ကြုံရဆုံရ ဗုံဘဝ
ရွာထဲလည်း အဲလေ..မြို့ထဲလည်း ပို့စ်မတင်တာကြာပြီ…..
အရင်တုန်းကလည်းဘာတင်တာမှတ်လို့ ခပ်တည်တည်ဘဲ :mrgreen:…….
မနက်ကကြုံရတာလေး ပြောပြချင်လို့ဘာ…
မနက်ကအစောကြီးနိုးနေတာနဲ့ ပြန်မအိပ်တော့ဘဲ မနက်စောစော ဆိုင်ကယ်လျှောက်စီးအုံးမှဆိုပြီး.
.ရုံးသွားဖို့ပါတစ်ခါတည်းပြင်ပြီးတာနဲ့ ဆိုင်ကယ်ထုတ် အပျိုကြီးတွေကို ရုံးမှာလုပ်စရာရှိလို့ဆိုပြီး လိမ်…
.ပြီးတာနဲ့ အနွေးအကျီ ထူထူဝတ်ပြီး ဆိုင်ကယ်မောင်းလာခဲ့တာ…
.မေမြို့သွားတဲ့ လမ်းကိုစီးမယ်ဆိုပြီး ရုံးနဲ့ ဆန့်ကျင်ဘက် ထွက်ပြီးစီးလာတယ်…….
နည်းနည်းစောသေးလို့ လူလည်းရှင်းနေတယ်….. ဒီဘက်ကညနေတိုင်း ပျင်းရင် ဆိုင်ကယ်ထွက်စီးနေကြ…..
စီးလာရင်းနဲ့ ချစ်သူကိုလွမ်းလိုက်သေးတယ်….
ချစ်သူနဲ့ အတူစီးမယ်ဆိုပြီး စိတ်ကူးယဉ်ထားလို့……
ထားပါတော့လေ ဒါက ကြော်ငြာဝင်တာပါ..
သူလည်းအခုဆို ရှေ့လူ ရင်ခွင်မှာ ပျော်နေလောက်ပါပြီ…
ဒီဘက်လမ်းရောက်မှအေးလို့ဆိုပြီး လက်တစ်ဖက်တည်းနဲ့ ဆိုင်ကယ်မောင်းလာတာ….
ဘေးမှာလည်း သစ်ပင်တွေ ရှိတယ် …ဖြေးဖြေးလေးပဲ စီးလာတာပါ…..
အကွေ့လေးရောက်တော့ ကလေးနှစ်ယောက်ပြေးတက်လာတာ..ရှေ့မှာ ပွတ်ကာသီကာလေး……
တန်းတန်းမတ်မတ် ဖြတ်ပြေးသွားတယ်ဆိုရင် တော်သေးတယ်……
အခုဟာက သူတို့ကဆိုင်ကယ်လာတာကိုလည်းမြင်ဟန်မတူဘူး
ရှေ့ကကလေးက နောက်ကို ပြန်လှည့်ပြေးလာတာ……
ဘယ်မှကိုရှောင်ချိန်မရလိုက်ဘူး….
စိတ်ထဲမှာလည်းထိတ်ကနဲ ဖြစ်သွားတယ်…
ကလေးဆိုတာ နုနုလေး
ကျိုးမှာအသေချာဘဲ…တွေးပြီး ဘေးကိုဆွဲချလိုက်တာ…
.ဘေးမှာမြောင်းတွေက တော်တော်နိမ့်နေတယ်…
.ဆိုင်ကယ်ကိုလှဲချလိုက်တာ……လူရော..ဆိုင်ကယ်ပါ အောက်ထဲကို ကျသွားတယ်….
အရှိန်လည်း မများတာရယ်…. သတိလည်းထားတာရယ်ကြောင့် ဆိုးဆိုးဝါးဝါးမဖြစ်ပါဘူး…..
