ကိုယ့်ကိုကိုယ်ဖော် မသူတော် ( ၁ )
ကိုယ့်ကိုကိုယ်ဖော် မသူတော် ( ၁ )
နေဝန်းနီ ဆိုတဲ့ကောင်က လူတစ်မျိုး ။ ခုရွာထဲမှာ ပြောခဲ့ဖူးတဲ့ စကားတွေအားလုံး အတွက် ကိုယ်တာဝန်ယူနိုင်လောက်ပဲ ပြောခဲ့တာ။ လူပြောသူပြောနဲ့ ဝါးလုံးဖမ်းပြီး ဒါန်းမစီးခဲ့ဖူးဘူး ။ ပြောခဲ့သမျှထဲ မှာလည်း တစ်ချိန်က ကိုယ်ကျင်လည် ဖြတ်သန်းသမျှထဲကပဲ ဆွဲထုတ်ပြီးပြောခဲ့တာ ။ တစ်ချိန်က ခေါင်းထဲ ရိုက်အသွင်းခံခဲ့ရဖူးတဲ့ မစားရဝခမန်း မူဝါဒတွေ ပေါ်လစီတွေအားလုံး ခေါင်းထဲမှာကော ကိုယ်ခန္ဓာ ဘယ်အစိတ်အပိုင်းမှာမှ မကျန်အောင် ရှင်းထုတ်ပစ်ခဲ့ပြီးပြီ ။ ဒါကို လာပြီး အပြောခံလိုက်ရသေးရဲ့ ။ ဘာတဲ့
“ကျွန်မပြောတဲ့ထဲမှာ မပြောင်ချင်ဘူးပြောမိလား
ရှင်တို့က စာတစ်လုံးလာမသင်ဖူးပဲ လေရိုက်နေကြတာပဲ
ဒီစနစ်ဆိုးကြောင်းကျွန်မလည်းကျောင်းသူဖြစ်ဖူးလို့ ကိုယ်တိုင်သိခဲ့ပါတယ်
ဒီနေ့ချက်ခြင်း ပြောင်းလို့ရမလား
အဆင်သင့်ဖြစ်မလားပြောပါ ”
ဒီကော်မန့်ကြောင့် နေဝန်းနီ အတိတ် ရထားစီးရင်း ဒီပို့စ်ကို ရေးပါတယ် ။ မဖတ်ချင်လို့ ကျော်သွားလည်း နေဝန်းနီ စိတ်ဆိုးမှာမဟုတ်ပါဘူး ။ တစ်ခုတော့နားလည်ပေးပါ ။ နေဝန်းနီ ဆိုတဲ့ သူဟာ သူလုံးဝနားမလည်တဲ့ အရာ ခြေခြေမြစ်မြစ် မသိတဲ့ နေရာတွေမှာ “အိယောင်ဝါး ” မလုပ်တတ်ဘူးဆိုတာလေးပါ။ ကိုယ့်အတွေ့အကြုံဖြတ်သန်းမှုပေါ်က ဆွဲထုတ်မျှဝေ တာလို့ပြောပြီးပြီလေ 🙂
နေဝန်းနီ ရဲ့ အတိတ်ခရီး
အချိန်က ၁၉၉၈ လောက် နေဝန်းနီ မြစ်ကြီးနား သံလမ်းရိုး ပေါ်က ခြေလျင်တပ်ရင်းတစ်ခုမှ ဆာဂျင်ကလပ်ခ် အဖြစ်နဲ့ သရုပ်ဆောင်ခဲ့တုန်းက အဖြစ်အပျက်လေး တစ်ခုပါ ။ နေဝန်းနီတို့က စစ်သားဖြစ်တာနောက်ကျလို့ အရာရှိဖြစ်ခွင့်မရှိဘူး ။ ဒါကြောင့် ကျရာ တပ်ရင်းမှာ အားနဲသူကူညီပေးတယ် ။ အားနဲတဲ့ဖက်က ရပ်တည်တယ် ။ မှန်တယ်ထင်ရင် ပြန်ပြောရဲတယ် ။ ခေါင်းငုံ ပြီး ငြိမ်ခံမနေတတ်ဘူး ။ ဘယ်သူက ခိုင်းခိုင်းမခိုင်းခိုင်း လိုအပ်တယ်ထင်ရင် ကိုယ်ဝင်လုပ်ပေးသင့်တယ် ထင်ရင် လုပ်ပေးလိုက်တယ် ။ အဲ့ တစ်ခုပဲ တာဝန်ချိန်ကုန်ပြီလို့ ယူဆရင် ဗျစ်ရည်ဆိုင်က ခန်းစီးစ သွားဖွင့်တာပဲ ။ ဆိုတော့ကာ ရုံးအုပ်က အစ ဘာမှဝင်မပြောသာဘူး ။ ဒီတော့ ဘာဖြစ်လဲ ။ ကိုယ့်ဖာသာကိုယ် အလွန်အကျူး မဖြစ်အောင်ထိမ်းရတာပေါ့ ။ အော် အဲ့တပ်ကလေး အကြောင်း ပြောရဦးမယ် ။ ပထဝီ လိုပြောရရင်တော့ တည်နေရာပေါ့ ။ မန္တလေး မြစ်ကြီးနား မီးရထားလမ်းဘေးမှာပါ ။ နမ္မတီးရဲ့ အရှေ့ဘက် ၁ဝမိုင် မြစ်ကြီးနား ရောက်ဖို့ မိုင် ၂ဝ လောက် ။ ကြားတစ်နေရာ မရမ်းနဲ့ မလိခ ဘူတာကြား က နမ့်ခမ်းဆိုတဲ့ ဘူတာငယ်လေးရှိရာနေရာ ။ မနက်ခြောက်နာရီ ညနေခြောက်နာရီ လော်ကယ် ရထားကလွဲလို့ မည့်သည့် ရထားမျှမရပ် ။ တပ်ရဲ့ မြောက်ဘက်က အရှေ့ဆီကိုထောင်တက်သွားတဲ့ လီဒိုလမ်းမကြီး ။ အရင်က ကေအိုင်အေ ဖြတ်ဆင်းရာ လမ်းကြောင်းပေါ်မှာရှိနေတဲ့ တပ်ရင်းလေးတစ်ခု ။ အရှေ့ဘက် မလိခ ဘူတာက ၂မိုင် အနောက်ဘက် မရမ်းဘူတာက ၄မိုင် အနောက်တောင်ဘက်က ဂတ်ရှာယမ် ရွာက လေး မိုင် အနီး အနား ဘာရွာမှမရှိ ။ ကိုင်းတော နဲ့ တံမြက်စည်း တံ ထွက်တဲ့ အပင်တွေက ထောင်းလမောင်ထ ။ ခုတ်လှဲထားလို့လားမသိ သစ်ပင် ကြီးကြီးမားမားကလည်းမရှိ ။ အဲ့ဒိရောက်မှ မြင်ဖူးတဲ့ အပင်က သီဟိုပင် ဓညင်းပင်နဲ့ လက်ထုပ်ပင် ။ ထားတော့ ….. တောတွင်း အရက်ကလွဲပြီး ဘာမျှ မရှိ ။
အဲ့ဒိမှာ သောင်တင်နေတုန်း ဆေးကျလာတဲ့ ဆရာ တိုးဝင်းညွန့် ထင်ရဲ့ ။ သူက ဆာဂျင်မက် မှာလာနားနေတုန်း ဒီအတိုင်းနားနေရမဲ့ အတူ တစ်ခုခုလုပ်ပြီးနေချင်ပါတယ်ဆိုပြီး တပ်ရေးကိုတင်ပြတယ် ။ အဲ့တော့ ဘာလုပ်ချင်လဲဆိုတော့ ဘာအလုပ်ဖြစ်ဖြစ်ပေါ့ ဆိုတာနဲ့ ဝင်လာတဲ့ ဆေး အမ်အေ ( မက်တီကယ် အစစ်စတင့် ) က သူ့ကလေးတွေ စာမလိုက်နိုင်ကြောင်း ဖြစ်နိုင်ရင် ညနေပိုင်း ကျောင်းဆင်းချိန် ခေါ်ပြီ သင်ပေးစေလိုကြောင်း ပြောတာနဲ့ စာသငပေးဖို့ဖြစ်လာတယ် ။ အဲ့ဒိတော့ နေဝန်းနီ တို့ ကလပ် ထဲက သုံးယောက် သူနဲ့ လေးယောက် ။ သင်ရမှာက ခုနှစ်တန်းနဲ့ ရှစ်တန်း ။ တစ်တန်းကို နှစ်ယောက်စီခွဲယူ ။ နေဝန်းနီက ရှစ်တန်း ပထဝီ သမိုင်း အင်္ဂလိပ် သင် ပေးရတယ် ။ ပြောလို့ပြောတာမဟုတ် ။ အဲ့ဒိမှာ စာသင်တာက အပို ဘာမှရတာမဟုတ် ။ ရတဲ့လခ ထဲကတောင်မှ ကလေးတွေ စိတ်ဝင်စားမှု ရှိအောင် ဆု သဘောမျိုးပေးရတာနဲ့ မုန့်ဝယ်ကျွေးရတာနဲ့ ။ သူတို့ဆော့မဲ့ အချိန် မိဘက လွှတ်လို့လာရတာ ။ သူတို့စိတ်ဝင်စား မဲ့ အကြောင်းအရာ ရှာပြီး အစကပြန်သင်ရတာ ။ ပုံပြင်ပြောသလို စကား ဝိုင်းထိုင်ပြောသလို လုပ်ပြီးသင်ခဲ့ရတာ ။ သုံးလေးရက်လောက် ကိုယ်သင်မဲ့ သင်ခန်းစာ အလွတ်နီးပါးလောက်ရအောင်လုပ် လက်တန်းသင်ပြတော့ သူတို့ နဲနဲ စိတ်ဝင်စားလာတယ် ။ နောက်ပိုင်းကျတော့ ပြောပါတယ် ။ ဒီဆရာကြီးက ငါတို့စာတွေ အလွတ်ရနေတယ် တဲ့ ။ အင်္ဂလိပ်စာကျတော့ လူလည်လုပ်တဲ့နည်းရှိတယ် ။ ကိုယ်က သဒါ္ဒ ကောင်းကောင်း တစ်အုပ်ကိုင်ထား ။ နေဝန်းနီ သဘောကျတာက တော့မောင်သာနိုးရဲ ့ အင်းဂလိ ဂရမ္မာ ဖော် အော ဆိုတဲ့ စာအုပ်ပဲ ။ အရင်က စိတ်ဝင်စားလို့ သိမ်းထားတဲ့ အင်ဒီးယား ပရိုင်မာရီ အင်းဂလိရှ် တို့ ရီဒါ ဝမ်း တူး တို့ ထုတ်သုံးရတာပေါ့ ။ စကားလုံး လေးငါးဆယ်နဲ့ ပုံပြင် တစ်ပုဒ် ရေးထားတာလေးတွေ ။ ၂၀၀၄/၂၀၀၅ လောက်မှာ ဆု ကလားမသိ ထုတ်သေးတယ် ။ စာလုံးရေ ၅၀ဝ လောက်နဲ့ အနှစ်ချုပ်ပြန်ရေးထားပြီး ဘာသာပြန်နဲ့ တွဲထုတ်တာမျိုး ။ လေရူးသုန်သုန် တို့ စစ်နဲ့ ငြိမ်းရေးတို့ နောက် ကျောင်းသားတွေက စိတ်ဝင်စားမှု မရှိတော့ ဆက်ထုတ်တာ မတွေ့တော့ဘူး ။
အဲ့တော့ စောစောက ပြောသွားတဲ့ ” ရှင်တို့က စာတစ်လုံး လာမသင်ဖူးပဲ လေ ရိုက်နေကြတယ် ” ဆိုတာ ကိုဖြေရှင်းပေးတာပါ ။
နေဝန်းနီတို့ နှစ်နှစ်လောက်သာ သင်လိုက်ရတယ် ။ စာသင်တဲ့ အတွက်ဘာမှ မရပါဘူး ။ အရက်သောက်ဖို့ အချိန်တောင် လျော့ပါသေးတယ် ။ ကျောင်းသားတွေကို အစိမ်းသက်သက် ဝင်သင်ဖို့ ခက်ပါတယ် ။ အဲ့ဒိအစမ်းသက်သက်မှာမှ ကိုယ်သင်တာကို သူတို့ စိတ်ဝင်စားအောင်လုပ်ရတာက ပိုခက်ပါတယ် ။ ဒီ တပ်ကြပ်ကြ ီး စာရေးတွေက အားရင် အရက်ထိုင်သောက်နေကြတာလို့ မြင်ထားတဲ့ ကျောင်းသားတွေကို သူတို့ အမြင်ပြောင်းလာပြီး ဒါ ငါတို့ ဆရာတွေ သူတို့ က ငါတို့ကို စာသင်ပေးနေတာ ဆိုတာမျိုး ဖြစ်သွားအောင်ကို လုပ်ပေးဖူးပါတယ် ။ အဲ့ဒိတော့ ဆရာ တစ်ယောက်အနေနဲ့ ကျောင်းသားတွေရဲ့ စိတ်ကို အကဲခတ်နိုင်တယ် ။
နေဝန်းနီ
