စားမှာပဲ၊ စားမှာပဲ (၂) – အပြစ်မကင်းတဲ့ ချစ်ခြင်း
အဟိဟိ။
ကိုယ့်ပေါင် ကိုယ်လှန်ထောင်းတော့ သိပ်မနာဘူးပေါ့နော့။
အင့်။ အပိုင်း (၁) နဲ့ တွဲဖတ်။
https://myanmargazette.net/166589
ငယ်တုန်းက ဘယ်လိုစားသောက်လဲတော့ မသိ။
ရိုက်ကျွေးရတယ် ဆိုတော့ သိပ်မစားဖြစ်ဘူး ခေါ်မှာပေါ့။။
:kwi:
ခုများတော့ တဂျားမင်း နကင်း နဲ့ ဆင်းတားရင်တောင် ခေါင်း ခေါက်လွှတ်လိုက်မယ်။
အူးမာဃလောက်တော့ မကြောက်တာ။
:boss:
ဘဝများ အစားအသောက်နဲ့ကို ကံပါလာချက်။
စလုံး မရောက်ခင် မာစတာ အပြီး အလုပ်လက်မဲ့ ၁ နှစ်ခွဲမှာ သူငယ်ချင်း တစ်စုလုံး သွားလာစားသောက်၊
ဘယ်ဆိုင် ကောင်းသဟေ့ ဆို သတင်းပေး သွားစားး၊
တရုတ်ဆိုင်ရောက်ရင် ဟင်းစပ်ပြီး မှာ သမားက ကိုယ်။
မှာပြီး အစပ်အဟပ် တည့်တည့် နဲ့ အားရပါးရ စားတာလည်း းးးး
အင်းးးးးး
ကိုယ်ပါပဲ။ ဟိဟိ။
:sar:
အဲဒါက အပြင်မှာလည်း ဂလောက် စားလို့ အိမ်စာကျ အလွတ်ပေးလား ဆိုတော့ မပေးဘူးးး
အိမ်မှာက အတူနေ အဒေါ်က ဟင်းချက် သိပ်ကောင်းတယ်၊ မြန်မာဟင်း၊ ရှမ်းဟင်း၊ တရုတ်ဟင်း၊ ချစ်တီးဟင်း အကုန်ချက်တတ်လို့ ၂၆ နှစ်လုံးလုံး သူ့ အားကိုးနဲ့ စားလာတာ။
:sar:
ဒီလို ကိုယ့် စားသောက်နှုန်းး ဝါသနာ ပါနှုန်းကို သိတဲ့ သူငယ်ချင်းတွေများးး
စ လုံး သွားမယ် ဆိုတော့ စိတ်ပူတာက ကိုယ့်ကို အိမ်ထမင်း/ဟင်း ကောင်းကောင်းမစားနိုင်မှာ စိုးရိမ်သတဲ့။
ဟုတ်တာပေါ့။
ကွကိုယ်လည်း အဲဒါ ပူတယ်။
ကိုယ်ကြိုက်တဲ့ ဟင်းတွေကလွဲရင် တခြားလည်း မချက်တတ်။
ဈေးသွား ငါးဝယ် အိုးခွက်နဲ့ ချက်ပြုတ်ဖို့ ဆိုတာ ဝေးလာဝေးးး၊
အဖို ဆို မီးဖိုနားကို မကပ်ချင်တာ နဲ့ သေချာတယ်… ငတ်မှာပဲ တစ်ထစ်ချ ယူဆထားတာ။
:byee:
အတော်ချစ်ဖို့ ကောင်းကြတာက ကိုယ် စ လုံး မှာ ငတ်ပြီး အလုပ်တွေ ဖိစီးရင် အရမ်းပိန်မှာပဲ ဆို ကြိုသနားပြီး ကြို ကျွေးကြတာ စားလို့တောင်မနိုင်ဘူးး။
