Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

နားဦးတည့်ရာ တစ်ဆယ့်လေး – Ko Hmoe (To someone who’s cold-hearted)

မြစပဲရိုးMarch 20, 20152min106226

ဒီတစ်ခါတော့ နိုင်ငံရေး အကြောင်း တွေ ကနေ လိုင်းပြောင်းချင်ရဲ့။

. ပြီးခဲ့တဲ့ ရက် တွေ  ထဲ မှာ အရီး ရဲ့ ချစ်တူမ လေးများ ဆီက သံယောဇဉ်ဖွဲ့ အသဲကွဲ သံစဉ် လေး တွေ နားထောင်ပြီး သဘောကျ နေတာ။
အဲဒါ ကို မနန်း ရဲ့ ရုပ်ရှင် ပဟေဠိ ထဲ က The Notebook ကို တွေ့လိုက်ပြီး တစ်ခါက အကြောင်းလေး ကို ပြန်သတိရ လိုက်မိတယ်။
ဒါနဲ့ အဲဒီ အကြောင်း ကို သီချင်း နဲ့ တွဲ စဉ်းစားလိုက်တော့
ဇီကလေး ရဲ့ အခေါ် “ကိုမှိုး” လေး ရဲ့ “မကြင်နာသူသို့” သီချင်း ကို သတိရလိုက်တယ်။
“မကြင်နာသူသို့” ကို ဆိုညည်း ရင်း နားဦးတည့် ကြပါစို့။

တကယ်တော့ တစ်ခါက ဆိုတာ ကိုယ့် အကြောင်းတော့ မဟုတ်ပါဘူး။
ကျောင်းတုန်းက ညီအစ်မ တွေလို အရမ်းခင်ခဲ့ကြတဲ့ ရဲ ကိုးဖော် (၉ ယောက်) သူငယ်ချင်း တွေထဲ က တစ်ယောက် အကြောင်းပါ။
ကိုယ့် အမိတက္ကသိုလ်ကြီး ဆိုတာ က ကျား ဆိုလို့ လက်ချိုး ရေလို့ ရ အောင် နည်းတဲ့ အပြင် အမှတ် အစဉ် အတိုင်း အတန်းခွဲ ထားတာမို့ အာအိုင်တီ ပြုတ် မိန်းမ တွေ ချည်း စု နေတဲ့ အတန်း က လူ တွေ မို့ အတန်းထဲ မူးလို့ ရှူစရာ ကျား မရှိ။
ဒီတော့ ဝုန်းဒိုင်းကြဲ ဘရုတ်ကျချင်သလို ကျ ပြီး တကဲ့ ကျောင်းပျော်ကြီး တွေ မို့ ရှိစုမဲ့စု ကျား တွေ ကလဲ မော်တောင် မဖူးဝံ့ တဲ့ အခြေအနေ ပေါ့။
အရင်က ကျောင်းတက် တယ် ဆိုတာ တကယ်ကို ကျောင်းထဲ မှာ အချိန်ပြည့် တက်ရတာ။
မနက် ရ နာရီ (ဥပဒေ လိုမျိုး ဘာသာ တွေ ကို အပြင်က ဆရာကြီး တွေ လာသင်တာမို့ သူတို့ ရုံးချိန် မတိုင်ခင် သင်ရတဲ့ အတန်း တွေ) ဒါမှမဟုတ် ၈နာရီ က နေ ညနေ ၄ နာရီ တစ်ခါတစ်ခါ ၄ နာရီ ခွဲ။
ကျူရှင်ဆိုတာလဲ စာမေးပွဲနီးလောက်မှ စုပြီး ခင်ရာ ဆရာတွေ ဆီ သွားပြီး စာလုပ်ကြတာပါ။
အခု ပြောမဲ့ သူငယ်ချင်း ကတော့  ကျောင်း အသိုင်းအဝိုင်း ပိုင်းက မို့ သူ နဲ့ ခင်တဲ့ ရာဇူး ထဲ က ဆရာမ တစ်ယောက် ဆီမှာ သချာင်္ အိမ်စာ သွားသွား လုပ်တယ်။
တစ်ခြား သူတွေ ကို ခေါ်ပေမဲ့  ကျူရှင်သွားရမဲ့  နေရာ က အဲဒီသူငယ်ချင်း နဲ့ဘဲ နီးပြီး တစ်ခြားသူ တွေ အတွက် ဝေးတာမို့ သူ တစ်ယောက် ဘဲ သူ့ဟာသူ တက်တယ်။
အဲဒီမှာ ဇာတ်လမ်း စ တာဘဲ။

သူ့  Homework  စစ်ပေး တဲ့ ဆရာမ မှာ တစ်ခြား ကျောင်းသား ၃ ယောက် လဲ ရှိသေးသတဲ့။
တစ်ယောက်က အာအိုင်တီ က အစ်ကိုကြီး တစ်ယောက် နဲ့ ကျန်နှစ်ယောက် က ရိုးရိုး မေဂျာ ကျောင်းသား နှစ်ယောက် တဲ့။
အဲဒီ နှစ်ယောက် က သူငယ်ချင်း တွေ တဲ့။
အဲဒီ နှစ်ယောက်ထဲ က တစ်ယောက် က ဂျပန်ကား On the road ထဲ က မင်းသား နဲ့ တူ ပါတယ် ဆိုပြီး ရောဂါ ထပါလေရော။
နောက်နေ့ ကျောင်း ရောက်လို့ သတင်း ပေး တာနဲ့ အဲဒီ ကိုယ်တော် ကို သွားကြည့်ဖို့ ရှိနိုင်တဲ့ နေရာ ကို ရမ်းပြီး အားလုံး တစ်ညီတစ်ညာ ချီတက် ကြပါတယ်။
ဒီလောက် ကျယ်တဲ့ ကျောင်း ထဲ ဘယ်လို တွေ့ပါ့မလဲ နော။
ဒင်း ကလဲ ကျောင်းမှန် ဦးမှကိုး။

