နှစ်သစ်ကူးမှာ ရွာသူရွာသားအပေါင်း ကျန်းမာရွှင်လန်းကြပါစေ၊
ကိုယ့်ဖားရေတွင်းကနေထွက်ပြီး
ကမ႓ာအရပ်ရပ်ကရှုခင်းအလှတွေကို
လိုက်ကြည့်ရအောင်
—–
ပွဲဦးထွက်က ဩစတေးလျ Australia က ပါ
=======
အဇာဘာဂျန် (အာရှအလယ်ပိုင်းက) Azerbajian ပါ
နီပေါ Nepal က ပါ
ဘရာဇယ် Brazil ကပါ
ဆက်ရန်
Post Views: 439
9 comments
kyeemite
January 8, 2015 at 8:40 am
.Kyaemon ဂျီး ပျောက်နေတာကြာပါပေါ့..နှစ်သစ်ကူးမှရောက်လာတော့တယ်
.မင်္ဂလာနှစ်သစ်ဖြစ်ပါစေဗျား :))
manawphyulay
January 8, 2015 at 9:21 am
မတူတဲ့ မြင်ကွင်းတွေနဲ့အတူ နှစ်သစ်မှာ ပြန်လာတဲ့အတွက် ဝမ်းသာမိပါတယ်…
ဒါနဲ့ စကားမစပ် ဘယ်ရောက်နေတာလဲဟင်…
kai
January 8, 2015 at 9:24 am
ကမ္ဘာ့ခရီးသွား.. ကြေးမုံတယောက်… ဘယ်တွေများပါတ်နေတယ်မသိ..။
“ဟပ္ပီး” စာလုံးအရေးလေး..ကြိုက်နှစ်သစ်ပါ၏..။ :k:
Yae Myae Tha Ninn
January 8, 2015 at 10:39 am
ကိုယ့်ထက်တောင် ပျောက်တဲ့ သူ ပြန်ပေါ်လာ… မင်္ဂလာပါဗျာ… 🙂
Maung Thura
January 8, 2015 at 10:41 am
ပျောက်ချက်သား ”ကောင်း”နေတယ်နော… ။
နှစ်သစ်မှာ လူဟောင်းကြီးတွေကို အခုလို ဘွားခနဲ ပြန်တွေ့ရတာ ” 1 သာ ” ပါကြောင်း
Paing Lay
January 8, 2015 at 2:49 pm
နှစ်သစ်မှာ ပျော်ရွှင်ပါစေဗျာ။ 🙂
Kyaemon
January 8, 2015 at 5:17 pm
ရွာမှရောင်ရင်းမိတ်ဆွေတွေက
ဝမ်းပန်းတသာနဲ့ကြိုဆိုကြတာကို
အထူးဘဲကျေးဇူးတင်မိပါကြောင်း၊
နှစ်ထောင်းအားရ ဂုဏ်ယူမိပါကြောင်း၊
ခဏ အနား ယူတာပါ၊
အလုပ်လဲများပါတယ်၊
အနောက်နိုင်ငံမှာလဲ Continuing Education ဆိုတာရှိတယ်၊
ကျွမ်းကျင်သူ လိုင်စင် အတွက်စာဘတ်ရတယ်၊
နှစ်စဉ်ဉာဏ်သစ်လောင်း ပြန်ပြန်နွေးရတယ်၊
အသစ်အသစ်ထွက်လာတဲ့စာ
တွေကို ဘတ်ရတယ်၊
မချောင်ပါ၊
မြန်မာပြည်မှာတုန်းက ဘွဲ့ရရင်
ပြီးရော မဟုတ်ပါ။
မနွေးရင်၊မဖြေရင်၊
ဘွဲ့လိုင်စင်ကိုပြန်ရုပ်သိမ်းတယ်၊
ပျက်ပြယ်စေတယ်၊
Ma Ma
January 9, 2015 at 6:42 am
Kyaemon ပီသစွာ နှစ်သစ်ကူးပုံများနှင့်အတူ ပြန်လာတာ ကြိုဆိုပါတယ်။ 🙂
(အသစ်အသစ်ထွက်လာတဲ့စာ
တွေကို ဘတ်ရတယ်။)
အင်မတန်ကောင်းတဲ့ အစီအစဉ်ပဲ။
ဒီမှာလည်း လုပ်ငန်းခွင်ဝင်နေသူတွေအတွက် အဲလိုစဉ်ဆက်မပြတ်လေ့လာရေး၊ သင်ကြားရေးအစီအစဉ်တွေရှိရင်ကောင်းမယ်။ 🙂
Kyaemon
January 12, 2015 at 3:41 am
Ma Ma says:
အဲလိုစဉ်ဆက်မပြတ်လေ့လာရေး၊ သင်ကြားရေးအစီအစဉ်တွေရှိရင်ကောင်းမယ်။
——–
မှန်ပါတယ်၊
သူများတိုးတက်တာကိုကြည့်ပြီး
အတုယူ အတတ်သင်ကာ၊
အပင်ပန်းခံ ဇွဲနဘဲနဲ့ကြိုးစား
နိုင်မှတော်ရုံကြပါ့မယ်၊
ဒေါ်မမ လို
အကောင်းအဆိုးကိုခွဲခြားစိတ်ဖြာနိုင်ခြင်း၊
ပွင့်လင်းတဲ့စိတ်ဓာတ်ကိုခံယူထားခြင်း၊
ရွာသားအတွက်အကျိုးပြုမဲ့ကိစ္စတွေကို
အမြဲတစေ သတိပြုပြီး ချက်ချင်းထောက်ပြနိုင်ခြင်း
တက်ကြွနိုးကြားခြင်း၊
ပြည့်စုံပြီး၊
၎င်းအရည်အချင်းတွေကိုမွေးမြူအားပေးထုတ်ဖော်ပေးဘို့
လိုအပ်တယ်လို့ထင်မြင်ပါတယ်