ကြမ္မာ
ကြမ္မာ
ကံကောင်းတုန်းစံ ကုန်ပြန်ခံမြဲ
သံသရာခရီးကြမ်း လျှောက်ပြန်ဟန်လွဲ
ဒေါသပူမီး လောင်မြိုက်ဆဲမှာ
ကိလေသာရမ္မက် တစ်ငွေ့ငွေ့နဲ့
အိုဘယ်လူသား ငြိမ်းချမ်းသောရပ် အဘယ်မှာလဲ . . . .
ရှေ့တိုးရန်ခက် နောက်ပြန်မလွယ်
သံသရာအလည် မျက်ရည်စက်လား
သွေးစက်လားလေ မာနအလံထူ
အိုဘယ်လူသား မေတ္တာတံခါး ဖွင့်ပါစေသား . . . . .
လူသား လူသား တွေးတောတာထက်
ဘေးသဘော ပြောသမျှ အရာဝင်တက်သမို့
သောကတွေရင်မှာ ပိုက်ရင်း
အစဉ်အလာ မင်္ဂလာ အ အက္ခရာ မဖြစ်စေဖို့
အိုဘယ်လူသား မဖြောင့်ဖြူ းပေမယ့်လဲ
မေတ္တာကျောက်စူးလေး ချကြည့်လှည့်ပါ . . . .
ကာရံ ၂၅ ့၁ ့၂၀၁၅
3 comments
အလင်းဆက်
January 25, 2015 at 5:27 pm
အလံဖြူဖြူ….ကို…မာနတွေ ကပ်ပြီး ထူ..ကြ…
အဲဒီလိုနဲ့ပဲ… ကိုယ့် မာနနဲ့ကိုယ်…တလူလူ လွင့်ကြ….
ထောင်ကြ…လွှားကြ…
ကာရံ
January 26, 2015 at 7:55 pm
ဟုတ်တယ်သူငယ်ချင်းမှန်တယ်
Mike
January 27, 2015 at 8:52 am
.Good Poetry :))