အဘ နဲ့ တခဏ
သမ္မတလောင်း အဘဖားသက်ပြင်းနဲ့ အီးလဲပန်း မီဒီယာတို့ရဲ့ အင်တာဗျူး ကိုတင်ဆက်လိုက်ပါတယ်
မေး အဘရှင့် အဘရဲ့ အကြောင်းကို အကျဉ်းချုပ်လေး သိပါရစေ
ဖြေ အဘက ရန်ကုန်တိုင်းဒေသကြီး ရွာသာကြီးအထူးနယ်မြေ လွှတ်တော်ကိုယ်စားလှည် အနန်တသူရိယ မဏိဇောတဒရ ဘတ်ဒန်တ ဂန်းနာဝါစက ဝဏကျော်ထင် အကယ်ဒမီများရှင် စီနီယာ ပါမောက်ခ ဒေါက်တာ ဟစ်အိပ်စယ်လန်စီ အဘဖားသက်ပြင်းပါကွယ်
မေး ထိပ်ဆုံးမေးချင်တာက အဘ အမျိုးသားရင်ကြားစေ့ရေးကို ဘယ်လိုသုံးသပ်ပါသလဲ
ဖြေ အဲအမျိုးသားတေ ရင်ကြားမစေ့လည်း ဘသူမှ နိုးသောက်ဂရုပါကွယ်
အမျိုးသမီးတေ ရင်ဂျားမစိရင်သာ ကျျိလို့ကောင်း အဲလေ ကျိရင် အသက်ရှီသဒဲ့
အဘက နိုင်ငံ့တာဝန်ကိုနှစ်ပေါင်းများစွာထမ်းချင်တာဆိုတော့ အဘအသက်ရှီအောင် ဟိ
မေး အပစ်အခတ် ရပ်ဆဲရေးကိုရော အဘ ဘယ်လိုသဘောရပါလဲ
ဖြေ အော်သာမီးရယ် အပစ်အခတ်တွေရပ်ပြီး တဖက်နဲ့တဖက် ဘဇပ်နဲ့ ဆဲကြမယ်ဆို အကောင်းဆုံးပေါ့
မေး အဘ ဒါဆို အနောက်ခြံစည်းရိုး အရေးကရော?
ဖြေ အဘတို့အိမ်ရဲ့အနောက်ဘက်က ဘုန်းကြီးကျောင်းကွဲ့ ဆိုတော့ကာ အနောက်ခြံစည်းရိုးအရေးက ဘုန်းဘုန်းတွေကိုသာ သွားမေးပါကွယ်
မေး အဘ မြစ်ဆုံကိစ္စရော ဘယ်လိုမြင်လဲဟင်
ဖြေ အဲ့မြစ်တွေ လာဆုံတာကိုက ပြသနာဗျ အဲ့မြစ်နှစ်ချောင်း လာသာမဆုံရင် ဂနေ့ ခုလိုတွေဖြေနေရမှာမဟုတ်ဘူး
မေး မျိုးစောင့် ဥပဒေကိုလည်း ဘယ်လိုမြင်လဲအဘ
ဖြေ ဟိုလေ အဘက တိုင်းရင်းသားပေါင်းစုံနဲ့လှည့်ပတ် ငြိမ်းချမ်းရေးယူထားသူမို့ ဒီမေးခွန်းတော့မဖြေပါရဇီနဲ့ကွယ်
မေး အမျိုးသမီးတို့ရဲ့အခန်းဂန်ဒ အကြောင်းလည်း အဘသဘောထားလေးသိပါရဇီအဘ
ဖြေ အမျိုးသမီးတွေကို ပိုနေရာပေးဖို့ အဘလုပ်ဆောင်သွားမှာပါ အဘဆို အဘအိမ်ကိုပြင်ဆောင်ဖို့ ကြံထားပါတယ် အဘယူမယ့် အဘအမျိုးသမီးတွေကို ပိုနေရာပေးဖို့ပါ
မေး အိန်ဒိယပြည်နဲ့ စိနပြည်နဲ့ဆက်ဆံရေးအတွက်ကော အဘ ဘယ်လိုပြင်ဆင်ထားပါသလဲ
ဖြေ ဟုတ်ကဲ့ စမူဆာကို ကျနော် ဝက်သားသွတ်ပီး တီရုပ်ပြည်ကို တင်ပို့ပါမယ်
ပေါက်ဆီကို အသားတုထည့်ပြီး အိန်ဒိယပြည်ကိုရောင်းပါမယ် ဒါဆို အားလုံးအဆင်ပြေသွားမှာပါ
မေး ကျောင်းသားတွေပညာရေး အတွက်ရော အဘ ဘယ်လိုစဉ်းစားထားပါသလဲ
ဖြေ ဒါက လက်တလောဟော့အစ်ရှူးပါ
အဘကတော့ ပြင်ညာရေးဆိုတာ ပြင်ပြင်ပြီးညာမှကောင်းမယ်လို့ လက်ခံထားပါတယ် တမျိုးတည်းတောက်လျောက်ညာရင် လူသိမယ်မလား
မေး မှတ်သားလောက်ပါတယ်အဘ ရှင့် စီးပွားရေးအတွက်ရော အဘ ဘယ်လိုတွေးထားပါသလဲ
