Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

အော် ပ ရေ တာ ဘလက်…။

black chawMarch 8, 20151min116031

ဒီတနင်္ဂနွေ ရုံးပိတ်ရက်မှာ မြန်မာဂဇက် ရုံးကို ဖုန်းဆက်လာသမျှ ဖုန်းမှတ်တမ်းပါ…။

ဖတ်ကြည့်ပေးကြပါဦးခင်ဗျ…။

 

ကလင်…ကလင်…ကလင်…

ဟဲလို…။

ဟုတ်ကဲ့ မြန်မာဂဇက် ကပါ ခင်ဗျာ…။

အော်…မြောက်ဥက္ကလာ မျက်နှာဖုံးစွပ် လူသတ်မှု ကိစ္စလား ခင်ဗျာ…။

ဟုတ်ကဲ့ ပါဝင်ကျူးလွန်သူ ၁၅ ဦးစလုံးကို သေဒဏ်ချမှတ်လိုက်ပါပြီတဲ့ခင်ဗျာ…။

ဟုတ်ကဲ့…အစ်ကိုကြီးအနေနဲ့ ထိရောက်တဲ့ပြစ်ဒဏ်ချမှချပါ့မလားလို့ စိုးရိမ်တယ်ပေါ့နော်…။

အော်…အခုတော့ သေဒဏ်ချလိုက်တာဆိုတော့ ဒီထက်ပျင်းထန်တာတော့ မရှိတော့ပါဘူးခင်ဗျာ…။

ဟုတ်ကဲ့…ဟုတ်ကဲ့။

ခင်ဗျာ…။

စိမ်းလဲ့ကန်သာ ငါးလောင်ပြိုင်လူသတ်မှု…။

အော်…အဲဒါတော့ ကျွန်တော်မျိုးကြီးတို့လည်း မဖြေတတ်ပါဘူးခင်ဗျာ…။

ဟုတ်ကဲ့…။ ဟုတ်ကဲ့…အခုလို ဖုန်းဆက်တာ ကျေးဇူးပါခင်ဗျာ…။

 

ကလင်…ကလင်…ကလင်…

ဟဲလို…။

ဟုတ်ပါတယ်…။

ဘလက်ချောပါခင်ဗျာ…။

မြန်မာဂဇက် ရဲ့ အော်ပရေတာပါခင်ဗျ…။

ဟုတ်ကဲ့…။ အော်…ဦးခင်ညွန့် ရဲ့ ကျွန်တော့် ဘဝ အထွေထွေ စာအုပ်ထွက်လာတယ်ပေါ့နော်…။

ဟုတ်ကဲ့ မဖတ်ရသေးပါဘူးခင်ဗျာ…။

ဈေးကလည်း ၈၀၀ဝ လောက်ဆိုတော့ မဝယ်နိုင်ပါဘူးခင်ဗျာ…။

အော်…ဒီပဲယင်းကိစ္စ ဖွင့်ချထားတယ်လား…။

အော်…ကောင်းတာပေါ့ခင်ဗျာ…။

ပြည်သူလူထုအနေနဲ့ အဖြစ်မှန်ကို သိရတာပေါ့နော်…။

ခင်ဗျာ…။

ဦးခင်ညွန့်က ဘယ်လိုပြောသတဲ့လဲ ခင်ဗျ…။

ကျွန်တော်က ဘယ်သူ့ကို တောင်းပန်ရမှာလဲ လို့ ပြောသွားတယ်ပေါ့နော်…။

အော်…သူကိုယ်တိုင်ကို က တောင်းပန်ရကောင်းမှန်း မသိတာလည်း ဖြစ်နိုင်ပါတယ်ခင်ဗျ…။

ကျွန်တော်တို့ ပြည်သူလူထုကလည်း သူတို့ မ တောင်းပန်လည်း ခွင့်လွှတ်ပေးပြီးသားပါခင်ဗျာ…။

