Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

” ……?…… ကောင်းမယ်”

ခင္ခJanuary 13, 20151min53314

” ……?…… ကောင်းမယ်”

 

သူတောင်းစားကတွေးတယ် – တစ်နေ့တစ်နေ့နေပူထဲ ထိုင်လိုက်ထလိုက်ထမင်းစားဖို့အရေးတောင်းနေရတာ ငါ့ကို ပုံမှန်နေ့စဉ် ထမင်းတစ်နပ်ကျွေးတဲ့ အလှုရှင်များရှိရင် ကောင်းမယ်။

ဆိုက်ကားဆရာကတွေးတယ် – တစ်နေ့တစ်နေ့ငါ ဆိုက်ကားနင်းပြီးဝင်ငွေရှာရတာ မောပါ့ကွာ အဌားကားလေး တစ်စီးလောက် စပေါ်တင်ပြီး မောင်းနိုင်ရင်တော့ ပင်ပန်းသက်သာဝင်ငွေပိုရမှာဘဲလေ Taxiစပေါ်တင်နိုင်ရင် ကောင်းမယ်။

အုံနာခပေးအဌားယာဉ်မောင်းကတွေးတယ် – တစ်နေ့တစ်နေ့အဌားကားတွေများလာလေတော့ အုံနာခပြည့် အောင်မနည်းရှာနေရတယ် ကိုယ်ပိုင်Taxi သာဝယ်နိုင်ရင်တော့ အုံနာခက ကိုယ့်အတွက်မို့ ကိုယ်ပိုင်Taxi ကားလေးဝယ်နိုင်ရင်ကောင်းမယ်။

ရုံးစာရေးတစ်ယောက်ကတွေးတယ် – တစ်နေ့တစ်နေ့ လူကြီးကခိုင်းလိုက် အထက်အရာရှိကဟောက်လိုက်နဲ့ ဒီတစ်ခါရာထူးတိုးစာမေးပွဲကိုအောင်ဖို့ဖြေရမယ် အရာရှိလေးဖြစ်ရင်ကောင်းမယ်။

ရုံးအရာရှိတစ်ယောက်ကတွေးတယ် – တစ်နေ့တစ်နေ့ ရလိုက်တဲ့လက်ဆောင်တွေ ပနာတွေနဲ့ ညွန်မှုးတွေများ အဆင်ကိုပြေလို့ ငါတို့မှာတော့ သူစွန့်သလောက်လေးနဲ့ကျေနပ်ရတာ တစ်နေ့ညွန်မှုးဖြစ်ရင်ကောင်းမယ်။

ကျောင်းသားတစ်ယောက်ကတွေးတယ် – တစ်နေ့တစ်နေ့ကျက်လိုက်ရတဲ့စာတွေ ပိုက်ဆံလည်းမရဘူး နှစ်မြန်မြန်ကုန် ကျောင်းမြန်မြန်ပြီးရင် စာကျက်ရတဲ့ဒုက္ခလည်းလွတ်မယ် အလုပ်လုပ်တော့ငွေလည်းရမယ် ဘွဲ့မြန်မြန်ရရင်ကောင်းမယ်။

အလုပ်သမားတစ်ယောက်ကတွေးတယ် – တစ်နေ့တစ်နေ့ကုန်ဈေးနှုန်းကလည်း ရပ်နေတယ်မရှိဘူး တရိပ်ရိပ် တက်တက်လာသာ လုပ်ခလစာလေးတိုးပေးရင်ကောင်းမယ်။

သူဌေးတစ်ယောက်ကတွေးတယ် – တစ်နေ့တစ်နေ့ရောင်းနေရတာကလဲ ပုံမှန်လောက်ဘဲ ဒီထက်မက ဈေးကွက်ရပြီး ရောင်းရရင်တော့ ငါနောက်အလုပ်တစ်ခုရင်းလို့ရမယ် ဒီထက်မကရောင်းကောင်းရင် ကောင်းမယ်။

သီးနှံစပါးစိုက်သူတောင်သူကတွေးတယ် – တစ်နေ့တစ်နေ့ ရာသီဥတုတွေမမှန်လေတော့ ရာသီကိုမှီတဲ့ငါတို့ သီးနှံတွေအထွက်တိုးကျလိုက်တာ ဒီနှစ်တော့ မိုးလေးမှန်ရင်တော့ သီးနှံအထွက်တိုးရချည်ရဲ့ ရာသီဥတု မဖောက်ပြန်ရင်ကောင်းမယ်။