အဟိဟိ။
:mrgreenn:
ဪ။ သူတို့ ချစ်ခြင်း အပြစ်မကင်းချက်။
ဒီလိုနဲ့ စလုံး ရောက်တော့ အဒေါ် ဝမ်းကွဲ အိမ်မှာ နေရတာ။
အဲဗျာ၊
သူ့အိမ်က ထမင်းချက်ကူဖို့ ခေါ်ထားတဲ့ အမ က အရင် ရန်ကုန်အိမ်မှာ အလုပ်လုပ်သွားတဲ့ အမ။
ငယ်တုန်းကတည်းက ရန်ကုန်သွားလည်ရင် အဖွားလေး အိမ်မှာ လက်ရာကောင်းလွန်းလို့ ပွဲထုတ်ရတဲ့ အမ။။
လက်ရာကောင်းတာထက် ကိုယ့်ကို ချစ်တာ အဓိက ဆိုတော့ ဆူဆူဆဲဆဲနဲ့ပဲ ကိုယ်ကြိုက်တဲ့ဟင်း ဦးစားပေးချက်ပြီး ကိုယ်စားတာ ထိုင် ဝမ်းသာနေတဲ့ အမနဲ့ တွေ့တာပဲ။
မခက်ဘူးလားးး။
ချစ်ခြင်းတွေ၊ ချစ်ခြင်းတွေ။
:mrgreenn:
အဲ။ ပထမဆုံး ရုံး က သူဌေးက ရှန်ဟိုင်းက ပါ ဆို။
သူက စလုံးက အစားအသောက် အရသာ မကောင်းလို့ အမြဲ ကွန်ပလိမ်း တက်နေပြီး စားကောင်းနိုးရာရာ စလုံးမှာ လည် စား နေတဲ့သူ။
တွေ့ပြီ။ ကိုယ်နဲ့တော့။ :mrgreenn:
ပထမဆုံး ဂျပန် စာ စားတဲ့ နေ့မှာပဲ သူ မှာသမျှ အကုန်စားပေးရမတဲ့။ မခက်ပါဘူးးး၊ စားပေးလိုက်ပါတယ်။
ဟိ။
အဲဒီနောက်ဗျာ။ ထမင်းစားချိန်ရောက်တိုင်း ရုံးက အင်တာနယ် ချက်တင်းမှာ…
“ဒီနေ့ ဘာစားမတုန်း” လာလာမေးတာ။ ကိုယ်ကလည်း စိတ်ပေါက်ရာဖြေ၊ သွားစားးး
ရုံးက အမ တစ်ယောက်၊ ကိုယ်နဲ့ ရွယ်တူ မြန်မာမလေး တစ်ယောက်၊ မန်နေဂျာ က ၂ ယောက်၊
သူ အပြင်ရောက်နေရင်လည်း မတ်စိလှမ်းပို့တယ်။
နေ့လည်စာ စောင့်ကြဦး ဆိုပြီးးး၊
တည့်နေတုန်းက အဲဒီလိုပဲ။
:chit:
နောက်တော့ သူနဲ့ မပြေလည်ပဲ အလုပ်က ထွက်ပြီး နောက်ပြောင်းတဲ့ အလုပ်က ခု မင်းသားကြီး ဆီမှာ။
အမှန်တော့ သူဌေးက ၄ ယောက် ရှိတာ။ အစုစပ်တွေ။ မင်းသားကြီးကတော့ အမ်ဒီ ပေါ့။
သူကလွဲရင် ကျန်တဲ့ သူဌေးတွေက အရမ်းလက်ဖွာတာ။
အားရင် အစားအသောက် ဝယ်ချင်နေတာ။ ဝယ်ရတာကို ပျော်တာတဲ့။
ကဲ!!! ပြီးရော……!!!
