ကျနော်တို့ ရွာထဲမှာဗျာ (နိုဝင်ဘာ ၂၀၁၄)
အရသာ စာပေလေးနဲ့ စလိုက်ရအောင်..!!
စားဖိုမှူးလုပ်ရအောင်
အောင်မိုးသူရဲ့ ရသစာ သမားကနေ ရသာ စာပေပိုင်းကို ကူးတော့မလား ထင်မှတ်မှားရတဲ့ ပို့(စ) တွေပါ။
ကိုယ်တိုင်ကျွမ်းကျင်စွာချက်ပြုတ်နိုင်တာမို့ ချက်ရေးပြုတ်ရေး သွေးအေးနေတဲ့ အိမ်ရှင်မတွေ အတွက် အကျိုးရှိနိုင်တာမို့ ညွှန်းလိုက်ပါရစေ။
.
.
.
စိတ်အဆာသွတ်ပေါင်း – ကြွေလွင့်ပန်း
https://myanmargazette.net/206993
ကြွေလွင့်ပန်း ရဲ့ ဖြစ်ရပ်မှန် အခြေခံ ရသ စာတစ်ပုဒ်ပါ။
ဖတ်ပြီး နည်းနည်း မွန်းကြပ်လာသလို ခံစားရတာကလွဲရင် ခံစားချက် အပြည့်ပါတဲ့ စာစုမို့ ညွှန်းချင်ပါတယ်။
.
.
.
စိတ်ကိုပြင်ချင် ရိပ်သာဝင် အပိုင်း(၁) မှ (၅) – aye.kk
https://myanmargazette.net/207452
အေးကေကေ ရဲ့ အတွေ့အကြုံနဲ့ ဓမ္မ အမြင်ကို အပိုင်းခွဲပြီး ရေးထားတဲ့ အဖိုးတန်ပို့(စ) လေးတွေပါ။
ဖတ်ပြီး တရားဓမ္မ ကိုယ်နဲ့ ဘယ်လောက် နီးကပ်နိုင်မလဲ စဉ်းစားမိသွားနိုင်တဲ့ ပို့(စ) တွေပါ။
.
.
.
“ ပျော်ရွှင်ဆင်နွဲ ရွာအလှူပွဲ” – ကိုပေါက်(မန္တလေး)
https://myanmargazette.net/207237
အလှူပွဲကပြန်ခဲ့တယ် – ကိုပေါက်(မန္တလေး)
https://myanmargazette.net/207437
တဆက်တည်း ဖတ်ရမဲ့ ပို့(စ) ၂ ပုဒ်ပါ။
မြန်မာ ဆန်သော ကျေးလက်ဆန်သော အလှူတစ်ခုကို အရေးအသားရော ဓာတ်ပုံနဲ့ တကွ ပြသသွားတာမို့ ဖတ်ကြည့်ပါဦး။
.
.
.
စကားလုံးပြတိုက်-အမှတ်(၁) – အလင်းဆက်@မောင်သူရ
https://myanmargazette.net/207318
အလင်းဆက်ရဲ့ မအားတဲ့ကြားက သူမြတ်နိုးရာ ကဗျာ အပိုင်းအတွက် အားထုတ်ထားတဲ့ ကဗျာပို့(စ) အညွှန်းလေးတွေဖြစ်ပါတယ်။
ကဗျာချစ်သူတွေ လက်လွတ်မစိုးလို့ စာကြမ်းပိုးတို့က ပြန်လည် ညွှန်းဆိုလိုက်ရပါတယ်။
.
.
.
ဗစပ်ကဖျားဖျား လက်ကဓါးဓါး Militant – ဦးကြောင်ကြီး
https://myanmargazette.net/207298
ခု လပိုင်းတွေမှာ ဦးကြောင်ကြီးရဲ့ အမြင်တွေကို အကြိုက်တွေ့နေမိတာမို့ ညွန်းဆိုလိုက်ပါတယ်။
.
.
.
ROMANTIC TATTOO – လရိပ်
https://myanmargazette.net/207394
ရွာသူ အသစ်လေး လရိပ်ရဲ့ ညက်ညောတဲ့ အရေးအသားနဲ့ ဆွဲဆောင်သွားတဲ့ ပို့(စ) တစ်ပုဒ်ပါ။
စစချင်း ပို့(စ) မှာကို အားပေးမှုတွေ အများကြီးရတဲ့ လူသစ်တစ်ယောက်ပါပဲ။
.
.
.
လို၏…….မလို၏…. – hmee
https://myanmargazette.net/206997
ပေးချင်တဲ့ အကြောင်းအရာလေးကို ပြေပြေပြစ်ပြစ် ရင်ထဲရောက်အောင် ပေးလိုက်နိုင်တဲ့ အရေးအသားနဲ့ ဖွဲ့နွဲ့မှုပါ။
အမျိုးကောင်း သမီး ဆိုတာကို ဘယ်လို ယူဆသလဲလို့ မေးရင် ဖတ်ဖို့ ညွှန်းရမဲ့ ပို့(စ) တစ်ပုဒ်အဖြစ် စာကြမ်းပိုးတို့ မှတ်တမ်းတင်ပါတယ်။
.
.
.
ရွက်ပုန်းသီးများ – မစုဉာဏ်
https://myanmargazette.net/207577
လကုန်ခါနီးမှ ဖတ်ရတဲ့ ပို့(စ) ပါ။
စာရေးသူရဲ့ ကိုယ်တွေ့ အလုပ်အတွေ့အကြုံကို ကိုယ်ချင်းစာတရား၊ နားလည်မှု တွေနဲ့ ဖြည့်စွတ်ရေးသားထားတာမို့ စာကြမ်းပိုးတို့ ဒီ လ အကြိုက်တွေ့တဲ့ ပို့(စ) ပါ။
.
.
.
လက်ခံရခက်ခဲသော………… – Mr. MarGa
https://myanmargazette.net/207540
မောင်ဘလှိုင်
ခင်ဇော်
မစ်စတာ မာဃ ၃ ယောက်ပေါင်း ရေးထားတဲ့ ပို့(စ) တစ်ပုဒ်ပါ။
ဘာသာပြန်လှလှကို
မတူညီတဲ့ မှတ်ချက်တွေနဲ့ ပေါင်းစပ်ထားတာမို့ ဖတ်ပျော်တဲ့ စာတပုဒ်ပါ။ ရှယ်သူလည်း များပါတယ်။
.
.
.
တခြား ပို့(စ)တွေကတော့……….
အားကျမိတဲ့ အမေရိကန်တယောက်- padonmar
https://myanmargazette.net/207186
ခေါင်းလေး တမော့မော့ – weiwei
https://myanmargazette.net/206778
.
.
လွမ်းရုံလေးနဲ့ နွမ်းမယ်ထင်ပါရဲ့….- Shwe Ei
https://myanmargazette.net/207324
.
.
အပျင်းပြေ ထိုင်ကစား – ခင်ဇော်
https://myanmargazette.net/204709
.
.
ချစ်သဲကြိုး – Nay Satkyar Naing
https://myanmargazette.net/206867
.
.
ကြမ်းပိုးများနှင့် အိမ် – တောင်ပေါ်သား
https://myanmargazette.net/207052
26 comments
ခင်ဇော်
December 2, 2014 at 2:07 pm
၁၄ ပုဒ် ဆိုတော့ မဆိုးဘူး ပြောရမားး
ရွေးစာ နည်းတယ် ပြောရမား မသိ။
🙄
အောင် မိုးသူ
December 2, 2014 at 2:16 pm
ဟင်းချက်လည်း ဝါသနာပါလို့ပါ 🙂
ခင်ဇော်
December 2, 2014 at 2:24 pm
တညား ထမင်းဆိုင်မှာ တစ်ပတ်လောက် မချက်ချင်ဘူးလားငင်??
:mrgreenn:
Mr. MarGa
December 2, 2014 at 2:36 pm
မားကတ်တင်း များ
မြန်ချက်ကယ်…
:a:
ခင်ဇော်
December 2, 2014 at 2:40 pm
ဒါတောင် မာကက်တာကို စပွန်ဆာမပေးရသေးဝူးးး
ခိခိ
:k:
အောင် မိုးသူ
December 4, 2014 at 2:42 pm
ချက်ပေးချင်ပါတယ် ထမင်းဆိုင်ပိုင်ရှင် မမဂျီး
ခင်ဇော်
December 4, 2014 at 2:44 pm
အာ့ဆို တပတ်စာ
ဟင်းစပ်ရော
ချက်နည်းလေးရော နဲ့ ရေးပေးနော်။
ဟိ
:k:
kai
December 2, 2014 at 2:41 pm
ဒီဇင်ဘာတော့ရောက်ပြီ…
နိုဝင်ဘာနောက်ဆုံးရက်တွေက.. ယူအက်စ်မှာ.. ကျေးဇူးတော်များနေ့နဲ့ဆက်ပြီး.. ပိတ်ရက်ရှည်ရကြတာမှာ.. ဓာတ်ဆီဈေး.. တဂါလံ.. ၃ဒေါ်လာအောက်ကျသမို့.. ခရီးရှည်ထွက်ကြနဲ့.. အိမ်မကပ်ကြ…။
ဆိုတော့…
စာဖတ်သူနည်းဟန်ရှိ..။
ဒါပေမယ့်.. ပို့စ်ကောင်းတွေမြင်ရတယ်.. ထင်.. :k:
weiwei
December 2, 2014 at 4:05 pm
မျှော်နေတုန်း ရောက်လာတဲ့ပို့စ်မို့ ကျေးဇူးတင်ပါတယ်လို့ …
ကလေးတွေလိုမျိုး စာမေးပွဲဖြေခါနီး စပေါ့တောင်းသလိုဖြစ်နေပြီ … 🙂
အလင်းဆက်@မောင်သူရ
December 2, 2014 at 4:43 pm
တိန် တိန် နှစ်ခါတိန်
ရွေးပြီးသွားပါပေါ့လား။
ကူမို့ဟာတောင် မကူလိုက်ရဘူး။
ကဗျာပြတိုက်ဘက် စိတ်နှစ် ကိုယ်နစ်နေလို့ အဲ့ဒီဘက် မေ့သွားတယ်ဗျာ
🙁
ခင် ခ
December 2, 2014 at 10:30 pm
ပိုစ့်ကောင်းလေးတွေမြူး
ပိုစ့်နည်းလှဤလရယ်။
မြစပဲရိုး
December 3, 2014 at 12:18 am
အချိန်မှန် ရထားလေး ဆိုက်ပါပေါ့။
လ တွေ ကုန်လာတာ တနည်း အချိန် တွေ ပြောင်း လာတာ ကို ထင်ထင် ရှားရှား မြင်စေတဲ့ လဲ ဖြစ်နေပါတယ်။
ပြောရရင် ဒီလ ထဲ တွေ တော်တော်ကောင်းတာ လဲ သတိထားမိတယ်။
ဇွဲရှိရှိ နဲ့ ချီတက် နေတာ ကို လေးစာချီးကျူးးပါတယ် ကြမ်းပိုးများ။ :))
POst အသစ် လေး တွေ တွေ့ ပေမဲ့ နောက်မှ ပြန်လာ ဖတ် ပါရစေ။
မနေ့က ညနေစာ ဟင်းမချက် ဖြစ်လို့။ ဒီနေ့တော့ ချက်မှ။
မဟုတ် ရင် အိမ်ပေါ်က ကန်ချခံရ မလား မသိ။
lol:-)))
kyeemite
December 3, 2014 at 3:46 pm
.ကြိုးစားပီးတင်ပေးတာဗရာဗိုပါဗျာ…
.ဒီလ ရွေးဖို့ နဲနဲခက်နေတယ် :))
ဦးဦးပါလေရာ
December 3, 2014 at 8:37 pm
တော်သေးရဲ့….
ဒီပိုစ်ဖတ်ပြီးမှပဲ
လွတ်သွားတာတွေ တွေ့မိတော့တယ်…
kyeemite
December 4, 2014 at 11:27 am
.အားကျမိတဲ့ အမေရိကန်တယောက်- padonmar
.http://myanmargazette.net/207186
.ဒေါ်အောင်ဆန်းစုကြည် နဲ့ စက်ဝိုင်းများ (၂)- မြစပဲရိုး
.http://myanmargazette.net/207616
.အဲ့နှစ်ပုဒ်လည်းသဘောကျစရာ စာကြမ်းပိုးရေ :))
ခင်ဇော်
December 4, 2014 at 11:31 am
အရီး ပို့(စ) က ပြီးတဲ့ထိစောင့်နေတာထင်ပါရဲ့။
အာတီဒုံ ပို့(စ) ကတော့ ကြမ်းပိုးတွေ ဗိုက်ဆာနေတုန်း ရေးလို့ မျက်စိသျှမ်းသွားတာများလားးး
:k:
kyeemite
December 4, 2014 at 1:09 pm
.ဝုတ်နိုင်ဘာဒယ် :k:
padonmar
December 5, 2014 at 10:29 pm
http://myanmargazette.net/206715
အသဲ ကွဲပါစေ – ဘီ(လ်) နှင့် မီလင်ဒါ ဂိတ်(စ်) တို့၏ ၂၀၁၄ ခုနှစ် စတင်းဖို့(ဒ်) တက္က္ကသိုလ် ဘွဲ့နှင်း မိန့်ခွန်း
– မြစပဲရိုး
Posted by မြစပဲရိုး on Nov 3, 2014 in Editor’s Choice,
ဒါလေးကို အမေရိကားနဲ့ အမေရိကန် ငြင်းရင်းမေ့သွားကြလေရော့သလားကွယ်ရို့။
မြစပဲရိုး
December 8, 2014 at 2:06 pm
ချစ်အစ်မဒုံ – အကြံပြု ပေးတာ ကျေးဇူး တင်ပါတယ်နော်။
ကျွန်မသာ စာကြမ်းပိုး ဖြစ်ခဲ့ရင်လေ
“အန်တီဒုံ ခင်ဗျား – ကျွန်တော်တို့ နှလုံးသား နဲ့ ယုံကြည်ရာ ကို ရွေး ထားခဲ့ ကြ တဲ့ စာများ မို့
ဒီနေရာမှာ တော့ ဦးဏှောက် ကို နေရာ မပေးနိုင်တာကို ခွင့်လွှတ်ပါခင်ဗျား၊
ဒီ အတိုင်း နှလုံးသား အလို အရ ဘဲ နေဗျစီ” လို့။
ဟိ။
ပုံ
ပရိုလတ်
lol:-)))))
ဦးကြောင်ကြီး
December 6, 2014 at 12:21 pm
အညံ့ဇုံးပို့စ်များဆိုပြီး ထွံအုမ်းမှ..။ ငါ့ကို ဗလော့ထားသူ မကောင်းပြောသူ အကုန် တမ်းစီ ထည့်ပစ်မဲ… ဟွင်း ဟွင်း…
အလင်းဆက်@မောင်သူရ
December 9, 2014 at 12:08 pm
အခုတလော … ဒီ ဦးကြောင်… စိတ်ကြမ်းတွေ ဝင်နေတယ်… ။
:k:
Yae Myae Tha Ninn
December 11, 2014 at 12:55 pm
ဟင့်.. ချိတ်ချိုးတယ်… တဂျီးကလဲ မထောက်ပံ့… ကြမ်းပိုးအဖွဲ့ကလဲ ရေးပါ အားပေးပြီး လာလဲ မမန့်ဘူး… တော်ပြီ နောက်လ စားညွှန်း လုပ်တော့ဘူး… ပိုက်ပိုက်ကုန်တာပဲ အဖတ်တင်တယ်… 😛
နောက်နေတာနော်… အကုန်ကောင်းပါတယ် ပို့စ်တွေက ဗရာကြော်…. 🙂
ခင်ဇော်
December 11, 2014 at 12:55 pm
ကြမ်းပိုးတွေက မမန့်ဘူးလေကွီ။
:mrgreenn:
Yae Myae Tha Ninn
December 11, 2014 at 1:02 pm
တိတားပဲ.. လာပြီး ဖော်ကောင်လုပ်နေတယ်… ဟွင်း… (ဦးမျိုးကဗျာထဲက နှုတ်ခမ်းနဲ့) 😛
တောင်ပေါ်သား
December 11, 2014 at 1:09 pm
ဘယ့်နှယ် ဒီနှုတ်ခမ်းလေးကိုပဲ လာ လာ ခလုတ်တိုက်နေတာတုန်း 🙂
Yae Myae Tha Ninn
December 11, 2014 at 1:17 pm
ဟားဟား.. မတွေ့ဖြစ် မမန့်ဖြစ် မစ ဖြစ်တာ ကြာလို့ပါ.. ဦးမျိုးရယ်… 🙂