Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

နားဦးတည့်ရာ လေး – Paul Slade (Friend – A Princesa e o Fotografo)

မြစပဲရိုးJanuary 24, 20154min71121

မိုက်ခ် ရဲ့ သူငယ်ချင်းကြီး ငွေဆန် ရဲ့ ဂျာပွန်မလေး ကို ကြည့်ပြီး ကိုယ့်ရဲ့ ချစ်သော ဂျာပွန်ကြီး ကိုပါ လွမ်းသွားတာနဲ့ ……
ဒီတစ်ပါတ် မှာတော့ နားဦးတည့်ရုံမက အမြင်ဦးပါတည့်သွားခဲ့ပေါ့။
အခုခေတ် ကလေး တွေ ရဲ့ ကိုးရီးယားမင်းသား ဟော့ရှော့ အလန်း လေး တွေ ကြားထဲ အရီး ရဲ့ မင်းသားကြီး မှာ ဟာသ ကြီး ဖြစ်နေမယ်မှန်းတော့ သိပါရဲ့။
သို့ပေမဲ့ ကြိုက်မိတော့လဲ ကြော်ငြာဝင်ပါ့မယ်။
အင်မတန် အရုပ်ဆိုးတာမှန်ပေမဲ့ သရုပ်ဆောင် ကောင်းလွန်းတာမို့ တစ်ချိန်ကအတော်လေး သဘောကျခဲ့ ဖူးတဲ့  ကိုယ့်ရဲ့ မင်းသား ဖြစ်လိုက်ပါသေးတယ်။
ပြောသာပြောရ။ သူ့ရုပ်ရှင်တွေကို နှစ်ခါဘဲ ကြည့်ဘူးတာ။
၁၉၈၄ ပါတ်ဝန်းကျင်လောက်ကပေါ့။

“Princess and the Photographer”
ဂျပန် က နေ ဥရောပ တစ်ခွင် ကို တိုးရစ်လာလုပ်ပြီး ဓာတ်ပုံ ရိုက် နေတဲ့ ဓာတ်ပုံဆရာတစ်ယောက် နဲ့ ဥရောပနိုင်ငံ တစ်ခု က ဘုရင့်သမီး အိမ်ပြေးမလေး ရဲ့ ဇာတ်လမ်းပေါ့။
အင်မတန်လှ တဲ့ ဥရောပတိုက် တစ်ခွင် ရှုခင်း တွေ ကို ရထား စီးရင်း မြင်ရသလို ရိုက်ပြထားတာ မို့ ဒေသန္တရ ဗဟုသုတလည်း ရနိုင်ပါသေးတယ်။
ဒါတင်လား ဆိုတော့ မဟုတ်ပါ။
အရှေ့တိုင်းသား ယောကျာင်္း တစ်ယောက်ရဲ့ သူခရီးသွားဖော် မိန်းကလေး လှလှပပလေး ကို အစွန်းအထင်း မရှိသွားအောင် စောင့်ထိန်း ခဲ့ပုံ ကလဲ အင်မတန် ချစ်စရာကောင်း တဲ့ အပြလေးမို့ အတော်လေး သဘောကျမိသေး။

မှတ်မှတ်ရရ။
သဘောကျလွန်းတာမို့ ရုံ မှာ ပြန်တင်တိုင်း သွားကြည့်တာ ၃ခါ ရှိတယ်။
အင်တာနက် လဲ သုံးရော သတိတရ ဝင်ဝင် မွှေရှာတာ ကိုယ့်လို ခရေးဇီး ဖြစ်သူ တွေ ရှာတင်ထားတာ ကို တွေ့ရတော့ လင့် ကို သိမ်းထားပါတယ်။