ဒုတိယသူဌေးဆို ဘူဖေးဒင်နာ ကို တစ်ခါလား ကိုယ်မလိုက်နိုင်လို့ ဒီဇိုင်းက အမ ခေါ်သွားတယ် …
မစားနိုင်လို့ မတန်ဘူး ဆိုပြီး အဆူခံရတယ်။ ကိုယ်ပါရင် ဂလိုဖြစ်မှာ မဟုတ်ဘူးဆိုပြီးးး၊ :mrgreenn:
ခုထိ သူအားရင် ရုံးမှာ ထမင်း/ဟင်း ချက်ကိုကျွေးတာ။ :mrgreenn:
တတိယသူဌေးဆို ဘာပြောတုန်း ဆို တစ်ခုခုစားရင် ကိုယ့်ကိုခေါ်ချင်သတဲ့၊
ကိုယ်စားတာ ကြည့်ပြီး ပျော်လို့ တဲ့။ အပြင်သွားတိုင်း ခေါ်တယ်။ :mrgreenn:
စတုတ္ထသူဌေးကတော့ စကား အနည်းဆုံး၊
ရုံးလာခါနီးရင် ဘာစားမတုန်း ဖုန်းလှမ်းဆက်ရင် အဲဒီ အချိန် စားချင်တာ မှာရုံပဲ။
အိမ်ယူသွားဖို့ လောက် အထိ အများကြီး ဝယ်တယ်။ :mrgreenn:
ဪ ချစ်ကြတာ။
မင်းသားကြီးလား??
အစကတော့ အဲလောက် မဟုတ်။
နောက်ပိုင်း ကိုယ့်ကို ချစ်တော့မှ ဘယ်နားသွားသွား အဲဒီနားက နာမည်ကြီးတဲ့ အစားအသောက် ကို သတိတရကျွေးတယ်။
ထမင်းတစ်လုတ် တုတ်တစ်ချက် ပါဗျာ။
:s:
ကောင်းကောင်းမစားရပါဘူးးး
စားနေတုန်း အလုပ်အကြောင်းတွေ မေးလိုက် ပြောလိုက် ဖြေလိုက်ရတာ ဘယ်လောက် စားဝင်လို့ဝင်မှန်းမသိပါဘူး။
အဟစ်.!! :mrgreenn:
ပြီးရင် ပြုံးပြုံးကြီး နဲ့ အတော်စားနိုင်တယ် နော် တို့ ဘာတို့ ပြောတာ။ 😳
တောက်!! ကိုယ့် သည်းခြေကြိုက်ကို သိကြပုံများ ပြောပါတယ်။
:aa:
ရုံးက အမတွေလားးးး??
အစားအသောက် လုပ်စားရင် ရုံးယူလာတယ်။
တခြားလူတွေ တစ်ခု ကိုယ်တာ ရရင် ကိုယ့်ဖို့ ဆို ၂ ခု အမြဲချန်ထားတယ်။
ဘယ် အစားအသောက်ဆို ကိုယ် ကြိုက်မှာ ဆိုပြီး သတိတယ ညွှန်းကြတာ။
ဪ။ သူတို့ ချစ်ခြင်း အပြစ်မကင်းပါလားးး
:mrgreenn:
ဘယ်အချိန်မှာ ဘယ်နားသွား ပိန်တော့ မတုန်းးးး
:b:
နောက်မှ အပိုင်း (၃) မှ ဘဝမှာ တွေ့ခဲ့ဖူးတဲ့ ဟင်းချက်ကောင်းသော အမျိုးသား/ အမျိုးသမီးများ အကြောင်း ရေးပါအူးမယ်။
ဟိ။
ခုက လူနည်းတုန်း တင်ချင်လို့ အမြန်ရေးရတာ။
:k:
54 comments
အလင်းဆက်@မောင်သူရ
November 26, 2014 at 10:48 am
ဟင်းချက်ကောင်းသူများထဲမယ် ဖွေးဖွေးပါလားဗျ မမဂျီးးး။
အဲ့လို မေးချင်တာ
ဒါမယ့် မမဂျီးပိုစ့်ဆို ဖွေးဖွေး ဆိုတာ မပါပဲ မန့်မယ်လို့ တွေးထားတော့ မေးတော့ပါဘူး။
ဖတ်သွားတယ် မမဂျီး
:k:
ခင်ဇော်
November 26, 2014 at 11:53 am
ဖွေးက မချက်တတ်လောက်ဘူးးး
စားပဲ စားတတ်မှာတဲ့။
:k:
surmi
November 26, 2014 at 10:52 am
စားးး
စားးးး
စားးးး
မဝ , ဝအောင်စားးးးး :mrgreenn:
ခင်ဇော်
November 26, 2014 at 11:47 am
ဟိ။
ယောက်ခမွ၊
သများ ပိန်သွားမှာ စိုးရိမ်တယ်လားးး
:k:
Mr. MarGa
November 26, 2014 at 11:00 am
စားနိုင်သူကြီးးး
စားပါဗျာ စားပါ
ပြီးမှ ဟမ်ဘာဂါ နှစ်လုံး ငုံထားတယ် ပြောရင် လာမအော်နဲ့
ဒါဗျဲ :a:
sorrow
November 26, 2014 at 11:09 am
.တယ်လေ..ဒီကလေး..ဘာ ဘာဂါနှစ်လုံးငုံထားတယ်လဲ … တိတိကျကျပြော …Big Mac နှစ်လုံးလို့ …အဟိဟိဟိ
ခင်ဇော်
November 26, 2014 at 11:46 am
ဟုတ်တယ်။
ဒါလေးထိန်းထားရတာ။
ဒီ ဘာဂါလေးမှ ချစ်တာဆိုသူတွေ အတွက်။ ဟိ။
:mrgreenn:
aye.kk
November 26, 2014 at 11:36 am
အပြစ်မကင်းတဲ့ချစ်ခြင်း
ချွေရံသင်းပင်းကတွေများ
အကောင်းတွေစား ၊ အဟောင်းတွေစားလာခဲ့တာများလို ့အားကျမိသား ။။
ခင်ဇော်
November 26, 2014 at 11:45 am
အဟောင်းစားပါဆို အန်တီအေးရယ်။
နောက်လည်း စားနေရအောင်ကြိုးပမ်းဦးမှာ။
သူများကို ကျန်တာ တွန့်တိုပေမဲ့ အစားအသောက် သိပ်ရက်ရောတာ။
ဟိ။
:k:
ကန္နားစီး မိဂီ
November 26, 2014 at 11:53 am
အစားမက်တဲ့ လူတွေကို မောင် သိပ်မုန်းတယ် ယုစ့် ရယ်…
😛
ခင်ဇော်
November 26, 2014 at 11:55 am
နာကတော့ အစားပုပ်မှ ချစ်တတ်တယ်။
ခိ။
:mrgreenn:
ကန္နားစီး မိဂီ
November 26, 2014 at 12:09 pm
ကျော်တော့ ဝတုတ်တေကိုချဉ်သဗျ…
ငိငိ
ခင်ဇော်
November 26, 2014 at 12:10 pm
ငါလည်း ငါးကျည်းခြောက်ပုံမျိုးဆို မီးဖုတ်ပစ်ချင်တာ။
ငိငိ
ကန္နားစီး မိဂီ
November 26, 2014 at 12:34 pm
အင်း …
နန်းနန်းရဲ့ ကလပ်စီကယ် တော်ကီ ကို ချပြရမလိုဘဲ …
ဟိ
kyeemite
November 26, 2014 at 11:54 am
.အမှန်အတိုင်းပြောရရင်တော့ ငယ်ငယ်က သိပ်အစားကြူ း တာ
.ထမင်းဆို တော်ရုံခပ်ညံ့ညံ့ဟင်းနဲ့တောင် သုံးလေးပန်းကန်တွယ်တာ
.ခုတော့ သိပ်မစားနိုင်တော့ဘူး..တစ်ပန်းကန်ပဲ
.နဲနဲများပိုစားမိရင် ရင်ခေါင်းထိတင်းပြီးနေထိုင်ရမကောင်းတော့ဘူး…
.ဒါကြောင့် အဝစားဘူဖေးလိုမျိုးဆို ရှုံးတယ်
.ကျုပ်နဲ့ဆန့်ကျင်ဖက်က မဒမ်မိုက်ပေါ့..ခိခိ
.စားနိုင်သောက်နိုင်ပါစေဗျား :k:
ခင်ဇော်
November 26, 2014 at 11:55 am
ရောဂါက တားမှပဲ ရတော့မယ်ထင်??