ခင်ဗျာ…။ ခွင့်လွှတ်ပေမယ့် မမေ့နိုင်ဘူး ပေါ့နော်…။

ဟုတ်ကဲ့…။

ခံရသူတွေမှာတော့ ဘယ်မေ့နိုင်ပါ့မလဲခင်ဗျာ…။

ဟုတ်ကဲ့..။ ဟုတ်ကဲ့..။ ကျေးဇူးပါခင်ဗျာ…။

 

ကလင်…ကလင်…ကလင်…

ဟုတ်ကဲ့…မြန်မာဂဇက် ကပါခင်ဗျာ…။

အော်…အလုပ်သမား တွေ အနေနဲ့ အမြင့်ဆုံးလခက တစ်ရက်ကို ၁၃၅ဝ ပဲ ရတယ်ပေါ့နော်…။

ခင်ဗျာ…။ အနိမ့်ဆုံးက တစ်ထောင်ကျပ်ပဲ ရတယ်ပေါ့နော်…။

အော်…အဲဒါဆိုရင်တော့ တော်တော် နည်းတယ်လို့ ပြောနိုင်တာပေါ့ခင်ဗျာ…။

ဟုတ်တာပေါ့…။ ဟုတ်တာပေါ့…။ ကလေးတွေက ကျောင်းသားတွေဆိုတော့

ကလေးတွေအတွက်ကုန်ကျစရိတ်တွေလည်းရှိမှာပေါ့ခင်ဗျာ…။

လစာအပြင်တခြား ထောက်ပံ့ကြေးတွေဘာတွေများ မပေးဘူးလားခင်ဗျ…။

အော်…ထောက်ပံ့ကြေး၊ မုန့်ဘိုး၊ ရက်မှန်ကြေးတွေ ပေါင်းလိုက်ရင်တော့

တစ်သိန်းကျော်ကျော်လောက် ရတယ်ပေါ့နော်…။

အော်…အချိန်ပို ကြေးတွေ ဘာတွေများ သပ်သပ် ရတာ မရှိဘူးလားခင်ဗျ…။

အော်…ရတယ်ပေါ့နော်…။

ဟုတ်ကဲ့ပါခင်ဗျာ…။

အစိုးရအနေနဲ့ အနိမ့်ဆုံးလုပ်ခလစာကို အမြန်ဆုံး သတ်မှတ်ပေးစေချင်တယ်ပေါ့နော်…။

ဟုတ်ကဲ့ပါခင်ဗျာ…။

လွှတ်တော် ဥက္ကဌကြီးနဲ့တွေ့ရင် ပြောပေးပါ့မယ်ခင်ဗျာ…။

ဟုတ်ကဲ့ပါခင်ဗျာ…။ ကျေးဇူးတင်ပါတယ်ခင်ဗျာ…။

ကလင်…ကလင်…ကလင်…

ဟုတ်ကဲ့…။ မြန်မာဂဇက် ကပါခင်ဗျာ…။

အော် အခုပဲ အလုပ်သမားတစ်ယောက် ဆက်သွားသေးတယ်ခင်ဗျ…။

ဟုတ်ကဲ့…။ ဟုတ်ကဲ့…။

အော်…အစ်ကိုကြီးရယ်…။

ကျွန်တော်တို့ အနေနဲ့ ကတော့ အလုပ်ရှင် အလုပ်သမား ပြေပြေလည်လည် ဖြစ်သွားစေချင်တာ

အမှန်ပါခင်ဗျ…။

အော်…ဒေါသမကြီးပါနဲ့ အစ်ကိုရယ်…။

စိတ်လျှော့ပါခင်ဗျာ…။

ဟုတ်ကဲ့ အစ်ကိုတို့ အလုပ်ရှင်တွေ အနေနဲ့ပေါ့နော်…။

သုံးသိန်းလည်းပေးနိုင်တယ်ပေါ့နော်…။

အရည်အချင်းနဲ့ တာဝန်ယူမှုတွေ ယူလာခဲ့ပေါ့နော်…။

ဟုတ်ကဲ့…ဟုတ်ကဲ့…ပြောပေးပါ့မယ်ခင်ဗျာ…။