လူပေါ်ကို ဆိုင်ကယ်က ပိနေတာ……
ခဏခဏ လဲဖူးတာကြောင့် သိပ်လည်းမကြောက်ပါဘူး…
.ခြေမတော့ တော်တော်နာသွားတယ်…
(စိတ်ထဲမှာတွေးမိလိုက်သေးတယ်…အမေသာသိလို့ကတော့.. အထုပ်ပိုက်ပြီးအိမ်ပြန်ရမယ့်ကိန်းဘဲလို့ )
ဒါနဲ့.. ဆိုင်ကယ်ကိုထောင်ပြီး….အပေါ်ကိုလှမ်းကြည့်လိုက်တော့ ..ကလေးနှစ်ယောက်က အကျီဗိုက်ပြဲလေးတွေနဲ့
လက်တစ်ဖက်က စမူဆာလေးကိုင်ပြီး ပြူးကြောင်ကြောင်လေးတွေ ကြည့်နေကြတယ်….
အကြီးလေးက ကောင်မလေး….သူကပြေးဆင်းလာပြီး..အိတ်ကိုကောက်ပြီး… ထူပေးတယ်…
ဆိုင်ကယ်ကိုအပေါ်ပြန်တင်ပြီး သစ်ပင်အောက်မှာ ရပ်ရင်း သူတို့ကိုပြန်ကြည့်မိတယ်….
အကြီးမလေးက အစ်မ ခြေထောက်မှာသွေးတွေထွက်နေတယ်ဆိုမှ…ကိုယ့်ခြေထောက်ကို ငုံကြည့်မိတယ်…
ဟုတ်သားဘဲ ..အကြီးမလေးက အငယ်လေးရဲ့ခေါင်းကို ဒေါက် ခနဲခေါက်ပြီး..
”တွေ့လား ငတ်ကြီးကြပြီး လိုက်လုတာ…ငါပေးမှာပေါ့..” တဲ့ အငယ်လေးက မျက်ရည်ဝိုင်းပြီး ကြည့်နေတယ်…
အဲ့ကျမှ ကိုယ်လည်း သူတို့ကိုသတိထားမိသွားတယ်……
ပေတူးပြီး မည်းညစ်ညစ် အကျီလေးတွေနဲ့ အလန့်တကြားနဲ့ ပြူးကြောင်ကြောင်ကြည့်နေတဲ့ မျက်လုံးလေးတွေရယ်…
စိတ်ထဲမှာ သနားသွားတယ်…..
ဒါနဲ့ ပြုံးပြလိုက်ပြီး လာထိုင်ကြဦး ဆိုပြီးခေါ်လိုက်တယ်…
(ခါတိုင်းအချိန်ဆိုကက်ကက်လန်အောင် ပြောပြီး ခေါင်းခေါက်မိမလားမသိပေမယ့် မနက်စောစောလည်း ဖြစ်နေတာရယ်…
.ချစ်သူကိုစိတ်ထဲကသတိရပြီး ဝမ်းနည်းသွားတာရယ်ကြောင့် ဒေါသကဖြစ်မလာတော့ဘူး…)
အကြီးမလေးက သွက်သွက်လက်လက်ဝင်ထိုင်လိုက်ပြီး… ” အစ်မ သီလရှင်ဝတ်သေးတာလားဟင်တဲ့ ”
”ဟင် ဘာဖြစ်လို့လဲ…လို့ အလန့်တကြားပြန်မေးမိတယ် ….သူက
” ဆံပင်တွေ တိုသွားလို့လေတဲ့”
(အော် ငါ့ဆံပင်ပုံစံတော်တော်လှနေပါလားလို့ တွေးမိသေး) ပြီးတော့မှ သတိရပြီး…..
” ဟင် နင်ကငါ့ကိုမြင်ဖူးလို့လား”လို့မေးမိတယ်….
အငယ်လေးကတော့ ကုပ်ကုပ်လေးထိုင်နေတယ်….အကြီးမလေးက
” ဟာ..မြင်ဖူးတယ်လေ…အစ်မတစ်ခါ မုန့်တွေလာပေးတာလေ… ကျုပ်တို့တောင် စားရသေးတယ်လေ..ကောင်းလိုက်တာ….တဲ့ ”
(ခြေထောက်နာလာလို့…..နက်ဖြန်မှ ဆက်ရေးမယ်နော်….)