အဲဒီလို အဲဒီလို လူတန်းစားအလွှာအသီး ကိုယ်ကျင်လည်ရာ ကိုယ်လုပ်နေရတာထက် ပိုပြီးသက်သာမယ့် အဆင်ပြေမယ့် ကောင်းစားမယ့် နေရာကို လိုချင်တောင်းတ စိတ်ကူးကြတဲ့ ” ဘာဖြစ်ရင်ကောင်းမယ်” ဆို တာတွေကတော့ ကိုယ်ကျင်လည်ရာ ဘဝတွေ အခြေအနေတွေပေါ်မူတည်ပြီး ကွဲပြားကြတယ်လေ။

ဒါဆို အဲဒီ အလွှာမတူတဲ့ သူတွေ အတော်များများမှာ တူညီတဲ့ ” ဘာဖြစ်ရင်ကောင်းမယ်” ဆိုတာမျိုး မရှိဘူးလားလို့ မေးစရာ တွေးစရာဖြစ်လာတယ်။ ဒါပေမယ့် အလွှာမတူတဲ့သူတွေမှာ အများဆုံး တူညီတဲ့ ကောင်းမယ်ဆိုသော မျှော်မှန်းမှုတစ်ခုတော့ တွေ့မိတယ်ဗျ။ အဲဒါကတော့…………..

“ဒို့ မြန်မာပြည်လဲ စစ်အာဏာရှင်မျိုးဆက်အုပ်ချုပ်မင်းမူနေတာချုပ်ငြိမ်းပြီး ဒီမိုကရေစီနိုင်ငံအစစ် ဖြစ်ရင် ကောင်းမယ် ”

 

 

 

ခင်ခ။

14 comments

  • kai

    January 13, 2015 at 3:23 pm

    ကောင်းမယ်… ဆိုတာက… ဆန္ဒပေါ့..။
    ဆန္ဒတင်ရပ်မနေပဲ.. ဝီရိယလေးထည့်…
    စိတ်ဓာတ်ကောင်းလေးထားပြီး…
    ပညာဉာဏ်လေးပါကူလိုက်ရင်.. ပွဲပြီး…။ :k:

    • ခင် ခ

      January 13, 2015 at 3:39 pm

      ဟေ့သဂျီး တရားအားထုတ်ခိုင်းတာလဲ။
      တရားကတော့ အားထုတ်နေကြတာပြောမနေနဲ့ မြန်မာပြည်တောင် ဖွတ်ဖွတ်ညက်ညက်ကြေတော့မယ်နော်။
      နေရာတကာ တရုတ်ပစ္စည်း တရုတ်ပိုင် တရုတ်မတွေ တစ်နေ့တခြား ပေါမှပေါနော်။

  • aye.kk

    January 13, 2015 at 3:36 pm

    တူညီတဲ့ဆန္ဒ၊တူညီတဲ့အသိ
    ရင်ထဲအပြည့်ရှိနေတာ..။
    ပြုလုပ်ပေးဖို ့အတွက်၊ဝန်လေးနေတဲ့ဝန်မင်းများ
    အားလုံးဝိုင်းချွတ်မှသာ၊ကျွတ်မတဲ့ဗျား။

    • ခင် ခ

      January 13, 2015 at 3:40 pm

      သက်တော်ရှည်အမတ်များ ပြည်ဖုံးကားချသောတစ်နေ့……….. ထိုနေ့ဝယ် ပေါ့ဗျာ။

  • kyeemite

    January 13, 2015 at 4:24 pm

    .မစုဉာဏ်ရဲ့ “တူညီသောဆန္ဒ”ပို့စ်လေးသတိရသွားတယ်ဗျာ
    .ကိုခ ကတော့ လူတန်းစားအလွှာအသီးသီးကို ချပြပြီးရေးသွားတဲ့ အတွေးလေးကို သဘောကျမိပါတယ်
    .ဗရာဗိုပါ ကိုခရေ :))

