ထိုင်ဝမ်ဆိုတာ….. (CKS)
ထိုင်ဝမ်နိုင်ငံကို စတင်တည်ထောင်ခဲ့တဲ့ ချန်ကေရှိတ်ကို ထိုင်ဝမ်နိုင်ငံရဲ့ သူရဲကောင်းကြီးအဖြစ် ပြည်သူပြည်သားတွေက ချစ်ခင်လေးစား တန်ဖိုးထားကြပါတယ်။
အဲဒါကြောင့်ပဲထင်ပါရဲ့ ထိုင်ပေမြို့ရဲ့နေရာတော်တော်များများမှာ သူ့ရဲ့ရုပ်တုတွေကို တွေ့မြင်နိုင်ပါတယ်။

သူတို့နိုင်ငံကို အလည်လာသူတွေကို အိမ်ရှင်တွေက တောင်ပေါ်မှာရှိတဲ့ ချန်ကေရှိ်တ်လဲလျှောင်းရာ ဂူဗိမ္မာန်ကို အမှတ်တရလိုက်ပို့လေ့ရှိကြပါတယ်။
ဗိမ္မာန်ဝင်းရဲ့ အဝင်ဝမှာပဲ ချန်ကေရှိတ်ရုပ်တုကြီးကို ကြီးမားခန့်ညားစွာ တွေ့မြင်ရပါတယ်။

ဂူဗိမ္မာန်ရှိတဲ့နေရာကို တောလမ်းလေးအတိုင်း လမ်းလျှောက်ပြီး ဝင်ရပါတယ်။

လမ်းမှာ အင်းလေးကန်လို တောင်ပေါ်ရေကန်လေးကိုလည်း သာယာရွှင်မြူ းဖွယ်ရာ တွေ့မြင့်ခဲ့ရပါသေးတယ်။

ချန်ကေရှိတ်ရဲ့ဂူဗိမ္မာန်ကို လူငယ်လက်ရွေးစင်တပ်သားတွေနဲ့ အစောင့်ချထားပါတယ်။
အဝင်ဝမှာ ရုပ်သေလို မလှုပ်မယှက်ရပ်နေရတဲ့ အစောင့်ရဲဘော်၂ယောက်ကို ၁နာရီတစ်ခါ အခမ်းအနားနဲ့ တာဝန်လဲပါတယ်။
ပိတ်ရက်မို့ထင်ပါရဲ့။
အဲဒီတာဝန်လဲတဲ့အခမ်းအနားမီအောင် လာကြည့်ကြတဲ့ ဧည့်သည်တွေကလည်း အင်မတန်မှ များပြားလှပါတယ်။

ချန်ကေရှိတ်အုတ်ဂူကို ဓာတ်ပုံရိုက်ခွင့်၊ ဝင်ကြည့်ခွင့်မရှိပါဘူး။
အဆောက်အအုံအပြင်က ကော်ရစ်ဒါလမ်းအတိုင်းပဲ တန်းစီဝင်ကြည့်ရပါတယ်။

ဂါရဝပြုချင်သူတွေက အုတ်ဂူရှေ့ ကော်ရစ်ဒါကနေ ခေတ္တခဏ ဂါရဝပြုရုံအပြင် အကြာကြီး ရပ်နေလို့ မရပါဘူး။
အသွားတုန်းက အချိန်မီရောက်ချင်စိတ်နဲ့ အပြေးအလွှား သွားလိုက်လို့ ပတ်ဝန်းကျင်အလှကို သတိမထားမိဘူး။
အပြန်လမ်းကျမှပဲ လမ်းတလျှောက် သာယာလှပအောင် ပြုပြင်ချယ်သထားတာတွေကို အေးအေးဆေးဆေး ငေးမောရပါတော့တယ်။

အဲဒီအချိန်မှာပဲ ကောင်းကင်ကို မော့ကြည့်မိလိုက်တော့ တိမ်တွေ က နေတာကို ပျော်ရွှင်ဖွယ်ရာ တွေ့လိုက်ရတယ်။