ဇာတ်လမ်းကတော့ ဘာမှမရှိပါဘူး။
အိမ်ပြေးလုပ်လာတဲ့ ဥရောပ ဘုရင့်သမီးလေး ပိုက်ဆံအိတ် ကျပျောက်တော့ ဂျပန်တိုးရစ် တစ်ယောက် ကို ခရီးသွားလမ်းညွှန် လုပ်ပေးပါ့မယ်။ သူ့ကို စရိတ်ခံ ခေါ်ပါ ဆိုပြီး တောင်းပန် တာ ဟို ကလက်မခံ။
ဒါကို အတင်းပေကပ်ပြီး လိုက်နေတော့ နောက်ဆုံး ဂျပန်ခမျာ လက်ခံပြီး အတူတူ သွားရင်း သံယောဇဉ် ဖြစ်ခဲ့။
နောက်ဆုံး မင်းသမီး နောက် ကို လိုက်ရှာနေတဲ့ အစောင့် တွေ က အတင်း ပြန်ခေါ်သွား။
ဇာတ်သိမ်းခန်း လေးကတော့ သူ့တိုင်းပြည် ပြန်တော့မဲ့ မင်းသမီး ကို လေဆိပ် မှာ စောင့်ကြည့်ချိန်
မင်းသမီး ကလဲ သူ့ကို တွေ့သွားပြီး အနားကိုသွား ဓာတ်ပုံ အရိုက်ခံ။
(ခရီး တစ်လျှောက် မင်းသမီးက သူ့ပုံကို မရိုက်ရလို့ ပြောထားခဲ့တာ)
“Good Bye My Love” ဆိုပြီး နှုတ်ဆက်ထွက်သွားချိန် သူ ရိုက်ခဲ့တဲ့ မင်းသမီး ပုံတွေပါ ဖလင်ကို ကင်မရာထဲ က ဆွဲထုတ်ပြီး ပစ်ချ လိုက်။
ပြီးတော့ သူ ပြုံးခဲ့တယ်။
လက်တွေ့ဘဝ မှာ လုပ်သင့်တာ တစ်ခု က မေ့လိုက်ခြင်းဘဲပေါ့။

အဲဒီ ရုပ်ရှင်ထဲက Friend  ဆိုတဲ့ သီချင်း ကတော့ ကိုယ့်စိတ်ကြိုက် လက်ရွေးစင်တိတ်ခွေ ထဲ ပါသမို့ ဒီအထိ ကို ပါလာပြီး စိတ်ရတိုင်း နားထောင်မြဲပါ။

ရုပ်ရှင်ထဲ မယ် မင်းသားက ဂျပန်သံ ဝဲဝဲ နဲ့ ပြောတဲ့
She drink, I drink, drink drink drink တို့
I will protect you forever တို့ကလဲ ရုပ်ရှင်ပြီးလဲ ကျန်နေခဲ့ပေါ့။
မင်းသမီးလေးက သူ့ကို ရုပ်ရှင်ထဲက ” ရှေးဦးလူသား”  နဲ့ တူတယ်လို့ ပြောလိုက်တော့ စိတ်ဆိုးသွားပုံ ကလဲ ချစ်ဖို့ကောင်းလှတယ်။

Youtube ထဲမှာ ရုပ်ရှင် လဲ တွေ့ထားတာမို့ ကြည့်လိုသူများ အတွက် လင့် ပေးထားပါတယ်။
“https://www.youtube.com/watch?v=uA54fL77vg0”
အချိန်က တစ်နာရီ လေးဆယ့်ငါးမိနစ် လောက် ရှိပါတယ်။
ရှုခင်း လှလှ၊ မင်းသမီး လှလှလေး ဘေးက မင်းသား ရုပ်ဆိုးကြီး ရဲ့ အဖြူရောင် သံယောဇဉ်ဖွဲ့ ဇာတ်လမ်း သန့်သန့် လေး ပါ။

ရုပ်ရှင် ကြည့်လို့ မရနိုင်သူ များ အတွက် သီချင်း လေး နဲ့ ဇာတ်ဝင်ခန်း ဓာတ်ပုံတစ်ချို့ မျှလိုက်ပါတယ်။

P&P4

P&P5

P&P7

P&P6

P&P9

P&P3

P&P1

P&P2

Friend by Paul Slade

Friend, I’m feeling lonely now
I need to find another way
Why is there no reason how
To believe in what the people say?

