Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

Nobel-Myanmar Literary Festival မြင်ကွင်းများ…

alinsettJanuary 18, 20156min52319

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

မြန်မာစာရေးဆရာတွေ ပူးပေါင်းဆောင်ရွက်တဲ့ နိုဘယ် မြန်မာစာပေပွဲတော်ကို  မြို့မ ကျောင်းလမ်းပေါ်မှာ ရှိတဲ့ အမျိုးသား ကဇာတ်ရုံမှာ ဇန်နဝါရီ ၁ရ ရက် မှ ၁၉ ရက်အထိ သုံးရက်တိုင် ကျင်းပလျက်ရှိပါတယ်။

အဲဒီပွဲတော်ကို ကျနော်က …၁ရ ရက်နေ့ မနက် ရ း ၃ဝ ကတည်း ကရောက် ရှိနေခဲ့တယ်။

(ပွဲတော် ဝင်ခွင့်လက်မှတ် မေတ္တာလက်ဆောင်ပေးခဲ့တဲ့ ဆရာမကြီး ရွှေကူမေနှင်းနဲ့ သားတော်မောင်ကြီး ဦးမျိုးသန့် အား အထူးကျေးဇူးတင်ရှိပါကြောင်း.. )
ဒီပွဲကို နော်ဝေးနဲ့ ဆွီဒင်က စာပေဆိုင်ရာ အဖွဲ့တွေရဲ့  အကူအညီနဲ့ ကျင်းပနိုင်ခဲ့တယ်လို့ သိရတယ်။

စာပေပွဲတော်မှာ  စာအုပ်အရောင်းဆိုင်များစွာကလည်း..လျှော့ဈေး ၁ဝ % ကနေ ၂ဝ % ထိ ဈေးလျှော့ပြီး ရောင်းပေးနေကြတယ်။

ဒါ့အပြင်  စာပေနိုဘယ်ဆုရ ပုဂ္ဂိုလ်တွေရဲ့ ဓာတ်ပုံတွေ… အင်္ဂလိပ်ဘာသာနဲ့ မူရင်းစာအုပ်တွေအပြင် ဘာသာပြန်ထားပြီးသား မြန်မာပြန်လက်ရာတွေကိုပါ…ပြသထားတယ်။ ဝယ်ယူလို့ရတယ်။

အမျိုးသားကဇာတ်ရုံဝင်းအတွင်းမှာလည်း ရွက်ဖျင်တဲတွေ ပြုလုပ်ထားပြီး  စာအုပ်စာပေကို စိတ်အားထက်သန်သူများ ၊ နာမည်ကျော် စာရေးဆရာမများ..ပါဝင်ဆွေးနွေးကြတဲ့ စာပေစကားဝိုင်း အစီအစဉ်တွေလည်း ပါတယ် ။  အားရပါးရ ဝင်ရောက်ဆွေးနွေးကြသူတွေရော…

ဒိုင်ခံ ဆွေးနွေးပေးနေတဲ ့စာရေးဆရာ/ဆရာမကြီးတွေရော.. မြင်ရ ကြားရတာ..အားရစရာပါပဲ။

ဆွေးနွေးကြတဲ ့အကြောင်းအရာတွေကလည်း စုံတယ်..

အမျိုးသမီးတွေ လူကုန်ကူးခံရတဲ့ ကိစ္စတွေကို ဆရာမဂျူးတို့… ဆရာမသန်းမြင့်အောင်တို့က…လက်သီးလက်မောင်းတန်းပြီးဆွေးနွေးကြတယ်..။

ရသလည်း..ပါတယ်.. ။

နိုင်ငံရေးနဲ့ စာပေ ကိုလည်း..ဆရာမကြီးရွှေကူမေနှင်းတို့က..ဆွေးနွေးကြတယ်.. ။

နောက်ပြီး..စာတမ်းဖတ်ပွဲတွေ… ငြိမ်းချမ်းရေးအထိမ်းအမှတ် ကဗာရွတ်ပွဲတွေ…

ရသ ဝတ္တုတိုဖတ်ပွဲတွေလည်း..ပါတယ်။

ပြောပြလို့..တစ်ထိုင်တည်းမကန်ုနိုင်တဲ့ ပွဲတော်အကြောင်းမို့…

ဒီပိုစ့်မှာတော့… စာနည်းနည်း ပုံများများ ပြလိုက်ပါ့မယ်.. ။

 

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

 

 

IMG_20150117_073818
ပွဲတော်သို့အဝင်…

 

 

 

 

 

 

 

 

 

 

 

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

 

