တနေ့ပြီးတနေ့ (၇) Day by Day (7)
မတ်လဆန်းမှာပဲ ဖေဖော်ဝါရီလအတွက် ပြီးသွားလို့ အမီလိုက်နိုင်တော့မယ်လို့ ထင်မိပေမယ့်
ရက်တွေက ပြေးလွှားသွားနေလို့
ထုံးစံအတိုင်း နောက်ကနေပဲ လိုက်ရပါတော့တယ်။ :a:
ဒီလကတော့ လိုတိုရှင်း လ လို့ ပြောရမယ်ထင်တယ်။
ဆရာအော်ပီကျယ်ရဲ့ လိုတိုရှင်း ကာတွန်းတွေကို ကြည့်ပြီး…..
သဘောတူတာလည်းပါ။
သဘောမတူတာလည်းပါ။
နားလည်တာလည်း ပါ။
နားမလည်တာလည်း ပါ။
ဖြန့်ကျက်တွေးမိတာလည်း ပါ။
ဖြန့်ကျက်မတွေးနိုင်တာလည်း ပါ။
အဲဒါကြောင့် ကိုယ်တွေးမိတာလေးတွေ ဖြည့်ရေးရင်း
မလိုက်နိုင်တာတွေကို ချန်ထားခဲ့ပါမယ်။
ဒီကာတွန်းကိုတော့ တဏှာရဲ့သဘောလို့ မြင်မိတယ်။
တွယ်တာမိ မက်မောမိလို့သာ ပင်ပန်းနေရတာပေ့ါ။ :i:
ကိုယ်ကတော့ မသိပဲ ပြောချင်တယ်။
သူများကိုတော့ မပြောလည်း သိပါတယ် လို့ ပိတ်ချင်တယ်။ :p:
မြင်မိတဲ့ အလှချင်းတော့ ကွာလိမ့်မပေ့ါ။ :kwi:
အာကာသထဲမှာ စာရေးဖို့ ခဲတံကို အသုံးပြုသလိုမျိုးပေ့ါ။
ဒါပေမယ့်လည်း တခါတလေမှာ လွယ်တာကို မတွေးမိလို့
ခက်ခက်ခဲခဲ လုပ်ရတတ်ပါတယ်။ :s:
သင်္ကြန်တရားစခန်းဝင်ခါနီးလို့ပဲ အတွေးတွေက ချော်နေသလားလို့ ကိုယ့်ကိုကိုယ် တွေးမိတယ်။
ပုထုဇဉ်တွေမို့ ……..
ပညာတတ်သူက ပညာတတ်လို့
ဥစ္စာရှိသူက ဥစ္စာရှိလို့ ပျော်နေကြတာပဲပေ့ါ။
အဲဒီတော့ ပညာမရှိ ဥစ္စာရှားပါးတဲ့သူတွေရော ငိုနေကြသလားလို့ မထင်ပါနဲ့။
ရရစားစား လက်လုပ်လက်စား လူတန်းစားတွေလည်း သူတို့ဘဝနဲ့ သူတို့ပျော်နေကြတာပါပဲ။
ကြံကြံဖန်ဖန်တွေးမိတာတစ်ခုက……..
ပျော်တာနဲ့ စိတ်ချမ်းသာတာ ဘာကွာသလဲ မသိဘူး။ 🙄
ရိုးသားတာ ကောင်းပါတယ်။
ဒါပေမယ့် ရိုး တာနဲ့ အ တာ ကို နယ်စည်းမခြားတတ်သေးဘူး။ :cryy:
ဒါပေမယ့် တောင်ပံပါဖို့တော့ လိုသေးတယ်။
မမြင်ရတဲ့ ဆန်းကြယ်တဲ့ ကံတရားကြောင့်
(သဂျီးအလိုအရ လိပ်ပြာတောင်ပံခတ်လိုက်လို့)
အောင်မြင်သွားနိုင်သလို
ကျရှုံးခြင်းတွေလည်း ကြုံလာနိုင်တယ်ဆိုတာကို ကြိုတွေးပြင်ဆင်ဖို့တော့ လိုလိမ့်မယ်။
အဆိုးလောကဓံတွေနဲ့ ကြုံလာတဲ့အခါ………..
