ဘုရင်မတစ်ပါးရဲ့ ရာဇဝင် – ၁
“မင်း.. သူ့ကို ဘယ်လို မြင်လဲ .. မဆိုးဘူး မဟုတ်လား”
…………
…………..
ကျွန်တော်နှင့် ခင်မင်နေသော ဆရာဝန်အကို တစ်ယောက်မှ သူ့ကောင်မလေးနှင့် မိတ်ဆက်ပေးပြီး နောက်..မေးလိုက်သော စကားလုံးဖြစ်သည်။
ကျွန်တော် မဖြေချင်၊ လိမ်လဲ မလိမ်ချင်..။ နှုတ်ဆိတ်နေမိသည်။
……..
“ပြောပါကွာ ငါ့ကို အားမနာပါနဲ့ ..မင်း လူကဲခတ်တော်တယ်ဆိုတာ ငါသိပါတယ် မင်းပြောသမျှကလဲ ဘယ်တော့မှ မလွဲဘူး”
“ကျွန်တော် ပြောလိုက်တဲ့ အကောင်းအဆိုးပေါ်မှာ မူတည်ပြီး အကို့ဘက်က ပြောင်းလဲ သွားဖို့ရှိလား.. အကိုသူ့ကို လက်ထပ်ဖို့ ရည်ရွယ်ထားတာလား ”
ကျွန်တော် ပြန်မေးလိုက်သော စကားကို အကို မဖြေနိုင်.. တွေဝေသော အကြည့်ဖြင့်သာ ပြန်ငေးကြည့်နေသည်။
” အကို… ကျွန်တော်ပြောတာ အရင်နားထောင် အရင်က ကျွန်တော် လူကဲခတ်ပေးတယ်ဆိုတာ မိတ်ဆွေ သူငယ်ချင်း အဆင့်တွေ
အဲလောက်က မကောင်းရင် မကောင်းသလို ဖယ်လို့ရတယ်………
စိတ်ဓာတ်မကောင်းလို့ မပေါင်းဘူးဆိုတာထက် သူ့မကောင်းကွက်ကလေးတွေ သိထားရင် ရှောင်ပြီး ပေါင်းရုံပဲ အကို
ကောက်ကျစ်တက်သူဆိုရင်တော့ တစ်မျိုးပေါ့
စီးပွားရေး လုပ်ငန်းမှာလဲ ယုံသင့်၊ မယုံသင့်.. ရေရှည် အလုပ်လုပ်သင့်၊ မလုပ်သင့်ပေါ့….
အခုဟာက မတူဘူးအကို .. အကိုက သူ့ကို ဖွင့်မပြောခင် အကဲခတ်ခိုင်းတာ မဟုတ်ဘဲ..
ချစ်သူတွေဖြစ်ပြီး ရည်ရွယ်ထားပြီးမှ လာပြောတာ
ကျွန်တော်ကလည်း ပြောရင် ကောင်းတာရော ဆိုးတာရော ပြောမှာ
ကျွန်တော့်ရဲ့ စကားတစ်ခွန်းကို ကျွန်တော်ယုံကြည်တယ်ဆိုပေမယ့် ကျွန်တော့်ကြောင့် သူများထိခိုက်တာကိုတော့
ကျွန်တော် မဖြစ်စေချင်ဘူး အကို
အဲဒီတော့…………………”
ကျွန်တော် ပြောလက်စ စကားကို ရပ်ပြီး အကို့မျက်နှာကို တစ်ချက် ကြည့်လိုက်သည်။
” ကောင်းသည်ဖြစ်စေ၊ မကောင်းသည်ဖြစ်စေ လက်ခံပါ အကို
လူတစ်ယောက်က ဘယ်တော့မှ မပြီးပြည့်စုံဘူး
အကို သူရဲ့ အဆိုးအကောင်းကို သိထားတော့လည်း… ဆင်ခြင်လို့ရတာပေါ့…”
“အေးပါကွာ..ငါ သူ့ကို တကယ်ချစ်တာပါ
လက်ထပ်ဖို့ လည်း ရည်ရွယ်ပြီး သားပါ
အခုဟာက သူ့ရဲ့ စိတ်ကို သိချင်ရုံလေးပါ”
“ကောင်းပြီ အကို
ကျွန်တော် ပြောမယ်
ကျွန်တော် သူ့မျက်လုံးတွေကို မကြိုက်ဘူး..
သူ့မျက်လုံးတွေကို ကြည့်ရတာ အလိုရမ္မက်ကြီးတဲ့ မိဖုရားတစ်ယောက်ကို မြင်နေရသလိုပဲ…….