ဒါနဲ့ ဘဲ ကျန်သူ တွေ မှာ လက်တွေ့ အပြင်မှာ မတွေ့ဖူး ဘဲ  အညွှန်း စကား တွေ နဲ့ ဘဲ ပုံဖော် နေရတော့တာပါ။
တစ်ခါ တစ်ခါ လဲ ကြုံ ရင် သွားသွား တော့ ရှာကြည့်ပါသေး တယ်။
မတွေ့ပါဘူး။
သူ့မှာတော့  တစ်နေ့ တွေ့ပြီး တိုင်း တစ်နေ့ ရောဂါ ပိုပိုပြီး သဲ လာတာ။
အဲဒီ ကိုယ်တော် ကလဲ ကြည့်ရတာ နဲနဲ ကြီးကျယ်ပုံဘဲ။
အစိမ်းရောင် မာဇဒါဂျစ် မောင်းမောင်း လာတယ်ဆိုလို့ သူ့ အဖေ က ဌာန တစ်ခု က ညွှန်ချုပ် လို့ မှန်းကြည့် ကြတယ်။

သူငယ်ချင်း ခမျာ အဲဒီ ကိုယ်တော်နဲ့ တစ်ခန်းထဲ ထိုင် ကိုယ့် စာ ကိုယ်လုပ်။ ပြီးရင် ဆရာမ ကိုပြ။
. ပြီး ရင် အိမ်က လာကြိုချိန် ပြန်။
ရိုးရိုး လေး မှ ရိုးရိုးလေး။
ဇာတ်ရှုပ်ခွင့် မရှိ။
အဲဒီ မိန်းမ ကလဲ သူက သာ စိတ်ထဲ သဘောကျ နေတာ။
သူက စပြီး စကား ပြော မိတ်ဖွဲ့ ဖို့ ကို ဘယ်တော့ မှ လုပ်မှာ မဟုတ်။
မျက်နှာထား က ခပ်တင်းတင်း မို့ ဒီလို မိန်းမ ကိုလဲ ဘယ်သူက မှ အရေးတယူ အောက်ကျို့ပြီး လာမိတ်ဖွဲ့ မယ် မထင်။

ဒီလို နဲ့ နောက်ပိုင်းမှာ အားလုံး က ဝိုင်းပြီး အားပေးကြ တယ်။
အဲဒီ ကိုယ်တော် မှာ ကောင်မလေး ရှိလို့ အဲဒီ ကောင်မလေး ဆီ တစ်ချိန်လုံး သွား နေတာ ဖြစ်မှာ လို့။
အဲဒီလို ဝိုင်းပြောကြ ချိန် မျက်နှာလေး ငယ်ပြီး နားထောင်နေ တဲ့ သူ့ ကို အားလုံး က သနား နေကြ ပြန်ရော။
ဘယ်သူ က ဘယ်လို တတ်နိုင်ပါ့မလဲ။

ဒီလို နဲ့ တစ်နေ့ အာစီ ထဲ မှာ ဘော်လီဘော ပွဲ ရှိလို့ သွားကြည့် ကြတုန်း “ဟဲ့ ဟိုမှာ ဟို မှာ ဟို တစ်ယောက်” ဆိုပြီး သူ့ ဆီ က အသံတုန်တုန် လေး ထွက် လာတယ်။
ဒီမှာတင် “ကိုးစုံ” သော မျက်လုံး များ ဟာ ဝရုန်းသုန်းကား ဝိုင်းကြည့် လိုက်ကြပါလေရော။
သူ ကလဲ ကိုယ်တွေ ဘက် ကို ကြည့် နေပြီး ဖြစ်နေတာမို့ ကိုယ့်ဘက် က တပ်ပျက် နေတဲ့ အခြေအနေ ကို ရိပ်မိ သွားတယ် ထင်ရဲ့။
မသိမသာ ခပ်ပြုံးပြုံး လုပ်ပြီး ထွက် သွားတယ်။
အဖွဲ့ထဲ က တိုက်စစ်မှူး တစ်ချို့ ရဲ့ အားပေး အားမြှောက် မှု နဲ့ အဲဒီ ကိုယ်တော် နောက် ကို နောက်ရောင်ခံ လိုက်ခဲ့ တယ်။
သူက ဘယ် အတန်း ကို မှ မသွားဘဲ သစ်ပုတ်ပင်နားမှာရပ်ထား တဲ့ ကားပေါ်တက် ကိုယ်တို့ တွေ ကို တစ်ချက် ကြည့်ပြီး မောင်းထွက်သွားခဲ့တယ်။

နောက်တစ်နေ့ မှာ မထင်တဲ့ အရာ တစ်ခု ဖြစ်ခဲ့တယ်။
အဲဒီ ကိုယ်တော် ဟာ အတန်းရှေ့ က နေ လျှောက်ပြီး သူ့ ကို ကြည့်ပြီး ပြုံးပြသွားခဲ့တယ်။
သူ အပါအဝင် အားလုံး ဘဲ မှင်သက်ပြီး တိတ် သွားတယ်။
. ပြီးတော့ တစ်ယောက် တစ်ပေါက် “ဟား  ဇာတ်လမ်း စပြီ ဟေ့” လို့ ပြောသူပြော။ “ညှို့ချက် က ပြင်းသား” ဆိုပြီး ဝမ်းသာအားရ အော်သူအော်။ “နင် လဲ ပြန်ပြုံးပြလိုက်လေ” လို့ တွန်းသူကတွန်း ပေါ့။
အသံ တွေကြားမှာ သူ က မဲ့ပြုံး လေးပြုံးလို့။

