Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

အော် ပ ရေ တာ ဘလက်…(3)

black chawMarch 14, 20151min103233

ထုံးစံအတိုင်း မြို့မေတ္တာခံယူဖို့ ဘလက်ချောကြီးတစ်ယောက်

အရောက်လာခဲ့ပြန်ပါပြီခင်ဗျာ…။

ခင်ဗျားတို့ စိတ်တွေ အဆာပြေနိုင်ကောင်းပါရဲ့…။

ကလင်…ကလင်…ကလင်

ဟုတ်ကဲ့…မြန်မာဂဇက်ကပါ ခင်ဗျာ…။

အော်…မန္တလေးက ကိုမာဃပေါ့နော်…။

ဘာများရင်ဖွင့်ချင်ပါသလဲ ခင်ဗျ…။

အော်…မြန်မာအစိုးရကပေါ့နော်…။

ဘာပဲလုပ်လုပ် တရုတ်ဆီက ငွေချေးပြီးလုပ်နေတယ်ပေါ့နော်…။

သူတို့မှာလည်း မရှိရှာကြလို့ နေမှာပါ ကိုမာဃရယ်…။

သူတို့က မရှိတဲ့ ကြားက ပြည်သူလူထုကို စေတနာထား…ထား…။

ခင်ဗျာ…။

ပြည်သူတွေကို စေတနာထားရင် ဟုတ်ကဲ့ဆက်ပြောပါခင်ဗျ…။

အခုလို ပြည်သူတွေကို နှိတ်စက်နေတဲ့ ရဲတပ်ဖွဲ့ကို အဆင့်မြှင့်ပေးဖို့

လုပ်ပါ့မလားပေါ့နော်…။

ပြည်သူတွေကို ဒီထက် အဆင့်မြင့်တဲ့ ဒုတ်တွေနဲ့ ရိုက်ဖို့ လုပ်နေတာပေါ့နော်။

ခင်ဗျာ။ အစ်ကိုကြီးကလည်း ဒဲ့တွေပြောနေပြန်ပါပြီခင်ဗျာ။

ရဲတပ်ဖွဲ့ အဆင့်မြှင့်ဖို့ ငွေချေးမှာက တရုတ်နိုင်ငံကပေ့ါနော်။

ကျပ်ငွေ ၄၄ ဘီလီယံတောင်ချေးမှာပေါ့နော်။

အတိုးနှုန်းက ၄.၅ % နဲ့ပေါ့နော်…။

လွှတ်တော်ကလည်း အတည်ပြုပေးလိုက်ပြီပေါ့နော်။

တရုတ်အားကို မ အေ -ိုး လို့သာ ဆဲလိုက်ချင်တယ်ပေါ့နော်။

ဆဲပါ ကိုမာဃရယ် စိတ်ရှိလက်ရှိသာဆဲပါ။

ဟုတ်ပါတယ်ခင်ဗျာ…။ သူတို့ကလည်း တရုတ်အားကိုးလွန်းပါတယ်ခင်ဗျာ…။

ဟုတ်ကဲ့…ဟုတ်ကဲ့…ကိစ္စမရှိပါဘူးခင်ဗျ။

မအေ -ိုးလို့ ဆဲ လည်း ဒင်းတို့ မနာလောက်ပါဘူးခင်ဗျ…။

ဟုတ်ကဲ့…။ ဟုတ်ကဲ့…။

ကလင်…ကလင်…ကလင်

ဟုတ်ကဲ့…ဦးဘလက်ချောပါ ခင်ဗျာ…။

အော်…အော်စီက မခရစ်စ် လား…။

