Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

တောရွာဓလေ့မို့ပျော်မွေ့တယ်တော်ရေ့

ဗုံဗုံMarch 17, 20151min115841

ဟိုနေ့ကအမေနဲ့ဖုန်းပြောရင်း အလှူကြောင်းပြောရင်း ပို့စ်ရေးဖို့သတိရသွားတယ်… တကျောင်း တဂါထာ တရွာတပုဒ်ဆန်းဆိုသလိုပေါ့နော…….. ဒီလိုဗျမိဗုံတို့ရွာမှာ အလှူတစ်ခု ုလုပ်ပြီဆိုရင် လူပျိုခေါင်း အပျိုခေါင်း(ရွာမှတော့ဒီလိုခေါ်တာဘဲ ) :mrgreen: က ကိုယ့်အပျို လူပျိုတွေ ကိုအရင်ဆုံးနှိုးဆော်ရတယ်..အလှူရှင်က ရက်ရွေးပြီးပြီဆိုရင် သူတို့ကိုအရင်ပြောရတယ်.. စီစဉ်စရာရှိတာစီစဉ်ရအောင်လို့..အပျိုအုပ်စု လူပျိုအုပ်စုက ကျရာတာဝန်ကိုခေါင်းဆောင်ခွဲပေးတဲ့ အတိုင်းယူရပါတယ်…အလှူကြီးဆိုရင်အလုပ်တွေပိုပါတယ်…အရမ်းရှုပ်တယ်ပေါ့ဗျာ…အဓိကကျွေးမွေး ရေးနဲ့ နေရာခင်းကျင်းရေး ဖျာခင်းတာကအစ လက်သုတ်ပဝါအဆုံး အကုန်လုံးလူငယ်တွေလုပ်ရတာ.. ရပ်မိရပ်ဖဆိုတဲ့လူကြီးတွေက ထိုင်ရှည်တွေရယ်…ဘာမှလုပ်တာမဟုတ်ဘူး.. :mrgreen: ကျွေးတာကတော့ ပုဇွန်ခြောက်ထောင်းကြော်၊ မှန်ရောင်ဟင်းချို၊ပဲပြုတ်၊ငရုတ်သီးကြော်၊ ပဲတီချဉ်သုပ် အဲ အချိုပွဲက သီးမွှေးငှက်ပျောသီးရယ် ဆေးလိပ်ရယ် လက်ဖက်ရယ်ပေါ့.. ပဲတီချဉ်အတွက် ဖျာတွေပေါ်မှာ သဲတွေခင်း ပဲတီပင်ဖောက်ရတယ်…ပြီးတော့မှ အချဉ်သိပ်.အဲ့ဒါတွေက ကြိုလုပ်ထား .. ပုဇွန်ခြောက်ကြော်အတွက် ကြက်သွန်နီအခွံခွာဖို့ ညနေပိုင်းမှာ အပျိုလေးတွေက ဓားတစ်ချောင်းဆီနဲ့ လူပျိုလေးတွေက ပုဆိန်ကိုယ်ဆီနဲ့ သူတို့ကထင်းခွဲဖို့… အပျိုခေါင်း လူပျိုခေါင်းတွေက လည်တယ်.. လှတပတ လေးတွေကို ကြက်သွန်ခွာခိုင်းတယ်… ချောတောမောတာ လူပျိုလေးတွေကို ထင်းပေါက် ခိုင်းတယ်….မနီးမဝေးမှာပေါ့…ဒီဘက်ကလည်းမျက်ရည်လေးစမ်းစမ်း စမ်းစမ်းနဲ့ခွာတယ်…ဟိုဘက်ကလည်း အားကြိုးမာန်တက်နဲ့ ဗလတွေပြပြပြီး ပေါက်လိုက်ကြတာ… ပုဇွန်ခြောက်တွေကို မောင်းနဲ့ထောင်းတဲ့သူကထောင်း..ရေထမ်းတဲ့သူကထမ်း..ရေထမ်းတယ်ဆိုတာ.. ဘုံဘိုင်ရေကိုမသုံးဘူး တွင်းရေကိုသုံးတာ..အဲ့ဒါကြောင့်ထမ်းရတာ.. အလှူဆိုတာမျိုးက တစ်ခုလည်း မဟုတ်တော့ အားလုံးက သူ့ဟာသူစနစ်ကျ လုပ်တတ်ကိုင်တတ်ကြတယ်…. ကျွေးမွေးရေးအတွက် လုံးပမ်းပြီးတော့မှ အပျိုလေးတွေခမျာ သူတို့ဝတ်ဖို့ လိမ်းဖို့လုပ်ရတော့တယ်…. အလှူ့အမ ကိုရံပေးဖို့ အပျို ၂ ယောက်က ဆင်တူဝတ်ရတယ်… ကျန်တဲ့ ကွမ်းတောင်ကိုင်..ပန်းအိုးကိုင်.. ပရိတ်အိုးရွက်..စသဖြင့် အဲ့ဒါတွေကတော့ ကိုယ်ကြိုက်ရာကိုယ်ဝတ်ပေါ့…အဲ့မှာဖက်ဖူးအုပ်ကိုင်ဆိုတာ ထူးခြားတယ်ဗျ.အဲ့ဒီဖက်ဖူးအုပ်ကအလှူတိုင်းကိုင်ရတာမဟုတ်သလို အပျိုတိုင်းလည်းမကိုင်ရဘူးဗျ..