48 comments
alinsett
November 21, 2013 at 8:09 pm
တိန်
ခြေထောက်နာတာနဲ ့.. လက်ကရေးတာနဲ ့..ဘာမှလည်းမဆိုင်ဘူး…
အကြောင်းပြချက်ပေးတာကလည်း…ဟွင်းးး
မြန်မြန်ဆက်ရေး..။
စပါးပေါ်ပြီးမှ…ရေးမယ်တို ့…
နှမ်းပေါ်ပြီးမှ ရေးမယ်တို ့မလုပ်နဲ ့…။
ဗုံဗုံ
November 21, 2013 at 8:11 pm
ဟဲ့…ဦးဦးဖျားဖျားလာပြီး…လူကိုအပြစ်မတင်နဲ့…
ခြေသည်းကျွတ်သွား မလားမတိဘူး…..
အခုအေးလို့ နာလို့ ဆက်မရေးနိုင်တော့ဘူး…. လျှာမရှည်နဲ့…
ငါစီးပွားရှာနေတာ….တိတ်တိတ်နေ….
ရဲစည်
November 21, 2013 at 8:17 pm
ချစ်သူကို လွမ်းတဲ့အကွက် အတော်မိုက်၏ …..
ရှေ့လူရင်မှာ ပျော်နေမှာပါ ဆိုကတည်းက … အွန်း သိလိုက်ပီ
သိလိုက်ပါဘီ
သိခဲ့ပါဘီ …..
:harr:
ဗုံဗုံ
November 21, 2013 at 8:21 pm
အဟမ်း……အဓိက

ပြောချင်တာကလည်း အိုက်ဒါဘဲလေ…
ကွဲစည်တို့များ ဒါဒွေဂျောင့် နာမည်ကြီးနေတာ……
ဘာပုလို့ မီးမ မရတာလဲဆိုတာ စဉ်းစားလို့ကို မရဘူး….မရဘူး….ဂယ်ဘဲ…ဂယ်ဘဲ…
alinsett
November 21, 2013 at 8:19 pm
ဆိုတော့…
နောက်လူမဟုတ်ဘူးပေါ့နော်…။
((အစဆွဲထုတ်ကြည့်တာ…အဟိ )))
ဗုံဗုံ
November 21, 2013 at 8:23 pm
ဟဲ့..ကလေးက ကလေးလိုနေဇမ်း..
ဒမှာမမဂျီးဗုံ ….. အတည်း ကွဲနေတယ်…
တေတေနိတ်….ခံစားချက်တွေထွက်လာရင်
နီဒို့ဒွေ ထိုင်ငိုနေရမယ်….
ဂျူးနဲ ့ဘာမှ မဆိုင်တဲ့ ရာဂျူး
November 21, 2013 at 9:01 pm
မနို…နိုင်..ေ.ဒါ့…ဘူး……
ကြာရင်..နာ…ရူးးးးမယ်…..
:kwi:
အဘရဟူဒီ
November 21, 2013 at 9:36 pm
ဟီဟိ
လုံမလေးမွန်မွန်
November 21, 2013 at 8:25 pm
လာပြန်ပဟဲ့ အခန်းဆက်…
ဒေါ်ဗုံ ဝဋ်လည်မှာကြောက်ဝူးလား
စကားအတင်းစပ်
အဲ့လို မနက်စောစော ဆိုင်ကယ်လေးစီး … စက်ဘီးလေးစီး နေချင်တာ.. တိုက်တွေကြားက ကားသံတွေကို မုန်းလှပြီ…
ဗုံဗုံ
November 21, 2013 at 8:27 pm
စီးရတာ ကောင်းပါတယ်….မမဂျီးအာမွန်….
စီးတော်မူလွန်းလို့..ဘယ်နေ့ ဂျိုင်းထောက်နဲ့
နှစ်ပါးသွားရမလဲဆိုတာ..စဉ်းစားနေတယ်…
ရဲစည်
November 21, 2013 at 8:28 pm
အေး …. ဆောင်းတွင်းစောစောစီးစီး ခြေမကွဲတာ …
အသည်းကွဲတာထက် နာသဟဲ့ … မယုံစမ်းကြည့်
ဂျူးနဲ ့ဘာမှ မဆိုင်တဲ့ ရာဂျူး
November 21, 2013 at 9:43 pm
အဘရဟူဒီ ဆိုတာ…ဘူလဲကွ….