ကိုယ့်ကိုကိုယ် အပြစ်တင်ရင်း
စိတ်ဓာတ်တွေကျဆင်းရင်း
ကျရှုံးမှုတွေ ထပ်မံကြုံတွေ့လာနိုင်ပါတယ်။
ကိုယ့်ကိုကိုယ်အပြစ်တင်မယ့်အစား ဖြစ်ခဲ့တဲ့အထဲက သင်ခန်းစာယူပြီး ရှေ့ဆက်နိုင်အောင် ကြိုးစားရမှာပေ့ါ။
အကောင်းဆုံးကို မျှော်လင့်ပါ။
အဆိုးဆုံးကို ရင်ဆိုင်ဖို့ အသင့်ပြင်ထားပါ။
တနေ့ပြီးတနေ့ (၇) ကာတွန်းတွေထဲမှာ အကြိုက်ဆုံးပါ။
ဖြစ်ပျက်မှုအပေါ်မှားယွင်းစွာတုန့်ပြန်မှုက ဆိုးကျိုးကိုပဲ ရစေနိုင်တာပေ့ါ။
တနေ့ပြီးတနေ့ (၆) မှာ ကိုခင်ခ က
ပုံလေးတွေ ဒေါင်းထားပြီး သူ့နေ့နဲ့သူ ကွန်ပျူတာမှာ နောက်ခံလေးထားရင် ဟန်ကျလေမလားပေါ့လေ။
လို့ ဆိုထားတာကို ဖြည့်ဆည်းမပေးနိုင်လို့ စိတ်မကောင်းပါဘူး။
အမြန်ပြေးလွှားတဲ့အနေနဲ့ ဒီလကို ၂ပိုင်းပဲ ခွဲပြီးတင်လိုက်ပါတယ်။
အမီလိုက်နိုင်အောင် နောက်အပိုင်းကို အမြန်ဆုံးတင်နိုင်အောင် ကြိုးစားပ့ါမယ်။
26 comments
black chaw
March 17, 2015 at 7:06 pm
မဂ္ဂဇင်းထဲက အော်ပီကျယ် ကာတွန်းတွေ ဖတ်ရသလို
အရသာရှိလှပါတယ်ဗျာ…။
Ma Ma
March 18, 2015 at 7:29 am
အမိုးနဲ့ခေါင်းဆောင့်ပြီ ကိုဘလက်ရေ။ 🙂
•*¨နန်းတော်ရာသူ •*¨
March 17, 2015 at 7:14 pm
ပညာတတ်သူက ပညာတတ်လို့
ဥစ္စာရှိသူက ဥစ္စာရှိလို့ ပျော်နေကြတာပဲပေ့ါ။
အဲဒီတော့ ပညာမရှိ ဥစ္စာရှားပါးတဲ့သူတွေရော ငိုနေကြသလားလို့ မထင်ပါနဲ့။
ရရစားစား လက်လုပ်လက်စား လူတန်းစားတွေလည်း သူတို့ဘဝနဲ့ သူတို့ပျော်နေကြတာပါပဲ
-(သိပ်မှန်)
ဒါပေမယ့် အဲ့လူတန်းစားတွေလိုင်းပူးသွားရင်တော့ နိမ်ချမှုတွေ အားငယ်မှုတွေ မတရားမှုတွေ မသမာမှုတွေနဲ့ အပျော်တွေ ပျောက်ကုန်တတ်ရော
Ma Ma
March 18, 2015 at 9:19 am
ဘဝကို နှစ်သက်ကြတာကို မိဖုရားကြီးကနေ ချေးပိုးထိုးကောင်ဘဝရောက်သွားတဲ့ ဇာတ်ကြောင်းလိုမျိုး
ကိုယ်ရရာဘဝကို နှစ်သက်ကြ ပျော်ရွှင်ကြလို့သာ သေရမှာ ကြောက်ပြီး၊ နေရဖို့အတွက် ကိုယ်တတ်နိုင်သလောက် မမောနိုင်၊ မပမ်းနိုင်ကြိုးပမ်းနေကြရတာကို ပြောချင်တာ သော်ရေ။
ခင်ဇော်
March 17, 2015 at 7:57 pm
သများးတော့ အမြဲ မိုက်မဲနေတယ် ပြောရမယ်

Ma Ma
March 18, 2015 at 9:23 am
မိုက်တဲ့ဘက်မှာ ကိုယ်လည်းပါတယ်။
