ထိုင်ဝမ်ဆိုတာ….. (Shi Ling Park)
မအေး (aye.kk) ရဲ့ ထိုင်းက ဘုရင်မပန်းခြံ ပုံတွေကြည့်ပြီး အားကျလို့ ….
ထိုင်ဝမ်သွားတုန်းက ရောက်ခဲ့တဲ့ Shi Ling စွတ်လင်းလမ်းက ပန်းခြံပုံတွေ တင်လိုက်ပါတယ်။
ပန်းခြံထဲဝင်လည်တော့မယ်နော်။ 🙂
ပန်းခြံအဝင်မှာ LOVE ဆိုတဲ့ စာလုံးနဲ့ အလှဆင်ထားတယ်။
ပန်းခြံထဲဝင်သွားရင် အဝင်ဝရဲ့ လမ်းဘေးတွေမှာ နားနားနေနေနေဖို့ အရုပ်လေးတွေ၊ ထိုင်ခုံလေးတွေ ရှိတယ်။
ပန်းခြံထဲမှာ ဖျော်ဖြေနေတဲ့ လမ်းဘေးအနုပညာရှင်တွေရဲ့ လက်စွမ်းကလည်း အံ့ဩလောက်အောင် ပြောင်မြောက်ပါပေရဲ့။
သီချင်းတွေကလည်း ကိုယ်နားယဉ်ထားတဲ့ စိုင်းဆိုင်မောဝ် သီချင်းတွေဆိုတော့ အဝေးကြီးက ကြားကတည်းက လိုက်ဆိုနေမိတာ။

ပန်းခြံထဲရောက်ရောက်ခြင်း ပန်းခင်းတစ်ခုမှာ……….
ထိုင်ဝမ်ရဲ့ နာမည်ကြီး ပင်လယ်ကမ်းစပ်တစ်ခုဖြစ်တဲ့ ရဲလျိ ု (Yeh Liu Geopark) မှာရှိတဲ့ ဘုရင်မခေါင်း (Queen’s Head) ကို ပန်းတွေနဲ့ ပုံစံတူလုပ်ပြီး အလှပြထားပါတယ်။
ထူးထူးခြားခြား ဆန်းဆန်းပြားပြား လှလှပပတွေနဲ့ လှမျိုးစုံအောင် ဆင်ယင်ထားတယ်။

ပန်းတွေကြားက ဒေါင်းမောင်နှံ












သူတို့ဆီက ရာသီဥတုကြောင့်ရော၊ နည်းပညာကြောင့်ပါထင်ပါရဲ့ ပန်းတွေက မြန်မာပြည်မှာထက် ၂ဆလောက်ပိုကြီးတယ်။
ပွင့်နေကြတာလည်း အဆုပ်လိုက် အခဲလိုက်။
အရောင်တွေကလည်း စုံပါပေ့။
ပန်းမျိုးကလည်း စုံပါပေ့။


အသဲပုံတွေ ရောင်စုံရမယ်။ :chit:
တင်ချင်လို့သာ တင်ရတယ်……..
ပန်းတွေက လှသလောက် လူကမလိုက်နိုင်ပဲ ပုံတွေမကောင်းတာ သည်းခံပါ။ :b:
မှတ်မှတ်ရရ ပိုစ့် ၁၀ဝ မြောက်ကို မှတ်သားစရာကောင်းလောက်အောင်ရေးမယ်လို့ အားခဲထားပြီး တကယ်ရေးဖြစ်တော့ ဓာတ်ပုံပိုစ့် ဖြစ်သွားတယ်။ 😆
နောက်လာမယ့် ၁၀၁ ခုမြောက်ပိုစ့်ကိုတော့ ထူးထူးခြားခြား တိုက်တိုက်ဆိုင်ဆိုင် ထိုင်ဝမ်ရဲ့ ၁၀၁ အဆောက်အဦအကြောင်းရေးပါမယ်လို့ ကြိုတင်ပြီးကြော်ငြာဝင်ပါတယ်။ :kwi:
20 comments
အလင်းဆက်@မောင်သူရ
December 18, 2014 at 8:44 pm
ဒေါင်းမောင်နှံကို… သဂျီး သဘောကျမှာ…
:k:
အဲ့ပန်းခြံထဲ..ဖွေးဖွေးကို လက်ကလေးဆွဲပြီး..လျှောက်သွားချင်လိုက်တာ…
သီချင်းလေး ဘာလေးလည်း…အတူတွဲဆိုကြပေါ့…
မကြာခင်…သဒင်းကျွတ်တော့မယ်…ဖွေးနဲ့…အတူတူ..ဘာညာ ဘာညာ ပေါ့…
အဲ့ဒီ သီချင်းညည်း ပန်းခြံထဲ…လျှောက်သွားနေတာလေးကို VCD လေး ဘာလေးလည်း… ရိုက်ထားမယ်ပေါ့…
သီချင်းဆိ်ု…တစ်ပုဒ်လုံး အစအဆုံး ဘယ်ဟာမှ မရတော့…
နောက်ခံသီဃျင်းလေး ဖွင့်…
ကျနော်နဲ့ဖွေးဖွေးက..သားရေကွင်းလေးတွေ ဝါးပြီး(အဝေးက ကြည့်ရင်..သားရေကွင်းဝါးနေတော့..သီချင်းဆိုသလိုလို ဘာလိုလို ပါးစပ်ကလေးတွေ လှုပ်စ်လှုပ်စိပေါ့)
တွေးရတာနဲ့ကို..ကြည်နူးစရာ….
