ အဆိုတော်တွေရဲ့ သီချင်းတွေအားရပါးရ နားဆင်ရမယ်။(ဝါးခယ်မသားကို ချစ်မိတဲ့ အဆိုတော်ကြီး ထား နဲ့ ဝါးခယ်မသူလေးမွှေးအဖြစ်သရုပ်ဆောင်ခဲ့တဲ့ မြင့်မြင့်ခင် တို့လည်း လာမယ်လို့ ဝါးခယ်မလိခ် က ကြားမိပါတယ်)

(င)ဝါးခယ်မ တံတားကြီးအောက်က အကြိမ်၁၀ဝကျော်သွေးလှူရှင်ကြီး ဦးကျော်ဝေ(မနှစ်ကတော့ ၁၁၅ကြိမ်တဲ့) ရဲ့ ငရုပ်ကောင်းနိုင်နိုင်နဲ့ဝါးခယ်မမုန့်ဟင်းခါးစစ်စစ် ပိဿာချိန် ၁၀ဝ ကျွေး အုံးမှာ။(နှစ်စဉ် မုန့်ဟင်းခါးအလှူရှင်ဦးအောင်မင်းမိသားစုပါ)

(စ)ဝါးခယ်မသားဦးကောင်းမြင့်(ယောမင်းကြီးစာပေ)ရဲ့ ဇာတိစိတ်ထက်သန်စေမယ့် `ဝါးခယ်မဟုခေါ်ပါသည်´စာအုပ်အုပ်ရေ ၁၀၀ဝ ကိုလည်း အခမဲ့ဝေမယ်တဲ့။

(ဆ) မတွေ့တာကြာတဲ့မိတ်ဟောင်းရောင်းရင်းတွေ၊ ဆရာကန်တော့ပွဲတုံးက ခဏလေးတွေ့လိုက်ရပြီး အလွမ်းမပြေ စကားတွေပြောမကုန်သေးတဲ့ သူငယ်ချင်း ငယ်ပေါင်းတွေ၊မဆုံစည်းခဲ့ရတဲ့ ငယ်ကျွမ်းဆွေတွေ နဲ့ တွေ့ခွင့်ပြောခွင့်ချိန်းခွင့်ရမယ်။

(ဇ)ဒီနှစ်အတွက်အထူးအစီအစဉ်ကတော့ ဝါးခယ်မ အလွမ်းပြေ ဝါးခယ်မစာ စစ်စစ်တွေ ရောင်းချပေးမယ့် Little Wakema ဈေးရောင်းပွဲပါ။

ဝါးခယ်မသူဝါးခယ်မသားတွေရဲ့ မြို့လေးကို လွမ်းနေတဲ့ ချဉ်ခြင်းလေး ပြေစေဖို့သာ ရည်ရွယ်တဲ့ အတွက်အကျိုးအမြတ် မကြည့်ပဲ ဒီအစီအစဉ်လေး ဖြစ်အောင် ဝိုင်းဝန်းကြတာပါ။

ရောင်းချမှာတွေကတော့-

(၁)သကျမဟာသီရိဘုရားကြီးမျက်နှာတော်သစ် အခမ်းအနား နဲ့ ဝါးခယ်မ သီချင်းခွေ CD တချပ်ကို ၅၀ဝ ပါ။

(၂) နာမည်ကျော်ဓာတ်ပုံဆရာ ကိုကျော်သူ(W.K.A) နဲ့ အခြားဝါသနာရှင်များရဲ့ လက်ရာ လှပတဲ့ ဝါးခယ်မ ရှုခင်းတွေပါတဲ့ ဝါးခယ်မအသင်း (ရန်ကုန်)ရဲ့ 2015 ပြက္ခဒိန်(အသင်းရံပုံငွေတွက်တစောင် ၇၀ဝ ဆိုပေမယ့် အကြွေအမ်းရလွယ်အောင် တစောင် ၁၀၀ဝ ရောင်းမယ်စိတ်ကူးပါတယ်၊မများပါဘူးနော်)