နောက်နေ့ သူ  သတင်း တစ်ခု ပေးလာတယ်။
မနေ့ ညနေ က ကျူရှင်မှာ ကိုယ်တော် က သူ့ ဆီက ဖတ်စာအုပ် လာငှား တယ်တဲ့။
ဒီလို မျိုး ဇာတ်လမ်း ဖန် နိုင်ကောင်း ဖန်နိုင်တော့ မယ်လို့ မှန်းထားပြီး မို့ အားလုံး က မေးလိုက်ကြတယ် “ပေးလိုက်လား” လို့။
သူခေါင်းခါပြ တယ်။
. ပြီးတော့ “ဒီ ဇာတ်လမ်း ကို သူ ဆက်မှာ မဟုတ်ဘူး” တဲ့။
အားလုံး က “ဟင် ဘာလို့လဲ”  ဆိုတော့ “ငါ က သူ့ကို စိတ်ဝင်စား တယ် ဆိုတာ ဘော်လီဘောပွဲ မှာ သူ ရိပ်မိသွားပြီး စ လာ တဲ့ ဒီ ဇာတ်လမ်း ကို မယုံဘူး၊ ငါ က စလို့ သူ ပြန်စိတ်ဝင်စား တဲ့ အဖြစ် ကို ငါ မကြိုက်ဘူး” တဲ့။
အားလုံး အတွေး မျိုးစုံ နဲ့ တိတ်သွား တယ်။
အားလုံး အံ့ဩရပြန်တယ်။
ဒါပေမဲ့ ဒီ မိန်းမ က ရီ  တော့ ရီ ရသား။
ဇာတ်လမ်းသာ အဖြစ်မခံတာ။
အဲဒီ ကိုယ်တော် အကြောင်း က ဖောက်သည်ချ နေတုန်း။
မောင်နှမ ၃ ယောက် ရှိတာ အလတ်တဲ့။
အရမ်းအေးပြီး ရီးစား မရှိ မိန်းကလေး အပေါင်းအသင်း တောင် မရှိ တဲ့။
UTC  တက်နေသူ တဲ့။ (တက္ကသိုလ် က ဖွင့်တဲ့ အရန် စစ်သင်တန်း)

တစ်နေ့ မှာ ဆရာမ ဆီမှာ ခွင့်တိုင် နေသတဲ့။
UTC က တပ်မတော်နေ့  စစ်ကြောင်း တစ်ကြောင်း အနေ နဲ့ ပါ ရ မှာမို့ Camp ဝင် ရမှာကြောင့် အတန်း မလာနိုင်တာ အတွက် တဲ့။
, မြင်ယောင်ကြည့် မိပါရဲ့။
ဂရု မစိုက် သယောင် မျက်နှာထား ကို တင်းထားပြီး နား ကတော့ သူ့အကြောင်းကို ကြားဖို့ နူးညံ့လွန်းနေတဲ့ မိန်းမ တစ်ယောက် အဖြစ်ကို။

ဒါတင်လား။ မပြီး သေး။
စစ်ရေး လေ့ကျင့် တာ ကြည့်ချင်တယ် ဆိုပြီး သူငယ်ချင်း တွေ မှာ မနက် အစောကြီး ဝဋ်ခံ ပြီး လိုက်သွားကြည့် ရသေး။
တကဲ့ စစ်ရေးပြတဲ့ နေ့မှာလဲ ပန်းကုံးမစွပ်ဘဲ အဝေး က လှမ်းကြည့် နေခဲ့ တဲ့ မိန်းမတစ်ယောက် ရှိနေခဲ့တာ ကို
အဲဒီ ကိုယ်တော် ဘယ်သိခဲ့မလဲ လေ။
သူကတော့ မိန်းမတစ်ယောက် က သူ့ ကို အရူးလုပ်ခဲ့ တယ် လို့ ဘဲ တွေးသွားမှာပေါ့။
အဲဒီ နောက်ပိုင်း ကျူရှင် ကို သူပြန်မလာတော့ဘူးတဲ့။
အဲဒီ နောက်ပိုင်း ထဲ က မတွေ့တော့တာ ကျောင်းပြီးတော့ OTS  တက် သွား တယ် လို့ သတင်းကြား သတဲ့။
နောက်ပိုင်း နှစ် နည်းနည်း ကြာတော့ တိုက်ပွဲမှာ ကျ သွားတယ် လို့ တစ်ဆင့် ကြားကြား ရ သတဲ့။

ဒီလို နဲ့ သူမသိ ငါမသိ ဇာတ်လမ်းလေး တစ်ပုဒ် အဆုံးသတ်ခဲ့ တယ်။
ဒီကိုယ်တော် တစ်ယောက်
“မကြင်နာသူ” ဆိုတာ ကို သေရွာ ထိ သယ် သွားခဲ့ မလား။
ဖတ်စာအုပ် ကို ရိုးရိုးသားသား ငှားခဲ့တာ လား။
သူငယ်ချင်း ကို သူ တကယ်ဘဲ စိတ်ဝင်စားခဲ့လား။
သူငယ်ချင်း စွပ်စွဲသလို တမင် အကဲစမ်း ခဲ့တာလား။
သူ့ အတွက် တကဲ့ ချစ်သူ မိန်းကလေး တွေ့သွားခဲ့ သလား။
အဖြေ ကတော့ မရှိနိုင်တော့ပါ။

ဒါပေမဲ့ တစ်ခြား သိလိုက်တာက သီချင်းထဲ ကလို
လက်တွေ့ မှာ အိမ်မက်တွေ တစ်ချို့ ဟာ တစ်လွဲ ဖြစ်နေတတ်တာ ကတော့ အသေအချာပါဘဲလေ။

ပုံ
ဂန္ဒဝင် မြောက်  စာရေးဆြာမဂျီး
* မြစာကလေး

The trouble with quotes(stories) on the Internet is you never know if they are genuine.” –Abraham Lincoln  :))

မကြင်နာသူသို့ ၊ ဆို ကိုမှိုး ၊ ရေး ဖိုးခွား (၁၉၉၁)

* သူဟာ ကျွန်တော့် ရဲ့ အိမ်မက်တွေတိုင်းမှာ ရွှေနတ်သမီး အဖြစ်စိုးမိုး နေတာ
* ကျွန်တော် ညည အိပ်မရ တဲ့ အခါ အိမ်မက်များ ကို နှမြော တသစွာ
* တကယ်တမ်းတော့ ကျွန်တော့် ရဲ့ အဖြစ်ဟာ မကြင်နာလေသူကိုမှ သွားချစ်မိနေတာ။

