Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.


ဗုံဗုံApril 3, 20151min169426
ဟိုနေ့ကအလှူပြီးပြီဆိုတော့ တန်ဆောင်မုန်းလရွာပြဇာတ်ကျန်သေးတယ်…. ရွာမှာတန်ဆောင်မုန်းလပြည့်ကျော် ၃ ရက်နေ့ကနေ ၄ရက်နေ့အထိ ပွဲကတယ်ဗျ.. လပြည့်နေ့မှာ ဘုန်းကြီးကြောင်းက ဘုရားကိုသွားပင့် ပြီးရင်ညပိုင်းမှာ ကာလသားတွေက ဘုရားကို အိမ်တစ်အိမ်ရဲ့ သောက်ရေအိုးစင်ပေါ်မှာ အိမ်ရှင်မသိအောင်ထားခဲ့တာ မနက်လင်းတို့တွေ့တဲ့အိမ်ရှင်က သဲဖြူခင်း ရာဇမတ်ကာပြီး ဘုရားဒကါဖြစ်ရော… အဲ.. ဘုုရားရောက်လာပြီဆိုတော့ အလှူခံလို့ရပြီပေါ့.. လပြည့်နေညနေပိုင်းကစပြီး အပျိုလေး လူပျိုလေးတွေက ရွာနီးချုပ်စပ်အလှူခံထွက်ရတယ်…. ညနေ၆ နာရီလောက်ကထွက်ရင် ည ၁၂ ကျော်မှ ပြန်ရောက်တော့တာ တစ်အိမ်ဝင်တစ်အိမ်ထွက်ဆိုတော့လေ… က ပြပါအုံးဆိုတဲ့အိမ်ကို ကပြရသေးတာ… အလှူခံက ရိုးရိုးမဟုတ်ဘူးဗျ တီးဝိုင်းနဲ့သွားရတာ…. ကျုပ်တို့ရွာက လူငယ်တွေအကုန်လုံးဗုံတီးတတ်တယ်ရယ်.. ကြက်ခြံရှိတဲ့အိမ်က ကြက်ဥအလုံးနှစ်ဆယ်အစိတ်အဲ့လိုထည့်ပေးလိုက်တာ…. ကြက်ဥတောင်းကြီးရွက်ရတာကတစ်မျိုး ..သများတော့ သများလိုက်ရတဲ့အခါမျိုးဆိုရင် အိပ်ကပ်များများပါတဲ့အကျီဝတ်ပြီး ဖလားကိုင်တာဘဲ..   တစ်ရွာနဲ့တစ်ရွာ နည်းနည်းလှမ်းတယ်… သချိုင်းကဖြတ်သွားရသေး နှင်းတွေကခြေထောက်တွေကို ရွှဲလို့ .. […]


