တမနက်တာ ရုံးသွားရာတွင်….
တိမ်တိမ်တိမ်
ကြည့်လိုက်တိုင်း လိုက်မောဖွယ်…..
မဆုံးနိုင်သော ကောင်းကောင်ကြီးအောက်မှာ… အတွေးတွေက တလွင့်လွင့်…..
အသက်ပြင်းပြင်းရှူကာ စိတ်စုစည်းလိုက်သည်….
ငါ ရုံးသွားရအုံးမည်….
ဝန်ထမ်းကဒ်… ပါတယ်… ပိုက်ဆံအိတ် ပါတယ်… ထမင်းချိုင့် ပါတယ်… ဖုန်း… ပါတယ်…
မေ့တက်သော ကျွန်တော် စစ်သင့်သမျှ စစ်ပီးနောက် တိုက်ပေါ်မှ ခပ်သွက်သွက် ဆင်းလာမိသည်….
မဲမှောင်နေသော လှေကားဆင်းဖြစ်ပေမယ့် အကျင့်ရနေကျ ခြေထောက်များက သိုင်းသမားတယောက်ပမာ ပေါ့ပေါ့ ပါးပါး ဆင်းလာမိသည်…
၃ ထပ်မြောက်အယောက် အဘွားကြီး တယောက် ဆင်းကား စပြုနေရာမှ ကျွန်တော်ကို မြင်သဖြင့် ပြုံးပြကာ သားလေး အရင်ဆင်းဆိုသော သဘောနဲ ့ ချောင်နား ကပ်ရပ်နေသည်…
ကျွန်တော်လည်း ပြုံးပြကာ သူ ့ကို ကျော်ပီး ခပ်သွက်သွက် ဆင်းလာမိတယ်….
အမွေးနံ ့ သင်းသင်းလေး… အောက်နားမရောက်ခင် မှာတင် အမွေးနံ ့ သင်းသင်းလေးရနေသည်…. အောက် ရောက်တော့ မိန်းကလေး တယောက်ကို မြင်မိသည်… သူ ့ဆီက ရတာကိုး…
ဆံပင်ရှည်ရှည် ခါးသိမ်သိမ် တင်စွားစွားနဲ ့ မီးနီစကပ်ဝတ်ထားသော ခြေသလုံးလှ ပိုင်ရှင်လေးက လှပလွန်းသည်….
ခေတ်ကာလ သားသမီးများ တယ်ချောကြသကိုး…
ခပ်သွက်သွက်လျှောက်လာသော ခြေလှမ်းများက ကျောက်မြောင်း ဘစ်ကားဂိတ်သို ့ရောက်လာသည်… ကုသိုလ်ကံကောင်းသည် ဟုဆိုရမည်…
မင်းလမ်းဘက်သို ့သွားသော ကားများက ပေါသည်… ထိုင်စရာလည်းချောင်သည်… တနည်းအားဖြင့် ဘာကားလာလာ တက်စီးရင် ရသည်…
မချောင်တာက လျှောက်ရသောလမ်း… မင်းလမ်းမှ ရုံးသို ့လျှောက်ရသောလမ်းက မိနစ် ၂ဝ ခန် ့ရှိသည်… တနေ ့တနေ ့ သီးသန် ့လမ်းလျှောက်စရာ မလိုလောက်အောင် ရှိသည်…
ဒီနေ ့လည်း ကားချောင်သည် မထသ ကား… တက်တက်ချင်းမှာပင် ကားက အရှိန်ဖြင့် ထိုးထွက်သွားသည်… ကြည့်ရတာ နောက်ကားပါမယ့် ထင်….