* စိတ်ကူးယဉ် အတွေးထဲမတော့ ပြေလည်လိုက်တာ
* သူ ကျွန်တော့် ကို ချစ်လိုက်ပုံများ နှိုင်းရက်စရာဘာမှ မရှိပါ
* အပြင်က လက်တွေ့ဘဝ မှာ အိမ်မက်ဟာ တကယ်ဖြစ်မလာ။

* သူဟာ ကျွန်တော့် ရဲ့ နှလုံးသားထဲမှာ ဘယ်လိုလုပ်မှဖျောက်မရနိုင်ပါ
* ကျွန်တော် တန်းတန်းစွဲတဲ့ အချစ်ဟာ သေတောင်မှလေ ပျောက်ပျက်မသွားနိုင်
* မျှော်လင့်ခြင်းများ အသက်ရှိသ၍တော့ ရှင်သန်ဆဲဘဲ ဘဝ နဲ့ ထပ်တူပါ။

* စိတ်ကူးယဉ် အတွေးထဲမတော့ ပြေလည်လိုက်တာ
* သူ ကျွန်တော့် ကို ချစ်လိုက်ပုံများ နှိုင်းရက်စရာဘာမှ မရှိပါ
* အပြင်က လက်တွေ့ဘဝ မှာ အိမ်မက်ဟာ တကယ်ဖြစ်မလာ။*

Ko Hmoe

26 comments

  • မြစပဲရိုး

    March 20, 2015 at 6:35 am

    ကိုမှိုးလေး ကို မြင်ပြီး သူ့အသံကြားပြီး ဇီဇီ ဝမ်းမြောက်ပါလေတော့။
    တိတ်တိတ်လေး သဘောကျ ပြီး အသဲကွဲဖူး တဲ့ အဖော်ရှိတာ သိပြီး ပုချ် ဝမ်းမြောက်ပါလေတော့။
    တစ်ခါထက် ပိုပြီး မကြိုးစားခဲ့တဲ့ ပုရိသမျိုး ရှိဖူးခဲ့တာ သက်သေတည်ပြီး ဝါး ဝမ်းမြောက်ပါလေတော့။
    :wink :))

    ခေါင်းစဉ် ကို ရမ်းတီး ထားတာ သိပ်မလှဘူး။ ပိုလှ တဲ့ ဘာသာပြန် လေးများ ရှိရင် အကြံပု ကြပါဦး။

    https://www.youtube.com/watch?v=_v1ip6TY9a0

    • pooch

      March 20, 2015 at 12:28 pm

      အနော့်အတွက်က မသက်ဆိုင်သူသို့ပေါ့ :mrgreenn:
      ဒီသီချင်းကို အဲ့ခေတ်က ဗွီဒီယို ကားတွေမှာ မကြာမကြာကြားဖူးတယ်
      ဒီသီချင်းက နားထောင်လို့ ကောင်းပေမဲ့ မကြိုက်ဖူး မုန်းတယ် :cryy:

      ဒါပေမဲ့ ခုနားထောင်နေတာ ၄ ခေါက်မြောက်ပြန်ပြီ
      ကိုမှိုးကို သိပ်မကြိုက်တတ်ခဲ့ဖူး
      သရုပ်ဆောင်တာ လည်း သိပ်မကောင်းဘူး

      ဒါပေမဲ့ သူ့ကြည့်ရတာတော့ နူးညံတယ် သိမ်မွေ့တယ်
      အမဝမ်းကွဲတယောက်က တော့ ကိုမှိုးတို့ တူးတူးတို့ ခရေဇီ
      သူယူထားတဲ့ အမျိုးသားက တူးတူးနဲ့ တော်တော်ဆင်တာ သူ့ခေတ်မှာတော့ စတားပေါ့လေ

      ကိုယ်က ငယ်ငယ်ရွယ်ရွယ်မုဆိုးမဖြစ်ဖို့ ကံမပါဘူးလေ ကံဖယ်တာ အရီးသူငယ်ချင်းလည်း အဲ့လိုကံပါတာ :mrgreenn:

      ်တခါတလေ ကောင်းတာတွေ လာဖို့ ဆိုးတာတွေ အရင်ခံထားရတာ လို့ တွေးမိတယ်

      • pooch

        March 21, 2015 at 9:49 am

        ပြောဖို့ မေ့သွားလို့ သများမင်းသားကတော့ ရီဝေယံနဲ့ ဆင်တာဗျ :mrgreenn:
        ကြည့်ရတာ ဒီအလိုအရွယ်တွေ ဒီလို ဖြစ်တတ်ဖြစ်လေ့ရှိကြတာနေမှာပါနော့်

  • ခင်ဇော်

    March 20, 2015 at 6:42 am

    ကျေးးကျေးးပါ အရီးးးရေ..
    :chit:
    ကိုမှိုးးးသီချင်းးတွေ နောက်ပိုင်းး ပြန်ဆိုတာမို့
    သီချင်းးအတွက် အဆက်မပြတ်သော်လည်းးး
    လူအေးး လူလိမ်မာ ကြိုက်တတ်တဲ့ အချိန်က ဆယ်လီလေးးမို့ မှတ်မှတ်ရရဖြစ်မိတာပါ..
    သူတို့ မိသားးစု ပုံစံလေးး ယဉ်ကျေးးကြတာလေးးကိုလည်းး
    အားးကျခဲ့ဖူးးပါတယ်..
    🙂

    • မြစပဲရိုး

      March 20, 2015 at 6:50 am

      စောစောစီးစီး ဝင်မန့်သွားတာ ကျေးဇူးပါ ဇီ။ :))