Friend, you’ve got to show me now
I need to know a lot of lives
And each getting lonesome how
I can’t stand another lonely night

You told me I can count on you
so tell me now what can I do
The feeling’s getting stronger
And taking any longer
I need to know if love is true
I’m wasting time on by myself
Somewhere there must be someone else
who’s waiting for another
who’s dreaming of a lover
I’m hoping that someone is you

Friend, I really need you now
Nobody else could ever know
Friend, you’ve got to show me how
I can leave this long and lonely world

21 comments

  • မြစပဲရိုး

    January 24, 2015 at 11:03 pm

    Youtube သီချင်း ဗီဒီယို (Friend by Paul Slade)
    Link တွေ ထည့်ထည့် ပေးနေတာ ပြည်တွင်း က လူများ ရော ကြည့်လို့ ရမရ သိချင်ပါတယ်။

    https://www.youtube.com/watch?v=8-2Jk-7LCfM

  • pooch

    January 24, 2015 at 11:53 pm

    ရတယ်​ အရီး
    ကွန်​ပြူတာနဲ့ဖွင်​့ရင်​အကုန်​ရတယ်​
    ဖုန်​းနဲ့​တော့ကြာလို့ မဖွင်​့ဖြစ်​ဖူး

    အဲ့ကားမကြည်​့ဖူး​သေးဘူး အစအဆုံး
    တပိုင်​းတစလားပဲကြည်​့ဖူးတာ
    သီချင်​းလည်​း ခုမှ​ဒေါင်​းမှာ
    seven nights in japan ​တော့ ကြည်​့ဖူးတယ်​
    the sond of music တို့ gone with the wind တို့လ်ိုကား​တွေပိုကြိုက်​တယ်​
    ဒီဘက်​​ခေတ်​က Twilight တို့ Dear Jhon တို့ The last song တို့မှ ပိုရင်​ခုန်​ဖို့​ကောင်​းတာအရီးရဲ့ :mrgreenn:

    တကယ်​​တော့အရီး သများမှာလည်​း ခရီးဆုံးတာနဲ့ delete လုပ်​လိုက်​ရတဲ့ဇာတ်​လမ်​းတခုရှိတယ်​ ပုံ​တွေ contact ​တွေ ဖျက်​လိုက်​လို့ရ​ပေမဲ့ အမှတ်​တရ​တွေက ​ပျောက်​သွားတာမှမဟုတ်​တာ
    အနာ​ဟောင်​းက ​လေထိခံလို့​တောင်​မရ​သေးဘူးအရီးရယ်​

  • Crystalline

    January 25, 2015 at 2:13 pm

    အရမ်းကြိုက်တဲ့သီချင်းလေး.. အရီးကလည်း.. ကိုယ်တိုင်ဆိုပြီး အူးဘလက်လို အသံဖိုင်ပါတင်ပေးရမှာ :))

  • Ma Ma

    January 25, 2015 at 5:23 pm

    ရုပ်ရှင်ကြည့်ခဲတယ်။
    ကြည့်လိုက်ရင်လည်း အိပ်ပျော်သွားတာ များတယ်။ :k:

    “Princess and the Photographer” ကတော့ အိပ်မပျော်ပဲ ကြည့်ခဲ့တဲ့ ရှားရှားပါးပါး ဇာတ်ကားတွေထဲမှာပါတယ်။ 🙂

    ရုပ်ရှင်ကတော့ အဲဒီခေတ်မှာ မကြည့်သူ မကြိုက်သူ မရှိသလောက် ရှားမယ်ထင်ပါရဲ့။ 🙂

  • Iris

    January 25, 2015 at 6:37 pm

    အရမ်​းနာမည်​ကြီးခဲ့တဲ့ကားလို့​တော့သိတယ်​။ဒါ​ပေမဲ့မကြည်​့ခဲ့ဖူးဘူး။ 🙁
    မင်​းသားကြီးကမ​ချောဘူး. ဟီး

  • Courage

    January 26, 2015 at 12:59 am

    ၁၉၈၄ဆိုုတော့… ကျွန်တော်အရင်ဘဝတုန်းကတောင် ကြည့်ဖူးချင် ကြည့်ဖူးခဲ့မှာ 😀
    ဒီဇာတ်ကားရဲ့ အကြောင်းကိုတော့ သက်ကြီးစကားတွေနဲ့ ကြားဖူးတာကြာပါပြီ။ ကြည့်ဖြစ်အောင် ကြည့်မယ်လို့ တွေးလိုက် ပြန်မေ့သွားလိုက်နဲ့။ အခုတော့ ဒေါ်လေးပေးတဲ့ လင့်ကနေ တစ်ခါတည်းပဲ ဒေါင်းပြီး ကြည့်လိုက်တော့မယ် ဒေါ်လေးမြစပဲရိုးရေ့….
    အာရီးကားသိုး 🙂