ပြောင်းအကြီးအသေးသမားတွေ ရိုက်နေတာတွေ့လို့ လမ်းဘေးက ပန်းကလေးတွေကို အားကျမခံ ရိုက်လာခဲ့တယ်။

တောင်စောင်းတလျှောက်ပွင့်နေတာ ပန်းနံမည်တော့ မသိဘူး။
ပန်းနီနီ
ပြန်အထွက်မှာတော့ သိပ်မဝေးလှတဲ့နေရာမှာ သာယာရှု့မောဖွယ်ရာ ပန်းခြံကြီးတစ်ခုကို တည်ဆောက်ထားပါတယ်။
ပန်းခြံထဲမှာ အရက်အိုးတွေ အများကြီးနဲ့ အလှဆင်ထားတာတွေ့တော့ ရွာထဲက သမဂ္ဂဝင်တွေကို လက်ဆောင်ပေးဖို့ သတိတရ ရိုက်လာခဲ့တယ်။

ပန်းခြံထဲမှာ ရေမြောင်းလေးရယ်၊ မြောင်းကူးတံတားလေးရယ်က ဓာတ်ပုံရိုက်ချင်စရာနေရာလေးပေ့ါ။

ရေမြောင်းကူးတံတားလေးကနေ ရှေ့ဆက်သွားရင် ….

နိုင်ငံခေါင်းဆောင်များရဲ့ ရုပ်တုပေါင်းများစွာနဲ့ ဆင်ယင်ထားပါတယ်။


ပန်းခြံက ပြန်အထွက်မှာတော့ အဲဒီနေရာကထွက်တဲ့ သီးစုံယိုတွေကို အမှတ်တရ ရောင်းချပေးနေတဲ့ ဈေးဆိုင်တန်းရှိပါတယ်။