ဘာများအကြောင်းထူးရှိလို့ ဆက်တာပါလဲခင်ဗျ…။

အော်…ဖေ့စ်ဘုတ်မှာပေါ့နော်…။

ရွာထဲကလူတွေ အပြိုင်အဆိုင် D နေကြတယ်ပေါ့နော်။

ခင်ဗျာ…။ အဲဒီကိစ္စမှာ ဘယ်သူ့မှာ တာဝန်ရှိသလဲ ပေါ့နော်။

သိချင်တယ်ပေါ့နော်။

ဟေးဟေး။

မခရစ်စ် ရေ။ အဲဒီကိစ္စ က ပြန်ပြောပြဖို့ တော်တော်ခက်ပါတယ်ခင်ဗျ။

ကျောင်းသားသပိတ်ကိစ္စမှာ တစ်ဖွဲ့နဲ့ တစ်ဖွဲ့ အမြင်မတူကြရာကနေ

အပြန်အလှန်ငြင်းကြခုန်ကြရင်းနဲ့ စိတ်လှုပ်ရှားမှုတွေဖြစ်ပေါ်လာရာက

ဒီ သွားကြတာလို့ ယူဆရပါတယ်ခင်ဗျ…။

ခင်ဗျာ…။

အမြင်မတူရုံနဲ့ ရန်ဖြစ်ရအောင် မန်းဂဇက်က ဒီမိုရွာမဟုတ်ဘူးလားဆိုတဲ့ မေးခွန်းကိုတော့

ကျွန်တော်မျိုးကြီးလည်း မဖြေတတ်ပါဘူးခင်ဗျ။

အော်…ကျွန်တော်က ဘယ်အဖွဲ့ကလဲ ပေါ့နော်။

ကျွန်တော်က သင်းကွဲခင်ဗျ…။

ဘယ်အဖွဲ့မှ ဘောင်မဝင်ပဲ အံချော်နေတဲ့ ကောင်ပါခင်ဗျ…။

ဟုတ်ကဲ့ခင်ဗျာ…။

ကျေးဇူးတင်ဖို့ မလိုပါဘူးခင်ဗျာ…။

ဟုတ်ကဲ့…ဟုတ်ကဲ့…။

ကလင်…ကလင်…ကလင်

ဟုတ်ကဲ့…မြန်မာဂဇက် က ပါခင်ဗျာ..။

အော်…မမကောင်းကင်ပြာ…။

ဟုတ်ကဲ့ပြောပါခင်ဗျ…။ နားထောင်နေပါတယ်ခင်ဗျ…။

အော်…ဖြူဖြူကျော်သိန်းကြီးရဲ့ ဒိုင်ယာလော့ခ်လေးကို အရမ်းကြိုက်တယ်ပေါ့နော်…။

ပြောပါဦးခင်ဗျ။

အော်…ချစ်သူများနေ့ လက်ဆောင်နဲ့ ပတ်သက်ပြီးပြောသွားတာပေါ့နော်…။

ဖြူဖြူကျော်သိန်းက ဘယ်လိုပြောသွားသတဲ့လဲ ဗျ…။

“ချစ်သူလေးတစ်ယောက် ရှိခဲ့မယ်ဆိုရင်တော့ ဖြူဖြူရဲ့ ဘဝမှာ ပန်းစည်းတွေလည်း မလိုအပ်ဘူး။

အရုပ်တွေလည်းမလိုဘူး။ ဖုန်း…တက်ဘလက်တွေလည်း မလိုအပ်ပါဘူး။

အဲဒါတွေက အပေါ်ယံဆန်လွန်းအားကြီးတယ်။ သူအလုပ်တတ်ဆုံးအလုပ်နဲ့ ဖြူဖြူ့ကို လုပ်ပေးပြီး

လက်ဆောင်ပေးတာကိုပဲ လိုချင်တယ်။”