ဖဲကြိုးဖြတ်ဖွင့်လှစ်တော့မယ့်ပုံ
ဖဲကြိုးဖြတ်ဖွင့်လှစ်တော့မယ့်ပုံ

 

 

 

 

 

 

 

 

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

 

ပွဲရင်ပြင်မှာ စာပေသမားများ ဟိုတစုဒီတစု
ပွဲရင်ပြင်မှာ စာပေသမားများ ဟိုတစုဒီတစု

 

 

 

 

 

 

 

 

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

 

ပွဲရင်ပြင်မှာ ဒီလိုပြခန်းလေးတွေအများကြီး
ပွဲရင်ပြင်မှာ ဒီလိုပြခန်းလေးတွေအများကြီး

 

 

 

 

 

 

 

 

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

ငြိမ်းချမ်းရေးဆိုင်ရာ သရုပ်ဖော်ဖန်တီးမှုများစွာ..
ငြိမ်းချမ်းရေးဆိုင်ရာ သရုပ်ဖော်ဖန်တီးမှုများစွာ..

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

စီစဉ်သူ ဆရာဖေမြင့်
စီစဉ်သူ ဆရာဖေမြင့်

 

 

 

 

 

 

 

 

 

 

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

ဆရာဖေနဲ့ ကျနော် ..အမှတ်တရ
ဆရာဖေနဲ့ ကျနော် ..အမှတ်တရ

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

ဆရာမ ဂျူးနဲ့...ကျနော်.. အမှတ်တရ
ဆရာမ ဂျူးနဲ့…ကျနော်.. အမှတ်တရ

 

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

 

တောမင်းသမီးကြီး (ဆရာမ)ခင်ခင်ထူးနဲ့ ..ကျနော်...
တောမင်းသမီးကြီး (ဆရာမ)ခင်ခင်ထူးနဲ့ ..ကျနော်…

 

 

 

 

 

 

 

 

 

 

 

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

 

(အိမ်ကလေး ၁၆လုံး ပိုင်ရှင်) ဆရာနေဝင်းမြင့်နဲ့ ကျနော်...
(အိမ်ကလေး ၁၆လုံး ပိုင်ရှင်) ဆရာနေဝင်းမြင့်နဲ့ ကျနော်…

 

 

 

 

 

 

 

 

 

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

 

ဆရာမကြီးရွှေကူမေနှင်း(ဦးမျိုးသန့်ရဲ့မေမေ)နှင့် ဇာတ်ရုံထဲမှာ အမှတ်တရ စကားပြောဖြစ်တုန်းက...
ဆရာမကြီးရွှေကူမေနှင်း(ဦးမျိုးသန့်ရဲ့မေမေ)နှင့် ဇာတ်ရုံထဲမှာ အမှတ်တရ စကားပြောဖြစ်တုန်းက…

 

 

 

 

 

 

 

 

 

 

 

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

ရှေ့ဆုံးတန်းမှ ပုဂိ္ဂုလ်များ(နော်ဝေးနိုင်ငံ နိုဘယ်ဆုရွေးချယ်ရေးဆိုင်ရာလူကြီးမင်းများ)
ရှေ့ဆုံးတန်းမှ ပုဂိ္ဂုလ်များ(နော်ဝေးနိုင်ငံ နိုဘယ်ဆုရွေးချယ်ရေးဆိုင်ရာလူကြီးမင်းများ)

 

 

 

 

 

 

 

 

 

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

 

စာပေပွဲတော်အဖွင့်အမှာစကားကို အမေစုက ရုပ်သံဖိုင်နဲ့ တက်ရောက်ပြောကြားခဲ့တယ်။
စာပေပွဲတော်အဖွင့်အမှာစကားကို အမေစုက ရုပ်သံဖိုင်နဲ့ တက်ရောက်ပြောကြားခဲ့တယ်။

 

 

 

 

 

 

 

 

 

 

 

 

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

 

နိုဘယ်ဆုရ စာအုပ်များနဲ့ရေးသူများ...ပုံရိပ်
နိုဘယ်ဆုရ စာအုပ်များနဲ့ရေးသူများ…ပုံရိပ်

 

 

 

 

 

 

 

 

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

 

နိုဘယ်ဆုရစာအုပ်များ အရောင်းဆိုင်
နိုဘယ်ဆုရစာအုပ်များ အရောင်းဆိုင်

 

 

 

 

 

 

 

 

