Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

ခြစ်ခြင်းတယားနဲ့ ပီဒေါင်ဇု

CharTooLanDecember 23, 20141min138325

ချစ်ခြင်းတရားနဲ့ ပြည်ထောင်စု

အခိုင်မာဆုံးသော ပြည်ထောင်စုတွေ၊ ကမာ္ဘအရပ်ရပ်မှာ ပြိုကွဲလျှက်ရှိကြပေ
အယူအဆအမျိုးမျိုး လိုရာဆွဲကာ၊ စစ်ခင်းလျှက်ရှိကြပေ
လူမမယ်ခလေးများ၊ အဘိုးဘွားနဲ့ သားသည်မိခင် ရတက်မအေးရပေ…။

ဒီအဖြစ်မျိုးတော့ မကြုံချင်ဘူးလေ၊ အခြေအနေအရပ်ရပ်ကို အစဉ်သုံးသပ်ကြလေ
အနာဂါတ်အကျိုးအတွက် မျှော်ရည်မှန်းကာ ချစ်ခြင်းတရားနဲ့လေ

ပြည်ထောင်စုသားတွေ မကွဲမပြားပဲ နှလုံးသားနဲ့ သတိမူကြရင် ရတက်အေးရလိမ့်မည်

ဒို့အသက်နဲ့ ဒို့ခန္ဒာတွေ အမြဲရှိသရွေ့ရင်ထဲမှာ
ဒို့ချစ်တဲ့ပြည်ထောင်စုကို အစဉ်စောင့်ထိမ်းဖို့အဓိဌာန်ရည်

အခိုင်မာဆုံးသော ပြည်ထောင်စုတွေ၊ ကမာ္ဘအရပ်ရပ်မှာ ပြိုကွဲလျှက်ရှိကြပေ
အယူအဆအမျိုးမျိုး လိုရာဆွဲကာ၊ စစ်ခင်းလျှက်ရှိကြပေ
လူမမယ်ခလေးများ၊ အဘိုးဘွားနဲ့ သားသည်မိခင် ရတက်မအေးရပေ…။

ဒီအဖြစ်မျိုးတော့ မကြုံချင်ဘူးလေ၊ အခြေအနေအရပ်ရပ်ကို အစဉ်သုံးသပ်ကြလေ
အနာဂါတ်အကျိုးအတွက် မျှော်ရည်မှန်းကာ ချစ်ခြင်းတရားနဲ့လေ