ဂွစ်ဂွစ်
:k:
Ma Ma
December 19, 2014 at 3:52 pm
နောက်ခံသီချင်းလေးဖွင့်…
သားရေကွင်းလေးဝါး…
တော်တော်အကြံပိုင်ပါလား။
ဒါတောင် နာမည်က သူ… ရ မို့လို့
ငါ… ရ များဖြစ်ရင်
ဂွစ်ဂွစ်……… (ခွက်ဒစ်တူ ငါရ)
:k:
အလင်းဆက်@မောင်သူရ
December 19, 2014 at 4:44 pm
ဂွစ်ဂွစ်
သားသားအတွက်တော့ သားရေကွင်းပဲ ဝါးပါ့မယ်
ဖွေးဖွေးကိုတော့ ပီကေလေးဘာလေး ဝါးဖို့ လျှာပေးရမှာပေါ့
ဂွစ်ဂွစ်
:k:
ခင်ဇော်
December 19, 2014 at 8:19 am
လှလိုက်တာ။
လှလိုက်တာ။
လှလိုက်တာ။
ဓာတ်ပုံနည်းနည်းသေးသလားချစ်မ။
ကြီးရင် လှတာတွေ ပိုမြင်ရမှာ။
:chit:
Ma Ei
December 19, 2014 at 10:06 am
.ပန်းကလေးတွေအလှ
.ပုံသေးသေးနဲ့ ကြည့်မဝ
.ပြန်ကြီးပေးပါ ချစ် မမ….
:chit:
Ma Ma
December 19, 2014 at 3:55 pm
မအိနဲ့ ခင်ဇော်ရေ ……….
ကိုယ့်ရိုက်ထားတဲ့ပုံ ကိုယ့်ဖာသာ စိတ်တိုင်းမကျဖြစ်နေတာကို အားပေးစကားပြောပေးကြလို့ ကျေးဇူးးးးးးး အများကြီး တင်ပါတယ်။
ပုံတွေက orginal size အတိုင်းပဲ တင်ထားတာ။
မချုံ့တတ်၊ မချဲ့တတ်။ :p:
kyeemite
December 19, 2014 at 10:47 am
.တော်တော်လှတဲ့ပန်းခြံပဲ…စိတ်ကူးနဲ့ ဖန်တီးသူကိုချီးကျူ းစရာ
.၁၀ဝ တောင်ပြည့်သွားပီကိုး…ဂုဏ်ယူပါတယ် မမ ခင်ဗျား 🙂
Ma Ma
December 19, 2014 at 4:08 pm
ဟုတ်တယ် ဘရာသာမိုက်ရေ။
ပန်းခြံကို မလှ လှအောင် ကြိုးစားထားကြတာ။
ပြည်သူားတွေအတွက် အပန်းဖြေစရာ စိတ်အေးချမ်းစရာဖြစ်အောင် လုပ်ထားကြတယ်။
ပိုစ့် ၁၀ဝ မြောက် ကို မှတ်မှတ်ရရဖြစ်ချင်လို့ ရေးဖို့ကို ချေးချွတ်များနေတာ။ :kwi:
ဦးကြောင်ကြီး
December 19, 2014 at 12:01 pm
အမ်တီမားမား
ဟန်ချီသားနား
ဆန်ဆီဖလားဝါး
လှန်ပြီအားပါး..။
Ma Ma
December 19, 2014 at 4:09 pm
ဟပ် ဟပ် ဟပ်ချိုးးးးးးးးးးးးးးး :hee:
kai
December 19, 2014 at 2:41 pm
ဒေါင်းကလည်း.. ပိန်ခြောက်ခြောက်နဲ့..
