Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

From the Land of Green Ghosts – အိုဘယ့် အစိမ်းတို့မြေ

Mr. MarGaFebruary 28, 20151min186036

ဒီစာအုပ်နာမည်ကို မကြားခင် စာရေးဆရာ ပါစကယ်ခူးသွယ် ကို အရင်သိခဲ့တယ်။
လိုင်းပေါ်မှာ ညီတစ်ယောက် သူနဲ့အတူတွဲရိုက်ပြီး တင်ထားတာကိုမြင်ပြီး တိုင်းရင်းသားစာရေးဆရာတစ်ယောက်အဖြစ် သတိထားမိတာ။

နောက်မှ သူ့စာအုပ် အိုဘယ့် အစိမ်းတို့မြေက လက်ထဲရောက်လာတာ။
မူရင်းစာအုပ်က အင်္ဂလိပ်လိုရေးထားပြီး ၂၀၀၂ ခုနှစ်အတွက် တောင်အာရှ အကောင်းဆုံးစာပေဆုရခဲ့ပါတယ်။
ဒီစာအုပ်ကို ဆရာသင့်လူက ဘာသာပြန်ထားတာပါ။
စာအုပ်မှာ အပိုင်းသုံးပိုင်းပါပါတယ်။

ပထမပိုင်းက မျိုးနွယ်စုကဗျာ တဲ့
ဒီအပိုင်းမှာ ကျနော်တို့ နည်းနည်းပဲသိတဲ့ ပဒေါင်လူမျိုးစုအကြောင်းတွေ၊ သူတို့ရိုးရာဓလေ့တွေ၊ ကိုးကွယ်ယုံကြည်မှုတွေ၊ နေ့စဉ်လူမှုဘဝအကြောင်းတွေကို သူ့ရဲ့ ပထမအရွယ် အတွေ့အကြုံတွေနဲ့ ပေါင်းပြီး ရေးထားတယ်။

ကျနော်ကတော့ ဒီအပိုင်းကိုဖတ်ရင်း Alex Haley ရဲ့ Roots စာအုပ်ထဲက အာဖရိကန်ကျေးရွာတွေကိုပါ သတိရနေမိတယ်။

 

ဒုတိယပိုင်းကတော့ ဖိရင်ကြွ၊ ထိရင်ချ၊ အားမတန်တော့ မာန်ကိုလျှော့ တဲ့
ဒီအပိုင်းမှာ အသိအကျွမ်း တစ်ယောက်မှမရှိတဲ့ တောင်ပေါ်တိုင်းရင်းသားတစ်ယောက် မြေပြန့်ကို ပထမဆုံး ဆင်းလာရတဲ့အတွေ့အကြုံတွေ ပါပါတယ်။
တိုင်းရင်းသားတစ်ယောက်အနေနဲ့ လုံးဝ အစိမ်းသက်သက်လိုဖြစ်နေတဲ့ ပတ်ဝန်းကျင်မှာ ကြုံရတဲ့အခက်အခဲတွေကို ရေးပြထားတယ်။
တက္ကသိုလ်တက်ချိန်မှာ မဆလ အစိုးရရဲ့ ငွေစက္ကူတွေ တရားမဝင်ကြောင်း ကြေညာချက်တွေနဲ့ ကြုံခဲ့သလို မန္တလေးက ၈၈အရေးတော်ပုံ လှုပ်ရှားမှုအကြောင်းကိုလည်း တစွန်းတစ ဖတ်ရပါလိမ့်မယ်။
နောက်ပြီးတော့ မွေးရပ်မြေမှာ ကျောင်းသားခေါင်းဆောင်အနေနဲ့ လှုပ်ရှားမှုတွေ၊လွတ်မြောက်နယ်မြေကို ထွက်ပြေးဖို့ ကြိုးစားပုံတွေကိုလည်း ဖတ်ရဦးမှာပါ။
ဒီအပိုင်းကတော့ ကျနော်သိပ်မသိသေးတဲ့ တောင်ပိုင်း ABSDF အကြောင်းတချို့၊ တိုင်းရင်းသားတွေရဲ့ ပြည်မနဲ့ စစ်တပ်အပေါ်အမြင်၊ တွေးတောင်မတွေးမိတဲ့ မြင်ကွင်းတချို့ကို ယုံရခက်ခက်နဲ့ ယုံလိုက်ရတဲ့အပိုင်းပေါ့။

 