အလယ်အလတ်ရှိတဲ့ဆွမ်းအုပ်လိုပုံစံမျိုးထဲမှာ ငှက်ပျောရွက်အဝါနဲ့အစိမ်းကိုတကန့်စီကန်တော့ချွန် လေးတွေပုံစံထိုးတာတာ..တော်တော်လှတယ်…မနက်ဖြန်လိုအလှူလှည့်မှာဆိုမှ ဒီနေ့လိုမျိုးထိုးရတာရယ်… လူတိုင်းလည်းမထိုးတတ်ဘူး…ပြီးရင်တခြားကွမ်းတောင်..ပန်းအိုးတွေအလယ်မှာတင့်တင့်တယ်တယ် ကြီးတင်ထားတယ်… အဲ့ဒီဖက်ဖူုးအုပ်ကို ကိုင်မယ့်အပျိုက ရုပ်ဆင်းအင်္ဂါလည်း ပြေပြစ်ရမယ်…မိဘမျိုးရိုးကလည်း ကောင်းရမယ်..စီးပွားရေးလည်းသင့်တင့်ရမယ်..ကိုယ်ကျင့်သိက္ခာ လည်းကောင်းရမယ်..အနေအထိုင်က ဗိုင်းကောင်းကျောက်ဖိဖြစ်ရမယ်…အမလေး….ဘာဖြစ်ရမယ်..ညာဖြစ်ရမယ်တွေများချက်ကတော့ ပြောလို့ကုန်မယ်မထင်ဘူးအရပ်ကတို့…. အဲ့လိုဖက်ဖူးအုပ်ကိုင်ဖြစ်ရင် ဈေးကလည်းကြီးသဗျား..သူ့ကြိုက်တဲ့သတို့သားတော့ကုန်ပြီသာမှတ်.. လယ်၁၅ ဧကနဲ့ နွား ၃ရှည်းတို့ သိန်းတရာနဲ့ဆီစက်တစ်လုံးတို့ဖြစ်ကုန်တာ..   :mrgreen: ဖက်ဖူးအုပ်ကိုင်ရတဲ့သတို့သမီးသည် အစစအရာရာပြည့်စုံပါကြောင်းရွမိရွဖ အဲ ရပ်မိရပ်ဖနဲ့ ရွာလူကြီးအပေါင်းသူတော်ကောင်းတို့က အလှူမှာ ပွဲထုတ်ရင်းထောက်ခံလိုက်တဲ့သဘော…အဲ့လိုချွေးမမျိုးကိုလည်းယောက်ခမတွေက အတော်သဘောကျတယ်ဗျိုး.. ဘယ်သူ့သားလေးကတော့ ဟိုဘက်ရွာကဖက်ဖူးအုပ်ကိုင်လေးနဲ့ ရတယ်တဲ့တော့်….စသဖြင့်ဂုဏ်ယူကြတာ….. အဲ့နေ့ကလည်းမိဗုံအဘိုးက ရပ်မိရပ်ဖထဲပါလေတော့ ဖက်ဖူးအုပ်ကိုင်ရွေးလာခဲ့တယ်နဲ့တူပါရဲ့ ..အိမ်အောက်မှာရေနွေးကြမ်းသောက်နေတဲ့သူ့ကို လှေကါးပေါ်ကနေလှမ်းမေးလိုက်တယ်……