ဗုံဗုံMarch 17, 20151min114141
ဟိုနေ့ကအမေနဲ့ဖုန်းပြောရင်း အလှူကြောင်းပြောရင်း ပို့စ်ရေးဖို့သတိရသွားတယ်… တကျောင်း တဂါထာ တရွာတပုဒ်ဆန်းဆိုသလိုပေါ့နော…….. ဒီလိုဗျမိဗုံတို့ရွာမှာ အလှူတစ်ခု ုလုပ်ပြီဆိုရင် လူပျိုခေါင်း အပျိုခေါင်း(ရွာမှတော့ဒီလိုခေါ်တာဘဲ ) က ကိုယ့်အပျို လူပျိုတွေ ကိုအရင်ဆုံးနှိုးဆော်ရတယ်..အလှူရှင်က ရက်ရွေးပြီးပြီဆိုရင် သူတို့ကိုအရင်ပြောရတယ်.. စီစဉ်စရာရှိတာစီစဉ်ရအောင်လို့..အပျိုအုပ်စု လူပျိုအုပ်စုက ကျရာတာဝန်ကိုခေါင်းဆောင်ခွဲပေးတဲ့ အတိုင်းယူရပါတယ်…အလှူကြီးဆိုရင်အလုပ်တွေပိုပါတယ်…အရမ်းရှုပ်တယ်ပေါ့ဗျာ…အဓိကကျွေးမွေး ရေးနဲ့ နေရာခင်းကျင်းရေး ဖျာခင်းတာကအစ လက်သုတ်ပဝါအဆုံး အကုန်လုံးလူငယ်တွေလုပ်ရတာ.. ရပ်မိရပ်ဖဆိုတဲ့လူကြီးတွေက ထိုင်ရှည်တွေရယ်…ဘာမှလုပ်တာမဟုတ်ဘူး.. ကျွေးတာကတော့ ပုဇွန်ခြောက်ထောင်းကြော်၊ မှန်ရောင်ဟင်းချို၊ပဲပြုတ်၊ငရုတ်သီးကြော်၊ ပဲတီချဉ်သုပ် အဲ အချိုပွဲက သီးမွှေးငှက်ပျောသီးရယ် ဆေးလိပ်ရယ် လက်ဖက်ရယ်ပေါ့.. ပဲတီချဉ်အတွက် ဖျာတွေပေါ်မှာ သဲတွေခင်း ပဲတီပင်ဖောက်ရတယ်…ပြီးတော့မှ အချဉ်သိပ်.အဲ့ဒါတွေက ကြိုလုပ်ထား .. ပုဇွန်ခြောက်ကြော်အတွက် ကြက်သွန်နီအခွံခွာဖို့ ညနေပိုင်းမှာ အပျိုလေးတွေက ဓားတစ်ချောင်းဆီနဲ့ လူပျိုလေးတွေက ပုဆိန်ကိုယ်ဆီနဲ့ သူတို့ကထင်းခွဲဖို့… အပျိုခေါင်း လူပျိုခေါင်းတွေက […]


ဗုံဗုံDecember 2, 20141min139241
စောစောက ယောက်ခမွဆာဆာက ငယ်ဘဝအကြောင်းလေးရေးပါလားလို့မေးလို့လေ… မျက်မှန်လေး မျက်နှာထောက်ထားပြီးရေးရသေးသာပ……… ငယ်ဘဝဆိုတာ ငယ်ငယ်တုန်းကဘဝပေါ့နော…. .. မိဗုံငယ်ငယ်တုန်းက မတရားဆော့တာ… ဆော့တာမှ သူများနဲ့ မတူ .. ပြောရအုံးမယ်… မိဗုံတို့ရွာက အခုထိလွတ်လပ်ရေးမရကြသေးဘူးဗျ… နေထက်လင်းတို့ သီဟတင်စိုးတို့နဲ့ တိုက်ပွဲဝင်ကြတုန်းရှိသေးတယ်… ဒီကားတွေကိုမှလည်း ရွာကလူတွေက ဇာတ်ကားထင်တာရယ်… အဒေါ်တို့အိမ်က ဗီဒီယိုပြတော့ ညနေတောပြန်ချိန်ရေမိုးချိုးပြီးရင် လာကြတော့တာ.. အတုမြင်အတတ်သင်ဆိုသလို မိဗုံတို့ဆော့လိုက်ရင် စစ်တိုက်တမ်း… ငှက်ပျောလက်တွေခုတ်.. သေနတ်လုပ်ပြီး ဆော့ကြတာ… ဆော့စရာကလည်း ပေါမှပေါ.. ငှက်ပျောလက်..သဘောင်္ရိုး.. ငှက်ပျောတုံး .. မရိုးအောင်ဆော့လို့ရတယ်… ဒီလိုနဲ့ တနေ့သောအခါဝယ်ပေါ့လေ.. ရွာမှာ အိမ်ကိုဘဲအမိုးမိုးတာဘဲဖြစ်ဖြစ် နွားတဲမိုးတာဘဲ ဖြစ်ဖြစ် လူကြီးတွေက အပေါ်ကနေ ထန်းရွက်တွေပစ်ချ ကလေးတွေက အောက်ကနေ နိုင်သလောက် နှစ်ချပ် သုံးချပ် သယ်ပေးရတယ်.. သယ်ပြီးရင် […]


