Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

နားဦးတည့်ရာ နှစ် – J Lennon (Imagine)

မြစပဲရိုးJanuary 11, 20152min69015

အခု

ကမ္ဘာမှာ ဘာသာရေး အကြောင်းပြုပြီး
လူ တွေ သွေးမြေကျ နေရတယ်။
ကလေးငယ် တွေ အသတ်ခံ နေရတယ်။
မိန်းမ တွေ အနှိမ်ခံ နေရတယ်။
လူသား အချင်းချင်း မှာ ကို အမုန်းတရား တွေ နဲ့ ရန်ဆောင် နေကြတယ်။

မြန်မာပြည်ထဲ မှာရော ဘာထူး သေးလဲ။
ဘာသာရေး ကို အကြောင်းပြုပြီး
တိုင်းပြည် မငြိမ် အောင် ကစား ကြတယ်။
စားပေါက်ချောင် အောင် နိုင်ရာလူ ဖိထောင်းတယ်။
မလို တဲ့ အဆင့်မရှိတဲ့ လူရီဖွယ် ဥပဒေ ထုတ်ကြတယ်။
လူသား အချင်းချင်း မှာ ကို အမုန်းတရား တွေ နဲ့ ရန်ဆောင် နေကြတယ်။

လူ့ဘဝ သက်တမ်း တို ရေတစ်ပွက်စာ လေးမှာ
ငါ့မြေ
ငါ့ရေ
ငါ့လူမျိုး
ငါ့ဘာသာ
ငါ့အသိုင်းအဝိုင်း
ငါ ကို ဘဲ ရှေ့ထားနေကြတယ်။

အဲဒီ “ငါ” က ဘဲ လူတွေ ကို စစ်ပွဲ တွေ၊ အမုန်းတရား တွေ၊ အကြမ်းဖက်မှု တွေ  ဖြစ်နေတာ လက် တွေ့ပါဘဲ။
ဒါတွေကို ဆင်ခြင် သင်ခန်းစာယူပြီး
အဲဒီ “ငါ” တွေ ကို ရပ်ကြပါတော့။
အဲဒီ “စစ်ပွဲ” တွေ ကို ရပ်ကြပါတော့။
အဲဒီ “အမုန်းတရား”  တွေ ကို ရပ်ကြပါတော့။
အဲဒီ “အကြမ်းဖက်မှု”  တွေ ကို ရပ်ကြပါတော့။

ကလေး တွေ အေးချမ်းစွာ စာသင်ကြပါစေ။
လူအိုတွေ ငြိမ်းချမ်းစွာ သက်တမ်းကုန်ပါစေ။
လူငယ် တွေ တက်ကြွ ရွှင်လန်းစွာ သူတို့ အနာဂါတ် ကို အောင်မြင်အောင် ဖန်တီးနိုင်ပါစေ။
ကမ္ဘာ အနှံ့၊ မြန်မာပြည် အနှံ့ က လူသား အားလုံး အေးအတူ ပူအမျှ အားလုံး အေးချမ်းစွာ အတူတစ်ကွ နေထိုင်နိုင်ပါရစေ။

မြင်ယောင်ပြီး စိတ်ကူးကြည့်ကြစမ်းပါ။
အမုန်းတရား အာဃာတ ရန်ငြိုး နဲ့ စစ်ပွဲ တွေ မရှိ တော့မဲ့ ချစ်ခြင်းတရား တွေ နဲ့ ကမ္ဘာမြေကြီး ကို။
ပြီးတော့
လက်တွေ့ အကောင်အထည် ဖော်ကြရအောင်ပါ။
ဘာသာရေး ဆိုတာ မရှိ လို့ စစ်ပွဲ တွေ အမုန်းတရား တွေ ရပ်သွားမယ် ဆိုရင်
ကျွန်မ လဲ “ဘာသာ မဲ့” တစ်ယောက် ဖြစ်ပါ့မယ်။

“Imagine”
John Lennon

Imagine there’s no heaven
It’s easy if you try
No hell below us
Above us only sky
Imagine all the people
Living for today…

Imagine there’s no countries
It isn’t hard to do
Nothing to kill or die for
And no religion too
Imagine all the people
Living life in peace…

You may say I’m a dreamer
But I’m not the only one
I hope someday you’ll join us
And the world will be as one

Imagine no possessions
I wonder if you can
No need for greed or hunger
A brotherhood of man
Imagine all the people
Sharing all the world…

You may say I’m a dreamer
But I’m not the only one
I hope someday you’ll join us
And the world will live as one

John_Lennon_500 john-lennon-imagine

15 comments

  • kai

    January 12, 2015 at 2:03 pm

    အခုအင်္ဂ ါဂြိုလ်မှာ.. လူတွေနေဖို့လုပ်နေကြတယ်…။
    အစောဆုံး ၂၀၁၈တဲ့..။
    အဲဒီမှာ.. ဘာသာရေးရှိတော့မယ်မထင်..
    ကမ္ဘာကိုဖန်ဆင်းထားသူက.. အဂ င်္ါဂြိုလ်မပါပဲထားခဲ့တာကိုး…

    ဆိုတော့…။
    အိုဘားမားက..(တကယ်တော့) အေးသီးစ်ပါရယ်လို့… သိရပြီးသကာလ..
    အင်း..
    .. မကြာမတင်.. ကိုးကွယ်ရာတွေပျောက်မယ်…. ထင်..။

  • အလင်းဆက်

    January 12, 2015 at 4:12 pm

    kai says: (Edit)
    အင်း..
    မကြာမတင်.. ကိုးကွယ်ရာတွေပျောက်မယ်…. ထင်..။

    ———————————————————–
    မပူပါနဲ့ သဂျီး… ကိုးကွယ်ရာ ပျောက်သွားချိန်မှာ..
    ကိုးကွယ်စရာ အသစ်တစ်ခု ထပ် ပေါ်လာမှာတဲ့..
    ဒီအောက်က..သတင်းဆောင်းပါး ဖတ်ကျိ ။