 “အဘိုးဖက်ဖူးအုပ်ကိုင်ကဘယ်သူ့ရွေးသတုန်း”

  “အလှူနေ့သိလိမ့်မယ်ပ” တဲ့ ကြည့်လေ..မခန့်လိုက်ပုံများနှယ်…….

“ နေပါအုံးအဘိုးရဲ့..ကျုပ်ကျတော့ဘာပြုလို့ဖက်ဖူးအုပ်မကိုင်ရသလဲ…ကျုပ်မလည်းရှိပါ့              ဟောဟိုမယ် လှည်းတွေ.နွားတွေ… “

“ အံမာဗျာ.. နင့်လိုကဆုန်စိုင်းပြီး တစ်ရွာလုံးမီးနဲ့တက်ရှို့နေတဲ့သူက .. ကိုင်ရလိမ့်မယ် ဖက်ဖူးအုပ်ကြီး.. မတန်မရာ..အောင်နက်နဲ့အော်ဒီကလုံး “

“   ဂိန် “

“အောင်မယ်..ကျုပ်ကတော့အဲ့လိုမထင်ဘူး…..မျိုးရိုးများမကောင်းလို့လေလားလို့.တွေးမိတယ်

သွား..သွား မိဗုံတော်ရာသွားနေ….ငါရေနွေးအိုးနဲ့ပေါက်မိမယ်…..

“သွားရသေးတာပ….ဟဲ့မဲညို ဝက်ခြံပေါ်ထဘီမလှန်းနဲ့”

ဝက်ခြံပေါ်ထဘီလှမ်းနေတဲ့မဲညိုကို ဘာမဆိုင်ညာမဆိုင်လှမ်းငေါက်လိုက်တယ်..

မဲညိုကနှုတ်ခမ်း ကွဲလေးနဲ့…

ဘာကျု့လို့လဲမွားဗုံ တဲ့

အဲ့ဒါဆွမ်းဟင်းတွေ..ဝါတွင်းကျလောင်းရမယ့်ဟင်းတွေ..ငရဲကြီးမှာမို့ပြောနေတာဆိုပြီး ဝက်ခြံကိုခြေထောက်နဲ့လှမ်းကန်လိုက်တယ်.. နာလိုက်တာပြောမနေနဲ့..

နောက်ကနေလှမ်းပြောနေတဲ့အဘိုးအသံကို ကြားလိုက်ရသေး..

“ ဒီပုံစံနဲ့များ ဖက်ဖူးအုပ်ကိုင်ချင်ရတယ်လို့တဲ့”

(သွား ခီညားတို့လည်းနောက်တစ်ပိုင်းမှ ဆက်ဖတ်ဂျ) :mrgreen: :mrgreen:

41 comments

  • မိဗုံတို့များ အမြင်​မ​တော်​ ဂါဇီ​လော်​နဲ့အီးယားဖုန်​းလုပ်​ချင်​​သေး
    အဘိုး​ကောက်​​ပေါက်​လိုက်​မှ ​တော်​ရာနဲ့​တောင်​ပွဲမထွက်​လိုက်​ရ​နေ​တော့မယ်​
    :mrgreen:

    • ဗုံဗုံ

      March 17, 2015 at 5:30 pm

      ဟွန်း…အားပေးမယ့်လူကအဆင်သင့်
      ဒီကတုံလေးပိုက်ချန်ကုန်မှာမို့လို့
      ဖက်ဖူးအုပ်မကိုင်တာဘဲဟာဂို… :mrgreen:

        • ဗုံဗုံ

          March 17, 2015 at 5:36 pm

          ဘုံလေးအိမ်ထောင်ပုတော့
          တုံလေးကလည်းပိုက်ချန်ကုန်ရမှာဘဲလို့
          ဘာမွှားလို့ဒုန်း..ဟွန်း..ဟွန်း… :mrgreen: :mrgreen:

  • Ma Ma

    March 17, 2015 at 5:45 pm

    အရင်ကတော့ ကွမ်းတောင်ကိုင် ပန်းတောင်ကိုင်ဆိုတာပဲ ကြားဖူးတာ။
    ခုမှ ဖက်ဖူးအုပ်ကိုင်ဆိုတာ ကြားဖူးတယ်။

    အဖိုးကလည်း မြေးကို ဖက်ဖူးအုပ် အကိုင်မခိုင်းဘူး။
    မြေးကလည်း အကိုင်မခိုင်းတဲ့အကြောင်းရင်းကို မျိုးရိုးမကောင်းလို့များလားဆိုတော့…..
    လိုက်လည်းလိုက်တဲ့ ဒီမြေးအဖိုး။ :k:

    • ဗုံဗုံ

      March 17, 2015 at 7:13 pm

      အာတီမမလိုဆိုရင်ဖက်ဖူးအုပ်
      ကိုင်ရလောက်တယ်….
      ဒီတခါအလှုကျရင်သများပြောပေးမယ် အဖိုးကို…. :mrgreen:

      • Ma Ma

        March 18, 2015 at 3:45 pm

        တရွာတည်းနေ တရေတည်းသောက်တွေဆိုတော့….
        အောင်နက်နဲ့အော်ဒီကလုံးက တစ်ယောက်
        အောင်ကျော်နဲ့ပုဆိန်တံဆိပ်က တစ်ယောက် လည်း ဖြစ်နေအုံးမယ်။ :k:

  • Crystalline

    March 17, 2015 at 6:11 pm

    ရွာ​တွေမှာလုပ်​တဲ့အလှူပွဲက ဟင်​း​တွေအရမ်​းကြိုက်​ပဲ…. ဗုံတလုံးမင်​ဂါ​ဆောင်​ရင်​ဖိတ်​ပါ… :mrgreenn:
    ခိခိ… အဖိုးခိုင်​းနှိုင်​းပုံ​လေးကလည်​းမိုက်​ပါ့… :loll:

    • ဗုံဗုံ

      March 17, 2015 at 7:14 pm

      သူ့မယ်လည်း ဘာရေးရေး
      ဒီအစားလောက်ဘဲမြင်သကိုး…
      မွခွစ်ဆိုရင်ဖက်ဖူးအုပ်မကဘူး
      ငှက်ပျောပင်အရုံလိုက် ကိုင်ရလောက်တယ်… :mrgreen:

  • Mr. MarGa

    March 17, 2015 at 6:27 pm

    သေချာတယ် ဒါ ဖက်စိမ်းကွမ်းတောင်ကိုပြောတာ

    • ဗုံဗုံ

      March 17, 2015 at 7:15 pm

      အေး.. သဂျားကမှကိုင်ဖူးသေး.. :mrgreen:
      အဲ..သိသေး..ဟုတ်တယ်ဟ
      ငါတို့ဆီတော့ဖက်ဖူးအုပ်လို့ခေါ်တယ်….

  • black chaw

    March 17, 2015 at 7:01 pm

    နောက်တစ်ပိုင်း ရှိသေးတဲ့ သဘောလား ဟမ် ????
    :k:

    • ဗုံဗုံ

      March 17, 2015 at 7:16 pm

      အံမာ ရန်စသလား
      အူးလေးသခေါလိုအပိုင်းဆက်ရေးမှာ..
      ဒါနဲ့အူးလေးဘလက်ဆို ရွာအလှုမှာ
      ပုန်ဏားဖြူ ပုန်နားညို လုပ်လို့ရသယ်.. :mrgreen:

  • ခင်ဇော်

    March 17, 2015 at 7:44 pm

    အမ်မလေးးး
    နာ့ တူမ လိုအလှလေးးရွှေဘို တကြော ရှာကြည့်စမ်းးပါ့အေ..!!
    အန်ကယ် ခင်ဇော် လာနေမှပဲ ငါ့တူမ ကို
    ကွမ်းးတောင်ကိုင်တင် မဟုတ်
    ကွမ်းးရွက် တစ်တောင်းးလုံးး နေ့တိုင်းးရွက်ခိုင်းးမယ်…
    ဦးးလေးး ကို ကွမ်းးရာရောင်းးခိုင်းးမယ်…
    :mrgreen:

    • ဗုံဗုံ

      March 18, 2015 at 10:23 am

      ​တွေ့လားရွာမ​ရောက်​​သေးဘူး
      ရီပလိုင်​းက ​တောက်​တလွဲ ခွိခွိ

  • naywoon ni

    March 17, 2015 at 7:45 pm

    အလှူဟင်​းစားချင်​လို့ တစ်​ပိဿာ ​လောက်​ဝယ်​ပြီး လူကြုံနဲ့ ပို့​ပေးမား 🙂

    • ဗုံဗုံ

      March 18, 2015 at 10:27 am

      ဝယ်​စရာလိုပါဘူး ဘနီရယ်​
      စားချင်​ရင်​လိုက်​ခဲ့ အိမ်​မယ်​​လေဖြတ်​
      ​နေတဲ့အပိုဂျီးရှိဒယ်​ 😛

  • ဗုံဗုံ

    March 18, 2015 at 9:43 am

    အမ​လေး အူး​လေးခင်​​ဇော်​လာလို့က​တော့
    သများဖက်​ဖူးအုပ်​ကိုင်​ရမှာမ​သေချာဘူး
    အဘိုးဓားမကိုင်​ပြီးလိုက်​မှာ​တော့​သေချာတယ်​ :-O

  • Kaung Kin Pyar

    March 18, 2015 at 10:03 am

    ရွာအလှူပွဲက ဝိုင်းလုပ်ဝိုင်းစား….။ ကလေးဘဝက တစ်ခါကြုံဖူးတယ်….။ ရေခပ်သူခပ်၊ ထင်းပေါက်သူပေါက်၊ ကြက်သွန်ခွာသူခွာ…ပျော်စရာပ….။
    လာလုပ်အားပေးသူတွေကလဲ တပျော်တပါး….
    အလှူနေ့လဲ တပျော်တပါးပဲ….။
    နောက်တစ်ခေါက်လောက် ထပ်ကြုံချင်သေးတယ်…။

    • ဗုံဗုံ

      March 18, 2015 at 10:28 am

      မပူနဲ့ကင်​း​ကောင်​​လေး
      မွဗုံအလှုကျရင်​ဖိတ်​မယ်​
      အလှု့ဒကာသာရှာ​ပေး 😛 😛

  • တောင်ပေါ်သား

    March 18, 2015 at 10:06 am

    အားမလျှော့ပါနဲ့ကွယ်

    မန္တလေးမယ် ထုံအအ တောသူဋ္ဌေးတွေပြည့်လို့ 🙂

    • ဗုံဗုံ

      March 18, 2015 at 10:38 am

      ​လျော့ဝူး ​တေဒါ​တောင်​
      အားမ​လျော့ဘူး
      ​ကောင်​း​ကောင်​းရှိဒယ်​ 😛 😛

  • Wow

    March 18, 2015 at 10:46 am

    သရက်ခြံပိုင်ရှင်နဲ့ အခြေအနေဘယ်လိုဒုံး တူမရေး..
    တူမလေးကို သရက်ခြံပို့ပီး လယ်တွေနွားဒွေအကုန်သိမ်းပစ်မယ်… နာကွ ဒေါ်လေးလောင်း :mrgreen:

    • ဗုံဗုံ

      March 18, 2015 at 10:57 am

      ဒမာ ဂျားဝီး တညားအူး​လေးကိုလိုချင်​ရင်​
      ဖက်​ဖူးအုပ်​ကိုင်​ရ​အောင်​ အရင်​လုပ်​ဘာ
      လှည်​း နွားတင်​မကဘူး ​ခွေး​တွေ ​ကြောင်​​တွေ
      ကြွက်​​တွေပါ အကုန်​ထည်​့​ပေးလိုက်​မှာာာ :mrgreen:

      • Wow

        March 18, 2015 at 12:06 pm

        လယ်တွေ၊ နွားတွေရမယ်ဆိုလို့ကတော့ ဖက်ဖူးတင်မက ငှက်ပြောတပင်လုံးကိုင်ပလိုက်မာ.. :mrgreen:

  • ဦးကြောင်ကြီး

    March 18, 2015 at 11:26 am

    သဗုံမ ခါးပုံစ နယုန်လ ဂဠုန်ထ ..

    • ဗုံဗုံ

      March 18, 2015 at 12:53 pm

      ဒီတခါအလှုကို ​ကြောင်​သားနဲ့​ကျွေးမှာ :mrgreen:

  • ဦးကျောက်ခဲ

    March 18, 2015 at 12:05 pm

    ကျောက်စ်အဖေတို့ အရပ်မှာတော့ အလှုရှိရင် ဖိတ်စရာမလိုဘူး…
    ၂-ရက်လောက်အလိုမှာ တွံတေးသိန်းတန်သီချင်း အပင်မြင့်မြင့်ပေါ်ကနေ လော်နဲ့ဖွင့်ထားလိုက် ၊ ရွာနီးချုပ်စပ်က ကူညီမည့်သူတွေ ရွာအချိုးကျ ရောက်လာတယ်ဗျ ။ သူတို့ရိက္ခာဆန်နဲ့ သူတို့လာတာမို့ ရွာခံက ဘုန်းကြီးကျောင်းဝိုင်းဘေးမှာ နေရာချထားပေးရုံတင် ။ အလှုမှာ ချက်မည့်ဆန်ကို စပါးလုံးရွေး ၊ ဝက်ပေါ်စရာရှိတာကိုပေါ် ၊ အရိုးအရင်းတွေကို ညနေစာ ပဲနဲ့ချက် … တပျော်တပါး အားရစရာကြီး ။
    .
    အလှုဟင်းက ကျောက်ဖရုံသီးနဲ့ ဝက်သား (အတုံးကြီးကြီး တစ်ယောက်တစ်တုံး) ၊ သရက်ချဉ်သုပ် ၊ ငပိကြော် ကို ပုံကျွေးတာ ။ အလှုနေ့မှာ မနက်အာရုံတက်ကတည်းက မျက်နှာစိမ်းရော မျက်နှာကျက်ရော ရွာနီးချုပ်စပ်က လှေတွေ လှည်းတွေ စက်ဘီးတွေနဲ့ ရောက်လာကြတာ မနည်းမနော ။ အချိန်ဘယ်လောက်လဲတော့ မမှတ်မိ … ရွာထဲက ဝက်ကြီး ၃-ကောင် အီတွန့်ဘွမ်သွားတယ် … အဟိ အဟိ
    :k:

    • ဗုံဗုံ

      March 18, 2015 at 12:55 pm

      အမ​ရေး ဥဥ​ကျောက်​ရဲ့
      ကုသိုလ်​တပဲ ငရဲတပိသာ အဲ့ အဲ့ 😥

  • Alinsett@Maung Thura

    March 18, 2015 at 1:14 pm

    “ အံမာဗျာ.. နင့်လိုကဆုန်စိုင်းပြီး တစ်ရွာလုံးမီးနဲ့တက်ရှို့နေတဲ့သူက .. ကိုင်ရလိမ့်မယ် ဖက်ဖူးအုပ်ကြီး.. မတန်မရာ..အောင်နက်နဲ့အော်ဒီကလုံး “ တဲ့…

    .အောင်နက်နဲ့အော်ဒီကလုံး ..တဲ့ ။။။။
    ခွိ… အဲ့ဂလောက် ထိမိ တဲ့ တင်စားချက်လေး..ပြောတတ်တာကို သဘောကျချက်…