ပြည်ထောင်စုသားတွေ မကွဲမပြားပဲ နှလုံးသားနဲ့ သတိမူကြရင် ရတက်အေးရလိမ့်မည်

ဒို့အသက်နဲ့ ဒို့ခန္ဓာတွေ အမြဲရှိသရွေ့ရင်ထဲမှာ
ဒို့ချစ်တဲ့ပြည်ထောင်စုကို အစဉ်စောင့်ထိမ်းဖို့အဓိဌာန်ရည်…..

~~~~ ကျေးဇူးတင်ပါတယ် ချင်~~~~

အခုပွဲလေးဖစ်မျောက်အောင် ကူညီပေးကြဒဲ့ သငယ်ဂျင်း အပေါင်းအသင်း ရောင်းယင်းများ အားလုံးဂို အထူးဘဲ

ကျေးဇူးတင်ဘာာားးးးးးဒယ်~~  သချင်းတိုက်ကူပေးတဲ့ ချစ်တနယ်ဂျင်း တုံချိန် နဲ့ သချင်းဆိုဖို့ အကြိန်ကြိန်အားပေးဂဲ့ဒဲ့ 🙁

အာကိုယီး ကဖက်ကက်ကိုလဲ ကျေးဇူးတင်ဘာာားးးးးးဒယ်~~ hehee 😛

အားလုံးကို ကျေးဇူးတင်ဘာာားးးးးးဒယ်~~

 

 

Screenshot_2014-12-22-19-14-40
ဒီလိုမဟုတ် 🙁

 

ဒီလို :D
ဒီလို 😀

25 comments

  • တောင်ပေါ်သား

    December 23, 2014 at 12:51 pm

    မိုက်သဟ 🙂

  • etone

    December 23, 2014 at 1:24 pm

    ဘယ်ညာဆွဲပီး ဆိုယေ ချာချာရဲ့ …
    ဇာတိတွေး ဇာတိမာန်ယေးလည်း ပါတွားအောင် ….. ။ :mrgreen:

  • ကြောင်ဝတုတ်

    December 23, 2014 at 1:30 pm

    ၂၀၁၅ ရွေးကောက်ပွဲနီးလာတော့ဖြင့် ဝါဒဖြန့်သီချင်းတွေ… ပေါ်လစီသီချင်းတွေ
    နိုင်ငံပိုင်မီဒီယာတွေကတော့ဖြင့်မသိ…
    သူကြီးရဲ့ ဂဇက်မြို့တော်ကြီးမှာဖြင့် အလန်းဇယား… အကြမ်းစားတွေနဲ့ မဲဆွယ်နေကြတယ်လို့ထင်ပါ့….
    ဘာမှမဟုတ်ပါဘူးဗျာ….

    ကျုပ်နာမည်များခေါ်ပြီး “တ” လိုက်တော့ဖြင့်… ကျုပ်မှာ ပရောဂမှန်လို့ တုန်ဆင်းလာခဲ့ရတာပါ…

    ခင်မင်လျက်….
    ဖက်ဖက်ကက်

  • လက်ပံတောင်းတောင် ပဋိပက္ခ အမျိုးသမီး တစ်ဦး သေဆုံး
    2014-12-22
    http://www.rfa.org/burmese/news/lpt-police-villagers-clash-one-dead-12222014101540.html
    http://www.rfa.org/burmese/news/lpt-police-villagers-clash-one-dead-12222014101540.html/lpt-clash-305.jpg/image

    တရုတ်ဝမ်ပေါင် ကုမ္ပဏီနဲ ့ အစိုးရစစ်တပ်ပိုင် ဦးပိုင်ကုမ္ပဏီတို ့ကြေးနီထုတ်လုပ်နေတဲ့ လက်ပံတောင်းတောင်ဒေသမှာ ကုမ္ပဏီတွေ ခြံစည်း ရိုးခတ်နေတာကို တားမြစ်ခဲ့ကြတဲ့ မြေသိမ်းခံတောင် သူတွေကို ရဲတပ်ဖွဲ ့က ပစ်ခတ်လူစုခွဲခဲ့တဲ့အတွက် အမျိုးသမီးတစ်ဦး သေဆုံးပြီး အနည်းဆုံး ၁ဝ ဦး ဒဏ်ရာရရှိခဲ့ကြပါတယ်။