    ခွိ ခွိ
    တယ် ရီရတဲ့ ”လူ”တွေ…

    :k:
    ———————————————————–
    ကရင်ရွာမှ ပဟေဠိလူသား
    By
    အောင်သစ်လွင်
    On
    Wed, 2014-12-31 13:17
    Issue No.
    အတွဲ (၁၃)၊ အမှတ် (၄၃)

    http://d18ew186stz0am.cloudfront.net/sites/default/files/story/2014/12/2%28P%29-a.jpg

    —-
    အိမ်ဦးခန်း ဘုရားစင်ရှေ့ ပလ္လင်ပေါ်တွင် သစ်လွင်တောက်ပသော အဝါရောင်ဝတ်ရုံဝတ်ဆင်ထားသည့် အသက်(၃၀)ကျော် အမျိုးသားတစ်ဦး ထိုင်နေသည်။ ပလ​္လင်ရှေ့တွင် ဝတ်ဖြူစင်ကြယ်နှင့် သက်ကြီးရွယ်အို နှစ်ဆယ်ခန့်က လက်အုပ်ချီမိုး ရှိခိုးနေကြသည်။ ပေနှစ်ဆယ်ပတ်လည်ခန့်သာကျယ်သည့် ထိုအိမ်လေးပေါ်တွင် လူအပြည့်ဖြစ်သည်။ ထို့ကြောင့် ဝတ်ဖြူစင်ကြယ်ဝတ်အချို့မှာ အိမ်ရှေ့မြေကွက်လပ်မှနေ၍ပင် ၎င်းရှိရာဘက်သို့ မျက်နှာမူကာ လက်အုပ်ချီလျက်။

    ပလ္လင်ပေါ်မှပုဂိ္ဂုလ်က ၎င်း၏ရှေ့ အနီးဆုံးနေရာတွင် လက်အုပ်ချီထားသည့် ဆေးပိုက်တန်းလန်းနှင့် လူနာအဘွားအို၏ ခန္ဓာကိုယ်ကို လက်ဖြင့်လှမ်းထိကာ စူးရှနက်ပြာသောအသံဖြင့် ကရင်ဘာသာစကားအချို့ အော်ပြောနေပြီး ကျန်သူများက သူပြောသည့်အတိုင်း တိုင်မင်ကိုက် လိုက်ပြောကြသည်။ သုံးမိနစ်ခန့်အကြာတွင် ပလ္လင်ပေါ်မှထ၍ ပြန်ရန်ဟန်ပြင်ချိန်၌ အိမ်ရှင်က အသေအချာ စည်းနှောင်ထားခြင်းမရှိသည့် ငါးသောင်းကျပ်ခန့်ရှိမည်ဟု ခန့်မှန်းရသည့် တစ်ထောင်တန်အထုပ်တစ်ထုပ်ကို လက်အုပ်ချီလျက်ဖြင့် ၎င်းပုဂိ္ဂုလ်ထံပေးလိုက်သည်။ အိမ်ရှင်နည်းတူ ဒေသခံအချို့ကလည်း လက်အုပ်ချီလျက် ငွေစက္ကူအချို့ လှူဒါန်းကြသည်။ ထို့နောက် အဆိုပါအိမ်ကလေးမှ ၎င်းပုဂ္ဂိုလ် ထွက်ခွာသွားသည်။
    —-
    ဒီဇင်ဘာလကုန်တွင် ကရင်ပြည်နယ် ဘားအံ-ကော့ကရိတ် ကားလမ်းဘေးရှိ ကော့ကသောင်ရွာမှ မြင်ကွင်းတစ်ခုဖြစ်သည်။ ထိုနေ့က ကော့ကသောင်ရွာဒေသခံ အဘွားအိုတစ်ဦး ကျန်းမာရေးမကောင်းသောကြောင့် အဝါရောင်ဝတ်ရုံဝတ် ၎င်းကို ပင့်ကာ တရားနာ၍ သဒ္ဓါဆွမ်းကျွေးခြင်းဖြစ်ကြောင်း အိမ်ရှင်က ရှင်းပြသည်။ ဝတ်ဖြူစင်ကြယ်များနှင့် ဒေသခံသက်ကြီးရွယ်အိုများက အဘိုးဟုခေါ်ကာ လက်အုပ်ချီကန်တော့ခံနေသူမှာ မှတ်ပုံတင်အမည် စောကျော်လှသန်းဟုခေါ်သည့် အဝေးသင်တက္ကသိုလ်တက်နေဆဲ အမျိုးသားတစ်ဦး။ အသက်က(၃၈)နှစ်ခန့်။ ၎င်းမှာ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်အတွင်းရှိ ကရင်တိုင်းရင်းသားများကြား ကရင်စာပေအရ ဖူးတခီးတစ်ဖြစ်လဲ ဒေသတွင်းတွင် ဖိုးတခေတ်ဟု လူသိများနေသည့် ပဟေဠိလူသားတစ်ဦးဖြစ်သည်။

    ‘‘သူတို့က သက်သတ်လွတ်စားတယ်။ ဘုရားတည်တယ်။ ဒါပေမဲ့ ဘုရားတည်တဲ့ပုံလေးတွေက ကျမ်းဂန်ပါဠိတော်နဲ့တော့ သိပ်မညီဘူးပေါ့လေ။ အဲဒီလိုလေး တွေ့ရတယ်။ ဒါက သူတို့အယူအဆပေါ့လေ။ သူတို့ဘာသာ အဖွဲ့နဲ့နေတာပဲ။ သူတို့က စာပေရေးရာဖော်ထုတ်တဲ့ အဖွဲ့တစ်ဖွဲ့ပေါ့။ ဒါပေမဲ့ ဗုဒ္ဓဘာသာလိုင်းနဲ့တော့ နည်းနည်းလွဲနေတယ်’’ဟု ကရင်ပြည်နယ် သာသနာရေးမှူး ဦးထွန်းသန်းက ပြောသည်။