မိုက်ဖော်မိုက်ဖက်တွေ များတယ်နောာာာာာာာ :k:
Mr. MarGa
March 17, 2015 at 8:05 pm
ကိုယ့်ကိုယ်ကို အပြစ်တင်တာ ရပ်
များများ အလိုလိုက်
ဒါနဲ့ပဲ
လုံးချာပတ်ချာ လည်နေသော ကျနော်…………. :mrgreenn:
Ma Ma
March 18, 2015 at 9:24 am
မလျှော့မတင်း စောင်းကြိုးညှင်း လေ ဖိုးသိကြားလေးရဲ့။ 🙂
Mr. MarGa
March 19, 2015 at 9:43 am
သူများကို တရားပြပြီး ကိုယ်တိုင် တရားမရနိုင်သေးတဲ့ မောင်မာဃပါ :mrgreenn:
Swal Taw Ywet
March 18, 2015 at 2:31 am
မတူသောအမြင်လေးနဲ့ နဲနဲပေါ့။
3idiots ထဲမှာပါတယ်လေ။ အာကာသထဲမှာ ခဲတံသုံးရင် ခဲမှုန်လေးတွေေ လျာက်လွင့်ပြီး အန္တရာယ်ဖြစ်စေနိုင်တာမို့တဲ့။
တိုက်တိုက်ဆိုင်ဆိုင် မနေ့ကတင် Discovery channel ။ How it is made? အစီအစဉ်မှာ အာကာသသုံး ဘောပင်ထုတ်လုပ်ခြင်း ကြည့်လိုက်ရတယ်။ ရေထဲမှာစာရေးပြသွားသဗျ။ အများပြည်သူသုံးတောင် ထုတ်ရောင်းနေ မှတ်တယ်။
သဂျီးရေ့။ ။ လက်ဆောင်ပေးပါဗျိုးးး။
With respect,
Swal Taw Ywet.
Ma Ma
March 18, 2015 at 10:09 am
အာကာသထဲမှာ ရေးဖို့ ခဲတံသုံးတယ်ဆိုတာ နိုင်တီးဂွမ်တိက ဖတ်ဖူးတဲ့ စာအတိုင်းပြောပြတာ။
သတင်းအသစ်သိရတဲ့အတွက် ကျေးဇူးပါ ကိုစွယ်တော်။ 🙂
Kaung Kin Pyar
March 18, 2015 at 9:28 am
ဘာဖြစ်တယ်ဆိုတာက အကြောင်းမဟုတ်ဘူး၊ ဘယ်လိုတုံ့ပြန်တယ်ဆိုတာက အကြောင်းဆိုတာလေး သဘောကျမိတယ်..
ဟုတ်တယ် အန်တီမမရေ….။ ကြုံလာတဲ့အရာတစ်ခုပေါ် ကိုယ်ဘယ်လိုဆုံးဖြတ်လိုက်တယ်ဆိုတာက ကိုယ့်အရည်အချင်းကို ပြတာပဲ ထင့်…။
ဂျပန်တွေ မဟာမိတ်တွေကို စစ်ရှုံးတော့ အောင်မြင်စွာ ဆုတ်ခွာတယ် ဆိုတာလိုမျိုးပေါ့….။ ဒါလဲ အရှုံးသမားရဲ့ အနိုင်ပိုင်းလိုက်မှုတစ်ခုပဲလို့ မြင်တယ်… ။ တုံ့ပြန်မှု မှန်နေဖို့ပဲ လိုတာပါ….။
pooch
March 18, 2015 at 1:00 pm
မမကတော့ အခါတွင်း ရိပ်သာဝင်ဖို့ သေချာပြီပေါ့
သများကတော့ ခရီးသွား mode ကို on လိုက်ပြီ
အိပ်မက်နောက်လိုက်တာလို့ ဆိုရမလားပဲ
ဒီနေ့ ရုံးပိတ် မနက်ဖြန်စထွက်
ပြန်ရောက်တဲ့နေ့ ရုံးပြန်တက်ပဲ
ပိတ်ရက် ၁ဝ ရက်ကို မလောက်လို့ ခွင့်က ၂ ရက်ကြိုတင်ရအုန်းမယ် လိုလိုမယ်မယ်