နိုဘယ်ဆုရ စာအုပ်တွေထဲ.. ရွာသူ ပြုံးမမရဲ့ ဘာသာပြန်လက်ရာလည်း ပါဝင်တယ်။
နိုဘယ်ဆုရ စာအုပ်တွေထဲ.. ရွာသူ ပြုံးမမရဲ့ ဘာသာပြန်လက်ရာလည်း ပါဝင်တယ်။

 

 

 

 

 

 

 

 

 

 

 

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

စာအုပ်များနဲ့...စာချစ်သူများကြား...ကျနော်လျှောက်သွားနေမိတယ်။
စာအုပ်များနဲ့…စာချစ်သူများကြား…ကျနော်လျှောက်သွားနေမိတယ်။

 

 

 

 

 

 

 

 

 

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

 

အခြား ပြကွက်များ...
အခြား ပြကွက်များ…

 

 

 

 

 

 

 

 

 

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

 

မြန်မာ့အသံနဲ့မြဝတီရုပ်သံတွေ..အစိုးရသတင်းစာတွေမှာ မမြင်ရတဲ့ လက်တွေ့ပုံရိပ်တွေလည်း ပြထားတယ်။
မြန်မာ့အသံနဲ့မြဝတီရုပ်သံတွေ..အစိုးရသတင်းစာတွေမှာ မမြင်ရတဲ့ လက်တွေ့ပုံရိပ်တွေလည်း ပြထားတယ်။

 

 

 

 

 

 

 

 

 

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

 

တစ်ညနေခင်းလုံး...ဒီနေရာမှာ ဂျူ းတို့နဲ့အတူ...ရှိခဲ့တယ်။
တစ်ညနေခင်းလုံး…ဒီနေရာမှာ ဂျူ းတို့နဲ့အတူ…ရှိခဲ့တယ်။

 

 

 

 

 

 

 

 

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

 

 

 

 

 

 

 

 

 

19 comments

  • kai

    January 18, 2015 at 1:56 pm

    နောက်.. နောက်အဲလိုကြုံရင်.. အဲဒီဆရာ/ဆရာမတွေဆီက..စာမူတပုဒ်လောက်ဆီတောင်းခဲ့ပေးနော…။
    ယူအက်စ်မှာ ဗမာတွေသိန်းချီနေတာ.. သူတို့(စာရေးဆရာတွေ) လွှမ်းမိုးမှု.. ဒီမှာလည်းရှိစေချင်..

    • အလင်းဆက်

      January 18, 2015 at 3:14 pm

      အရင်ဇုံးးးးး CJ မန်ဘာကတ် လုပ်ပေးပါ သူကြီးမင်း
      အဲ့ကတ်လေး ပြပြီး စာမူတောင်းမှ ဟိုက လိုလိုလားလား .ပေးချင်စိတ် ရှိမပေါ့။

      အခု ကြုံတုန်းတော့ တောမင်းသမီးကြီးနဲ့ မြို့မင်းသမီးဂျူးမမကြီးတို့ကို ဂဇက်အကြောင်းမိတ်ဆက်ခဲ့ပါ့
      ဆရာမဂျူးကတော့ ဒီရွာကို သိနေတဲ့ပုံ

      ဆရာမခင်ခင်ထူးကိုတော့ ပြောပြခဲ့ပါရဲ့
      ပါးစပ်က ရွတ်ပြခဲ့ရတာဆိုတော့
      အလုပ်များနေတဲ့သူတို့ မှတ်မိပါ့မလား အသိ။

      ဆရာမခင်ခင်ထူးနဲ့ စာပေအကြောင်း ဆယ်အိနစ်လောက် ပြောဖြစ်ပါရဲ့။
      သူက ပြောတယ်
      သားတို့ရယ် စာတွေ ရေးကြစမ်းပါ. . .
      ရေးမယ့်သူတွေလိုနေတာ. . .
      အွန်လိုင်းမှာဖြစ်ဖြစ် ဘယ်နေရာမှာဖြစ်ဖြစ် ဝက်ဝက်ကွဲအောင်သာ ရေးကြစမ်းပါ တဲ့။

      အဲ့ဒီ အပြောလေးတွေကြားရတော့ ဆရာမခင်ခင်ထူးဟာ
      ဝတ္ထုထဲက လေသံနဲ့ သိပ်မကွာဘူးလို့တောင် တွေးမိသေး။

      ဆရာမဂျူးနဲ့ကတော့ သူပြောတာတွေ ထိုင် နားထောင်ခဲ့တယ်။ သူ စင်ပေါ်က ပြောတာထက် အလွတ်တန်း ပြောနေတာတွေကို သူ့ဘေး ထိုင် နားထောင်ခဲ့တာ။
      သူက လှည့်ကြည့်ပြီး ဟဲ့ဒါလေးက ဘယ်သူလေးလဲတဲ့။
      အဲ့တော့မှ မိတ်ဆက်ရတယ်။
      သူကြီးသာ CJ မန်ဘာကတ်လေး လုပ်ပေးထားရင် ပိုမကောင်းလား
      ကဲ

