တောဇီးကွက်January 24, 20151min1266
ကျွန်တော်စိတ်ထဲမှာ တစ်စုံတစ်ယောက်ကို ပြင်းပြင်းထန်ထန်သတိရသွားတယ်ဗျာ… ဟုတ်တယ်…… ကျွန်တော့်ရဲ့ ဘုရင်မ….. တစ်ချိန်တုန်းက ကျွန်တော့်ရဲ့ ဘုရင်မတစ်ပါးပေါ့………. ဒါပေမယ့် ကျွန်တော်က နန်းချခံလိုက်ရတဲ့ ဘုရင်တစ်ပါးမဟုတ်ဘူးဗျ……. နန်းတောင် တက်ခွင့်မရလိုက်တဲ့ နယ်ရုပ်တစ်ရုပ်ပါ……. အတွေးတွေနဲ့ အတူ ကျွန်တော် ကြေကွဲစွာ ပြုံးလိုက်မိတယ်…….။ စိတ်တွေကတော့ အတိတ်တွေဆီသို့……… ကျွန်တော်သူမကို စတွေ့ခဲ့တာ တက္ကသိုလ်ပထမနှစ်မှာ…… အမြဲတမ်း တင်းတင်းစေ့ထားတတ်တဲ့ သူမနှုတ်ခမ်း… မာနရောင်ကြောင့် စူးရဲနေတဲ့ သူမမျက်ဝန်း… သူမရဲ့ ခြေလှမ်းတွေကအစ ရဲဝင့်တယ်… သူမကို စသတိထားမိတာ အနီရောင်ကြောင့်ဗျ.. သူမ စီးတဲ့ဖိနပ်က အနီရောင်.. သူမဆိုးတဲ့ နှုတ်ခမ်းနီက အနီရောင်.. အိုဗျာ..ကုန်ကုန်ပြောမယ်.. သူမ ကိုင်တဲ့ ဘာပစ္စည်း မဆို အနီရောင်တွေပဲလို့ပြောရလောက်အောင်ကိုပဲ နီနေခဲ့တာ. အဲတုန်းကတော့ အဲအနီရောင်တွေဟာ ကျွန်တော့် နှလုံးသွေးတွေ […]


တောဇီးကွက်January 18, 20151min36224
“မင်း.. သူ့ကို ဘယ်လို မြင်လဲ .. မဆိုးဘူး မဟုတ်လား” ………… ………….. ကျွန်တော်နှင့် ခင်မင်နေသော ဆရာဝန်အကို တစ်ယောက်မှ သူ့ကောင်မလေးနှင့် မိတ်ဆက်ပေးပြီး နောက်..မေးလိုက်သော စကားလုံးဖြစ်သည်။ ကျွန်တော် မဖြေချင်၊ လိမ်လဲ မလိမ်ချင်..။ နှုတ်ဆိတ်နေမိသည်။ …….. “ပြောပါကွာ ငါ့ကို အားမနာပါနဲ့ ..မင်း လူကဲခတ်တော်တယ်ဆိုတာ ငါသိပါတယ် မင်းပြောသမျှကလဲ ဘယ်တော့မှ မလွဲဘူး” “ကျွန်တော် ပြောလိုက်တဲ့ အကောင်းအဆိုးပေါ်မှာ မူတည်ပြီး အကို့ဘက်က ပြောင်းလဲ သွားဖို့ရှိလား.. အကိုသူ့ကို လက်ထပ်ဖို့ ရည်ရွယ်ထားတာလား ” ကျွန်တော် ပြန်မေးလိုက်သော စကားကို အကို မဖြေနိုင်.. တွေဝေသော အကြည့်ဖြင့်သာ ပြန်ငေးကြည့်နေသည်။ ” အကို… ကျွန်တော်ပြောတာ အရင်နားထောင် […]