သခင် ဘလက်ချော ၏ အလုံးကြီးများ (၂)
ဒီပဲယင်း လုပ်ကြံမှု ကြီး၏ လက်သည် ကို ဦးခင်ညွန့် ဖွင့်ချလိုက်ပြီ။
မကြာခင်ကမှ ထုတ်ဝေခဲ့သော မှော်ဝန်းသားဦးခင်ညွန့် (ဗိုလ်ချုပ်ကြီးဟောင်း) ၏
ကြုံတွေ့ခဲ့ရ ကျွန်တော့် ဘဝ အထွေထွေ စာအုပ်တွင် ဒီပဲယင်း ကိစ္စကို အောက်ပါအတိုင်း ထည့်သွင်းရေးသားခဲ့ခြင်း ဖြစ်ပါသည်။
ဒီအဖြစ်အပျက် နှင့် ပတ်သက်၍ ကျွန်တော်မသိပါဟု ပြောရင် ကျွန်တော် လိမ်ညာရာ
ရောက်ပါမည်။ ကျွန်တော်က အတွင်းရေးမှူး (၁) ဆိုတော့ ဒီကိစ္စကလည်း နိုင်ငံရေးဖြစ်စဉ် ဖြစ်တာကြောင့် ကျွန်တော် မသိ၍ မဖြစ် သိပါသည်။
အဲဒီအချိန်မှာ ဒေါ်အောင်ဆန်းစုကြည်ကလည်း ယာဉ်တန်းရှည်ကြီးဖြင့် ရှေ့ပြေး
မော်တော်ဆိုင်ကယ် အုပ်စုကြီးဖြင့် လှည့်လည်ကာ စည်းရုံးရေးတရားတွေ
ဟောနေသည့် အချိန်ဖြစ်ပါသည်။ ဒီလို အုတ်အော်သောင်းတင်း ဖြစ်ပေါ်နေသည့်အချိန်
ဆိုတော့ အစိုးရ အဖွဲ့အတွက် စိုးရိမ်စိတ်ဖြစ်ပေါ်နေတာကတော့ အမှန် ဖြစ်ပါသည်။
အဲဒီလိုနဲ့ ဒေါ်အောင်ဆန်းစုကြည် ရဲ့ ယာဉ်တန်းရှည်ကြီးဟာ မန္တလေးမှ ထွက်ခွာပြီး
လမ်းတစ်လျှောက် စည်းရုံးရေးတရားတွေ ဟောရင်းနှင့် မုံရွာမြို့လည်း ရောက်ရော
ဥက္ကဌက ကျွန်တော်တို့ လူကြီးပိုင်း ငါးယောက်၊ ခြောက်ယောက်ကို သူ့အခန်းသို့
ခေါ်လိုက်ပါသည်။
ကျွန်တော်တို့လူလည်း စုံရော
တို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ယာဉ်တန်းကို တားဆီးရမယ်
လို့ ပြောပါသည်။
ထိုအချိန်တွင် ကျွန်တော်ကပဲ အကြမ်းဖက် တားဆီးတာမျိုး မလုပ်သင့်ကြောင်း
ပြောသောအခါ ကျွန်တော့်တင်ပြမှုကို လူကြီးက သဘောမတူပါ။
အဲဒါကလည်း ကျွန်တော့်အတွက် ကောင်းသည်ဟု မြင်ပါသည်။
အဲဒီမှာတင်ပဲ ဒီကိစ္စနှင့် ပတ်သက်၍ ကျွန်တော့်ကို လုံးဝ တာဝန်မပေးတော့ပဲ
ဒုတိယ ဗိုလ်ချုပ်ကြီးစိုးဝင်း ကို ဦးဆောင်စေကာ အဖွဲ့ဝင်အဖြစ်
ဒုတိယ ဗိုလ်ချုပ်ကြီး ရဲမြင့် ကို လိုက်ပါစေလျက် ရဟတ်ယာဉ်ဖြင့်
မုံရွာသို့ စေလွှတ်လိုက်ပါသည်။
ထိုအချိန် တိုင်းမှူးကတော့ ဗိုလ်မှူးချုပ်စိုးနိုင် ဖြစ်ပါသည်။ အသေးစိတ်စီစဉ်ညွှန်ကြားမှုတွေ တော့ မသိတော့ပါ။
သို့သော် ထောက်လှမ်းရေးတပ်ဖွဲ့တွေက တိုင်းစစ်ဌာနချုပ်နယ်မြေအတွင်းမှာ
တိုင်းမှူး၏ ကွပ်ကဲမှုအောက်မှာ ရှိတာကြောင့် တချို့ဖြစ်စဉ်တွေကို
ကျွန်တော် သိနေရတာ အမှန်ပဲ ဖြစ်ပါသည်။
ထို့ကြောင့် ဒီဖြစ်စဉ်ကြီးတစ်ခုလုံးမှာ ကျွန်တော် ဦးဆောင်ပါဝင် ဆောင်ရွက်ရခြင်း
မဟုတ်သော်ငြားလည်း ကျွန်တော်သည် အစိုးရအဖွဲ့ဝင် ထိပ်ပိုင်းခေါင်းဆောင်
တစ်ယောက်ဖြစ်တာကြောင့် ကျွန်တော့်မှာလည်း တာဝန်ရှိသည်ဟု ခံယူပါသည်။
ကဲ…။ ဒီပဲယင်း အကြမ်းဖက်မှုကြီးရဲ့လက်သည်ကိုတော့ ဦးခင်ညွန့်က ဖေါ်ထုတ်ရေးသားလိုက်ပါပြီ။
ဒီပဲယင်း ကိစ္စသည် ဒေါ်အောင်ဆန်းစုကြည်ကို လုပ်ကြံသတ်ဖြတ်ခြင်း ဖြစ်ပြီး
ဒေါ်အောင်ဆန်းစုကြည် မသေခဲ့သော်လည်း သေဆုံးသူ အများအပြား ရှိခဲ့ပါသည်။
အခု လက်သည်တရားခံကို သိကြရလေပြီ။
မည်သို့ ဆက်လက် အရေးယူမည်နည်း။
ဟိုတစ်နေ့က တာဝန်လက်ပတ်ပတ်ထားသည့် စွမ်းအားရှင်များက ဆန္ဒပြသူများကို
အကြမ်းဖက် ဖြိုခွဲလိုက်သည့်အခါ ဒီပဲယင်း အရေးအခင်းကြီးကို ပြန်လည်အမှတ်ရမိ
နေပါတော့သည်။
ဒီပဲယင်းလို ကိစ္စမျိုးပါလားဟုလည်း တစ်စိမ့်စိမ့် တွေးဖြစ်နေပါတော့သည်။
ချစ်ခင်လေးစားတဲ့
ဘလက်ချော…။
25 comments
naywoon ni
March 7, 2015 at 11:26 am
ဟေ့လူဂျီး ဟိုဟာ ရေနဲ့ ပြန်မနူးနဲ့ ဂျာ ။ အဲ့ဒါ ရေနဲ့ထိရင် တော်တော် နံတာ ။
black chaw
March 8, 2015 at 6:58 pm
@ naywoon ni ;
အချို့သော အတိတ်တွေဟာ ရေနှူး သလို
ပြန်လည် ဖေါ်ထုတ်ဖို့လိုအပ်လှပါတယ် ကိုနေကြီးရေ…။
နံရင်လည်း နှာခေါင်းသာပိတ်ထားပါဗျာ…။
ချစ်ခင်လေးစားတဲ့…
ဘလက်ချော…။
တောင်ပေါ်သား
March 7, 2015 at 11:29 am
ခင်ညွန့်စကား မှန် မှား ကျနော်မသိ
သို့သော်ထောက်လှမ်းရေးသမားဖြစ်၍ အခြား စစ်သား ဥပမာ ထွန်းကြည် ကျော်ဘတို့နှင့်တော့ မတူပါ ၊
black chaw
March 7, 2015 at 11:32 am
@ တောင်ပေါ်သား ;
ဦးသန်းရွှေလည်း ရှိသေးတယ်…။
ဦးအောင်သောင်းလည်း ရှိသေးတယ်…။
ဦးရဲမြင့်လည်း ရှိသေးတယ်…။
ခေတ်ကလည်း သူတို့လက်ထဲက မလွတ်သေးဘူး…။
အဲလို အချိန်မျိုးမှာ မဟုတ်ပဲနဲ့တော့ မောင်ခင်ညွန့် မပြောရဲလောက်ဘူးလို့
လူပြိန်းတွေး တွေးမိတယ် ဗျာ…။
အဲဒါ…။
Alinsett@Maung Thura
March 7, 2015 at 11:35 am
အဲ့ကိစ္စနဲ့ ပတ်သက်ပြီး စောင့်ကြည့်ဂျာနယ်ထဲရေးထားတဲ့ ဆောင်းပါးလေး..လွှတ်ကောင်း….
ဦးခင်ညွန့်တစ်ယောက် ဖတ်ပြီးလောက်ရောပေါ့…
:buu:
black chaw
March 8, 2015 at 7:01 pm
@ Alinsett@Maung Thura ;
ဟုတ်ကဲ့…။
ဦးခင်ညွန့် နဲ့ ဒီတစ်ခါတွေ့ရင် မေးထားလိုက်ပါမယ် ခင်ဗျ…။
ခင်ဇော်
March 7, 2015 at 12:00 pm
https://www.facebook.com/prodigyburma009/posts/10203466662456240
ဒါမျိုးတွေပါအောင်ရေးရင် ရှစ်ထောင်မဟုတ်၊ တစ်အုပ်တစ်သိန်းဆိုလည်း ဝယ်ဖတ်မယ်
Credit to ကိုထင်
———-_
တပ်ထဲစဝင်တော့ ထုံးစံအတိုင်းသွားတာဘဲပေါ့၊ ဘာမှတော့ထူးထူးခြားခြားမရှိပါဘူး။ ကျေးဇူးရှင်လို.ပြောလို.ရတဲ့ ဗိုလ်ချုပ်တင့်ဆွေရဲ.ထောက်ခံမှုနဲ.ဘဲ အဖေကြီး(ဗိုလ်နေဝင်း)ရဲ. ထီးတော်မိုး၊ ဖိနပ်တော်စီးဖြစ်ခဲ့တာပါ။ သူ.ပါတီညီလာခံဆိုရင်လည်း နောက်ကနေလိုက်ပြီး အရပ်ဝတ်နဲ.လုံခြုံရေးယူပေးရတာဘဲလေ၊ ဟိုတစ်လောကတောင် လူမှုကွန်ယက်မှာတိုက်ပုံအပြာနုလေးနဲ.ကျုပ်ဓာတ်ပုံတစ်ပုံတောင် တွေ.လိုက်ပါသေးတယ်။
ဘုန်းမီးနေလတောက်ပခဲ့တာကတော့ ၁၉၈၃ အောက်တိုဘာလ အာဇာနည်ကုန်းဗုံးကွဲမှုနောက်မှာပါဘဲ။ အဲဒီအချိန်ကထောက်လှမ်းရေးအကြီးအကဲဟာ ဗုံးကွဲချိန်မှာဂေါက်ကလပ်သွားပြီး အရက်သောက် ဂေါက်ရိုက်နေလေရဲ.။ မြောက်ကိုးရီးယားကွန်မန်ဒိုတွေဟာ အာဇာနည်ဂုံးကိုတောင်ကိုးရီးယားထောက်လှမ်းရေးနဲ. စစ်ဆေးရေးအဖွဲ.တွေလာရောက် စစ်ဆေးပြီးတစ်နာရီမပြည့်ခင်မှာဘဲ ပုံမှားရိုက်ဝင်ရောက်လာပြီး မျက်နှာကျက်ပေါ်မှာ ဗုံးတွေကိုလာဆင်သွားခဲ့တာပါ။ မျက်နှာကျက်ပေါ်ကနေ အောက်ကိုဖြာပြီးကွဲတဲ့အတွက် ထိတဲ့သူတွေဟာရုပ်ပျက်ဆင်းပျက်သေကြပါတယ်။ ဒီလိုနဲ. NIB ပူးပေါင်းအဖွဲ.တွေစစ်လိုက်ဆေးလိုက်ရှာလိုက်ဖွေလိုက်ကြတော့ နောက်ဆုံးပုစွန်တောင်ချောင်းထဲမှာဒိုက်ဖုတ်နဲ. ရေထဲကူးမြောပြီးမြစ်ဝကမြောက်ကိုးရီးယားသင်္ဘောဆီ ပြေးဖို.လုပ်တဲ့ ဗိုလ်မှူးကင်မင်ချူးကိုအရှင်မိတော့တာပါဘဲ။ ဒါကလဲထောက်လှမ်းရေးကကောင်းလွန်းလို.တော့မဟုတ်ပါဘူး၊ ချောင်းထဲငါးထိုင်မျှားနေတဲ့သူတွေ ဝိုင်းဖမ်းကြလို.ပါ။ အဲသလိုနဲ. အဖေကြီးက ‘ဟေ့ ငါတို.ထောက်လှမ်းရေးထဲ အရက်မသောက် ဂေါက်မရိုက်တဲ့ကောင်ကိုတင်ကြမယ်’ ဆိုပြီးတင်ကြလို.အဲဒီနေရာကိုရောက်ခဲ့တာပါဘဲ။
ထူးထူးခြားခြားအနေနဲ.ကတော့ ၈၈ လှုပ်ရှားမှုတွေဖြစ်လာတော့တန်ပြန် အဖျက်အမှောင့်တွေအဓိကလုပ်တာပေါ့လေ။ ကျောင်းသားတွေထဲ၊ ဆန္ဒပြသူတွေထဲ ထောက်လှမ်းရေးဆဲလ်တွေစိမ့်ဝင်ပြန်.နှံ.ပြီး အေးအေးဆေးဆေးဆန္ဒပြနေသူတွေကို ဒေါသထွက်အောင်ဆွပေး၊ နိုင်ငံပိုင်ပစ္စည်းတွေဖျက်ဆီးလာအောင်လမ်းကြောင်းပေး၊ နောက်ကုန်သွယ်ရေးရုံးအပေါ်ကနေလူအုပ်ထဲကိုသေနတ်နဲ.ပစ်သွင်းတာ၊ ဆေးတိုက်ထားတဲ့အသေခံတွေကို ခေါင်းဖြတ်ဖို.လမ်းကြောင်းပေးတာ၊ ဂိုဒေါင်တွေကို စစ်တပ်ကဦးဆောင်ပြီးဖောက်ပြပေးတာ အဲဒါတွေလုပ်ရတာပေါ့လေ။ တစ်ဆက်ထဲဘဲ အာဏာသိမ်းဖို.ကစီစဉ်ပြီးသား၊ အဲဒီဗိုလ်စောမောင်ဆိုတာ လူအုပ်ကိုမပစ်ရဲလို.အတင်းကိုဖိအားပေးခဲ့ရတာကလား၊ နောက်ဆုံးတော့သူလဲအရက်တွေဖိသောက်ပြီး ပစ်မိန်.ပေးခဲ့ရတာဘဲလေ။ အဖျက်အမှောင့်တွေထည့်ပေးလိုက်တော့ ဆူဆူပူပူလုပ်သူတွေဆိုပြီး လူထုလှုပ်ရှားမှုကြီးကိုအသရေဖျက်လို.ရတာပေါ့၊ နို.မို.ဘယ်လွယ်လိမ့်မလဲ။ ကျုပ်တို.အားလုံးသေကုန်မှာပေါ့။ အဲဒီတုန်းကဗိုလ်စိန်လွင်ကတော့ လူသတ်သမားပီပီပြတ်တယ်၊ ‘ဟေ့ကောင်တွေ မင်းတို.လူတစ်သောင်းထက်ပိုမသတ်ရဘူး၊ ဒီအရေးအခင်းငြိမ်သွားလိမ့်မယ်’ လို.ပြောခဲ့သေးတယ်။ အာဏာသိမ်းရင် တောခိုမယ့်ကျောင်းသားတွေရှိနေတာကို ကျောင်းသားတွေထဲထည့်ထားတဲ့ဆဲလ်တွေကနေ သတင်းတွေကလည်းတက်နေပြီဆိုတော့ ရုပ်သိပ်မရင့်တဲ့ထောက်လှမ်းရေးဆဲလ်တွေကို ကြိုပြီးနယ်စပ်တွေဆီကြိုတင်ပြီး ပို.ထားပြီးသားပေါ့လေ၊ ကျောင်းသားတွေနဲ.တွေ.တဲ့အခါ သူတို.ကကြိုတင်ရောက်နှင့်နေတာမို. ဝင်လုံးရတာပိုလွယ်သွားတာပေါ့၊ ဒါနဲ.ဘဲ မိဘရပ်ထံပြန်ကြမယ့်ကျောင်းသားတွေဆိုပြီး ABSDF အင်အားတွေကိုဖဲ့ထုတ် ဖြိုခွဲပစ်ခဲ့တာပါဘဲ။ မြို.ပေါ်မှာမြက်ခင်းသစ်ဆိုပြီးထောင်ပေး၊ သူတို.အမာခံတွေကို အခွင့်အရေးတွေပေး၊ ရန်ကုန်မြို.ထဲမှာ ထောက်လှမ်းရေးစုရပ်တွေအဖြစ် အသုံးပြုလို.ရမယ့်နေရာတွေမှာစားသောက်ဆိုင်တွေ လုပ်ငန်းတွေလုပ်ပေးထားတာပေါ့လေ၊ ပန်းဆိုးတန်းလမ်းထဲက သုံးရာသီဆို သာမန်ပြည်သူတွေတောင်သိတယ်။ ဒါကတော့ Open Secret သဘောမျိုးနဲ.လွှတ်ထားရတာပေါ့။ မိဘရပ်ထံပြန်လာတယ်ဆိုတဲ့ ကျောင်းသူကျောင်းသားတွေကို သေသေချာချာကြိုပြလိုက်တော့ မိဘတွေလည်းကျေနပ်ကြတာပေါ့၊ ပြီးတော့မှအလားအလာရှိတဲ့သူတွေကို သေသေချာချာစံနစ်တကျဖမ်းတာ စစ်တာတွေလုပ် ထောင်ထဲထည့် ဆေးထိုးသတ် အဲဒါမျိုးတွေလုပ်ခဲ့တာပါ။ ရန်ကုန်တင်မဟုတ်ဘဲ တစ်နိုင်ငံလုံးအတိုင်းအတာနဲ.အဲဒါမျိုး နှစ်နဲ.ချီပြီးစစ်ဆင်ရေးပုံစံလုပ်လိုက်တာ ငြိမ်ဆင်းသွားတာပေါ့၊ အသေအပျောက်တွေကတော့ရှိတာပေါ့လေ၊ အရွယ်ကောင်းတွေသေကြတာပေါ့၊ သူတို.မိဘတွေကိုလည်း ဖိအားအမျိုးမျိုးပေးပြီးအလုပ်တွေကထုတ်ပစ်တာပေါ့၊ ဒေါက်တိုင်မှန်သမျှရိုက်လဲပစ်တဲ့သဘောပါဘဲ။ အာဏာကိုခြိမ်းခြောက်လာနိုင်မယ့် အတွင်းစည်း အပြင်စည်းတွေသတ်မှတ်ပြီး သေသေချာချာရှင်းထုတ်ဖယ်ရှားပစ်တာပေါ့လေ။ အရေးအခင်းနဲ. အဲဒီစစ်ကြောရေးဖြစ်စဉ်တွေမှာ သေတဲ့သူတွေသောင်းဂဏန်းရှိမှာပါ။ ဗိုလ်စိန်လွင်ဟာ တကယ်အမြော်အမြင်ကြီးပါတယ်၊ သူပြောတဲ့ဂဏန်းလောက်သေပြီးတဲ့အခါမှာ တိုင်းပြည်ဟာအတော့ကိုငြိမ်ဆင်းသွားပါတယ်။
ဆက်လက်ပြီးလူထုစိတ်ကိုအာရုံပြောင်းဖို. Burma, Burmese, Berman စတာတွေကို Myanmar လို.ပြောင်း၊ အဲဒါကလည်း ဂဏန်းဗေဒင်ကိုသေသေချာချာတွက်ပြီး လုပ်လိုက်တာပါ၊ အဖေကြီးကအဲဒါကိုယုံတယ်လေ၊ ဦးမြိုင်လည်းရှိနေသေးတယ်၊ ဝေဒအဖွဲ.က၊ ဦးမြိုင်နဲ.ကျုပ်ဆရာဗိုလ်တင်ဦးတို.ဆိုတာ ငယ်ပေါင်းတွေ၊ ဗိုလ်စိန်လွင်နဲ.လည်းအတော့ကိုရင်းနှီးတာပါ၊ တစ်ခါက ဗိုလ်စိန်လွင်ကသူ.အိမ်ကခွေးကလေးမွေးတာကို ဇာတာကောက်ဖွဲ.ပြီး ‘မောင်မြိုင်မင်းဟောစမ်းပါ’ ဆိုပြီး ပို.ဖူးသေးတယ်၊ ဦးမြိုင်ကလည်းမခေဘူးဗျာ့၊ ‘ငါ့ကိုလူဇာတာမဟုတ်တာတွေ လာမပို.နဲ.’ ဆိုပြီးတောင်တုန်.ပြန်လိုက်သေးတယ်။ ထားပါတော့။ ရပ်ကွက်တိုင်းကို သန်.ရှင်းရေးလုပ်ခိုင်းလိုက်၊ ထုံးသုတ်ခိုင်းလိုက်၊ ဧည့်စာရင်းစစ်လိုက် အဲဒါမျိုးတွေမရိုးအောင် ခိုင်းတာပေါ့လေ၊ အရေးအခင်းတုန်းကရဲရဲတောက်ပါဝင်ခဲ့တဲ့ မြို.နယ်တွေ၊ အရပ်သားတွေကိုသေသေချာချာအကွက်ချပြီးအမှည့်ခြွေခြွေ၊ စစ်တပ်ကအမာခံတွေထိုးထည့်၊ ရပ်ကွက်အုပ်ချုပ်ရေးတွေ မြို.နယ်အုပ်ချုပ်ရေးတွေထဲကို တပ်ထွက်စစ်မှုထမ်းဟောင်းတွေခန်.ထား၊ ခရိုင်ဆိုပြီးသေသေချာချာပြန်ဖွဲ.၊ စစ်ဒေသမှူးတွေနဲ.တွဲထားပြီး သတင်းမှန်သမျှတက်အောင်လုပ်ထားလိုက်တယ်။ ပြီးတော့မှ လှေပွဲတို. မြင်းပွဲတို. အားကစားပွဲတို.လုပ်၊ မြန်မာ့အသံကနေအဆက်မပြတ်ဝါဒဖြန်.၊ မြန်မာ့အသံလောက်နဲ. မရနိုင်တော့ မြဝတီကိုထောင်၊ လူထုကို တရုတ်ဇာတ်လမ်းတွဲတွေ၊ ကိုးရီးယားဇာတ်လမ်းတွဲတွေနဲ. မြောနေအောင်လုပ် အဲဒါတွေဆက်တိုက်လုပ်ရတာပါဘဲ။
ဒီလိုနဲ.ဘဲထောက်လှမ်းရေးကွန်ယက်ကြီးကကြီးလာတော့တာပေါ့၊ အာဏာကိုခြိမ်းခြောက်မယ့်ကိစ္စကလွဲလို. အကုန်လုပ်ခွင့်ပေးထားခြင်းကတပ်အချင်းချင်း ထောက်လှမ်းရေးကိုမုန်းဖို.ဖြစ်လာတာပါဘဲ၊ ကျုပ်ကလဲသတင်းသာတက် အခြားကိစ္စအတော်များများကိုလျစ်လျူရှုထားလိုက်တော့တယ်။ နေရာတကာတီဗီမှာ ကျုပ်မျက်နှာပါတာကို မှန်တာပြောရရင် အင်မတန်ကြိုက်ပါတယ်၊ ငယ်ငယ်ကမင်းသားဖြစ်ချင်ခဲ့တော့ အခုတီဗီမင်းသားဘဝကိုသာယာပါတယ်။ နောက်ပိုင်းမှာ နောက်တက်တိုင်းမှူးတွေဟာ အတော်ကိုဆိုးလာပါတယ်၊ ဗိုလ်သန်းရွှေနဲ.မိသားစုကလည်း ပိုပြီးကဲလာပါတယ်၊ ကျုပ်နဲ.ငြိတာကတော့ ၂၀၀၃ ဒီပဲယင်းကိစ္စပေါ့၊ ကျုပ်သာကိုင်တွယ်ရရင်ဒီလိုဖြစ်မှာမဟုတ်ပါဘူး။ ဗိုလ်စိုးဝင်းက မိုက်တိမိုက်ကန်းနဲ. ဟိုဝဲလောင်သားခိုင်းတဲ့အတိုင်းလျှောက်လုပ်လို. ကျော်မကောင်းကြားမကောင်းတွေဖြစ်လာတာပါ။ ရန်ကုန်စစ်ရုံးချုပ်ပေါ်ကစက်ထဲကို “ဒေဝတို.လွှတ်သွားပြီ” ဆိုတဲ့ဗိုလ်စိုးဝင်းကိုယ်တိုင်ပို.တဲ့သတင်းတက်လာတော့ ဗိုလ်သန်းရွှေဆိုတာ အရုပ်ကြိုးပြတ်ဘဲ။ နောက်တော့လဲကျုပ်ဘဲအားကိုးရတာဘဲမဟုတ်လား၊ ကျုပ်ကလည်းအဲဒီအခါက ကမာ္ဘမှာခေတ်စားနေတဲ့ Road Map ဆိုတဲ့စကားလုံးနဲ.ရောကြိတ်ပြီး ဒီပဲယင်းကို မှိန်အောင်လုပ်ရတာပေါ့ဗျာ။ ဒီလူတွေကျေးဇူးကန်းတယ်ဗျာ့၊ သူတို.ခိုးချင်တိုင်းခိုးမရတာကို အခြားအကြောင်းပြုပြီး ကျုပ်ကိုဆွဲစေ့ကြတာ၊ ‘ခင်ဗျားအိမ်ပြန်တော့’ လို.ပြောတဲ့ အရက်သမားရဲ.အဲဒီနေ.ကမျက်နှာထားကို ကျုပ်တစ်သက်မမေ့ဘူး။
တကယ်တော့ ကျုပ်တို.တွေကြိုတင်ခန်.မှန်းမိလျက်သားနဲ. ဘာမှမလုပ်နိုင်ခဲ့ကြဘူး၊ တကယ်တော့ “ကျားဖင်ကို ခွေး -ိုးတာပါဗျာ” တကယ်ကြေကွဲတယ် ။ ။
(မှတ်ချက်။ ။ မင်းတို.ကောင်တွေတပ်ထဲဝင်ချင်ရင်ဝင် ငါမတားဘူး၊ ဒါပေမယ့် အင်မတန်စောက်ကျင့်ယုတ်ပြီး ညစ်စုတ်တဲ့ထောက်လှမ်းရေးထဲတော့ ဘယ်တော့မှ မဝင်လေနဲ. ဆိုတဲ့ ဖခင်စကားကို အမှတ်ရလျက်။)
ဦးကြောင်ကြီး
March 7, 2015 at 12:47 pm
လူမိုက်ခင်ဇော်ဆိုဒဲ့ကောင်က ကူမြူ နစ်ထင်တယ်…။ မေမေစုက သင်ပုန်းချေ တယားဟောနေဒါ ဒင်းက ဆူဆူပူပူ လိုက်လုပ်တယ်..။
ပုံ
ဆိတ်စွမ်းအားရှင် ကြောင်ကြီး
ခင်ဇော်
March 7, 2015 at 1:10 pm
အွန်လိုင်းက ဥကြောင် ရဲ့ လှိုင်းမိလို့ သင်ပုန်းချေရမဲ့ အစား လက်စားချေချင်စိတ် ဝင်လာတာပါ။
:k:
black chaw
March 7, 2015 at 12:05 pm
@ Khin Zaw ;
ဟော့…။ ဖတ်သွားပါတယ် ခင်ဗျ…။
ဘလက်ချော…။
Wow
March 7, 2015 at 1:23 pm
ဗခစိုးဝင်း သွေးကင်ဆာနဲ့သေသွားတယ် ဆိုတော့ နာ့နှယ်ပျော်ထှာ… ဘာပဲပြောပြော ဒေါ်စုကို ပိုးစိုးပက်စက် ကြံသူတွေ ပိုးစိုးပက်စက်တွေဖြစ်သွားကြတာ အရှင်ထွက်နဲ့ အသေထွက်ပဲ… ကျန်တဲ့သူတွေစောင့်ကျိရအူးမယ်…
black chaw
March 8, 2015 at 7:06 pm
@ Wow ;
ဟုတ်ကဲ့…။
စောင့်ကြည့်ရမှာပါ ခင်ဗျာ…။
ဘယ်သူတွေ ဘယ်လို ဇာတ်သိမ်းမလဲ ပေါ့နော်…။
စကားအသားလွတ်စပ်လို်က်ဦးမယ်…။
မမဝေါင်း တစ်ယောက် ဖေ့စ်ဘုတ်က ပျောက်နေလို့
မစားနိုင် မသောက်နိုင် လွမ်းဖျားလွမ်းနာ ကျနေသူတွေ
ရှိနေတယ်လို့ နားစွန်နားဖျားကြားထားရပါတယ်ခင်ဗျာ…။
မမဝေါင်းအနေနဲ့ ရောက်ရာ အရပ်က အမြန်ပြန်လာဖို့
ကျွန်တော့် အနေနဲ့ တောင်းပန်ပါရစေ…။
ချစ်ခင်လေးစားတဲ့
သခေါ ဘလက်ချင်…။
့
မြစပဲရိုး
March 7, 2015 at 9:22 pm
ဦးခင်ညွန့် က ဒေါ်အောင်ဆန်းစုကြည် ကို လိုလား တဲ့ သူ ဆိုတာ ကိုတော့ သူ အဖမ်းမခံ ရခင် မင်းသား လို ခပ်ကြွကြွ ဘဝ မျိုးမှာထဲ က သိဖူးပါတယ်။
အဲဒါ ကို ဟိုဘက် က လက်ဦးသွားတာ။
အခုလဲ ဒီလိုဘဲ။
တစ်ချို့ (တော်တော်များများ) ဒေါ်အောင်ဆန်းစုကြည် ကို လိုလား နေသူ တွေ ရှိပြီး သူတို့ ထဲ မှာ အားပြိုင် နေပါတယ်။
အဲဒါ ကို သိလို့ နိုင်ငံပြင်ပ က မြန်မာပြည် ကောင်းစား သွားမှာ ထက် ဒေါ်အောင်ဆန်းစုကြည် နေရာ တစ်ခု ရသွားမှာ ကို မရှုစိမ့် နိုင်သူများ အလုပ်မဖြစ်အောင် သွေးထိုးခြင်း အမှု ကို ပြု နေတာပါ။
ဒီတော့ အစိုးရထဲ က သဘောထား တင်းမာ သူ များ ရဲ့ အကြိုက်ပေါ့။
ကျွန်မ တို့ လူမျိုး ဆိုတာ က ဘုန်းကြီး နဲ့ ကျောင်းသား ဆို အပြစ်မမြင် အချစ်ဝင် တတ်တော့ ဒီ လို လူများ ရဲ့ ကစားကွက် ကောင်းကောင်း ပေါ့။
လောလောဆယ်တော့ ဓာတ်ပုံ တွေထဲ ကျောင်းသား အရွယ် က နဲနဲ၊ ဦးလေး အဒေါ် အဖေ အမေ တွေ က ခပ်များများ ဘဲ။
မြန်မာပြည် ပညာရေး ညံ့ ပါတယ်။ တော်တော် ကို သုံးမရ အောင် ညံ့ နေပါတယ်။
ဒါ ကို လူများစု လက်ခံ တယ်။
ဒီ အုပ်ချုပ် နေတဲ့ အစိုးရ ညံ့ပါတယ်။ တော်တော် ကို သုံးမရ အောင် ညံ့ နေပါတယ်။
ဒါကိုလဲ လူများစု လက်ခံ တယ်။
ငယ်ငယ် တုံး က ဂေါ်လီ နဲ့ အရုပ် ပစ်ဖူး ကြမှာပေါ့။
နောက်တန်း က ဟာ တွေကိုအားလုံး စားချင်ရင် ခေါင် ထိမှ ရမယ်။
အခု လဲ ဘယ်ဟာ ကို ထိ အောင် ပစ် ရမလဲ။ ဒါပါဘဲလေ။
အခု မြင်နေရပြီ။ ခေါင် ထိ မှာ စိုး လို့ ကို အာဏာရှင်လက်ပါးစေများရော၊ မင်းသားကြီး မလုပ်ရသူများပါ နှစ်ဖက် လုံးက ပုံစံမျိုးစုံ နဲ့ ဖျက်နေကြတာ။
ကျောင်းသား က ကျောင်းသား အစစ် ဆို တန်ဖိုး တက်ပြီးသား။
ဘုန်းကြီး က ဘုန်းကြီးအစစ် ဆို တန်ဖိုးတက်ပြီးသား။
ကျောင်းသား နာမည်ခံတိုင်း ၊ ဘုန်းကြီး နာမည်ခံ တိုင်း တော့ တန်ဖိုး ရှိမှာ မဟုတ်ဘူး။
နောက် က ဖျက်မြင်း တွေ ရဲ့ ကြိုးဆွဲ လက် တွေ မြင်နေရတယ်။
black chaw
March 8, 2015 at 7:15 pm
@ မြစပဲရိုး ;
ကွန်းမန့်လေး ချီးမြှင့်ပေးသွားတာ ကျေးဇူးပါ အစ်မရေ…။
ချစ်ခင်လေးစားတဲ့
့ဘလက်ချော…။
kai
March 8, 2015 at 4:18 am
မာတင်လူသာကင်းတို့.. ကနေဒီတို့.. လုပ်ကြံအသတ်ခံရတာပဲ..။
တချို့ကိစ္စတွေက.. တိုင်းပြည်အတွက်အကျိုးမရှိရင်… အရေးကြီးတဲ့..ကာယကံရှင်ကိုယ်တိုင်က.. ခွင့်လွတ်ရင်… ခွင့်လွှတ်ပစ်လိုက်သင့်လှတယ်..။
မေ့ပစ်ဖို့တော့မဟုတ်..။ သင်ခန်းစာယူရမှာပါ…။
စိတ်ထဲတော့ တောင်းပန်ကြေအေး.. လူ့သားဆန်.. မဟာဝါဒကိုယုံကြည်ပါတယ်..။
ဒေါ်စုကို.. လုပ်ကြံသူတွေထဲပါတဲ့.. တာဝန်ရှိသူတချို့.. ဝန်ချတောင်းပန်ပြီးပြီလို့.. ထင်ပါကြောင်းနဲ့.. ဒေါ်စုကိုယ်တိုင်ခွင့်လွှတ်ထားတယ်လို့လည်း.. ထင်ပါကြောင်းရယ်…။
ဆိုတော့…
အဲဒီအချိန်က.. ဒေါ်စုကားမောင်းတဲ့.. ယဉ်မောင်းက.. အခုဆန်ဖရန်စစ္စကိုမှာနေတယ်..။
သူ့ကိုဒေါ်စုကပြန်ခေါ်နေသမို့.. ပြန်ချင်တာ.. မြန်မာပြည်က.. ပြန်ခွင့်မပေးသေးပါတဲ့..
သတင်းကြားသူများ.. လုပ်နိုင်သူများ.. လုပ်ပေးရင်ဖြင့်.. သင်ပုန်းချေရေး… ပိုလှမယ်လို့… ထင်..။ :k:
black chaw
March 8, 2015 at 8:26 am
@ kai ;
ခွင့် မလွှတ် ဘူးလို့ ပြောနေတာမျိုး မဟုတ်ရပါဗျာ…။
စော်ကားတုန်းက လူသိရှင်ကြားစော်ကားပြီး
တောင်းပန်တော့ တီတိုးတိတ်တိတ် တောင်းပန်တာမျိုးတော့
မဖြစ်သင့်ဘူးပေါ့ခင်ဗျာ…။
အမှုကလည်း ပေါ့သေးသေးအမှုမှ မဟုတ်တာပဲ…။
ဆိုတော့
ဟံသာဝတီ ဦးဝင်းတင် မကွယ်လွန်ခင်က ဦးခင်ညွန့် နဲ့
ပွဲတစ်ပွဲမှာတွေ့ကြတော့
သူ့ကိုမတောင်းပန်ပါနဲ့
ပြည်သူလူထုကိုတောင်းပန်ပါလို့ ပြောသွားခဲ့ဖူးပါတယ်…။
အခု
ပြည်သူလူထုကို တရားဝင် မတောင်းပန်ရသေးပါဘူး…။
ကျွန်တော်တို့ ပြည်သူလူထုကလည်း
ဒင်းတို့ကို ထောင်အနှစ် လေးငါးဆယ် ကျတာကို လိုချင်တာမဟုတ်ရပါ…။
ဒင်းတို့ မှားခဲ့တာကို မှားပါတယ်လို့ ဝန်ခံရုံ တောင်းပန်ရုံနဲ့
ကျေအေးပေးဖို့ အဆင်သင့်ပါ…။
ချစ်ခင်လေးစားတဲ့
ဘလက်ချော…။
မွသဲ ( 17082011 )
March 8, 2015 at 1:42 pm
စာအုပ်ကတသောင်းဆိုတာနဲ့အသာလေးပြန်ချခဲ့တယ်။ တသောင်းနဲ့လိမ်ညာခံဖို့မတန်ဘူးထင်လို့
black chaw
March 8, 2015 at 4:06 pm
@ မွသဲ ;
အော် မွသဲရယ်…။
ညီးမလည်း ရန်ကုန်-တွံတေး သင်္ဘောဒရိုင်ဘာ ကတော်ဖြစ်နေပြီး
တစ်သောင်းလောက်ကို စာရင်းထဲ ထည့်ပြောနေရသေးအေ…။
ဝယ်ဖတ်ပလိုက်စမ်းပါ…။
ဖတ်ပြီး ကျုပ်ကို ငှားဦးအေ…။
ဟေးဟေး။
ခင်ဇော်
March 8, 2015 at 6:17 pm
https://www.facebook.com/myathan.san.9/posts/430176817151311
မြသန်းစံ ‘ခံ’ခဲ့ရသည်များ……..
•••••••••••••••••••••••••••••
အပိုင်း(၂)
ဒီpostရေးနေရင်းတဲ့အချိန်မှာပဲ လေးဖြူရဲ့ စာမျက်နှာ ၁၅
သီချင်းစာသားတွေက တိုက်တိုက်ဆိုင်ဆိုင်ပဲကျွန်တော့်စိတ်ထဲမှာကြားယောင်လာ
သေးတယ်…..
“ဟိုတစ်ကွက် သည်တစ်ကွက် ပိတ်သားထက် အရင်လိုကြည့်မကောင်းပေမယ့်မြင်ရတယ်..
အဓိပ္ပါယ်မရှိတာ သိလည်းပဲ တစ်ခါတလေတိုက်ဆိုင်မှုတွေရှိလာတော့…..”
ဟုတ်တယ်။ ဒါတွေရေးပြနေရတာတရားသဘောအရတော့ဘာမှအနှစ်
သာရမရှိပါဘူး။ပညတ်တွေပြန်အာရုံပြုရတာ ပင်ပန်းတယ် ဆိုတာကိုလည်းသိနေပါတယ်။အချို့ဓမ္မမိတ်ဆွေတွေကတော့ကျွန်တော်နောက်ကြောင်းပြန်လှည့်ပြီလားဆိုတဲ့စေတနာနဲ့ စိုးရိမ်ပြီးသတိပေးကြတာတွေလည်းရှိပါတယ်။
ဒီ postဆုံးသွားတဲ့အချိန်မှာအားလုံးဇာတ်ရည်လည်
သွားကြမှာပါ။
“အပေါ်ယံရှပ်ထိသောဒဏ်ရာမဟုတ်တော့
လွယ်ကူစွာနဲ့ငါမေ့မရဘူးကွယ်”
ဟုတ်တယ်။ကျွန်တော့်စိတ်ထဲကဒဏ်ရာက အပေါ်ယံရှပ်ထိခဲ့တာမဟုတ်ဘူး။
နှလုံးသားရဲ့ဗဟို အနက်ရှိုင်းဆုံးတစ်နေရာကိုမှန်သွားခဲ့တာ။
ဒါတွေကိုနာကျည်းစွာသိမ်းပိုက်ထားတယ်လို့လည်းမထင်
စေချင်ဘူး။ပြီးခဲ့တာတွေပြီးခဲ့ပြီပဲကွာလို့ နှစ်သိမ့်ရအောင်လောက်တော့လည်းကျွန်တော် မပျော့ညံ့ပါဘူး။
ကျွန်တော်သိစေချင်တာကလူတစ်ယောက် ဓမ္မလမ်းကြောင်းပေါ်ကို ရုတ်တရက်ကြီးရောက်သွားနိုင်အောင်
တွန်းပို့ပေးလိုက်တဲ့အမြင့်ဆုံးခံစားမှု အကြောင်းတစ်ခုကိုပါ။
ဒါတွေကိုကျွန်တော်ဒီစာမျက်နှာတွေပေါ်မှာနောက်ဆုံးရေးခဲ့
ပြောခဲ့တယ်လို့မှတ်ပါ။ နောက်သိပ်မကြာတော့တဲ့အချိန်တွေမှာကျွန်တော်ဒီစာမျိုး
လည်ရေးမှာမဟုတ်တော့ဘူး။ဒီအကြောင်းတွေလည်း
ချေးခြောက်ရေနူး(ဥပမာရိုင်းသွားရင်ခွင့်လွှတ်ပါ)ပြောတော့မှာ
မဟုတ်ဘူးဆိုတာ သိလာပါလိမ့်မယ်။
စကားပလ္လင်ခံနေတာတွေတော်တော်များသွားပြီထင်တယ်။
ကဲအပိုင်း(၂)ကိုဆက်ကြပါဦးစို့။
ဒီလိုနဲ့ပဲကျွန်တော်၊ကိုခိုင်ထူး၊လေးလေးဝါးနဲ့Aurora အဖွဲ့ကိုပက်ထရစ်တို့ ကြိုးစားဖန်တီးခဲ့တဲ့
“ငြိမ်းချမ်းရေးပန်းခင်း”သီချင်း audioပိုင်းအချောသပ်နိုင်ခဲ့တယ်။
သီချင်းစာသားလေးဖော်ပြပေးပါရစေအုံး။
ငြိမ်းချမ်းရေးပန်းခင်း
••••••••••••••••••
တေးရေး မြသန်းစံ တေးဆို ခိုင်ထူး /လေးလေးဝါး
A: ရင်းနှီးနွေးထွေးခြင်းနဲ့ဆုံကြမယ်
ငြိမ်းချမ်းအေးမြခြင်းကိုအတူခံစားမယ်
စေတနာတရားရဲ့အဓိပ္ပါယ် ရင်းနှီးတဲ့အခါသိလိမ့်မယ်
ရန်ပြိုခြင်းရဲ့အဓိပ္ပါယ် ငြိမ်းချမ်းတဲ့အခါသိလိမ့်မယ်
B: ငြိမ်းချမ်းရေးပန်းခင်းထဲမှာပျော်မွေ့မယ်
အလင်းစကားအထင်းသားသိမြင် တူယှဉ်လက်တွဲမယ်
မောင်နှမသားအမိအဓိပ္ပါယ်သွေးစည်းတဲ့အခါသိလိမ့်မယ်
ကြင်နာခြင်းရဲ့အဓိပ္ပါယ်အပြုံးများသက်သေသိလိမ့်မယ်
Cho: ဒို့ ဒို့ ဒို့တွေ အမြဲသတိရှိကြမယ်
ဒို့ ဒို့ ဒို့တွေ သမိုင်းပေး ညီအစ်ကိုများ
မေတ္တာတရားရဲ့ အရိပ်မှာ
သစ္စာတရားရဲ့အဓိပ္ပါယ်
စွန့်လွှတ်ခြင်းရဲ့အဖြေများ…
D: ကမ်းလက် လှမ်းသောလက်တွေ ဆုံတွေ့ပြီ
ဘေးစကား အတွေးမှားအသိမြင်တူညီဖယ်ရှားမည်
မှောင်မိုက်ခြင်းရဲ့အဓိပ္ပါယ်အလင်းတန်းတွေ့ရင်သိလိမ့်မယ် ကြင်နာခြင်းရဲ့အဓိပ္ပါယ် အပြုံးများသက်သေသိလိမ့်မယ်
Cho:A B D Cho
သီချင်းစာသားကတော့ဒါပါပဲ။
ဒါပေမယ့် ဓမ္မသဘောတွေအများကြီးပါတယ်။
အဲဒီအချိန်မှာကျွန်တော်မဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီး
ကိုလည်းဖူးခဲ့ပြီးပြီ။သံဝေဂဉာဏ်တွေလည်းရိုက်ချက်ပြင်းပြင်းနဲ့ရထားပြီးပြီ။
ဆရာတော်ဦးဇောတိကနဲ့ဆုံပြီးလို့တရားတွေလည်းစပြီးအား
ထုတ်ဖြစ်နေပြီ။ဘုရားအကြောင်းတွေလည်းရင်ထဲတော်တော်
များများရောက်နှင့်နေတော့ မေတ္တာတရားနဲ့ သစ္စာတရားလေးပါးကိုလည်း ယုံကြည်သက်ဝင်မှုမြင့်မားလာပြီ။ဘုရားရှင်ကိုယ်တော်မြတ်ကြီးရဲ့ မဟာကရုဏာာတော်ကိုမှန်းဆကြည်ညိုမိတိုင်း မျက်ရည်တွေမစဲနိုင်အောင် တဖြိုင်ဖြိုင်ကျနေရတဲ့ကာလလည်းဖြစ်တယ်ဆိုပါစို့။
သဒ္ဓါတရားကသိပ်ထက်နေတယ်။ ဒါပေမယ့် အကျင့်အားနည်းနေသေးတော့ပညာကနောက်ကမလိုက်နိုင်
သေးဘူး။သတိအားမကောင်းသေးတော့ဖြစ်ပျက်ရုပ်နာမ်ကို
မမြင်သေးဘူး။
ဒါပေမယ့် သမာဓိအရှိန်ကြောင့်တော့ အတန်အသင့်စိတ်ငြိမ်းချမ်းနေပြီ။
တရားဓမ္မရဲ့ငြိမ်းချမ်းတဲ့အရသာကို အလျင်မပြတ်ခံစားချင်ပေ
မယ့် ဝန်ထမ်းဘဝတန်းလန်းကြီးနဲ့ဆိုတော့ ရုန်းထွက်လို့မရပြန်သေးဘူး။
တစ်ဖက်မှာလည်းသားသမီးနှစ်ယောက်က တစ်ယောက်က၆တန်း၊ တစ်ယောက်ကမူကြို၊
စီးပွားဥစ္စာကလည်း မပြည့်စုံ
လုပ်ပိုင်ခွင့်နဲ့လာဘ်လာဘပြည့်စုံတဲ့နေရာကိုလည်းဝန်ထမ်း
ဘဝတလျှောက်လုံးရခဲ့တယ်မရှိ(ဒါလည်းကောင်းပါတယ် နောက်ကြောင်းရှင်းပြီးသားဖြစ်တာပေါ့)။
ဆိုတော့ကာ ကျွန်တော့်စိတ်မှာ အထွေထွေစိန်ခေါ်မှုတွေနဲ့မွန်းကြပ်နေတယ်။
ဒါလည်းကောင်းတာပါပဲ။စိတ်မွန်းကြပ်လာတိုင်း ဆရာတော်ဦးဇောတိကရဲ့တရားတွေနာ တရားတွေဖိထိုင်ဆိုတော့တရားသားကတော့အတော်
တက်လာပါတယ်။ဆရာတော်သီတင်းသုံးတဲ့နေရာနဲ့ကျွန်တော့်
တပ်ကလည်းနီးတော့ ဆရာတော့်ဆီမကြာခဏရောက် ရင်ဖွင့်ပေါ့လေ။
ဆရာတော်ကတော့နူးညံ့ချိုသာတဲ့အပြုံးနဲ့ အားပေးပါတယ်။
အင်းဒကာကြီးတော့အကြီးအကျယ်ခံရတော့မယ်လို့လည်း
မိန့်ပါတယ်။
ဆရာတော်ပြောတာမှန်လိုက်တာ။
ကျွန်တော်အကြီးအကျယ်ကို’ခံ’ရတော့တာ…
သီချင်း audio ခွေလေးကိုင်ပြီး ကိုတင်သန်းဦးနဲ့ကျွန်တော်
ဗိုလ်ချုပ်မှူးကြီးရုံးခန်းကိုတက်သွားတယ်။ အဲဒီတုံးက
Colonel ကြီးက အခုရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် လုပ်နေတဲ့သူပါ။သူ့ကို ကွန်ပျူတာစီထားတဲ့သီချင်းစာသားတွေ
အရင်ပြလိုက်တော့သူက
“မြသန်းစံ မင်းသီချင်းက လက်နက်နဲ့ငြိမ်းချမ်းရေးလဲလှယ်တဲ့စကားလုံးလည်းမပါပါလား
ဒါလူကြီး ပေါ်လစီလေ”
“သံစဉ်နဲ့အံမဝင်လို့အစ်ကိုကြီးရေ ကျွန်တော်ရှင်းပြလိုက်ပါမယ်”
“ဖြစ်ပါ့မလားကွ မင်းဟာက တော်ကြာအပြောခံနေရဦးမယ်”
“ရပါတယ်ကိစ္စမရှိပါဘူး ဗိုလ်ချုပ်မှူးကြီးက နားလည်မှုရှိပါတယ်”
ဒီလိုနဲ့ပဲအင်တင်တင်နဲ့ ကျွန်တော်နဲ့ကိုတင်သန်းဦး မှူးကြီးရုံးခန်းထဲရောက်သွားတယ်ဆိုပါတော့…
ကြိုတင်သတင်းပို့ထားတော့လူကြီးတွေလည်း
စောင့်နေကြပုံပါပဲ။ညနေခင်းအချိန်လေးဆိုတော့လည်းသူတို့ခမျာအပန်းပြေသီချင်းလေးနားထောင်ချင်ရှာမပေါ့။
ရုံးခန်းထဲမှာ ဒုချုပ် ဒုတိယဗိုလ်ချုပ်မှုးကြီးမောင်အေးနဲ့အတူ
အတွင်းရေးမှုး၂ ဒုတိယဗိုလ်ချုပ်ကြီးတင်ဦး၊ အတွင်းရေးမှုး၃
ဒုတိယဗိုလ်ချုပ်ကြီးဝင်းမြင့်၊ဒုတိယဗိုလ်ချုပ်ကြီးမောင်မောင်ခင်(ရေ)နဲ့ဒုတိယဗိုလ်ချုပ်ကြီးတင်ထွန်း(လေ)တို့ထိုင်နေတယ်။
မှူးကြီးကတော့top table မှာထိုင်လို့ပေါ့။အခန်းထဲမှာကျွန်တော်ရာထူးအငယ်ဆုံးပဲ။
ကျွန်တော်ကလူကြီးတွေကို သီချင်းစာရွက်တွေလိုက်ဝေပေးလိုက်တယ်။ကာနယ်ကြီးက
ကျွန်တော့်ကိုကက်ဆက်ပေးတော့မီးပလပ်က မှူးကြီးနောက်ကျောနားကစာအုပ်စင်ပေါ်မှာပဲရှိတော့အဲဒီနေရာမှာပဲသီချင်းသွားဖွင့်ရတယ်။
ကျွန်တော်သီချင်းဖွင့်လိုက်တယ်။ခိုင်ထူးအသံက မှူးကြီးရုံးခန်းထဲမှာပျံ့လွင့်လာတယ်။
လူကြီးတွေအားလုံးသီချင်းစာသားတွေကြည့်ရင်းနားထောင်နေ
ကြတယ်။ကျွန်တော့်မှာရင်တထိတ်ထိတ်နဲ့ ဘာများပြောမလဲပေါ့။အင်တာဗျူးဝင်နေရသလိုပါပဲ။
မင်းပေါင်းစုံညီကြားကမလောက်လေးမလောက်စား
ကောင်လေးပေါ့။
သီချင်းပြီးသွားတယ်။မှူးကြီးကကျွန်တော့်ဘက်လှည့်ရင်းပြောတယ်။သူ့အနားမှာကျွန်တော်က ကပ်လျက်ရပ်နေရတာကိုး။
“အေး ကောင်းသားပဲ မင်းဘယ်လိုစီစဉ်ထားသလဲ”
“ဒီနေ့ညနေ ကျွန်တော့်တပ်ထဲမှာ မြဝတီရုပ်သံအဖွဲ့နဲ့TVရိုက်ပါမယ်။မြန်မာ့အသံတိုင်းရင်းသားအစီအစဉ်က ကလေးတွေကိုလည်းတိုင်းရင်းသားဝတ်စုံတွေနဲ့
အဆိုတော်တွေနဲ့ တွဲရိုက်ဖို့ခေါ်ထားပြီးပါပြီ night scene ကို မီးပုံပွဲလေးနဲ့ရိုက်ကူးဖို့စီစဉ်ထားပါတယ်”
“အေးဆက်လုပ်”
အခြားလူကြီးတွေက ဘာမျှဝင်မပြောကြတော့ပါဘူး။
ဒါနဲ့ပဲ ကျွန်တော်တို့အောင်မြင်စွာဆုတ်ခွာလာခဲ့ကြတယ်ပဲဆိုပါတော့။
(ဖတ်ထားနှင့်ပါ ကျွန်တော်ဆက်ရေးနေပါသည် ယနေ့
ညနေအပြီးရေးသွားပါမည
black chaw
March 8, 2015 at 7:09 pm
@ Khin Zaw ;
အပိုင်း ၂ ဆိုတော့ ဟတ်ကော့ကြီးအေ…။
ဖတ်လို့လည်း ကောင်းပါတယ်…။
ဆိုတော့
အပိုင်း ၁ လည်း လုပ်ပါဦး…။
အပိုင်း ၃ ရရင်လည်း ဖတ်ချင်တယ်…။
ချစ်ခင်လေးစားတဲ့
ဘလက်ချော…။
ခင်ဇော်
March 8, 2015 at 10:40 pm
=======================================
မြသန်းစံ – လုုံးဝမရေးချင်ဘဲ ရေးရတဲ့စာ
——————————————————–
အရိုးသားဆုံးစိတ်နဲ့ပြောရရင် ကျွန်တော်အခုရေးမယ့်စာမျိုးလုံးဝမရေးချင်ပါဘူး။
တော်တော်များများလည်း သိကြပါတယ်။ ကျွန်တော် ဓမ္မဆိုင်ရာစာပေနဲ့ပဲမွေ့လျော် မိမိကိုယ်ကိုကောင်းအောင် ဆောက်တည်ရင်း နေလာခဲ့တာ နှစ်အတော်ကြာပါပြီ။
ကျောင်းဆင်းဒုဗိုလ်ဘဝ(၁၉၈၁ခုနှစ်)လောက်က ကြာအင်းဆိပ်ကြီးဒေသရှေ့တန်း
စစ်မျက်နှာမှာသေကောင်ပေါင်းလဲ တိုက်ပွဲဖြစ်ခဲ့ရတဲ့ရန်သူကို ၁၉၉၉ခုနှစ်ရောက်တော့
လက်နက်နဲ့ ငြိမ်းချမ်းရေးလုပ်မယ် လို့ပြောလာတဲ့အချိန်မှာ တာဝန်ပေးချက်အရ ကျွန်တော့်ဘက်က စေတနာပါပေါင်းထည့်ပေးပြီး“ငြိမ်းချမ်းရေးပန်းခင်း”ဆိုတဲ့သီချင်းကို
ရေးပေးခဲ့ရတဲ့သူပါ။အဲဒီတုံးကအဲဒီတိုက်ပွဲမှာ မအူမလည်နဲ့ကျွန်တော်သာကျဆုံးခဲ့ရင် “ငြိမ်းချမ်းရေးပန်းခင်း” သီချင်းထွက်လာမှာမဟုတ်သလိုကျွန်တော်လည်း သီချင်းရေး
ဆရာ တစ်ယောက်လည်းဖြစ်လာမှာမဟုတ်ပါဘူး။အခုတော့ငြိမ်းချမ်းရေးဆွေးနွေးပွဲ
တွေမှာ အဲဒီသီချင်းဖွင့်ပြီးဆိုကြ ကကြတယ်လို့ ခပ်ဝေးဝေးပဲကြားနေရပါတယ်။
အဲဒီတုံးကအခုလို Mediaတွေသိပ်မထွန်းကားသေးတော့ တလောက ဖြစ်ခဲ့တဲ့
‘ လောက်ကိုင်စစ်ပွဲ ‘ပုံရိပ်တွေလို ပြည်သူတွေအချိန်နဲ့တပြေးညီသိခွင့်မရခဲ့ဘူး။ ဒါပေမယ့်ကျွန်တော်ကိုယ်တိုင်မြေမြုပ် အမိန့်ပြန်ခဲ့ရတဲ့ ကျွန်တော့်ရဲဘော်တွေရဲ့
ဓာတ်ပုံတွေကတော့ ကျွန်တော့်ရင်ထဲမှာဆေးသားမပျက်ပြယ်သေးပါဘူး။လောက်ကိုင်
စစ်ပွဲမှာ ကျဆုံးသွားတဲ့ကလေးတွေရဲ့မိဘတွေကိုကိုယ်ချင်းစာနားလည်စိတ်နဲ့ ခံစား
နေရချိန်မှာတော့ တချိန်ကကျွန်တော်ကိုယ်တိုင် မျက်ရည်သုတ်ပေးခဲ့ရတဲ့ ကျွန်တော့်
ရဲဘော်တွေရဲ့ဇနီးသားသမီးတွေဟာ အခုတော့ မျက်ရည်တွေခြောက်ခမ်းလို့
ရင့်ကျက်ကုန်ကြပါပြီ။
တက္ကသိုလ်ကျောင်သားဘဝ(၁၉၇၄-၇၈)တုံးက ကြုံခဲ့ရတဲ့ဦးသန့်အရေးအခင်း ၊သခင်
ကိုယ်တော်မှိုင်းရာပြည့်ပွဲတွေတုံးက ဆံပင်ရှည်ရှည် ဝေလေလေဘဝနဲ့ လုံခြုံရေး
လုပ်နေတဲ့စစ်သားတွေကိုလူအင်အားအရှိန်အဝါနဲ့မကျေမနပ်ဖြစ်ခဲ့ဘူးတဲ့ကျွန်တော်
ဟာ ရှေ့တန်းစစ်မြေပြင်ရောက်လို့ တိုက်ပွဲတွေမှာ အသက်ပေးသွားကြတဲ့ ရဲဘော်
တွေကို ကိုယ်တိုင်မြေမြုပ် အမိန့်ပြန်ရတဲ့အချိန်မှာ နောင်တကြီးစွာနဲ့အရမ်းကို
ထိခိုက်ကြေကွဲခံစားခဲ့ရဖူးပါတယ်။
အခုလေးတင်ပဲ ပလပ်စတစ်စခင်းပြီးထမင်းကြမ်းခဲနဲ့ သဲတရှပ်ရှပ်ပဲဟင်းကို မြေကြီး
ပေါ်ထိုင်ပြီးအတူစားခဲ့ကြသေးတယ်။ အခုတော့တိုက်ပွဲပြီးလို့ကျွန်တော်ကမြေကြီး
ပေါ်မှာ တစ်ယောက်တည်း ထိုင်စားနေရပြီး ကျွန်တော့်ရဲဘော်မြေကြီးထဲရောက်
နေပြီ။ သူ့အလောင်းပေါ်မှာကျွန်တော်က ထမင်းကြမ်းခဲထိုင်စားနေရသလိုပါပဲ။
ဒီအတွေ့အကြုံတွေဟာတရားဓမ္မဘက်ကို ငယ်ငယ်ရွယ်ရွယ်နဲ့ရောက်လာဖြစ်ဖို့
တွန်းအား အကြောင်းတရားတွေမှန်း အဲဒီတုံးကတော့ကျွန်တော်မသိခဲ့ဘူး။
ဒါပေမယ့်နှစ်တွေကြာလာတဲ့အခါ သောင်းကျန်းသူတွေကအလင်းဝင် စီးပွားရေး
လုပ်ငန်းတွေလုပ် ကြီးပွားချမ်းသာပြီး လူကြီးတွေနဲ့တခမ်းးတနားအတူတွဲပြီး Cheers
လုပ်နေတဲ့အချိန်မှာ တစ်ခါက အဆင်ပြေရာ တောတွင်းတစ်နေရာမှာ မြေမြုပ်ခဲ့ရတဲ့
အညတြစစ်သည်တွေရဲ့ဂတိနဲ့လားရာတွေကိုကျွန်တော် တွေးဆနေမိပါတယ်။
တစ်ခါကျောင်းသားတွေဘက်ကိုပြန်ကြည့်လိုက်ပြန် တော့လည်း ၁၉၆၂ခုနှစ်
ကတည်းက မိုင်းခွဲခံခဲ့ရလို့ မကျေမနပ်နဲ့ဘဝကူးခဲ့ရတဲ့ကျောင်းသားသမဂ္ဂအဖွဲ့ဝင်
တွေဟာ ၁၉၇၄ ဦးသန့်အရေးအခင်းရောက်တော့ တစ်ကြိမ်၊ ၁၉၇၅ သခင်
ကိုယ်တော်မှိုင်းရာပြည့်ရောက်တော့တစ်ကြိမ်၊ ၁၉၈၈ (၈လေးလုံး) အရေးအခင်း
ရောက်တော့တစ်ကြိမ်၊ ဗိုလ်ချုပ်အောင်ဆန်းဓာတ်ပုံတွေကိုင်ပြီးတောင်းဆိုတိုက်ပွဲဝင်
နေလိုက်ကြတာ သမိုင်းနဲ့ချီပြီး ကြားရတဲ့အရိုးတွန်သံပဲလို့တွေးဆမိပါတယ်။
ဒီမီးတွေကိုအစိုးရအဆက်ဆက်တာဝန်ယူသွားခဲ့ကြသူတွေဟာ တာဝန်ရှိရက်နဲ့ ငြိမ်းအောင်မငြိမ်းသတ်ခဲ့ကြဘူး။နောက်မျိုးဆက်ကို “မီးတုတ်”တွေအမွေပေးခဲ့ကြ
တယ်။ ၁၉၈၈မှာသမ္မတဖြစ်ခဲ့တဲ့ ဒေါက်တာမောင်မောင်ဟာ ပညာရှိပီပီ မီးငြိမ်းနိုင်
ဖို့အစီအစဉ်တစ်ခုဖြစ်တဲ့ “ကျွန်တော်တို့ကျောင်းသားသမဂ္ဂကိုပျော်ပျော်ပါးပါး
အုတ်မြစ်ချပါစို့” လို့ကျေညာခဲ့ပေမယ့်စိတ်ကြွဆေးကျွေး၊ ထောင်တံခါးဖွင့်၊ အရပ်ထဲ
ဝင်မွှေ၊ ဂိုဒေါင်ဖောက်၊အရေးအခင်းကိုပုံဖျက်၊တိုင်းပြည်ပျက်တဲ့ ကိန်းဆိုက်လေ
ဟန်ဖန်တီးပြီး အခြေအနေဆိုးတွေ ပေါ်ပေါက်လာတာကြောင့် စစ်တပ်က
အာဏာသိမ်းလိုက်လို့ဒေါက်တာမောင်မောင်ရဲ့ ကြေငြာချက်လည်း အသက်
မဝင်တော့ဘဲ ပျက်ပြယ်ခဲ့ရပြန်ပါတယ်။
ဒီလိုနဲ့ပဲကျောင်းသားနဲ့အစိုးရ၊ ကျောင်းသားနဲ့စစ်တပ်ဟာ အစေးကပ်တယ်လို့မရှိ
တော့ပဲ အစိုးရအဖွဲ့တွေဘယ်လိုပြောင်းပြောင်း နောက်ထပ်လူသစ်တွေ ဘယ်သူပဲ
အာဏာရလာ ရလာ ရန်မီးဟာအခုအချိန်အထိမငြိမ်းနိုင်တော့ပဲ အခုဖြစ်ပွားနေတဲ့ ပညာရေးသပိတ်အထိရှည်လျားလာခဲ့တာဘယ်ကာလကျမှ အဆုံးသတ်မယ်
မသိနိုင်ဘူး။
ဒါတွေအားလုံးဟာ ကိုယ့်မြန်မာပြည် ကိုယ့်တိုင်းပြည်ထဲမှာပဲဖြစ်နေကြတာပါ။
ကိုယ့်တိုင်းပြည်ထဲက လူတွေပဲနစ်နာကြ ၊ဒဏ်ရာရကြ၊ အသက်တွေပေးကြရ၊ စစ်သားတွေအသက်ဆုံးရှုံးရ ၊ ကျောင်းသားတွေအဖမ်းခံကြရ၊ ပညာသင်ခွင့်တွေ
မရခဲ့ကြ၊ တဖြည်းဖြည်းနဲ့တိုင်းပြည်မှာပညာတတ်တွေကနည်းပါးလာ ၊ ပညာတွေ
ကောင်းကောင်းသင်ခွင့်မရတော့ ဆင်ခြင်တုံ တရားတွေနည်းပါးလာ၊ စီးပွားရေး
ကမပြေလည်၊ ဝင်ငွေအတွက် မနည်းရုန်းကန် ရှာဖွေနေရတော့ မကျေမနပ်စိတ်က
အမြဲအသင့်ဖြစ်နေ၊ ရုတ်ရုတ်သဲသဲဖြစ်တာနဲ့ဖောက်ခွဲဖို့ကအသင့်ဖြစ်နေ၊ဒါပေမယ့်
နိုင်ငံရေးပေါ်လစီပြောင်းလိုက်တာနဲ့ ဘိန်းနဲ့အသက်မွေးခဲ့တဲ့သူတွေ ကနေ့ချင်း
ညချင်း စီးပွားရေးလုပ်ငန်းရှင်ကြီးတွေဖြစ်လာကြတဲ့ အချိန်မှာတိုင်းပြည်ထဲက သာမန်
လက်လုပ်လက်စားတွေရဲ့ ဘဝကတော့ မွဲပြီးရင်းမွဲ ပြာကျပြီး ရင်းပြာကျနဲ့ ဘယ်တော့
မှနလံပြန်ထနိုင်ပါတော့မလဲ။
နိုင်ငံတကာရောက်နေတဲ့မြန်မာနိုင်ငံသားပညာတတ်တွေကလည်း သူတို့ပညာနဲ့
ထိုက်တန်တဲ့နေရာမရှိတာရယ် ဒီရောက်ပြန်ရင်လည်း ဘာမှမတတ်ဘဲနဲ့အပေါ်စီး
ကနေ အာဏာပြတာမခံချင်တော့လို့ ဘယ်သူမှမလာချင်တော့ဘူး။မြန်မာပြည်
ပြန်ရောက်ပြီး ထူးမခြားနားပတ်ပျိုးကြီးနားထောင်နေရတာထက်စာရင် နိုင်ငံခြားမှာပဲ
တည်ငြိမ်နေတဲ့ လူမှုပတ်ဝန်းကျင် ကိုယ့်ပညာနဲ့ထိုက်တန်တဲ့အလုပ်ခွင်မှာ
Pop Music လေးနဲ့ပဲငြိမ့်နေတော့မယ် ဆိုတဲ့သူတွေကိုလည်း အပြစ်မဆိုချင်တော့
ပါဘူး။ဒါကလည်း သူတို့ရဲ့ကိုယ်ပိုင်အခွင့်အရေးပဲလေ။
နောက်ဆုံးတော့ –
တိုင်းပြည်ကြီးကို ကျွန်တော်အပါအဝင် ဖိုးသုည အများစုနဲ့လည်ပတ်နေရတော့ကမ္ဘာ့
အလယ်မပြောနဲ့ အိမ်နီးနားချင်းနိုင်ငံတွေကြားမှာတောင် ကျွန်တော်တို့ အလည်
အပတ်ရောက်တဲ့အခါ မျက်နှာခပ်ငယ်ငယ်ရယ်။ ကျန်းမာရေးဆိုလည်း နည်းပညာ
မြင့်ပြီး စိတ်ချရတဲ့ (စေတနာလည်းပါတဲ့) အိမ်နီးချင်းနိုင်ငံကိုပြေးကြရ၊ ပညာရေး
ဆိုလည်း အိမ်နီးချင်းနိုင်ငံကိုပြေးကြရပြန်၊ သွင်းကုန်ဆိုလည်း သူတစ်ပါးကိုအားကိုးရ၊
ထုတ်ကုန်ကျပြန်တော့လည်း မတန်တဆဈေးအနှိမ်ခံရပြီး ကုန်ကြမ်းသက်သက်
ရောင်းစားနေရတဲ့နိုင်ငံဖြစ်မှန်းမသိဖြစ်နေရနဲ့ ပြောရတာကိုယ့်ပေါင်ကိုယ်လှန်ထောင်း
ရသလို ရှက်လည်းရှက်ပါတယ် မရှက်လည်းမရှက်နိုင်တော့ပါဘူး။
ဒီပြဿနာတွေအားလုံးပြေလည်သွားဖို့ နိုင်ငံတော်ရဲ့ အဆင့်အမြင့်ဆုံးတာဝန်ယူထား
တဲ့သူတွေနဲ့ ကျွန်တော်တို့နိုင်ငံသားအားလုံးမှာတာဝန်ရှိပါတယ်။ဒီနေ့ဒီအချိန်မှာ ကျွန်တော်တို့ဒီပြဿနာကိုပြေလည်အောင် မဖြေရှင်းနိုင်ခဲ့ရင် မြန်မာပြည်မြေပုံဆိုတာ
နောက်များမကြာမီမှာ ကမာ္ဘအလယ်မှကနေပြီးပျောက်ကွယ်သွားနိုင်ပါတယ်။
“ဒို့ခေတ်ရောက်မှ ညံ့ကြတော့မှာလား“ဆိုတဲ့စကားအတိုင်း ဖြစ်နေပြီဆိုရင်တော့
လည်းဘာမျှမတတ်နိုင်တော့ဘူးပေါ့။
တိုင်းပြည်တစ်ခုတိုးတက်ဖို့ဆိုတာ-
(၁) တိုင်းပြည်တည်ငြိမ်ဖို့လိုပါတယ်။
နိုင်ငံရေးပထဝီကိုလေ့လာပြီးကိုယ့်တိုင်းပြည်ဘေးမှာ ကိုယ့်တိုင်းပြည်ရဲ့အနာဂတ်ကို
ဝါးစားဖို့ကျားရဲကြီးတွေ အစွယ်တဖြီးဖြီးနဲ့စောင့်နေတာကို မြင်အောင်ကြည့်ကြပါ။
(၂) တာဝန်ရှိသူတွေကလည်း ကိုယ့်ပြည်သူပြည်သားတွေအပေါ်မှာ ကျားကစားသလို လှည့်ကွက်တွေနဲ့ဉာဏ်မများဖို့လိုပါတယ်။
(၃) ကိုယ့်တိုင်းပြည်ထဲက human resources တွေကိုစံနစ်တကျအသုံးချတတ်ဖို့
လိုပါတယ်။
(၄) အရေးအကြီးဆုံးကတော့ တစ်ဦးနဲ့တစ်ဦး တစ်ဖွဲ့နဲ့တစ်ဖွဲ့ အပြန်အလှန်ယုံကြည်မှု ပရိယာယ်မပါတဲ့ရိုးသားဖြူစင်မှု သစ္စာရှိမှုနဲ့ မေတ္တာထားတတ်မှုတွေရှိဖို့လိုပါတယ်။
(၅) တာဝန်အရ Onlineတွေပေါ်မှာ Account မျိုးစုံတတ်ပြီး ရေးနေကြသူတွေအနေ
နဲ့ Hate Speeches တွေတတ်နိုင်သမျှရပ်တန်းကရပ်ကြပါတော့လို့လည်း မေတ္တာ
ရပ်ခံချင်ပါတယ်။ အပြန်အလှန်ဆဲဆိုနေကြတဲ့သံသရာမဆုံးနိုင်သရွေ့ နောက်ဆုံး
နစ်နာတော့ ကိုယ်တွေချည်းပါပဲ ဆိုတာကို အမြင်ကျယ်ကျယ်နဲ့ကြည့်တတ်ဖို့လိုနေပါပြီ။
(၆) ယုံကြည်ထိုက်သူက ယုံကြည်အောင်နေပြလိုက်ပါ။ အခုဖြစ်နေသမျှအားလုံးဟာ အယုံကြည်မခံရလို့ဖြစ်ကြတာပါ။ မြန်မာပြည်သားတွေရဲ့စိတ်အခြေခံကဒီလောက်မညံ့
ပါဘူး။ ပြေလွယ် ပျောက်လွယ် ကျေအေးလွယ်ပါတယ်။ အရှိန်အဝါကိုကိုင်ပြီးတင်းခံ
နေရင်တော့တင်းလွန်းရင်ပြတ်တတ် လျှော့လွန်းပြန်တော့ဘတ်လပ်ဘတ်လပ်ဖြစ်တတ်
တဲ့သဘာဝကိုလည်းနားလည်ပြီးသားဖြစ်မှာပါ။
ဆက်ပြောရင်တော့အများကြီးပါ။
ဒါပေမယ့်ကိုယ်ကနိုင်ငံရေးသမားလည်းမဟုတ်တော့ဒီလောက်ရေးပြလိုက်ရတာ
တောင်အတော်လွန်လှပါပြီ။ အမှားပါရင်လည်းခွင့်လွှတ်ကြပါ။ ရန်ကုန်နဲ့နေရာအစုံ
မှာဖြစ်နေသမျှမြင်ကွင်းတွေကိုကြည့်ပြီး စိတ်မချမ်းသာလွန်းလို့ ဒီစာကိုရေးလိုက်
ရတယ်လို့မှတ်ပါ။ ပညတ်တွေအာရုံပြုရတာပင်ပန်းလှပါတယ်။ဒါပေမယ့် ပရမတ်
ရုပ်နာမ်တွေရှုမြင်ရာကနေ ပညတ်နယ်ပယ်ကိုမေတ္တာပို့ဖို့လှမ်းကြည့်လိုက်တဲ့အခါ
ကသောင်းကနင်းဖြစ်နေတာတွေ လှမ်းတွေ့လိုက်ရလို့ စိတ်မသက်မသာဖြစ်သွားရာ
က ရေးလိုက်ရတဲ့စာပါခင်ဗျာ။
အားလုံးကောင်းကျိုးလိုရာဆန္ဒ ပြည့်ဝကြပါစေ……။
မြသန်းစံ
(၆.၃.၂၀၁၅)
မိုးမခ မှကူးယူဖော်ပြပါသည်။
ဝင့်ပြုံးမြင့်
March 9, 2015 at 1:36 am
ဆရာတော်ပြောတာမှန်လိုက်တာ။
ကျွန်တော်အကြီးအကျယ်ကို’ခံ’ရတော့တာ…
—
အဲဒါက ဘာကိုပြောတာလဲ။ အဆုံးထိဖတ်တာတောင် သဘောမပေါက်လို့ပါ။
ခင်ဇော်
March 9, 2015 at 7:00 am
အဲ အမဝင့်
ဆောဒီးး
ဟီးးးး
ဒါ က အရင်ဖတ်ရမယ့် အပိုင်းး ၁
ပြီးးးမှ အပေါ်က ဟာကို ဖတ်ရမှာ
အပိုင်းး ၃ က မရသေးးဘူးးး
:k:
—-
ဒီနေ.status ရေးဖို့စိတ်ကူးလိုက်တဲ့အချိန်မှာ ပထမဦးဆုံး
ကျေးဇူးရှင်မဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီး ရယ်ရယ်မောမောနဲ့ဆုံးမခဲ့တာကိုပြန်သတိရမိပါတယ်-
“ဦးမြသန်းစံ ခင်ဗျား ဗောဓိမြိုင်လိုဖြစ်ချင်လားဗျ”
“ဖြစ်ချင်ပါတယ်ဘုရား”
“ဘာဗျ -ခင်ဗျားဗောဓိမြိုင်အကြောင်းကြားဖူးလို့လား”
“အမိန့်ရှိပါဘုရား”
“စာမရေးတော့ဘူးဆိုပြီး ဗလာစာအုပ်တွေ ဘောလ်ပင်တွေ
ဗီရိုထဲထည့် သော့ခတ်သိမ်း တော်ကြာနေ ဒါလေးတော့ရေးအုံးမှပါပဲလေ”ဆိုပြီးဗီရို ထဲကပြန်ထုတ် ရေးသကွာဆိုပြီးရေးတော့တာဗျို့”(ရယ်သံ)
“ခင်ဗျားကော အဲဒီလိုဖြစ်အုံးမှာပဲလား”
“ဆရာသမားခြေရာနောက်လိုက်နေသူမို့ဖြစ်နိုင်ပါတယ်ဘုရား”
“ဘာဗျ”(ရယ်မောသံများ)
“ခင်ဗျားအဲဒါ သတိထား စာပိုးကိုက်တာဆိုးသနော်”
“ခင်ဗျားကိုဖျက်မှာအဲဒါပဲဗျ ကျုပ်လည်းဒီအတိုင်းပါပဲဗျ
ဦးမြသန်းစံကြီးရ”(ရယ်သံများ)
စာမရေးတော့ဘူးဟုဆရာတော်ကြီးကိုပေးထားခဲ့သောကတိကိုကျွန်တော်ချိုးဖျက်ရာရောက်နေပါပေါ့။
ဒါပေမယ့်ရေးစရာတွေက ရင်နဲ့မဆန့်အောင် ဖြစ်လာတော့တာမို့
ကျွန်တော်ရေးရဦးတော့မပေါ့။ ဆရာတော်ကြီးကိုယ်တိုင်လည်းဝန်ခံထားသည်မဟုတ်လား။
“မြသန်းစံ ‘ခံ’ ခဲ့ရသည်များ…..(၁)
••••••••••••••••••••••••••••
ဘဝမှာလိမ့်နေအောင်ခံခဲ့ရတဲ့ ဖြစ်ရပ်တွေထဲမှာ မမေ့နိုင်စရာတစ်ခု ကတော့ “ငြိမ်းချမ်းရေးပန်းခင်း” သီချင်းရဲ့နောက်ကွယ်က ဖြစ်ရပ်မှန်ဇာတ်လမ်းလေးတစ်ပုဒ်ပါပဲ။
ဒီသီချင်းဟာကျွန်တော့်အတွက်သီချင်းရေးဆရာဘဝကို
လက်ပြနှုတ်ဆက်ခဲ့ရတဲ့နှုတ်ဆက်သီချင်း ဆိုရင်လည်းမမှားပေဘူးပေါ့။
၁၉၉၈ခုနှစ်ကုန်ခါနီးလောက်ထင်ပါရဲ့။
အရှေ့တောင်တိုင်းစစ်ဋ္ဌာနချုပ်နယ်မြေမှာ KNU တပ်မဟာ(၆)
က ဦးသမူဟဲကြီးနဲ့နောက်လိုက်နောက်ပါတွေ အလင်းဝင်ကြတယ်။
အဲဒီတုံးက အလင်းဝင်တယ်ဆိုတဲ့ စကားလုံးကိုတဖက်က မကြိုက်လို့ထင်တယ်။ ဗိုလ်ချုပ်မှုးကြီးက “လက်နက်နဲ့ငြိမ်းချမ်းရေးလဲလှယ်ခြင်း” ဆိုတဲ့စကားလုံးနဲ့ အစားထိုးပေးလိုက်တော့ နှစ်ဦးနှစ်ဖက်အဆင်ပြေသွားကြပြီး
ခေါင်းဆောင်တွေအချင်းချင်းတွေ့ကြ နှုတ်ဆက်ကြ အခမ်းအနားတွေလုပ်ကြနဲ့ပေါ့။
ထုံးစံအတိုင်း ဂုဏ်ပြုသီချင်းတွေရေးကြဦးဆိုတော့
အဲဒီအချိန်ကပြန်ကြားရေးဝန်ကြီး(ယခုကွယ်လွန်)ကို
တာဝန်ပေးတော့ နေ့ချင်းပြီးသီချင်းတွေရေးပြီး
မြန်မာ့အသံကနေအသံလည်းလွှင့် TVကနေလည်းပြပေါ့လေ။
ဇော်ဝမ်း၊ဂျက်မြသောင်းတို့ ဆိုခဲ့ကြတယ်။ ခေါင်းစဉ်ကလည်း
လက်နက်နဲ့ငြိမ်းချမ်းရေးလဲလှယ်ခြင်း ပါပဲ။
လူကြီးမှာတဲ့အတိုင်းအတိအကျပေါ့လေ။
ပြီးပြီးရောဆိုပြီး ကမန်းကတမ်းချုပ်ကြတဲ့ ဈေးချုပ်တွေပေါ့။
ပြန်ကြားရေးဝန်ကြီးကို ဗိုလ်ချုပ်မှုးကြီးက မြသန်းစံကိုလည်း
တစ်ပုဒ်ရေးခိုင်းလိုက်ဦးလို့မှာတယ်။
အဲဒီအချိန်မှာကျွန်တော်က ရခိုင်ပြည်ဘက်ကိုခရီးထွက်နေတယ်။
တရားသူကြီးချုပ်ဦးအောင်တိုး ရှေ့နေချုပ်ဦးသာဒွန်းတို့ရဲ့ခရီးစဉ်မှာခွင့်ကြုံလိုက်ပါရင်း
မြဝတီရုပ်သံအတွက်မှတ်တမ်းတင်ဖို့လိုက်သွားခဲ့တာ။
ဗိုလ်ချုပ်မှုးကြီးက အမျိုးသားညီလာခံကော်မရှင်အဖွဲ့ဝင်လူကြီးတွေကိုအနားယူ
အပန်းဖြေခရီးစဉ်စီစဉ်ပေးလိုက်တာ။ကကပြည်ညွှန်မှူး
ဗိုလ်ချုပ်အောင်သိန်းဦးဆောင်ပြီးရခိုင်ပြည်ဘုရားတွေဖူး
ငပလီမှာအပန်းဖြေပေါ့။
ခရီးကပြန်ရောက်ရောက်ချင်းပဲ အစ်မကြီးအဆိုတော်ဒေါ်တင်တင်မြ ကျွန်တော့်အိမ်ရောက်လာတယ်။လက်ထဲမှာသတင်းစာဆောင်းပါးတွေကိုင်လို့။အဲဒီအချိန်တုံးကဒေါ်တင်တင်မြ ကမြန်မာ့အသံမှာ ဂီတညွှန်ကြားရေးမှုးတာဝန်ယူထားတာ။
အစ်မကြီးနဲ့ကျွန်တော်က ခင်မင်ရင်းနှီးပြီးသား။မြဝတီရုပ်သံမပေါ်ခင်က ကျွန်တော်မြန်မာ့အသံကိုချောင်းပေါက်မတတ်သွားခဲ့ရတာ။
အစ်မကြီးကဝန်ကြီးကမှာသွားတဲ့အကြောင်း သီချင်းရေးပေးဖို့နဲ့
မြန်မာ့အသံတီးဝိုင်းနဲ့ စတူဒီယိုကို၂၄နာရီဖွင့်ပြီး အသင့်စောင့်ဆိုင်းနေပါကြောင်း သီချင်းရေးရမယ့်အချက်အလက်တွေက ဒီသတင်းစာဆောင်းပါးတွေထဲမှာပါတဲ့အကြောင်း မရပ်မနားပြောပါတယ်။ ကျွန်တော်ကအစ်မကြီးကိုသနားနေမိတယ်။သူ့ခမျာလည်း
ဝန်ကြီးကတိုက်ရိုက်တာဝန်ပေးထားတော့စိုးရိမ်ရှာမှာပေါ့။
ကျွန်တော်က
“အစ်မကြီး ဒါဗိုလ်ချုပ်မှူးကြီးရေးခိုင်းတာမဟုတ်လား အဲဒါဆိုရင်ရပြီ။
အစ်မကြီးသတင်းစာဆောင်းပါးတွေလည်းပြန်ယူသွားပါ။
ပြီးတော့တီးဝိုင်းနဲ့မြန်မာ့အသံစတူဒီယိုလည်းအနားပေးလိုက်ပါ။
ကျွန်တော် ခါတိုင်းသွင်းနေကျAurora တီးဝိုင်းနဲ့ပဲ အိုအေစစ်စတူဒီယိုမှာသွင်းမယ်။ အချိန်တော့နည်းနည်းယူအုံးမှဖြစ်မယ်။ခရီးရောက်မဆိုက်
ဆိုတော့ချက်ချင်းရေးလို့မရသေးဘူး။ ကွန်တော့်ကိုလည်း
စဉ်းစားဖို့ ခံစားဖို့အချိန်ပေးပါအုံး”
“ဖြစ်ပါ့မလားမောင်လေးရယ် ဝန်ကြီးကအမြန်လိုချင်နေတာ”
“ရပါတယ် အစ်မကြီး ကိစ္စမရှိပါဘူး။ကျွန်တော်တာဝန်ယူပါတယ်။အစ်မကြီးအဆူမခံစေရဘူး။စိတ်ချ”
၂ရက် ၃ရက်လောက်ကြာမှ သီချင်းကသံစဉ်အကြမ်းနှင့်စာသားတွေရတော့တယ်။
ဒီသီချင်းက country style ဆိုတော့ ကျောင်နေဖက်သူငယ်ချင်း ကိုခိုင်ထူး ကိုအကူအညီတောင်းတော့ သူကလည်းကူညီပါတယ်။
တီးဝိုင်းလက်ထဲမအပ်ခင် ကိုခိုင်ထူးနဲ့ကျွန်တော်အသေးစိတ်တွေညှိရသေးတယ်လေ။
သူဆိုရတာ ထောက်နေတဲ့နေရာတွေမှာ စာသားတွေပြင်ရဖြတ်တောက်ရသေးတယ်လေ။
ကျွန်တော်သီချင်းတွေရေးတိုင်း 2 version လုပ်လေ့ရှိတော့
ဒီသီချင်းအတွက် ကရင်တိုင်းရင်းသူ အဆိုတော်လေးလေးဝါး
ကိုအကူအညီတောင်းရတာပေါ့။
သီချင်းသွင်းနေတုံးမှာပဲ ရိုက်ကူးရေးအတွက်ကျွန်တော်ပြင်ဆင်ရပြန်တယ်။
ကျွန်တော်က သီချင်းတစ်ပုဒ်ကိုရေးတဲ့အချိန်ကစပြီး
ရိုက်ကူးရေးအဆုံးedit ပြီးတဲ့အထိ ကိယ်တိုင်လုပ်ရမှကျေနပ်တာ။crazy သမားတွေဆိုတာဒီလိုပါပဲ။
အဲဒီအချိန်မှာမြန်မာ့အသံကနေ ခဏ ခဏဖုန်းဆက်တယ်။
အစ်မကြီးဒေါ်တင်တင်မြရောDGကြီးကိုယ်တိုင်ရောပေါ့။
သူတို့စိတ်ပူနေပုံပါပဲ။ကျွန်တော်က အစ်ကိုတို့အစ်မတို့
စိတ်မပူပါနဲ့။
“ချစ်ခြင်းတရားနဲ့ပြည်ထောင်စု”သီချင်းတုံးကဆိုရင်
ဗိုလ်ချုပ်မှူးကြီးက ကျွန်တော့်ကို၄လလောက်ကြာအောင်
သည်းခံပြီးစောင့်ဆိုင်းပေးခဲ့တာလို့ပြောတော့
“အောင်မယ်လေး အဲဒီလောက်တော့မလုပ်ပါနဲ့ငါ့မောင်ရယ်
ဒီမှာအစ်မတို့နားပူလှပြီ”
ဝန်ကြီးကလည်း ဗိုလ်ချုပ်မှူးကြီးကိုယ်တိုင်ခိုင်းထားတာဆိုတော့
သူ့လက်အောက်ကိုpressureပေးတော့မှာပေါ့။
By the way – အဲဒီမှာတင်ကြည့်
ကျွန်တော်တို့ကြုံခဲ့ရတဲ့ စစ်အလေ့အထကိုလေ့လာကြည့်ကြရအောင်-
ခေါင်းဆောင်လုပ်သူကအေးအေးဆေးဆေးရယ်၊
ဒါပေမယ့်အာဏာအရှိဆုံးပုဂ္ဂိုလ်ဆိုတော့ ပြာကုန်ကြပြီ။
မြန်မြန်ပြီးချင်တယ်။ပြီးတဲ့အကြောင်းကိုလည်းresultနဲ့တကွတွဲပြီး သတင်းပို့ချင်တယ်။မျက်နှာရချင်တယ်။အချီးအမွမ်းခံချင်တယ်။
ကျွန်တော်ကတော့အဲဒီအချိန်မှာ အဲဒီလိုမတွေးနိုင်ဘူး။
တွေးထားရင်လည်းကျွန်တော့်အနုပညာ ကောင်းတော့မှာမဟုတ်ဘူး။
ဗိုလ်ချုပ်မှူးကြီးကျေနပ်ဖို့ထက် ကျွန်တော့်အနုပညာအပေါ်ကျွန်တော်ကျေနပ်ဖို့အရေးကြီး
တယ်။ဒါစစ်မြေပြင်မဟုတ်ဘူး။
လက်နက်နဲ့သူသေကိုယ်သေ ရင်ဆိုင်နေရတဲ့နေရာမဟုတ်ဘူး။
နှလုံးရည်တိုက်ပွဲဝင်နေရတာ။တနည်းအားဖြင့်လက်နက်မဲ့
တိုက်ပွဲဝင်နေတာ။ပြီးဖို့ထက်ကောင်းဖို့အရေးကြီးတယ်
ဆိုတာနားလည်ရမယ်။brain stormလုပ်နေရတာ။
တဖက်မှာ နားထောင်ကြမယ့်ပြည်သူတွေရဲ့မျက်နှာကိုကြည့်ရမယ်။
ပြည်သူတွေရဲ့ခံစားတတ်တဲ့နှလုံးသားအပေါ်ထပ်တူနားလည်ခံစားနိုင်ရမယ်။ဒီသီချင်းကိုနေ့စဉ်နားထောင်ကြရတော့မယ့်ပြည်သူတွေရဲ့နားရွက်တွေနဲ့ ရုပ်သံကြည့်နေကြရမယ့်သူတွေရဲ့မျက်လုံးတွေကိုအားနာတတ်ရမယ်။ဗိုလ်ချုပ်မှူးကြီးက ဒါတွေကိုသဘောပေါက်တယ်။
သူရေးခိုင်းခဲ့သမျှသီချင်းအားလုံးကို ဘယ်တော့မှအချိန်မကန့်သတ်ဘူး။ ကျွန်တော့်ကိုblank cheque ပေးထားတယ်။pressureမပေးဘူး။
သူကိုယ်တိုင်လည်းအနုပညာကိုစိတ်ဝင်စားတဲ့သူမို့
အနုပညာရှင်ရဲ့သဘာဝကိုနားလည်ခွင့်လွှတ်ပေးနိုင်တယ်။
(အခြားနိုင်ငံရေး စီးပွားရေးအပိုင်းတွေတော့ကျွန်တော်လည်းမသိဘူးပေါ့။
ကျွန်တော့်အရာလည်းမဟုတ်သလို ကျွန်တော်လည်းစိတ်မဝင်စားဘူး။
ဆိုလိုတာက ကျွန်တော်နဲ့ သူနဲ့ကြားက relationshipကိုပဲမြင်အောင်ပြောပြတာပါ)
ဒါပေမယ့်စစ်အလေ့အထတွေနဲ့ကြီးပြင်းလာသူတွေဟာဝန်ကြီးတွေဖြစ်လာလို့ public relationsတွေလုပ်ရတဲ့အခါစစ်အလေ့အထ တွေကခေါက်ရိုးကျိုးခဲ့တော့ အဲဒီအကျင့်ကိုတော်တော်နဲ့ပြင်မရချင်တော့ဘူး။
အဲဒီမှာတင် တိုင်းပြည်ဟာရှေ့သွားနော့မလိုလိုနဲ့နောက်ကိုautoပြန်လှည့်သွားတော့တာ………..
(မနက်ဖန် အပိုင်း ၂ ဆက်ရန်)………
Mr. MarGa
March 8, 2015 at 11:25 pm
ဝယ်ဖတ်ရမှာ လက်တွန့်နေတယ်
အီးဘုတ် ရရင် ဖတ်မလားတွေးတယ်
ဒါပေမင့်
တလောလေးကပဲ စာပေတိုက်အတော်များများ သတိပေးစာ ထုတ်ထားတာ ဆိုတော့
အင်း…………
ရှော်လိုက်ပါဦးမယ်လေ
ငယ်တုန်းကလောက် သူ့အပေါ် စိတ်မဝင်စားမိတော့တာတော့ အမှန်
(ငယ်တုန်းက သူ ဘုန်းမီးနေလ တောက်ပချိန်ကိုး ဗျ)
Mike
March 9, 2015 at 1:52 pm
.ကိုဘလက်ပို့စ်ဖတ်ရင်း ဝိုင်းမန့်ကြတဲ့ ကွန်မန့်ကောင်းလေးတွေပါဖတ်သွားပါတယ်ဗျာ
.ကျုပ်ကတော့ မြသန်းစံကိုကြိုက်သဗျ