ဗုံဗုံAugust 28, 20141min67414
ဘာာ!!!!!!!!!!!!!! တစ်ကယ်လား အဲ့ဒါ တစ်ကယ်လား….. ကျွန်မ ထပ်ခါထပ်ခါ မေးနေမိတယ်…. ကိုယ့်နားကိုယ်မယုံနိုုင်ဘူး… ဖုန်းထဲက မသွယ်အသံက ထပ်ထွက်လာတယ်… “သေချာနားထောင် .. အခုငါတို့ရောက်နေတဲ့ ဆေးရုံမှာဘဲ.. နင်လာခဲ့..စိတ်တွေသိပ်မလှုပ်ရှားနဲ့..ဆိုင်ကယ်ကို ဖြေးဖြေးစီးခဲ့.. ငါစောင့်နေမယ်.. “ ကျွန်မ ဖုန်းကိုပစ်ချပြီး ပြေးထွက်လာခဲ့တယ်… လက်တွေရော ခြေထောက်တွေရော တဆတ်ဆတ်တုန်နေတယ်… … ကျွန်မသူ့ကို သိပ်တွေ့ချင်နေတယ်….. ကျွန်မသူ့ကို ရှာနေခဲ့တာအကြာကြီး.. မျှော်လင့်ချက်တွေရော အိမ်မက်တွေရော အကုန်ရိုက်ချိုးဖျက်ဆီးပြီး ကျွန်မသူ့ကို ရှာနေခဲ့တာ… အမေနဲ့ အမျိုးတွေကို တစ်ယောက်ထဲ ရင်ဆိုင်ပြီးသူ့အတွက်ကျွန်မရပ်တည်ခဲ့တာ…. တစ်ရက်ကလေးမှမမေ့ဘူး… အကုန်လုံးရဲ့ ဥပက္ခာတွေ ရယူပြီး အပင်ပန်းခံပြီး ကျွန်မရှာနေခဲ့တာပါ… လက်လျှော့ဖို့ဆိုတာ တစ်ခါလေးမှမတွေးမိဘူး… သူ့အတွက်နဲ့ လိုချင်တာလေးတစ်ခုအတွက် ရပြီးသား ဆယ်ခုလောက်ကို ကျွန်မစွန့်လွှတ်ပစ်ခဲ့တယ်… သူမရှိကတည်းက ကျွန်မအိမ်မက်တွေ ပြောင်းပြန်လှန်ပစ်လိုက်တယ်.. […]


ဗုံဗုံJune 15, 20141min85331
ပထမည…….. ည နှစ်နှစ်ရီ ထိုးလောက်အချိန်ကြီးပေါ့….. ငိုသံ..တစ်ခုကြားလိုက်ရတယ်.. ကြိတ်ပြီးရှိုက်ငိုနေတဲ့အသံ… ကိုယ်လည်းလန့်သွားတယ်.. လှုပ်လဲမလှုပ်ရဲဘူး.. ငါ အိမ်မက်မက်နေတာလားလို့ ပြန်တွေးတော့ မဟုတ်ဘူး..တစ်ကယ်ကြားရတာ…. အသံက.. .အောက်ထပ်က လာတဲ့အသံ.. အခန်းပြတင်းပေါက်တွေ အကုန်ဖွင့်ထားတာဆိုတော့.. ဘေးက ဗာဒံပင်က လေတိုက်လို့လှုပ်နေတာလည်းမြင်နေရတယ်… ပြတင်းပေါက်ကနေ အောက်ကိုငုံ့ကြည့်လိုက်ရင်တော့ မြင်ရမှာဘဲလို့ တွေးမိတယ်… ဒါပေမယ့် နေရာကနေ တစ်လက်မတောင် မရွှေ့ရဲဘူး..ဝိဉာဉ်တွေ တစ္တေတွေ ပုံတွေကလည်း ဘယ်ကဘယ်လို မျက်လုံးထဲ ပေါ်လာတယ်မသိဘူး.. လူကအလိုလိုနေရင်း ချွေးတွေပျံပြီးမောလာတယ်… ဘေးက အပျိုကြီးကိုနှိုးမှဘဲ ဆိုပြီး လက်နဲ့ လှမ်းဆိတ်လိုက်တော့ သူက နိုးလာပြီး.. “ ဘာဖြစ်တာလဲ ဘာဖြစ်လို့လဲ” “ ငိုသံလေ ကြားရလား ” ”ဘယ်မှာလဲ” ဆိုပြီး သူကမီးထဖွင့် လိုက်တော့.. အသံက တိတ်သွားတယ်… […]