ကျေးဇူးပါ အစ်ကိုရယ်…။

ကလင်…ကလင်…ကလင်…

ဟဲလို…။

မြန်မာ ဂဇက် ကပါ ခင်ဗျာ…။

ဟုတ်ကဲ့…။

ခင်ဗျာ ကြောင်ထီးတစ်ကောင် အပူတပြင်းအလိုရှိနေတယ်ပေါ့နော်…။

အော်…ကျွန်တော်တို့ မြန်မာဂဇက်မှာ ကြောင်ထီးတစ်ကောင် ရှိတယ်ကြားလို့

စုံစမ်းတာပေါ့နော်…။

ဘာလုပ်ဖို့လဲ ခင်ဗျ…။

အော်…ရုပ်ရှင်ထဲ ထည့်ရိုက်မလို့ ပေါ့နော်…။

ကြောင်မကတော့ ရှိပြီးသားပေါ့နော်…။

ခင်ဗျာ…ငါးသိန်းခွဲတန်ကြောင်မ ကို ဝယ်ထားတာပေါ့နော်…။

အော် ဟိုတစ်နေ့ကတောင် မင်းသမီး အိချောပိုနဲ့ တွဲလို့ ဖေ့စ်ဘုတ်ပေါ်တက်လာတာ

မြင်လိုက်ပါသေးတယ်ခင်ဗျ…။ အော် အဲဒီ ကြောင်က ငါးသိန်းခွဲတန် ကြောင်မပေါ့နော်…။

အဲဒီကြောင်မနဲ့တွဲပြီး သရုပ်ဆောင်ဖို့

ကြောင်ထီးကို ရှာတာဆိုရင်တော့ တခြားမှာပဲ သွားရှာတာအကောင်းဆုံးပါခင်ဗျာ…။

ကျွန်တော်တို့ မြန်မာဂဇက် က ကြောင် က အသက်ကြီးရှာပြီခင်ဗျာ…။

ခဗျာ…ကြောင်မလိုက်စားလွန်းလို့ ကြောင်ရုပ်တောင် မပေါက်တော့ပါဘူးခင်ဗျ…။

ဟုတ်ကဲ့…။

ဟုတ်ကဲ့…။

ဟူး…အော်ပရေတာ ဘလက် ဒီနေ့ ကံမကောင်းပါလား…။

31 comments

  • ခင်ဇော်

    March 8, 2015 at 4:02 pm

    အော် ပရေတာ ဘလက် ဘဝ ရောက်သွားပြန်ပြီကိုးးး
    ကျန်တာတော့ မပြောတော့ပါဘူးးး
    ဂဇက်ကကြောင်ကတော့ ပို့သသော မစ်တာ ကြောင့် ကြောင်ရုပ်ပျောက်လို့ ရှေ့မထွက်ရဲ ဆိုဗျဲ။

    :kwi:

  • kai

    March 8, 2015 at 4:08 pm

    ဟုတ်ကဲ့… မြန်မာ့ဂဇက်ကပါ…။
    ဟုတ်ပါတယ်..။ ဒီနေ့က.. ဆဲလ်မာမြို့မှာ.. လူမည်းတွေချီတက်ပြီး.. သူတို့မဲပေးနိုင်ခွင့်ရဖို့အတွက်ဆန္ဒပြတာ… နှစ်၅ဝပါတ်လည်နေ့ပါခင်ဗျာ..။
    ဟာ.. ရိုက်တာပေါ့..ရဲတွေမြင်းတွေနဲ့.. ချီတက်တဲ့အမည်းတွေကိုရိုက်တာ..အယောက်၅ဝလောက်ဆေးရုံရောက်သွားတယ်တဲ့..။
    ဘလပ်ဒီဆန်းဒေး..သွေလွှမ်းတဲ့တနင်္ဂနွေလို့ခေါ်ကြတာဗျ..။