    :k:

    • ဗုံဗုံ

      March 18, 2015 at 1:19 pm

      သ​ဘောကျရင်​ နင်​ ငါ့အဘိုး
      ယူလိုက်​ပါ့လား :mrgreen:

      • Alinsett@Maung Thura

        March 18, 2015 at 1:49 pm

        .ယူမယ် … ခေါင်(ဂေါင်) ထိ အကုန် စားမှာနော်…

        ဒါနဲ့ နိ အဖိုးက…ဖွေးဖွေးနဲ့တူရဲ့လား…
        နီ ့လို ဒေါ်ဖွားမေ ပုံစံပဲလား..

        :k:

  • ဗုံဗုံ

    March 18, 2015 at 3:09 pm

    နင်​့လိုဘဲ​လေတခြမ်​းဖြတ်​ပြီး
    ပါးတဖက်​ရွဲ့ ​ခြေတဖက်​ဆာ​နေတာ
    :mrgreen:

    • Alinsett@Maung Thura

      March 18, 2015 at 3:22 pm

      နာက သန်တုန်း မှန်တုန်းပါဟ
      နာ မန်းလေး လာတုန်းက နီ နှိုက်နှိုက်ချွတ်ချွတ် မကျိလိုက်ဖူးထင်တယ်။

      လေတခြမ်းဖြတ်ပြီး ပါးတခြမ်းရွဲ့ ခြေတဖက် ဆာ နေတာက သဂျားဟဲ့
      :kwi:

  • အူးစည်

    March 19, 2015 at 2:18 pm

    တောသူဌေး ကွန်မြူနစ်ခေတ်က သိမ်းထားတဲ့ လယ်သူဌေး ရွာသူဗုံကြီး
    အစုံတီးလို့ရအောင် မင်ဂါဆောင်လိုက်ဘာလား..။ ။

  • ဟိ… မျိုးရိုးမကောင်းလို့လား ဆိုတဲ့နေရာအရောက် ရယ်ရတာ အသံတောင်ထွက်တယ်..

    ဖက်ဖူးအုပ်ဆိုတာကို အမျိုးသမီးများနေ့ပွဲ တီဗီမှာပြတော့ မြင်ဖူးတယ်… စကားအတင်းစပ် သများလည်း ကွမ်းတောင်ကိုင်ဖြစ်ဖူးတယ်သိလား.. ၂ ခါတောင်.. လက်ကိုင်ပုဝါလေးနဲ့ လာဖိတ်တာ.. ဟိဟိ… ဘလိုင်းကြီးကြွားခြင်း.. :k:

    • ဗုံဗုံ

      March 19, 2015 at 5:06 pm

      ကွမ်းတောင်ကိုင်ပြီးပြီဆိုတော့
      ယောက်ဂျားယူလို့ရဘီ :mrgreen:

  • Mike

    March 19, 2015 at 2:53 pm

    .ရွာ့အလှူ လေးပေါ်အောင်ရေး
    .ဖက်ဖူးအုပ်ကိုင် ဗုံဗုံလေး
    .အလှူ ဟင်းနဲ့ထမင်းချကျွေး
    .လွေးကောင်းတယ်ဟေ့
    .ဖိတ်ပါမနှေး :kwi:

    • ဗုံဗုံ

      March 19, 2015 at 5:12 pm

      ကိုယ့်ယောက်ခမွ
      မဖိတ်ဘဲထားလို့ဖြစ်မလား
      ထင်းပေါက်ရအောင် ဖိတ်ရမှာ.. :mrgreen:

  • Shwe Ei

    March 19, 2015 at 4:23 pm

    -အရေးအသား ကောင်းချက်..မျက်စိထဲမှာ မြင်လာတယ်..
    ..ငါးခြောက်ထောင်းကြော်ပန်းကန်ကြီး 🙂

    • ဗုံဗုံ

      March 19, 2015 at 5:14 pm

      မမပြာ
      နည်းနည်းဘဲစား
      သွေးတွေတိုးနေအူးမယ်.. :mrgreen:

Leave a Reply