နာဂ… ရာဂျူး….
ဂျူးနဲ ့…ဘာဆိုဘာာာာမှ..မဆိုင်တဲ ့…ရာဂျူး….
kyeemite
November 22, 2013 at 10:39 am
…ဗုံဘဝ မှာ ကြုံရတာ…ခြေမနာတာနဲ့အဆုံးမသတ်နိုင်ရှာပါလား..ကျွတ်ကျွတ်ကျွတ် 😀
…ကြုံတုန်းမေးလိုက်အုံးမယ်…
…အပေါ်က“ဂျူးနဲ ့ဘာမှ မဆိုင်တဲ့ ရာဂျူး ” ချိုဒါ..ဘူလဲကွ :kwi:
ဂျူးနဲ ့ဘာမှ မဆိုင်တဲ့ ရာဂျူး
November 22, 2013 at 12:21 pm
ချစ်သုဝေနဲ့ ဘာမှ မဆိုင်တော့တဲ့
ရာဂျုူးပါ
အောင်ရဲလင်းထက် ချောပါဒယ်
:kwi:
kyeemite
November 22, 2013 at 2:18 pm
နီပေါတော့..နာလည်းပြန်ပေါပြမယ်..
အပေါ်က “အဘရဟူဒီ” ဆိုတာနာမည်တွေခီနခီန ပြောင်းတတ်တဲ့…ကရင်မရဲဇား 😀
ဗုံဗုံ
November 22, 2013 at 7:20 pm
ခြေမနာတာနဲ့ကို အဆုံးမသတ်နိုင်ရှာဘူး..ဦးဦးမိုက်ရယ်…

ယောက်ခမဂျီးရယ်……
ရွာထဲကိုဝင်လို့မရလို့….. ရက်လင့်ခ်ကိုဖုန်းဆက်ပြီး…. ရန်လုပ်ရတာအမော…
ဟိုကလည်း နားညီးပြီး သည်းမခံနိုင်လို့နဲ့တူတယ်..စစ်ပေးမယ်နော်ဆိုပြီး
ကေဘယ်ကြိုးပါဖြုတ်သွားတာ…..နားကားရော..
အဘ ဘုတ်ကလုံ
November 21, 2013 at 11:48 pm
အဘဘုတ်တို့ ဟိုခေတ်ကတော့ မသိတော့ဘူးပေါ့.. သမီးရယ်
ခုခေတ်ကလေးတွေကတော့ နွားနို့သောက်ချင်တာများ
နွားမကြီးကို ဝယ်ထားဖို့ လိုချင်သေးလို့လားကွယ်။
စရိတ်စက ကုန်သပ။ နွားနို့သောက်ချင် ဝယ်သောက်လို့လဲ
ရပါတာပဲကွယ်။ ပူပူလေးပေါ့။ 😳
KZ
November 22, 2013 at 7:33 am
ပြောင်ချက်က ၉ ပဲ။
အဟွာလေ။
ဓာတ်ပုံ ကြည့်ရတာ ထိပ်ရော နောက်စေ့ရော ပြောင်နေတယ်လို့။
😀
ဦးကြောင်ကြီး
November 22, 2013 at 9:54 am
ပြောင်ချက် ဖောင်ဖျက် စောင်လှပ် ပေါင်ဟပ်.. ညောင်လျက် ဘောင်ခတ် မောင်မရှက် ထောင်မတ်
လုံမလေးမွန်မွန်
November 22, 2013 at 12:35 pm
အဘတို့က ပြောင်ပြောင်ပဲ သာမီးရယ်…
(ဘပြောင် ကို ပြောပါတယ်… 😉 )
ဗုံဗုံ
November 22, 2013 at 7:21 pm
မမဂျီး…တူက အဲ့ဒါဘာပြောတာလဲဟင်
မိဗုံနားမလည်ဘူး….ပြောပြ
KZ
November 22, 2013 at 7:35 am
ဆိုင်ကယ် တဒိထားစီးပါ ညလေးရယ်။
ခိုက်မိကုန်မှဖြင့်……………
မမဂျီး ဝက်တားဒုတ်ထိုး မစားရပဲနေမှာစိုးလို့။
:kwi:
ဗုံဗုံ
November 22, 2013 at 7:24 pm
အို…. တရဲဖစ်တွားလည်း
စားအူးမှာ…စားအူးမှာ…
Wow
November 22, 2013 at 8:21 am
အဟမ်း.. အဟမ်း… ဒီပို့စ်က နာ့ကို တင်မယ်ပေါထားတုံးက ဂလိုမဟုတ်ပါဝူး….