  • kai

    March 20, 2015 at 6:51 am

    ကျုပ်ဖခင်လုံးချင်းဝတ္တုစထုုတ်ပြီး.. တနှစ်လောက်နေတော့.. သူ့စာအုပ်ထုတ်တဲ့ ရွှေသမင်တိုက်ကို.. မိုးရွာထဲ.. အမျိုးသမီးတယောက်ကလေးတွေချီလို့.. ဆွဲလို့.. ရောက်လာတယ်တဲ့…။
    အဲဒီကနေ.. နေနွယ်ဇင်မြင့်ဖြစ်.. လမင်းမိုမိုဖြစ်..။ ပုဏ္ဏမီဖြစ်.. ။ ကိုမှိုးဖြစ်..
    ထက်မြက်ပြီး တော်တာက.. ဗိုလ်ကြီးဦးဇင်မြင့်.. ကလေးတွေအဖေထက်စာရင်.. အမေဖြစ်မယ်ထင်မိတယ်..။

    သူတို့မိသားစုအကြောင်း.. ရုပ်ရှင်ဇတ်လမ်းလေးတောင်… ရိုက်သင့်..။ :k:

    • မြစပဲရိုး

      March 20, 2015 at 7:00 am

      နေနွယ်ဇင်မြင့် က စိန်ဂျွန်းကျောင်း က ဆရာမ ဆိုတော့ နဲနဲ ထက် ရုံတောင် မဟုတ်လောက်။
      ဝင်မန့်ပေးလို့ ကျေးဇူးပါ သူကြီးမင်း။ :))

  • black chaw

    March 20, 2015 at 8:41 am

    ကိုမှိုး ဆိုတာ ကျွန်တော်တို့ ငယ်ငယ်က TV စတား ခင်ဗျ…။
    ရုပ်ကလေးကလည်း သန့် (ချောတယ်လို့ မပြောဘူးနော်…)
    ပညာကလည်း ဆေးကျောင်းသား
    အစ်မေတွေ အစ်မတွေကလည်း
    ဘက်ဆဲလားတန်းဝင် စာရေးဆရာမတွေဆိုတော့
    အဲဒီခေတ် မိန်းကလေးတွေရဲ့ စိတ်ကူးယဉ်စရာ အိပ်မက်လေးတစ်ခု
    ဖြစ်ခဲ့ဖူးတာပေါ့…။
    အဲဒီအချိန်က ကလေးသာသာ ပဲ ရှိမယ့် ခင်ဇော်ကြီးတောင်မှ
    အိပ်မက်ထဲ ထည့်မက်ခဲ့ဖူးတယ် ထင်ပါရဲ့…။
    လမင်းမိုမို မိသားစုနဲ့ တစ်လမ်းတည်း နေခဲ့ဘူးပါတယ်…။
    လှည်းတန်း က ဇေယျာသီရိလမ်းထဲမှာပါ…။
    စကားလမ်းကြောင်းက ဘေးရောက်သွားပြီ…။
    အဲဒီ သီချင်း က အဲဒီအချိန်က ဂစ်တာတီးပြီး
    သီချင်းတွေ အော်တတ်တဲ့ ကျွန်တော်တို့အတွက်
    မပါမဖြစ်သီချင်းတစ်ပုဒ်ပါ။
    အဲဒီသီချင်း နဲ့ ပတ်သက်ရင် အဆိုတော် ကိုမှိုးထက်
    တေးရေးဖိုးခွား ကို ပို မှတ်မှတ်ရရ ဖြစ်နေမိပါတယ် အစ်မရေ…။
    တေးရေးဖိုးခွား ကွယ်လွန်တော့ ဒီရွာထဲတင်ခဲ့တဲ့ အမှတ်တရပို့စ်လေးထဲ
    ဒီသီချင်းလေး အကြောင်း ထည့်ရေးခဲ့ဖူးပါတယ်…။
    ဖိုးခွား ကို ဂုဏ်ပြုချင်လို့ အစအဆုံး ပြန်ရေးခွင့်ပြုပါခင်ဗျာ…။

    တေးရေး ဖိုးခွားကို နှုတ်ဆက်ခြင်း
    ဒီနေ့ထုတ် ကြေးမုံသတင်းစာထဲက နာရေးကြော်ငြာမှာပါတဲ့ ကွယ်လွန်သွားသူတစ်ယောက်အကြောင်းပြောချင်ပါတယ်ဗျာ။

    ကိုသက်ခိုင်(ခ)တေးရေး ဖိုးခွား
    အသက် (၄၇) နှစ်

    တဲ့။ ၂၅-၅-၂၀၁၂ ညနေ ၃ နာရီမှာ ကွယ်လွန်သွားပါတယ်တဲ့။
    နာရေးကြော်ငြာဖတ်ပြီး ကျွန်တော်လွမ်းသွားပါတယ်။
    တေးရေးဖိုးခွားဆိုတာ ကျွန်တော်တို့ ဆယ်ကျော်သက်အရွယ်လောက်တုန်းက အင်မတန်အောင်မြင်တဲ့ သီချင်းလေးတွေကိုရေးခဲ့တဲ့
    သီချင်းရေးဆရာတစ်ယောက်ပါ။
    ချစ်သူကို ဟိုးအမြင့်ကြီးမှာထားပြီး ကိုယ့်ကိုယ်ကိုတော့ အမြဲတမ်း နှိမ်ချ ရေးတတ်တဲ့ တေးရေးဆရာကိုပြပါဆိုရင် အဲဒီ လူဟာ ဖိုးခွားပါပဲ။
    ဟုတ်ပါပြီ။
    ဖိုးခွားရေးခဲ့တဲ့ သီချင်းလေးတွေက ကျွန်တော်တို့ ဆယ်ကျော်သက်အရွယ်ဂစ်တာတီးတတ်စအချိန် လမ်းဘေးတီးဝိုင်းလေးတွေမှာ
    ကောင်မလေးတွေကို ကြူဖို့ အလွန်ကောင်းတဲ့ သီချင်းလေးများပါလို့ ကျွန်တော်က အလွန်အကျူးဖွဲ့ဆိုချင်ပါတယ်ဗျာ။
    နမူနာလေးတွေနဲ့ ပြောကြည့်မယ်ဗျာ။
    ၁၉၈၆ လောက်က မြန်မာပြည်မှာ တစ်ခုတည်းသော ရုပ်သံဖြစ်တဲ့ မြန်မာ့ရုပ်မြင်သံကြားရဲ့ စနေ၊ တနင်္ဂနွေ ည ရနာရီ နဲ့ ၈ နာရီကြားမှာ စတီရီယို သီချင်းတွေ အမြဲလွှင့်တတ်ပါတယ်။ ကျွန်တော်တို့တတွေမှာလည်း ရွေးချယ်စရာ ဖျော်ဖြေရေးက ဒီတစ်ခုပဲ ရှိသမို့ ကြည့်ဖြစ်အောင်ကြည့်ကြရပါတယ်။
    အဲဒီအချိန်က မြန်မာ့ရုပ်သံရဲ့ ပေါ်ပြူလာ သီချင်းတွေထဲမှာ တူးတူးရဲ့ ကေသရီ ဆိုတဲ့ သီချင်းလေးပါပါတယ်။
    အဲဒီ ကေသရီ သီချင်းရဲ့ သံစဉ်စာသားပိုင်ရှင်က ဖိုးခွားပါပဲ။
    စာသားလေးတွေ နည်းနည်း လေ့လာကြည့်ဗျာ။