မိဖုရားတစ်ယောက် အလိုရမ္မက်ကြီးတယ် ဆိုတာကို သိလား အကို ”
…………………..
” မိဖုရားတစ်ယောက် အလိုရမ္မက်ကြီးရင် သူလိုချင်တာ ဘယ်တော့မှ အဆုံးမသတ်နိုင်ဘူး
သူ့ပိုင်ဆိုင်မှုတွေကို အမြဲတမ်းတိုးပွားချင်တယ်..
သူလိုချင်တာကို သူ့ဘုရင်က မလုပ်ပေးနိုင်ရင် နောက်တစ်ယောက်ကို နန်းတင်ပြီး ဘုရင်ကို နန်းချဖို့ အဆင်သင့်ဖြစ်နေတက်သလို
သူ့ဘက်မှ ဘယ်သူမှမရှိရင်တောင် သူကိုယ်တိုင် ဘုရင်မ တက်လုပ်ဖို ဝန်မလေးဘူး အကို”
………………….
“ကျွန်တော် ဒီနေ့တော့ အဲလောက်ပဲ ပြောနိုင်မယ်ဗျာ ..
သွားစရာလေး ရှိသေးလို့………
ဟေ့ ကောင်လေးရေ ရှင်းမယ်”
“နေ နေ.. အကို ရှင်းလိုက်မယ် ..မင်းသွားစရာရှိတာသာ သွားတော့….”
“ဟုတ် ဒါဆိုလည်း ကျွန်တော်သွားပြီ အကို”
ဆိုင်ထဲက အပြင်ကို ထွက်လိုက်ချိန် နွေနေရင့်ရင့်က ကျွန်တော့်ကို ကြိုဆိုနေသလို
ဗာဒံရွက်ခြောက်များကို ဖြတ်နင်းရင်း……….နွေလေပူပူအောက်မှာ……
တစ်စုံ တစ်ယောက်ကို သတိရသွားမိသလို……
……….
ဆက်ပါဦးမည်။
24 comments
အလင်းဆက်
January 18, 2015 at 7:54 am
ဘုရင်မတစ်ပါးရဲ့ ရာဇဝင်က ..
ဂဇက် စာရင်ပြင်မျက်နှာစာမှာ…မပေါ်ပဲ… ပျောက်နေလို့.. ပြန်ဖော်ပေးခဲ့တယ်ခည..
ဟွာလေ..
ပိုစ့်တင်ရင်… Category လေး တစ်ခုခု ရွေးပြီးမှ တင်ပါနော…
ကိုယ်ရေးတဲ့စာနဲ့ နီးစပ်ရာ Category လေး မရွေးခြစ်မိဘဲ..တင်လိုက်ရင်… Copy/Paste စာရင်းထဲ..
အော်တို ဝင်သွားပြီး…ဂဇက် ရှေ့စာမျက်နှာမှာ..မပေါ်တော့ဘူးဗျ…
အဲဒါလေးလာပြောတာ…
————-
ဆက်လက် ဖတ်ရှုနေပါမည်။
ခင်မင်စွာဖြင့်…
တောဇီးကွက်
January 24, 2015 at 4:45 pm
ဟုတ်ကဲ့ ကျေးကျေးပါ..
ဆက်လက် အားပေးပါဦး 😀
Ma Ma
January 18, 2015 at 9:54 am
(သူ့မကောင်းကွက်ကလေးတွေ သိထားရင် ရှောင်ပြီး ပေါင်းရုံပဲ အကို
ကောက်ကျစ်တက်သူဆိုရင်တော့ တစ်မျိုးပေါ့…)
အဲဒီစာသားလေးကြိုက်တယ်။
ဆက်ပါဦးမည် ကို စောင့်ပါဦးမည်။ 🙂
ဦးကြောင်ကြီး
January 18, 2015 at 10:16 am
တောဇီးကွက်
ရောပြီးချက်
တောဖီးသွက်
ဒေါကီးလျက်..
padonmar
January 18, 2015 at 10:29 pm
သူလိုချင်တာကို သူ့ဘုရင်က မလုပ်ပေးနိုင်ရင် နောက်တစ်ယောက်ကို နန်းတင်ပြီး ဘုရင်ကို နန်းချဖို့ အဆင်သင့်ဖြစ်နေတက်သလို
သူ့ဘက်မှ ဘယ်သူမှမရှိရင်တောင် သူကိုယ်တိုင် ဘုရင်မ တက်လုပ်ဖို ဝန်မလေးဘူး အကို”
အဲဒီစာသားလေးကြိုက်တယ်။အဲသလို မိန်းမမျိုးလည်း ကြားဖူးတယ်။
ဆက်ပါဦးမည်ကိုတော့ သိပ်မကြာစေနဲ့နော်။
တောဇီးကွက်
January 24, 2015 at 4:49 pm
ဟုတ်ကဲ့ပါ…..