      :k:

      • CharTooLan

        January 20, 2015 at 9:58 am

        – ဘိုမိတ်ဆက်ခဲ့လဲ ဆိုပါအုံး သိဂျင်လို့

        • အလင်းဆက်

          January 20, 2015 at 2:47 pm

          အနော်… အောင်ရဲလင်းထက်တောင် အောင်ရဲလင်းနဲ့ တူတဲ့ ဒညင်းဝက်ပါ…လို့..
          မိတ်ဆက်ရင်ကောင်းမားးးး

          :k:

          အဲဒီပွဲတော်အကြောင်း..တကယ်အတည်ကြီးရေးနေသေးတယ်။

          လာမယ်..

          :kwi:

  • ဖားသက်ပြင်း

    January 18, 2015 at 6:26 pm

    ပူး​ဂျော့ အနက်​​ရောင်​နဲ့ပွဲတက်​လာတဲ့ ဆယာယီးသခင်​ကိုယ်​​တော်​ ဖားသက်​ပြင်​း နဲ့​ရော မဆုံခဲ့ဝူးလား

    • အလင်းဆက်

      January 18, 2015 at 6:47 pm

      Hint inn . . .

      လူတွေပဲတွေခဲ့ဒယ်ဂျ
      ဖားတို့ ကြောင်တို့တော့ တူတာလေးတောင် မတွေ့ခဲ့ဘူး။
      ဂွစ်ဂွစ်

      :k:

      • ဖားသက်ပြင်း

        January 18, 2015 at 6:59 pm

        ဖြစ်​နိုင်​ပါတယ်​ ​ကျော်​ပျံဖို့ ကားမှာတာ​စောသွားလို့
        ​အောင်​ဒီ ကြက်​​သွေး​ရောင်​ ကားပါကင်​မရဖြစ်​တုန်​း သွားရှင်း​ပေးရင်​း သငယ်​မ​တေဝိုင်​းလာလို့ ​မောင်​ရင်​နဲ့် လွဲသွားတာထင်​့
        ငိငိ

        ကြက်​သ​ယေရှိထှာ

  • မြစပဲရိုး

    January 18, 2015 at 7:28 pm

    ဂျူး က တို့ရွာ ကို သိတယ်။
    တကယ်လား။
    ဘယ်လို သိတာလဲ အင်တာဗျူး ခဲ့ပါတော့လား ဆက်ဆက် ရယ်။
    သူတို့ စာတန်း တွေ အကြောင်း ဆက်ရေးဦး နော်။
    မပြုံး ရဲ့ ဆုရ စာအုပ် က ဘာတဲ့လဲ။
    Many Congratulations ညီမ ရေ။
    အရမ်းဝမ်းသာပါတယ်။ :))

    • အလင်းဆက်

      January 18, 2015 at 8:58 pm

      ဘူဒင်ဘရွတ်ခ် ဆိုတဲ့စာအုပ်ပေါ့..အရီးရေ…
      အစ်မပြုံးက…နိုဘယ်ဆုရ လက်ရာကိုမှ…ခက်ခက်ခဲခဲ..ဘာသာပြန်ချလိုက်တာကိုးးးး

      အခု အဲ့ဒီစာအုပ်ကို ဒုတိယအကြိမ် ပြန်ထုတ်လိုက်ပြီ။
      ရောင်းဈေးကတော့ မြောက်တယ်..
      6500 တဲ့.. ။
      အဲဒီ ပွဲမှာ..ဝယ်ကြသားပဲ…
      ကျနော်ကတော့..လက်ဆောင်ရမှာမို့….မဝယ်သေးဘူး ။.အဟိ်။
      ……………………

      ဂျူးကို..ဗျူးဖို့က… သမ​္ဘာတော့ လိုလိမ့်မယ်..အရီးရေ…
      ဆရာဦးဝင်းငြိမ်းနဲ့တောင်…အမြီးအမောက် တည့်ခဲ့တာမဟုတ်…

      ဆိုတော့… စာပေသမားတွေထဲမယ်..အင်တာအဗျူးချင်ဆုံး တစ်ယောက်ရှိခဲ့ဖူးတယ်..
      အခုတော့…သူ..ကွယ်လွန်ရှာပြီ…

