Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

အဆက်(၂)

ဗုံဗုံApril 3, 20151min171626

ဟိုနေ့ကအလှူပြီးပြီဆိုတော့ တန်ဆောင်မုန်းလရွာပြဇာတ်ကျန်သေးတယ်…. ရွာမှာတန်ဆောင်မုန်းလပြည့်ကျော် ၃ ရက်နေ့ကနေ ၄ရက်နေ့အထိ ပွဲကတယ်ဗျ.. လပြည့်နေ့မှာ ဘုန်းကြီးကြောင်းက ဘုရားကိုသွားပင့် ပြီးရင်ညပိုင်းမှာ ကာလသားတွေက ဘုရားကို အိမ်တစ်အိမ်ရဲ့ သောက်ရေအိုးစင်ပေါ်မှာ အိမ်ရှင်မသိအောင်ထားခဲ့တာ မနက်လင်းတို့တွေ့တဲ့အိမ်ရှင်က သဲဖြူခင်း ရာဇမတ်ကာပြီး ဘုရားဒကါဖြစ်ရော… အဲ.. ဘုုရားရောက်လာပြီဆိုတော့ အလှူခံလို့ရပြီပေါ့.. :mrgreen: လပြည့်နေညနေပိုင်းကစပြီး အပျိုလေး လူပျိုလေးတွေက ရွာနီးချုပ်စပ်အလှူခံထွက်ရတယ်…. ညနေ၆ နာရီလောက်ကထွက်ရင် ည ၁၂ ကျော်မှ ပြန်ရောက်တော့တာ တစ်အိမ်ဝင်တစ်အိမ်ထွက်ဆိုတော့လေ… က ပြပါအုံးဆိုတဲ့အိမ်ကို ကပြရသေးတာ… အလှူခံက ရိုးရိုးမဟုတ်ဘူးဗျ တီးဝိုင်းနဲ့သွားရတာ…. ကျုပ်တို့ရွာက လူငယ်တွေအကုန်လုံးဗုံတီးတတ်တယ်ရယ်.. ကြက်ခြံရှိတဲ့အိမ်က ကြက်ဥအလုံးနှစ်ဆယ်အစိတ်အဲ့လိုထည့်ပေးလိုက်တာ…. ကြက်ဥတောင်းကြီးရွက်ရတာကတစ်မျိုး ..သများတော့ သများလိုက်ရတဲ့အခါမျိုးဆိုရင် အိပ်ကပ်များများပါတဲ့အကျီဝတ်ပြီး ဖလားကိုင်တာဘဲ..   :mrgreen: တစ်ရွာနဲ့တစ်ရွာ နည်းနည်းလှမ်းတယ်… သချိုင်းကဖြတ်သွားရသေး နှင်းတွေကခြေထောက်တွေကို ရွှဲလို့ .. အိမ်ပေါက်စေ့သွားပြီဆိုရင် လမ်းက ရွာအစွန်မီးကင်းတဲမှာ ပိုက်ဆံတွက်ပြီးရင် ပွဲလိမ်းဖို့ မိတ်ကပ်ဖိုးနှုတ်…အဝတ်စားငှားဖို့နှုတ်..ထားပြီးကျန်တာ ရွာလူကြီးတွေဆီအပ်လိုက်ရော… နောက်နေ့မှာ အုပ်စုခွဲပြီး ပွဲကဖို့ ဘုရင်မိဘုရား အဝတ်အစားတွေငှားတဲ့သူကငှါး ဇာတ်ခုံဆောက်ဖို့အုန်းပင်လှဲတဲ့သူကလှဲ…မိန်းကလေးတွေက လိုက်ကာချုပ်ရတယ်…မြေကျင်းတူးတာကအစ ဇာတ်စင်အမိုးမိုးတာကအလယ် ဖျာသိမ်းတာအဆုံး အကုန်လုံးလုပ်ရတာဗျ.. ဇာတ်ကတော့လည်းမင်းသမီးမင်းသားက ဒီလူတွေဘဲ ..   :mrgreen:   ၂ ရက်နေ့ဆိုရင် အကုန်အပြီးအစီး လုပ်ပြီးကြပြီ ညနေပိုင်းမှာ ကိုယ့်ဇာတ်ဝင်ခန်းအတွက် လိုတဲ့ပန်းတွေ တောထဲသွားခူးပြီးရေစိမ်ထားရတယ်..ပွဲကြည့်ပရိတ်သတ်စားဖို့ အိမ်တွေမှာမုန့်တွေကလုပ်ထားရသေး…နို့မို့ကိုယ့်ကြည့်မယ့်သူမရှိမှာစိုးလို့..     :mrgreen: အားပေးတော့ကြမ်းတယ်ဗျား ဟိုဖက်ကမ်းကနေ လှေတွေနဲ့လာကြည့်ကြတာ… အဲ့ဒီဖက်ကရွာနဲ့ ကျုပ်တို့ရွာကအပြိုင် သူတို့က လပြည့်ကျော် ၁ဝ ရက် ၁၁ ရက်ပွဲကတာ.. ဘယ် ကျုပ်တို့ရွာကိုမှီလိမ့်မလဲ ဇာတ်ညွန်းရေးတာက တခြားဆီ.. သိတယ်မို့လားရေးတဲ့သူဘယ်သူဆိုတာ…   :mrgreen: ကို်ယ်က ပွဲကြည့်ပရိတ်သတ် ငိုရင်ကောင်းတာဘဲမှတ်တာ..အဲ့ဒါကြောင့် ဘယ်ဇာတ်ဘဲရေးရေး သေခိုင်းပစ်လိုက်တယ်…