ဒီတစ်ပတ် အလုပ်လေးတွေ နဲနဲ များနေလို့
ရွာထဲဘက် ခြေဦးမလှည့်ဖြစ်လိုက်ဘူး
ခုလို အားပေးတဲ့ သူတွေ တွေ့ရတာ အရမ်းဝမ်းသာပါတယ်
ဆက်လက်ရေးဖို့ အင်အားတစ်ခုပါ…။
aye.kk
January 18, 2015 at 11:13 pm
စာတင်လောက်တဲ့..
ဘုရင်မတစ်ပါးရဲ ့ရာဇဝင်…
…ဆက်အားပေးလျှက်ပါ။။
မြစပဲရိုး
January 18, 2015 at 11:29 pm
မျက်လုံး တွေ ကို အပေါ်ယံကြည့် အကဲခတ်တာ တကယ်ဘဲ မှန်နိုင်သလား။
မှန်ချင်လဲမှန်နိုင်ပေမဲ့ လူတစ်ယောက် ကို ခဏ ကြည့်ပြီးတော့ အကဲမဖြတ်သင့် သေးဘူး ထင်ရဲ့။
တောဇီးကွက် ဆိုတော့ ငှက်အမျိုး တစ်ယောက် တိုးတာ ဝမ်းသာလှတယ်။
ဇာတ်လမ်းအဆက် ကို မျှော်နေပါတယ်။
:))
တောဇီးကွက်
January 24, 2015 at 4:52 pm
ကိုယ်ပေါင်းနေတဲ့ အရင်းအချာလူတစ်ယောက်ရဲ့ စိတ်တောင် ကိုယ်မသိနိုင်အောင် အမြဲပြောင်းလဲ နေတက်တာ….။
အပေါ်ယံ အကဲခတ်မှုက ဘယ်လိုလုပ် အမြဲမှန်နိုင်ပါ့မလဲ…။
ဒါပေသိ First Impression ကလဲ အရေးကြီးတယ် မဟုတ်လား..။
တစ်ချို့ လူတွေကျတော့ လူတစ်ယောက်ကို မြင်ရုံနဲ့ စိတ်က ခံစားတက်တယ်…အဟိ..
ဇာတ်လမ်းထဲမှာ ပေါ့… 😀 😀
Mike
January 19, 2015 at 11:35 am
.တောဇီးကွက် ဆိုတဲ့အတိုင်း အမြင်စူးရှတယ်နဲ့တူရဲ့…ကြိုဆိုပါတယ်ဗျ
.ဆက်ရန်ကိုစောင့်ဖတ်ပါအုံးမယ်…ပီးမှ ဝေဖန်လေကန်ပါရစေ :))
တောဇီးကွက်
January 24, 2015 at 4:53 pm
ဟုတ်ကဲ့
ဝေဖန် အားပေးမှုတွေကို အမြဲ ကြိုဆိုနေပါတယ်
မှားတာ ရှိရင်လည်း ထောက်ပြပေးပါ..။
စိတ်မဆိုးတက်ပါဘူး … 🙂
ကိုရင်စည်သူ
January 19, 2015 at 2:50 pm
ကျော်လည်း အရင်က ငှက်မျိုးရိုးပဲ ဗျ…
ခေတ်ကာလက ဘုရင်မ အတုတွေက ပိုဆိုးလာသလားလို့..
Foreign Resident
January 19, 2015 at 3:57 pm
ကိုရင်စည်သူ ပြန်ပေါ်လာပြီပေါ့ ။
နယ်မြေသစ်မှာ အခြေကျနေပြီလား ။
ကိုရင်စည်သူ
January 20, 2015 at 3:41 pm
ဟုတ်ကဲ့ အဘဖော.. သတိတရမေးပေးလို့ ကျေးဇူးပါ။
နေရာသစ်မှာ ဂငယ် သာမီးလေးတွေနဲ့ အသားကျနေပါပြီ။ 🙂
သင်္ဘောသီးစိတ်ဓါတ်အခံလေးရှိတော့ ဘယ်ရောက်ရောက်
အခြေကျမြန်သလိုတောင် ခံစားရသား.. အဘဖော..
တောဇီးကွက်
January 24, 2015 at 4:59 pm
ကိုရင်စည်က အတုတွေနဲ့ပဲ ကြုံဖူးတယ် ထင်တယ်..