ထင်တဲ့အတိုင်းပင် အဝိုင်းမရောက်ခင်မှာတင် နောက်ကား အလွတ်ကြီးက ကျော်တက်သွားသည်…
ဒါမျိုးဆို ပေါ့နေလို ့မရ… အဲ့လို ပေါ့နေလို ့ လမ်းနီလေးဘက်ကနေ ရုံးကို ကားပတ်စီးခဲ့ရာ အကြိမ် သုံးခေါက်မကရှိပီ…
ဖြစ်တာက ဖုန်းက feed များဖတ်တုန်း သိတဲ့အချိန်မှာ မင်းလမ်း ကျော်သွားသကိုး…
ကားဆရာက အဝိုင်းထိပ်ရှိသေး… မှတ်တိုင်တွေ အော်သည်…
မြလမ်း လမ်းဆုံး မင်းလမ်း ပါသလား… မင်းလမ်းပါသည် ဟု အော်ပြောလိုက်ရသည်… မအော်လို ့မရ… မအော်ရင် မင်းလမ်းမှာ မရပ်ပေး… အဝိုင်းထိပ်မှာပဲ ရှိသေးပေမယ့် ပြောရသည်… မပြောရင် မရပ်ပေး… ဒါကို စပယ်ယာများက သူတို ့အခွင့်အရေး ဟုပြောသည်… တခါ က အဲ့ဒါ နဲ ့ စကား များခဲ့ရသေးသည်.. ထို ့ကြောင့် ကိုယ့်မှတ်တိုင် အဝေးကြီးပင် ရှိလင့်ကစား “မင်းလမ်းပါသည်” ဟု လှမ်းပြောခဲ့ရသည်…
ထင်သည့်အတိုင်းပင် ကားက အဝိုင်းထိပ်မှ စပီး ကြားမှတ်တိုင်တွေ မရပ်တော့… အကုန်လုံးကို ကျော်ဖြတ်ပီး မင်းလမ်း ကို ဦးတည်သည်…
ယောကျာင်္းလေး ပီပီ ရန်ကုန်သားပီပီ စပယ်ယာ နောက်နားမှ ကပ်ရပ်လိုက်သည်… မှတ်တိုင် ရောက်တော့ ကားပင် အပီးမရပ်သေး ခြေက မြေကြီးပေါ်ရောက်ပီးသား… ဒါမျိုး ကို ဘက်စ်သိုင်းဟုခေါ်သည်… ရန်ကုန်မှာ ဒါမျိုး မတက်ရင် စပယ်ယာ ကန်ချတာ ခံသွားရနိုင်သည်…. သူတို ့နဲ ့တော့ ရန်ဖြစ်ပီး အကုန်သိုလ်မယူနိုင်… ဘက်စ်သိုင်းကိုပဲ ကျွမ်းကျင်အောင် အသုံးချလိုက်သည်…
ရွေ ့မြဲရွေ ့လိုသော နိယာမ ကို အသုံးချက ဘက်စ်ကားအရွေ ့ကို မျက်နှာမူပီး ခုန်ဆင်းလိုက်သည် သာသာလေး မြေပေါ်ကျသွားသည် ထို ့နောက် လမ်းမတချက်ကူးရန် မျက်နှာမူလိုက်သည်… မြင်လိုက်ရသည်မှာ စက်ဘီး… ဒီလမ်း တကြောမှာ ကားကို အသာလေးရှောင်နိုင်သည်… မရှောင်နိုင်တာက စက်ဘီး… သူတို ့က စိတ်က ပြောမရ… သူ ့ကို ကြည့်နေရသည်…
ဘယ်ညာသိပ်မရှင်းပေမယ့် တကြောပီး တကြော် အသာလေးရပ်ကာ ကူးခဲ့သည်… ရောက်ပါပီ ဟိုဘက်ကမ်း…
မင်းလမ်းဈေးကို မျက်နှာမူပီး ဆက်လျှောက်ခဲ့သည်… အိမ်မှာဆို ဈေးကို နေ ့တိုင်း မသွားပေမယ့် နေ ့တိုင်း မင်းလမ်း ဈေးက ဖြတ်လာရသဖြင့် ဈေးကို အနဲနဲ ့အများ စပ်စုမိသည်… ဈေးသည်တွေ အစီအရီ….