ဖြေ သာမီးရယ် ဆီးပွားရေးအတွက်တော့ အဘက နိုင်ငံတဝှမ်း ဗြစ်ဆိုင်တွေကို အခွန်ကင်းလွတ်ခွင့်ပေးဖို့ စဉ်းစားထားပါတယ်
ဘီဘီကဆီးရွှင်တယ်မလား ဆီးပွားတဲ့သဘောပေါ့
နောက်ပီး မာဆတ်တွေကိုလည်း အဆင့်မြှင့်တင်ပေးသွားဦးမှာပါ ပြည်သူတွေစိတ်ချမ်းသာဖို့ အဓိကလေ
မာရှီ ကိုလည်း အခွံကောက်ပီး လွတ်လပ်စွာ ဖြန့်ဖြူးခွင့်ပေးမှာဗာ
မေး ကားကျပ်တဲ့ ပြသနာကိုလည်း အဘ ဘယ်လိုမြင်ပါသလဲရှင့်
ဖြေ ၆သရမ်းမောင်းတဲ့ ကားတွေပျက် ၆သရမ်းမောင်းတဲ့ မသာတေ သေကုန်ရင် ဒီပြသနာ ငြိမ်းချမ်းသွားမှာပါကွယ် အချိန်တော့ စောင့်ရမှာပေါ့
မေး အဘသာ အာဏာရလာခဲ့ရင် ထိပ်ဆုံး ဘာလုပ်မလဲရှင့်
ဖြေ မိဘပျီသူများ ခံဗျာလို့ ပြောပါမယ်ခည
မေး အဘအနေနဲ့ သမိုင်းမှာဘယ်လိုကျန်ခဲ့အောင် ဆောင်ရွက်မယ် စိတ်ကူးပါသလဲ
ဖြေ ဟုတ်ကဲ့ ကျနော် သမိုင်းမှတ်တိုင်ရောက်ရင် စပယ်ရာကိူ ရပ်ခိုင်းပါမယ် မရပ်ပေးရင် ခုန်ချပါမယ်
မဟုတ်ရင် ကျနော် အင်းစိန်ထိပါသွားမှာစိုးလို့ပါ
ဟတ်ကဲ့ ကျမတို့ အီးလဲပန်း မီဒီယာကနေပီးတော့
ခုလိုမှတ်သားဖွယ်ရာများကို အချိန်ကုန်ခံပီး ကိုယ်ဖိရင်ဖိ အသွေးထဲအသားထဲက ဖြေကြားပေးပါသော
အဘ ဖားသက်ပြင်းကို လှိုက်လှိုက်လှဲလှဲ အားတက်သရော ဒလမန်းကြမ်း ကျေးဇူးတင်ပါတယ်ရှန်
ကျော်ကလည်း ကျေးကျေးပါဆို့
ဒချိဒချိ
🙂
12 comments
Kaung Kin Pyar
February 10, 2015 at 10:02 am
တခြားတော့ ကွန်ပလိန်းချင်စိတ်မရှိဖူး…။ ဒါလေးတွေတော့ ကွန်ပလိန်းမယ်ညှော်….
မေး မျိုးစောင့် ဥပဒေကိုလည်း ဘယ်လိုမြင်လဲအဘ
ဖြေ ဟိုလေ အဘက တိုင်းရင်းသားပေါင်းစုံနဲ့လှည့်ပတ် ငြိမ်းချမ်းရေးယူထားသူမို့ ဒီမေးခွန်းတော့မဖြေပါရဇီနဲ့ကွယ်
(လူမျိုးပေါင်း ၁၀၁ပါးရဲ့ မေတ္တာပို့ခြင်းခံနေရသူဆိုတော့လဲ ပြောအားရှိတာပေါ့ကွယ်…)
မေး အပစ်အခတ် ရပ်ဆဲရေးကိုရော အဘ ဘယ်လိုသဘောရပါလဲ
ဖြေ အော်သာမီးရယ် အပစ်အခတ်တွေရပ်ပြီး တဖက်နဲ့တဖက် ဘဇပ်နဲ့ ဆဲကြမယ်ဆို အကောင်းဆုံးပေါ့
(ခုလဲ ဘဇပ်နဲ့ပဲ ဆဲနေဂျပေလို့ပေါ့….ပစ်ခြင်းခတ်ခြင်းသာ လုပ်ရမယ်ဆို ကျည်ဆန်ဖို့နဲ့ မွဲသွားနိုင်တယ်…)
မေး အဘအနေနဲ့ သမိုင်းမှာဘယ်လိုကျန်ခဲ့အောင် ဆောင်ရွက်မယ် စိတ်ကူးပါသလဲ
ဖြေ ဟုတ်ကဲ့ ကျနော် သမိုင်းမှတ်တိုင်ရောက်ရင် စပယ်ရာကိူ ရပ်ခိုင်းပါမယ် မရပ်ပေးရင် ခုန်ချပါမယ်
မဟုတ်ရင် ကျနော် အင်းစိန်ထိပါသွားမှာစိုးလို့ပါ
(အင်းစိန်ထိ ဆက်ပါသွားလဲ လမ်းကြုံတုန်း ရိပ်သာခိုနေတဲ့ ဟိုတစ်ယောက်နဲ့ လူချင်းလဲခဲ့ပါ့လား….)