:k:
Wow
November 26, 2014 at 12:53 pm
စားလဲစား ဝလဲမဝစေနဲ့ :kwi:
ခင်ဇော်
November 26, 2014 at 3:06 pm
မစားလည်း မပိန်တာမို့…
:kwi:
weiwei
November 26, 2014 at 1:50 pm
ကိုယ်တိုင်စားရမှာထက် သူများကို ချက်ကျွေးရတာကို ပိုပြီးဝါသနာပါတယ် ..
အဲဒါကြောင့် စားသောက်ဆိုင်ဖွင့်ပြီး စားဖိုမှူးလုပ်ချင်တာ ..
ခင်ဇော်
November 26, 2014 at 3:05 pm
ခိခိ။
ဒီလို အမျိုးသမီး မျိုးရှာနေတာ။
အဟီးဟီးးးး
လက်ထပ်ခွင့်တောင်းမို့။
:chit:
weiwei
November 26, 2014 at 3:18 pm
ချက်ကျွေးတာ ဝါသနာပါတယ်ဆိုပေမယ့် ကိုယ့်အကြိုက်ပဲချက်တာ ..
သူများကြိုက်တဲ့အတိုင်း လိုက်မချက်ဘူး ..
ကိုယ်ကြိုက်တာကလဲ ဆန်ပြုတ်တို့ဘာတို့လို အပြုတ်မှ အပြုတ်ပဲ …
ကိုင်း … လက်ထပ်ချင်သေးလား … 🙂
ခင်ဇော်
November 26, 2014 at 3:24 pm
ငင်?
ဆန်ပြုတ်စားကိန်းပေါ့နော်။
အဟီးဟီးးး
နောက်မှ ချော့ခိုင်းလို့ ရမလားမသိ?? 🙄
:k:
kai
November 26, 2014 at 1:57 pm
စားသလောက် မဝတာ.. တော်တော်ကုသိုလ်ထူးတယ်ဆိုရမယ်..
တိုကျိုမှာနေတုံးက.. အသိဂျပန်မတယောက်ရှိတယ်..
တချိန်လုံးစားနေတာပဲ..။
မဝ.. ရေးချ.. မဝ…။
ဘယ်ဝမလဲ… တချိန်လုံး အိမ်သာချည်းပြေးနေတာ..။ :k:
ကန္နားစီး မိဂီ
November 26, 2014 at 2:20 pm
အိမ်သာပြေးတိုင်း မဝတာ တော့ ဇီဝကမ္မဗေဒ အလိုတော်အရ မမှန်ဘူး သဂျိုင်ခီးရဲ့
အမျိုးသမီး ကို ပြန်မေးကျိပါအူးလေ….