    ဟုတ်ကဲ့.. ဒီနေ့.. အဲဒီကိုသမ္မတအိုဘားမားကိုယ်တိုင်..သွားပြီးမိန့်ခွန်းပြောသလို.. နောင်မျိုးဆက်တွေပါသတိထားမိအောင်ဆိုပြီး.. သူ့သမီး၂ယောက်ကလည်း တူတူလိုက်သွားပါတယ်..။
    ပြီးတော့.. လူမည်းတွေချီတက်ခဲ့ကြတဲ့.. အက်မန်းပီက်တပ်စ် တံတားပေါ်မှာ မိနစ်၂ဝလောက်… သမ္မတမိသားစုလမ်းလျှောက်ကြတယ်ခင်ဗျ..။

    ဟုတ်ကဲ့..
    အမေရိကားမှာလည်း.. အမေရိကန်တွေထဲ.. အသားအရောင်လူမျိုးဘာသာခွဲခြားမှုရှိတုံးပါတဲ့..။
    ဘာ…
    မြန်မာပြည်လား..။ ဗမာနဲ့.. တခြားတိုင်းရင်းသားတွေလား..။
    အဲဒီ.. တိုင်းရင်းသားတွေမေးကြည့်… မေးကြည့်…။ :k:

  • မွသဲ ( 17082011 )

    March 8, 2015 at 4:09 pm

    ဂေဇက်အော်ပရေတာကိုဘာမေးမေးရဒပေါ့နော်။ နောက်ဆိုမေးအူးမှ :mrgreen: ကြောင်ကတော့ ကျပ်တင်ဖို့ပဲကောင်းပါတော့မယယ်တော်

  • Crystalline

    March 8, 2015 at 4:11 pm

    ဘာလီနိုင်​းက လူငယ်​နှစ်​​ယောက်​ကို ​သေမိန်​့လွတ်​​ပေးဖို့.. ဝန်​ကြီးချုပ်​ကစ ​တောင်​းပန်​​နေတာ. ညှိနှိုင်​းစကား​ပြော​နေတာ​တွေ… သတင်​း​တွေထဲသတင်​း​တွေထဲ မမြင်​ချင်​အဆုံး… အဲ့ဒီမှာ​ရောက်​​နေတာကြာပြီဖြစ်​တဲ့.. အစ်​မ​တွေ မိတ်​​ဆွေ​တွေလည်​း.. အဲ့သတင်​း​တွေလာရင်​.. နားစိုက်​..စိတ်​မ​ကောင်​း​တွေဖြစ်​ကြ… ဆု​တောင်​းကြ​ပေါ့… ကိုယ်​​တွေအတွက်​​တော့… သာမာန်​ဖြစ်​ရိုးဖြစ်​စဉ်​လို.. မသိလိုက်​ဖာသာ..အာ့​တွေကြည်​့ပြီး… ကိုယ်​ကိုယ်​ကို.. ဘာ​ကောင်​လဲပြန်​​တွေးမိ​သေး..

  • black chaw

    March 8, 2015 at 4:17 pm

    ဒီနေ့ ပေးတဲ့ ကွန်းမန့်ရှင်တွေကို
    တစ်ယောက် အစိမ်း တစ်ချက်စီနဲ့
    သူကြီးကိုတော့ BC ချီးမြှင့်လိုက်ပါတယ်ဗျာ…။
    အစိမ်းရောင်လွှမ်းသော တနင်္ဂနွေပေါ့…။
    ဟေးဟေး…။

    • kai

      March 8, 2015 at 4:56 pm

      ကျေးကျေးဗျို့…
      ဒီနေ့သမ္မတမိန့်ခွန်းထဲ.. ပြောတာလေးတခု..
      .. မြန်မာပြည်ကလူငယ်တွေအကြောင်းမို့.. ဖြည့်မယ်ခင်ဗျ..။
      Young people in Burma went to prison rather than submit to military rule.
      တဲ့..။
      “မြန်မာနိုင်ငံကလူငယ်တွေဟာ စစ်တပ်အုပ်ချုပ်ရေးကို လက်မြှောက် အရှုံးပေးမယ့်အစား အကျဉ်းထောင်တွေထဲ သွားခဲ့ကြပါတယ်။”