တတိယပိုင်းကတော့ ကယ်တင်ခြင်း လို့ ခေါင်းစဉ်တပ်ထားတယ်။
တက္ကသိုလ်တက်တုန်းက သိခဲ့ရတဲ့ ကိန်းဘရစ်ချ် တက္ကသိုလ်က ပါမောက္ခတစ်ယောက်အကူအညီနဲ့ ထိုင်းမြန်မာနယ်စပ် လွတ်မြောက်နယ်မြေကနေ ကိန်းဘရစ်ချ်ကိုသွားတဲ့ ခရီးလမ်းပေါ့။သိပ္ပံမောင်ဝရဲ့ အောက်စဖို့ဒ်တက္ကသိုလ် ခရီးသွားမှတ်တမ်းကို တစွန်းတစ သတိရမိတယ်။

——————————————————-
ကျနော်တော့ ဒီစာအုပ်ကနေ
-သေသေချာချာ မသိသေးတဲ့ တိုင်းရင်းသားမျိုးနွယ်စုတစ်စုအကြောင်းကို ရေရေရာရာ သိလိုက်တယ်။
-မမီခဲ့တဲ့ မဆလခေတ်နဲ့ တချို့တဝက် သိထားမိတဲ့ ၈၈ အရေးတော်ပုံ ရုပ်ပုံလွှာကို ပိုပီသအောင် ဖြည့်လိုက်နိုင်တယ်။
-တောင်ပိုင်း ABSDF အကြောင်း နည်းနည်း(နည်းနည်းပဲ) ပိုသိသွားတယ်။
-ဘာကြောင့် မဆလကို ဒီလောက် မုန်းခဲ့ကြတယ် ဆိုတာကို နည်းနည်း ပို နားလည်လာမိတယ် (ဦးနှောက်ဆေးခံထားခဲ့ရတာက နည်းနည်းနောနောမဟုတ်ဘူးလေ)

From the Land of Green Ghosts – အိုဘယ့် အစိမ်းတို့မြေ

 

ကျနော် စာအုပ်တစ်အုပ်ကိုဖတ်ပြီးရင် အညွှန်းရေးလေ့မရှိပါဘူး။ ဒါပထမဆုံးရေးဖူးတဲ့စာအုပ်ပဲဗျ။
ဖတ်သင့်တဲ့ စာတစ်အုပ်လို့ ခံယူမိလို့ နားလည်ခံစားမိသလို စာအုပ်အညွှန်း(အနေနဲ့)ရေးလိုက်တာပါ။
မြန်မာဘာသာပြန်ကို ငါတို့စာပေကထုတ်ဝေတာဖြစ်ပြီး ဈေးနှုန်းက ၃၅၀ဝကျပ် ဖြစ်ပါတယ်။

လေးစားစွာဖြင့်
ဦးမာဃ (ခေတ္တ လူ့ပြည်)

36 comments

  • naywoon ni

    February 28, 2015 at 2:46 am

    ဥမာဂလည်​း လုုပြီ​ယောက်​တုန်​း စာအုပ်​ညွန်​း ​ေ းစား​နေဘီ ​ပေါ့ ကြုံရင်​ တစ်​အုပ်​​လောက်​ဆွဲခဲ့ပါလား 🙂

    • မြစပဲရိုး

      February 28, 2015 at 2:54 am

      ဟယ် မအိပ်ကြသေးတာလား။ အဘနီ နဲ့ သိကြား တို့ ပေါင်းနေတာတော့ ဝုတ်ပါဘူးနော်။ lol:-)

    • Mr. MarGa

      February 28, 2015 at 9:33 am

      မလုပ်လိုက်ပါနဲ့ အဘနီရယ်
      စိတ်ပေါက်တုန်းလေး ထ ရေးတာပါ 🙂

  • မြစပဲရိုး

    February 28, 2015 at 2:53 am

    အရီး ကတော့ တစ်ခြား နိုင်ငံရေးနွယ်တဲ့ အကြောင်းတွေ ထက် လူမျိုးစု အကြောင်း နဲ့ သူတို့ အမြင်တွေ ကို ပိုပြီး စိတ်ဝင်စားတယ်။
    ကြည့်ရတာ ကိုဖိုးသိကြား တို့ စာအုပ်ဖတ်ပြီးပြီးချင်း ကို ကြိုက်လို့ ရွာထဲ ဝင်ညွှန်းတော့ တယ် ထင်တယ်။