မုန့်ဆီကျော် ကြွေးရင်ကြွေး မကြွေးရင် နာ ရေတွင်းဗျက်ပီဒီအက်ဖွတ် တွေလာမနော်… :kwi:
ဗုံဗုံ
November 22, 2013 at 7:28 pm
အဟွတ်…အဟွတ်….ဂျီးဝါး…… သီချင်းဆိုပြမယ်…

(ဝေဒနာဆိုတာတွေဟာ..အနေကြာလာတော့လည်းလေ…..
အဖြေရှာလို့ ဆန်းစစ်မိတယ်….ဂုဏ်ကိုချစ်တာလား….ဗုံကိုချစ်တာလား….. )
ဗေဒင်ဆရာဆီသွားမေးလိုက်အူးမယ်….. အဆဲခံရကိန်းမရှိရင်….
လုပ်လိုက်ကြစို့…
ည lay
November 22, 2013 at 8:54 am
အဆက်လေးမြန် မြန် တင်ပေးရင်ကောင်းးမယ်ထင့် ့ ခုတော့ တန်းလန်းရီးးးး
မနက်ခင်းမှာ ကော်ဖီလေးဆမ်းပြီးး ဖတ် ရှု သွားပါဂျောင်းးးး
က လေးလေးမျက်နှာလေး ကွက်ကွက်ကွင်းကွင်းရီးးးကို
မြင်နေရပါ၏
ဗုံဗုံ
November 22, 2013 at 7:30 pm
အော်….ညလေးရယ်…..
ဆိုင်ကယ်လဲတာ တော်တော်စိတ်ပူသွားတယ်ပေါ့နော်….
မုန့်တွေဘာတွေနဲ့ လူနာလာမေးဖို့ မျက်လုံးထဲ ကွက်ကွက်ကွင်းကွင်းလေးရော
မြင်ဘူးလားဟင်……
ခင် ခ
November 22, 2013 at 8:58 am
ဆိုင်ကယ်ကို ဖြေးဖြေးလေးနဲ့ မေမြို့သွားတဲ့ဘက်မောင်း
ရှေ့မှာ ကလေးနှစ်ယောက်ဖြတ်သွား ရှေ့က ကလေးနောက်ပြန်လှည့်ပြေး
ရှောင်ချိန်မရ ဆိုင်ကယ်နဲ့တိုးမယ်ဖြစ် ဘေးကိုဆွဲချ အောက်ကိုလိမ်ကျ
” အ မ လေး သေ ပါ ပြီ ဟဲ့ ” အဲလိုအော်သံ ဘယ်သူကြားပါလိမ့်။
ဗုံဗုံ
November 22, 2013 at 7:32 pm
အသံတောင် မထွက်နိုင်ပါဘူး..လေးခရယ်….
အတွေးထဲမှာ….ချစ်ချစ်ဘဲ မြင်နေတော့…
ပြေးလာတာလည်း မြင်လိုက်ဘူး
တိုက်မိရင်လည်း ကိုယ့်အမှားနဲ့ မကင်းဘူး..
အတော်ကို ဒုက္ခပေးတဲ့ အချစ်…..
မဟာရာဇာ အံစာတုံး
November 22, 2013 at 9:55 am
ဇာတ် လမ်း ဟောင်း ဂျီးးးး
ဒါနဲ့ ..
အိုက်ကလေး နှစ်ယောက်ကို တိုက်ပလိုက်
ပီးရင် …
သာမီး ပြန်မွေးပေးမယ်လို့ ပေါလိုက် …
လွယ်လွယ်ဂလေးကို .. ဟီဟိ
ဗုံဗုံ
November 22, 2013 at 7:34 pm
အေး…ဒီတစ်ခါ အဲ့လိုလုပ်လိုက်မယ်..
