အသစ်မြင်တော့ အဟောင်းမေ့
ခေါင်းရင်းအိမ်က မွေးနေ့ပွဲဟာ ခြေရင်းအိမ်က အသုဘကို နဲနဲလေးမှအားမနာသလိုဘဲ လူတွေဟာ အသစ်မြင်တော့ အဟောင်းကိုမေ့တာ သဘာဝတဲ့လား တကယ်ဆိုရင် သုံးဆယ့်တစ်ရက် ဆယ့်နှစ်လ နှစ်ထောင့်ဆယ့်လေးဟာ တစ်ရက် တစ်လ နှစ်ထောင့်ဆယ့်ငါးအတွက် စတေးပေးလိုက်ရတယ် ဘာကြောင့်များ လောကွပ်ဟာ ချော်တောငေါ့သွားရတာလဲ
နှစ်ထောင့်ဆယ့်လေးရေ မင်းပေးတဲ့တစ်နှစ်တာသင်ခန်းစာတွေနဲ့ နှစ်သစ်ကို ငါအနိုင်တိုက်သွားမှာပါ သန်းခေါင်ယံအချိန်တောင်နီးလာပြီ မင်းရဲ့မျက်လုံးတွေကိုမှိတ်လိုက်တော့နော် ဘာမှအားမငယ်နဲ့ မင်းအနားမှာ ငါရှိနေပေးတယ်
minkyansix
14 comments
Maung Thura
January 1, 2015 at 9:52 am
ကိုယ့်အိမ် ခေါင်းရင်းဟာ…သူ ့အိမ် ခြေရင်းးးးး
အင်းးးးး
:kwi:
min kyansix
January 1, 2015 at 12:30 pm
မဟုတ်ဘူး
ကျွန်တော်က အလယ်က
kyeemite
January 1, 2015 at 3:13 pm
.အလယ်ကလူဆိုတော့ မင်းကျန်စစ် စကားဝဲမှာပေါ့ :k:
min kyansix
January 1, 2015 at 4:19 pm
ကရင်က ဗမာလိုပြောတော့ စကားဝဲတယ်တဲ့
ဗမာက ကရင်လိုလဲပြောရော စကားမပီတော့ဘူး ဟီးးး
မြစပဲရိုး
January 1, 2015 at 4:25 pm
အဲဂလို သာ အမြစ်ဖြတ် ထားခဲ့လို့ ရရင် ကောင်းသား။
လက်တွေ့ မတော့ ပြီး ခဲ့ တဲ့ အပါတ်က တန်းလန်း တွေ လက်စ သတ်ရဦးမယ်။
ဆိုတော့ ….
မပြီး သေး တဲ့ ပန်းချီကား ကို ဆက်ဆွဲ နေတာ လို့ သာ မြင်တော့ တယ်။
:))
min kyansix
January 1, 2015 at 4:33 pm
အဲ့ဒီ့ပန်းချီကားလား ဘယ်တော့မှမပြီးဆုံးနိုင်တဲ့ ပန်းချီကားတစ်ချပ်ပေါ့
ဆေးတစ်စက်ချလိုက်တိုင်း အတ္တရောင်စုံတွေကလဲ နေရာလုချင်ပြန်တယ်လေ
ခက်တာက ပန်းချီဆွဲသူကလဲ ရှုးနေတာများလားလို့ပါ
မြစပဲရိုး
January 1, 2015 at 4:39 pm
လူတိုင်း ကတစ်မျိုး မဟုတ် တစ်မျိုး သူ့နည်း နဲ့ သူ ရူး နေတာ ပါ မောင်ကျန် ရယ်။
သူများ ကို ဒုက္ခပေးတဲ့အရူး ဆို သူခါလိုက် တဲ့ ဆေးစက် တွေ ကသူများ ပန်းချီကား တွေ ပေါ်မှာ တောင် စွန်း သွားတတ်ရဲ့။
min kyansix
January 1, 2015 at 5:06 pm
ကျွန်တော့အမြင်မှာတော့ ဘယ်သူဘဲ ပန်းချီဆွဲဆွဲ
ပန်းချီကားထဲမှာ မိုးခါးကြီးရွှာနေမှာဘဲလို့ထင်တယ်
Yae Myae Tha Ninn
January 2, 2015 at 11:06 am
အမှန်တော့ တနှစ်ပြီးသွားတာ ဟာ… သက်ပြင်းအကြီးကြီး တခါချပြီး…
တနှစ်ပြန်စတာ ဟာ… ပင့်သက်တခါ ပြန်ရှိုက်ရတာပါ… 🙁
min kyansix
January 2, 2015 at 11:34 am
ဒီလိုဘဲပေါ့
သောကတွေလပ်ခံထားသူဆီမှာ
သောကတွေပျော်မွှေ့နေတယ်ထင်တာဘဲ
နေတက်ရင်ကျေနပ်စရာချည်းဘဲလို့ မဆိုလိုပါ
🙂
Yae Myae Tha Ninn
January 2, 2015 at 11:40 am
သောက အစား သော်ကပန်းလေးသာ ဖြစ်ပါစေတော့… လက်မခံချင်လဲ ဘဝက ပြဌာန်းပြီးသားပဲလေ… 🙁
ကျေနပ်အောင် နေတတ်ဖို့ဆိုတာ အနေအထားက ကျေနပ်ဖွယ်ဖြစ်မှ ပဲ ဖြစ်မှာပေါ့… 🙁
ရှေ့သွားလဲ ချောက်.. နောက်ကြည့်တော့လဲ အမြောက်နဲ့ မသက်သာပါဘူး… 🙁
min kyansix
January 2, 2015 at 12:25 pm
ဘဝရဲ့ပြဌာန်းခြင်းလား
လိုချင်တာရယ် မလိုချင်တာရယ် လွန်ဆွဲနေတာကိုက သူ့သလာဝဘဲလေ
ကျေနပ်ဖွယ်ဆိုတာ အတိုင်းအတာဆိုတာရှိလား အတိမ်အနက်ဆိုတာရှိလား ကန့်သက်ချက်ဆိုတာရှိလား
လူအလိုနတ်မလိုက်နိုင်ဘူးလို့ဘဲထင်ပါတယ်
ဒီလိုပါဘဲ အပေါ်ကြည့်တော့နတ်ပြည် အောက်ကြည့်တော့ အဝီစိ
ရောက်နေရတာကိုက လူ့ပြည်ပါဆို
:p
လုံမလေးမွန်မွန်
January 3, 2015 at 3:45 pm
အတိတ်လည်း မမှတ်မိချင်တော့ဘူး.. အနာဂတ်ကိုလည်း မသိချင်ဘူး.. ဖြစ်နိုင်ရင် ပစ္စပ္ပာန်ကိုတောင် မေ့ထားလိုက်ချင်တယ်.. 🙂
min kyansix
January 3, 2015 at 4:29 pm
မေ့ချင်တယ်ဆိုတာ နာကျင်စရာရှိလို့ဖြစ်မယ်ထင်တယ်
နိဗာန်ဘုံမဟုတ်တော့လဲ
သတ္တဝါတိုင်း ကိုယ့်ဆေး ကိုယ်ရှာလူးခဲ့ကြတာ အကြိမ်ကြိမ်