အူးဆာမေးတဲ့ ငယ်ဘဝ
စောစောက ယောက်ခမွဆာဆာက ငယ်ဘဝအကြောင်းလေးရေးပါလားလို့မေးလို့လေ… မျက်မှန်လေး မျက်နှာထောက်ထားပြီးရေးရသေးသာပ……… ငယ်ဘဝဆိုတာ ငယ်ငယ်တုန်းကဘဝပေါ့နော…. .. မိဗုံငယ်ငယ်တုန်းက မတရားဆော့တာ… ဆော့တာမှ သူများနဲ့ မတူ .. ပြောရအုံးမယ်… မိဗုံတို့ရွာက အခုထိလွတ်လပ်ရေးမရကြသေးဘူးဗျ… နေထက်လင်းတို့ သီဟတင်စိုးတို့နဲ့ တိုက်ပွဲဝင်ကြတုန်းရှိသေးတယ်… ဒီကားတွေကိုမှလည်း ရွာကလူတွေက ဇာတ်ကားထင်တာရယ်… အဒေါ်တို့အိမ်က ဗီဒီယိုပြတော့ ညနေတောပြန်ချိန်ရေမိုးချိုးပြီးရင် လာကြတော့တာ.. အတုမြင်အတတ်သင်ဆိုသလို မိဗုံတို့ဆော့လိုက်ရင် စစ်တိုက်တမ်း… ငှက်ပျောလက်တွေခုတ်.. သေနတ်လုပ်ပြီး ဆော့ကြတာ… ဆော့စရာကလည်း ပေါမှပေါ.. ငှက်ပျောလက်..သဘောင်္ရိုး.. ငှက်ပျောတုံး .. မရိုးအောင်ဆော့လို့ရတယ်… ဒီလိုနဲ့ တနေ့သောအခါဝယ်ပေါ့လေ.. ရွာမှာ အိမ်ကိုဘဲအမိုးမိုးတာဘဲဖြစ်ဖြစ် နွားတဲမိုးတာဘဲ ဖြစ်ဖြစ် လူကြီးတွေက အပေါ်ကနေ ထန်းရွက်တွေပစ်ချ ကလေးတွေက အောက်ကနေ နိုင်သလောက် နှစ်ချပ် သုံးချပ် သယ်ပေးရတယ်.. သယ်ပြီးရင် မူးကျင်းထဲ သွားပစ် ..မူးရေတိုးလာတော့ အဲ့အမှိုက်တွေပါသွားရော…. မိဗုံတို့လည်း မနက်လင်းကတည်းကသွားတာ.. အဖေ့ပုဆိုးတစ်ထည် စလွယ်သိုင်းပြီး …. အကြံနဲ့လေကိုယ်က… မသွားခင်တိုးတိုးတိတ်တိတ် တိုင်ပင်ထားကြ သေးတာ… ဒီလိုနဲ့အမှိုက်တွေဒရွတ်ဆွဲလာ.. ရွာလယ်မှာ အပျိုကြီးမဝင်းရွှေအိမ်ရှိတယ်.. သူက ရွေဘိုမြို့ပေါ်ကနေ ကုန်တွေဝယ် ရွာမှာပြန်ရောင်း.. အဲ့လိုလုပ်တာ အိမ်မှာအမြဲမရှိဘူး… သူ့အိမ်က မိဗုံတို့ ဆော့စရာ… မန်ကျဉ်းပင်… စောင်းလျှားပင်..ဥသျှစ်ပင်..ရှောက်ချိုသီးပင်.. စုံလို့ စုံလို့ ရှိတယ် အိမ်ဝင်းထဲမှာ အုံ့မှို်င်းလို့ အပျိုကြီးဆိုတော့ အပေါက်ကလည်းဆိုးလိုက်တာပြောမနေနဲ့ သူ့အပင်က ဘာသီးမှ တောင်းလို့မပေးဘူး မိဗုံတို့ကတော့မပေးလည်း ခိုးပြီးခူးစားကြတာ…. ဖိနပ်ပေါက်ပြီးတစ်မျိုး… ဝါးလုံးနဲ့ထိုးပြီး တစ်သွယ်.. ထင်းချောင်းနဲ့ လှမ်းပစ်တာက တဖုံ.. သူ့အပင်တွေခမျာ အတော်ဒဏ်ခံရရှာတာ…. သူမရှိရင်တော့ ခွေးတိုးပေါက်ကနေဝင်ပြီး မီးကုန်ရမ်းကုန်ဆော့ကြတာ… အဲ..