နည်းနည်းတော့ စိတ်လှုပ်ရှားတယ် ဘယ်လိုလာအုန်းမလဲ မသိဘူး
အစက ရန်ကုန်က သွားရမယ်ထင်နေတာ အခုတော့ မန်းလေးကပဲ စထွက်ရတော့မယ်
Ma Ma
March 18, 2015 at 3:37 pm
@ Kaung Kin Pyar
မှန်တာပေ့ါ။
မှန်ကန်စွာတုန့်ပြန်နိုင်ဖို့အတွက် လက်ရုံးရည်တင်မကဘူး၊ နှလုံးရည်လည်း လိုသေးတယ်။
@ Pooch
ငယ်တုန်းရွယ်တုန်း၊ ကျန်းမာရေးလည်းကောင်းတုန်း၊ အခြေအနေလည်းပေးတုန်း၊ ငွေလည်းတတ်နိုင်လို့ဆိုတဲ့ အကြောင်းတွေစုံမှ အိပ်မက်နောက် လိုက်နိုင်တာမို့ အားပေးတယ်။
ကိုယ့်တုန်းကလည်း နှစ်သစ်တစ်နှစ်ပြောင်းလို့ ပြက္ခဒိန်အသစ်ရတာနဲ့ ပိတ်ရက်ရှည်ကြည့်ပြီး ခရီးသွားဖို့ပြင်တော့တာပဲ။ 🙂
Alinsett@Maung Thura
March 18, 2015 at 2:17 pm
သိပ်ကောင်းတဲ့ ဖန်တီးမှုတွေပဲ
kai
March 18, 2015 at 2:39 pm
အဲဒီထဲက.. တခုတခုကို.. ဆွေးနွေးရင်.. စာတပုဒ်အေးဆေးရတယ်..။
စာပေဟောပြောပွဲဆိုရင်.. တခုချင်းရှင်းယုံနဲ့.. ၁နာရီအသာလေးဟောလို့ရ..။
ကောင်းလေစွ..။ :k:
Ma Ma
March 18, 2015 at 3:53 pm
(အဲဒီထဲက.. တခုတခုကို.. ဆွေးနွေးရင်.. စာတပုဒ်အေးဆေးရတယ်..။)
အဲဒါသဂျီးပြောတာနော်။
တော်ကြာမှ ဒူးနဲ့မျက်ရည်သုတ်နေရအုံးမယ်။ :kwi:
kai
March 19, 2015 at 3:34 am
အဲဒီလို ဗမာဇတ်လမ်းလေးများရိုက်ခြင်လို့.. လုပ်အားလှူကြမယ့်သူများရှိမလားလို့..
မြစပဲရိုး
March 19, 2015 at 4:09 am
သူကြီး ရေ
Thanks a lot.
Seeing that Circle of Kindness makes me feel very happy.
ဒီမှာ တော့ ဒီလို လူ တစ်ယောက် ကို တစ်ယောက် မေတ္တာ နဲ့ ကူညီတာ တွေ၊ လူသားချင်း စာနာမှု တွေ မြင်နေကျ မို့
ကိုယ့်တိုင်းပြည် မှာလဲ ဒီလို မျိုး မြင်ကွင်း တွေ ပြန်တွေ့ချင်ပါတယ်။
တစ်ချိန်ကတော့ မြန်မာပြည် မှာ မေတ္တာတရား တွေ နဲ့ အချင်းချင်း ဖေးမ တတ် တဲ့ နိုင်ငံပါ။
အခုတော့ လောဘတွေ၊ ဒေါသ တွေ၊ မောဟ တွေ အောက်မှာ ချမ်းမြေ့ခြင်း တွေ ပျောက်နေပေါ့။
တစ်ချို့လဲ ချမ်းသာတော့ လက် ကတော့ ပေးနေတယ်။ (နာမည်ကြီး ဖို့ အတွက်လဲ ပါမလား)
စိတ်ထဲ က မပါတော့ မေတ္တာ ဆိုတာ ကို မမြင်ရဘူး။