ကဲ သုံးရက်နေ့ ည ..နတ်ပင့်ပါပြီ….အဖြူနဲ့အနီဝတ် ရင်ဘတ်အနီစီးပြီး ရွာ့အပျိုခေါင်းက နတ်ပင့်ပါတယ်… နတ်အုန်းသီးမရလို့.. ရှိတဲ့အပင်က အုန်းသီးထည့်ထားတော့ သူ့ခမျာ ဆိုင်းချက်နဲ့အညီလျှာထွက်အောင်နတ်ပင့်လိုက်ရတယ်… နတ်ပင့်ပြီးကန့်လန်ကာနောက်ကွယ်ရောက်ရော ဆဲလိုက်တာမိုးမွှန်လို့…. မြန်မာသံစဉ်အလှည့်.. မြန်မာသံစဉ်ဆို ရွာထဲကအောင်ကြီးက အပိုင်ဆုံးဘဲ အောင်ကြီးက အသံကောင်းတယ်..စည်းကျဝါးကျ ဆိုနိုင်တယ်… ခက်တာက မပီတာ…တစ်လုံးတစ်လေ အခုသူဆိုမှာက ဟိုသီချင်း…လက်ပံပွင့်တွေလေတိုက်ကြွေလိုက်တဲ့အခါ… အဲ့ဒါနဲ့စတဲ့သီချင်း ..သူကလက်ပံပွင့်ကို ပီအောင်မပြောတတ် လက်ပွမ်ပွင့်ဖြစ်လို့ဖြစ် လက်ပွပွင့်ဖြစ်လို့ဖြစ်နဲ့ ဖြစ်ချင်ရာဖြစ်နေတာ .. အောင်ကြီးကသူ့အကြောင်းသူသိပြီးသား … အောင်ကြီးဖြစ်ပါတယ်လို့ကြေညာလိုက်တာနဲ့ တိုက်ပုံဝတ်ခန့်ခန့်ကြီးထွက်လာပြီး လက်ထဲဆုပ်လာတဲ့ လက်ပံပွင့်ခြောက်တွေကို ပရိတ်သတ်ထဲကြဲချလိုက်ပြီး “ ဟောဒီအပွင့်တွေလေတိုက်ကြွေလိုက်တဲ့အခါ “ ဆိုပြီးလုပ်ထဲ့လိုက်တာ..ပရိတ်သတ်ကလည်း ဩဘာတွေပေးလိုက်ကြတာ… ဒေါင်းဇားဆိုတဲ့အသံတွေမိုးမွှန်လို့…. သူ့ခမျာ သူ့အကြောင်းသူသိလို့ နွေကတည်းကလက်ပံပွင့်ကောက်ထားရှာတာ….. အဲ့ဒါပြီးတော့ ဇာတ်စင်ထောင့်က ကာလသားတွေအကြိုက် ခေတ်ပေါ်တေးဂီတ…. ဘုရားပွဲတွေမှာရောင်းတဲ့ပုံပုံအထည်တွေ ထုတ်ပြီးကြွားကြပြီ တစ်ယောက်နဲ့တစ်ယောက် အပြိုင်အဆိုင်…. ပြီးတော့ အငြိမ့်လေးထည့်သေးတယ်… မင်းသမီးကဘယ်သူမှတ်နေ ကိုယ်ပေါ့… မိဗုံတို့ ခါးမလှည့် ခြေမထိုး