    အသိမ်းခံထားရတဲ့မြေတွေကို ကုမ္ပဏီက ခြံစည်းရိုး ခတ်နေတဲ့အတွက် မြေယာလျော်ကြေး မယူခဲ့ကြတဲ့ ရွာ ၃ ရွာက တောင်သူတွေက တားမြစ်ခဲ့ကြပါတယ်။

    မိုးကြိုးပြင်အလယ်ရွာ တောင်သူတွေက လိပ်ခွံတောင် အနီးမှာ တားဆီးခဲ့ကြရာမှာ ရဲတပ်ဖွဲ့က ပစ်ခတ်ခဲ့တဲ့ အတွက် ဒေါ်ခင်ဝင်း အမည်ရှိ တောင်သူအမျိုးသမီးကြီး တစ်ဦး ဦးခေါင်းကိုထိမှန်ပြီး ပွဲချင်းပြီး သေဆုံးသွားတယ် လို ့ မိုးကြိုးပြင်အလယ်ရွာက လယ်သမား ဦးဇော်မြင့်သန်းက ပြောပါတယ်။

    “ရဲဘက်ကနေပြီးတော့ သေနတ်နဲ့ပစ်တာ မိုးကြိုးပြင်အလယ်ရွာ ဒေါ်ခင်ဝင်း ခေါင်းမှန်ပြီးတော့ ဆုံးသွားပြီ၊ ဒဏ်ရာရတဲ့လူ ၁ဝ ယောက်လောက်ရှိတယ်၊ မနက်က ၈ နာရီလောက် ကုမ္ပဏီဘက် ခြံစည်းရိုးဝင်ခတ်တာ ဒီဘက်က ရွာသားတွေကတားတာ တရုတ်တွေကစပြီးတော့ ခဲတွေနဲ့ထုတာ ရဲတွေက ၆ဝဝ လောက်ရှိတယ်”

    သေဆုံးသူ ဒေါ်ခင်ဝင်းဟာ အသက် ၅၆ နှစ်ဝန်းကျင်ရှိပြီး၊ သမီးနှစ်ယောက်က ကျန်ရစ်တယ်လို ့သိရပါတယ်။ လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ကန့်ကွက်ဆန္ဒပြမှုတွေထဲမှာ အခုဖြစ်ရပ်ဟာ ပထမဆုံး လူသေဆုံးရတဲ့ကိစ္စဖြစ်ပါတယ်။

    အလားတူ ဆည်တဲရွာဘက်မှာလည်း သိမ်းယူထားတဲ့မြေတွေကို ခြံစည်းရိုးခတ်နေလို့ တောင်သူတွေ သွားရောက်တားမြစ်ရာမှာ တရုတ်ဝန်ထမ်းတွေက ရိုက်နှက်တဲ့အတွက် ဒဏ်ရာရသူတချို့ရှိတယ်လို ့ ဒေသခံ မသွဲ့သွဲ ့ဝင်းက RFA ကိုပြောပါတယ်။

    “ကျမတို့ စစ်ကိုင်းတိုင်း ရဲမင်းကြီးကိုလည်း ဖုန်းဆက်ခေါ်တယ်၊ ကျမတို့ ဖုန်းပြောနေတဲ့အချိန်မှာ ခဲတွေနဲ့ထုတယ်၊ လေးခွနဲ့ပစ်တယ်၊ ကျမကိုရှေ့တိုးလာရင် တပ်ရင်း ၁၆ က တပ်ရင်းမှူးက ကျမကိုအမိန့်ပေးတာ ဒီကောင်မကိုပစ်တဲ့၊ ပိုပြီးတော့ဆိုးတာက တရုတ်တွေက အကုန်လုံးကိုတူတွေနဲ့ လိုက်ထုတာ အခုခါးတွေရော၊ အကုန်မှန်တဲ့သူကမှန်လို့ မထနိုင်ကြဘူး၊ သူတို့သံဆူးကြိုးခတ်ဖို့ရာ သံလုံးတွေကိုရိုက်ဖို့ တူတွေပါလာတာ၊ အဲ့ဒါတွေနဲ့ ဒေသခံလူထုတွေကိုရိုက်တာ၊ သူတို့ကစရိုက်တာ”

    ဒီဖြစ်ရပ်မှာ ဒဏ်ရာရရှိခဲ့တဲ့ ဒေသခံလယ်သမားတွေကို ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်း က ဒေသခံတွေကို ဆေးအဖွဲ့စေလွှတ်ပြီး သွားရောက်ကူညီမယ်လို့ ကိုမင်းကိုနိုင်က ပြောပါတယ်။

    ၈၈မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းက ကိုမင်းကိုနိုင်က လက်ပံတောင်းတောင်ဒေသဖက်ကို ဒီညသွားရောက်မှာဖြစ်ကြောင်း ပြောပါတယ်။