    ကေသရီ
    တေးရေး – ဖိုးခွား
    တေးဆို – တူးတူး

    (စိုးမိုးမှု ဒီရင်မှာ နှလုံးသားထဲ စူးနစ်စေခဲ့တယ် ကေသရီရယ်..
    မင်းအကြည့်ကြောင့် ရင်ဝေဒနာ နက်သထက်နက် ဖျက်မရနိုင်ခဲ့…
    အို အိုး အို မောင့် ကေသရီရယ်…
    စွဲလန်းခြင်း အသချေင်္ကို မင်းသက်သက် ပေးခဲ့လေသလားကွယ် …)
    (ဒို့ဘဝရဲ့ အာရုံတွေမှာ တမ်းတမ်းစွဲစွဲမိပြီပေါ့ကွယ်…
    မလှမ်းဝံ့တဲ့ ခြေရာအစုံဟာ မင်းနံဘေးနားရှိလျက်ပါပဲ…
    အိုအိုးအို အိုးအိုးအို မောင့်ကေသရီရယ်
    သောကကျင့်စဉ်တွေကို နှလုံးသားထဲ ထည့်ခဲ့လေသလားကွယ်…)
    CHO ; (စိတ်ထဲ ရှိရှိသမျှနဲ့ အပြင်ဘက်ကလက်တွေ့ဘဝဟာ
    ကွာခြားတယ် ချစ်သူရယ် သိစေချင်တယ်
    နန်းထိုက်တဲ့ တော်ဝင်သူကို ဒို့လက်နဲ့ မထိရက်ပါဘူးကွယ်…)

    (အသက်နဲ့ အမျှကြင်နာသူကို ကြေကွဲရင်းနှုတ်ဆက်ခဲ့ပါတယ် ကေသရီရယ်…
    ဒို့ဘဝရဲ့အဖေါ်မွန်ဟာ ဝေးသင့်လို့ ဝေးခဲ့ကြပြီပဲ…
    အိုးအိုးအိုး မောင့်ကေသရီရယ်…
    နန်းထိုက်တဲ့ တော်ဝင်သူကို တို့လက်နဲ့ မကမ်းတော့ပါဘူးကွယ်။

    ဘယ်လောက် နုလိုက်ရွလိုက်သလဲ…။
    ချစ်သူကို တင်စားထားတာများ နန်းထိုက်တဲ့တော်ဝင်သူ တဲ့…။
    အဲဒီခေတ်က အဲဒီသီချင်းလေးက တော်တော် ပေါက်ခဲ့တယ်ဆိုတာ အခု ကျွန်တော်တို့လို လေးဆယ်ကျော်ကျော်တန်းအရွယ်တွေ
    သိကြမှာပါ…။
    ရေးရင်းနဲ့ လွမ်းတောင်လာတယ်.. ဦးလေးရေ။
    ဆယ်ကျော်သက်အရွယ်က ထားခဲ့ဘူးတဲ့ ရည်းဇား ၁၅ ယောက်လောက်ကို ပြန်တွေ့ချင်စိတ်တောင် ပေါက်လာပါရောလားဗျာ။
    သူဘယ်မှာလဲ သတိရနေတယ် လို့ အော်အော်ပြီး လွမ်းရမလိုပါပဲဗျာ။
    ဖိုးခွားရေးတဲ့ သီချင်းတွေထဲက နောက်တစ်ပုဒ် ပြောဦးမယ်ဗျာ။
    သီချင်းနာမည်က မကြင်နာသူသို့ တဲ့။
    ဆိုတဲ့သူက နာမည်ကြီးစာရေးဆရာမ နေနွယ်ဇင်မြင့်ရဲ့ သားအငယ်ဆုံး၊ လမင်းမိုမို ရဲ့ မောင် ကိုမှိုး ပါ။
    အဲဒီခေတ်က ကိုမှိုး ကလည်း မြန်မာရုပ်သံရဲ့ စူပါစတား စာရင်းဝင်ပါပဲဗျာ။
    စာသားလေးတွေနည်းနည်းဖတ်ကြည့်ရအောင်ဗျာ။

    မကြင်နာသူသို့
    တေးရေး – ဖိုးခွား
    တေးဆို – ကိုမှိုး

    (သူဟာ ကျွန်တော့်ရဲ့ အိပ်မက်တွေထဲမှာ ရွှေနတ်သမီးအဖြစ် စိုးမိုးနေတာ
    ကျွန်တော် ညည အိပ်မရတဲ့အခါ အိပ်မက်များကို နှမြောတသစွာ
    တကယ်တမ်းတော့ ကျွန်တော့်ရဲ့ အဖြစ်ဟာ မကြင်နာလေသူကိုမှ သွားချစ်မိနေတာ..။)