  • phyo gyi

    January 14, 2015 at 11:36 am

    ကောင်းမယ်တွေချည်းဖြစ်နေခဲ့ရင် ကောင်းမယ်

  • အလင်းဆက်

    January 14, 2015 at 12:23 pm

    ဖြစ်နေပြီဆို…
    တိုင်းသူပြည်သားတွေဟာ..အခုဆိုရင်..ဒီမိုကရေစိရဲ့ အနှစ်သာရကို ပျော်ရွှင်စွာ စားသုံးနေရပြီ..ဆိုပြီး..
    ပြောနေသံ ကြားလိုက်တာပဲ..
    တိုင်းသိပြည်သိ… ပြောရက်တာလေ…
    ကိုယ်လုပ်ချင်တာသီးသန့် လုပ်ပြနေတဲ့ ရုပ်သံ မီဒီယာကနေ…
    စိတ်ပျက်ချက်…

    🙁

  • Swal Taw Ywet

    January 14, 2015 at 4:46 pm

    လက်ရှိအခင်းအကျင်းအတိုင်းဆိုရင်တော့ မလွယ်သေး။
    ပြည်သူတွေ စိတ်မထိန်းနိုင်တော့တဲ့တနေ့ နီးရာ ဆုံရာအာဏာပိုင်/ မတရားသူကြီးတွေကို
    ကိုယ်တိုင်ရှင်း ( သတ်ဖြတ် မီးရှို့ ) မှာတော့ မြင်နေမိသဗျို့။
    ၂၀၁ဝ လောက်ကတည်းက အဲ လို လုပ်ဘို့ တိုက်တွန်းတာတွေ မြင်ခဲ့ရသဗျ။
    သည်းခံရပေါင်းများလာလွန်းတဲ့အခါ
    သေသော်မှတည့် အော် ကောင်းဧ။် စိတ်တွေ ဝင်လာတဲ့အခါ
    ကျနော် ကိုယ်တိုင်တောင် လုပ်မိတော့မယ်ထင်ပါရဲ့။
    With respect,
    Swal Taw Ywet.

  • koyinmaung

    January 15, 2015 at 6:05 am

    …..ဘဝရှင်မင်းတရားကြီးရဲ့ကျေးဇူးတရားတွေထောက်ထားနေကြပုံရတယ်…..

  • Ma Ma

    January 15, 2015 at 7:16 am

    လိုချင်တိုင်း ပြည့်မယ်ဆိုရင်…
    တပည့်တော်မ ထီမထိုးရပဲ ထီပေါက်ရင်ကောင်းမယ်။
    ထီတောင်မှ ဆုသေးသေးမဟုတ်ပဲ သိန်း၁၅၀ဝ ဆုပေါက်ရင် ကောင်းမယ်။
    အောင်ဘာလေ သိန်းထီလို တစ်လတခါမဟုတ်ပဲ…
    နေ့တိုင်းအိုင်ယာလန်ထီဆုကြီးတွေ ပေါက်ရင် ကောင်းမယ်…. :k: 😆

    • Before

      January 15, 2015 at 10:39 am

      အဲလိုမျိုးသိန်းထီအလီလီ ထီမထိုးဘဲ ပေါက်ရင် အနော်လဲ လိုချင်သား။

      • မဟာရာဇာ အံစာတုံး

        January 15, 2015 at 10:44 am

        အွန် … ဒီလူဂျီး …
        – ဒဂယ်ဂျီး ပြောင်းလိုက်ဘာလား …

  • manawphyulay

    January 15, 2015 at 11:34 am

    အလိုဆန္ဒကတော့ ဘယ်သူတွေ ဘယ်လိုတောင်းတောင်း ပေးတဲ့အရာထက် ပိုလိုချင်ကြတာ ပုထုဇဉ်လူသားတိုင်းပါပဲ။ ဒါကြောင့် ကိုယ်လုပ်သော အလုပ်သည် ကိုယ်ထံ ပဲ့တင်သည်ဆိုသလိုပါပဲ။ ကောင်းမှုလုပ်ရင် ကောင်းတာဖြစ်မယ် မကောင်းမှုလုပ်ရင် မကောင်းတာဖြစ်မယ်လို့ သိထားတဲ့အတိုင်းပဲ ရောက်ရှိနေတဲ့နေရာက နေတတ်ဖို့နဲ့ သေတတ်ဖို့ပဲ ကျင့်ကြံသွားပါတော့မယ်…
    ကောင်းကျိုးနဲ့ မကောင်းကျိုးဟာ အမြဲဒွန်တွဲနေတတ်စမြဲပါပဲ…

Leave a Reply