မကြာခင် ကုန်းတက်ရောက်လာပီ…. မလျှောက်ချင်ဆုံးအပိုင်းက အဲ့အပိုင်း ကုက္ကိုင် ရေကူးကန် ကုန်းတက်… စစခြင်း လာတုန်းက တော်တော်ချွေးထွက်သည်… နောက်ပိုင်း အကျင့် ရလာတော့ အသာလေးလျှောက်လာနိုင်ပေမယ့် ဒီကုန်းကြီးကို ဖြတ်ဖို ့ပျင်းနေ ဆဲ….
ရေကူးကန်နားရောက်လာလျှင် စဉ်းစားမိတာက ရေကူးဖို ့… ခက်တာက ရေမကူူးတက်… ရေကူးသင်ချင်သည်… ဒါလည်း စိတ်ကူးမျှသာ…
အတွေးတွေက တောင်မြောက်တဖန်ရွေ ့က ပုလဲကွန်ဒိုနားကပ်လာသည်… ထိုနားရောက်လျှင် ဘယာကြော် စားချင်သည်… အဲ့နားက ဖြတ်တိုင်း ဘယာကြော် ပူပူလေး အနံ ့က စွဲဆောင်သည်…. ဒီနေ ့တော့ အနံ ့မရ… စောသေးလို ့ထင်ပါ့…
ပုလဲ ကွန်ဒိုထဲ ဝင်ခဲ့လေပီ… ရနေ ကျ ကော်ဖီ နံ ့ ဒီနေ ့မရ… စောစော လာမိတာလည်း မကောင်း.. ဘယာကြော် နံ ့လည်းမရ ကော်ဖီနံ ့လည်းမရ…
Lotteria နားရောက်တော့ ကော်ဖီ ပါဆယ်ဆွဲမလားဟု ငဲ့ကြည့်သည်… ဆိုင်ကပြင်ဆဲ… သို ့ဖြင့် လက်လျော့လိုက်ရသည်…. ကမာ္ဘအေး ဘုရားလမ်း ရောက်လာတော့ အထူးအဆန်းဖြစ်နေသည်… ကားလမ်း အင်မတန် ရှင်းနေသည်… ရန်ကုန်မှာ ဒီလမ်း ထက်ကူးရခက်တာ ပြည်လမ်းပဲရှိသည်… ကျွန်တော့်အထင်…
ဒီနေ ့ ဒီလမ်းရှင်းနေသည်… နောက်မှ သိရသည်က ဒီနေ ့နော်ဝေ ဘုရင်လာမည် ဆိုသဖြင့် လမ်းရှင်းထားသည်ဟု မှတ်ရသည်….
ရောက်ပါပီ ရုံးကို… စိတ်ထဲမှာ အေးကနဲဖြစ်သွားသည်… လုပ်စရာ အပုံရှိသေးပေမယ့် ကော်ဖီ ပါဆယ် မဆွဲခဲ ့ရသော ကျွန်တော်မှာ Toyota Service ဘေးက တီးဆိုင်လေးမှာ လီမွန်တီးလေးသောက် COC လေးဆော့ရင်း ရုံးချိန် အား စောင့်မျှော်လျက်…
လေးစားလျက်
တိမ်မည်း
ဒီဇင်ဘာ ၂ရက် ၂၀၁၄
20 comments
ခင်ဇော်
December 2, 2014 at 10:48 am
Coffee….??
ဘယာကြော် ..??
😥
Btw, good writing and nice post…!!
🙂
တိမ်မည်း
December 2, 2014 at 11:03 am
ကျေးကျေး အမ..
ဘယာကြော်ကတော့ အသေကြိုက်တယ်… ဟီး…
kyeemite
December 2, 2014 at 1:10 pm
.ကိုတိမ်မည်း စာရေးကောင်းသားပဲဗျ…မဖတ်ရတာတောင်အတော်ကြာပီ
.ရုံးအသွားလေးနဲ့တင်ဝတ္ထုတစ်ပုဒ်ဖြစ်ရော 🙂
ဦးကျောက်ခဲ
December 2, 2014 at 1:44 pm
ကိုရင်တိမ်မည်း တမနက်တာ ရုံးသွားလိုက်တာ ကျောက်စ် အတိတ်ကိုပြန်ရောက်သွားတယ်…
…..