      • မြစပဲရိုး

        March 8, 2015 at 5:06 pm

        ဂုဏ်ယူစရာပါ။
        စစ်အုပ်ချုပ်ရေးကို အပြုတ်ဖြုတ် နိုင် ရင် ပိုပြီး ဂုဏ်ယူ လက်မထောင် လို့ ရမယ်။
        အခုတော့ လူတွေ ရင်း ရတာဘဲ ရှိတယ်။
        သူတို့ က ပိုပိုပြီး အားကောင်း လာတာ ကတော့ တစ်ခုခု လို နေလို့ဘဲ။

  • မြစပဲရိုး

    March 8, 2015 at 5:00 pm

    ဟဲလို ဟဲလို
    အော်ပရေတာ ဘလက် ပါလား။
    ကျုပ် က လေတပ်ဗိုလ်ချုပ် မြ ပါ။
    ခင်ဗျား တို့ မြန်မာဂဇက်က ကြောင်ထီး အတွက် ငါးကြော် တို့ နွားနို့တို့ ပို့ လို့ ရနိုင်မလား လို့ပါ။
    ဟဲ ဟဲ ဟဲ။ 😉 :)) :))

    • black chaw

      March 8, 2015 at 7:47 pm

      @ မြစပဲရိုး ;
      ဟဲလို…။
      ဟုတ်ကဲ့ အော်ပရေတာ ဘလက်ပါ ခင်ဗျာ…။
      အော်…ဟုတ်ကဲ့ပါ ဗိုလ်ချုပ်မြခင်ဗျာ…။
      မြန်မာဂဇက်က ကြောင်ကြီးခဗျာ အစာတောင် မစားနိုင်တော့ဘူးလို့
      သိရပါတယ်ခင်ဗျာ…။
      စေတနာကိုလေးစားပေမယ့် နွားနို့တွေ ငါးကြော်တွေကိုတော့
      လက်ခံမပေးနိုင်တာ ခွင့်လွှတ်ပါ ခင်ဗျ…။
      ဟုတ်ကဲ့…။ ဟုတ်ကဲ့…။

  • naywoon ni

    March 8, 2015 at 7:33 pm

    အ​နော်​တို့တိုင်​ပြည်​က သူရဲ​ကောင်​း​တွေ​မွေးထုတ်​​ပေး​နေတဲ့ အာနာချင်​ စနစ်​ဆိုတဲ့ စက်​ရုံကြီး ရှိတယ်​​လေဗျာ

  • Ma Ma

    March 8, 2015 at 9:02 pm

    ကလင် ကလင် ကလင်
    ဟဲလို…။
    မြန်မာ ဂဇက် ကပါ ခင်ဗျာ…။

    ဟုတ်ကဲ့။
    အခုလို သိချင်တာတွေကို ဖြေကြားပေးသွားတဲ့ အော်ပရေတာကြီးကို ကျေးဇူးတင်ကြောင်းပြောချင်လို့ပါ။ 🙂

    သိပ်မနေရတော့မယ့် ကြောင်ကြီးအတွက်တော့ မိတ်ဆွေကောင်းတို့ရဲ့ ဝတ္တရားအရ ကုသိုလ်လုပ် အမျှဝေပေးမယ်ဆိုတာလေး ပြောပေးပါ။ :kwi:

  • naywoon ni

    March 8, 2015 at 9:49 pm

    f ကလင် ကလင်
    ဟဲလို…။
    မြန်မာ ဂဇက် ကပါ ခင်ဗျာ…။
    ဟုတ်ကဲ့။

    fb မှာ ​ကြောင်​ပုံ​လေးနဲ့ပါ ခု ကျ​တော့ မပါ​တော့ ဘူး ။ ​အော်​ သူဂျီးဆိုဒ်​ ​လေးမှာစ်​ိုးလို့ ။ ဟုတ်​လား ။ အဲ့ဒါ​လေး သိချင်​လို့ လှမ်​း​မေးတာပါ ​အော်​ပ​ယေတာဂျီး​ရေ 🙂