    PS – ခေါင်းစဉ်ဖတ်ပြီး ညဖက်ကြီး အစိမ်းသရဲ အကြောင်း များ တင်နေလားလို့။ လွဲ လိုက်သမှ တိန်တိန်မြည်ဘဲ။ 😉

    • Mr. MarGa

      February 28, 2015 at 9:38 am

      tag မှာ book review လို့ ထည့်ထားတယ်လေ.. :mrgreenn:
      လူမျိုးစုအကြောင်းလဲ စိတ်ဝင်စားတယ် သူတို့အမြင်တွေကိုလဲ ပိုနားလည်လာတယ်
      ခုထိ မုန့်လုံးစက္ကူကပ် ချာချာလည်နေတဲ့ အစိုးရကိုလည်း စိတ်ကုန်လာတယ်
      အဆုံးသတ်တော့
      စိတ်ညစ်တဲယ့်
      😉

  • ခင်ဇော်

    February 28, 2015 at 9:46 am

    အဲတော့….
    ခြံစည်းရိုးးပေါ်က ဆင်းးတော့မယ်လားးးး
    :boss:

    • Mr. MarGa

      February 28, 2015 at 9:54 am

      အလယ်စွန်းမှာ ဆက်ရှိနေပါတယ်။
      နှစ်ဖက်လုံးမှာ သူ့အကြောင်းနဲ့သူ မှန်နေတဲ့ကိစ္စတွေကိုသာ ခြံစည်းရိုး ခွထိုင်တာပါ
      ကိုယ်တိုင်ယုံကြည်တဲ့ကိစ္စတွေမှာ ပြတ်ပြတ်သားသား နေပါသဗျ :mrgreenn:

  • ခင်ဇော်

    February 28, 2015 at 9:47 am

    Btw,
    The way you write in this review is very good.

    :k:

  • pooch

    February 28, 2015 at 9:53 am

    ဒီစာအုပ်က reading class မှာ လချီဖတ်ပြီး ဆွေးနွေးကြတဲ့ စာအုပ်
    ကျောင်းမှာ ပြီးခဲ့တဲ့ နွေမှာ အကြိတ်အနယ် ပြောကြတာ
    ငါသိပ်ပြီး သဘောမကျတဲ့ တချို့တလေ ပါတယ်
    ဖော်ရိန်နာတွေ နားလည်ထားတဲ့ မြန်မာအမျိုးသမီးတွေနဲ့ ကွဲလွဲချက်တချို့ရှိတော့
    သူတို့ မေးတဲ့ မေးခွန်းကို မကြိုက်လို့ (ရောချတတ်တဲ့အထဲ သူတို့လည်းပါတာပဲ )
    ကန်တွေ တခါတခါ shoot တဲ့မေးခွန်းတွေက သောက်ညင်ကပ်စရာကောင်းလောက်အောင်ကို ကပ်သီးကပ်ဖဲ့နိုင်တယ်

    နင်လည်း ယုံရခက်သလို ငါလည်း မယုံချင်ဘူး (But the big but is it maybe ….)
    မြန်မာပြန်ဝယ်ထားသေးတယ် မဖတ်ဖြစ်သေးတာ

    သူတို့ ပါးစပ်ဖျားမှာ ဒီစာအုပ်က အလွန်နာမည်ကြီး
    နောက်တအုပ် က The giver

    ဒီနှစ် နွေ ဘယ် class ရွေးရမလဲလို့ Debate သွားပြီး နပန်းသတ်ရင် ကောင်းမလား
    literature သွားပြီး ရှိတ်စပီးယားရဲ့ ပြဇာတ်တွေမှာ သရုပ်ဆောင်ရင်ကောင်းမလား
    reading မှာပဲ ငိုက်ရကောင်းမလား
    ဘယ်ထရိန်နင်မှ မသွားပဲ ရုံးခန်းထဲ အိပ်နေရင် ကောင်းမလားပဲ :mrgreenn:

    • Mr. MarGa

      February 28, 2015 at 10:01 am

      နွေအတွက် class မရွေးခင်
      ဒီစာအုပ်ကို ပြန်ဖတ်ရင်း ပြန်သတ်ကြမယ်လေ
      ဘယ်လိုလဲ
      :mrgreenn:

      • pooch

        February 28, 2015 at 10:19 am

        မနက်ဖြန်ကနေစပြီး ၄ ရက်ဆက်တိုက် ရုံးပိတ်တယ်
        ၅ ရက်နေ့မှ ပြန်တက်ရမှာ ဆိုတော့ ဒီကြားထဲ နင်တင်ချင်တင်ထားလိုက်
        ငါ့ဆီမှာ အီးလိုရော မြန်မာလိုရော ရှိတယ်
        အေးလေ ဆန္ဒရှိတော့လည်း သတ်ရတာပေါ့

        စိန်ခေါ်ပြီးရင် ဘွာမခတ်ကြေး :loll:

      • pooch

        February 28, 2015 at 10:26 am

        နတ်နွယ်ရဲ့ မြန်မာပြည်မြောက်ပိုင်းပါ ဖတ်ထားလိုက် :loll:

        • Mr. MarGa

          February 28, 2015 at 10:32 am

          အကြားအမြင် ရနေသလားဟင်
          နတ်နွယ်ရဲ့ မြန်မာပြည်မြောက်ပိုင်းက မနေ့ညက စဖတ်တာ အညွှန်းတွေပြီးသွားပြီ ဒီည အပိုင်းတစ် စမယ် :loll:
          အခုစာအုပ်က မြန်မာလိုပဲရှိတာ အီးလိုရှိဘူး
          ဖတ်ပြီးရင်ပြော သတ်မယ် :mrgreenn:

  • တောင်ပေါ်သား

    February 28, 2015 at 10:39 am

    ရှာဖတ်ဦးမယ်ကွာ

    • Mr. MarGa

      February 28, 2015 at 10:45 am

      ဖတ်ဗျာ
      ကျနော်တော့ ကြိုက်တယ်

  • အလင်းဆက်

    February 28, 2015 at 10:52 am

    ဖတ်ကြည့်ချင်သား…
    ဈေးက ၃၅၀ဝ ဆိုတော့ မများပေမဲ့..မနည်းလှဘူး..

    ဟိုနေ့ကတင်.. လှည်းတန်းဘက်ရောက်တုန်း စာအုပ်ဆိုင်တွေထဲ..ပတ်ကြည့်မိတာ..
    ဝယ်ချင် ဖတ်ချင်တဲ့ စာအုပ်တွေ တပုံကြီး တွေ့ခဲ့..သရေယိုခဲ့တာ..
    ဝယ်ချင်တဲ့ စာအုပ်စာရင်း လေး စိတ်နဲ့ လုပ်ကြည့်တာတောင်…
    ပိုက်ပိုက် ငါးသောင်းလောက် ရှိမှ…လတ်တလော စာအုပ်အဆာပြေမယ်…

    • Mr. MarGa

      February 28, 2015 at 10:55 am

      ငါတော့
      ဟိုတစ်ခါ လျှော့ဈေးနဲ့ရတုန်းက သွားမွှေတာ
      နှစ်သောင်း ကျော်သွားတယ်
      (ဒါတောင် ၂၀% လျှော့ထားတာနော်)
      အဲ့စာအုပ်တွေ ခုထိ ဖတ်လို့မပြီးသေးဘူး
      စာအုပ်ဆိုင်လဲ ထပ် မျက်စောင်းမထိုးရဲသေးဘူး
      :mrgreenn:

  • Courage

    February 28, 2015 at 3:57 pm

    စာအုပ်လေးအကြောင်း ဝေမျှပေးလို့ ကျေးကျေးပါ လေးလေးမာဃ။ နို့… ဘယ်သွားဝယ်ရမှန်းမသိ တာခက်။ :'(
    ဒါနဲ့ အခုမှ About Mr. MarGa ကိုဖတ်မိတယ်။ ကြားဖူးတာက အောင်ဆန်းသူရိယက သေပြီးမှရတာဆို။ အခု လေးလေးက အောင်ဆန်းသူရိယ ဆိုတော့.. .. .. အောင်မငှီး။

    • Mr. MarGa

      February 28, 2015 at 4:03 pm

      မြန်မာမှာမဟုတ်ဘူးလားဗျ
      ဒါဆိုရင် အင်္ဂလိပ်ဗားရှင်းတော့ ဝယ်လို့ရနိုင်ပါတယ်။ :loll:

  • kai

    February 28, 2015 at 4:28 pm

    From the Land of Green Ghosts: A Burmese Odyssey Paperback – December 2, 2003
    by Pascal Khoo Thwe (Author)
    50 customer reviews
    In 1988, Dr. John Casey, a professor visiting Burma, meets a waiter in Mandalay with a passion for the works of James Joyce, and the encounter changes both their lives.