  • Mr. MarGa

    January 26, 2015 at 9:26 am

    comment ထဲက youtube link က ဝင်ပြီး edit လုပ်မှ မြင်ရတယ်ထင်တယ်ဗျ
    (ပုံနဲ့ ဗီဒီယို ကို ထည့်ပိုင်ခွင့် အပြည့်အဝ ယူထားတာက ရွာ့ သဂျီးကိုး)
    ဆိုတော့ ကွန်မန့်ထဲက link က ပေါ်လိုက် မပေါ်လိုက် လို့သာ မှတ်ပါ အရီးရေ
    နောက်ဆုံးက ကင်မလာ ကိုင်ထားတဲ့ပုံအရတော့ ချောရှာသား :loll:

  • Kaung Kin Pyar

    January 26, 2015 at 10:25 am

    ဒီကားကို အမေခဏခဏပြောတယ်….။
    Romeo Juliet လို နောက်ပြန်ရိုက်ထားတာ ရှိသေးပေမယ့်….မူရင်းဇာတ်ကားဟာ အကောင်းဆုံးတဲ့….။
    မကြည့်ဖူးပေမယ့်….အမေ ပြောလွန်းလို့ ဇာတ်ကားနာမည်ကိုတော့ ရင်းနှီးနေခဲ့တာ….။
    ဒီမင်းသားတော့ ဘာမှမပြော…၊ ဒီထဲက မင်းသမီး အရမ်းချောတယ်လို့တော့ အမေပြောလို့…အင်တာနက်ကတောင် မှတ်မှတ်ရရ ရှာဖူးသေးတယ်…..။
    ပုံတွေစုံစုံလင်လင်နဲ့ မြင်ရတာ ကျေးဇူးပဲ အရီးရယ်…

  • Mike

    January 26, 2015 at 10:57 am

    .“Princess and the Photographer” ကိုလည်းနှစ်သက်စွာကြိုက်ခဲ့
    .ဂျပန်မင်းသားတွေထဲ ဟိုရုပ်ခပ်ဆိုးဆိုးမင်းသား( Photographerထက်တောင်ဆိုး) သရုပ်ဆောင်တဲ့
    .On the Road လည်းတော်တော်ကြိုက်
    .Take Me Away လည်းကြိုက်…
    .ဟိုးတုန်းက ဂျပန်ကားတွေအားလုံး မလွတ်တန်းကြည့်ခဲ့တာပဲဗျ :))

  • ဦးကြောင်ကြီး

    January 26, 2015 at 11:37 am

    အဲဒိကား လင့်ခ်အတွက် ကျေးဇူးပါ အမ်တီမြ။ အချိန်ယ ကြည့်ပါဦးမည်။ အဲဒီအချိန်လောက်ကပဲထင်ရဲ့.. ဂျာပွန်ကား on the road ဆိုတာရှိသေးတယ်။ သူက ဂျာပွန်ဆိုင်ကယ်ရဲနဲ့ တောကမြိုတက်လာသူ ဂျာပွန်မလေးတို့ အခြစ်ဇက်လန်း… အလွမ်းဇပ်ကားပဲ။ ဒါပေမည့် နောက်ပိုင်းနှစ်တွေကြာမှ တခါပျံကြည့်တော့ ဖီလင်မလာတော့..။ ပွင့်စက်အန်ဖိုးတုပ်ဂရက်ဖာလည်း ထိုနီးတူဇွ ဖြစ်ပေမား…။ နောက်ဆုံးခန်း အုယောပသူ မင်းတမီးလေးကို လေဆိတ်မှာ ကင်မလာ တဖျတ်ဖျတ်ရိုက်ပိး လိင်ဗျံထွက်သွားတော့ ရိုက်ပီးတဲ့ ဖင်လိပ်ကို ဆွဲထုတ်ပစ်လိုက်တာ ဇပ်ကား အထွပ်အထိတ်ပဲ…

  • ဦးကျောက်ခဲ

    January 26, 2015 at 12:14 pm

    အဲသည့် ဓာတ်ရှင်ကို ဘယ်နှစ်ကြိမ်မှန်းမသိအောင် ကြည့်ဖူးတယ်…
    ဂျပန်ကြီးရဲ့ ဂွကျကျ ဟာသတွေ အောက်မှာ အူနှိပ်အောင်ရယ်ခဲ့ရပေမယ့်…
    အလွမ်းဇာတ်သိမ်းမို့ ကျောက်စ်နှမတွေဆို ပြန်ကြည့်တိုင်း မျက်ရည်လည်ရွဲ…
    ဇာတ်ဝင်သီချင်းကို အဆိုတော် “တူးတူး” က မြန်မာမှူပြုတော့လည်း အောင်မြင်တာပဲ…
    Gregory Peck နဲ့ Audrey Hepburn ရဲ့ Roman Holiday ကို ကျောရိုးပြန်ယူထားတာ…
    🙂

  • Wow

    January 26, 2015 at 4:17 pm

    ကျိဖူးတယ်… အိုက်ကားထဲက မင်းသမီး အင်းကျီကို မြို့ကအမကြီးတစ်ယောက် သိုးမွေးထိုးလေး ဝတ်ထားတော့ ကြိုက်လွန်းလှလွန်းလို့ လိုက်ကျိရင်း ခလုပ်တောင်တိုက်ဖူးတယ် 🙂

  • kai

    January 27, 2015 at 4:37 pm

    Princess and the Photographer ထဲကအဲဒီမင်းသား Tetsuya Takeda က.. ဂျပန်မှာနာမယ်ကြီး..
    Takeda sensei တကဲဒဆင်းဆေး(ဆရာ)လို့တောင်ခေါ်ကြတာ…။

    သူ့ရဲ့နာမယ်ကြီးနောက်စီးရီးတကားက… 101st Marriage Proposal (101回目のプロポーズ)
    မြန်မာပြည်တီဗီမယ်ပြဖူးတယ်ထင်တာပဲ..။

    • Iris

      January 27, 2015 at 6:04 pm

      101ကြိမ်​ထဲကမင်​းသားကြီးလား။အဲ့ကားကို​တော့ကြည်​့ဖူးပြီး​တော်​​တော်​ကြိုက်​ခဲ့တယ်​။
      အရီးကားကိုပြန်​ကြည်​့​တော့ ​တော်​​တော်​ဝါး​နေတယ်​။ မင်​းသားကြီးကိုမှတ်​မိဘူး။
      အရီး​ပြောသလိုပဲ she drink, i drink , drink drink ဆိုတာ​လေးသ​ဘောကျတယ်​။

    • pooch

      January 28, 2015 at 11:29 am

      အော် တစ်ရာ့တစ်ကြိမ်မြောက်ချစ်ခွင့်ပန်ခြင်းလား ကြည့်ဖူးတယ်
      ကြိုက်တယ်အဲ့ကားတော့
      ဇာတ်ကားထဲက မင်းသမီးက အရမ်းပိန်ပြီး ဆံပင်ရှည်ရှည်နဲ့တယောက် သူကလှပေမဲ့ သူ့ကို အဲ့ကားထဲ အရမ်းလှတယ်ညွှန်းပေမဲ့ စိတ်ထဲ ပြောသလောက်ကြီးမဟုတ်ဖူးလားလို့
      တရုတ်ကားတောင် ပြန်ရိုက်ထားသေးတယ်
      အဲ့လောက်မကောင်းဘူး