  • black chaw

    March 8, 2015 at 10:55 pm

    @ naywoon ni ;
    ဟဲလို…ဟဲလို ဟုတ်ကဲ့ ကိုနေဝန်းနီလားခင်ဗျာ…။
    အော်…ပျဉ်းမနားတပ်ကုန်းကတောင် ဆက်ရတာပေါ့နော်…။
    ဟုတ်ကဲ့ပါခင်ဗျာ…။
    FB မှာ ပုံတင်ရတာ လွယ်လို့ တင်ပေးလိုက်တာပါခင်ဗျာ…။
    မြန်မာဂဇက်မှာကျတော့ ပုံတင်ဖို့ နည်းနည်းခက်နေလို့ပါခင်ဗျ…။
    ကိုနေဝန်းနီ အနေနဲ့ မြန်မာဂဇက်မှာလည်း ကြောင်ပုံလေးမြင်ချင်တယ်ဆိုရင်
    အတတ်နိုင်ဆုံး ကြိုးစားပေးပါ့မယ်ခင်ဗျ။
    ဟုတ်ကဲ့…ကျေးဇူးတင်ပါတယ်ခင်ဗျ…။

  • Mr. MarGa

    March 8, 2015 at 11:59 pm

    ကလင်​ ကလင်​ ကလင်​
    ဟဲလို မြန်​မာ့ဂဇက်​ကပါခင်​​ဗျာ

    ဟုတ်​ကဲ့ ​အော်​ပ​ရေတာ ဘလက်​​ချောကို​ပေါ့​နော်​ ​မေးစရာ​လေးရှိတယ်​​ပေါ့​နော်​
    ဟိုတစ်​ရက်​က​ပေါ့​နော်​ ဖွဘုတ်​ဆိုတဲ့ရွာထဲမှာ​ပေါ့​နော်​ ​ခွေးဇာတ်​ထုပ်​ရိုက်​ဖို့ ဆိုပြီး​ပေါ့​နော်​ ​သရုပ်​​ဆောင်​စာရင်​းယူသွားတယ်​​ပေါ့​နော်​
    အဲ့ဒီကိစ္စ​လေး​ပေါ့​နော်​ ခုထိ ဘာမှမ​တွေ့​သေးလို့​ပေါ့​နော်​ အ​ခြေအ​နေ​လေး ရှင်​းလင်​းတင်​ပြပါဦးလို့​ပေါ့​နော်​ ​ပြောချင်​တယ်​​ပေါ့​နော်​
    အာ့လာ​မေးတာ အာ့လာ​မေးတာ
    :mrgreenn:

    • black chaw

      March 9, 2015 at 9:57 am

      @ Mr. Marga ;
      ကိုမာဃ အနေနဲ့ပေါ့နော်…။
      ခွေးဇာတ်ခင်းချင်နေတယ်ပေါ့နော်…။
      ဟုတ်ကဲ့ပါခင်ဗျာ…။
      ဘလက်ချောကြီးတစ်ယောက် ခွေးဇာတ်ရေးရင်း
      ခွေးစိတ်ပေါက်လာလို့
      အဲ့ခွေးဇာတ်ကြီးကို ခဏရပ်ထားရပါတယ်တဲ့ ခင်ဗျာ…။
      :mrgreenn:

  • ဝင့်ပြုံးမြင့်

    March 9, 2015 at 12:57 am

    .ဒီပို့စ်ကို ပြတ်ပြတ်သားသား ရှုတ်ချတယ်။

    • black chaw

      March 9, 2015 at 8:44 am

      @ ဝင့်ပြုံးမြင့် ;
      ဘာမှ မရေးပဲ ပြန်ထွက်သွားတာထက်
      အခုလို ရှုတ်ချကြောင်းရေးပြီး ပြန်ထွက်သွားလို့
      ကျေးဇူးပါခင်ဗျ…။
      ချစ်ခင်လေးစားတဲ့
      ဘလက်ချော…။

