Related Articles BuddhismCommunity & SocietyCreative WritingThink Different သုတဓမ္မမှ မှတ်သားမိသမျှ (၁) Contributor, ColumnistDrama, Essays..EducationMyanmar Gazette Learning English through Activism (9) – Prof; Myo Kyaw Myint Contributor, ColumnistCreative WritingMyanmar Gazette Learning English through Activism – Prof; Myo Kyaw Myint Creative WritingCriticHistoryMy Dear DiaryPoetryသခင်အောင်ဆန်း . . .ပြန်လာစမ်းပါ. . . alinsettFebruary 13, 20151min40011 သခင်အောင်ဆန်းကိုပဲ ပြန်လိုချင်တယ်။ Post Views: 400 :cry:အလင်းဆက် ပြောချင်တဲ့စကား
Mr. MarGaFebruary 13, 2015 at 10:14 am သခင်အောင်ဆန်းလို “လူ” မျိုးတွေပဲ ထပ်လိုချင်တယ် 🙁 Log in to Reply
အလင်းဆက်February 13, 2015 at 10:26 am မမဇီ= ဟုတ်တယ်နော် သူ့ကို အားနာမိတာရော မျက်နှာပူမိတာတွေရေ. . . ဂျားဂျား= သားကောင်းမ်ိခင်တွေရော မိခင်ကောင်း သားစွမ်းရည်တွေရော လိုတော့ လိုနေတယ်နော် သူရဲကောင်းဆိုတာ လိုသလောက်မရတော့လည်း ခက်သား ====== ဒီကဗျာလေးက ကဗျာပြခန်းအမှတ် (၅) မှာ ပြခဲ့ပြီးသား ကဗျာလေးပါ။ အခု အမှတ်တရ ပြန် ဆွဲထုတ်လာမိတာပါခင်ဗျ 😆 Log in to Reply
MikeFebruary 13, 2015 at 11:55 am #လူ ‘အ’ ကြီး# #ဒီမှာ ဦးအောင်ဆန်း ခင်ဗျားကြီးကလေ ဗိုလ်ချုပ်တစ်ယောက်ဖြစ်နေပြီး ဘာလို့ပဲပြုတ်နဲ့နံပြား ကြိုက်ရတာတုန်းဗျာ … ဒီခေတ်ဗိုလ်ချုပ်တွေလို ဘလူးတွေ ဘလတ်တွေ ကြိုက်ခဲ့ပါတော့လား … အဲ့ဒါမှ ခင်ဗျားအကြောင်း ဟောတဲ့ပြောတဲ့သူတွေကို ဘလူး ဘလက် လေးနဲ့ဧည့် ခံကြမှာပေါ့ … ခုတော့ ဘယ်သွားသွား သူတို့ခမျာ ပဲပြုတ်နဲ့နံပြားပဲ စားနေရတယ် … #ဒီမှာ ဦးအောင်ဆန်း ခင်ဗျားကြီးကလေ ဗိုလ်ချုပ်တစ်ယောက် ဖြစ်နေပြီး လမ်းဘေးမှာ အကြော်ဝင် စားရသလားဗျာ … ဒီခေတ်ဗိုလ်ချုပ်တွေလို ဟိုတယ်မှာ တက်ပြီး စားပါတော့လား … ခုတော့ ခင်ဗျား စားခဲ့တဲ့အကြော်တွေ ကြွေးနေကြတယ်ဗျ … #ဒီမှာ ဦးအောင်ဆန်း ခင်ဗျားဗျာ ဖဆပလ ဥက္ကဋ္ဌ အိမ်သွားတုန်းက သင်္ဘောဆက်သွား မရလို့ဆိုတာကို လာကြိုတာတောင် မစောင့်ပဲနဲ့ ဘာလို့ ဇွတ်ဆင်းပြီး