    “ဆေးအဖွဲ့ပေါ့ဗျာ၊ အဲ့ဒါကိုဖွဲ့ပြီးတော့ အဲဒီ့မှာနီးစပ်တဲ့ ဆရာဝန်တွေ ဆေးဝန်ထမ်းတွေနဲ့ အတူတွဲပြီးတော့ ကျနော်တို့ဆီကနေ အင်အားတစ်ဖွဲ့ကိုသွားမှာပါ၊ အဲ့မှာလောလောဆယ် ဒဏ်ရာရရှိတဲ့သူတွေကို ကုသပေးဖို့ရယ်၊ နောက်တစ်ချက်က ဖြစ်စဉ်ရဲ့ အသေးစိတ်အဓိပ္ပာယ်တွေကို အမှန်အတိုင်းသိရဖို့ပေါ့၊ အဲ့နှစ်ချက်ကို အခြေခံပြီးတော့ ကျနော်တို့လွှတ်မှာပါ”

    အစိုးရရဲ့ သဘောတူခွင့်ပြုချက်နဲ့ ကြေးနီတူးဖော်ရေး စီမံကိန်းဧရိယာကို တိုးချဲ့လုပ်ကိုင်နေတာဖြစ်ကြောင်း ဝမ်ပေါင်ကုမ္ပဏီက ဒီနေ့မှာပဲ ကြေညာချက်ထုတ်ခဲ့ပါတယ်။

    ဒီလ ၁၃ရက်နေ့ကလည်း ကုမ္ပဏီနဲ့ ဒေသခံတွေကြား ပဋိပက္ခဖြစ်ပွားခဲ့ရာ လယ်သမား ၂ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။

    ——————-

    ဒီသတင်း ဖတ်နေရတာ.. သီချင်းလည်း..လိုက်မဆိုနိုင်တော့ဘူးဟာ…

    😥

  • CharTooLan

    December 23, 2014 at 4:03 pm

    အားလုံးဘဲ……….. ကျေးဇူးတင်ဘာာာားးးးးးးဒယ်…………
    ပန်းကုံးတွေ ပန်းဂွေတွေ…ဘာတွေ… အနီးကပ် စွပ်လို့ရတယ်နော် အူးမျိုး 😀
    အဝေးကလဲလှမ်းပစ်စွပ်လို့ရဒယ် kwi kwi 😛

    • etone

      December 23, 2014 at 4:06 pm

      ငြိမ်းချမ်းရေးဂို လိုလားလို့ နှစ်ခေါက်ပျံလာဖတ်တာ…. ။ ခွိ 😆

  • ခင်ဇော်

    December 23, 2014 at 4:19 pm

    ပြီထောင်ဇုတော့ စိတ်အဝင်ဇားဝူးးး
    ခြစ်ခြင်းတရာ တော့ စိတ်ဝင်ဇားသားး

    :chit:

  • kai

    December 23, 2014 at 4:35 pm

    အမေရိကပြည်ထောင်စုကတော့.. အခုထိမပြိုကွဲသေး…။
    နှစ်၂၀ဝ ကျော်ပြီ..။

    ဖယ်ဒရယ်စနစ်နဲ့..ခွဲထွက်လိုက.. ခွဲထွက်နိုင်သည်နဲ့အုပ်ချုပ်တာလေ..။
    ဘယ်ပြည်နယ်ကမှ.. မခွဲထွက်ချင်…။

    ဆိုတော့..
    မြန်မာပြည်ကတော့.. လူနည်းစုတိုင်းရင်းသားတွေကို.. လှည့်တောင်မကြည့်.. အမျိုး၊ဘာသာ၊သာသနာလုပ်နေပုံနဲ့တော့.. ကွဲမှာသေချာ..။
    ဘယ်အမျိုးလည်း..။ ဘယ်ဘာသာလည်း..။ ဘာသာသနာလည်း.. ဗမာတွေပြန်မေးကြည့်ဖို့ကောင်းတယ်..။

    စကားအတင်းစပ်..
    ဟိုကလေးမက.. သီချင်းဆိုတာလား.. ခုနှလွှာချွတ်ကဖို့ ပြင်ဆင်ထားတာလား.. လို့..။
    လှသား.. :k:

    • Foreign Resident

      December 27, 2014 at 1:32 pm

      ” လှသား.. :k: ”