(၃)ဝါးခယ်မ ကျောင်းကြီးတက်ဖူးသူတိုင်း မရှိမဖြစ်ဆောင်ထားသင့်တ၊ဲ့လက်ဆောင်ပေးလို့လည်း ဂုဏ်ထည်တဲ့ ကျောင်းကြီး အမှတ်တရ `ရွှေခယ်ရတနာ ´မဂ္ဂဇင်း (တအုပ်မှ၂၀၀ဝ ထဲ၊တန်မှတန်) ၊မဂ္ဂဇင်း ကို အားပေးတိုင်း ကျောင်းကြီးရဲ့ ရွှေခယ်ရတနာ စာကြည့်တိုက်ကို အလှူထည့်ရာလည်း ရောက်သမို့ လက်မနှေးကြပါနဲ့။

(၄)ေကျာင်းကြီးအမှတ်တရ စပို့ရှပ် တထည်မှ ၃၀၀ဝ ထဲ(အသားကလည်းကောင်း ၊ပန်းထိုးထားတဲ့ လိုဂိုလေးကလည်းလှ၊အထည်ကလည်း ၁၀ဝ အောက်ပဲ ကျန်တာမို့လို့ စောစာလာဝယ်မှ ရဖို့ သေချာမယ်နော်။)ဒီစပို့ရှပ်ဝယ်ယူ အားပေးရင်လည်း ကျောင်းကြီးရံပုံငွေအတွက် အလှူထည့်တာ မည်ပါတယ်။

(၅)ဝါးခယ်မမုန့်ဟင်းခါးကို စားပြီးရင်း စားချင်လို့ အိမ်ကျမှ ကိုယ့်ဖာသာ နေ့တိုင်းချက်စားချင်သူတွေအတွက်

Readymade မုန့်ဟင်းခါးအသားခြောက်ဘူး (တဘူး မှ ၁၅၀ဝ ပဲ) တွေဝယ်ရင် မေတ္တာ ကြယ်စင် မူကြိုကျောင်းအတွက် အလှူငွေထည့်ရာလည်း ရောက်ပါတယ်။

(၆)အခြားနယ်ကထမင်းချဉ်တွေနဲ့မတူ ပုဇွန်များများနဲ့ လုပ်ထားတဲ့ ဝါးခယ်မပုဇွန်ချဉ်စစ်စစ်(ဆေးလုံးဝမဆိုးဖို့တင်းတင်းကြပ်ကြပ်မှာထားတဲ့အတွက် စိတ်ချလက်ချ ဝယ်ယူစားသုံးနိုင်ပါတယ်)ဈေးနှုန်းကတော့ပုဇွန်ပေါက်ဈေးပေါ်တည်သမို့ မများစေရဘူးလို့ အာမခံပါတယ်။

(၇)ဝါးခယ်မရောက်ရင်မပါမဖြစ် ဝယ်ပြန်ရတဲ့ ကင်းမုန့်တိုက်က နာမည်ကျော် ဝါးခယ်မ ပဲမုန့်၊၅ခု တထုပ်မှ ၅၀ဝထဲပါ။ဝါးခယ်မမှာ ဝယ်တဲ့ဈေးအတိုင်း ရောင်းပေးပါမယ်။

(လိုချင်ရင်Online က ကြိုတင်စာရင်းပေးထားမှ စိတ်ချရမယ်နော်)

(၈)ဝါးခယ်မရဲ့ငါးဖယ်စစ်စစ်နဲ့ လုပ်ထားတဲ့ ဘိုမ ငါးဖယ်မုန့်

(၉)ဆီသန့်သန့်နဲ့ကြော်ထားတဲ့ တာရှည်အထားခံ ဝါးခယ်မ ကြက်သွန်ဖြူကြော်

(၅ကျပ်သား၁ထုပ်ကို ၅၀ဝ ထဲပါ၊ အကြာကြီး စားလို့ရပါတယ်)

(၁၀)ဝါးခယ်မကြာဇံ မရွေး ကြွပ်ကြွပ်ရွရွ

(၁၁)ဆိုးဆေးမသုံး၊ဆီလည်းသန့်၊အချိုမှုန့် မထည့်တဲ့ ဝါးခယ်မ ငှက်ပျောခြောက်ကြော်(တထုပ်၅၀ဝ ပါပဲ)