    ကရင်နှင့် မွန်ပြည်နယ်အတွင်းရှိ ကရင်တိုင်းရင်းသားများအကြား ဖိုးတခေတ်ကို မသိသူမရှိ။ သူက ဘားအံမြို့နယ် ဂျိုင်းရွာအနီးတွင် ကိုယ်ပိုင်ကရင်အမျိုးသားရွာတစ်ရွာ ထူထောင်ထားပြီး ယင်းရွာတွင် ဘုရင်တစ်ပါးကဲ့သို့ နေထိုင်သူဟု ဒေသခံများက ပြောသည်။ နေရာတစ်ခုမှတစ်ခုသို့သွားလျှင် မည်သည့်ရိုးရာဝတ်စုံမှန်း ပြောရန်ခက်ခဲသည့် ဝတ်ရုံဆန်းဝတ်ဆင်လျက် ဝေါယာဉ်ဖြင့်သွားသည်။ ယခုမူ ကားဖြင့်သွားသည်။ ဖိုးတခေတ်ဦးဆောင်သည့် ကရင်တိုင်းရင်းသားရိုးရာပွဲများတွင် ဆိတ်ငါးကောင်ဖြင့်ဆွဲသည့်လှည်းကို စီးလေ့ရှိသည့်အပြင် သမင်များကိုပါ လှည်းဆွဲခိုင်းသောကြောင့် ၎င်းကို ထူးဆန်းသော လူပုဂ္ဂိုလ်တစ်ဦးအနေဖြင့် စိတ်ဝင်စားကြသည်။ တစ်ခါတစ်ရံ ပွဲတော်မဟုတ်သည့်တိုင်အောင် အနီးဝန်းကျင်နေရာများသို့ ဆိတ်ငါးကောင်ဆွဲသော လှည်းစီးကာ ထွက်လာလေ့ရှိကြောင်း ဂျိုင်းကျေးရွာဒေသခံများက ပြောသည်။
    —–

    ဖိုးတခေတ်ထံတွင် ၎င်း၏သားသမီးများအဖြစ် ခံယူထားသည့် ဝတ်ဖြူစင်ကြယ်ဝတ်အလှူခံပုဂိ္ဂုလ် သက်ကြီးရွယ်အိုများရှိနေပြီး ၎င်းတို့က ကရင်နှင့် မွန်ပြည်နယ်အနှံ့ အလှူခံထွက်၍ရသော အလှူငွေများကို ဖိုးတခေတ်ထံတွင် အပ်ကြရသည်။ ဖိုးတခေတ်ရွာ၌ အိမ်ခြေတစ်ရာကျော်ရှိကြောင်း ဖိုးတခေတ်၏ ပြောရေးဆိုခွင့်ရှိသူ ဦးခင်သိန်းကပြောပြီး အိမ်တိုင်းတွင် ဘုရားပုံတော်၊ သာမညဆရာတော်ပုံတော်နှင့် တစ်တန်းတည်းထားကာ ဖိုးတခေတ်၏ဓာတ်ပုံကို ဘုရားစင်တင်၍ ကိုးကွယ်ထားသည်။ အချို့အိမ်များတွင် ဖိုးတခေတ်၏ ဓာတ်ပုံတစ်ပုံတည်းသာ ပန်း၊ ရေချမ်းတို့ဖြင့် ကိုးကွယ်ထားသည်။

    ထိုလုပ်ရပ်များကိုသိသည့် ကရင်တိုင်းရင်းသားအများစုက ဖိုးတခေတ်သည် ရိုးသားသည့် ကရင်တိုင်းရင်းသားအချို့အပေါ် သူလိုချင်သည့်ပုံစံတစ်ခုကို ရည်ရွယ်ချက်ရှိရှိ သွတ်သွင်းနေသူဖြစ်ကြောင်း သုံးသပ်ဝေဖန်ကြသည်။ အချိန်နှင့်အမျှ တိုးတက်နေသော နည်းပညာခေတ်တွင် ဖိုးတခေတ်က ရှေးရိုးစွဲအယူအဆများဖြင့် လူ့အဖွဲ့အစည်းတစ်ခုကို အရည်းကြီးကိုးကွယ်သူများကဲ့သို့ဖြစ်အောင် ဖန်တီးနေခြင်းဖြစ်ကြောင်း ဝေဖန်သံများလည်း ဆူညံစွာထွက်ပေါ်နေသည်။

    ‘‘သူ့အယူက တစ်မျိုးဗျ။ သူပြောဆိုနေတာတွေက ယုတ္တိတော့မတန်ဘူး။ ဘာသာရေးပဋိပက္ခတွေဖြစ်လို့ သွေးချောင်းစီးရန်ပွဲတွေဖြစ်ပြီး နောက်ဆုံး ဘာသာအားလုံးပျောက်သွားရင် ပေါ်လာမှာက ဖိုးတခေတ်သာသနာလို့ ပြောတယ်။

    မယုံကြည်သူတွေရှိသလို ယုံနေတဲ့သူတွေလည်းရှိနေတယ်။ မယုံသူတွေအတွက်ကတော့ သူက ရူးနေတာလို့ ပြောကြတာပေါ့’’ဟု ကရင်တိုင်းရင်းသား စောဖိုးလှကပြောသည်။