လက်မချိုးတတ်တာကလွဲရင် ကတတ်လိုက်တာများဘာပြောကောင်းမလဲ… တစ်နှစ်ဘဲကလိုက်တာပါ… တစ်နှစ်ဆိုတစ်နှစ်ပေါ့… တစ်ခန်းပြီးလို့ကားလိပ်ကြီးဆွဲချတဲ့အခါ လွယ်အောင်လို့ သဲထုပ်လေးတွေ ချည်ထားရတယ်…. သဲသွားကြုံးရမှာပျင်းလို့ အုတ်နီခဲအကျိုးတွေနဲ့ ကောက်ချည်ထားတာ မင်းသမီးလည်းကပြီး ပလို့ ဂျိပြီးရော ကားလိပ်ကြီးမကျခင် အုတ်နီခဲကြီးကျလာတာ ခေါင်းပေါ်တည့်တည့်   အဲ့ကတည်းက ဘယ်သောအခါမှ မကတော့ဘူး…   😥   ရှေ့ပိုင်းလေးတွေက အဲ့လောက်အခဲအယဉ်းမရှိပေမယ့် နောက်ပိုင်းခင်းရတဲ့ ဇာတ်ထုပ်တွေကြခက်ဗျား …၂ ညစာ ကို ၂လလောက် ညနေတိုင်းသွားပြီး ဇာတ်တိုက်ရတာ တစ်ခါတစ်လေ နောက်ညကျမှ ပြောရမယ့် စကားတွေ ကြိုပြောလို့ပြောမိ… ဇာတ်ကားတွေလို တစ်ပိုင်းနဲ့တစ်ပိုင်းအနားယူချိန်မရ တီးလုံးလေးတီးထားတုန်း အကျီကိုအမြန်လဲရတာ..ချာလပတ်ရမ်းလို့… အတွေ့အကြုံရှိပြီးသားလူတွေက ထိန်းထိန်းပေးထားရတယ်…. ဒီနှစ်မှစကဖူးတဲ့သူကနည်းနည်းတော့လွဲတာပေါ့…. မိဗုံညီမဝမ်းကွဲဆိုရင် ရွာထဲမှာ စွာတေးလန် သူလည်းကျောင်းပိတ်ပြန်လာတုန်း တစ်ခန်းလောက်ထည့်မယ်ပေါ့.. သူနဲ့လိုက်တဲ့ဇာတ်ရုပ် သဗုံခေါင်းဆောင် နဖူးပဝါအနက်ကြီးစည်းလို့ ဇာတ်တိုက်ထားတုန်းကအဟုတ်… သူ့အခန်းအတွက် ကားလိပ်ကြီးအပေါ်တင်လိုက်ပြီး မီးမှိန်ထားတယ်.. ရွာသားဆယ်ယောက်လောက်က သူ့ရှေ့မှာ ဒူးထောက်နေရတယ်… သူက သေနတ်ကို မြှောက်ဖောက်ပြီး သူ့နံမည်ကို အော်ရမှာ…. အဲ့ကျမှမီးတွေက လင်းလာမှာ…. သေနတ်မြှောက်ပြီ မီးလင်းလာပြီ… အဲ့မှာ ကာလသားတွေက ဇာတ်ခုံထောင့်ကနေ ဟေး ခနဲအောက်တာ ဟိုက သေနတ်ကြီးမြှောက် ပြီး ငါ့နာမည်…ဆိုပြီး