      လှတဲ့ သမီးလေး ဆိုတော့လည်း ပြချင်ရှာသပေါ့ကွယ် ။

      • sorrow

        December 27, 2014 at 2:02 pm

        ..ကျော်လေ..သူ့ကိုစိတ်ကူးယဉ်ဖူးသဗျ..လွန်ခဲ့တဲ့ ငါးနှစ်လောက်တုန်းက…အဟိဟိ ..ကချင်ဘုရားကျောင်းမှာ သူက သီချင်းဆိုတာဗျ…အဟိဟိ ..မပြောရဲခဲ့တာ..ခုများတော့..အတဲလေးရယ်…ကယ်ပဲ

  • ခင် ခ

    December 23, 2014 at 4:57 pm

    ထိုထိုပုံစံနဲ့ မဲရရှိရေး စည်းရုံးရေးဆင်း လိုက်ကာဖျော်ဖြေရင် ဝက်ဝက်ကွဲဘဲဗျိုု့။ အားပေးလိုက်ကြမှာအမှန်ပင်။

  • ဖားသက်ပြင်း

    December 23, 2014 at 5:29 pm

    မျိုးခြစ်​စိတ်​မရှိတဲ့ဘာမန်​​တေ
    မိုင်​လီဆိုင်​းရပ်​စ်​့ ကျအငမ်​းမရ အား​ပေးဂျဒယ်​
    ငဒို့ ညီမ​လေးကျ ဝိုင်​းဆဲဂျဒယ်​

    ညီမ​ငေး ကိုယီးရှီ လာ

    ပလပ်​ ပလပ်​

  • Iris

    December 23, 2014 at 6:40 pm

    အား​ပေးမဲ့အမာခံပရိတ်​သတ်​ကြီးတစ်​​ယောက်​လုံးရှိတာများ ဆက်​ဆိုပါ။ 😀

    • ဖားသက်ပြင်း

      December 25, 2014 at 1:42 am

      ဒါမိုးက ညီမ​ငေး​တေဝတ်​မှလှတာခည
      အာလဖွားယီး​တေဝတ်​ရင်​ ချိတ်​ချင်​းယဲဇာ​ကောင်​းမှာ

      အားဟိ

  • uncle gyi

    December 23, 2014 at 10:41 pm

    ပြည်ထောင်စု
    ညီအောင်ပြု
    စည်အောင်စု
    နောင်အတည်ပြု
    ငြိမ်းချမ်းအောင်ဆု

  • မြစပဲရိုး

    December 24, 2014 at 1:08 am

    အဲဒီ သီချင်း ကို အဲဒီ မိန်းကလေးက ဆိုတာလား။
    အပေါ်က ပုံ ထက် အောက်က ပုံလေးက ပိုပြီး လှတာပါကွယ်။
    အပေါ်က ဘဲသားရည် ဘဲ ရမယ်။
    ကြက်သရေ တော့ မရဘူး။

    အဲဒီ သီချင်းက ရုရှားပြည်ထောင်စု ကွဲတာကို ဆိုထားတာ ထင်ရဲ့။
    အခုတော့ အဲဒီနိုင်ငံ ကို ဆရာကြီးတင်နေတော့တာ။
    လောလောဆယ်တော့ အဲဒီဆရာကြီး လဲ မရှုမလှဘဲ။
    ဆိုနီ ကို ဟက် တာလဲ သူတို့ လို့ ထင်မိနေတာ။

    ဘာဘဲဖြစ်ဖြစ် ကိုယ့်တိုင်းပြည်ကိုတော့ မကွဲစေချင်ပါ။
    တိုင်းရင်းသားအားလုံးကို ချစ်ပါတယ်။

    • ဖားသက်ပြင်း

      December 25, 2014 at 1:46 am

      အဲ့သီချင်​းက မ​ဟေမာ စဆိုခဲ့တာမှတ်​တယ်​
      ​ဘော့ဇနီးယားအ​ရေးတုန်​းက ထင်​ရဲ့အ
      အမွန်​းဆိုမဆို​တော့ ​ကျော်​မသိဘူး

  • ဦးဦးပါလေရာ

    December 24, 2014 at 9:29 am

    .ပြည်ထောင်စု ဆိုရာမှာ