ခြေလျင် လျှောက်သွားရတာတုန်းဗျာ ဒီခေတ်ကလူတွေကတော့ ဘုရားရင်ပြင်ပေါ်တောင် ကားနဲ့တက်ကြတာဗျ ခင်ဗျားကြီး အဲ့လိုလုပ်ခဲ့တော့ ကျွန်တော်တို့ ဘက်စ်ကား စီးရတာတောင် မသတီတော့ဘူး လေဗျာ … #ဒီမှာ ဦးအောင်ဆန်း ဖဆပလ ဥက္ကဋ္ဌအိမ်ရောက်တော့ ခြံစောင့်အဆင့်လောက်ရှိတဲ့လူက ထိုင်ခိုင်းတဲ့နေရာမှာ ဘာကိစ္စ ထိုင်ရတာတုန်း … ပြီးတော့ဗိုက်ဆာလွန်းလို့တဲ့ ကျွန်တော်တို့ စားစရာလေးများရမလားဗျာ တဲ့ တောင်းစားတာ … ဟိုလူက သနားလို့ ချကျွေးတဲ့ ကောက်ညှင်းပေါင်းကို ပလုတ်ပလောင်းစား ရေလေးသောက်ပြီး ကြမ်းပြင်ပေါ်ပြန်ထိုင်နေတာ … ဥက္ကဋ္ဌရောက်လာမှ ခင်ဗျားကြီးကို နှုတ်ဆက်လို့ ဟိုလူက ဗိုလ်ချုပ်မှန်း သိပြီး ကြောက်တာမှတုန်လို့လေ … ဒီခေတ်ဗိုလ်ချုပ်တွေလို ငါ့မသ်ိရကောင်းလား ဆိုပြီးတော့ စစ်ဖိနပ်နဲ့ကန် သေနတ်ဒင်တွေနဲ့ ထုပါတော့လား … ခင်ဗျားကြီးအဲ့လိုလုပ်ခဲ့တော့ ကျွန်တော်တို့ ထိုင်ခုံမှာထိုင်ဖို့ တောင်မှ စိတ်မသန့်ဘူး ဗျ… #ဒီမှာ ဦးအောင်ဆန်း ခင်ဗျားကြီးဗျာ ကိုယ့်ကိုလိုတာရှိ သုံးရအောင်လာလှူတဲ့ရွှေဒင်္ဂါးတွေကိုများ ထားခဲ့ မနက်ဖြန် ဖဆပလ အဖွဲ့ကြီးဆီကျုပ်ပေးလိုက်ပါ့မယ်တဲ့ … ခင်ဗျားကြီး အဲ့လိုလုပ်ခဲ့တော့ ဒီခေတ်လူကြီးတွေက ၃ သိန်းထက်ပိုမယူရဲကြတော့ဘူးလေဗျာ … #ဒီမှာ ဦးအောင်ဆန်း ခင်ဗျားချစ်လှပါပြီဆိုတဲ့ ခင်ဗျား မိန်းမ ဒေါ်ခင်ကြည်ကို ရဲဘော်လေးတွေက ဈေးချင်းတောင်းလေးကူဆွဲပေးတာကို ဘာလို့ဆူရတာတုံး … ဘာတဲ့ သူတို့ကိုဈေးချင်းမဆွဲခိုင်းပါနဲ့ကွာ … သူတို့တွေက နိုင်ငံတော်အတွက်ကွ တဲ့ … ဒီခေတ်မှာလေ လက်အောက်ငယ်သားတွေကို အကုန်လုပ်ခိုင်းတာဗျ … အတွင်းခံတောင်လျှော်ခိုင်းတာ သိလား … ခင်ဗျားကြီးက အဲ့လိုပြောခဲ့တော့ ကျွန်တော်တို့ သူများကိုအနိုင်ကျင့်ရမှာမရဲတော့ဘူးဗျ … #ဒီမှာ ဦးအောင်ဆန်း အိမ်ကိုဆန်လေးဆီလေး လာကန်တော့လို့ လက်ခံရင် မင်းအရင်ဆုံး ထောင်ထဲဝင်ရမယ်လို့ ပြောတယ်ဆိုဗျ ခင်ဗျား အပါးတော်မြဲကို … အဲဒီတုန်းကခင်ဗျား စားနေရတဲ့ထမင်းက ရဲဘော်တွေတောင်မစားနိုင်တဲ့ ထမင်းတွေလေဗျာ … ခင်များကြီးအဲ့ လိုလုပ်ခဲ့တော့ ဒီခေတ်လူကြီးတွေ လည်း သူတို့ကိုယ်တိုင်မယူရဲကြတော့ ဘူးပေါ့ဗျာ … အိမ်ကမိန်းမဆီ ပို့လိုက်လို့ပဲ ပြောကြတော့တာဗျ … #ဒီမှာ ဦးအောင်ဆန်း ကျွန်တော်ဆက်မပြောပါရစေနဲ့တော့ ဗျာ … ခင်ဗျားလုပ်ခဲ့သမျှတွေအားလုံးက ကျွန်တော်တို့ရင်ကို ကိုင်လှုပ်ဆွဲယမ်း ပရမ်းပတာ ဖြစ်အောင်လုပ်သွားတာတွေ ချည်းပဲ … ကျွန်တော် ခင်ဗျားကြီးကို မသိဘူး မမှီလိုက်ဘူး … ဒါပေမယ့် ခင်ဗျားကြီးက ကျွန်တော့် နှလုံးသားထဲမှာဘာကိစ္စနဲ့များ နေရာများများ ယူထားရတာတုန်းဗျာ … ခင်ဗျားကြီး မွေးနေ့နီးလာတိုင်း … ဇူလိုင် ၁၉ ရောက်တိုင်း ခင်ဗျား ကြီးကျွန်တော့် ကိုအရမ်းနှိပ်စက်တယ် … တော်ပြီဗျာ … ဆက်မရေးတော့ဘူး … ကျွန်တော် ထပ်မငိုချင်တော့လို့ပါ … မောင်အေးချမ်း 8 2 2015 SUN; 9:02 pm Log in to Reply
Kaung Kin PyarFebruary 14, 2015 at 9:31 am .မချွိပြောသလိုပဲ…ဗိုလ်ချုပ်ကို အရမ်းးးးအားနာမိပါတယ်….. .ဦးမိုက်မန့်ထားတဲ့စာကလဲ…. အလက်ဆင်းပြောသလို ထိပါတယ်…..။ Log in to Reply
naywoon niFebruary 13, 2015 at 9:26 pm သခင်အောင်ဆန်းက ပြန်လာလို့ မရတော့ဘူးကွယ့် ။ မောင်ရင်မသိသေးရင်ပြောရအုံးမယ် ။ ဘာလို့လဲဆိုတော့ သခင်အောင်ဆန်းကို ပြည်ဝင်ခွင့်ဗီဇာ ထုတ်မပေးလို့လေ သိဘူးလား ဘလက်လစ်စ်တောင်သွင်းထားပလားမသိဘူး 🙂 Log in to Reply
အချစ်ကံခေပေမယ့် အနှစ်ကျန်စေချင်တဲ့ ဂီFebruary 14, 2015 at 1:42 am တိုင်းပြည်အတွက် တခါသေပေးတာနဲ့တင် ကျေးဇူးတင်ဖို့ကောင်းလှပါပြီ ပြန်လာရင် ဖြစ်ပျက်နေတာတွေကြည့်ပြီး အခါအခါ သေချင်သွားမှာစိုးလို့ပါ သခင်အောင်ဆန်း ပြန်မလာနဲ့ သခင်အောင်ဆန်းအကြောင်း မျိုးဆက်တခုစီ လက်ဆင့်ကမ်းပီး သခင်အောင်ဆန်းပေါက်စလေးတွေ များများမွေးဂျ Log in to Reply
အလင်းဆက်February 14, 2015 at 2:28 pm သားကောင်းမိခင် ဖြစ်ဖို့..ဖွေးဖွေးလေး..ကြိုးစားပါ… သားကောင်းဖခင်ဖြစ်ဖို့.. ကျနော်လည်း ကြိုးစားမယ်… :k: Log in to Reply
11 comments
ခင်ဇော်
February 13, 2015 at 10:06 am
ပြန်မလာစေချင်ဘူးးး
အားနာတယ်။
😥
Mr. MarGa
February 13, 2015 at 10:14 am
သခင်အောင်ဆန်းလို “လူ” မျိုးတွေပဲ ထပ်လိုချင်တယ်
🙁
အလင်းဆက်
February 13, 2015 at 10:26 am
မမဇီ= ဟုတ်တယ်နော် သူ့ကို အားနာမိတာရော မျက်နှာပူမိတာတွေရေ. . .