အချစ်ကံခေပေမယ့် အနှစ်ကျန်စေချင်တဲ့ ဂီ
February 10, 2015 at 10:31 am
လူမျိုးပေါင်း one o one မရှိပါဝူးကွယ်
ကျည်ဆံဖိုးက အင်း ခီညားတွက်တတ်မယ်မထင်ဘူး
ရိပ်သာခိုတဲ့တျောက်က တောင်ငူမှာခည
ဒချိ ဒချိ
Mr. MarGa
February 10, 2015 at 10:52 am
သံချောင်းပါတီဝင်မှန်း သိသာချက်ကယ်…
ဘာပဲဖြစ်ဖြစ် အဘကို ဝန်းရံကြ
ဒါဗြဲ
အလင်းဆက်
February 10, 2015 at 11:57 am
အဘလို့ ခေါ်ခွင့်ရတာကိုက ကံထူးတာ
အိုဘယ့် အဘ
ခင်ဇော်
February 10, 2015 at 12:26 pm
အဘမရှိလို့တော့ သေနိုင်တယ်
အပိုတွေ မဆိုဘူး ယုံဒေါ့ကွယ်
အဘမှ မသိမ်းရင် ဘွပျက်သွားနိုင်ဒယ်။ (အာနာ)
😥
Wow
February 10, 2015 at 2:14 pm
အဘဖားသက်ပျင်းရှည်ဘာဇေ…… (သွသူရှည်ချင်ရာရှည်)…
Mike
February 10, 2015 at 3:38 pm
.အော်..အဘဖစ်သွားပြန်ပလားကွ :k:
lu lu
February 10, 2015 at 4:30 pm
အော်အဘ အဘ
တယ်လည်းတတ်နိုင်တဲ့အဘ
ဒါကြောင့် မယက ဖြစ်နေတာပေါ့
kai
February 10, 2015 at 5:36 pm
Q. ၂၀၁၅ရွေးကောက်ပွဲအပြီးမှာ NLD အာဏာရပြီး သမ္မတရာထူးရသွားရင်ဘယ်လိုလုပ်ကြမလည်းသိပါရစေအဘ
A. ဟေ.. သူတို့သမ္မတမဖြစ်နိုင်လို့ ရွေးကောက်ပွဲလုပ်တာမို့ သမ္မတဖြစ်နိုင်ရင် မလုပ်ယုံပါပဲ..။
–
Q. အမေရိကားနဲ့ဆက်ဆံရေးဘယ်လိုအခြေအနေပါလည်းအဘ
A. ပေါက်ဖေါ်ပြည်ကို ပိုက်လိုင်းပေးထားတယ်လေ။ မြေခွဲထားတဲ့သဘော..ခွဲထားတဲ့သဘော..
–
Q. အဘတို့ကို.. အဘလို့ခေါ်ကြတာကိုရော အဘကဘယ်လိုအဘ.. အဲ..အဲ.. သဘောထားပါသလည်း..။
A. အဘပါဆိုတော့မှ.. ခေါ်တဲ့ကောင်တွေ အ,ပါ့ပေါ့ကွာ..။
–
black chaw
February 10, 2015 at 6:56 pm
Q – အခုလာမယ့် ချစ်သူများနေ့မှာ အဘ ဘယ်သူနဲ့ ဖြတ်သန်းမလဲ သိချင်ပါတယ်…။
A – အဘ က ကြက်အိပ် ကြက်နိုးပါကွယ်…။ အအိပ်ဆတ်တဲ့ သဘောပေါ့…။
:k:
အထူးမှတ်ချက် ။ ။ Live Interview စစ်စစ် ဖြစ်ပါသည်။
ခင်ဇော်
February 10, 2015 at 7:21 pm
ဆိုတော့
အိပ်တတ် နိုးတတ်တဲ့ ကြက် နဲ့ လား ??
ဆတ် နဲ့လား??
:k:
မွသဲ ( 17082011 )
February 10, 2015 at 7:31 pm
ရီလိုက်ရတာဟယ်။ ညက်ရည်တောင်ထွက်။ အဘဖားရှည်ဘာဇီ follow by wei