12:16 AM
2015 Mar 15
7 comments
Alinsett@Maung Thura
March 15, 2015 at 1:04 am
ဒီစာမူ ရေးပြီးချိန်က မတ်လ ၁၅ ရက် မနက်(ညသန်းခေါင်ကျော်) 12 : 16
ဒီစာကို ကျနော် ဖတ်ပြီးချိန်က မတ်လ ၁၅ ရက် မနက်( ည သန်းခေါင်ကျော်) 1 : 02
(၁) ဆိုတော့ ၂ တွေ ၃ တွေ ဆက်ရေးဦးမှာပေါ့
သက်ကြီးစကား သက်ငယ်ကြားချင်လို့ ဆက်လက် စောင့်မျှော်ဖတ်ရှုသွားပါဦးမယ် လို့
စကားအတင်းစပ်. . . အဲ့မြစ်ကြီး အနား သိပ်သွားချင်တာပဲဗျာာာာ
naywoon ni
March 15, 2015 at 3:39 pm
အလက်ဆင်းဒါး ပြောမှ မြစ်နံဘေး က မြစ်ကြီးနား ဈေးလေးကို လွမ်းမိသား 🙂
Wow
March 15, 2015 at 4:05 pm
ဒဂျီးတို့ ကြောင်ရီးတို့ ရဲဇားဟောင်းများ မခံချင်စိတ်နဲ့ တစ်ချက်တစ်ချက် သဒိရရင် သေလို့ရဒယ် လာပေါဒါမြန်းလားးး မသိ
•*¨နန်းတော်ရာသူ •*¨
March 15, 2015 at 4:21 pm
အတွေ့အကြုံတွေရှိရင်ရေးပါဦး
တင်သန်းဦးစာအုပ်တွေအရမ်းကြိုက်တာ
အရင်က သူ့စာတွေဖတ်ပြီး ကချင်စကားတချို့တောင် လေ့လာခွင့်ရ
Crystalline
March 15, 2015 at 5:19 pm
အတွေ့အကြုံလေးတွေရေးပါအုန်း… အူးလေးသူတော်ရေ… ဖတ်ချင်ပါသေးတယ်… :))
Kaung Kin Pyar
March 16, 2015 at 11:48 am
ဒီလို ရေးဟန်ရော…ဒီအတွေ့အကြုံတွေကိုပါ သဘောကျတယ်..။
အပိုင်း (၂)ကို ကူးလိုက်ဦးမယ်…
တောင်ပေါ်သား
March 17, 2015 at 1:47 pm
အဲဒီနေရာလေး မှတ်မိတယ် ၊
ပြည်ထောင် နဲ့ မရမ်းကြား ကုန်ရထားတွဲချော်တော့
မိုးကောင်းက တက်လာတဲ့ ကျနော်တို့အထူးအမြန်ရထားက မရမ်းမှာ တစ်ညအိပ်ရတယ် ၊
မသကာ နမ္မတီးအိပ်ရင် ဘူတာကြီးကြီး ဈေးဆိုင်ပေါပေါမို့ တော်ဦးမယ် ၊
အခု ရွာငယ်ငယ်လေးဆိုတော့ ထမင်းငတ်တဲ့ ခရီးသည်က အပုံလိုက် ၊
ကျနော်လည်း ခေါက်ဆွဲပြုတ်တစ်ထုပ် ကချင်အရက်နဲ့ အမြည်းလုပ်
မနက် ဘူတာကိုမေးတော့ နောက်တစ်ညပဲအိပ်ရဦးမလိုလို
ဒါနဲ့ ယောင်္ကျားလေး ၁၅ ယောက်လောက် ရထားလမ်းအတိုင်း ပြည်ထောင်ကိုလျှောက်တာ ၊
အဲသမှာ အဘနီပြောတဲ့ နေရာလေးးတွေကို ဖြတ်ရတာပေါ့
မနှစ်က အဲဒီဘက်ရောက်တော့ တောင်ပေါ်တစ်ကျောမှာ ရာဘာပင်တွေ စိုးမိုးနေလေရဲ့