လျှောက်ရတာလည်း မောလောက်ပြီ။
နောက်တစ်နေရာကို နောက်တစ်ခေါက်ကျမှ ထပ်ခေါ်သွားပါအုံးမယ်။
ဒီတခေါက် ရိုက်လာတဲ့ ဓာတ်ပုံတွေ များလွန်းလို့ ပြချင်ပေမယ့်
ဒီက ကွန်နဲ့ဖြစ်မှဖြစ်ပါ့မလားလို့ စိတ်ပူနေတာ။
မောင်ဂီရေးခဲ့ဖူးတဲ့ အလီဘာဘာဆိုဒ်တည်ထောင်သူရဲ့ တရုတ်ပြည်က ကွန်မကောင်းတဲ့အခြေအနေကို ကျော်လွှားပုံလေး သတိရပြီး အဲဒီနည်းအတိုင်း ကျော်လွှားရေးသားထားလို့…………
မောင်ဂီကို ကျေးဇူးတင်ကြောင်း အမှတ်တရ ပြောချင်ပါတယ်။
အဲ- ပိုစ့်တစ်ပုဒ်ကို တစ်ပတ်လောက် ကြာတာပဲရှိတယ်။
16 comments
လုံမလေးမွန်မွန်
January 3, 2015 at 3:33 pm
ဒီနေ့ ရွာထဲကို ပြန်မွှေမယ်ဆိုပြီး ဝင်လိုက်တဲ့အချိန်မှာ ဒီပို့စ်ကိုတွေ့လိုက်တယ်.. ရှေ့မှာ တင်ထားတဲ့ အပိုင်းတွေကိုလည်း ပြန်ရှာပြီး ဖတ်ဦးမယ်…
အော်.. သူများနိုင်ငံတွေများ..တန်ဖိုးထားကြတာ… tour site ထဲတောင် ထည့်ထားကြတယ်… တို့လိုပဲပေါ့..
Ma Ma
January 3, 2015 at 4:54 pm
သူတို့နိုင်ငံက တစ်ဦးချင်းစီရဲ့ စိတ်ထဲက ချစ်ခင်လေးစားနေတာကို သူတို့ပြောစကားတွေအရ သတိထားမိတယ်။
CKS Memorial Hall ဆိုတာလည်း ရှိသေးတယ်။
အဆောက်အဦက ခမ်းနားလှပပြီး ..
သူသုံးခဲ့တဲ့အသုံးအဆောင်ပစ္စည်းတွေ၊
သူသွားလာလှုပ်ရှားခဲ့တဲ့မှတ်တမ်းတင်ဓာတ်ပုံတွေနဲ့
သူစီးခဲ့တဲ့ကားတွေ ပြထားတယ်။
မြစပဲရိုး
January 3, 2015 at 3:44 pm
တောင်ပေါ်ကရေကန် ဘေးမှာ ထိုင် ပန်းနီနီ လေးတွေ ကြည့်ပြီး ဈေးဆိုင်တန်း က မုန့်တွေ စားသွားပါတယ် ချစ်မမ။
ချန်ကေရှိတ် တို့ တိုင်းပြည် ကို ခေါ်သွားလို့ ကျေးဇူးပါ။ :))
အရင်က နာမည်နဲ့ ဘဲ ရင်းနှီးနေတာ။
Ma Ma
January 3, 2015 at 4:57 pm
CKS လို့ အတိုကောက်ရေးထားတာတွေ့တာ ဘာမှန်းမသိဘူး။
ထိုင်ဝမ်နိုင်ငံကိုလည်း ချန်ကေရှိတ်တည်ထောင်သွားတယ်ဆိုတာလည်း အဲဒီရောက်မှ သိတော့တာ။
ဗဟုနဲ့ သုတ ကို ရန်ဖြစ်ထားလို့။ :p:
min kyansix
January 3, 2015 at 4:21 pm
ကျေးဇူးအထူးပါ
ကြည့်ရှု့ခွင့်ရတဲ့အတွက် 🙂
Ma Ma
January 3, 2015 at 5:02 pm
ကျေးဇူးပါ။
ကြည့်ရှု့ပေးတဲ့အတွက် 🙂
weiwei
January 3, 2015 at 10:33 pm
တရုတ်ပြည်ကို လွမ်းသွားတယ် ..
ထိုင်ဝမ်ကို ဒီပို့စ်ကနေပဲ သွားလည်လိုက်ပြီ ..
kai
January 4, 2015 at 4:04 pm
CKS စိနတိုင်းပြည်ကနေခွဲထွက်လာတော့… သင်္ဘော၂စင်းအပြည့်ရွှေရတနာတွေသယ်ယူလာခဲ့တယ်တဲ့..။
အဲဒီထဲက..တစင်းစာလောက်.. ယူအက်စ်ကိုပေးလိုက်လို့.. အခုထိ… ယူအက်စ်က.. ထိုင်ဝမ်ကို… စိနပြည်ကနေ.. အကာအကွယ်ပေးထားတယ်လို့… ဆိုကြတာကြားဖူးတယ်..။
ဟုတ်သလားတော့မသိ..။ :k:
Ma Ma
January 5, 2015 at 5:24 pm
သဂျီးကတော့ သဂျီးလို့ကို မပြောရဘူး။ 😆
ပြည်မကြီးကရှိသမျှ အကောင်းတွေ အကုန်လုံး သယ်ချလာတယ်ဆိုပြီး ဂုဏ်ယူနေကြတာ။
kyeemite
January 5, 2015 at 11:41 am
.အပေါ်ဆုံးက CKS ရဲ့ထိုင်ရက်ပုံမှာ ပေါင်တစ်ချမ်းပြတ်နေသလိုပဲ :n:
.မရောက်ဖူးတဲ့နေရာလေးခေါ်သွားပေးလို့ ကျေးကျေးပါဗျာ…
.ရုပ်တုတွေက များမှများပါလား..
.တရုတ်အရက်အိုးတွေက အလှသက်သက်လားဗျ..အထဲမှာ အရက်ကောပါရဲ့လား ..ဂလု ချင်လို့ :k:
Ma Ma
January 5, 2015 at 5:29 pm
အတော်မျက်စေ့လျှင်တဲ့ ဘရာသာမိုက်ပါလား။ :kwi:
အဲဒီရုပ်တုက သံနဲ့ သွန်းထားတာထင်တယ်။
ပေါင်အရင်းပိုင်းမှာ ပြတ်နေတယ်။
ရှိသမျှရုပ်တုတွေ အကုန်ကောင်းနေပါလျှက် အဲဒီတစ်ခုပဲ အဲဒီတစ်နေရာပဲ တမင်ပဲလုပ်ထားတာလား ပျက်စီးနေတာလားတော့ မသိဘူး။
အရက်အိုးတွေ အများကြီးစီချထားတာ လှတော့ လှသား။
ကြည့်ရတာ ဟန်ပဲပါတယ်။
အဆံ (အရက်) တော့ ပါဟန် မတူဘူး။ 😆
Maung Thura
January 5, 2015 at 7:33 pm
.တောင်ပေါ်ကရေကန်ကို..အပြင်မှာ လက်တွေ့ ထိုင်ကြည့်ချင်လိ်ုက်တာ..
ပုံထဲမှာတောင် ဒလောက် သာယာလှပနေတာ..
အပြင်မှာသာကိုယ်တိုင်ကိုယ်ကျ… ထိုင်ပြီး..ငေးလိုက်ရရင်တော့လား…
လေလေး တဟူးဟူးကို..မျက်နှာလေးမော့ပြီး…ခံယူရင်း…
ထိုင်ငေးနေချင်တာ..
အဲ့လို မြင်ကွင်းမျိုးကို…
Ma Ma
January 6, 2015 at 3:12 pm
လမ်းမှာအေးအေးဆေးဆေး ထိုင်နေ နားနေနိုင်တဲ့ နေရာလေးတွေ အများကြီးပဲရှိတယ်။
တချို့များ လူကြီးတွေကို ဝှီးချဲနဲ့တွန်း၊ ကလေးတွေကို တွန်းလှည်းနဲ့တွန်းပြီး မိသားစုလိုက် ပျော်ပွဲစားထွက်သလို လာတဲ့သူတွေလည်း ရှိတယ်။
မောင်သူရလည်း ဒေါ်ဖွားမေခေါ်ပြီး ဟာမူနီ ထွက်လို့ရတယ်။ :k:
Maung Thura
January 6, 2015 at 4:06 pm
တိန် တိန် (နှစ်ခါတိန်)
.ဒေါ်ဖွားမေနဲ့တဲ့…
ကဗျာမဆန်လိုက်တာ.. စကားပြေမဆန်လိုက်တာ… ဆောင်းပါးမဆန်လိုက်တာ…
:k:
.ဒေါ်ဖွားမေကို ဖွေးဖွေးနဲ့ မတူ တူအောင် ပြင်ခိုင်းပြီး …ဆို..တော်သေး.. )
:k:
Crystalline
January 7, 2015 at 6:25 am
ရာသီဥတုကလည်း နေလို့ကောင်းတဲ့အချိန်ဖြစ်ပုံရတယ်.. ပတ်ဝန်းကျင်ကလည်းသာယာ.. မရောက်ဖူးတဲ့နေရာတွေ ဘယ်ဒေသပဲဖြစ်ဖြစ်ဘယ်ဒေသပဲဖြစ်ဖြစ်သွားချင်တယ်… ဒီတခါတော့ သစ်သီးယိုကလွဲ.. အစားတွေပါဝူး.. 😀
manawphyulay
January 7, 2015 at 9:55 am
သူတို့ဆီမှာ ရုပ်တုကိုများ အသားပေးထားသလား ထင်ရတယ်နော်.. နေရာတစ်ကာမှာ ရုပ်တုတွေကြီးပဲ။ မနောတို့နိုင်ငံလည်း ဗိုလ်ချုပ်ရုပ်တုတွေ နေရာတိုင်းမှာ မြင်ချင်မိပါရဲ့ရှင်…