    စိတ်ကူးယဉ်အတွေးထဲမတော့ ပြေလည်လိုက်တာ
    သူကျွန်တော့်ကို ချစ်လိုက်ပုံများ နှိုင်းရက်စရာ ဘာမှ မရှိအောင်
    မပြေလည်သောလက်တွေ့ဘဝမှာ အိမ်မက်ဟာ တကယ်ဖြစ်မလာ..။

    သူဟာ ကျွန်တော့်ရဲ့ နှလုံးသားထဲမှာ ဘယ်လိုလုပ်မှ ဖျောက်မရနိုင်ပါ..
    ကျွန်တော် တမ်းတမ်းစွဲတဲ့ အဖြစ်ဟာ သေသည်အထိတိုင် ပျောက်ပျက်မသွားနိုင်
    မျှော်လင့်ခြင်းများအသက်ရှိသရွေ့တော့ ရှင်သန်ဆဲပဲ ဘဝနဲ့ထပ်တူပါ…

    အဖြေမရသေးတဲ့ ကောင်မလေးတွေ အိမ်ရှေ့ခပ်လှမ်းလှမ်းကများ ဂစ်တာလေးနဲ့ သွားကြူလိုက်လို့ကတော့ ဟေးဟေး…။
    ဖိုးခွားတို့ ရေးချက်တွေက အဲဒီလိုဗျ…။ ပြောရင်း နှမြောတယ် ကိုဖိုးခွားရေ…။
    ဒီဘက်ခေတ်ချာတိတ်တွေ လူပျိုလှည့်ဖို့ သီချင်းလေးတစ်ပုဒ်လောက်များ ထရေးပေးခဲ့ပါဦးတော့လားဗျာ။
    နေဦး ဦးလေးရေ။ နောက်တစ်ပုဒ်က ပို မိုက်နေသေးတယ်ဗျ။
    ဖိုးချိုကြီး ဆိုခဲ့တဲ့ ချစ်သူကို ဆိုတဲ့ သီချင်းလေဗျာ။
    ဒီသီချင်းကတော့ ခင်ဗျားလည်း နားထောင်ဘူးမှာပါဗျာ။
    အော် တမလွန်မှာ ဖိုးချိုကြီးဆိုမယ့် သီချင်းတွေရေးပေး ဖို့များ လိုက်သွားလေသလား ကိုဖိုးခွားရေ။

    ချစ်သူကို
    တေးရေး – ဖိုးခွား
    တေးဆို – ဖိုးချို

    ချစ်သူကို ရွှေနန်းထက်မှာ ထားချင်တယ် ဒါပေမယ့် ကိုယ့်ရဲ့ဘဝဟာ ချို့တဲ့တာ မင်းအသိပါ
    ချစ်သူကို လက်ဖျားနဲ့တောင် မထိရက်နိုင်တယ် အလှလေး ပွန်းပဲ့သွားရင် ကိုယ် ရင်ကျိုးရချည့်ရဲ့…
    ချစ်သူကို စိတ်ဆင်းရဲစရာ မတွေ့စေချင်သလို တစ်သက်လုံးအနားနားမှ တစ်ဖဝါးမှမကွာစောင့်ရှောက်မယ်
    ချစ်သူကို ကြည့်ရင်းနဲ့ပိုလှလှလာတယ် တစ်နေ့တစ်ခြား ဆုံးရှုံးရမှာကို နှမြောမိပြန်တယ်

    ကိုယ်အမြဲတမ်း ချစ်ရပါ့မလား ရင်တထိတ်ထိတ်နဲ့ မပျော်နိုင်ပါဘူး
    အော် တစ်နေ့နေ့ ဝေးရမှာလား နုံခြာတဲ့ အနုတ်စုတ် ဘဝနဲ့

    ချစ်သူကို ကြည့်လို့ကို မဝနိုင်သေးခင် အခြေအနေမွဲ ဆင်းဆင်းရဲရဲ ကိုယ့်ဘက်ကို မခေါ်ရက်ဘူး
    ချစ်သူကို တမ်းတမ်းစွဲမက်မောမှုမှာ ပိုင်ဆိုင်ခြင်း ကိုယ့်အတွက် ဖြစ်မလာတောင် အော်ကိုယ့်ကုသိုလ်ပဲ…။

    ကြည့်… အလှလေးပွန်းပဲ့သွားရင် ကိုယ်ရင်ကျိုးရချည့်ရဲ့ တဲ့။
    ရေးတတ်လိုက်ပုံများ ပြောပါတယ်။
    တော်ရုံတန်ရုံ ကောင်မလေးတွေ ချက်ခြင်းကြွေသွားလောက်တယ်ဗျာ…။

    နောက်ဆုံးတစ်ပုဒ် ပြောပြဦးမယ် ဗျာ။
    ချစ်သူ့ရင်ခွင် တဲ့။
    ဖိုးချိုပဲ ဆိုခဲ့တာပါ။