ဟိုးလွန်ခဲ့တဲ့ နှစ်အစိတ်ကျော်ကာရီက ပုလဲကွန်ဒိုနေရာက ခြုံနွယ်တွေဖုံးလွှမ်းနေတဲ့…
နိုင်ငံတော် သမ္မတဟောင်း စပ်ရွှေသိုက်ရဲ့ခြံ … သူ့သားလည်းအဲသည့်မှာပဲ ပစ်သတ်ခံရတာ…
နောက်… မဆလ ခေတ်မှာ ပျားဂေဟာစီမံကိန်းနဲ့ ကြက်ကြော် ငုံးကြော်ဆိုင် ဖွင့်ဖူးသေးတယ်ပေါ့…
…..
အခု မြရိပ်ညိုနေရာက မောင့်ပလဲစန့်ကုန်း… ရွှေတိဂုံပြီးရင် ရန်ကုန်မှာ ဒုတိယအမြင့်ဆုံး…
ဘေးမှာက လျှိုတွေ ချောက်တွေနဲ့ စစ်တိုက်တန်းကစားလို့ကောင်းသပေါ့ဗျာ…
နဝတခေတ် မြို့တော်ဝန်ဦးကိုလေးရဲ့ အိမ်တော်… နောက် ဇေကမ႓ာဂျီး လက်ကိုရောက်…
…..
အဲ့အနားမှာ ဝါးတီးဆိုလို့ … ဆရာမင်းယုဝေရဲ့ခြံဘေး… ပန်းချီဆရာကြီးရဲ့ ခြံထဲမှာဖွင့်ထားတဲ့…
Sunflower ဆိုတဲ့ လဘက်ရည်နဲ့ မုန့်ဟင်းခါးဆိုင်လေးရယ်…
Aye & Son (ယခု Toyota Service Center) နားမှာ ညနေပိုင်း အထမ်းနဲ့ရောင်းတဲ့…
ကုလားကြီး ဦးရာဂျူးရဲ့ စမူဆာ ဗရာကြော်သုပ်ဆိုင်ရယ်…
ကောင်းကောင်းစားချင်ရင် စိန်လျှံရယ်…. လွမ်းပါဘိဗျာ…
🙁
kai
December 2, 2014 at 3:11 pm
ဆိုတော့… ပျားဂေဟာဆရာလည်း.. မျက်မှန်ကြီးတင်ဦးဖြုတ်ထုတ်သတ်တဲ့အထဲ… ပါသွားတယ်မဟုတ်လား..။
ငုံးဥဆိုလား.. ပျားဥဆိုလား.. စာရင်းကွာလို့ဆိုပြီး.. ထောင်ထဲဆွဲထည့်ခဲ့တယ်လို့..။
ထင်တာပြောတာ… :k:
ဦးကျောက်ခဲ
December 2, 2014 at 3:17 pm
အဟဲ… သဂျီး အတိတ်မေ့ပြီ…
ပျားဂေဟာဆြာဂျီးက မျက်မှန်ကြီးတင်ဦး ကိုယ်တိုင်လေ…
သူရော ဦးဘိုနီရော ဖြုတ်ထုတ်သတ်မှာ ထောင်နန်းစံတော့…
ပျားဂေဟာစီမံကိန်းလည်း… ပြားဂေဟာ ဖြစ်ပါလေရော…
ဘာတဲ့… မြန်တျန့်ရှေးဦး KFC….. ခွိ ခွိ
:k:
kai
December 2, 2014 at 3:26 pm
မျက်မျက်ကြီးတင်ဦးကို. ဘိုနေဝင်းကရှင်း..