    ဖိုးတခေတ်နှင့် အနီးကပ်နေသူ အဖွဲ့ဝင်များက ဝတ်ဖြူစင်ကြယ်ဝတ်ရသည်။ ဆံပင်လုံးဝမညှပ်ရဘဲ အရှည်ထားရသည်။ အမျိုးသမီး၊ အမျိုးသားအားလုံး နားကပ်ပန်ရသည်။ ပုတီးများ ချိတ်ဆွဲထားရသည်။ မည်သည့်နေရာသွားသွား ဖိနပ်မစီးရ။ ထိုအချက်များသည် ပုဂံခေတ်က ထွန်းကားခဲ့ဖူးသည့် အရည်းကြီးများနှင့် ဆင်တူနေကြောင်း ကရင်တိုင်းရင်းသား စောဖိုးလှက ပြောသည်။

    ဖိုးတခေတ်၏ဇာတိမှာ ဘားအံမြို့ ဇွဲကပင်တောင်ခြေရှိ ဒုံရင်းရေတံခွန်အနီး ကော့မူးနုပ်ရွာဖြစ်သည်။ လွန်ခဲ့သော နှစ်နှစ်ဆယ်နီးပါးက လူမျိုးစုတစ်စု၏ ဘုရင်တစ်ပါးအဖြစ် မိမိကိုယ်ကိုယ်သမုတ်ကာ ဒုံရင်းရေတံခွန်အနီး၌ ဝိနည်းနှင့် လွဲချော်နေသော ဘုရားစေတီများ တည်ဆောက်ရာမှ ဒေသခံ ကရင်ဗုဒ္ဓဘာသာများနှင့် ထိပ်တိုက်တွေ့ကာ ဘားအံမြို့နှင့် မိုင် ၃ဝ ကျော်ဝေးသော ဂျိုင်းရွာသို့ ပြောင်းရွှေ့သွားခဲ့ရခြင်းဖြစ်ကြောင်း ဘားအံမြို့ဒေသခံအများစုက ပြောသည်။ ဂျိုင်းရွာအနီး ဖိုးတခေတ်၏ ရွာမြေနေရာကိုလည်း ကရင်ပြည်နယ်အစိုးရကိုယ်တိုင် ပေးခဲ့ခြင်းဖြစ်ကြောင်း ဘားအံခရိုင် အထွေထွေအုပ်ချုပ်ရေးမှူးရုံးမှ အတည်ပြုနိုင်ခဲ့သော်လည်း အသေးစိတ်ကို ရှင်းမပြတတ်ကြောင်း အဆိုပါရုံးမှ ဝန်ထမ်းအချို့က ပြောသည်။

    ဂျိုင်းရွာအနီး ဖိုးတခေတ်၏ ကရင်အမျိုးသားရွာတွင် ခန့်မှန်းလူဦးရေ ကိုးရာနီးပါးရှိကြောင်း ဖိုးတခေတ်၏ လူယုံ ဦးခင်သိန်းက ပြောသော်လည်း ဂျိုင်းရွာအုပ်ချုပ်ရေးမှူးကမူ ထိုရွာမှာ ဒေသအုပ်ချုပ်ရေးမှူးအောက်တွင် ရှိမနေသကဲ့သို့ ဖြစ်နေကြောင်း ပြောသည်။ ရွေးကောက်ပွဲအတွက် လူဦးရေစာရင်းစစ်ဖို့ကိုပင် ဖိုးတခေတ်က ခွင့်မပြုသောကြောင့် စစ်ဆေး၍မရသေးကြောင်း ဂျိုင်းရွာအုပ်ချုပ်ရေးမှူး ဦးစိုးသန်းက ပြောသည်။

    ‘‘ရွေးကောက်ပွဲအတွက် လူဦးရေစာရင်း ကျေးရွာအုပ်စုအလိုက် ကောက်နေတယ်။ သူ့ကျေးရွာအတွက် စာရင်းဇယားမှန်မှန်ကန်ကန်ဖြစ်ဖို့ စာရင်းတောင်းတာ အခုထိမရသေးဘူး။ ဟိုမှာ ဒုံးသွားကတယ်တို့၊ ဟိုကိုသွားတယ်လို့ ပြောတယ်။ ဒါ နိုင်ငံတော်နဲ့ ပတ်သက်ရင် သူလုပ်ပေးရမယ့် တာဝန်ရှိတယ်လေ။ သွားတွေ့တော့ အတွေ့မခံတာလို ဟိုရှောင်ဒီရှောင်နဲ့ လုပ်နေတာ’’ဟု ပြောသည်။

    ကျန်းမာရေးဝန်ကြီးဌာနက ဦးဆောင်ပြုလုပ်သည့် (၅)နှစ်အောက် ကလေးများ ပိုလီယိုရောဂါကာကွယ်ဆေးတိုက်ကျွေးရေး စီမံချက်တွင်လည်း ၎င်း၏ ခွင့်ပြုချက်မရသောကြောင့် ကလေးများအား ကာကွယ်ဆေးမတိုက်ခဲ့ရသည့် အတွေ့အကြုံရှိခဲ့ကြောင်း ဦးစိုးသန်းက ပြောသည်။

    ထိုရွာတွင် ကျောင်းနေအရွယ်ကလေးများစွာ တွေ့ခဲ့ရသော်လည်း မိဘများကိုယ်တိုင် ကျောင်းပညာရေး စိတ်မဝင်စားသကဲ့သို့ ကလေးများအား အစိုးရကျောင်းတွင် မထားကြပေ။ ဒေသတွင်းရှိ လူမှုရေးအဖွဲ့အစည်းများ၊ အင်န်ဂျီအိုများက ကလေးများပညာရေးအတွက် အကောင်အထည်ဖော်ရန် တိုက်တွန်းကြသော်လည်း ဖိုးတခေတ်က လက်မခံခဲ့ကြောင်း သိရသည်။ ရွာတည်ထောင်ခဲ့သည်မှာ နှစ်နှစ်ဆယ်နီးပါးရှိနေပြီဖြစ်သော်လည်း စာသင်ကျောင်းဖွင့်ခြင်းမရှိခဲ့ဘဲ ဝေဖန်မှုများကြောင့် ပြီးခဲ့သည့်နှစ်က သစ်သားကျောင်းဆောင်တစ်ဆောင် ဆောက်ခဲ့သည်။ သို့သော် အဆိုပါကျောင်းသို့ အစိုးရပညာရေးဝန်ထမ်းများ သင်ခွင့်မပြုဘဲ ၎င်း၏အစီအစဉ်ဖြင့်သာ စာသင်သည်။