ရေခပ်ဆင်းတဲ့ မိန်းမပျိုကလည်း.. ထိုင်ဝမ်မနဲ့မတူ.. ရောမကအဖြူမရုပ်ထုကျနေတာပဲ..။
ဆိုတော့..
အမတော်မမ.. စုံတွဲတွေပန်းခြံမှားဝင်မိတယ်… ထင်.. :k:
Ma Ma
December 19, 2014 at 4:15 pm
သဂျီးပြောမှ သတိရတယ်။
သူတို့ဆီမှာ အစားအသောက်တွေ ပေါသလောက်၊ ကောင်းသလောက်
အိုဗာဝိတ်တွေ မတွေ့ရတာ ထူးဆန်းနေတယ်။။
စုံတွဲတွေ ပန်းခြံဆိုတာ သီးသန့်ရှိလို့လား။
စုံတွဲပန်းခြံဆိုရင်တောင် ဒီမှာလို မြင်မကောင်းတာတွေ လုံးဝမတွေ့ရဘူး။
မိသားစုတွေ၊ မိတ်ဆွေသူငယ်ချင်းတွေ စိတ်အေးအေးချမ်းချမ်းနဲ့ လည်ပတ်ကြည့်ရှု့နိုင်တယ်။
ဒီနေရာမှာတော့ သူတို့တွေ တိုးတက်တာ ကိုယ့်ဆီကို မမှီ။ 😆
lu lu
December 19, 2014 at 4:25 pm
ဓာတ်ပုံလေးတွေအတွက်ကျေးဇူးပါ မမ
မရောက်ဖူးတော့ ဒီလိုပဲဖြေသိမ့် နေရတယ်
Ma Ma
December 19, 2014 at 5:02 pm
အားပေးတာ ကျေးဇူးပါ လုလုရေ။
ကိုယ်လည်း သူများဓာတ်ပုံတွေကြည့်ရင် အားကျ။
ကိုယ်တိုင်သွားတော့လည်း သူများတွေ ကြည့်ရအောင် ပြချင်။
ခရီးသွားမယ်ဆို ကင်မရာကို အရင်ဆုံးထည့်။
ခက်တာက ပုံလှလှမထွက်လို့ စိတ်တိုင်းမကျ။
ဖားသက်ပြင်း
December 19, 2014 at 4:30 pm
သများဟားနီးမူးကျရင်အဲ့သွားချင်တဲ့ယ့်
ခက်စ့်တာကယူမယ့်လူမရှိဘူး
စိတ်ညစ်တဲ့ယ့်
Ma Ma
December 19, 2014 at 5:12 pm
ဓာတ်ပုံတွေမလှလို့ ဓာတ်ပုံဆြာဆီကများ သင်ပေးတာ ကြားရမလား မှတ်တယ်။
စိတ်ညစ်တဲ့ယ့် :k:
aye.kk
December 19, 2014 at 10:33 pm
မမရေ
ကျေးဇူးပါ။
ပုံတွေကြည့်ပြီးအလည်သွားချင်မိတယ်။။
Ma Ma
December 20, 2014 at 9:42 am
မအေးရဲ့ ပန်းခြံပုံတွေကြည့်ပြီး အားကျလို့ တင်လိုက်တာ။
လူတွေ အပန်းပြေအောင် သာယာလှပအောင် အဆင်ပြေပျော်ရွှင်အောင် ကြိုးစားထားတယ်။
ထူးခြားတာက
CharTooLan
December 20, 2014 at 9:26 am
အံတီမမ ကျနော့်မန့်တဲ့ဟာက ဘလိုဖစ်လို့တစ်ဂေါင်တည်းချော်တောငေါ့သွားဒါလဲ မတိဝူး 🙁
ကျနော်ပြောခဲ့တာနဲ့ ကွက်တိပဲ ကျိပါလား သူမာန်တက်နေဘီ 😛
IMG_2907
– CharTooLan
Ma Ma
December 20, 2014 at 9:48 am
ဟုတ်ပ့ါ။
ချာတူးမန့်တဲ့ပုံကို ဝင်ကြည့်တော့ ဒေါင်းမောင်နှံပုံ ဖြစ်နေတယ်။
ကိုယ်ပိုစ့်တင်တာ ဘယ်လိုများဖြစ်သွားလဲမသိဘူးဆိုပြီး ထင်နေတာ။
ကြည့်ရတာ သဂျီးဆိုဒ်လည်း အပမှီ နေလားမသိဘူး။ 😆