ဂျားဂျား= သားကောင်းမ်ိခင်တွေရော
မိခင်ကောင်း သားစွမ်းရည်တွေရော လိုတော့ လိုနေတယ်နော်
သူရဲကောင်းဆိုတာ လိုသလောက်မရတော့လည်း ခက်သား
======
ဒီကဗျာလေးက ကဗျာပြခန်းအမှတ် (၅) မှာ ပြခဲ့ပြီးသား ကဗျာလေးပါ။
အခု အမှတ်တရ ပြန် ဆွဲထုတ်လာမိတာပါခင်ဗျ
😆
Mike
February 13, 2015 at 11:55 am
#လူ ‘အ’ ကြီး#
#ဒီမှာ ဦးအောင်ဆန်း
ခင်ဗျားကြီးကလေ ဗိုလ်ချုပ်တစ်ယောက်ဖြစ်နေပြီး ဘာလို့ပဲပြုတ်နဲ့နံပြား ကြိုက်ရတာတုန်းဗျာ … ဒီခေတ်ဗိုလ်ချုပ်တွေလို ဘလူးတွေ ဘလတ်တွေ ကြိုက်ခဲ့ပါတော့လား … အဲ့ဒါမှ ခင်ဗျားအကြောင်း ဟောတဲ့ပြောတဲ့သူတွေကို ဘလူး ဘလက် လေးနဲ့ဧည့် ခံကြမှာပေါ့ … ခုတော့ ဘယ်သွားသွား သူတို့ခမျာ ပဲပြုတ်နဲ့နံပြားပဲ စားနေရတယ် …
#ဒီမှာ ဦးအောင်ဆန်း
ခင်ဗျားကြီးကလေ ဗိုလ်ချုပ်တစ်ယောက် ဖြစ်နေပြီး လမ်းဘေးမှာ အကြော်ဝင် စားရသလားဗျာ … ဒီခေတ်ဗိုလ်ချုပ်တွေလို ဟိုတယ်မှာ တက်ပြီး စားပါတော့လား … ခုတော့ ခင်ဗျား စားခဲ့တဲ့အကြော်တွေ ကြွေးနေကြတယ်ဗျ …
#ဒီမှာ ဦးအောင်ဆန်း
ခင်ဗျားဗျာ ဖဆပလ ဥက္ကဋ္ဌ အိမ်သွားတုန်းက သင်္ဘောဆက်သွား မရလို့ဆိုတာကို လာကြိုတာတောင် မစောင့်ပဲနဲ့ ဘာလို့ ဇွတ်ဆင်းပြီး ခြေလျင် လျှောက်သွားရတာတုန်းဗျာ ဒီခေတ်ကလူတွေကတော့ ဘုရားရင်ပြင်ပေါ်တောင် ကားနဲ့တက်ကြတာဗျ ခင်ဗျားကြီး အဲ့လိုလုပ်ခဲ့တော့ ကျွန်တော်တို့ ဘက်စ်ကား စီးရတာတောင် မသတီတော့ဘူး လေဗျာ …
#ဒီမှာ ဦးအောင်ဆန်း
ဖဆပလ ဥက္ကဋ္ဌအိမ်ရောက်တော့ ခြံစောင့်အဆင့်လောက်ရှိတဲ့လူက ထိုင်ခိုင်းတဲ့နေရာမှာ ဘာကိစ္စ ထိုင်ရတာတုန်း … ပြီးတော့ဗိုက်ဆာလွန်းလို့တဲ့ ကျွန်တော်တို့ စားစရာလေးများရမလားဗျာ တဲ့ တောင်းစားတာ … ဟိုလူက သနားလို့ ချကျွေးတဲ့ ကောက်ညှင်းပေါင်းကို ပလုတ်ပလောင်းစား ရေလေးသောက်ပြီး ကြမ်းပြင်ပေါ်ပြန်ထိုင်နေတာ … ဥက္ကဋ္ဌရောက်လာမှ ခင်ဗျားကြီးကို နှုတ်ဆက်လို့ ဟိုလူက ဗိုလ်ချုပ်မှန်း သိပြီး ကြောက်တာမှတုန်လို့လေ … ဒီခေတ်ဗိုလ်ချုပ်တွေလို ငါ့မသ်ိရကောင်းလား ဆိုပြီးတော့ စစ်ဖိနပ်နဲ့ကန် သေနတ်ဒင်တွေနဲ့ ထုပါတော့လား … ခင်ဗျားကြီးအဲ့လိုလုပ်ခဲ့တော့ ကျွန်တော်တို့ ထိုင်ခုံမှာထိုင်ဖို့ တောင်မှ စိတ်မသန့်ဘူး ဗျ…
#ဒီမှာ ဦးအောင်ဆန်း
ခင်ဗျားကြီးဗျာ ကိုယ့်ကိုလိုတာရှိ သုံးရအောင်လာလှူတဲ့ရွှေဒင်္ဂါးတွေကိုများ ထားခဲ့ မနက်ဖြန် ဖဆပလ အဖွဲ့ကြီးဆီကျုပ်ပေးလိုက်ပါ့မယ်တဲ့ … ခင်ဗျားကြီး အဲ့လိုလုပ်ခဲ့တော့ ဒီခေတ်လူကြီးတွေက ၃ သိန်းထက်ပိုမယူရဲကြတော့ဘူးလေဗျာ …
#ဒီမှာ ဦးအောင်ဆန်း
ခင်ဗျားချစ်လှပါပြီဆိုတဲ့ ခင်ဗျား မိန်းမ ဒေါ်ခင်ကြည်ကို ရဲဘော်လေးတွေက ဈေးချင်းတောင်းလေးကူဆွဲပေးတာကို ဘာလို့ဆူရတာတုံး … ဘာတဲ့ သူတို့ကိုဈေးချင်းမဆွဲခိုင်းပါနဲ့ကွာ … သူတို့တွေက နိုင်ငံတော်အတွက်ကွ တဲ့ … ဒီခေတ်မှာလေ လက်အောက်ငယ်သားတွေကို အကုန်လုပ်ခိုင်းတာဗျ … အတွင်းခံတောင်လျှော်ခိုင်းတာ သိလား … ခင်ဗျားကြီးက အဲ့လိုပြောခဲ့တော့ ကျွန်တော်တို့ သူများကိုအနိုင်ကျင့်ရမှာမရဲတော့ဘူးဗျ …
#ဒီမှာ ဦးအောင်ဆန်း
အိမ်ကိုဆန်လေးဆီလေး လာကန်တော့လို့ လက်ခံရင် မင်းအရင်ဆုံး ထောင်ထဲဝင်ရမယ်လို့ ပြောတယ်ဆိုဗျ ခင်ဗျား အပါးတော်မြဲကို … အဲဒီတုန်းကခင်ဗျား စားနေရတဲ့ထမင်းက ရဲဘော်တွေတောင်မစားနိုင်တဲ့ ထမင်းတွေလေဗျာ … ခင်များကြီးအဲ့ လိုလုပ်ခဲ့တော့ ဒီခေတ်လူကြီးတွေ လည်း သူတို့ကိုယ်တိုင်မယူရဲကြတော့ ဘူးပေါ့ဗျာ … အိမ်ကမိန်းမဆီ ပို့လိုက်လို့ပဲ ပြောကြတော့တာဗျ …
#ဒီမှာ ဦးအောင်ဆန်း