      😥

  • padonmar

    January 18, 2015 at 11:33 pm

    မနာလိုလိုက်တာအေ။
    အဲဒီ စာရေးဆရာတွေနဲ့ အဲသလို တွဲရိုက်ချင်လိုက်တာ။သူတို့ လက်မှတ်နဲ့ စာအုပ်တွေလည်း လိုချင်လိုက်တာ။

    • အလင်းဆက်

      January 20, 2015 at 5:58 am

      သူတို့နဲ့ အဲ့လို ဆုံတွေ့ခွင့်ရတာ..တော်တော် ဝမ်းသာနေမိတယ်..အန်တီဒုံရေ…

      😆

  • ဝင့်ပြုံးမြင့်

    January 19, 2015 at 10:11 am

    .အဲဒီပွဲရှိတာ သိတယ်၊ ဘယ်လိုမှ မလာနိုင်တာ။ ဆရာမဂျူ း တို့နဲ့လည်း အပြင်မှာ ဆုံဖူးချင်တယ်။ ကိုယ်ငယ်ငယ်ထဲက လေးစားအားကျခဲ့ရတာဆိုတော့လေ။ ဂျူ း ကိုဗျ ူ းဖို့ သမာ္ဘလိုတာပေါ့ ဆက်ဆက်ရယ်။ စာအုပ်လက်ဆောင်ကလာမယ် ဆက်ဆက်ရေ။ အစ်မ ရန်ကုန် မသွားနိုင်သေးလို့။

    • အလင်းဆက်

      January 20, 2015 at 6:00 am

      ရန်ကုန်က…အန်တီဒုံ့ ဆေးဆိုင်မှာ…
      အစ်မပြုံး အတွက်… အကျီ င်္လက်ဆောင်နဲ့… စာအုပ်လက်ဆောင်… အဆင်သင့်ရောက်ရှိနေပါကြောင်းးးး

      😆

  • ဝင့်ပြုံးမြင့်

    January 19, 2015 at 10:15 am

    .အမေကြီး (ရွှေကူမေနှင်း) ကို ဓာတ်ပုံထဲ မြင်ရတဲ့အတွက် ကျေးဇူးပါ ဆက်ဆက်ရေ။ ဂျာနယ်ထဲမှာ ပုံသေးသေးပဲ တွေ့ဖူးသေးတာ။
    .ဟိုလေ .. ပုံတွေကြည့်ရင်း စဉ်းစားရင်း ဘေးချော်သွားသလား မသိဘူး။ မြန်မာပြည်မှာ ပြဿ နာက တစ်ခုတည်းရှိတာလို့ ထင်တယ်။ မိန်းမတွေက ယောက်ျားတွေထက် နည်းနည်း ပိုတော်နေတဲ့ ပြဿ နာ။ ဟီး

  • Mike

    January 19, 2015 at 11:51 am

    .ဒီပွဲ မသွားနိုင်လိုက်တာ နာသကွာ
    .ပွဲက ပုံလေးတွေမျှဝေတာကျေးဇူးပါ အလက်ဆင်းရေ…
    .ကိုယ်က ဆရာဖေမြင့် လက်ရာဝတ္ထုလေးတွေ သိပ်ကြိုက်တာ…

    • အလင်းဆက်

      January 20, 2015 at 6:03 am

      အဲဒီ စာအုပ်ဈေးပွဲတော်..ဆိုင်ခန်းတွေထဲမှာ..
      ဆရာဖေမြင့် စာအုပ်တွေချည်းပဲ…သီးသန့် …ခင်းကျင်း ရောင်းချနေတဲ့ ဆိုင်တောင် .. ရှိတယ်..ဦးကြီးရေ..

      😆

  • Shwe Ei

    January 20, 2015 at 1:09 pm

    -သံလျင်သဘာဝ တရားစခန်းကို နောက်တကြိမ်ရောက်ရင်
    -လှူဖို့ ရောင်စဉ်ဖြာ ပညာဥဒပါဒိ မဂ္ဂဇင်း အတွဲလိုက်ဝယ်ခဲ့သည်။
    -ပုံမှန်ရောင်းနေကျ ၁၂၀ဝ ကနေ ၁၀၀ဝနဲ့ရောင်းပေးနေတာတဲ့။.. သာဓု..

    • အလင်းဆက်

      January 20, 2015 at 2:50 pm

      သာဓု အခါခါ ခေါ်နေမိ…
      စာအုပ်တွေ လှူတာကြားရ မြင်ရရင်လည်း…ရွှေသင်္ကန်းကပ်တာထက်..ဝမ်းသာမိ…

      😆

Leave a Reply