ဒချိ ဒချိ
ခင်ဇော်
November 26, 2014 at 3:03 pm
အင်းးး
မင်းသားကြီးလည်း ပြောတယ်။
ဝတာက စားနိုင်တာထက် နှေးသတဲ့။ (မဝဘူးလို့ ပြောတာတော့မဟုတ်)
အဝင်မှန် အထွက်မှန်ခြင်းလည်း ပါမယ်ထင်ရယ်။
ဟေးဟေးဟေး
kai
November 26, 2014 at 5:07 pm
ပြောပြလိုက်ကွယ်…။ ဆေးသမားတွေကို…
အင်ဂျင်နီယာတွေက.. အဝင်/အထွက်နဲ့.. စွမ်းအင်တည်မြဲမှုနိယာမအတိုင်းကြည့်တယ်လို့.. ။ :k:
Novy
November 26, 2014 at 1:59 pm
ဇီဇီ ရယ်အားကျလိုက်တာ အဲ့လိုစားချင်တာ
ဘဝမှာ ထမင်း ၂ပုဂံအားရပါးရစားဘူးတာ၁ဝ ခါထက်မကျော်ဘူးလိုပဲ
အားရပါးရစားနိုင်တာလဲ အရင်ဘဝက ဒါနကောင်းခဲ့လို့ပေါ့နော်
မနိုနဲ့ဆန့်ကျင်ဘက် အိမ်ကဒါလင်ကြီးနဲ့ သမီးတော်ကတော့ စားနိုင်ပါပေ့
ဒါနတွေကောင်းလိုက်တာ
ခင်ဇော်
November 26, 2014 at 3:04 pm
ဟမ်မငေးးး
သများက မွမွနို ကိုယ်လုံးလေးကို အားကျနေတာ။
အမှန်တော့…
မစားချင်တာလည်း ကုသိုလ်
မစားနိုင်တာလည်း ကုသိုလ်ပဲ။
အဟင့်။
:a:
မြစပဲရိုး
November 26, 2014 at 6:21 pm
အပြစ်မကင်းတဲ့ ချစ်ခြင်း ဆိုတာ ဗိုက်မဆာခြင်း ဆိုတာ ဇီကလေး သက်သေပြချက်မှ ကောင်းကောင်းကြီး သိလိုက်ပါပြီ အသင်လောက။
:))
ခင်ဇော်
November 27, 2014 at 8:12 am
အပြစ်ကင်းတဲ့ ချစ်ခြင်းကတော့
ဗိုက်ဆာအောင် ထားခြင်းမဟုတ်ပါစေနဲ့ အရီးရယ်။
အဟိ။
:mrgreenn:
Iris
November 26, 2014 at 6:54 pm
သူများတွေ အဲ့လို ကောင်းစားတာမြင်ရင် ကိုယ့်ကိုကိုယ်မုန်းတယ်။ နေ့ခင်းထမင်းစားချိန် နာရီဝက် အထိခိုးတဲ့ မီတင်း နဲ့ စင်းဒ်ဝှစ် နဲ့ပြီးရတဲ့နေ့တွေနဲ့။ အခုလည်း ရုံးကအပြန်လမ်းပေါ်မှာ။ ဒီအလုပ်က ထွက်မလားဆိုတော့လည်းမထွက်ဘူး။
အခုဆိုပိုဆိုးသွားတယ်..ဘူးရှစ် ကက်ပတိန် ကြောင့်။ ☺
သူများ ကတော့ မစားလည်းဝတယ်။ အဲ့တော့ မထူးဘူးဆိုပြီး တစ်ခါတစ်လေ စိတ်ရူးပေါက်ရင်တွေ့ရာအကုန်တီးတယ်။
ခင်ဇော်
November 27, 2014 at 8:09 am
တစ်ရက် တွေ့ပြီး တစ်ခုခု သွားစားရအောင် အိုင်းရစ်လေးးးးး
ဟိ။
:chit:
Iris
November 27, 2014 at 5:39 pm
☺ ..သေချာတာပေါ့။.ဒါနဲ့ ဘယ်မှာသွားစားမှာလဲဟင်…ဘူဖေး စားမှထင်တယ်. မဟုတ်ရင်ကိုယ့်ပန်းကန်ထဲက ဟာတွေ မစားရပဲပျောက်သွားမယ်ထင်တယ်။ magic..