  • ဦးဦးပါလေရာ

    January 29, 2015 at 4:55 pm

    .အဲ့ သီချင်းက ကျုပ်တို့ကျောင်းသားဘဝမှာ အိပ်ပျော်နေရင်း ယောင်ပြီးဆိုနေကျ သီချင်းပေါ့ …
    .အဲ့ ဇတ်ကားက ကျုပ်လို ကော်တရာထိပ်ခေါင် ကပ်စေးနဲက ပိုက်ဆံပေးပြီး လေးခါကြည့်ဖူးတယ်..
    .အလကားကြည့်ဖူးတဲ့အကြိမ်ပေါင်းကတော့ မရေနိုင်ဘူးထင်ရဲ့…
    :mrgreen:
    .ငယ်ငယ်တုန်းကတော့ ဒီဇတ်ကားကို ဒီလောက်ကြိုက်တာ ကိုယ့်အဖြစ်နဲ့ တူလို့ လို့ ထင်မိသေးတာ…
    .(ကျုပ်က အဲ့မင်းသားထက် ရုပ်ဆိုးပြီး ကျုပ်ကြိုက်မိတဲ့ ကောင်မလေးတွေက အဲ့မင်းသမီးလို ချောတာလေ.. :mrgreen: )
    .ဒါပေသိ ကြီးလာတော့ တမျိုးတွေးမိတယ်..
    .အဲသည် ဇတ်ကားမှာ တခုခု ရှိတယ်၊ တစ်ခုခုပါနေတယ်…၊
    .ကြည့်တဲ့သူတွေကို တစ်ခုခုပေးလိုက်တယ်…..
    .အဲသည်တစ်ခုခုကို ကြိုက်တာ…
    .နှိုင်းယှဉ်ပြောရရင် ဒီကနေ့ မြန်မာကားတွေကိုကြည့် ကြည့်
    .ကားလဲပြီးရော စိတ်ထဲမှာလဲပြီးရော
    .ဘာဆိုဘာမှ မကျန်ဘူး…
    .မြန်မာဇတ်ကားတွေမှာ အသုံးကျတာဆိုလို့-
    . ပြီးတဲ့အထိ ကျိတ်မှိတ်သည်းခံကြည့်နိုင်ရင် ခန္တီပါရမီဖြည့်သလိုဖြစ်တယ်…
    ..

  • မြစပဲရိုး

    January 31, 2015 at 11:03 pm

    ဆက်ဆက်
    အီသီရိုပီးယား မှာတောင် အင်တာနက် လိုင်း အင်မတန် ကောင်း တယ် ပြောတာ မြန်မာပြည် လဲ မကြာမှီ လာမည်။
    သနားလို့ တမင် သူတို့ နောက် က နေပေး နေတာ ဆိုလား။

    ပုချ်လေး
    ပုံပြင်လေး တော့ ကြားချင်သား။
    အရီး ကတော့ Delete လုပ်ရုံ တင်မဟုတ်။ Drive ကို Format ပါ လုပ်ပလိုက်တယ်။ lol:-)))
    နှလုံးသား ဒါဏ်ရာ ဆိုတာ ခံရတုန်း သာ အနေရခက်တာ။
    အနာကျက်ချိန် ပြန်တွေး ရင် အတော် အရသာ ရှိတယ် ဆိုလား။

    မကြည်စင်လေး
    ကဘချော လို အသံကောင်း လို့ ကတော့ စာတွေ ကိုလက် နဲ့ ရိုက်မနေတော့ ဘူး။
    အသံ နဲ့ ဘဲ ပြောပလိုက်မှာ။
    တို့ ကိုချော လဲ ဇီးသီး ထုတ် တော့မည် ဆိုလား။

    ချစ်မမ
    အိပ်ပျော်ဖို့ ပြင်ထား။
    ရွာထဲ မှာ မင်းသား တစ်ယောက် ရဲ့ ဇွတ်ကား ထွက်တော့မယ် ဆိုလား။

    အိုင်းရစ်လေး
    တစ်ရာ့တစ်ကြိမ် ထဲ မင်းသမီး ရဲ့ အလုပ်တူ violin တီးတဲ့ ဇာတ်ကောင် ကို မျက်စိ ကျ မသွား အောင် အတော်ကြိုးစားခဲ့ ရတယ်။
    ရုပ်ဆိုးကြီး ကို အားနာလို့။
    ရွာထဲ မယ် လာလသား တစ်ယောက် က အဲဒီ မင်းသား (violin) နဲ့ အတော်တူ ဆိုလား။