ကျွန်မ လဲ ပြီးခဲ့ တဲ့ အပါတ်ထဲ က ဈေးဝယ်ဖို့ တွန်းလှည်း အတွက် အကြွေရှာ နေတုန်း လူတစ်ယောက် က သူ့လှည်း ကို (ပိုက်ဆံ ကို ပြန်မထုတ်တော့ ဘဲ ) ကျွန်မ ဘေးမှာ ထားသွားတယ်။
ကျွန်မ လဲ ဈေးဝယ်ပြီး သူ့ပိုက်ဆံ ကို အလှူခံ ထဲ ထည့်ပေးလိုက်ပါတယ်။
စိတ်ထဲ ကလဲ သူ့ကို မေတ္တာပို့ ပေးပါတယ်။
တကယ်တော့ ဒီ က လူ တွေ က ချမ်းသာ သူ လား၊ ဆင်းရဲ သူလား မသိနိုင်တော့ဘူး။
ချမ်းသာသူ ကလဲ ထူးပြီး ဟိတ်ဟန် ထုတ်မနေဘူး။
သူလို ကိုယ်လိုဘဲ။ လူ နဲ့ လူ ဟာ အချင်းချင်း တန်းတူ စိတ်ထားနိုင် နေကြပြီ။
သူများ အထင်ကြီးဖို့ အတွက် မရှိတာ ကိုလဲ ရှိသယောင် လုပ်ဖို့ မလိုတော့ဘူး။
ဒါနဲ့ ဘဲ လူ့ဘ ဝ တိုတို မှာ အချင်းချင်း မေတ္တာသက်ဝင် လို့ ရတာပေါ့။
kai
March 19, 2015 at 4:22 am
ဗုဒ္ဓဘာသာရဲ့.. မူလသန္ဓေမှာ.. ဒီလိုဓလေ့ပါပြီးသားကို.. ငရဲနဲ့ခြောက်ဘုံမြောက်လုပ်ပြီး.. လူကိုအတ္တတုံးကြီးဖြစ်အောင် လုပ်ခံလိုက်ရတာလို့မြင်မိတယ်..။
လူတကိုယ်.. ၃ကိုယ်ခွဲ.. ဒီဘဝငါကံမကောင်းတာရှေ့အတိတ်ဘဝကလုပ်ရပ်ကြောင့်ရယ်လို့ထင်.. နောင်နောက်ဘဝကောင်းအောင်.. “ငရဲနဲ့ခြောက်ဘုံမြောက်” သူတွေကို(သာ)လှူ..အရုပ်တွေ.. အုပ်ပုံတွေတည်..ဆိုတာမျိုးဖြစ်သွားတာလို့.. ထင်မိတယ်..။
ဘကကျောင်းတွေကစပြင်ရင်.. နောင်မျိုးဆက် ၃ခုလောက်မှာ ဖြစ်သွားမှာပါ..။
ဆိုတော့…
အမတော်မမက.. တနေ့တပုဒ်နှုန်းတင်လည်း.. မမှုရေးချမမရ..
အဲဒီအမတော်က.. ရသမျှ.. ကျုပ်ကိုပြန်လှူမှာတဲ့ဗျ..။
မယုံရင်မေးကြည့်.. :k:
မြစပဲရိုး
March 19, 2015 at 4:41 am
ပြော၊ ပြော။ ဒီနေ့ တော့ ဘေးမဲ့ ထားလိုက် ဦးမယ်။
ကျန်တာ တော့ သဘောမျှပါတယ်။
ဘကကျောင်း ကို ဆွဲထည့် တာ ကတော့ လောလောဆယ်မှာ နဲနဲ အစွန်းရောက်နေတယ်။
kai
March 19, 2015 at 6:22 am
ကမ္ဘာပါတ်နေ(နိုင်)တဲ့..စာရေးနိုင်သူရဟန်းတော်တော်များများကတော့.. ကြိုးစားစာရေး.. တရားဟော.. ပြင်ပေးနေတာပဲ..။
ဒါပေမယ့် မအောင်မြင်…။
သဘောက.. အခြေခံကိုမှာက.. ပြဿနာလို့ပြဆိုတာပေါ့..
လူသားဆိုတာမျိုးကလည်း.. ကလေးဘဝမှာသင်ကြားခံလိုက်ရရင်.. စွဲသမှ.. ဖျက်မရအောင်စွဲတယ်လေ…။ ကြီးမှသွားပြင်ခိုင်းရင်.. မရသလောက်ဖြစ်သွားတာပါ..။
ဒါကြောင့်..