(၁၂)ဆားပေါ့ပေါ့လုပ်ထားတဲ့ဝါးခယ်မ ငါ းရန့်ခြောက်စစ်စစ်

(၁၃) သနပ်ခါးစစ်စစ်နဲ့လုပ်ထားလို့ တကယ်မွှေးတဲ့ ဝါးခယ်မ ဝါဝါဝင်းသနပ်ခါးခဲ

(၁၄)ပလပ်စတစ်ဘူးထည့်မကြော်တဲ့ဝါးခယ်မ ပဲကပ်ကြော် မွမွလေး (လေလုံရင် လနဲ့ ချီ သိမ်းထားပြီး စားလို့ရတယ်)

(၁၅) သဲမပါအောင် သန့်သန့်လေးလုပ်ထားတဲ့ ဝါးခယ်မ မြေပဲယို နှမ်းပျစ်

ပိုက်ဆံအိတ်လည်းပြည့်အောင်ထည့်ခဲ့၊စောစောလေးလည်း လာခဲ့ကြပါနော်။

အရင်နှစ်တက်ရောက်ဖူးသူတွေလည်း ထပ်လာပါ။

မလာဖူးသေးတဲ့သူတွေလည်း လာကြပါ။

Little Wakema အဖွဲ့သားတွေ က လှိုက်လှိုက်လဲလဲ စောင့်ကြိုနေမှာ။

22 comments

  • padonmar

    December 18, 2014 at 2:23 am

    သူကြီးသုံးနေကျ Little Burma ,Little Yangon ဆိုတာလေး
    အားကျလို့ ယူသုံးပြီး ကြော်ငြာဝင်လိုက်ပါတယ်နော။
    အဆင်ပြေတဲ့ တနေ့ကျရင်တော့ အခုလုပ် အခုစားမှ ကောင်းတာဖြစ်လို့ ဒီပွဲမှာ မစီစဉ်လိုက်နိုင်တဲ့
    ဝါးခယ်မ မုန့်စစ်စစ်( အုန်းကောက်ညှင်း၊နှမ်းလေးတွေ ကပ်ပြီးကြော်တဲ့ ဘူးသီးငါးပေါင်းကြော်၊ပလောပီနံရွှေကြည်)
    ရာသီလိုက်ပြီး ရတဲ့ ပုဇွန်ဆီ၊ပုဇွန် ဦးနှောက်ကြော် တွေကို လုပ်တတ်တဲ့ ဈေးသည်ပါ ခေါ်ပြီး မုန့်ရောင်းပွဲ လုပ်မယ်လို့ အားခဲထားပါတယ်။(သူကြီးတို့ မြောင်းမြဒေါ်ချို ကို LA ခေါ်တာ အားကျလို့)

  • kai

    December 18, 2014 at 6:02 am

    ယူအက်စ်က..ပြန်သွားတဲ့ဦးကောင်းမြင့်ဆို.. မြန်မာ့ဂဇက်မှာစာရေးဖူးသဗျ..
    ဆိုတော့…
    သူပြန်ရင်.. လစ်တဲဝါးခယ်မကို.. လုကြုံနဲ့ နယူးယောက်ထည့်ပေးလိုက်နော…။ :k:

    ဘာဖြစ်လို့..ဝါးခယ်မခေါ်သလည်းသိချင်..။
    ဝါးပင်ရဲ့…ခယ်မဆိုရင်တော့.. ကြိမ်ပင်တို့.. ပေါက်ပင်တို့ဖြစ်မလားပဲ..။ :k:

    • ဘယ်ကလာာာ
      ဝါးခယ်မဆိုတာ
      ဂဇက်ထဲက ဝါးရဲ့ခယ်မ ဖြစ်မှာဂျ။

      —–
      အာတီဒုံ
      အဲ့ပွဲတော့ သွားတော့ပါဘူး။
      စိတ်တော့ဝင်စားသား
      ဒါမဲ့ အိတ်ထဲပိုက်ပိုင်အပြည့်ထည့်မှ ဖြစ်မယ်ဆိုရင်တော့
      ထည့်စရာပိုက်ပိုက်မရှိ
      အဟိ။
      ပွဲပြီးရင်တော့ အဲ့ပွဲအကြောင်း ဒါ့ပုံလေးတွေ ကြည့်ချင်သား

      :k:

    • padonmar

      December 18, 2014 at 9:32 pm

      သူကြီးအမေးဖြေဖို့ ဝါးခယ်မ ဘလော့ က သွားမလာပါတယ်။
      -ဖတ်ကြည့်ပါ။
      -အဲဒီ ဦးကောင်းမြင့် အစစ်ပေါ့။
      သူနဲ့ပို့ရင် နွားရူးယောက်ပဲ ရောက်မှာနော်။
      လော့ကျတဲ့ အိမ်ကျလိကျလိ ကို မရောက်ဘူး။
      အဲဒီက စန္ဒယားတီးတဲ့ ဝါးခယ်မသား သွားဆရာဝန် ကို သိလား။စန္ဒယားလှထွတ် တူလေ။ သူဒီလထဲ သွားဆရာဝန်တွေ ရွှေရတုပြန်လာမယ်တဲ့။
      သူနဲ့ သိရင် သူကြီး စားချင်တာ ထည့်ပေးမယ်။
      သယ်လာပေးဖို့ မှာလိုက်။
      -လစ်တဲဝါးခယ်မ အကုန်စားချင်တာလား။
      ………………
      http://wakhama.blogspot.com/2012/10/blog-post_5.html
      မြန် မာ.စွယ်စုံကျမ်း အမှတ် ၁၂ တွင်မူ ဝါးခယ်မ ဟူသောအမည်သည် ဝါးကြုယ်မ ဟူသောစကားလုံး မှ ရွေ.လျှားလာခြင်း ဖြစ်ပြီး အဓိပါယ်မှာ ဝါး = ကွင်း ကြုယ်= မျိုးစေ. ထို.ကြောင်.မျိုးစေ.များကြဲချစိုက်ပျိုးရာကွင်း ဖြစ်ပါသည်ဟု ရေးသားပါသည်။

      စာဆိုတော် ဦးလူငယ်၏ ကုမာရန္တီ လင်္ကာတွင်မူ ပုသိမ်ဘုရင် သမုဒ္ဒဃောသ သည် ပသီဘုရင်၏ သမီးတော် ကုမာရန္တီ ခေါ် ဥမ္မာဒန္တီ ကို ခိုးယူပြီး ဝါးခယ်မမြို.နယ် သရွတ်မြိုက် ကျေးရွာ တည်နေရာတွင် မုခဝတီ မြို.ကို တည်ထား စိုးစံခဲ့ရာ ပသီဘုရင်က မကျေနပ်ဘဲ စစ်သည်တော် များအား သွားရောက်တိုက်ခိုက် သတ်ဖြတ်စေရာ ဝါးခယ်မ ကဝဲချောင်းတစ်လျှောက် တိုက်ပွဲများဖြစ်ပွားပြီး ယခု ဝါးခယ်မမြို.တည်နေရာတွင် ကြီးမားကျယ်ပြန်.စွာ ပေါက်ရောက်နေသော ဝါးတောကြီးများ အကူအညီကြောင်. သမုဒ္ဒဃောသ မင်းသည် အသက်ဘေးမှ လွတ်မြောက် အောင်မြင် ခြင်း ကိုအကြောင်းပြုပြီး ဝါးပင်များ ကယ်မသောနေရာ ဝါးကယ်မ ထိုမှ ဝါးခယ်မ ဖြစ်လာသည်ဟု ပါရှိပါသည်။(ထိုဘုရင်မှာသက္ကရာဇ် ၇၂၆ တွင် သတိုးမင်းဖျား အင်းဝမြို.တည် စိုးစံစဉ် အောက်မြန်မာနိုင်ငံတစ်ဝိုက် မြို.သစ်များ တည်ထောင်စံနေသောမွန်ဘုရင်သမုဒ္ဒဃောသ ဟုသိရပါသည်)

      • kai

        December 19, 2014 at 2:51 pm

        ဒေါက်တာမင်းဆွေက.. အောင်ဇေမီဒီယာရဲ့အဖွင့်အပိတ်တွေကို.. တီးပေးထားတဲ့သူပါ..။
        အယ်လ်အေရဲ့အကောင်းဆုံး စန္ဒယားဆရာပေါ့..။
        ကိုယ်ကသူ့သိပေမယ့်.. သူကစင်ပေါ်ကသူမို့.. သိချင်မှသိမယ်..အမတော်ရေ့.. :k:

        ဝါးခယ်မ..အဓိပ္ပါယ်မူလ.. သိလိုက်ရလို့.. ကျေးကျေး…။

  • Ma Ma

    December 18, 2014 at 8:19 am

    ဝါးမယ်မမြို့သူားတွေရဲ့ စည်းလုံးညီညွတ်မှု၊ စိတ်အားထက်သန်မှုတွေကို အားကျတယ်။ 🙂

    အားကျမခံပြောရရင် ပန်းတနော်မုန့်ဟင်းခါး၊ ကျွဲနို့ထမင်း၊ ကောက်ညှင်းငချိတ်ထမနဲ….. တွေကိုလည်း ကြွားချင်တယ်။
    သို့သော်…………. :'(

    • padonmar

      December 18, 2014 at 9:35 pm

      ယုံပေါင်၊ ကျွေးလည်း မကျွေးပဲနဲ့။

  • manawphyulay

    December 18, 2014 at 8:47 am

    ဘယ်လိုပဲခေါ်ခေါ် ဘယ်လိုပဲ ပညတ်ချက်တွေထားထား ဝါးခယ်မမြို့လေးကတော့ နေချင်စရာ အတိပြီးနေတာကို တွေ့နေရပါတော့တယ်…

    • padonmar

      December 18, 2014 at 9:45 pm

      မနောရေ
      ဟန်းနီးမွန်းသွားချင်လည်း ရတယ်နော်။
      သော်ကဘုရားမှာ မွှေးနဲ့ အတွတ် ဘုရားအတူဖူးလို့ရတယ်။
      ကျုံမငေးကို ဆက်သွားပြီး ငယ်ကျွမ်းဆွေတံတားပေါ်လျှောက်လို့ရတယ်။

  • ဦးကျောက်ခဲ

    December 18, 2014 at 9:50 am

    အဟိ… ကျောက်စ်ကတော့ အစားသမားမို့ စားစရာတွေဝယ်ရင်း ဒါနပြုပါရစေ…
    (၅) ဝါးခယ်မ Readymade မုန့်ဟင်းခါးအသားခြောက်ဗူး …. ၃-ဗူးလောက်
    (၆) ဝါးခယ်မပုဇွန်ချဉ်စစ်စစ် …. ၃-ထုပ်လောက်
    (၈) ဝါးခယ်မရဲ့ငါးဖယ်စစ်စစ် ဘိုမ ငါးဖယ်မုန့် … ၂-ထုပ်လောက်
    (၁၄) ဝါးခယ်မ ပဲကပ်ကြော် မွမွလေး …. အချပ် ၂၀-လောက်
    :k:

    • padonmar

      December 18, 2014 at 9:36 pm

      ယေးးးးးးး
      ဈေးဦးပေါက်ပြီဟေ့။
      သူတော်ကောင်းပိုက်ဆံ..
      ဝင်လာမစဲ ..တသဲသဲ….

  • kyeemite

    December 18, 2014 at 11:45 am

    .ပျော်စရာပွဲကြီးပွဲကောင်းပါလားဗျာ

  • ဦးကြောင်ကြီး

    December 18, 2014 at 11:58 am

    အာတီဒုံဂျီးတို့ ဆာအုတ်က အကုန်သေးဗူးရား…

  • Yae Myae Tha Ninn

    December 18, 2014 at 3:22 pm

    ကျွန်တော်ကလဲ အားကျမခံ ခုလာမယ့် ခရစ်စမတ်နေ့ ကန်တော်ကြီး မျှော်စင်ကျွန်းမှာ မြိတ်အသင်း နှစ် တရာ ပြည့် အထိမ်းအမှတ် ဈေးရောင်းပွဲတော်ရှိပါတယ်.. ကျွန်တော် ဆိုင်ဖွင့်ထားပါတယ်.. မြိတ်အစားအစာ နှစ်သက်သူများ ကြွခဲ့ပါခင်ဗျား… အနော့်ဆိုင်က သိသာမှာပါ.. ပရီမီယာ လိုဂိုသုံးပြီး ဆိုင်ဖွင့်ထားလို့ပါ… 🙂 အန်တီဒုံလဲ ဖိတ်ပါတယ်နော်… ပဲကပ်ကြော်တော့ စားချင်တယ်… 🙂