padonmar
November 26, 2014 at 9:21 pm
စားပါကွယ်၊ကြည်ဖြူပါတယ်။
ခင်ဇော်
November 27, 2014 at 8:08 am
အာတီဒုံ ကြည်ဖြူရင် ဆက်စားအူးမှာ။
:k:
ခင် ခ
November 26, 2014 at 11:19 pm
မြန်မာပြည်ပြန်ရောက်ရင် ရန်ကုန်မှာရှိတဲ့ အမ်အာတီဗီဖိုး ရုံးကိုသွား စားမယ်ဝါးမယ် အစီစဉ်မှာ ပါဝင်ကူညီလုပ်ချင်လို့ဆိုရင် သေချာပေါက်တန်းခန့်မှာသိလားဗျ။
အဲ ဒီပိုစ့်လေးတော ပရင့်ထုတ်ပြီးယူသွားက ဟိုရောက်ရင် ပေးဖတ်ခိုင်းဖို့တော့ မမေ့နဲ့နော်။
ခင်ဇော်
November 27, 2014 at 8:07 am
အဲဒါ ပြောပါတယ်။
ခါတလေ အစားအသောက်အကြောင်း သူတို့ ပြောတာမြင်ရင် အားမရပါဘူးဆို။
စားချင်အောင် မပြောတတ်ဘူးးး
ဟိ။
နိုင်ငံတကာ ချယ်နယ်မှာ အဲဒီ စားညွှန်းလိုင်း ချည်းပဲ ၅ နှစ်လောက် ကြည့်လာသူပါ။
ဟိ။
weiwei
November 27, 2014 at 9:13 am
ကိုရီးယား tasty road ကို ကြည့်မိတဲ့အခါတိုင်း အံ့ဩတယ် .. ပိန်ပိန်လေးတွေနဲ့ စားနိုင်ကြတယ် .. ကြည့်တဲ့သူကိုလဲ စားချင်လာစေတယ် .. သူတို့တွေကြောင့် ကိုရီးယားအစားအစာတွေတောင် ကမ္ဘာကျော်လာခဲ့တာပေါ့ …
master chef အစီအစဉ်တွေကိုလဲ ကြိုက်တယ် … အားရပါးရ ချက်ကြတာ အားရစရာ ..
ခင်ဇော်
November 27, 2014 at 9:19 am
“Popular Korean Foods in Singapore”
– Strawberry
– Kimchi
– Instant Noodles
– Seasoned Seaweed and Oyster
– Enoki Mushroom
– Makgeolli
လာမယ်လေ ….
စလုံးမှာ လည်း 2014 K-Food Fair in Singapore တဲ့ !!
ကြော်ငြာတာက အစ အမိုက်စားလေးတွေ။
ကိုယ့် ကိုယ်ပိုင် အစားအသောက်တွေ အဲလို ကဘာကျော်အောင် လုပ်နိုင်နေကြတာ အားကျစရာ။
:chit:
ဦးကျောက်ခဲ
November 27, 2014 at 9:32 am
အပြစ်မကင်းတဲ့ ချစ်ခြင်းလို့ မပြောလိုက်ပါနဲ့…
ကျောက်စ်ကတော်လည်း ကျောက်စ်နဲ့အိမ်ထောင်ကျမှ အစားစုံစားဖူးတာ…
အရင်က ငါးဆို… ငါးခူ ငါးရံ့ ငါးကြင်း ငါးဖယ်ကလွဲလို့ မစားဘူးတဲ့…
အခုတော့ ဝဝလုံးလုံးလေး ဖစ်တွားဘီ… အားဟိ
:k:
ခင်ဇော်
November 27, 2014 at 9:40 am
ဂလို ချစ်သူမျိုး ရခဲဘိချင်းးး
ဟိဟိ။
ဒါမျိုး ရလို့ကတော့ ၅ ယောက်လည်း ယူမှာပဲ။
ဝဝလုံးလုံး မက လို့ စည်ပိုင်းတို့ စဉ့်အိုးတို့ ဖြစ်ဖြစ်။
:k:
မွသဲ ( 17082011 )
November 30, 2014 at 6:03 pm
ကြွားစ်ထှာတော် ဟွန့်
Crystalline
November 27, 2014 at 10:55 am
သများလေ…ကိုယ်စားချင်သမျ မှာတိုင်းဝယ်လာပေး ပို့ပေးတဲ့ အစ်ကိုတွေ.. အစ်မတွေရှိတာစိတ်ညစ်တယ်..