ဘိုခင်ညွှန့်ကို.. ဘိုသန်းရွှေကရှင်း..။
မြန်မာစစ်ဘိုတွေတတ်ခဲ့တဲ့.. ရုရှားစစ်ထောက်လှမ်းရေးပညာကို… စီအိုင်အေကတော့.. ဝင်နှိုက်နေပြီထင်…။
ဘယ်သူရှင်းခံရမယ်မသိ…။
History repeats itself
အဲဒီအကြောင်းတွေကို.. မွှေနှောက်နှိုက်ပြီး ပြန်ရေးတဲ့.. စာအုပ်တအုပ်အုပ်များရှိရင်. တော်တော်စိတ်ဝင်စားရာကောင်းမယ်လို့…။
လုံမလေးမွန်မွန်
December 2, 2014 at 2:00 pm
ဘတ်စ်သိုင်း.. ဟုတ်တယ်.. ကားတွေက လူတင်ဖို့သာ ကျောက်ချရပ်တာ ဆင်းဖို့ဆို အီနားရှားနဲ့ ဆင်းရတာ.. ဒါတောင် ြကြားမှတ်တိုင်တွေဆို ခုန်တက် ခုန်ဆင်းပဲ.. ခါးကနေ လှမ်းဖက်ပြီ ထိန်းပေးတာလည်း အောင့်သက်သက်နဲ့ ခံရသေးတယ်.. မဟုတ်ရင်လည်း လဲတော့မှာကိုး.. ရန်ကုန်မှာ ဘတ်စ်ကားစီးရတာ တကယ် အကုသိုလ်များတယ်…
ဗုံဗုံ
December 2, 2014 at 2:11 pm
ရန်ကုန်ဘတ်စ်ကား ကို မစီးဖူးလို့ စီးကြည့်ချင်လိုက်တာ…..
ဘတ်စ်ကားစီးဖို့ ရန်ကုန်သွားအုံးမှ…
Mr. MarGa
December 2, 2014 at 2:51 pm
အဲ့အချိန် တဒင်္ဂလေးမှာတော့ လောကကြီးဟာ ရှုချင်စဖွယ်ဖြစ်နေမှာ မုချ 🙂
တိမ်မည်း
December 2, 2014 at 4:22 pm
kyeemite> ကျေးဇူး ဦးကြီးမိုက်…
ဦးကျောက်ခဲ> ဦးကျောက်ခဲ အတိတ်က ပိုစိတ်ဝင်စားဖို ့ကောင်းတယ်… 😀
လုံမလေးမွန်မွန်> ဘက်စ်သိုင်း ကျွမ်းနင်းကီးတယ်ပေါ့… စပယ်ယာတွေရဲ့ ခါးဖတ်သိုင်းကတော့ မပြောတော့ဖူး… စပယ်ယာတိုင်း မတက်မနေရများ တင်ထားသလား အောင့်မေ့ရတယ်… အဘွားကြီးကျ ဂျိုင်းကနေ စွေ ့ကနဲ … ကောင်မလေးများကျတော့ ခါးကနေ စွေ ့ကနဲ ….
ဗုံဗုံ> လာခဲ့လေ ရန်ကုန်… ဘက်စ်ကား ပတ်စီးကြည့်ပေါ့… မစီးခင် ဘက်စ်သိုင်းအရင်သင်ခဲ့….
Mr. Marga > ကိုမာဂရယ် ပြောမှ ပြောတက်ပလေတယ်… အတိုင်းထက် အလွန်ပေါ့…..
အလင်းဆက်@မောင်သူရ
December 2, 2014 at 4:48 pm
ကော်ဖီဖြစ်ဖြစ် လက်ဖက်ရည်ဖြစ်ဖြစ်
ပါဆယ်ဆွဲပြီး အိမ်မှာ သောက်ရတာထက်
ဆိုင်မှာ ထိုင်သောက်ရတာကို ပိုကြိုက်နေတယ်။
အိမ်မှာ ပါဆယ်ဆိုရင်တော့
ဖွေးဖွေးကိုယ်တိုင် တိုက်ရင်
ဘလောက် ကောင်းလိုက်မဲ
:k:
တိမ်မည်း
December 2, 2014 at 5:32 pm
သိပ်မှန်တာပေါ့ဗျာ….