    .ဘယ်လိုစုထားတာလဲ ဆိုတာကလဲ အရေးပါ ပါတယ်။
    .စိတ်တူ ကိုယ်တူူ တန်းတူ ရည်တူ စုထားမှ
    .ခိုင်မာတဲ့ ပြည်ထောင်စု ဖြစ်မှာ….။
    .မဟုတ်ရင်တော့
    .သမိုင်းတစ်လျှောက်
    .ဆေးဖိုး စာအုပ်ဖိုးတွေ နဲ့ရင်းပြီး
    .စစ်တိုက်လို့မဆုံးတဲ့ ပြည်ထောင်စုပဲ ဖြစ်မှာ..။

  • La Yeik

    December 24, 2014 at 11:18 am

    အမွန်းလေး မိုက်ပါဒယ် အူးလေးရဲ့…..

  • မွသဲ ( 17082011 )

    December 24, 2014 at 12:40 pm

    ပြီထောင်စုအောင်မယ်မင်း ပြည်ထောင်မှာပဲစုဒေါ့မာလား 😥 တရုတ်ပြီသူ့ သန်းမဒညန်မာနိုင်ဂံဒေါမှာ ဘိုနေရမာဒုန်း :byee:

  • CharTooLan

    December 27, 2014 at 9:38 am

    အားလုံးပဲကျေးဇူးတင်ပါတယ်…….
    မလုံတဲ့တျောက်က အဲ့သီချင်းမဆိုပါဘူးခည နာမည်ကတော့ အမွန်းလို့ခေါ်ပါတယ်။
    အဲ့တျောက်ကဘူးမှဂုမစိုက်ဘူးဒဲ့ခည သူမမှားဝူးဒဲ့ သူ့ကိုဝေဖံလေကံရင်လဲ သူကလုံးဝလက်မခံပါဝူးဒဲ့
    အခုထိတော့ ဟေမာနေဝင်းပဲ အဲ့ဒီသချင်းကိုဆိုတာတွေ့ပါဒယ်……..
    ကျနော်က ပီးခဲ့တဲ့ရက်တွေအတွင်း ရွာထဲနဲ့ ဖွဘုတ်မှာ ပွဲအစူဇုံးကေ့စ်နှစ်ခု ကိုတွဲထားတာဘာ 🙂
    ပြည်ထောင်စု…. ဆိုတာကတော့……………
    ပြည်မြို့က ထောင်ထဲမှာ စုထားတာလို့ အူးဇာဂနာပြောတာကြားဖူးတာဘဲ 😀
    ဒါနဲ့ခဏခဏမန့်သူယီးက ပြည်ထောင်စုထက် အမွန်းကိုပိုဓါတ်ကျတယ်ထင့် 😛

  • ဦးကျောက်ခဲ

    December 27, 2014 at 10:14 am

    ဒီသီချင်းကို ပထဦးဆုံးဆိုတာ ဟာဂျီဦးခင်မောင်ထူး ပါကွီ…
    နောက်တာမဟုတ်… တကယ်ပြောတာ …
    :k:

  • Shwe Ei

    December 29, 2014 at 9:26 am

    -လာမဲ့ တွေ့ဆုံပွဲမာ အိုက်သီချင်းကို ကာလာအိုကေ ဆိုကြမလား ???
    (ရွာသူားများ စည်းလုံးညီညွတ်ပီး ရွာချစ်စိတ်တွေ တိုးလာအောင်လေ) 😛

    • ခင်ဇော်

      December 29, 2014 at 9:30 am

      ဆိုနေရင်း ကီးတွေ မကိုက်လို့ …
      ငြင်းခုံရင်း ထသတ်ကုန်မှဖြင့်….!!!

      :kwi:

  • naywoon ni

    December 29, 2014 at 6:50 pm

    အဲ့ သခြင်​း ကျားယင်​ မဆာလာနံ့ ပါ နံ လာသလိုလိုဘဲ 🙂 ​အောက်​ခံ ​ဂျေး ​ပြောင်​​အောင်​ မချွတ်​ပဲ ​ပေါလစ်​ဆီ ​တွေ တင်​ဂျမ်​းတိုက်​ထားတဲ့ ဆက်​တီခုံ ကို ပဲ မျင်​​ရောင်​​နေမိဒယ်​ ဂယ်​​ပျော ဒါ 🙂

Leave a Reply