ထွားကြိုင်းတဲ့မျိုးရိုးက ဆင်းသက်လာတာလည်း စိတ်ကုန်တယ်
ဘယ်လောက်စားစား မဝတဲ့လူတွေကို မုန်းတယ်.. :mrgreenn:
ခင်ဇော်
November 27, 2014 at 12:19 pm
ခွီးခွီးခွီးးး
တူတူပဲ။ :mrgreenn:
CharTooLan
November 27, 2014 at 1:21 pm
ဘာအတွက်နဲ့မှ စိတ်ထိခယက်မနေနဲ့နာ်
ဝမ်းနဲစရာရှိရင်လဲပြော စိတ်မကောင်းလဲမဖစ်နဲ့
စိတ်ထဲမှာ တခုခုခံစားနေရရင် အာ့အကြောင်းပြပီး ပိုပိုစားမိနေမှာစိုုးလို့
ကျန်းမာရေးအတွက် စိုးရိမ်တာပါ…. :k:
ခင်ဇော်
November 27, 2014 at 1:35 pm
ချာတူးလေး အားပေးမှ ဗိုက်ပိုဆာလာပြီကွယ်။
ဟိ။
သွားနာတာတောင် အစား စားနေချိန်ဆို မနာပဲ ရပ်လိုက်မှ နာနာလာတာမို့။
:k:
La Yeik
November 27, 2014 at 1:54 pm
အမယ်လေး…အဲဒလို သူဋ္ဌေးမျိုးတွေ့ဖူးချင်ရဲ့တော်…. :kwi:
ခင်ဇော်
November 27, 2014 at 4:15 pm
ဒီ က သူဌေးတော်တော်များများ အစားအသောက်ဝါသနာပါသူချည်းပဲ။
ဟိ
:kwi:
Ma Ei
November 27, 2014 at 3:01 pm
အရင်ကတော့ ဘယ်လောက်စားစား လူကဝမလာဘူး
ခုတော့ နဲနဲစားလဲ စားတာထက်မက ဝိတ်ကတက်လာတယ်
လျှော့လဲ မလျှော့နိုင် ဆိုတော့ …
ခင်ဇော်
November 27, 2014 at 4:14 pm
ဟမ်မငေးးးး
အဲဒီ အချိန်ကို ကြောက်တာ။
စားသလောက်သာ ဝလာရင်တော့ မတွေးရဲဘူးးး
:a:
မွသဲ ( 17082011 )
November 30, 2014 at 6:05 pm
အားကျထှာ နေရာချင်းလေး ခဏလဲမားဟင်။ အလုပ်ကြောင်းမေးရင်တော့တိဝူးနော် ခိခိခိ
ခင်ဇော်
December 1, 2014 at 11:22 am
မကောင်းဘူးမွသဲရဲ့။
တစ်သက်လုံးရှာသမျှ ကိုယ်ခန္ဓာထဲ သိမ်းထားတယ်ဆိုတာ ကြာရှည်အတွက်မကောင်းဘူးးး
ခိခိ
:mrgreenn:
weiwei
December 1, 2014 at 11:31 am
ဒီအပါတ် ထမင်းဆိုင်တောင်မဖွင့်နိုင်ဘူးဆိုတော့ ချက်ထားသမျှ အကုန်စားပစ်လိုက်ပုံပဲ … 🙂
ခင်ဇော်
December 1, 2014 at 11:35 am
ခွီးခွီးးး
ဆိုင်ဖွင့်မဲ့ မုန့်ဟင်းခါးတွေ တစ်ယောက်တည်း ထိုင်စားမိလို့။