    ‘‘သူ့ပါရမီနဲ့သူလေ။ သူများလိုက်လို့မထိတာ သူလိုက်ရင်ထိတယ်။ သူက ပြောတယ်။ မင်းတို့ ငါ့စကားနားထောင်။ မင်းတို့လုပ်လို့ မထိတာ ငါလုပ်ပေးမယ်။ သက်သတ်လွတ်ပဲ စားရတယ်။ ဘာမှမလုပ်ရဘူး’’ဟု ဖိုးမိုက်ကဆိုသည်။ ထို့ပြင် ဖိုးတခေတ်၏ သားသမီးအဖြစ် သစ္စာခံပြီးပါက အရက်သေစာမသောက်ရန် ကျိန်စာဆိုထားရကြောင်း ပြောသည်။ ထို့ပြင် ဖိုးတခေတ်မှာ ၎င်းထက် အသက်ငယ်သော်လည်း ပါရမီနှင့် တန်ခိုးအာဏာရှိသည်ဟု ယုံကြည်ကြောင်း ပြောသည်။

    ဖိုးတခေတ်ရွာအနီးတွင် သီတင်းသုံးသည့် သံဃာတော်တစ်ပါးက ဖိုးတခေတ်အနေဖြင့် ၎င်းထူထောင်ထားသည့် ကျေးရွာကို အမှန်တကယ်တိုးတက်စေချင်သည့်စိတ်ဖြင့် ဒေသတွင်းလူမှုရေးအဖွဲ့အစည်းများ၊ အာဏာပိုင်များနှင့် ပူးပေါင်းဆောင်ရွက်ပါက ထိုရွာတွင် ဆယ်စုနှစ်နှစ်ခုအတွင်း အလယ်တန်းအဆင့်ကျောင်းတစ်ကျောင်းပင် ဖြစ်သင့်နေပြီဖြစ်ကြောင်း သုံးသပ်သည်။

    ‘‘အသက်(၃၀)ကျော်ကျော်လောက်မှာ ဒီအင်အားတွေနဲ့၊ အဖွဲ့အစည်းတစ်ခုနဲ့ နေရတယ်ဆိုတာ လုပ်ရည်ကိုင်ရည်တော့ ရှိပါလိမ့်မယ်။ သူ့ရွာမှာ သူအကြီးဆုံးဆိုတော့ ဘုန်းကြီးမကိုးကွယ်ကြတော့ဘူး’’ဟု ဂျိုင်းကျေးရွာအုပ်စုမှ ဆရာတော်တစ်ပါးက မိန့်သည်။

    ဖိုးတခေတ်၏ ရွာထဲရှိ အိမ်များမှာ ဧက ၁၇ဝ နီးပါးရှိနေသည်ဆိုသည့် မြေနေရာတွင် နေရာကွက်၍ ဟိုတစ်စုသည်တစ်စု ဆောက်ထားကြခြင်းဖြစ်ပြီး အားလုံးက ဖိုးတခေတ်ပေါ်တွင် ယုံကြည်အားကိုးမှုရှိသည်ကို အရှင်းသားတွေ့ရသည်။

    အသက်(၆၀)အရွယ် ဖိုးတခေတ်၏ တပည့်ဆိုသူ ဒေါ်ကြည်မြင့်က ၎င်းနေထိုင်သည့်အိမ်၏ ဘုရားစင်တွင် ဖိုးတခေတ်ပုံကိုသာတင်၍ ကိုးကွယ်ထားသည်။ ဖိုးတခေတ်ကို ညတိုင်းရှိခိုး၍အိပ်ကြောင်း ပြောသည်။ ထို့ပြင် ကျန်းမာရေးမကောင်း၍သာ အိမ်တွင်နေခြင်းဖြစ်ပြီး မကြာမီတွင် အဘိုးအတွက် အလှူခံထွက်မည်ဖြစ်ကြောင်း ပြောသည်။

    ဘားအံ-ကော့ကရိတ်ကားလမ်းမဘေးတွင် ဖိနပ်မပါခြေဗလာဖြင့် တွေ့ရသည့် ဖိုးတခေတ်၏ သားတပည့်ဖြစ်သူဟုဆိုသူ အသက်(၇၀)အရွယ်ခန့်ရှိ အဘိုးကောက်ရက ဖိုးတခေတ်အတွက် အလှူခံထွက်လာခြင်းဖြစ်ပြီး သံလွင်မြစ်အရှေ့ဘက်ပိုင်းအနှံ့ အလှူခံထွက်မည်ဖြစ်ကြောင်း ပြောသည်။ အလှူခံတစ်ခါထွက်လျှင် ဆယ်ရက်ခန့်ကြာတတ်ပြီး ကျပ်ဆယ်သိန်းခန့်ရကာ အားလုံး ဖိုးတခေတ်ထံအပ်ကြောင်း ပြောသည်။

    ‘‘အများအကျိုးဆောင် ကိုယ့်အကျိုးအောင်လေ။ ထိုင်နေလို့ ဘာသွားရမလဲ’’ ၎င်းကပြောသည်။

    သက်ကြီးရွယ်အိုတစ်ယောက် ဖိနပ်ဗလာဖြင့် လမ်းလျှောက်နေသည့်အပေါ် မေးမြန်းရာ ရှေးရှေးတုန်းက ဖိနပ်မပေါ်မီက ရှေးလူကြီးများလည်း ဖိနပ်မစီးကြကြောင်း ရယ်မောပြောဆိုသည်။ ရသည့်အလှူငွေဖြင့် ၎င်းတို့အတွက် အဆောက်အအုံများဆောက်ကာ သာရေးနာရေးကိစ္စများတွင် အသုံးပြုကြောင်း အဘိုးကောက်ရက ပြောသော်လည်း ရွာထဲတွင် ပြောပလောက်အောင် သေသပ်သော အဆောက်အအုံမတွေ့။ အစားအသောက်နေရာမှာလည်း သန့်ရှင်းမှုမရှိ။ ဝတ်ဖြူစင်ကြယ်ဝတ်ကြသော်လည်း ညစ်ပတ်ပေရေနေသော အသွင်အပြင်သာ တွေ့ရသည်။ ၎င်း၏ထိန်းသိမ်းမှုအောက်တွင် ကျောင်းသား၊ ဥပါသကာ၊ ဖိုးသူတော်၊ ကပ္ပိယ၊ ကိုရင်၊ ဦးပဉ္စင်းဟူ၍ အဆင့်ဆင့်ရှိပြီး အားလုံးဆံပင်အရှည်ထားရသည်။ ကရင်တိုင်းရင်းသားဝတ်စုံကိုသာ ဝတ်ရသည်။ သို့သော် အဖွဲ့ဝင်လူငယ်များအတွက် ရွာထဲတွင် ပျော်ပွဲရွှင်ပွဲများ ပြုလုပ်ပေးလေ့ရှိကြောင်း ပြောသည်။

    ‘‘ကာလသမီး၊ ကာလသားတွေကျတော့ ပုတီးစိပ်ခိုင်းရင် မစိပ်နိုင်ဘူးလေ။ မစိပ်နိုင်ရင် ကဲ ပျော်ပါးချင် ဇာတ်သွားက၊ သက်သတ်လွတ်စား၊ လူပျိုတွေကျတော့ ပုတီးစိပ်ခိုင်းလို့ရမလား။ အပျော်အပါးလိုက်ချင်ရင် ဇာတ်သွားကလေ။ လောကီလေ။ ကလေးက များတယ်လေ။ အကြိုက်ချင်း မတူဘူးလေ။ အချိုကြိုက်ရင် အချိုပေးတယ်။ အခါးကြိုက်ရင် အခါးပေးတယ်’’ဟု ဖိုးတခေတ်၏ရွာထဲမှ ၎င်း၏အဖွဲ့ဝင်တစ်ဦးက ပြောသည်။

    ပြီးခဲ့သော နိုဝင်ဘာအတွင်း ဖိုးတခေတ်၏ မွေးနေ့ပွဲတွင် လေးရက်ဆက်တိုက် ဇာတ်ပွဲ ၁၂ ပွဲ စင်ပြိုင်ကပြစေခဲ့၍ အနီးအနားရွာဒေသခံများက ယင်းလုပ်ရပ်ကို အံ့ဩခဲ့ရကြောင်း ပြောသည်။

    ‘‘ကရင်တိုင်းရင်းသားတွေရဲ့ တကယ့်ပွဲတော်တွေမှာတောင် လွန်ရောကျွံရော ဇာတ်နှစ်ခုပဲ။ အခုက ၁၂ ဇာတ်။ ပြီးတော့ ညဉ့်သန်းခေါင်အချိန်မှာ ပွဲခင်းထဲရှိနေသေးတဲ့ လူတွေကို တစ်ယောက် မုန့်ဖိုးငါးထောင်လိုက်ပေးတယ်။ ဘာတွေလုပ်တာလဲတော့ နားမလည်ဘူး’’ဟု ဂျိုင်းရွာဒေသခံတစ်ဦးကဆိုသည်။

    ဖိုးတခေတ်က ကရင်ရိုးရာယဉ်ကျေးမှုအဖွဲ့ခေါင်းဆောင်ရာထူးဖြင့် ရိုးရာယဉ်ကျေးမှုကို ထိန်းသိမ်းနေသူအဖြစ် ၎င်း၏ရပ်တည်ချက်ကို အကောင်းမြင်သူများလည်း ရှိသည်။

    ‘‘ပျောက်ကွယ်လုနီးပါးဖြစ်နေတဲ့ ရိုးရာအမွေအနှစ်တွေကို သူက ထိန်းသိမ်းထားတာပဲ။ ဖိုးတခေတ်ကို ကရင့်ရိုးရာရဲ့အချုပ်လို့ဆိုရင် ပိုမှန်နိုင်မယ်ထင်တယ်။ သူ့ကို ယုံကြည်သူတွေ ဖွဲ့ထားတဲ့ အဖွဲ့လည်း ရှိတယ်။ တိုင်းရင်းသားရိုးရာပွဲတွေမှာ သူတို့ဆိုတဲ့ တေးသီချင်းတွေက ကရင်ရိုးရာသီချင်းတွေ။ ကရင်ယဉ်ကျေးမှုရဲ့ အဆင့်မြင့်ဆုံးတွေပဲ။ တစ်ခုကျေးဇူးတင်ရမှာက သူတို့ရှိလို့ ကရင်ယဉ်ကျေးမှုအစစ်တွေကို ဖော်ထုတ်ခွင့်ရနေတာပဲဗျ’’ဟု ကရင်တိုင်းရင်းသားလူငယ်တစ်ဦးက ပြောသည်။

    ကရင်ပြည်နယ် ယဉ်ကျေးမှုဦးစီးအရာရှိ ဦးစောဝင်းကျော်ကျော်က ဖိုးတခေတ်မှာ ကရင်တိုင်းရင်းသား ရိုးရာအလေ့အထကို တန်ဖိုးထားထိန်းသိမ်းသည့်အဖွဲ့ဖြစ်ကြောင်း ပြောသည်။ သို့သော် ကရင်လူမျိုးသမိုင်းတွင် အသိအမှတ်ပြုထားသည့် တလခုမ်းနှင့် လဲကယ်လူမျိုးစုတို့၏ ယုံကြည်ကိုးကွယ်ကဲ့သို့ ဖိုးတခေတ်ကိုးကွယ်ယုံကြည်မှုကို ယဉ်ကျေးမှုဝန်ကြီးဌာနက တရားဝင်အသိအမှတ်ပြုမထားကြောင်း ပြောသည်။