လို့ ပြောသွားတယ်ပေါ့နော်….။

ဟုတ်ကဲ့ပါ မမကောင်းကင်ပြာရေ။

ဦးဘလက်လို ၄ဝ ကျော် ကြီးတောင် အဲ့ဒီ ဒိုင်ယာလော့ခ် ကို ညွတ်မိသွားပါတယ်ခင်ဗျာ…။

ချစ်သူများနေ့ လက်ဆောင်အတွက် အထွေအထူး စဉ်းစားနေစရာ မလိုတော့ဘူးပေါ့ခင်ဗျာ…။

ခင်ဗျာ…။

ဦးဘလက်ရဲ့ အလုပ်တတ်ဆုံးအလုပ်ကို သိချင်တယ်ပေါ့နော်…။

ဟေးဟေး…။ အိမ်သာကျင်းတူးတဲ့အလုပ်ကို အလုပ်တတ်ဆုံးပါခင်ဗျာ…။

ချစ်သူများနေ့မှာ ချစ်သူလေးပါဖို့ ချစ်အိမ်သာကျင်းလေးတစ်ခုတူးပြီး

လက်ဆောင်ပေးလိုက်ရင် ဘယ့်နှယ့်လဲ ခင်ဗျ။

ဟေးဟေး။ အပျော်ပါ မမကောင်းကင်ပြာရယ်…။

အခုလို ဖုန်းဆက်ပေးတာ ကျေးဇူးပါခင်ဗျာ…။

 

ကလင်…ကလင်…ကလင်…

ဟုတ်ကဲ့…မြန်မာဂဇက်ကပါ ခင်ဗျာ…။

အော်ကိုနိုဇိုးမိ ကြီးလား…။

မဆက်စဖူး ဘာများအကြောင်းထူး ရှိလို့လဲ ခင်ဗျ။

အော်…မြန်မာကားလေးတစ်ကားညွှန်းချင်လို့ပေါ့နော်…။

ဆက်စီ အရမ်းအရမ်း ဖြစ်တယ်ပေါ့နော်…။

အင်း…ကျွန်တော်က မြန်မာကား သိတ်ကြည့်လေ့ကြည့်ထ မရှိဘူးဗျ…။

အော်…ဒီမြန်မာကားကိုတော့ ကြည့်ဖြစ်အောင် ကြည့်စေချင်တယ်ပေါ့နော်…။

ဘာကားမို့ ဒီလောက်ညွှန်းနေရတာလဲ ကိုနိုဇိုးမိရယ်…။

ခင်ဗျာ။ အိချောပို ကြီး ဆက်စီဖြစ်တာတော့ ကျွန်တော်လည်း မျက်ခြေမပြတ်ပါဘူးဗျာ…။

အော်…အိချောပိုကြီးရဲ့ ကျောပြင်ကြီးတစ်ခုလုံး တင်ပါးနားအထိ အကုန်ပေါ်တယ်ပေါ့နော်…။

အဲဒါကြီးကြည့်ပြီး ဖိုးသိုးဖတ်သတ် ဖိုးသိုးဖတ်သတ်တောင်ဖြစ်တယ်ပေါ့နော်…။

အော်…ကိုနိုဇိုးမိရယ်…။

အဲဒီ တက်တူးမ ကားထဲက အိချောပို ကျောပြင်ကြီးက လူစားထိုးရိုက်ပြထားတာဗျ…။

စိတ်ထိန်းပါ ဗျာ…။

အသက်တွေလည်းကြီးပါပြီ…။

အော်…ဘလက်ချောကြီးတို့က ကျောပြင်ကြီးလှန်ပြရုံနဲ့တော့ ရင်မခုန်တော့ပါဘူးဗျာ…။

ဟုတ်ကဲ့ ဟုတ်ကဲ့။

နောက်ကို ကျောပြင်ကြီးမြင်ရုံနဲ့ မပြစ်မှားမိပါစေနဲ့ ပေါ့နော်…။

ဟေးဟေး။

 

ချစ်ခင်လေးစားတဲ့

ဘလက်ချော…။

 

 

 

 

 

 

 

33 comments

  • တောင်ပေါ်သား

    March 14, 2015 at 4:17 pm

    🙂 mite tal byar

    • black chaw

      March 14, 2015 at 4:55 pm

      @ တောင်ပေါ်သား ;
      ဟုတ်ကဲ့…။ ကိုတောင်ပေါ်သားရေ…။
      ဘလက်ချောကြီးက အခုအထိ မိုက်နေတုန်းပါဗျာ…။
      :mrgreen:

  • Wow

    March 14, 2015 at 4:28 pm

    ရွာထိန်း D ကုန်တာ ဘူအကြာဆုံးလဲ ပြိုင်မားးး :mrgreen:

    • black chaw

      March 14, 2015 at 4:59 pm

      @ Wow ;
      မပြိုင်ရဲပါဘူး…၊ ပြောလည်းမပြောရဲပါဘူး…။
      ဝေါင်းမမ စိတ်တိုင်းကျ ဒီ ပါ ခင်ဗျာ…။
      မမခရစ် က မေးလို့ ဦးဘလက်ကြီးက ဖြေပေးရတာရယ်ပါ။
      ခွင့်…ခွင့် ခွင့်လွှတ်ပါနော်…။
      :mrgreen:

  • Alinsett@Maung Thura

    March 14, 2015 at 4:30 pm

    တရုတ်အားကိုးတယ်ဆိုလို့….
    တရုတ်အား မကိုးပဲနဲ့ ကလေးကစားစရာတောင် ဖြစ်ဖြစ်မြောက်မြောက် မလုပ်နိုင်ကြသေးတာလည်း တွေးမိတယ်ဗျာ…
    ဝမ်းနည်းစရာ…

    —-
    .ဖြူဖြူုကျော်သိန်းရဲ့ အသံနဲ့ ဟန်နဲ့ ရွတ်ပြတာကို နားထောင်ချင်တဲ့ စကားတစ်ခွန်းရှိတယ်လို့… ဝတ္ထုတိုတစ်ပုဒ်ထဲ ဒီနေ့မနက်နေ့လည်ကပဲ ထည့်ရေးထားသေးတယ်… ။

    ဒီလထဲ…ရွာထဲတင်မယ့်ပိုစ့်တွေထဲက တစ်ပုဒ်အဖြစ်နဲ့ တန်းစီထားပြီးပြီ..
    မကြာခင် အဲ့ဒီ ဝတ္ထုလေး…တက်လာမှာ..
    အဲဒီထဲက စာသားတစ်ပိုဒ်ကို ကြော်ငြာထိုးပါရစေ…

    အဲဒီလိုပဲ…တခါတခါ ကျနော်က ဆင်ခြင်နိုင်စွမ်းမဲ့သွားတတ်တယ်… ။
    အဲဒီအတွက်တော့ ကျနော့်လို လူတွေနဲ့ ထိုက်တန်တဲ့ စကားတစ်ခွန်းဖြစ်ဖြစ် ပြောပြမှာကို ကြားချင်တယ်။

    ဥပမာ ၁၉၉၅ ခုနှစ်လောက်က သူ့ကိုယ်သူ သတ် သေသွားတဲ့ ပြင်သစ် ဒဿန ပညာရှင် GILLES DELEUZE ဆိုသူရဲ့ စကားတစ်ခွန်းဖြစ်ဖြစ်ပေါ့ ။

    ”Many people have a tree growing in their heads,
    but the brain itself is much more a grass than tree.”
    အဲ့ဒီ စကားကို ကျနော်ကြားနိုင်ဖို့ ဖြူဖြူကျော်သိန်းများ ပြောပေးမလားလို့ မေးကြည့်ရဦးမယ်။

    —————–

    ဝတ္ထုတိုရဲ့ နာမည်က Noble Silence and Hearer တဲ့…
    .ရေးသူက ကျနော်.. ဟဲဟဲ..

    :k:

    ပို့စ် ဖတ်သွားကြောင်း မှတ်တမ်းချန်တဲ့အနေနဲ့ ကြုံရာကျပန်း ဝင်ပြောသွားတာပါလို့စ်

    • black chaw

      March 14, 2015 at 5:04 pm

      @ Alinsett@Maung Thura ;
      ဟုတ်ကဲ့…။
      ပို့စ်ဖတ်သွားတာလေးအတွက် ကျေးဇူး ပါခင်ဗျာ…။
      :mrgreen:

  • pooch

    March 14, 2015 at 4:31 pm

    ကလင်ကလင်
    ဟိုဘက်သွား ပြီး ဗုံးကျဲတာ မတော်တဆလား တမင်တကာလား
    ကြည်စယ်နေတာလား

    ကျောက်ဖြူသဘောင်္မှောက်တာ ကယ်ဆယ်ရေးဘာလို့ မရောက်တာလဲတဲ့
    မသိကြလို့လား

    • black chaw

      March 14, 2015 at 5:05 pm

      @ pooch ;
      ဟုတ်ကဲ့ပါ မပုချ်ရေ…။
      အဲ့သတင်းလေးတွေ စုံစမ်းပေးပါ့မယ်ခင်ဗျ…။
      အခုလိုအားပေးသွားတာ ကျေးဇူးပါခင်ဗျ…။
      :mrgreen:

    • မွသဲ ( 17082011 )

      March 14, 2015 at 5:38 pm

      ကျောက်ဖြူသတင်းက ၁၅ဝ လောက်ပဲဆယ်ရတယ်တဲ့။ ပါသွားတာ ၂၀ဝ နဲ့ ၃၀ဝ နှစ်မျိုးကွဲနေတယ်။ အလောင်းကတော့ ၇ဝ လောက်ရတယ်ဆိုလား လောလောဆယ်ဆယ် အပ်ဒိတ်

      • black chaw

        March 14, 2015 at 5:50 pm

        ဟုတ်ကဲ့။ ဟုတ်ကဲ့။
        အစ်မကြီးမွသဲ ပြောတဲ့အတိုင်းပါပဲ ခင်ဗျ။
        နောက်ထပ်သိလာမယ့် သတင်းတွေကိုလည်း
        အစ်မကြီးမွသဲက တင်ပြပေးပါလိမ့်မယ်ခင်ဗျ…။
        ဟုတ်ကဲ့…ကျေးဇူးပါ အစ်မကြီးမွသဲ ခင်ဗျ…။
        :k:

  • မွသဲ ( 17082011 )

    March 14, 2015 at 4:36 pm

    ဟယ်ဒီတခါ အော်ပရေတာ အလုပ်ကိုအချိန်ပြည့်မလုပ်ဘူးထင်ဒယ်။ သတင်းတွေနဲလိုက်တာ အော်ပရေတာဂျီးရယ် နောက်တခါ များများလေး :mrgreen:

  • black chaw

    March 14, 2015 at 5:09 pm

    @ မွသဲ ;
    ဟုတ်ပါတယ် မွသဲရေ…။
    ပို့စ်ရေးလို့ ဈာန်ဝင်နေတုန်းမှာ
    ဗေတား ဖုန်းဆက်လို့
    ရုတ်တရက်ကြီးထသွားရပါတယ်ဗျာ…။
    ဟိုရောက်တော့ မောင်ဂီက ကိုဘလက်ကို
    ကြည်ညိုလို့ဆိုပြီး ဘီယာလေး သုံးဆောင်ပါဆိုလို့
    နေ့ခင်းကြောင်တောင် ဘီယာထိုင်သောက်တာ
    ငါးခွက်လားမသိဘူးခင်ဗျ။
    အိမ်ပြန်ရောက်လို့ ကွန်ပျူတာ ပြန်ဖွင့်ပြီး ရေးမယ်ကြံတော့
    ဈာန်မဝင်တော့တာနဲ့ ရေးပြီးသလောက် လွှတ်ထည့်လိုက်တာပါ။
    နောက်တစ်ခါ အနည်းဆုံး ဖုန်း ၆ ယောက်စာ လက်ခံဖြေကြားပေးသွားပါမယ်လို့…။
    :mrgreen:

  • kai

    March 14, 2015 at 5:30 pm

    ကလင်.. ကလင်..
    ကျောင်းသားတွေကို ရဲတွေအကြမ်းဖက်တာကို.. တကမ္ဘာလုံးကမြန်မာတွေ ဆန္ဒတွေပြကုန်ပြီဗျ..
    ဒီနေ့လည်း ဆန်ဖရန်မှာဆန္ဒပြတယ်..။ အဲဒါပြောတာ…
    ဟုတ်တာပေါ့..
    အိုင်းစက်စ်တို့.. ယူကရိန်းတို့သတင်းရှေ့ရောက်နေတော့ မြန်မာကမှိန်မှိန်လာတာကနေ.. အခုပြန်ထောင်လာသလိုလိုပေါ့..
    ပေါ်ပြူလာပြန်ဖြစ်လာတယ်ပေါ့နော..
    အသေသတ်လိုက်ကြပြီးရော…
    .. ဟုတ်ပါ့..။ :k:

  • black chaw

    March 14, 2015 at 5:47 pm

    @ kai ;
    အဲ့ဒါကြောင့်
    တရုတ်ဆီက ပိုက်ဆံချေးပြီး
    ရဲတပ်ဖွဲ့ကို အဆင့်မြှင့်ဖို့ လုပ်နေတာပေ့ါ သူကြီးရာ…။
    အကွက်မြင်ကြစမ်းပါ…။
    :k:

  • စည်​းနဲ့ ကမ်​းနဲ့ လစ်​ဘရယ်​ ​ယောကျာ်​း

    March 14, 2015 at 9:25 pm

    နှာဗူးရီး

    • black chaw

      March 15, 2015 at 7:46 am

      @ စည်းနဲ ့ ကမ်းနဲ ့ လစ်ဘရယ်ယောက်ျား ;
      ဂန်ဒူးကြီး…။

  • naywoon ni

    March 15, 2015 at 12:35 am

    ကိုကို ဘက်​​ရေ အဲ့ D ဆိုတဲ့ အ​ကြောင်​း ကျ​နော်​မသိလိုက်​ပါလားဗျာ ။ မသိဆို ဖုန်​း​ဘေလ်​ မရှိလို့ ​နေ့လည်​က ခဏပဲ ဖွင်​့ပီး ဒီ​နေ့ ပို့စ်​တစ်​ပုဒ်​ တက်​အံ့ ဆိုတဲ့ ဆုံးဖြတ်​ချက်​နဲ့ ထိုင်​​ရေး​နေတာဗျ ။ ​နေကပူ​တော့ ဇန်​မဝင်​ပါဘူးဗျာ ။ ဘီယာ​ခေါ်တိုက်​မဲ့ သူလဲ ရှိဘူးဗျ ။

  • black chaw

    March 15, 2015 at 7:54 am

    @ naywoon ni ;
    D ကိစ္စ က တကယ့် မေးခွန်း အစစ်ကြီးပါ ဗျာ။
    နည်းနည်းလေး စုံစမ်း ကြည့်လိုက်ပါ ခဗျ။

  • Crystalline

    March 15, 2015 at 4:52 pm

    အူးဘက်​က​တော့ လွတ်​ပြီး… :mrgreenn: သများပြန်​​ရောက်​နေပါပြီ…သကြန်​တွင်​း၉ရက်​ဆက်​တိုက်​အလှူလုပ်​မှာမို့ ဖိတ်​ချင်​ပါတယ်​ဆိုလည်​း ရတယ်​​နော့… :mrgreenn: ဖြူဖြူ​ကျော်​အ​ပြောဖတ်​ပြီး… ကိုယ်​သာဆို… ဘာလုပ်​​ပေးရပါ့​တွေး​နေ​သေး… ဘာမှဖြစ်​ဖြစ်​​မြောက်​​မြောက်​မတတ်​လို့… :loll:

    • black chaw

      March 16, 2015 at 8:20 am

      @ Crystalline ;
      အသာနေစမ်းပါအေ…။
      အော်စီကဆက်တယ်ပြောတော့ လူရှိန်တာပေါ့အေ့…။
      စားတတ်တယ်ဆို…။
      ချစ်သူများနေ့မှာ စားသောက်ဆိုင်တစ်ဆိုင်ဆိုင်ကို ခေါ်သွား…။
      အစားအသောက်တွေမှာ…။
      ချစ်လို့ စားတယ်မှတ်ပါလို့ ပြောပြောပြီး စားပလိုက်…။
      ပြီးမှ ချစ်သူကို ပိုက်ဆံရှင်းခိုင်းလိုက်…။
      ဒါလေးများ…။
      :k:

  • တက်တူးမ ဆိုတဲ့ ကျောကုန်းကြီးကို ဈေးသွားရင်းဈေးနားကအခွေငှားဆိုင်မှာ တွေ့တွေ့နေမိတာ
    အဝေးကဆိုတော့ ထွားထွားကြီး မယ်လိုဒီပဲမှတ်နေတာ အခုမှသိရတယ်။
    အိချောပိုတော့ လူနဲ့နာမည်တွဲမသိ။
    နောက်ခါ ဘာသိချင်ချင် ဘလက်နွေးစန်ဒီဆီ ဖုန်းခေါ်ရမယ်
    🙂

    • black chaw

      March 16, 2015 at 8:23 am

      @ နန်းတော်ရာသူ ;
      အိချောပို နဲ့ ကြုံရင် မိတ်ဆက်ပေးမယ် သိရား…။
      :k:

  • မြစပဲရိုး

    March 15, 2015 at 9:20 pm

    ဟုတ်မဟုတ်တော့ သများလဲ ကိုယ်တိုင် မဖတ်ရတော့ မသိ။
    သူငယ်ချင်း တစ်ယောက်ပြောတာ သူဖတ်ဖူးတဲ့ သမိုင်း စာအုပ် (Mandalay To Momien: A Narrative Of The Two Expeditions To Western China Of 1868 And 1875 (1876). under Colonel Edward B. Sladen and Colonel Horace Browne) မှာ ဂျပန် တွေ ကို တိုက်တာ တကယ်တော့ မြန်မာ စစ်သား မပါသလောက် ဘဲ တဲ့။
    တရုတ် စစ်သား တွေ အများကြီး နဲ့ တိုက်တာတဲ့။
    တကယ်တော့ သူရို့ ကျေးဇူးမကင်း ဖြစ်နေတာ အရင်ကထဲ ဖြစ်တော့ မယ်။
    ဖတ်ချင်သူများ အတွက်
    https://archive.org/stream/mandalaytomomie00andegoog#page/n10/mode/2up

    တကယ်တော့ အိမ်နီးချင်းလဲ ဖြစ်၊ ချမ်းသာတဲ့ နိုင်ငံလဲ ဖြစ် မို့ ပညာပါပါ နဲ့ ဆက်ဆံ သင့်ပါတယ်။
    အောက်လဲ မကျို့၊ အပေါ်လဲ မဟုတ်။
    ဒါမျိုး ကို ဒေါ်အောင်ဆန်းစုကြည် ကျွမ်းကျင်ပါတယ်။
    သူကတော့ အခု သူသမ္မတ ဖြစ်ရေး ထက် တိုင်းပြည်မနာ ရေး ကို ရှေ့ရှုနေပြီ။
    ကျွန်မတော့ သူ့ ကို ဦးညွှတ်ပြီး ရင် ညွှတ်ရင်းဘဲ။
    အာဏာထက် တိုင်ပြည် ကို ချစ် တာ ကို သက်သေပြနေတာဘဲ။
    နှစ်ဖက် အစွန်းရောက် များ အသိတရား လေး နဲ့ နမူနာ ယူ သင့်ပြီ။
    အရှက်တရားလေးများ လဲ ထားတော်မူကြပါ ကုန်။

    • kai

      March 16, 2015 at 12:40 pm

      အင်္ဂလိပ်က.. မြန်မာပြည်ကို ကိုလိုနီပြု.. သိမ်းတော့လည်း.. မြန်မာတွေအင်္ဂလိပ်ရွိုင်ရယ်တပ်တွေနဲ့တိုက်ကြပြီး.. ရှုံးရတာမဟုတ်ပါဘူး…။
      အရှေ့အိနိ္ဒယကုမ္ပဏီက.. ကြေးစားစစ်သား.. ကုသလတွေနဲ့တိုက်ရပြီး.. ရှုံးတာပါ…။