    Pascal, a member of the Kayan Padaung tribe, was the first member of his community to study English at a university. Within months of his meeting with Dr. Casey, Pascal’s world lay in ruins. Burma’s military dictatorship forces him to sacrifice his studies, and the regime’s brutal armed forces murder his lover. Fleeing to the jungle, he becomes a guerrilla fighter in the life-or-death struggle against the government. In desperation, he writes a letter to the Englishman he met in Mandalay.

    Miraculously reaching its destination, the letter leads to Pascal’s rescue and his enrollment in Cambridge University, where he is the first Burmese tribesman ever to attend.

    From the Land of Green Ghosts unforgettably evokes the realities of life in modern-day Burma and one man’s long journey to freedom despite almost unimaginable odds.
    http://www.amazon.com/From-Land-Green-Ghosts-Burmese/dp/0060505230#

    လူငါးဆယ်ရီဗျူးလုပ်တာမှာ.. ကြယ်ငါးလုံးမို့.. အချဉ်တော့မဟုတ်…။
    ၄ဒေါ်လှနဲ့အိမ်အရောက်မို့. ဝယ်ဖို့တော့မှတ်ထားလိုက်တယ်…။

    မြန်မာလိုလေးလည်းဖတ်ချင်သဗျို့…။

    မနက်ဖြန်.. ယူအက်စ်ကဓာတ်ပုံဆရာရဲ့.. မြန်မာဓာတ်ပုံစာအုပ်ပွဲသွားမှာမို့… အဲဒီလူကိုလည်း.. ဒီစာအုပ်ညွှန်းခဲ့မယ်..။
    စကားအတင်းစပ်…
    ကိုရင်သိကြားရဲ့… စာအုပ်ညွှန်းရေးနည်းက တော်တော်ကောင်းပါတယ်.. :k:

    • Mr. MarGa

      February 28, 2015 at 5:54 pm

      အင်းး အချဉ်တော့မဟုတ်..အချဉ်တော့မဟုတ်
      ထုတ်ထားတာကြာပြီထင်တယ် ၂၀၀၂လောက်ကလားမသိ
      မြန်မာလိုလေးကတော့ လှမ်းသာမှာပေရော့ သဂျီးရေ
      စကားအတင်းစပ်..
      ကျနော် နည်းနည်း မြောက်သွားသဗျ
      :k:

  • ဝင့်ပြုံးမြင့်

    February 28, 2015 at 6:42 pm

    .အဲ စာအုပ် အရမ်းဖတ်ချင်နေပြီ။

    • Mr. MarGa

      March 3, 2015 at 7:01 pm

      ခုထိ top ten စာရင်းမှာတော့ မမြင်မိသေးဘူးဗျ
      ဘာလို့ရယ်မသိ…

  • black chaw

    March 1, 2015 at 11:47 am

    ဟော့…။
    ဖတ်ချင်စိတ် တကယ်ပေါက်သွားပါတယ်…။
    ဝယ်ဖတ်ဦးမယ်…ဗျာ…။
    အခုတလော…။
    ခွက်ကျတယ်ပဲ ဆိုဆို…။
    စာအုပ်အဟောင်းတွေ ပြန်ဝယ်ဖတ်နေမိတယ်…။
    Central Hotel ဘေးက လမ်းကြားလေးထဲက ပထမဆုံးတွေ့တဲ့
    စာအုပ်ဆိုင်မှာ အဓိက ဝယ်ပါတယ်…။
    ဈေးသက်သာပါတယ်…။
    တစ်အုပ်မှ ၃၀ဝ ကနေ ၅၀ဝ အတွင်းပဲ ပေးရပါတယ်…။
    မဂ္ဂဇင်းအဟောင်းတွေဆို တစ်အုပ် ၃၀ဝ ပဲ…။
    သော်ကရဲ့ ချစ်လွန်းသူ ကာတွန်းစာအုပ်တွေ့လို့ဝယ်ခဲ့တာ
    ၃၀ဝ ပဲ ပေးရတယ်…။
    အသစ်ကတော့ သိတ်ကြိုက်မှပဲ ဝယ်ဖတ်ဖြစ်တော့တယ်…။
    အခု အဟောင်းတန်းဘက်လှည့်နေမိတယ်…။
    အော်…လူကလည်း ဟောင်းပြီကိုး…။
    ချစ်ခင်လေးစားတဲ့
    ဘလက်ချော…။