တောတွင်းပျော်
December 2, 2014 at 8:22 pm
ကျနော် ရန်ကုန်ရောက်ရင်
ကိုတိမ်မည်း ကျနော ့ကို ဘာစ်သိုင်း သင်ပေးအုံးနော ့။
ခါးပတ်နက်ရတဲ ့အထိ တတ်ချင်တယ်…
uncle gyi
December 2, 2014 at 11:18 pm
ကိုတောပျော်ကကိုတိမ်ကိုသင်ခိုင်းနေ
ကားပေါ်တက်လိုက်ရင်စပယ်ယာကအခမဲ့သင်ပေး
နေပါတယ်ဗျာ
Kaung Kin Pyar
December 6, 2014 at 9:38 am
. ကိုတိမ်မည်းရဲ့ ဘတ်စ်သိုင်းကို အရောက်….ရုံးမှာ ဟန်တောင်မဆောင်နိုင်ဘဲ ခွီးကနဲ ဖြစ်သွားပါကြောင်း…
ဇဂါးမစပ်…
စာရေးကောင်းလိုက်တာ….။ ကောင်းကင်ပြာလဲ အဲ့လိုမျိုးလေး ရေးတတ်ချင်တယ်…။ (CD – အူးကြီးမိုက်)
padonmar
December 6, 2014 at 10:01 pm
အန်တီလည်းအဲဒီ ဘတ်စ်သိုင်းတတ်ပါတယ်။
ကိုရွှေ စပယ်ယာတွေက စိတ်ကောင်းဝင်ရင် သက်ကြီးပိုင်းပါတယ် ပြောပြီး အေးဆေးရပ်ပေးတယ်။
စိတ်ကောင်းမဝင်ရင် မှတ်တိုင်မရောက်ခင် လမ်းမအလယ်ကြောကြီးမှာ ရပ်ပြီး ဆင်းဆင်းဆင်းဆို မောင်းချတတ်တယ်။
အဲဒီအခါ ဘတ်စကား ၂စင်းကြား ကြောလေးအသာ ရှုံ့ပြီး ဘတ်စသိုင်းနဲ့ ဆင်းဖူးပါ့။
…..
အရေးကောင်းပြီး အရေးကျဲနေတယ်နော် တိမ်မည်း
မြစပဲရိုး
December 6, 2014 at 11:26 pm
အော ဒီမှာလဲ နော်ဝေးဘုရင် အလာ လမ်းရှင်းထားတယ်လား။
. ဂေါဝိန် မှာတော့ ရှင်းတာ ရှုပ်ကုန် တယ်။ အေးရော။
နိုင်ငံတကာကလူတွေ ကို သူတို့ လို အိမ်တွင်းပုန်း တွေများ မှတ်နေလားမသိ။
. တော်ပါပြီ။ Post နဲ့ လွဲတော့မယ်။
ရုံးသွားပြီး ရုံးပြန်လေးများ လဲ ဆက်ပါဦး လေ။
ဖတ်ကောင်းတယ်။
ဒီရက် ကောင်း တွေ ပြည့် နေပါတာတော့ အမှန်ပါဘဲ။
ဖရ အဖွဲ့တော့ ဥနခ နေပြီ ထင်ရဲ့။
lol:-))
Crystalline
December 7, 2014 at 4:48 pm
မင်းလမ်းဆိုလို့..စမ်းချောင်းမင်းလမ်းထင်နေတာ.. ပုလဲကွန်ဒိုနားကကိုး… ဘတ်စ်ကားချောင်တဲ့လမ်းကြောင်းမှာနေရတာကိုက နည်းတဲ့ကုသိုလ်မဟုတ်ဘူး..
စကားမစပ်..ငုံးကြော်စားချင်ထှာ.. :p:
မွသဲ ( 17082011 )
December 10, 2014 at 9:38 pm
ဟမ်မလေး တိမ်မည်းကလမ်းကိုမနဲပဲလျောက်ရတာပါလား။ နဲတဲ့အဝေးကြီးမဟုတ်ဖူး။ နေ့တိုင်း အောင်မယ်လေး မောထှာ