အရင်က ဘာငှက်မျိုးရိုးလဲ ဗျ
ကိုရင်စည်သူ
January 24, 2015 at 9:24 pm
အရင်က ကျော့် ငှက်မျိုးစိတ်ကတော့ ဗျိုင်းစပ်ထားတဲ့ အမျိုးပေါ့..
ဗျိုင်းဆိုတော့ ခြေတံရှည်ရှည်နဲ့ ရေတိမ်တဲ့အပိုင်း
ငါးလေးဘာလေး ကို နှုတ်သီးလေးနဲ့ လိုက်ထောက်ရင်း အစာရှာရတာပေါ့ဗျာ။
တစ်နေ့တော့ နှုတ်သီးအထောက်စမ်းရင်း ငါးအတုကို အစစ်ထင်ပီး
နှုတ်သီးလေးနဲ့ လေပေါ်မြောက်တင်လိုက်တာ.. လည်ချောင်းရောက်တော့မှ
ကော်ပတ်ငါးအတုမှန်းသိရလို့.. ပြန်ထွေးထုတ်လိုက်တာ… လည်ဇလုပ်က
ကော်ပတ်ဒဏ်ကြောင့် ရေထဲလည်း မဆင်းနိုင် အစာလည်းမရှာနိုင်တော့တဲ့
အသံတိတ်ငှက်ဖြစ်နေကြောင်းရယ်လို့… ငှက်မျိုးစိတ်ချင်းတူလို့…
ဖောရှောထုသွားပါရယ်လို့…. 🙂
Shwe Ei
January 20, 2015 at 3:21 pm
-လက်ထပ်ဖို့ထိ ရည်ရွယ်ထားပီးမှ တော့..အကဲမခတ်ခိုင်းတော့ဝူး..
-ကိုယ်မကြိုက်တာတေ လာပြောနေရင်..မခံစားနိုင်မှာစိုးလို့ 😛
Iris
January 20, 2015 at 6:39 pm
စွတ်ဆွဲချက်တွေကများလှချည့်လား။ ☺ ဟီးဟီး မိဖုရားနဲ့ဘုရင်မ ရပ်တည်ချက်ခြင်းမတူဘူးထင့်။ ဘုရင်မက ကိုယ်ပိုင်ခံစားချက်တွေ စတေးခံရတယ်။
ပြီးတော့ကိုယ့်အကဲခတ်ချက်မှားသွားခဲ့ရင် တော်တော်လေးနောင်တရမိမယ်။ မျက်လုံးအစုံရဲ့နောက်မှာများပြားတဲ့လျှို့ဝှက်ချက်တွေရှိနေနိုင်သေးတယ်။ လူတစ်ယောက်ချစ်တယ်.မချစ်ဘူးကိုတော့ မှန်းလို့ရတယ်။ ဒါပေမဲ့ သူ့အကြောင်းအကုန်လုံးကိုတော့မသိနိုင်ဘူးလို့တော့ထင်တာပဲ။
Mr. MarGa
January 21, 2015 at 12:08 pm
အပိုင်း (၂) ဘယ်တော့တင်မလဲဗျို့
တောဇီးကွက်
January 24, 2015 at 4:53 pm
ဒီည တင်ပါ့မယ်ဗျို့………
Wow
January 21, 2015 at 3:22 pm
အလုပ်စဝင်ကာစတုံးက အိုက်ရုံးကမန်နေဂျာရဲ့ မျက်လုံးတွေ လုပ်ပုံကိုင်ပုံတွေကျိပြီး မရိုးသားဘူးလို့ ထင်ခဲ့ဖူးတယ်.. နောက်သိပ်မကြာဘူး ကန်ပနီပိုက်ဆံ သိန်းတစ်ရာလောက် ပြန်မပေးပဲရှောင်ထွက်သွားရော… တစ်ချို့လဲ အကဲခတ်ရခက်ပေမဲ့ တချို့လဲ နေပုံထိုင်ပုံ မျက်လုံးအနေအထားတဲ့ သိသာသလားလို့…
Ma Ma
January 23, 2015 at 6:05 am
ဘာရယ်မဟုတ်ပါဘူး။
စောင့်နေကြောင်းလေး လာပြောတာ။ :k:
Wow
January 23, 2015 at 12:40 pm
နာဗျင်မ.. အသီးများဟက်တက်ကွဲရမယ် ပုရိသ
တောဇီးကွက်
January 24, 2015 at 4:58 pm
အသဲများဟက်တပ်ကွဲ ပြင်ညာ..နာဗျင်မ…
..
ကြုံရင် တစ်ပုဒ်လောက် ဟဲရအောင်ဗျျို့..:D