    မောင်ကာကြီး
    ဆိုတော့
    ၈၄ မှာ မင်းက အရီး တို့ နဲ့ အတူတူ။
    နောက်တော့ နံရံ ဟိုဘက် ကို ရောက်။
    အခု နံရံ ရဲ့ ဒီဘက် ကို ပြန်ကူးလာ ပေါ့။
    နံရံ အကူး မှာ ဘယ်လို စာရွက်စာတန်း တွေ ပြပြီး အင်မီဂရေးရှင်း ကို ဖြတ်ခဲ့သလဲ သိချင်စမ်းတော့။
    အခုတော့ အီးပါတ်စ် ဖြစ်နေပြီ ဆိုလား။

    ဖိုးသိကြား
    ရုပ်ဆိုးတာ နဲ့ ချောတာ ဆိုတာ စည်းပါးပါးလေးကွဲ့။
    သိသမျှ တော့ တို့ရွာ ရဲ့ သိကြား က အင်မတန် ချို ဆိုလား။

    ကင်းကောင်လေး
    ဟုတ်ပါ့ကွယ်။ Romeo & Juliet ကို ပြန်ရိုက်တာ လီယိုနာဒို နဲ့။
    ဇာတ်လမ်း ပျက်ရှာတော့တာပါဘဲ။
    စကားမစပ် ရွာထဲ မလဲ ရိုမီယို နဲ့ ဂျူးလိယက် ရှိတယ် ဆိုလား။

    မိုက်မိုက်
    On the road မင်းသား က ရုပ်ဒီလောက် မဆိုးပါလေ။
    မပြောမရှိ နဲ့။
    ကျွန်မတို့ ကျောင်းတုန်း က On the road မင်းသား နဲ့ တူတဲ့ ကိုယ်တော် တစ်ယောက် ရှိဘူးတယ်။
    နောက် စုံစမ်း ရင်း အဲဒါ ရွာတဲ က ကြီးလေးကြီး ထဲ က တစ်ယောက် ဆိုလား။

    ကြောင်ကြောင်
    ဒီလိုမျိုး ရုပ်ရှင် တွေလဲ ကြည့်တတ်တယ်လား။
    တကဲ့ ဇာတ်လမ်း အမှန်က
    မင်းသားက ရဲ (ဆိုင်ကယ် ကြီးနဲ့)
    တစ်နေ့ လူဆိုးကို လိုက်ရင်း မင်းသမီး ကို ဆိုင်ကယ် နဲ့ တိုက်မိတာ မင်းသမီး ခြေကျိုး သွားရော။
    ဒီတော့ အလုပ် အဖြုတ်ခံရပြီး အဝေးပြေးကား နဲ့ ရွာပြန်ချိန် မင်းသား က အတင်း လိုက်ပြီး တောင်းပန်။
    ဟိုက လက်မခံ။ ဒါ ကို မင်းသား ကလဲ ဇွတ် ဆက်လိုက်။
    သူ့ကို တာဝန် ဖောက်မှု နဲ့ ရဲ တွေ က လိုက်။ သူက ပြေးရှောင်လိုက်၊ မင်းသမီး ရဲ့ အဝေးပြေးကား နောက် ကို လိုက်လိုက်။
    နောက်ဆုံး ဆိုင်ကယ်မှောက် သေရော။
    ဇာတ်သိမ်းခန်း မှာ “ဆာယိုနားယား” ဆိုပြီး သီချင်း လေး နဲ့ လူနာတင်ကား ကြီး နောက် ကို ချိုင်းထောက် နဲ့ မင်းသမီး က ပြေးလိုက်။
    မောရော။
    ငယ်တုန်းက ကြိုက်လိုက်ပေမဲ့ အခု ပီ အန်န် ပီ လို မစွဲပါ။
    ဒီတော့ အခု အညွန်းကား ကို ပြန်ကြည့်ပါ။ ဆက်ကြိုက် နေဆဲ ဖြစ်မှာပါ။
    နောက်ပြီး မင်းသမီး လေး က ရွာထဲ က တနင်းဂါ နံ မိန်းကလေး နဲ့ ဆင်တယ် ဆိုလား။

    ကျောက်စ်
    ကျောက်စ် မသိတာများ ရှိသေးလား တွေးမိနေတယ်။
    Roman Holiday ဆိုတာ ကို ပြန်မှီး ထားတာ ကို မသိဘူး။ အခုမှ သိတယ်။
    တူးတူး သီချင်း က ဇင်မာဦး နဲ့ သူငယ်ချင်းအတွက် ဆိုလား။