    • Mr. MarGa

      March 3, 2015 at 7:04 pm

      အဟောင်းတန်းကို မွှေရမလား စဉ်းစားနေတယ်ဗျ
      ဒါပေမယ့် ခုတလောမယ် အဲ့တုန်းကစာအုပ်တွေ ပြန်ထွက်လာနေတော့
      မမွှေသေးဘူးလား လို့
      သိတ်ကြိုက်မှ အသစ်ဝယ်ဖတ်တယ်ဆိုတော့
      မဖတ်ခင် ကြိုက်မကြိုက် ဘယ်လိုခွဲလဲ သိချင်သား :k:

  • padonmar

    March 1, 2015 at 7:18 pm

    စာအုပ်တွေ ဖတ်ဖို့ အကြွေးထူလွန်းနေလို့ စာအုပ်ဈေးပွဲတော်ဆို မသွားရဲတော့ဘူး။
    ဒါလေး သကြားညွှန်းတော့ ဖတ်ချင်မိပြန်ရော။

    • Mr. MarGa

      March 3, 2015 at 7:06 pm

      ဖတ်ကြည့်ပါ ဒေါ်လေးရေ…
      စကားအတင်းစပ်
      တာတေစနေသားတော့ ကံကောင်းလို့ ခြစာမမိတယ်….
      စာအုပ်ပုံကို ပစ်ထားမိတာ အသိမြန်ပေလို့ 🙁

  • ဦးကြောင်ကြီး

    March 2, 2015 at 2:38 am

    အစိမ်းတို့မြေ
    သိမ်းဇို့လေ
    ယိမ်းခို့ဝေ
    ဘိန်းပျို့နေ…

    • Mr. MarGa

      March 3, 2015 at 7:10 pm

      အစိမ်းမြေကို
      ဘိန်းပျို့နေလို့
      အသာ သိမ်းလို့ ရမယ် ထင်နေလား ဟင်…
      :a:

  • Ma Ma

    March 2, 2015 at 9:43 am

    စာဖတ်ရမှာပျင်းတယ်။
    သိလည်း သိချင်တယ်။
    အဲတော့…. သိကြားမင်းကပဲ တစ်ပိုင်းချင်း လိုတိုရှင်းထက် မတိုမရှည်လေး ထပ်ရေးပါအုံးလားးးးးး
    (ဆေးထိုးခြင်း မဟုတ်ပါလို့ မပြောပါ။) :p:

    • Mr. MarGa

      March 3, 2015 at 7:12 pm

      ဟိုက်ရှ်!!!!
      အဲ့လောက်တော့ ကျနော့်လက် မရဲသေးဘူး ဗျ
      အကြောင်းတိုက်ဆိုင်ရင် ကြိုးစားကြည့်ပါမယ်…
      :p:

  • ညွှန်းပေးတာကျေးဇုတင်ပါ၏။
    စာဖတ်ဖို့အချိန်မရတာကြာပြီ။အိမ်သာထဲမှာတော့ဖတ်ဖြစ်တယ်။
    ဟိုတလောကလေးတင် သများအခန်းထဲက ဆွဲထုတ်လာတဲ့
    လုပ်သားရဲဘော် ဆိုတဲ့ အဖုံးမရှိတော့တဲ့ စာအုပ်စုတ်စုတ်လေးကို အိမ်သာထဲမှာထားပြီး တစ်လလောက်ဖတ်လိုက်ဖြစ်တယ်။
    ကူမင်တန်ကိုတော်လှန်တဲ့ကွန်မြူနစ်တွေအကြောင်းလေးပါ။
    စာရေးသူပုံဖော်ကောင်းလို့ ကိုယ်ပါ စိတ်သောကတွေထဲမမျောခင် အိမ်သာထဲက အမြန်ထွက်ထွက်နေရတယ်။

    • Mr. MarGa

      March 3, 2015 at 7:14 pm

      ဖတ်တာတော့ ဖတ်ပေါ့ဗျာ
      ကျနော်ကတော့
      စာအုပ်တစ်အုပ် ကိုင်မိရင် လက်ကမချတမ်း ဖတ်တတ်တာမို့
      ဂျာနယ်လောက်ပဲ ယူယူနေရတယ်။
      မဟုတ်ရင် တမေ့တမော ဖြစ်လွန်လွန်းလို့

Leave a Reply