  • ဦးကြောင်ကြီး

    March 9, 2015 at 1:06 am

    ..အော်ပရေတာဗလက်
    ..စော်တွေရှာနှက်
    ..ဖော်ရွေကာဖက်
    ..လော်ရှည်ဝှာထွက်..
    ..အော်မေရွာပျက်
    ..မျှော်နေကြာတတ်
    ..ချော်ရည်လာဗွက်
    ..ပျော်စေရှာလပတ်စ်…။

  • စည်​းနဲ့ ကမ်​းနဲ့ လစ်​ဘရယ်​ ​ယောကျာ်​း

    March 9, 2015 at 1:10 am

    ကေ​ေြကြာင်​ကြိီးကို မီးဒုတ်​ရှို့ဂျ

  • pooch

    March 9, 2015 at 11:07 am

    ကလင် ကလင်
    ဒီနေ့ ၉ ရက်နေ့ အိမ်ကသွားလေသူ ဦးကြီးရဲ့ ၁၁ လပြည့်ပါ
    သူ့အတွက် ရည်စူးပြီး တောင်ပေါ်ဒေသက မိဘမဲ့ကလေးတွေအတွက် စောင်အထည် ၁၀ဝ လှူ ခဲ့ပါတယ်
    အများကြီးမလုပ်နိုင်ပေမဲ့ နိုင်ရာကနေ စပြီး လုပ်နေပါတယ် လို့
    အထူးသဖြင့် မိဘမဲ့ကလေးတွေအတွက်

    တိုင်းရေးပြည်ရေးကတော့ အောက်ထိုးဆင်းနေတာမို့
    ရာသီဥတုကလည်း ပူလာပြီမို့ လေတိုက်ပွဲတွေနွွှဲရင်း သင့်ကြောင့်မီးမလောင်ပါစေနဲ့ ဆိုတဲ့ ဆောင်ပုဒ်ကို လက်ကိုင်ထားကြပါလို့
    ဘေးက ဆီပုံးကိုင်ပြီး အသင့်စောင့်နေတဲ့သူတွေ ရှိတယ် သတိထားကြပါ

    • black chaw

      March 9, 2015 at 12:00 pm

      @ pooch ;
      မိပုချ်…။
      မနေ့က အတွက် ဘီစီ ကို သူကြီးမင်းကို ပေးအပ်ထားရာကနေ
      ဒီနေ့အတွက်တော့ ညည်းကို ပေးအပ်လိုက်ပါတယ်ဗျာ…။
      ချစ်ခင်လေးစားတဲ့
      ဘလက်ချော…။

  • Mike

    March 9, 2015 at 11:31 am

    .ဟုတ်ကဲ့…ဟုတ်ကဲ့..အော်ပရေတာဘလက်လားဗျ
    .တစ်ရက်လောက်အရက်လေးဘာလေးတိုက်ချင်စိတ် ရှိလားသိချင်လို့ပါဗျ…
    .ခင်ညာ..တိုက်အုံးမယ်…
    .ဟုတ်ကဲ့..ဟုတ်ကဲ့..ဝမ်းသာပါတယ်ခင်ည :mrgreenn:

  • black chaw

    March 9, 2015 at 12:04 pm

    @ Mike ;
    ဟုတ်ကဲ့ပါ Mike ရေ…။
    ရာသီဥတုက ပူပြင်းလာတော့ အရက်မသောက်ရဲတော့ပါဘူးခင်ဗျာ…။
    ဟုတ်ကဲ့…။ ဟုတ်ကဲ့…အသက်ကို ဉာဏ်စောင့်ပါတယ် ခင်ဗျာ…။
    :mrgreenn:

    • ဦးကျောက်ခဲ

      March 9, 2015 at 12:35 pm

      ဟဲလို… မြန်မာဂဇက်က ဆြာဘလက်လားခင်ဗျ…
      ကြားရတာ ကိုယ့်နားတောင်ကိုယ်မယုံ…
      အခုလို စာရေးပြတာ မျက်ဝါးထင်ထင် မြင်ရဘီမို့…
      ဒီတခါ ရွာပြန်လာရင် ဘလက်တွေ ဘဲတွေ ဝယ်မလာရဘူးပေါ့နော်…
      ဟုတ်ကဲ့ ခင်ဗျ… မှတ်ထားပါ့မယ် … အဟိ အဟိ
      :k:

      • black chaw

        March 9, 2015 at 12:50 pm

        @ ဦးကျောက်ခဲ ;
        ဟဲလို…။
        အော်…ဟောင်ကောင်က အစ်ကိုကြီးလား ခင်ဗျ…။
        ဟုတ်ပါတယ်ခင်ဗျာ…။
        အရက်ကို ဖြတ်တယ်လည်းမဟုတ်ပါဘူးခင်ဗျ…။
        တစ်ခါတစ်လေ ဖီးလ် လာရင်တော့ သောက်ဖြစ်ပေမယ့်
        ဒီတစ်ခါ ပြန်လာရင်တော့ဖြင့်
        ဘလက်ချောကြီးအတွက် ဆိုပြီး
        ဘလက်တွေ ဝယ်လာစရာမလိုတော့ပါဘူး ခင်ဗျ…။
        အော်…ဟောင်ကောင် ဘဲကင် ကတော့
        ဝယ်ခဲ့လို့ ရပါတယ်ခင်ဗျ…။
        အဲ့လောက် ကိန်းခန်းမကြီးပါဘူး ခင်ဗျ…။
        အော်…၂ ကောင်တောင် ဝယ်လာပေးမှာပေါ့နော်…။
        လင်မယား ၂ ယောက် တစ်ယောက် တစ်ကောင်စားရအောင်ပေါ့နော်…။
        ဟုတ်ကဲ့…။ ဟုတ်ကဲ့…။
        ကျေးဇူးတင်ပါတယ် ကိုကျောက်ရေ…။

  • Alinsett@Maung Thura

    March 9, 2015 at 12:34 pm

    FB မှာကတည်းက ဖတ်ပြီးကြောင်းးး
    အာ့လာပြောတာာာ

    :kwi:

  • Wow

    March 10, 2015 at 10:18 am

    အာ့… ဘာဖစ်လဲ လဂါးအရေမရ အဖတ်မရ….
    ဟီးးးး ဒီနေ့ ပတ်ရမ်းချင်နေဒါ :mrgreen:

    • black chaw

      March 10, 2015 at 10:27 am

      @ Wow ;
      ရမ်းပလိုက်…။
      ဒါ ဦးဘက် ပိုင်တဲ့ ပို့စ်…။
      ဆန္ဒရှိရင် လက်မှာ လက်ပတ်ပတ်ပြီး
      ဒုတ်တစ်ချောင်း နဲ့ ဆုံးမချင်လည်း ရသေးတယ်…။
      နေကန်းလား…ဟင်…။
      :mrgreen:

      • Wow

        March 10, 2015 at 3:28 pm

        နေကန်းဒယ် စိတ်မကန်းဘူး.. ဒါနဲ့ လက်ပတ်အနီလေးပတ်ပီးရင် အကြမ်းဖက်လို့ရဘီပေါ့နော် :mrgreen:

  • tun swe

    March 13, 2015 at 2:56 pm

    ကရင်​ကရင်​အဲ​လေကလင်​ကလင်​…..ဟင်​!!!
    ဖုံး​ခေါ်လို့လဲရဝူး ​အော်​ပ​ရေတာ အိပ်​​ပျော်​​နေပြီနဲ့တူတယ်​.

    • Wow

      March 13, 2015 at 3:07 pm

      အားနာပါတယ်ချင် မိတ်ဆွေခေါ်ဆိုသောဖုံးမှာ မာဆတ်သော်လဂေါင်း ကာရာအိုကေသော်လဂေါင်း ရောက်ရှိနေပါသဖြင့် ခေါ်ဆိုရွေ့မရနိုင်ပါချင်… :mrgreen:

Leave a Reply