နင်မြှောက်ပေးတာနော်…
နင် တရားခံဖြစ်သွားမယ်…ဘာမှတ်လဲ
Myo Thant
November 22, 2013 at 10:03 am
အိုက်ဒါပေါ့
သူများဆီ ပါသွားပါပြီဆိုမှ တမ်းတနေလို့ကတော့ သွားမှာပဲ ၊
ဂျင်းစိမ်း နဲ့ မိတ်သလင်ပေါ့အေ ၊
ဖူးစာမှန်ရင် ထပ်တွေ့လိမ့်မယ် ၊
အတိတ်ကိုတွေးချင်ရင် သွားလာနေတုန်း မတွေးနဲ့ ၊
အင်းးး ဒီပုံနဲ့ဆို ငါ့သား စိတ်ချရပါ့မလား မိဗုံရယ် ၊ 🙂
ဗုံဗုံ
November 22, 2013 at 7:36 pm
နင် …ကျေနပ်လို့ ပျော်မယ်ဆို..ငါ..ရင်ကွဲပြီးငိုရလည်းရှိပစေ…
ဂရုမစိုက်နဲ့လေ…မင်းကြိုက်ရာကိုရွေး….. 😥
စိတ်ချလိုက်ပါ ယောက်ခမဂျီးရယ်….
sorrow weaver
November 22, 2013 at 10:36 am
မေမြို့ဘက်သွားတဲ့လမ်းဆိုတော့ကာ ..နာ့ကို ရန်လုပ်ချင်တာများလား….မေမြို့သားကချင်နုထွားကြီးက အခုရန်ကုန်မှာ…အဟိဟိ
ဗုံဗုံ
November 22, 2013 at 7:37 pm
ကရိုး…ရှောင်နိုင်အောင်ရှောင်…
နီ့ကိုတော့ …သက်သက်မဲ့ကို လိုက်တိုက်မှာ…
ခြေဖျားကနေ ငယ်ထိပ်ထိ…. တလိမ့်ချင်း လိမ့်သွားမှာ…
ဘာမှတ်နေဒုန်း….
sorrow weaver
November 23, 2013 at 10:09 am
နင် …ကျေနပ်လို့ ပျော်မယ်ဆို..ငါ..ရင်ကွဲပြီးငိုရလည်းရှိပစေ…
ဂရုမစိုက်နဲ့လေ…မင်းကြိုက်ရာကိုရွေး….. 😥 ခုခိခုခိ
ဗုံဗုံ
November 23, 2013 at 7:50 pm
အေးပါ…နီ့အလှည့်ကျမှ…ဒူးနဲ့မျက်ရည်သုတ်နေရမယ်..
ကရိုးဂျီးရဲ့… ဟွန်း
TNA
November 22, 2013 at 4:53 pm
ကံကောင်းလို့ပါလား ဗုံဗုံရယ်။ ဘာမှကြီးကြီးမားမားမဖြစ်တာ အတော်ကံကောင်းတယ်။ ကံဆိုးတာတော့ နာဒို့ဟယ်။ အခန်းဆက်ဖြစ်နေပြန်လို့ 😥
ဗုံဗုံ
November 22, 2013 at 7:40 pm
အော်..ယောက်ခမဂျီး သဲရယ်…..

အခန်းက ဘယ်အခန်းကိုဆက်ရမလဲဟင်
ပိတ်သတ်ကြီးက ခြေမကွဲတာထက်…
အတဲ ကွဲတာပိုစိတ်ဝင်းစားနေဂျဒယ်…
စာမူခ 15 သိန်းလောက်ရမယ်ဆိုရင်ဒေါ့…..
ရင်ဘတ်ထဲရှိတာတွေ အကုန်ရေးပစ်လိုက်မှာာာာာ
TNA
November 23, 2013 at 12:38 pm
နှစ်ခန်းလုံးဆက်ပလိုက်ချွေးမွ နံပါတ်နှစ်လေး
ဘာမှအားမငယ်နဲ့ သားကလေးက အခု ပထမအဆင့်မှတ်ပုံတင်တခုရဘီ ဆက်စောင့် 😀
•*¨နန်းတော်ရာသူ •*¨
November 25, 2013 at 11:46 am
ရွာထဲရောက်ရောက်ခြင်း ဗုံကလေးပို့စ်နဲ့တန်းတိုးတယ်
ဒါနဲ့….
{စီးလာရင်းနဲ့ ချစ်သူကိုလွမ်းလိုက်သေးတယ်….
ချစ်သူနဲ့ အတူစီးမယ်ဆိုပြီး စိတ်ကူးယဉ်ထားလို့……
ထားပါတော့လေ ဒါက ကြော်ငြာဝင်တာပါ..
သူလည်းအခုဆို ရှေ့လူ ရင်ခွင်မှာ ပျော်နေလောက်ပါပြီ…}
ဆိုတာကိုဖတ်ပြီး မျက်လုံးလေးကလယ်ကလယ်ဖြစ်သွားတယ်
🙄
နောက်လူမှုတ်ဖူးလားလို့
😀
စပ်စုကြည့်တာပါ
Wow
November 25, 2013 at 1:59 pm
နောက်လူနောက်ပါတာဟုတ်ဘူးရယ် ရှေ့လူနောက်ပါသွားတာ နန်းတော်ရာသူရေ…. ငါးလိပ်ကျောက် တစ်ကောင်လောက် ပို့ပေးရင် အကုန်ဖေါ်မာ… ဒီက သိပ်နှုတ်လုံတာ…
ဗုံဗုံ
November 25, 2013 at 7:33 pm
ဂျီးဝါးနော်….. အူးလေးပေးထားတယ်နော်…

ပြောရဘူးနော်…. ပြောပြရင် ခိုးရာလိုက်သွားမှာနော်..ဟွန်း
ဗုံဗုံ
November 25, 2013 at 7:31 pm
ရှေ့လူရင်မှာ ပျော်နိုင်မှာပါ
ငါနားလည်ပြီးသား…အခုလိုပြောတာမချစ်လို့မဟုတ်ဘူးနော်
Mr. MarGa
November 25, 2013 at 3:53 pm
ဪ…
အနိစ္စ အနိစ္စ
ဆိုင်ကယ်စီးနေတုန်းမှာ ငေးချင်ရာငေး တွေးချင်ရာတွေးမှတော့
ဖြစ်တာတောင်နည်းသေးသကွယ့်
အဲဒီ ကလေးတွေကတော့ တွေးလိမ့်မယ်
ဒီအစ်မကြီး စိတ်ရော မှန်ရဲ့လား လို့ :mrgreenn:
နောက်တစ်ပိုင်းက ဘယ်မတုံး ဟင်
ဗုံဗုံ
November 25, 2013 at 7:38 pm
ဒမှာ..တဂျား….
အဲ့ဒါတွေးတာဘဲရှိသေးတာ…
မီးနီဖြတ်မောင်းမိတာတွေ…
အဝိုင်းမပတ်မိတာတွေ ရှိသေးဒယ်…..
ညည်းလို ရည်းစားလေးတစ်ယောက်တောင်
မူးလို့မှီစရာမရှိရာတဲ့ လူကိုပြောရတာ…
လက်ညောင်းတယ်….ဒါဗြဲ….
နောက်တစ်ပိုင်းက နောက်နှစ်မှ….
Ma Ma
November 26, 2013 at 3:44 pm
စာရေးဆြာဆိုတာ ဒီလို နာမည်ကို ခေါင်းစဉ်မှာ ထည့်သုံးတတ်ရတယ်။ :kwi:
ဒီရွာကို စပြီးဝင်လာကာစက စာတွေ ရေးဖြစ်မယ် မထင်လို့ နာမည်ကို ပြီးစလွယ်ပေးခဲ့တာ။
အစကသိရင် နာမည်မှာ ဘုံ ဖြစ်ဖြစ် ဗုံဖြစ်ဖြစ် ပါအောင် ပေးခဲ့ပါတယ်။
ဗုံဗုံ
November 26, 2013 at 7:34 pm
တီတီမမ ပြောမှ ဘွင်မြင့်တွားဘီ…..

ဗုံထည့်တာတော့ ဟုတ်ပါဒယ်..
မီးမီးလို အတဲကွဲတွားရင်ရော
ဘိုလုပ်မဒုန်းဟင်….