ခုနက ဆွဲလာတဲ့ ထန်းရွက်တွေကို မူးကျင်းထဲ ရောက်အောင်မပစ်ဘဲ ခြံစည်းရိုးအပေါက်ကနေ ခြံထဲပစ်ပစ်ထားခဲ့တာ…. လုံလောက်ပြီဆိုတော့ သွားမသယ်တော့ဘူး…. ခြံထဲမှာ တဲတွေဆောက် ပြီးတာနဲ့ လူစုခွဲ .. ရွာသားတွေ သီဟတင်စိုးတို့က တစ်ဖက် ပုလိပ်တွေကတစ်ဖက်.. ကိုယ်က သူပုန်ခေါင်းဆောင် ဇတ်လမ်းက ညကကြည့်ထားတဲ့အတိုင်း ရွာထဲကိုဝင် သေနတ်ဖောက် မီးရှို့ … တဲတွေကလည်း အစီအရီဆောက်ထားပြီး..မီးခြစ်ကလည်း အိမ်ကခိုးလာပြီး… ဘာပြောကောင်းမလဲရှို့ထည့်လိုက်တာ…. နွေရာသီလည်း ဖြစ်..ထန်းရွက်တွေကလည်း ဆွေး… မလောင်ချင်မှအဆုံး… အိမ်မိုးနေတဲ့လူကြီးတွေက မီးတောက်တွေမြင်တော့ ပြေးဆင်းလာပြီး အတင်းဝိုင်းပြီး ငြိမ်းကြလို့ အပျိုကြီးရဲ့ မီးဖိုတစ်ခြမ်းဘဲပါသွားတာ… မိဗုံတို့လည်း ခွေးတိုးပေါက်နေထွက်ပြီး ပြေးလိုက်ရတာမှ မှုန်လို့..ရိုက်ခံရမှာကြောက်လို့လေ… ဘယ်သိမလဲနော…ဒီလိုရှို့ရင် ဒီလိုလောင်မယ်ဆိုတာ.. ဇာတ်ကားထဲကလို တစ်ခန်းပြီးသွားတာနဲ့ အသစ်ပြန်ဖြစ်သွားမယ်မှတ်နေတာပေါ့ .. အဲ့အချိန်ကနေပြီး အပျိုကြီးကဈေးရောင်းမစားတော့ဘူး .. သူ့အိမ်စိတ်မချလို့ ငွေတိုးဘဲပေးစားတော့တာ…
အဲနောက်တစ်ခုက မိဗုံတို့အဖိုးနဲ့ သူငယ်ချင်းလို့ပြောရမှာပေါ့ သူက ရှေးလူကြီးမို့လားတော့မသိဘူး မတရား လျှာရှည်တာရယ်.. ရေနွေးကလည်း တအားသောက်တာ.. အိမ်လာရင်ရေနွေးအိုးချပေးရတာ တလုပ်.. မိဗုံငယ်ငယ်တုန်းက သူ့ဆိုမတည့်ဘူး.. ခြေနင်းသံကြမ်းရင် ကြမ်းပြန်ပြီ… စကားကျယ်ပြောရင် ပြောပြန်ပြီ ဖိနပ်ချွတ်ရင် ညီအောင်မချွတ်လို့… စသဖြင့် စသဖြင့် စုံလို့… အဲ့ဒါမျိုးတွေ မမြင်ချင်ရင် အိမ်မလာနဲ့ပေါ့လို့ ကိုယ်ကပြန်ပြန်ပြောရင် အမေတို့က ဆွဲဆွဲဆိတ်လို့ ပါးစပ်က ပြန်မပြောရဲဘူး.. စိတ်ထဲကတော့ ညှိုးထားတယ်… အဲ့ဒီနေ့ကလည်း လာပါရော.. တောင်ဝှေးကြီးထောက်လို့ .. မိဗုံက လှေကားကို ခြေတစ်ပေါင်ကျိုးလုပ်ပြီး တက်လိုက်ဆင်းလိုက်ဆော့နေတာ.. ဆော့ရမလားဆိုပြီး တောင်းဝှေးနဲ့ ခေါက်သွားတယ်.. စိတ်ကတိုပြီ… အဘိုးက မိဗုံရေ ရေနွေးချပေးလိုက်ပါအုံးဆိုတာနဲ့.. သူသောက်မယ့်အိုးထဲကို လက်ဖက်ခြောက်ကနည်းနည်းလေးဘဲထည့်ပြီး ကွမ်းယာထဲထည့်စားတဲ့ ဆေးရွက်ကြီးခြောက်တွေ ထည့်ပေးလိုက်တာ…. အဲ့နေ့က ချွေးစေးတွေပြန်ပြီး အိမ်မှာတင် ဆရာပင့်ပြီး ဆေးထိုးလိုက်ရတယ်…. (တောင်းပန်ပါတယ် အဘိုးရယ်.. ကလေးတုန်းက မသိလို့..
ပြီးတော့လေ ရွာမှာက အိမ်ကိုဧည့်သည်တွေလာရင်.. အိမ်ကကြက်ချက်ကျွေးကြရတာ.. ဈေးတွေဘာတွေလည်း မရှိတော့… အဲ့ဒါနဲ့ အိမ်ကိုဧည့်သည်တွေလာပါလေရော… ကြက်တွေလည်းမျက်ခုံးလှုပ်ပြီပေါ့… မိဗုံကို ဦးလေးက ပေးထားတဲ့ ကြက်မလေးရှိတယ်…. ကိုယ်က သိပ်သံယောဇဉ်ကြီးတော့ အရိပ်တကြည့်ကြည့်နဲ့ပေါ့… သူကကြက်ကလေးတွေပေါက်တော့ ရှစ်ကောင်… ကြက်ကလေးတွေ နည်းနည်း ကြီးလာတော့ ..ကြက်နာကျတာနဲ့ တိုးတယ်… ပါးစပ်ထဲက အရည်တွေထွက်ပြီး မှိန်းနေကြတယ်… အဲ့ဒါကိုမိဗုံက ကြက်ကလေးတွေ နှာစေးနေတယ်လို့ထင်တာ.. ကိုယ်တွေနှာစေးရင် အမေက ဘာမီတွန်တိုက်နေကြဆိုတော့.. ဘာမီတွန်တွေကြိတ် မောင်လေးကို ပါးစပ်ဖြဲခိုင်း ဆေးထိုးပိုက်နဲ့ စုပ်ထည့်ပြီး ကြက်ကိုဘာမီတွန်တိုက်ကြတာ..ပြီးတော့ ပုဆိုးစုတ်တွေနဲ့ အုပ်ပေး..အအေးမမိအောင်လို့…. နေ့လည်လည်းမလှုပ် …ညနေလည်း ထမလာ.. . မနှိုးသောအိပ်စက်ခြင်းနဲ့ အိပ်ပျော်သွားကြလေသတည်းပေါ့…. (အော် ကလေးဆိုတော့ မသိလို့ပါ..စေတနာတွေဗလဗွနဲ့ ပါ) အဲ့ဒါနဲ့ အူးလေးက အစားပြန်ပေးထားတာ ကြက်မလေး .. ခြေထောက်က အမည်းလေးနဲ့ .. ဧည့်သည်တွေလာတော့ ချက်ကျွေးရအောင်ဆိုပြီး ကြက်အုပ်စုကို လိုက်ပစ်ရော…ပစ်တာက တခြားကြက် မှန်တာက မိဗုံကြက်… အကျိုးပေးပုံများ… အဲ့ဒါအူးလေးက မိဗုံသိရင်.. ဆူညံနေလိမ့်မယ်.. ဧည့်သည်တွေနဲ့ဆိုပြီး ဘယ်သူ့မှ မပြောဖို့ပြောထားတယ်… ဒီလိုနဲ့စားချိန်ရောက်.. မိဗုံကလည်း ခြေထောက်နှစ်ချောင်းဆင်း ဇလုံကိုပေါင်ပေါ်တင်ပြီး စားနေပြီကြက်သားနဲ့… အဲ့ဒါကို အပေါင်းအသင်းကလည်း ကောင်းတော့ စားနေတုန်းလာပြောတာ… နင့်ကြက်လေး ဟဲ့ အဲ့ဒါက .. မဟုတ်ဘဲနဲ့ မပြောနဲ့လို့ ဆိုတော့… မန်ကျည်းပင်အောက်မှာ အမွေးတွေတောင်ရှိသေး ငါလိုက်ပြမယ်..ဆိုပြီး သွားကြည့်တော့ အဟုတ်.. ဒါနဲ့စားနေတဲ့ ထမင်းတွေကို အိမ်ရှေ့တင်လင်းထဲ ကို ပက်ပြီး ကြက်တွေကိုခေါ်တာ…. သေချာအောင်လို့ ဟုတ်သား.. ကိုယ့်ကြက်က ပါမလာဘူး… ထမင်းဇလုံကို ပစ်ချပြီး ဧည့်သည်တွေကျွေးနေတဲ့နေရာသွားပြီး ငါ့ကြက်ကို ပြန်ဆက်ပေး… ပြန်ဆက်ပေးဆိုပြီး ဟင်းပုဂံထဲ ရောက်နေတဲ့ ကြက်ကို အကောင်ဖြစ်အောင် ပြန်ဆက်ခိုင်းတာ… စားပွဲခုံကို ခြေကန်ဆွဲပြီး အတင်းအော်ငိုပြီး ကြက်ကို အကောင်ဖြစ်အောင်ပြန်လုပ်ခိုင်းတာ.. ဧည့်သည်တွေလည်း ထမင်းစားပျက်… အမေတို့လည်း စိတ်တွေညစ်ပြီး တစ်အိမ်လုံးဆူညံနေလို့… အူးလေးက တခြားအိမ်က ကြက်နီမကို မရမက ဖမ်းပြီး ဆောင်းနဲ့အုပ် ပြီးမှ မိဗုံကိုခေါ်ပြပြီး ဟိုမှာ ကြက်ဆက်ပြီးသွားပြီး မဆူနဲ့တော့ဆိုပြီး ချော့တာ.. ဒါပေမယ့် အဲ့ဒီကြက်က ခြေထောက်အဝါရောင်..မိဗုံကြက်ကခြေထောက်အမည်း… ငါ့ကြက်မဟုတ်ဘူးဆိုပြီး ငိုပြန်ရော.. အူးလေးဖြစ်သူက ခုနက ဆနွင်းမှုန့်နဲ့ချက်လို့ ခြေထောက်က ဝါသွားတာ ဆိုမှ.. အငိုတိတ်ပြီး ထမင်းဇလုံပြန်ကောက်ပြီး.. ပြန်စားတာ…. ခုန ကြက်သားဟင်းနဲ့…. ( မပြောဘူးလား… ကလေးပါဆို..ဘာသိလိမ့်မတုန်းနော့ ) …
41 comments
ခင်ဇော်
December 2, 2014 at 12:40 pm
ပဂိုးဒါး
ပဂိုးဒါးးး
တူမ ဂုန်ဒေါ အနံဒေါ။
:s:
ဦးလေးကိုပဲ ယူပါရစေကွယ်။
တူမလေးကတော့ ကိုယ့်ရပ်ကိုယ့်ရွာမှာပဲ နေဂဲ့နော်။
ဗုံဗုံ
December 2, 2014 at 1:00 pm
ဟင့်အင်း… ဟင့်အင်း…
မမဂျီးနဲ့ ခွဲနိုင်ဘူး…. မမဂျီးနဲ့ ခွဲနိုင်ဘူး..ဆိုမှ…..
လိုက်မှာဘဲ….လိုက်မှာဘဲ…
surmi
December 2, 2014 at 12:54 pm
အောင်မလေးးးးး
အတော်ဆော့တဲ့ကလေးပဲ
ဒါကြောင့်လူဇိုးဂိုဏ်းဝင်ဖြစ်နေတာ
မီးရှို့တဲ့ အခန်းတော့ ကြိုက်သွားပြီဗျို့
ကောင်းလေလေ့ ကောင်းလေလေ့
တကယ့်ကို ငယ်ဘဝပြန်မြင်စေအောင်ရေးနိုင်ပါပေတယ်
.
.
.
.
.ဆက်ရေးပါဦး
ငယ် ၊ လတ် ၊ ကြီး အထိ
အခု ငယ်ဘဝမှာ နောက်ထပ်ကျတ်နေသေးတာတွေရှိသလို
၁၄ – ၁၆ အရွယ်တွေက ကြောင်းတွေလည်း ချန်မထားပါနဲ့ :kwi:
ဗုံဗုံ
December 2, 2014 at 1:03 pm
အဲလေ… ၁၄ ..၁၆ .၂၀…. ထိ ဆော့တုန်းဗျ ယောက်ခမ….
ရေးစရာတွေတပုံကြီးရှိသေး ..