    • padonmar

      December 18, 2014 at 9:41 pm

      ကျောင်းတက်တဲ့ ငယ်ကာလတုံးက
      ဘိတ်သူ သူငယ်ချင်းနဲ့ လိုက်ဖူးတယ်။
      ကန်တော်ကြီးထဲမှာ ဘိတ်မုန့်တွေ တခုပြီးတခုလိုက်စားတာပေါ့။
      အမှန်တော့ အကောင်းကြိုက်တဲ့ ဘိတ်သားတွေကြောင့် ဘိတ်အစားအစာတွေက ပိုထူးခြား နာမည်ကြီးပါတယ်။
      အခု ဝါးခယ်မ အစားအစာရောင်းပွဲ လုပ်ဖို့ စိတ်ကူးကလည်း အဲဒီ ဘိတ်အသင်းပွဲကို သွားစားဖူးတဲ့ အတွေ့အကြုံက မြစ်ဖျားခံပါတယ်လို့ ဝန်ခံပါတယ်။
      အသင်းကလူကြီးတွေကိုတောင် အဲဒီ ဘိတ်အသင်း ဈေးရောင်းပွဲ အကြောင်း ပြောပြမိသေးတယ်။

      • Yae Myae Tha Ninn

        December 19, 2014 at 10:24 am

        မနေ့က သတင်းစာထဲမှာပါတယ် ကြော်ငြာလေ… လာခဲ့ပါလား.. မုန့်တွေ ကျွေးပါ့မယ်.. လူလဲ မြင်ဖူးအောင်ပေါ့… စာအုပ်ပဲ ပြန်လက်ဆောင်ပေးလေ.. ဟီး.. မုန့်က အနော်ကျွေးပါ့မယ်… ဖုန်းက ၄၂၁၀၁၃၉၇၂ ကိုထွဋ် ပါ… ကျွန်တော်စောင့်နေပါ့မယ်… 🙂

  • ခင်ဇော်

    December 18, 2014 at 3:59 pm

    ဟမ်မငေးးး
    ဖတ်ရင်း စားချင်လာပြီ။

    :a:

  • padonmar

    December 18, 2014 at 9:42 pm

    လူမိုက်ကလေးနဲ့ လူမိုက်ကြီး
    ဘာစားချင်သေးလဲပြော။
    .
    .
    .
    .
    .ကိုယ့်ဖာသာကိုယ် လာဝယ်စားကြ။ေိေိ

  • Crystalline

    December 18, 2014 at 10:24 pm

    သိမ်​​တော်​ကြီးဆိုတာ ဘယ်​နား​လောက်​ကျလဲတီဒုံ … ဥပမာ ၂၉လမ်​းနဲ့လမ်​း၃ဝကြား.. စသဖြင်​့​ပေါ့.. အစားသံကြားမရ.. စိတ်​ဝင်​စား​နေပြီ… :mrgreenn: တီဒုံ​ပြောဖူးတဲ့ ​ကောက်​ညှင်​း​ပေါင်​း… အစ်​မဝမ်​းကွဲကိုမှာတာ.. ကိုယ်​ကလည်​း ​သေချာမ​ပြောပြတတ်​..ဘယ်​မှာ​ရောင်​းမှန်​းမသိ.. သူတို့ကလည်​းနယ်​ဖက်​ကဆို​တော့သိပ်​မသိ.. တခါမှမစားရ​သေး…. 🙂

    • Ma Ma

      December 19, 2014 at 3:46 pm

      မဟာဗန္ဓုလမ်းမကြီးပေါ်မှာ ၂၆လမ်းနဲ့ ကုန်ဈေးတန်းလမ်းကြား။

  • ဝင့်ပြုံးမြင့်

    December 19, 2014 at 3:46 am

    .စိတ်ပဲရောက်ပြီး လူမလာနိုင်သေးတဲ့ဘွ။

  • Kaung Myat Thu

    February 5, 2015 at 3:15 pm

    ဝါးခယ်မသား ရန်ကုန်မှာလုပ်တဲ့ပွဲကိုမလာဖြစ်တာဘယ်လိုမှမအောင်းမေ့ပါနဲ့ မပဒုမ္မာ။ နောက်ပွဲတွေလာဖြစ်
    အောင်ကြိုးစားပါမယ်။

Leave a Reply