      နောက်မှ.. အဲဒီကုမ္ပဏီက.. မြန်မာနိုင်ငံကို.. အင်္ဂလန်ဘုရင်မကြီးကို.. မွေးနေ့လက်ဆောင်အဖြစ်..ပေးလိုက်တာ…။ :k:

      • ဦးကျောက်ခဲ

        March 16, 2015 at 1:27 pm

        အဲသည့် ကုသလတွေကို လမ်းပြပြီးခေါ်လာတဲ့…
        စစ်ကဲကြီးတွေက ဘာလူမျိုးတွေလည်း… ဟမ်…
        :k:

  • black chaw

    March 16, 2015 at 8:27 am

    @ မြစပဲရိုး ;
    ဟုတ်ကဲ့ပါ အစ်မရေ…။
    ဆရာကြီးရွှေဥဒေါင်း ရေးခဲ့တဲ့ စစ်ကိုယ်တွေ့ထဲမှာ ဖတ်ဖူးပါတယ်ခင်ဗျ…။
    ဂျပန်ကိုလည်းတိုက်ရင်း မြန်မာတွေကိုလည်း သတ်သွားတယ်ဆိုလား…။
    :k:

  • Mr. MarGa

    March 16, 2015 at 10:08 am

    တစ်ယောက်ကို ငါးသိန်းကြီးများတောင် အကြွေးတင်နေတယ်ဆိုလို့
    လောလောဆယ် အကြွေးဆပ်ဖို့ အကြံထုတ်နေရတယ်ဗျို့ မအားသေးဘူး
    ဒါဗျဲ ဂွပ်

    • black chaw

      March 17, 2015 at 4:33 pm

      @ Mr. MarGa ;
      ကြွေးတင် ရှင်ဘုရင်ဆပ်လိမ့် မကွဲ့…။
      လွှတ်သာထားလိုက်…။
      :k:

      • Kaung Kin Pyar

        March 18, 2015 at 9:23 am

        ရှင်ဘုရင်ကိုယ်တိုင်တောင် ကြွေးတင်နေတာ ဘိုလုပ်မတုန်း….
        :k:

  • Kaung Kin Pyar

    March 16, 2015 at 11:55 am

    ငမ့် အူးဘက်…
    ဖြူဖြူက အိုက်မျိုးပြောသွားတယ်လား….။ ချစ်ချင်သူများ ဝိုင်းဝိုင်းလည်ဦးမယ်….။ ချစ်သူများနေ့မှာ ဘာမှ ပေးစရာမလိုတဲ့…ဆရာဝန်အဆိုတော် သဘောကောင်း အမျိုးသမီးလေးတစ်ယောက်ကို ဘယ်သကောင့်သားက မလိုချင် ရှိမလဲ….။
    အိမ်သာကျင်းလား……။ တိုက်ခန်းမှာနေတဲ့သူဆိုရင်တော့ နည်းနည်းကြီးကျယ်ရမယ်ထင့်…..
    :k:

    • black chaw

      March 17, 2015 at 4:31 pm

      @ Kaung Kin Pyar ;
      ဦးဘက်က အိမ်သာကျင်းပဲ တူးတတ်တာ…။
      တိရား…။
      :k:

  • ခင်ဇော်

    March 16, 2015 at 12:45 pm

    အိုဗျာ။
    ဆက်ဆီ ကားကောင်းကောင်း ကြည့်ချင်တာမြန်းး
    မြန်မာ ကားမကြည့်နဲ့။
    လာမေးဇမ်းဘာ။
    ဦးဦးကြိုက်ကား
    ကိုကြီးကြိုက်
    ကိုကိုကြိုက်ကား
    မောင်လေးကြိုက်ကား အကုန်ညွှန်းပေးပါ့မယ်။

    :kwi:

  • black chaw

    March 17, 2015 at 4:28 pm

    @ ခင်ဇော် ;
    ဟင့်အင်း…ဟင့်အင်း
    မကြည့်ပါရစေနဲ့
    တားတားဂ ဗိုင်းကောင်းကျောက်ဖိ လေးပါ…။
    :k:

Leave a Reply