ဗုံဗုံNovember 21, 20131min128548
ရွာထဲလည်း အဲလေ..မြို့ထဲလည်း ပို့စ်မတင်တာကြာပြီ….. အရင်တုန်းကလည်းဘာတင်တာမှတ်လို့ ခပ်တည်တည်ဘဲ  :mrgreen:……. မနက်ကကြုံရတာလေး ပြောပြချင်လို့ဘာ… မနက်ကအစောကြီးနိုးနေတာနဲ့ ပြန်မအိပ်တော့ဘဲ မနက်စောစော ဆိုင်ကယ်လျှောက်စီးအုံးမှဆိုပြီး. .ရုံးသွားဖို့ပါတစ်ခါတည်းပြင်ပြီးတာနဲ့ ဆိုင်ကယ်ထုတ် အပျိုကြီးတွေကို ရုံးမှာလုပ်စရာရှိလို့ဆိုပြီး လိမ်… .ပြီးတာနဲ့ အနွေးအကျီ ထူထူဝတ်ပြီး ဆိုင်ကယ်မောင်းလာခဲ့တာ… .မေမြို့သွားတဲ့ လမ်းကိုစီးမယ်ဆိုပြီး ရုံးနဲ့ ဆန့်ကျင်ဘက် ထွက်ပြီးစီးလာတယ်……. နည်းနည်းစောသေးလို့ လူလည်းရှင်းနေတယ်….. ဒီဘက်ကညနေတိုင်း ပျင်းရင် ဆိုင်ကယ်ထွက်စီးနေကြ….. စီးလာရင်းနဲ့ ချစ်သူကိုလွမ်းလိုက်သေးတယ်….    ချစ်သူနဲ့ အတူစီးမယ်ဆိုပြီး စိတ်ကူးယဉ်ထားလို့…… ထားပါတော့လေ ဒါက ကြော်ငြာဝင်တာပါ.. သူလည်းအခုဆို ရှေ့လူ ရင်ခွင်မှာ ပျော်နေလောက်ပါပြီ… ဒီဘက်လမ်းရောက်မှအေးလို့ဆိုပြီး လက်တစ်ဖက်တည်းနဲ့ ဆိုင်ကယ်မောင်းလာတာ…. ဘေးမှာလည်း သစ်ပင်တွေ ရှိတယ် …ဖြေးဖြေးလေးပဲ စီးလာတာပါ….. အကွေ့လေးရောက်တော့ ကလေးနှစ်ယောက်ပြေးတက်လာတာ..ရှေ့မှာ ပွတ်ကာသီကာလေး…… တန်းတန်းမတ်မတ် […]


ဗုံဗုံFebruary 10, 20131min72028
“မိဗုံ နင်အချစ်ဆိုတာကို ဘယ်လိုနားလည်သလဲဟင် “  ထိုမေးခွန်းကို မေးအပြီး သူ့မျက်နှာကို အောက်ငုံ့ထားလိုက်သည်။ မိဗုံကတော့ အချဉ်ပေါင်းထုပ်ကို သဲကြီးမဲကြီး ပါးစပ်ဖြင့်ကိုက်ဖောက်နေရင်းမှ “ဘာ “ ဟု ပြန်ထူးသည်။ သူနည်းနည်းတော့ စိတ်ညစ်သွားသည်။ အချဉ်ပေါင်းလောက် သူ့စကားကို အာရုံစိုက်ပုံမပေါ်။ ဒီအချဉ်ပေါင်းထုပ်တွေက ညကမိဗုံ  ပွဲကြည့်ရင်း စားဖို့ဆိုပြီး သူဝယ်ထားသော အချဉ်ပေါင်းထုပ်။ မယ်မင်းကြီးမက ပွဲကြည့်တာ ဝါသနာမပါ ။ ပွဲဈေးတန်း၌ရှိသော မုန့်မှန်သမျှ စားဖို့တော့ ဝါသနာပါရှာလေသည်။ ပွဲကလည်း အရပ်ပြဇတ် ဝေးဝေးသွားစရာမလို ရွာထိပ်တွင်သာ။ တန်ဆောင်မုန်းလတွင် ရွာက အပျိုတွေ လူပျိုတွေ စုပေါင်းပြီး ကထိန်ခင်းသည်။ ပြီးလျှင် ကိုယ်တိုင်မင်းသမီး မင်းသားလုပ်ပြီး ပွဲကကြသည်။ သူကတော့ အလှုူ ငွေထည့်ဝင်ဖို့ရာကလွဲ ၍ ကျန်တာမတတ်နိုင်ပါ။ တစ်ကယ့် […]


ဗုံဗုံDecember 12, 20121min109152
ခရစ်သက်နှစ်၊ နှစ်ထောင့်ဆယ့်နှစ် အေးမြချမ်းစ၊ ဒီဇင်ဘာလသည် ဂေဇက်ရွာသား၊ သဘောင်္သား ၏ မွေးလသည်လည်းဖြစ်ပေ၏ ထို့ကြောင့်သည်ပင် ဂေဇက်ရွာတွင်း ၊မောင်နှမရင်းသို့ စိတ်ဝယ်မှတ်သား၊ ခံယူထားပါသောကြောင့် မွေးနေ့မင်္ဂလာ၊ ရက်မြတ်မဟာတွင် ဂေဇက်မိသားစု၊ ထပ်တူပြု၍ ဆုမွန်ကောင်းကို တောင်းပေးလိုသည် မွေးနေ့ရက်မြတ်၊ တစ်ဆယ့်နှစ်ရက်မှသည် နှောင်နှစ်ရှစ်ဆယ်၊ ပေါများကြွယ်၍ ကြံစည်တိုင်းအောင်၊ တောင့်တတိုင်းရ ပျော်ရွင်သောဘဝ ကို ပိုင်ဆိုင်ပြီးလျှင် ကြင်နာ နားလည်၊ ချစ်မျက်ချယ်နှင့် ကပ္ပတိန်ရာထူး၊ ဂုဏ်အထူးကို သားမောင် စည်သူ၊ ရအောင်ယူနိုင်ပါစေသော်      


ဗုံဗုံDecember 4, 20121min97340
ထမင်းတစ်အိုးချက်ခန့် ကြာသောအခါတွင်မူ နန်းတော်တွင်းသို့ သိက္ခာတော်အပြည့်ဖြင့် စည်သူဆရာတော် ဒိုင်ဗင်ထိုးတော်မူ၍ ကြွလာလေသည်။ ခိုင်ဘုရင်ကြီးလည်း လှုပ်လှုပ်ရှားရှား ဖြစ်သွားပြီးလျင် ဆရာတော်အား နေရာထိုင်ခင်းပေးပြီး ပုဆစ်တုတ် ထိုင်နေတော်မူလေသည်။ ဆရာတော်က ထန်းလက်ယပ်ကြီး ကိုကိုင်၍ “ ကဲ ဒါကာတော်မင်းကြီး လျှောက်စရာရှိတာ လျှောက်လေ ဆရာတော် သိပ်မအားဘူး  ဒီကပြန်ရင် ဆိုမာလီတွေကို လက္ခဏာ ကြည့်ပေးစရာ ရှိသေးတယ်ကွဲ့ “ “မှန်ပါ့ဘုရား” ဟုဆို၍ ဘေးဘီဝဲယာကို လှည့်ကြည့်နေလေသည်။ အနားတွင် ယပ်တော်သွင်းနေသော မောင်ဆာမိမှာလည်း ယပ်တောင်ဖြင့် ဖတ်ကနဲ မျက်နှာကို ကွယ်လိုက်လေသည်။ အမတ်တွေလည်း လေးစားရိုသေသော ပုံစံဖြင့် မျက်နှာနဲ့ ကြမ်းပြင် အပ်ထားကြလေသည်။ ဘုရင်တစ်ပါးတည်း ငုတ်တုတ် ။ မည်သူမျှ မလျှောက်တင်ရဲကြ ။ ရှက်ရှာကြမှာပေါ့ ဒီအရွယ်ကြီးကျမှ […]