    ‘‘အထက်လမ်းတွေ၊ အောက်လမ်းတွေ၊ ဘာသာရေးတွေ၊ နိုင်ငံရေးတွေ၊ လူမျိုးရေးတွေမပါဘဲ သူတို့ ဓလေ့ထုံးစံကို ကြည့့်မယ်ဆိုရင် သူတို့ယုံကြည်ရာကို ဘယ်သူမှမထိခိုက်ဘဲလုပ်နေတာကို တွေ့ရပါတယ်။ နှစ်သစ်ကူးပွဲမှာဆိုရင်တော့ သူပါရင် ရိုးရာပွဲပိုစည်ကားတယ်’’ဟု ဖိုးတခေတ်နောက်သို့ မှတ်တမ်းလိုက်ယူခဲ့သည့် ဓာတ်ပုံဆရာတစ်ဦးကပြောသည်။

    ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်သို့ ခရီးဆန့်သူများ လမ်းခရီးတွင် နွမ်းပါးသော ဝတ်ဖြူစင်ကြယ် သက်ကြီးရွယ်အိုအချို့ တွေ့ရနိုင်သည်။ ၎င်းမှာ ပြည်တွင်းရော ပြည်ပမှ ကရင်တိုင်းရင်းသားများကိုယ်တိုင် တိတိပပသိချင်နေသည့် စောကျော်လှသန်း (ခေါ်) ဖိုးတခေတ်၏အဖွဲ့ဝင်များပင် ဖြစ်ပါသည်။
    http://www.7daydaily.com/story/28244#.VLOWVclmr_g

    —–

  • kyeemite

    January 13, 2015 at 11:11 am

    .အဲ့သီချင်းလေးစကြားဖူးကတည်းက အလွန်နှစ်သက်ခဲ့တယ်…
    .သီချင်းအဓိပ်ပါယ်ကိုတော့ ဂဃနဏ မတွေးမိခဲ့
    .ခုစာသားလေးတွေဖတ်မိတော့မှ ပိုပြီးကြိုက်မိသဗျာ…
    .ခုတလောလည်းဒီသတင်းတွေပဲကြားနေရတယ်…

    .ယနေ. ဂျာမဏီတွင်လည်း အကြမ်းဖက်ခံရ
    ============================
    ဂျာမဏီနိုုင်ငံထုုတ် Hamburger Morgenpost သတင်းစာတိုုက်သည်
    မီးလောင်ဗုုံးဖြင့် ယနေ့တွင် တိုုက်ခိုုက်ခံခဲ့ရ ကြောင်း။
    ———————————————————————————
    တမန်တော်မိုုဟာမက်အား သရော်သည့် ပါရီမြို့ Charlie Hebdo မဂ္ဂဇင်းတိုုက်
    မှ ထုုတ်ဝေခဲ့သော ကာတွန်းများအား ယခုုရက်ပိုုင်းအတွင်း ပြန်လည်ပုုံနှိပ်
    ဖော်ပြခဲ့သည့် ဂျာမဏီနိုုင်ငံထုုတ် Hamburger Morgenpost သတင်းစာတိုုက်
    သည် မီးလောင်ဗုုံးဖြင့် ယနေ့တွင် တိုုက်ခိုုက်ခံခဲ့ရ ကြောင်းသိရှိရ သည်။
    တိုုက်ခိုုက်မှုကြောင့် လူထိခိုုက်သေဆုုံးမှုမရှိဘဲ သတင်းစာတိုုက်၏ အခန်းနှစ်ခန်း မီးကူးစက်လောင်ကျွမ်းခဲ့သည်။

    ဂျာမဏီနိုုင်ငံတွင် မွတ်စလင်ဆန့်ကျင်ရေး လှုပ်ရှားမှုများဖြစ်ပေါ်နေပြီး ဂျာမန်
    ဝန်ကြီးချုပ် အိန်ဂျလာမာကဲက မွတ်စလင်ဆန့်ကျင်ရေးဆန္ဒပြမှုများတွင် မပါဝင်ရန် ပြည်သူလူထုုအား ပြောကြားထားသည်။ ထိုု့ပြင် သူက အကြမ်း
    ဖက်မှုနှင့် အစ္စလမ်ဘာသာကိုု ခွဲခြားမြင်ရန်လည်း ၎င်း၏မကြာသေးမီကပြုလုုပ်
    ခဲ့သည့် မိန်းခွန်းတွင် ထည့်သွင်းပြောဆိုုထားသည်။

    The Yangon Globe
    ========================
    breaking news
    ________________________(CRI Online) 15:37, January 12, 2015
    ယနေ ့တနလာင်္နေ ့ မနက်ပိုင်းအချိန်တွင် တရုတ်နိုင်ငံ ဇင်းကျန်းပြည်နယ်က မူဆလင် ဘာသာဝင်အများဆုံးနေထိုင်သည့် ပြည်နယ်မှာ ဖေါက်ခွဲရေး ပစ္စည်းတွေကိုင်ဆောက်ပြီး တိုက်ခိုက်ဖို ့ ကြိုးစားခဲ့သည့် လူခြောက်ဦးအား တရုတ်ရဲများကအသေပစ်သတ်ခဲ့ကြောင်း CRI သတင်းတရပ်တွင်ဖေါ်ပြထားသည်။
    Residents called the police after finding a suspicious person taking exploder at the downtown area of Shule county, Xinjiang Uygur Autonomous Region Monday morning.
    The suspicious person was killed by the policy before igniting the explosive device.
    Later, five other mobsters attempted to ignite the exploder. All of them were shot dead on the site.There is no casualty during the action. :p:

  • Mr. MarGa

    January 13, 2015 at 11:38 am

    Imagine ဆိုတဲ့အတိုင်း
    imagine ရုံသာ တတ်နိုင်ကြသေးတယ် 🙁

  • kyeemite

    January 13, 2015 at 11:49 am

    .အဲ့သီချင်းလေးဒေါင်းချင်တယ်ဗျာ..ဘိုလုပ်ရမဲ 🙁

  • kyeemite

    January 13, 2015 at 1:35 pm

    ဒေါင်းလုပ်အိုင်ကွန်းမတွေ့ဝူး 🙁

    • မဟာရာဇာ အံစာတုံး

      January 13, 2015 at 1:40 pm

      https://addons.mozilla.org/en-US/firefox/addon/1-click-youtube-video-downl/
      ဒီနေရာကို သွား
      +Add to Firefox ဆိုတာလေးကိုနှိပ်
      ခဏနေရင် install လုပ်ရမယ့် ဘောက်လေး ပေါ်လာလိမ့်မယ်။ install ကို နှိပ်လိုက်။
      Firefox Restart ချရမယ်ဆိုရင် ချပလိုက်။
      ပြန်ပွင့်လာရင် ဗွီဒီယိုကို ပြန်ဖွင့်ကြည့်လိုက် …
      Loading ပြီးလို့ ဗွီဒီယို ပွင့်လာရင် အောက်နား Download ဆိုတဲ့ button လေးကို တွေ့ရလိမ့်မယ်။
      အဲ့ဒါလေးကို နှိပ်ပြီး 3gp နဲ့ပဲ ဒေါင်းဒေါင်း mp4 နဲ့ပဲဒေါင်းဒေါင်း ဒေါင်းပလိုက်။
      3gp နဲ့က ပိုပြီး ဆိုဒ်သေးတယ်။ မြန်တယ်။

      ဒါဘာဘဲ .. အုတ်ကထဂျီးရယ် ….

  • မဟာရာဇာ အံစာတုံး

    January 13, 2015 at 1:46 pm

    အရီးရေ …
    ကျော် ငယ်ငယ်တုန်းက
    စာသင်ခန်းထဲမှာ အိပ်ငိုက်နေတုန်း
    ခေါင်းကို ဖပ်ခနဲ ပုတ်ခံလိုက်ရတော့ လူလည်း ဆတ်ခနဲ ခေါင်းထောင်လာတာပေါ့
    ပီးတော့ ငါ့ခေါင်း ဘာကောင်ပုတ်တာလဲကွ ဆိုပြီး ဘေးဘီဝဲယာကို ရန်လိုတဲ့အကြည့်နဲ့ ကြည့်လိုက်တော့တာပေါ့ဗျာ …..။

    လူတွေမှာလည်း ဒီလိုပဲ ထင်ပါတယ်
    ဘာသာရေးနဲ့ ပုတ်လိုက်တဲ့အခါ ဆတ်ဆတ်ထိမခံတော့ဘဲ မှားမှန်မသိ ရန်စောင်တတ်တော့တာပါပဲ …
    ကျန်ဒါဒေါ့ တိတော့ဘူးဂျာ ….

    • CharTooLan

      January 17, 2015 at 1:57 pm

      အိုက်တော့ ဘာသာရေးဆိုတာ အိပ်ငိုက်တာကိုပြောချင်တာလား မတိလို့မေးတာနော်
      ဘီဒယိုဒေါင်းလော့အတွက် ကျေးကျေး အံစာ 😀

  • Ma Ma

    January 16, 2015 at 10:09 am

    ဘာသာတရားဆိုတာ လူတွေကို ယဉ်ကျေးအောင်၊ သိမ်မွေ့အောင်၊ အေးချမ်းအောင် ဆုံးမပေးဖို့ဟာ…..
    ခုတော့ ဘာသာတရားကြောင့် သွေးချောင်းစီးရနေကြရတယ်။

    ဘာသာတရားကို ကိုးကွယ်တယ်လို့ပြောတဲ့……….
    ဘာသာဝင်တွေကပဲ……..
    ကိုယ့်ဘာသာတရားကို နာမည်ဆိုးထွက်အောင်၊ ပျက်စီးအောင် ကိုယ်ကိုယ်တိုင် ကြိုးစားနေကြသလိုပဲ။ :eee:

  • Mike

    July 20, 2015 at 2:41 pm

    .ဒီနေ့ပဲ ဖေ့ဘုတ်ပေါ် ကိုသစ်မင်းက ဒီသီချင်းလေးအကြောင်းတင်လာတယ်…
    .ဒါနဲ့ကျုပ်လည်း ကိုသစ်ကိုဒီလင့်သွားပေးလိုက်သဗျို့..ခီများတို့နှစ်ယောက်အတူတူ.နားဦးတည့်ပုံများတော့အံ့တောင်ဩတယ် :))

    • မြစပဲရိုး

      July 20, 2015 at 10:58 pm

      . ကျေးဇူးပါ မိုက်။
      ကိုသစ် ကိုလဲ ကျွန်မ က နှုတ်ဆက် တယ်ပြောပေးပါ ဦး။ :-))
      တစ်ခြား တက္ကသိုလ်က ဆရာကြီး တွေတော့ စကားပီ ပြ နေကြပြီ။
      ကျွန်မ တော့ ကျွန်မ ရဲ့ ဆရာကြီး တစ်ချို့ ကို ပြေးသတိရနေမိတော့တယ်။

  • မြစပဲရိုး

    November 15, 2015 at 10:10 pm

    It happened again. :-(((
    +++++++++++

    Imagine there’s no countries
    It isn’t hard to do
    Nothing to kill or die for
    And no religion too
    Imagine all the people
    Living life in peace…

Leave a Reply