ကျွန်တော်ဆက်မပြောပါရစေနဲ့တော့ ဗျာ … ခင်ဗျားလုပ်ခဲ့သမျှတွေအားလုံးက ကျွန်တော်တို့ရင်ကို ကိုင်လှုပ်ဆွဲယမ်း ပရမ်းပတာ ဖြစ်အောင်လုပ်သွားတာတွေ ချည်းပဲ … ကျွန်တော် ခင်ဗျားကြီးကို မသိဘူး မမှီလိုက်ဘူး … ဒါပေမယ့် ခင်ဗျားကြီးက ကျွန်တော့် နှလုံးသားထဲမှာဘာကိစ္စနဲ့များ နေရာများများ ယူထားရတာတုန်းဗျာ … ခင်ဗျားကြီး မွေးနေ့နီးလာတိုင်း … ဇူလိုင် ၁၉ ရောက်တိုင်း ခင်ဗျား ကြီးကျွန်တော့် ကိုအရမ်းနှိပ်စက်တယ် …
တော်ပြီဗျာ … ဆက်မရေးတော့ဘူး … ကျွန်တော် ထပ်မငိုချင်တော့လို့ပါ …
မောင်အေးချမ်း
8 2 2015
SUN; 9:02 pm
အလင်းဆက်
February 13, 2015 at 12:48 pm
စာသားလေးတွေ…ထိတယ်ဗျာ…
Kaung Kin Pyar
February 14, 2015 at 9:31 am
.မချွိပြောသလိုပဲ…ဗိုလ်ချုပ်ကို အရမ်းးးးအားနာမိပါတယ်…..
.ဦးမိုက်မန့်ထားတဲ့စာကလဲ…. အလက်ဆင်းပြောသလို ထိပါတယ်…..။
naywoon ni
February 13, 2015 at 9:26 pm
သခင်အောင်ဆန်းက ပြန်လာလို့ မရတော့ဘူးကွယ့် ။ မောင်ရင်မသိသေးရင်ပြောရအုံးမယ် ။ ဘာလို့လဲဆိုတော့ သခင်အောင်ဆန်းကို ပြည်ဝင်ခွင့်ဗီဇာ ထုတ်မပေးလို့လေ သိဘူးလား ဘလက်လစ်စ်တောင်သွင်းထားပလားမသိဘူး 🙂
အချစ်ကံခေပေမယ့် အနှစ်ကျန်စေချင်တဲ့ ဂီ
February 14, 2015 at 1:42 am
တိုင်းပြည်အတွက် တခါသေပေးတာနဲ့တင် ကျေးဇူးတင်ဖို့ကောင်းလှပါပြီ
ပြန်လာရင် ဖြစ်ပျက်နေတာတွေကြည့်ပြီး အခါအခါ သေချင်သွားမှာစိုးလို့ပါ
သခင်အောင်ဆန်း ပြန်မလာနဲ့
သခင်အောင်ဆန်းအကြောင်း မျိုးဆက်တခုစီ လက်ဆင့်ကမ်းပီး သခင်အောင်ဆန်းပေါက်စလေးတွေ
များများမွေးဂျ
အလင်းဆက်
February 14, 2015 at 2:28 pm
သားကောင်းမိခင် ဖြစ်ဖို့..ဖွေးဖွေးလေး..ကြိုးစားပါ…
သားကောင်းဖခင်ဖြစ်ဖို့.. ကျနော်လည်း ကြိုးစားမယ်…
:k:
မြစပဲရိုး
February 14, 2015 at 2:25 am
ဟောဒီမှာ သူကြီးမင်း ရေ
သခင် တဲ့။ ခေါ်နေကြတယ်။
အလင်းဆက်
February 14, 2015 at 2:07 pm
သခင်မျိုးဟေ့…ဒို့… ဗလာဗလာ…
:k: