Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

စိတ်ကိုပြင်ချင် ရိပ်သာဝင် အပိုင်း(၁)

aye.kkNovember 26, 20142min5419

စိတ်ဆိုတာ ဆန်းကျယ်လှပါတယ် ။

ငယ်တုန်းက စိတ်မရှည် အငေါ်တူးတတ်တဲ့ ကျမကို အမေက ရိပ်သာကို လက်ဆွဲပြီးပို ့ခဲ့ပါတယ် ။

ကျမစိတ်မပါပေမယ့် အမေ့ကိုကြောက်တဲ့စိတ်နဲ ့မဟာဗောဓိ ကိုးထောင် ရိပ်သာမှာ သင်္ကြန်ရက်အတွင်း

ဆယ်ရက်တရားစခန်းဖွင့်လို ့၊ အမေ့ရဲ ့အစ်မဖြစ်သူ ကြီးကြီးနဲ ့အတူ ရိပ်သာဝင်ခဲ့ရပါတယ် ။

ရိပ်သာဝင်တော့ ရောက်တာနဲ ့ ရှစ်ပါးသီလခံယူရပါတယ် ။ ဘုန်းဘုန်းဘုရားက ရှစ်ပါးသီလချပေးပါတယ် ။

ရိပ်သာမှာ စဝင်ပြီဆိုကတည်းက အမှတ်နဲ ့နေ အမှတ်နဲ ့စား ၊ အမှတ်နဲ ့သွား ၊ အမှတ်နဲ ့အိပ်ရတာမို ့

ကျမ ဆယ့်တစ်နှစ်အရွယ် ၊ ငယ်တယ်ဆိုပေမယ့် ပြောပြရင် သိတတ်နားလည်တဲ့ အရွယ်ဖြစ်နေပါပြီ ။

နှာသီးဖျားလေးမှာ စိတ်အာရုံတွေစုစည်းပြီး ဝင်နေထွက်နေတဲ့ လေကို အမှတ်သတိနဲ ့ရှုမှတ်ပြီးနေရတာပါ ။

ပထမ ဦးဆုံးရက်မှာ ဆရာတော် ဘုန်းဘုန်းဘုရားက လျောင်း ၊ ထိုင် ၊ ရပ် ၊ သွား ဆို တဲ့ က္ကုရိယာပုထ် လေးပါးနဲ ့အညီ ၊

ဆယ့်ငါးမိနစ် တစ်ကြိမ်မှတ်ခိုင်းပါတယ် ။

မှတ်လို ့နိုင်ပြီးမှသာ နောက်ရက်တွေမှာတော့ နာရီဝက် ၊ လေးဆယ့်ငါးမိနစ် ၊ တစ်နာရီ ထိ ၊ တိုးတိုးသွားပြီးမှတ်ခိုင်းပါတယ် ။

မှတ်နိုင်သလားလို ့မေးရင် အမှတ်နဲ ့နေနေရပေမယ့် ၊ တစ်နာရီပြည့်အောင် ထိုင်ရတဲ့အချိန်မှာ စိတ်အာရုံက သံချောင်းခေါက် အချက်ပေးတဲ့ဆီ

ကိုအာရုံရောက်သွားတာမျိုး ဖြစ်မိပါတယ် ။ ဖြစ်တဲ့စိတ်ကိုပြန်စုစည်းရပြန်ပါတယ် ။

ဆယ်ရက်တရားစခန်းသိမ်းတော့ စိတ်ကအိမ်ပြန်ချင်စိတ် မဖြစ်ပဲ ၊ တရားထိုင်ရတာကို နှစ်သက်တဲ့စိတ် တစ်ဖွားဖွားဖြစ်နေတာကို  ခံစားခဲ့ရပါတယ် ။

အမေကတော့ ကျမအတွက် ပျော်နေပါတယ် ။ ကျမကို ကုသိုလ်တရားတွေ ရရှိအောင် အမေလုပ်ပေးနိုင်ခဲ့လို ့ပါ ။

တရားထိုင်တဲ့အကြောင်းတရားက ၊ ကျမ စိတ်တိုလွယ်တတ်သူအတွက် ၊ သည်းခံတတ်တဲ့ အကျိုးတရား ခံစားရရှိခဲ့ပါတယ် ။

တရားထိုင်တဲ့အချိန် နာတာ ညောင်းညာတာ နာကျင်တာတွေ ဖြစ်လည်း ၊ စိတ်ကနှာသီးဖျားဝမှာရှိနေတဲ့ ဝင်လေထွက်လေကိုပဲ

စိတ်အဆိုနဲ ့သည်းခံပြီးရှုမှတ်နေရတာမို ့၊ အဲဒီညောင်းတာ နာတာ ကျင်တာတွေ ပျောက်သွားတာကိုလည်း အာရုံမှာ သိနေမိပြန်ပါတယ် ။

ဖြစ်နေတာတွေ ပျောက်သွားတော့ ပီတိစိတ်ဖြစ်ပေါ်တာ ခံစားရပါတယ် ၊ နာတဲ့ကျင်တဲ့ ညောင်းညာတဲ့အချိန်မှာ

ဒုက္ခဝေဒနာကြောင့် ကျမအနေနဲ ့လွန်စွာဆင်းရဲပင်ပန်းတာ ခံစားခဲ့ရပါတယ်။

သုခဝေဒနာပဲလာလာ ၊ ဒုက္ခဝေဒနာပဲလာလာ ၊ မှတ်နေရတာက အရှုခံအာရုံပေါ်မှာပဲ မလွတ်တန်းမှတ်နေရတာမို ့၊

စိတ်အာရုံကြည်လင်မှုဖြစ်တာ ခံစားသိမြင်ခဲ့ပါတယ် ။  ဒါကိုကျမအနေနဲ ့ဖော်မပြတတ်ပါဘူး ။

ရိပ်သာကပြန်လာတဲ့အချိန်ကစပြီး အမေ့အပေါ် အငေါ်တူးတာမျိုးလည်း မရှိသလောက်ဖြစ်သွားပါတယ် ။

ဘယ်သူဘာပြောပြော ပြန်မပြောတတ်တဲ့ အကျင့်လည်းရလာပါတယ် ။ သည်းခံတတ်တဲ့စိတ် ကိုယ့်မှာပိုင်ဆိုင်သွားပါတယ် ။

စိတ်ဆိုတာ ဆန်းကျယ်လှတာ ကို ကျမကိုယ်တွေ ့သိမြင်မိပါတယ် ။

နောင်အခါအားလျှော်စွာမှာလည်း တရားထိုင်ဖြစ်တဲ့အခါ တရားထိုင်ပြီး တရားကိုတော်ယုံနဲ ့မဖြုတ်ချင်တာ သိလာပါတယ် ။

ဆက်ပါဦးမည်။။

 

 

 

9 comments

  • ခင်ဇော်

    November 26, 2014 at 10:42 am

    ကျနော် သီလရှင်ဝတ်တုန်းကပဲ ဝင်ဖူးတယ်။
    နောက်ပိုင်း ဟိုအကြောင်းပြ ဒီ အကြောင်းရွှေ့နဲ့။
    ကြိုးစားဦးမှပါ။
    ဟီးဟီး

    :k:

  • တရားရိပ်သာက ပြန်အထွက်
    မိသားစုထဲ ရပ်ကွက်ထဲ
    နေလို့မတတ်ပဲ
    ကိုယ်က ဆအးအေးငြိမ်ြိမ်နေချင်
    ကိုယ့်ဘေးပတ်ဝန်းကျင်မှာ ရှိသမျှလူတွေက ပူလောင်သောက လောဘတွေနဲ့မို့
    သဟဇာတမဖြစ်ပဲ
    တရားရိပ်သာ ပြန်ပြေးချင်စိတ် ဖြစ်ဖူးတယ်။

    ကတုံး တုံးခဲ့တုန်းက

    :k:

    အခုတော့လည်း လောဘ ဒေါသ မောဟတွေနဲ့ နေသားတောက် ပြန်ကျနေပါပေါ့။

    ဟူးးး

  • aye.kk

    November 26, 2014 at 11:06 am

    ခင်ဇော်ရေ
    အန်တီက သီလရှင်တောင်မဝတ်ဘူးသေးလို ့
    အားရမိပါတယ် ။
    အလင်းဆက်
    တစ်ပိုင်းတစ်စက တစ်ပိုင်းတစ်စပါပဲ ။
    အရိယာမဖြစ်သေးသမျှ အားတော့မလျော့စေချင်ပါတယ် ။။

  • weiwei

    November 26, 2014 at 1:57 pm

    လူတွေရဲ့ ရုပ်ရည်ကိုကြည့်ရင် အတွင်းစိတ်ကလာတဲ့ဓါတ်တစ်ခုက လွှမ်းမိုးတာကို တွေ့ရပါလိမ့်မယ် …
    မျက်နှာလေးကကြည်နေတာပဲလို့ ပြောကြတာ အဲဒါမျိုးပေါ့ ..
    ကြည်လင်လန်းဆန်းတဲ့ရုပ်ရှည်မျိုး ပိုင်ဆိုင်ချင်တယ်ဆိုရင် ရိပ်သာဝင်ပြီး တရားအားထုတ်ကြည့်သင့်တယ် … before and after ကို သေချာမှတ်ထားလိုက်တာနဲ့ ဘယ်လောက်သိသာတယ်ဆိုတာ သိနိုင်ပါတယ် ..
    ပြောသာပြောတာ ကျွန်မကတော့ ရိပ်သာနဲ့တော်တော်လေးကို ဝေးနေပါသေးတယ် ..

  • aye.kk

    November 26, 2014 at 3:21 pm

    ကျေးဇူးပါဝေဝေ
    ဝေဝေပြောတာမှန်ပါတယ်။ တရားအားထုတ်ကြည့်သင့်ပါတယ် ။

  • kai

    November 26, 2014 at 5:15 pm

    …. ပေါချောင်ကောင်းနည်း.. ဖြစ်ကောင်းဖြစ်ပေမယ့်…
    မတော်.. ဟိုဆတော်ကြီးလို..
    ရိပ်သာဝင်ပြီး..တရားထိုင်ကြတုန်း.. မြွေလို.. ဖားလိုဖြစ်ကုန်ကြသူတွေကို ဗီဒီယိုရိုက်ပြီး.. ထိုင်ဟားခံနေရဦးမယ်… ဆိုတာမျိုးတွေလည်း.. ရှိ.. ။

    ဆိုတော့.. လက်တွေ့လောက.. ဒီခေတ်ကြီးမယ်…
    စိတ်ကိုပြင်ချင်ရင်.. သေချာတဲ့.. စိတ်ရောဂါဆရာဝန်ပြတာ.. ပိုကောင်းကြောင်း..။
    ယူအက်စ်မှာ.. ဥရောပမှာ.. တိုးတက်တဲ့နိုင်ငံတွေမှာ..
    စိတ်ပညာပိုင်းပတ်သက်ရင်.. စနစ်တကျသင်ကြားထားတဲ့.. ဆရာဝန်တွေ.. ပညာရှင်တွေ..စတဲ့သူတွေဆီအကူအညီယူ.. ဖြေရှင်းတတ်ကြပါကြောင်း…။
    ဆရာဝန်တွေ.. ၆နှစ်..ရနှစ်ပညာသင်ထားကြတာ.. အဲလိုလူနာတွေကုပေးဖို့ဖြစ်ပါကြောင်း..။ :k:

    Healthy Mind Counseling Services
    healthymindcounseling.com/
    Our therapists dedicate themselves to you. Whether it is a change in your relationships, health, or employment, we can help you find a way to thrive. We listen.

    • မြစပဲရိုး

      November 26, 2014 at 6:04 pm

      ကွ ကိုယ် ရော စိတ်ရောဂါဆရာဝန် နဲ့ ပြဖို့ လိုနေပြီ လို့ များ မထင်မိဘူးလား သူကြီးမင်းရှင့်။
      lol ;_))

  • aye.kk

    November 26, 2014 at 5:51 pm

    ပဋာစာရီဇတ်ကြားဘူးမှာပါ သူကြီး ။
    ကျမအမေပြည်သူပိုင် အသိမ်းခံရပြီး စိတ်မမှန်ဖြစ်ခဲ့ရတာပါ။
    မိုးကုတ်ဆရာတော်ဘုရားကြီးရဲ ့တရားရေအေး အမြိုက်ဆေးကြောင့်
    အသိစိတ်ပြန်ဝင်ခဲ့တာ ကိုယ်တွေ ့ပါသူကြီး ။

  • aye.kk

    November 26, 2014 at 8:24 pm

    မလတ်ရေ
    စိတ်ဆိုတာ စိတ်အလုပ်ဖြစ်တဲ့ ဝိပဿဿ နာလုပ်ကြည့်မှ သိနိုင်တာမို ့ပါ ။

Leave a Reply