    ဒေါ်ဝါးလေး
    ဝုတ်တယ်။
    အဲလို အမဲ နဲ့ အဖြူကြား စပ်တဲ့ သိုးမွေးထည် တွေ ခေတ်စားလိုက်သေးပေါ့။
    ဝါး လေး ခလုတ်တိုက် လိုက်တာ ကို ဖားပြုတ်ကိုက် တယ် လို့ သတင်းထွက်ခဲ့ ဆိုလား။

    သူကြီး မင်း
    ပြောသာပြောတာ။ ဆိုတဲ့ ကို ဂျပန် တွေ မသိကြဘူး။ အံ့ရော။
    ဒါထက် အဲဒီ မင်းသားကြီး ဆံပင် ပုံ က တို့ သူကြီး ဆံပင် ပုံ ကို ကော်ပီထားတာ ဆိုလား။

    ကိုပါ
    ဂျက်ကီချန်း က ရုပ်မဆိုးပါလေ။
    မြန်မာကားတွေ ကို ကျွန်မ မကြည့်တော့ တာကြာပေါ့။
    မင်းသား မင်းသမီး စကားပြောသံ က အစ ဘယ်လို မှ ကို ခံစားလို့ မရတော့ဘူး။
    ကျွန်မ ကဘဲ ကြီးကျယ်သွားတာလား။
    မြန်မာကား တွေ ကို ကဘဲ အောက်ကျ နေတာလား။
    တစ်ခုခု ဘဲ။
    အရင်က ကိုပါ စာပေးခဲ့ဘူး တဲ့ ခပ်ချောချောမိန်းကလေး တွေထဲ အီကိုကွင်း တစ်ယောက်ပါတယ် ဆိုလား။

    အားပေးကြကုန် သော မင်းပရိတ်သတ် ကြီး များ ကို ကျေးဇူးအထူးတင်ကြောင်းပါ။
    နားခံနိုင်သ၍ထိ ဆက်လက် အားပေးတော် မူကြပါလော့။
    lol:-))) :))

    မသိတာလေး သိအောင် ထပ်ညွန်းပေးတဲ့ ကျောက်စ် ရဲ့ မှတ်ချက် ကို စိမ်းပါတယ်။

    • kai

      February 1, 2015 at 1:29 pm

      Audrey Hepburn ရဲ့အော်စကာကားကိုအရီးလတ်မသိတာတော့..အံ့ဩမိ…။
      အဲဒီမင်းသမီး..ကမ္ဘာ့ပုရိသတွေအမြင်ထဲမှာတော့.. အလှဆုံးးးးး တဦးဆိုပါတယ်..။
      ၂ဝရာစုအလှဆုံးတဲ့..။ :k:

  • Ma Ei

    February 2, 2015 at 10:42 am

    သီချင်းလေးကူးထားတယ်..
    ပြန်ဆိုကြည့်လိုက်ဦးမယ် စိတ်ကူးတယ်..
    🙂

  • ခင်ဇော်

    February 3, 2015 at 6:49 am

    ရုပ်ရှင် ကို ငယ်တုန်းးးက တခါလားးးပဲ ကြည်ဖူးးတယ်။
    မှတ်မိဘူးးး ဟီးးးးးးး
    အမေ နဲ့ အဒေါ်တွေ ကြားးးတော့ အတော် ပြောကြတဲ့ ကားးးး
    သီချင်းးးကတော့ ကျနော်တို့ နေ့လည် အိပ်တိုင်းးး နားးထောင် ရလို့ အတော် ရင်းးနှီးးပြီးးး ဆိုဖြစ်တဲ့ သီချင်းးထဲပါတယ်။
    မူရင်းးး သီချင်းးကို နွဲ့ယဉ်ဝင်းးး ဆို တာလည်းးးကောင်းးပြီးးးးး
    ကော်ပီ သံစဉ် မြန်မာ သီချင်းးကို မဒီ ဆိုထားးတာလည်းး ကြိုက်တယ်
    အဖြူရောင် သူငယ်ချင်းး ထင်ပါရဲ့…!!
    :chit:

Leave a Reply