ဘာသာရေးကျောင်းနှင့်… အတန်းပညာကျောင်း.. လုံးဝပြတ်သားစွာခွဲခြားခြင်းသာ.. အဖြေ….လို့..။
Ma Ma
March 19, 2015 at 9:33 am
ပြောရမယ်ဆိုရင် မြန်မာပြည်မှာ လူအချင်းချင်းယိုင်းပင်းတတ်တဲ့ဓလေ့၊ ကောင်းတဲ့အမူအကျင့်တွေ တိမ်ကောရာက ပပျောက်လာတာ သိပ်မကြာသေးဘူး။ 🙁
ရွာထဲက စာတွေကိုဖတ်ပြီး ကိုယ့်ပတ်ဝန်းကျင်ကို ဖြန့်ဝေချင်တဲ့ စိတ်နဲ့ ပြောပြမိပေမယ့် တိုးမပေါက်ဘူး။
အနောက်နိုင်ငံတွေက လူသားဆန်တဲ့ အမူအကျင့်တွေ၊ နိုင်ငံကြီးသားပီသပုံတွေကို သဂျီးတို့ မလတ်တို့လို နိုင်ငံတကာအသိအမြင်ရှိတဲ့သူတွေက ပြောပြလို့သာ သိလာရတာ။
ကိုယ့်အနေနဲ့က ရေကို ချွေတာသုံးဖို့ကအစ၊ အစားအစာကို အလဟဿ မဖြစ်စေတာ အလယ်၊ အချိန်ကို မဖြုန်းပစ်ဖို့ အဆုံး ပြောချင်တာတွေ သိစေချင်တာတွေ အများကြီးပဲ။
သဂျီးပေးတဲ့ ဗွီဒီယိုလင့်ခ်လေးကို ကြည့်ပြီး ဒီလိုအသိပညာပေးနိုင်ရင်ကောင်းမယ်လို့တွေးမိတယ်။
(အမတော်က.. ရသမျှ.. ကျုပ်ကိုပြန်လှူမှာတဲ့ဗျ..။)
ဆိုတာကိုတော့ ကျွန်ုပ်အများကြီး စဉ်းစားရပါအုံးမည်။ :k:
etone
April 1, 2015 at 3:43 pm
ဘကကျောင်းက ဘုန်းကြီးတွေကဦးဆောင် တည်ထောင်လို့ ဘာသာရေးပျိုးထောင်ပေးမှု အနေနဲ့ စာမသင်ခင် ဘုရားရှိခိုးတာ ဘာညာရှိမယ် ။
ဒါပေမယ့် စာသင်ပေးတဲ့ အခါ ဗုဒ္ဓဘာသာမှ သင်ပေးမယ် ဆိုတာမျိုးတော့ မရှိဘူးလေ သဂျီးရဲ့ ။
မဲမဲ ဖြူဖြူ လာသမျှ သင်ပေးမှာပဲ ။
အိမ်းးးးး
ပြောချင်တာကလေ … ဘကကျောင်းတွေ ပေါ်လာတာ ၊ ဘာသာရေး စည်းရုံးမှု တစ်ခု အတွက် ရည်ရွယ်ပြီး ပေါ်လာတာ မဟုတ် မဟုတ် …လုံးဝ မဟုတ်ပါကြောင်းးးးးးး 😆
မြစပဲရိုး
March 19, 2015 at 4:15 am
၁၁ ရက် မြောက် ပုံ ကို ကြည့်ပြီး ငယ်တုန်း က သူငယ်ချင်း တွေ နဲ့ ဆွေးနွေးဖူး တဲ့ ဆိုတာ ကို မဆီမဆိုင် ပြေးပြီး သတိရတယ်။
၁၂ ရက် ကတော့ အိမ်မက် ဆိုတာ မဖြစ်လဲ ဖြစ်တာ ကို ဘဲ ပြန်ပြီး အိမ်မက် လိုက်တော့ တယ်။
ပုံလေး တွေ တစ်ကူးတစ်က တင်ပေးလို့ ကျေးဇူး ပါ ချစ်မမ။
ကျန်ပုံ များ ကိုလဲ စောင့်နေပါသည်။
သူကြီး ကြည့်ရတာ တစ်နေ့ တစ်ပုံ တွေ့ချင်တယ် ထင်ရဲ့။
ပါရမီ ဖြည့်ပေးလိုက်ပါလေ။ lol:-))))) :))
Mike
March 19, 2015 at 2:26 pm
.လွယ်နေတာကိုခက်အောင်လုပ်နေကြတာတော့ လက်ရှိအစိုးရပဲ :))
.ပြောရမယ်ဆိုရင် မြန်မာပြည်မှာ လူအချင်းချင်းယိုင်းပင်းတတ်တဲ့ဓလေ့၊ ကောင်းတဲ့အမူအကျင့်တွေ .တိမ်ကောရာက ပပျောက်လာတာ သိပ်မကြာသေးဘူး။ 🙁
.အဓိကကတော့ ကျုပ်တစ်ခါတင်ပြဖူးသလို မရိုးသားကြတော့လို့…ယုံကြည်မှုကိုခုတုန်းလုပ်လိမ်လို့
.တကယ်လိုတဲ့လူတွေ့တော့ မယုံကြတော့တာပဲ