သူ့နာမည်မေ့ရော…. ကန့်လန့်နောက်ကွယ်က တစ်ယောက်က မိုက်ပြေးယူပြီး သူ့အစားအော်ပေးရတယ်… အဲ့လိုပါဆို… နောက်တစ်ခန်းမှာ လူဆိုးတွေက တစ်ဖက်က လူကိုအမိဖမ်းပြီး သေနတ်နဲ့ပစ်ခန်း…. နည်းနည်းဆန်းသွားအောင်လိ်ု့ မိဗုံက လူဆိုးတွေကို ကန့်လန့်နောက်ကမထွက်ခိုင်းဘဲ ပရိတ်သတ်ထဲကနေ ဇာတ်စင်ပေါ်ကို တက်ခိုင်းတာ… လူဆိုးတစ်ယောက်က ထန်းလုံးကိုခုပြီးတက်ရတာဆိုတော့ ချော်ကျနေလို့ အပေါ်ကဆွဲတင်ရသေး…. ဇာတ်စင်ပေါ်ရောက်လို့ ခေါင်းဆောင်က ဟိုဘက်လူကို သေနတ်နဲ့ပစ်မှာ အနီးကပ်ပစ်မှာ..အဲ့အချိန်မှာ ဇာတ်စင်နောက်က ဗျောက်အိုးဖောက်ပေးရမှာ… အဲ့အကွက်ကိုကျင့်ထားတာ ဗျောက်အိုးဖိုးကိုက နည်းတာမဟုတ်… အိုခေ.ကွက်တိပေါ့.. မင်းသားက ချိန်ပြီသေနတ်နဲ့ ပစ်တော့မှာ ဟိုကလည်း ဇက်ကျိုးကြဖို့အဆင်သင့် ဗျောက်အိုးဖောက်မဲ့သူက ဗျောက်တွေကို နှင်းကျနေတဲ့နေရာ သွားချထားတော့ မမြည်…နောက်တစ်လုံး..မမြည်… လူဆိုးဗိုလ်ကလည်တယ်..အကြံထုတ်ရပြီ မင်းကိုချက်ချင်းမသတ်သေးပါဘူးကွာ… ဟဲဟဲ.. စသဖြင့် လုပ်ရတယ်.. ဗျောက်ကမမြည်နည်းနည်းအချိန်ဆွဲလာတော့ လူဆိုးဗိုလ်ကသိလိုက်ပြီ ဒါနဲ့ သတ်မယ့်သူကို ငါ့သေနတ်နဲ့မင်းနဲ့ မတန်လိုက်တာကွာ မင်းကို ဓားနဲ့ဘဲထိုးမယ်..ဆိုပြီး ကုတ်အကျီထဲက ဓားထုတ်ချင်ဟန်ဆောင်ပြီး ထိုးထဲ့လိုက်တော့မှဘဲ နောက်က ဗျောက်က ဒိုင်း ဆိုထမြည်ပါလေရော.. အဲ့ဒါနဲ့ လူဆိုးလည်း ကပျာကယာ ဇက်ကျိုးကျတော့မယ့်လူကို ပွေ့ပြီး ဟေ့ကောင်မသေခင်မှတ်သွားအုံး အဲ့ဒါ ဓားသေနတ်လို့ခေါ်တယ်ကွ လို့ပြောပြီးမှ လွှတ်ချပစ်လိုက်တာ အေးရော… တောသားတွေများ အချဉ်မှတ်လို့   :mrgreen:

 

26 comments

  • naywoon ni

    April 3, 2015 at 5:34 pm

    ​တောသားများ အချဉ်​ မှတ်​လို့ ဆို အချဉ်​ မမှတ်​ရဲပါဘူး တစ်​ခါတစ်​ခါ သူတို့က​တောင်​ ကိုယ်​​တွေ သံပုရာသီး ထည်​့ထည်​့သွားလို့ 🙂

    • ဗုံဗုံ

      April 5, 2015 at 9:34 am

      ဥနီ ဘယ်နှလုံးများရလိုက်သလဲဟင်… :mrgreen:

  • အူးစည်

    April 3, 2015 at 6:16 pm

    ကျနော်တောသားပါ။ တောကားပဲ ကြည့်ပါတယ်။ ဒိုင်းညွှန့်.. ဒိုင်းညွှန့်.. 🙂

  • ဝင့်ပြုံးမြင့်

    April 4, 2015 at 1:14 am

    .ဟမလေး ရီလိုက်ရတာ။ ရွာထဲမှာ မွန်းပွမ် နဲ့ ဗုံဗုံကတော့ ဟာသ ပါရမီရှင်တွေ။ အမလည်း အဲလို ပဲ ကိုယ့်နာမည် ကိုယ်မေ့ဖူးတယ်။ မိဘနာမည်ကိုလည်း ၅တန်းရောက်တဲ့အထိ မသိဘူး။ အဲလို တော်တာ။
    🙂

    • ဗုံဗုံ

      April 5, 2015 at 9:38 am

      တီတီဝင့် အိမ်ကချစ်ချစ်ကြီးနာမည်ကျ မေ့ဘူးမို့လား… :mrgreen:

  • ခင်ဇော်

    April 4, 2015 at 1:47 am

    အဆက် ၂ဆိုလို့ ၂ ယောက်မြောက် အဟွာအကြောင်းး မှတ်လို့..
    ရီလိုက်ရတာအေရယ်…
    နောက် က မယ်ဆိုရင် ဦးးခင်ဇော် ဘယက်တွေငှားးမယ် သိလားး
    :kwi:

    • ဗုံဗုံ

      April 5, 2015 at 9:55 am

      အရင်ကပို့ပေးတဲ့ ဘယက်နှစ်ကုံးများ လက်ကိုမလည်ဘူး
      ငှားရတာ..အဲ့ဒါစင်ကာပူကအမလက်ဆောင်ပေးတာာလို့
      ပြောပြတော့ အဲ့အမလာရင်ရွာခေါ်ခဲ့တဲ့ မြေပဲတို့ ပဲတို့
      လက်ဆောင်ပေးချင်လို့တဲ့ :mrgreen:

  • Ma Ma

    April 4, 2015 at 7:55 am

    ဇာတ်လမ်းကလည်းကောင်း၊
    ဇာတ်ကိုပံ့ပိုးပုံတွေကလည်း ကောင်း၊
    ကောင်းလွန်းလို့ ဖတ်ရင်းအူနှိ်ပ်ရယ်နေရတယ်။ :k:

    • ဗုံဗုံ

      April 5, 2015 at 10:14 am

      ဟွန်း..အဲ့အချိန် သများတို့များ
      အသက်တောင်မရှုနိုင်ဘူး….
      ပွဲ ၂ ညပြီးရင် သရဲရုပ်ပေါက်ပြီးကျန်ခဲ့တာ… :mrgreen:

  • Alinn Z

    April 4, 2015 at 9:38 am

    ရီလိုက်ရတာဟာ
    နီ အကြည်တော်နဲ့ညားရမှာ

    :k:

    ဒါနဲ့
    ကျနော်က အဆက် = (ဆက်ဆက်) ၁ နော်

    • ဗုံဗုံ

      April 5, 2015 at 10:42 am

      အကြည်တော်ကနင်နဲ့ညားမှာ…
      နီလည်းတစ်ခါလောက်ပွဲလာကလှည့် :D:

  • Wow

    April 4, 2015 at 10:15 am

    မင်းသမီးက အုတ်ခဲကြောက်ပီး နောက်တစ်ခေါက်မလုပ်တော့ဝူးပေါ့.. :mrgreen:

    • ဗုံဗုံ

      April 5, 2015 at 10:46 am

      ခဲမှန်​ဘူးပါတယ်​ဆိုမှ :byee:

  • Kaung Kin Pyar

    April 6, 2015 at 1:56 pm

    ရီလိုက်ရတာ….
    ရုံးမှာ စိတ်ရှုပ်ရတာတောင် ဘယ်ရောက်သွားတယ်မသိဘူး…..
    မျက်စိထဲ ပုံပေါ်အောင် ရေးနိုင်ပါပေ့….
    ဘရာဗိုပါ…

    • ဗုံဗုံ

      April 6, 2015 at 2:46 pm

      အာ့ဆိုမုန်​့​ကျွေး ကင်​း​ကောင်​ :mrgreen:

  • Mike

    April 6, 2015 at 2:51 pm

    :k: :k: :k: အကျယ်ဂျီးရီသွားပါဂျောင်း

    • ဗုံဗုံ

      April 6, 2015 at 2:54 pm

      ဟယ်​ နားကိုညီး​နေဒါဘဲ တိုးတိုးမရီဘဲနဲ့ :mrgreen:

  • တောင်ပေါ်သား

    April 6, 2015 at 4:17 pm

    မရီရပါဘူး …………………………………..

    …………………………………

    ………………………………… လို့ မပြောဘူးလို့ 🙂

    • ဗုံဗုံ

      April 7, 2015 at 9:45 am

      ုအုတ်နီခဲနဲ့ထုလိုက်မှာနော်… :mrgreen:

  • တောတွင်းပျော်

    April 6, 2015 at 9:11 pm

    အရေးသွက်သွက်နဲ ့ ဖတ်ကောင်းလှသဗျို ့။
    မိဗုံတို ့များ ယောက်ျားလေးများဖြစ်ရင်တော ့ မလွယ်ဘူး….

    • ဗုံဗုံ

      April 7, 2015 at 9:46 am

      အူးလေးလိုတောတွင်းပျော်မဟုတ်ဘဲနဲ့
      ထန်းတောပျော်ဖြစ်နေမှာသေချာတယ်.. :mrgreen:

      • တောတွင်းပျော်

        April 7, 2015 at 11:52 am

        ခုလည်း ထန်းတောထဲကနေ မူးမူးနဲ ့ ရေးတင်လိုက်တာ မဟုတ်လား

  • Crystalline

    April 7, 2015 at 2:26 pm

    :mrgreen: :mrgreen:
    ဗုံတလုံး ​နောက်​တ​ခေါက်​မင်​းမီးလုပ်​မယ်​ဆို…ရွာထိလိုက်​အား​ပေးမယ်​… 😀

    • ဗုံဗုံ

      April 8, 2015 at 9:59 am

      ခေါင်းပေါ်ခဲကျပြီးကတည်းက အူးနှောက်ပျက်သွားတာ ခုထိဘဲ :mrgreen:

  • နာ အဆက် (၂) ဖွင့်ပြီး မဖတ်သေးဘဲ အဆက် (၁) လိုက်ရှာတာ မူးသွားတယ်…
    မတွေ့ဘူး…

    အဲ့တော့ အဆက် (၂) ပဲ ဖတ်လိုက်ရတယ်အေ… ခွိခွိ

  • uncle gyi

    April 18, 2015 at 11:06 pm

    ဇာတ်ကလည်းကောင်း
    ဟာသကလဲသရုပ်ပါအရေးကလည်းညက်နေတာပဲ
    ဒါပေမဲ့စာလုံးပေါင်းကလေးတော့ဂရုစိုက်စေချင်ပါတယ်ဗုံဗုံရေ
    ဘာရမလဲငါကွ
    မြန်မာမှာအကုန်ကောင်းလို့ဘယ်ရမလဲ

Leave a Reply