၂၂ ရဲ့ ဒီဘက် ဒီရွာထဲရောက်မှကွာ……..
အော်…. ရေးစရာတွေ ထပ်ရလာတယ်လို့…
ဦးကြောင်ကြီး
December 2, 2014 at 1:48 pm
ကယားသဗုံမ
ဖလားတစုံရ
မနားဂဠုန်ထ
စကားအကုန်ပြ..
ဗုံဗုံ
December 2, 2014 at 1:57 pm
ကြောင်နဲ့ ဆော့တာတွေ ရေးလိုက်မှာနော်….
လုံမလေးမွန်မွန်
December 2, 2014 at 1:53 pm
နာ အရှုံးပေးတယ်ဗုံ.
တစ်ခုတော့ မေးအူးမယ်.. ကိုယ့်ရည်းစားရှေ့မှာ လုံချည်စလွယ်သိုင်းပြီးဆော့ဖူးလား 😀
ဗုံဗုံ
December 2, 2014 at 2:00 pm
ဟင့်အင်း မွန်…စလွယ်သိုင်းပြီး မဆော့ဖူးဘူး .. အုပ်ဘဲ အုပ်မိဖူးတာ..
အလင်းဆက်@မောင်သူရ
December 2, 2014 at 4:39 pm
တလင်း ကို ဘာလို့ တင်လင်းးလို့ ခေါ်တာလဲငင်
တသ်ဆိုတာ ဖင်ကို ပြောတာ
လင်းတာနဲ့ ပြောင်တာလည်း သိပ်မထူးဘူး
ဒီတော့ နိ တင်လင်းက ဖင်ပြောင် ဖြစ်နေပြီ။
ဒါမယ့် ပြောပါဘူး။
နာ့အတွေးအခေါ်က ခါးအောက်ပိုင်းတဝိုက်ကကို မတက်ဘူးလို့ ပြောစရာဖြစ်နေမှာစိုးလို့။
လာဖတ်သွားတယ်ကွ
အာ့လာပြောတာ။
အာပျိုရီးတွေကိုလည်း ပြောလိုက်ပါဦး
ဒဒိရတယ်လို့။
ယောကျာ်း ယူကြပါတော့လို့။
နီရောပဲ။
နိကို လက်လျားလက်လျား မမြင်ချင်ဘူး။
ယောကျာ်းတွေအတွက် အန်ဒရယ်များလို့။
ဂွိဂွိ
:k:
ဗုံဗုံ
December 3, 2014 at 9:33 am
ဟဲ့ အမှားရှိလို့ခဲတံနောက်မှာ ခဲဖျက်တပ်ပေးထားတာမို့လား….
ပြင်လိုက်ပါ့လား… မွှေးညှပ်ရဲ့ ..အာ့ဂျောင့်လည်း နီက ဟိုကောင်လောက်တောင်
ကျစိမ့်မသောက်ရတာ….
uncle gyi
December 2, 2014 at 11:09 pm
ကိုယ်တွေလည်းငယ်တုန်းကဆော့တာပါပဲ
ဒါပေမဲ့အခုမှဆရာလာတွေ့တယ်
တွေ့ရင်နှုတ်မဆက်ကြေးနော်
ဗုံဗုံ
December 3, 2014 at 9:36 am
ဟိုင်း အန်ကယ်ဂျီး…..
ဝူခုံးကားထဲကလို သိုင်းချတမ်းဆော့ရအောင်…
nozomi
December 3, 2014 at 10:00 am
ငယ်ဘဝတောင် ဒီလောက်စိတ်ဝင်စားဘို့ကောင်းရင်
ကြီးဘဝဆို ဆိုဘွယ်ရာ မရှိပေါ့
ရေးဖြစ်အောင် ဆက်ရေးနော
ဗုံဗုံ
December 3, 2014 at 10:20 am
ကြီးဘဝကတော့ ဆိုဖွယ်ရာမရှိပေါ့ အူးနိုရာ….
ဘာပြောကောင်းမလဲ သာစောစလောင်း ဆိုသလို
ဘာမှကို ပြောမကောင်းဘူး….
aye.kk
December 3, 2014 at 10:15 am
ရေးပြတတ်ပါ့ဗုံဗုံရယ် ဖတ်လို ့ကောင်းလိုက်တာ ။
ငယ်ဘဝဆိုတာ အဲလိုပါပဲ ၊ မေ့လွယ်ပျောက်လွယ် မနှူးးမနပ်တဲ့အရွယ်မို ့လေ။။
ဗုံဗုံ
December 3, 2014 at 10:26 am
ထန်းတောသွားပြီး ထန်းရေပြိုင်သောက်တမ်းပြိုင်ကြသေးတာ
ညောင်ရွက်ကို ကန်တော့ထိုးပြီး ပြိုင်သောက်ကြတာ…
လမ်းမလျှေက်နိုင်တော့လို့ အိမ်ကလှည်းနဲ့လာခေါ်ဖူးတယ်…
တော်သေးတယ် အန်တီအေးရယ်… ကြီးလာလို့အရက်သမားမဖြစ်တာ
ကံကောင်းတယ်ဆိုရမှာဘဲ……
Wow
December 3, 2014 at 10:42 am
သဗုံက ငယ်ကထဲက သဗုံဂိုးးးး
ဒါနဲ့ ကြက်ချက်စားရင်စား လယ်နဲ့ နွားတော့ ဂျီးဒေါ်ဖို့ချန်ထားနော် တူမလေး
ဗုံဗုံ
December 3, 2014 at 11:07 am
အူးလေးက လေဖြတ်ထားတော့
ဂျားဝီးကိုယ်တိုင်ဘဲ လယ်ထွန် နွားကျောင်း
လုပ်ရမှာ…….
Wow
December 3, 2014 at 11:29 am
အူးလေးကို တူမလေးလက်အပ်ခဲ့ပီး လယ်နဲ့နွားရောင်း ဂျီးဒေါ်က မြို့မာ ဆေးဆရာသွားရှာမလေ
ဗုံဗုံ
December 3, 2014 at 11:48 am
ဆေးဆြာမရှာဘဲ …. စပွန်ဆာပေးနေရင် ဒွတ်ခ
ရှိတာလေး ကုန်ရချိရဲ့…
kyeemite
December 3, 2014 at 1:23 pm
.ငယ်ဘွအကြောင်းပြန်ပြောရတာ ပျော်စရာတယ်ကောင်း…
.ကျုပ်တို့ငယ်ငယ်ကလည်း ဧည့်သည်မျှော်ရတာအမော..ဟင်းကောင်းစားရလို့ :k:
.နယ်မှာနေခဲ့ရတဲ့ကလေးတွေတိုင်း ဗုံဗုံတို့လိုပဲ မီးတောက်အောင်ဆော့ခဲ့ကြရတာချည်းပဲ..ကံကောင်းပ
.နောက်ဆက်မဲ့ဇတ်ကြမ်းလေးတွေစောင့်ဖတ်ပါအုံးမယ် :))
ဗုံဗုံ
December 3, 2014 at 1:31 pm
အံမယ်.. နောက်ဇာတ်မယ့်ဇာတ်လမ်းက
ကြမ်းမယ်ဆိုတာ ကြိုသိဒယ်ပေါ့…
အာ့ဂျောင့် ငှက်ကထကြီး ဖြစ်တာ..
kyeemite
December 3, 2014 at 2:53 pm
.ရွှေဘ နောက်ပိုင်းကြမ်းမည်ဆိုတာမိုးပေါ့ ..ငိငိ :k:
ခင် ခ
December 3, 2014 at 4:03 pm
ဪ မိဗုံ ရဲ့ ငယ်ဘဝအကြောင်းကိုး၊ ဖတ်ပြီး ဟို သီချင်းသွားသတိရတယ်
” ဒီအရွယ် သင်းသင်း တို့အရွယ် ကျမ ကျမ တို့ အရွယ် ဆယ်ကျော်ငါးနှစ်ပတ်လည် အရူးမနှံတဲ့ အရွယ်ခေါ်မလား ………… “
ဗုံဗုံ
December 3, 2014 at 4:08 pm
ဆယ်ကျော်သက်တောင်မဟုတ်..နှစ်ဆယ်ကျော်သက်တောင်
ဆော့သဗျား…မနေ့ကတင် ဒန့်သလွန်ပင်ပေါ်တက်တာ…..
ခြစ်မိသွားလို့…… လေးခငယ်ငယ်တုန်းကလည်း လေးခွတစ်လက်နဲ့
ဆော့တာဘဲမို့လား….
