မနေ့က ၁၃၅(မိုင်)မှာ စီးလာတဲ့ကားက ပျက်သွားတော့ ခရီးလမ်းကမချောမွှေ့တော့ဘူး ဘယ်ချောမွှေ့ပါ့မလဲ ဒီတစ်ခေါက်ခရီးသွားရတာက ရည်းစားဟောင်းရဲ့ လက်ထပ်မင်္ဂလာပွဲဆိုတော့လဲ အိ်မ်ကစထွက်လာကတဲက သာသာယာယာမဟုတ်ခဲ့ဘူးလေ လူကညစ်နေပါတယ်ဆိုမှ အခုတော့စီးလာတဲ့ကားကလဲပျက်ပြီတဲ့ ဖူးးးးးးးးး သက်ပြင်းအရှည်ကြီးကိုချမိရင်း ကားအောက်ကို အညောင်းပြေဆင်းကြည့်လိုက်တော့ ကားဒရိုင်ဘာနဲ့ စပယ်ယာတွေပြောနေသံကြားတာက / ကားကဂီယာထိုးမရတော့ဘူး ဂီယာဘောက်အပေါ်က ထိုးတန်အပြားပဲ့သွားတယ်ဆရာ/ ဟုတ်လား အဲ့ဒီ့ပဲ့သွားတဲ့အပြားကိုပြန်ပြင်လို့ရနိုင်သေးလား / ဒီဟာကိုပြန်ပြင်မယ်ဆိုရင်တော့ ပဲ့သွားတာကို ဂဟေဆော်မှရလိမ့်မယ် ဒါပေမယ့်အပြားကနဲနဲဆွေးနေပြီဆရာ ပဲ့တဲ့နေရာကိုဂဟေဆော်လဲ ကျန်တဲ့အခြားနေရာတွေက ထပ်ပဲ့နိုင်တယ်/ သေရောကွာ ဒီနေရာမျိုးမှာ ဒီလိုပစ္စည်းကဝယ်မရနိုင်ဘူးကွ ဒီလိုလုပ်ကွာ ဒီနားက အုပ်တွင်းမြို့နဲ့နီးတယ် မင်းကဒီအပြားအဟောင်းကိုယူသွားပြီး မြို့ထဲက တွင်ခုံအလုပ်ရုံတစ်ခုခုမှာ အသစ်ပြန်ခုတ်ခိုင်းလိုက် ကားပစ္စည်းရောင်းတဲ့ဆိုင်တွေမှာ ဒီပစ္စည်းမျိုးလိုက်မရှာနဲ့ ဒီမြို့လိုနေရာမျိုးမှာတော့ရှိနိုင်မှာမဟုတ်ဘူး ) စပယ်ယာကောင်လေးဟာ ဆိုင်ကယ်ကယ်ရီဌားပြီး အုပ်တွင်းမြို့ထဲထွက်သွားတော့ ကားရဲ့အခြေအနေနဲ့ ပြင်တဲ့အချိန်ဘယ်လောက်ကြာနိုင်သလဲဆိုတာ သိချင်တာကြောင့် ဒရိုင်ဘာကို အနားကပ်ပြီးမေးကြည့်လိုက်မိတယ် […]