ဗုံဗုံDecember 3, 20121min89341
နန်းတော်ထဲ ရှိညီလာခံ သဘင်ကျင်းပရာနေရာသည် ဆိတ်ဆိတ်ငြိမ်လျက် တစ်စုံတစ်ခုကို အပြင်းအထန်တွေးတော နေကြမှန်းသိသာနေသည်။ အမတ်မင်းများလည်း  တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်လျက် ဘုရင်မင်းမြတ်အား မည်ကဲ့သို့ လျောက်တင်ရမှန်း မသိ ဖြစ်နေကြလေသည်။ ဘုရင်ကြီး မိဘုရား ရရှိရေးကို အပြင်းအထန်ဆွေးနွေးနေကြခြင်းဖြစ်ပေသည်။ ဟုတ်သည် ယနေ့သည်ရတနာပူရ ဂေဇက်တိုင်းပြည်ကြီးအားစီမံ အုပ်ချုပ်မင်းလုပ်နေသော ခိုင်ဘုရင်ကြီး၏ နန်းစံသက် နှစ်ဆယ့်ငါးနှစ်တင်းတင်းပြည့်သောနေ့ဖြစ်သည်။်ဖခင်ဘုရင်ကြီး ရုတ်တရက် ဝမ်းလျှောတော်မူ၍ နတ်ရွာစံသွားပြီးသည့်နောက် တစ်ဦးတည်းသော သားတော် ခိုင်မင်းသားလေးမှာ အော်တိုငုတ်တုတ်ဘုရင်ဖြစ်ခဲ့လေသည်။ အိမ်ရှေ့စံ ကိုယ်တော်ဘဝမှာလည်း လက်စွဲတော် နှစ်လုံးပြူးမှ လွဲ၍ မည်သည့်အရာမှ စိတ်မဝင်စားဘဲ တောထွက်၍ ဖားရိုက်ရန် တာစူနေသောမင်းသားလေးအဖို့ အချစ်ဆိုသည်မှာ လည်း အမတ်ပေ၏ တူမ မိချစ်ကိုသာလျှင် သိလေသည်။ထို့ကြောင့်မင်းသားလေးအဖို့ ကြင်ယာတော်မရှိရခြင်းမှာလည်းမဆန်း။သို့သော် တိုင်းပြည်အုပ်ချုပ်နေသော ရှင်ဘုရင် တစ်ပါးဖြစ်လာပေပြီမို့  မိဘုရားမရှိသောဘုရင်သည် လူရာမဝင်သကဲ့သို့ဖြစ်လာလေပြီ။ […]


ဗုံဗုံDecember 1, 20121min86936
မန်းလေးဂေဇက်အတွင်းမှာ နေထိုင်ကြကုန်သော  ရွာသူရွာသား  အပေါင်းတို့ရှင့်  ကျွန်မ ကတော့ ယခုမှ ရွာတွင်းသို့ (အခက်အခဲများစွာဖြင့် ) အသစ်ဝင်ရောက်လာသော  ရွာသူအသစ်ကလေး ဗုံဗုံဖြစ်ပါတယ်ရှင်။ ရွာတွင်းသို့ဝင်ရန် အတွက်  အကြိမ်ကြိမ်ကြိုးစားခဲ့ရပါသည်ရှင့်။  ထို့ကြောင့် အခက်ခဲများ ၊ မသိခြင်းများစွာဖြင့် ဝင်ရောက်လာပါသော ဗုံဗုံအား  နွေးထွေးစွာ ကြိုဆိုပေးကြပါအုံးရှင့်။  မဝင်ဖြစ်ခဲ့သော်လည်း  နေ့တိုင်းပုံမှန် မန်းလေးဂေဇက် ကို  ကိုယ့်ရည်းစားလို တစ်မေ့တစ်မော စောင့်ကြည့်ဖတ်ရှုခဲ့ ပါသဖြင့် ရွာသူား အားလုံးကို ဗုံဗုံ ကသိနေပြီးဖြစ်ပါတယ်ရှင်။ အထူးသဖြင့်  ရွာ၏ စာဆို ပညာရှိကြီး  ဦးဦးသစ်မင်း ၊ ဘဘ ဦးဘလက်ချော၊ ဦးလေးမဟာရာဇာ အံစာတုံး (အမလေး မောတာ)၊  ဘဘ ဦးပေ၊ အဆင်လှတဲ့ ဦးဦးခင်ခ၊အဆင်ချောပါသော အဘဖော၊  အထာသိတဲ့ ဘဘဦးဆာမိ […]