မဟာရာဇာ အံစာတုံး
December 4, 2014 at 12:26 am
သူတို့ရွာမှာ ဧည့်သည်လာရင်
ကြက်သားဟင်းနဲ့ ထမင်းကျွေးတယ် ဆိုဘာလား …
မဖြစ်သေးပါဘူး …
ငါလည်း ရောက်ဖူးတယ် ရှိသွားအောင်
နင့်တို့ရွာကို လိုက်ပြီး လည်ဦးမှဘာ ….
ဗုံဗုံ
December 4, 2014 at 9:20 am
နင့်တော့ ကြက်သားမကျွေးဘူး…
ကြက်ပစ်တဲ့ဒုတ်ဘဲ ရမယ်….
တေမယ်….သတိထား…
Crystalline
December 4, 2014 at 9:56 pm
သဗုံက ငယ်ဘွထဲက သဗုံကိုး.. :k: အစမသတ်ရသေးတဲ့ဇာတ်လေးလည်းဆက်ပါအုန်း :))
ဗုံဗုံ
December 5, 2014 at 9:06 am
အဟင့် လာလာစပြန်ပြီ ….. ငိုချင်နေပါတယ်ဆိုမှ… 😥
ကန္နားစီး မိဂီ
December 5, 2014 at 5:13 am
ဟိ
ကျော် ငယ်ငယ်တုန်းက ဆော်အလွန်ကြည်သဗျ…
အဲ… အဲ့ရောဂါ ကြီးတော့ ပိုဆိုးလာတယ်…
lolzzzz
ဗုံဗုံ
December 5, 2014 at 9:07 am
ဂီ… အိမ်ကလှည်းနဲ့ နွားလေး
ဂီ့ကို စပွန်ဆာ ပေးဗျဇီ….
padonmar
December 5, 2014 at 7:35 am
ရီလိုက်ရတာ ဗုံတလုံးရယ်။အသက်ရှည်ဆေးလေး ခဏခဏလာတိုက်ပါနော်။
ဗုံဗုံ
December 5, 2014 at 9:09 am
တီဒုံ ရေနွေးသောက်မလားဟင်….
Kaung Kin Pyar
December 6, 2014 at 9:31 am
ခု ရန်ကုန်က ကလေးတွေ ဒီစာများ ဖတ်မိရင် သဗုံကို အားကျသွားမယ်….
သူရို့မယ်…ကျောင်းနဲ့ အိမ်နဲ့ ကျုရှင်နဲ့ ဂိုက်နဲ့….
😥
ဦးကြောင်ကြီး
December 6, 2014 at 11:52 am
အဲဒါ၈တော့ ကင်းကောင်ပြာ တာဝံယေ.. ဦးကြောင်က ပိုက်ဆံလျှာဒါပဲ တတ်တယ်..။ ခလေးတွေက ကင်းကောင်တာဝမ်..။
Kaung Kin Pyar
December 6, 2014 at 12:14 pm
. ဒီလို ကလေးထိန်း တာဝန်ဂနေ ရှောင်ထွက်သွားလို့ ရမား အူးကြောင်…
🙁
ဗုံဗုံ
December 7, 2014 at 4:41 pm
ရန်မဖြစ်ကြနဲ့ တိတ်ကြ တိတ်ကြ ခိခိ
တောင်ပေါ်သား
December 6, 2014 at 2:26 pm
ဒီရွှေဘိုသဗုံကို ချွေးမတော်ရလို့ကတော့
ယောက္ခမ မသောက်ပဲ မူးလောက်တယ် ၊ 🙂
ဗုံဗုံ
December 7, 2014 at 4:43 pm
အရက်ဖြတ်ဆေးလေ ယောက်ခမွ…. ပိုက်ဆံကုန်သက်သာတာပေါ့…. 😛
မြစပဲရိုး
December 6, 2014 at 11:18 pm
ဖတ်ပြီး ရီလိုက်ရတာ။
အဓိက ထမင်းစား နေတဲ့ ဧည့်သည် ရဲ့ ဘွ ကို ပုံဖော်ကြည့်ပြီးတော့။
ဒါမျိုးလေး တွေ များများ ဖတ်ချင်ပါရဲ့ ဗုံကလေးရယ်။
ရေးစမ်းပါ။
:))
ဗုံဗုံ
December 7, 2014 at 4:49 pm
အရီးလာရင် ရေနွေးတိုက်မယ် ကြက်သားဟင်းနဲ့ ကျွေးမယ်လေ 😛 😛