    ချစ်သူ့ရင်ခွင်
    တေးရေး – ဖိုးခွား
    တေးဆို – ဖိုးချို

    ဘဝရဲ့ ဒုက္ခအမောများ ပျောက်စေတယ် အလင်းတန်းများပေးစွမ်းတဲ့ လမင်းလေးရယ်
    စိုးတတ်မိုက်တတ်လွန်းတဲ့ ကိုယ့်ကို ချစ်တယ် အမြဲတမ်းပဲ ခွင့်လွှတ်နားလည်ထားတဲ့ ချစ်သူ့ရင်ခွင်
    ချစ်သူရင်ခွင် ချစ်သူရင်ခွင် ချစ်သူ့ရင်ခွင် ရင်ခွင်ထဲ…။
    အဝေးကြီးဝေးသွားလည်းပဲ ချစ်နေမယ် နီးစပ်မှုမနီးစပ်မှုက အရေးမကြီးဘူးကွယ်
    လွမ်းတတ်ဆွေးတတ်လွန်းတဲ့ နှစ်ယောက်အတူ နားလည် နှလုံးသားချင်းတိုက်ရိုက်ဆက်သွယ်ထားတဲ့
    ချစ်သူ့ရင်ခွင် ရင်ခွင်ထဲ..
    ဘယ်ဘယ်အရာ ဘာနဲ့မှ အစားထိုးလည်းမရအောင်
    နွေးထွေးတဲ့မေတ္တာတွေနဲ့
    နေရာတကာ ကိုယ့်ကိုအမြဲဦးစားပေးတတ်တဲ့
    အငြိမ်းချမ်းဆုံးချစ်သူ့ရင်ခွင်ထဲ…
    မှားပြီးရင်းမှားတဲ့အမှားများလည်းပြင်မယ် သဘောထားကြီးလွန်းလှတဲ့ မိန်းကလေးရယ်
    ဖြစ်တတ်ပျက်တတ်လောကတရားကို နားလည် ခွင့်လွှတ်တဲ့ အပြုံးနဲ့ ဆီးကြိုဦးကွယ်
    ချစ်သူ့ရင်ခွင် ရင်ခွင်ထဲ…။

    ဘယ်လိုလဲ ဦးလေးရေ…။
    ဖိုးခွားရေးခဲ့တဲ့ သီချင်းလေးတွေက မမိုက်ဘူးလားဗျာ။
    ကျွန်တော် တကယ်ကြိုက်ခဲ့တဲ့
    လမ်းဘေးမှာ ဂစ်တာကြီး တစ်ဒေါင်ဒေါင်တီးပြီး အော်အော် ဆိုခဲ့တဲ့
    သီချင်းလေးတွေခင်ဗျ..။
    အခု
    အဲဒီလူကြီး ဆုံးရှာပြီဗျာ။
    မနေ့က ညနေ ၃ နာရီကတဲ့..။
    မနက်ဖြန် (၂၇-၅-၂၀၁၂) နေ့လယ် ၂ နာရီမှာ ရေဝေးသုသန်ကို ပို့ဆောင် သဂြိုဟ် မတဲ့။
    ဘာတတ်နိုင်မှာလဲဗျာ…။
    သေခြင်းတရားဆိုတာကြီးက ရှောင်လွှဲလို့ရတာမျိုးမှ မဟုတ်တာ…။
    ဘာပဲဖြစ်ဖြစ် ကျွန်တော်တော့ နှမြောမိပါတယ်…။
    ကျွန်တော်တို့အတွက် သီချင်းကောင်းကောင်းလေးတွေ ရေးဖွဲ့ပေးခဲ့တဲ့ ကိုဖိုးခွားအတွက်
    ဒီပို့စ်လေးနဲ့ ဂုဏ်ပြုရင်း နှုတ်ဆက်လိုက်ပါတယ်ဗျာ…။
    သွားနှင့်ဦးတော့ ကိုဖိုးခွားရေ…။
    ကိုဖိုးခွား ကောင်းရာသုဂတိ လားပါစေ…။
    လေးစားစွာဖြင့်
    ဘလက်

    ဒီသီချင်းက ပြန်ဆိုခဲ့ကြသူတွေ အများကြီးရှိခဲ့ပေမယ့်
    ပရိသတ်ကြီး(၄ဝ ကျော်တန်းတွေ) တွေကတော့ ကိုမှိုးနဲ့ တွဲမှတ်မိနေလောက်အောင်…၊
    ကိုမှိုးရဲ့ မာစတာပိစ် လို့ ပြောရလောက်အောင် ဖြစ်ခဲ့တဲ့ သီချင်းတစ်ပုဒ်ပါ…။
    ပြန်လည်ဖေါ်ထုတ်ရေးသားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်ဗျာ…။
    ချစ်ခင်လေးစားတဲ့
    ဘလက်ချော…။

  • Mike

    March 20, 2015 at 10:27 am

    .အရီးမုတ်ဆိတ်လည်း စာတော်တော်ရေးနိုင်တာပဲ..တဖြည်းဖြည်းနဲ့ သဂျီးရဲ့ အသပြာတစ်သိန်းနဲ့နီးလာနေပြီ
    :k:
    .ကျုပ်မတော့ ခုလပိုင်း အရေးကြီးပရောဂျက်တစ်ခုကိုင်နေရလို့ ကွန်မန့်တောင်ကောင်းကောင်းမပေးနိုင်
    .သီချင်းကိုတော့ကြားဖူးပါတယ်…ကိုယ်တိုင်ကသိပ်သီချင်းဝါသနာမပါတော့ အလွတ်မရ
    .ကိုဘလက်ကြီးကတော့ အနုပညာလောက နှံ့စပ်ပါပေ့ဗျာ..

  • ဦးကျောက်ခဲ

    March 20, 2015 at 11:59 am

    ကိုမှိုးက ဗဟန်း (၂) က ဆယ်တန်းအောင်တယ်…
    စကားပြောရင် ခပ်တိုးတိုး ၊ စတိုင်ကလည်းကောင်း ၊ ယဉ်ကျေးအေးဆေးသူမို့
    ကောင်မလေးတွေ ကြွေကြတယ်ပေါ့ …
    ကောင်ထီးလေးတွေကတော့ သူ့အမတွေကို ကြွေကြတာ… ဟီ ဟိ
    နောက်ပိုင်းတော့ ပညာရေးပဲ ဦးစားပေးသွားတယ်…
    :k:

  • Kaung Kin Pyar

    March 20, 2015 at 12:10 pm

    အရီးရေးပြတဲ့ ဇာတ်လမ်းလေးကလဲ စိတ်ဝင်စားဖို့ကောင်းတယ်…။ ဒီ ကိုမှိုးရဲ့ မကြင်နာသူသို့ ဆိုတဲ့သီချင်းကလဲ ဆယ်စုနှစ်တွေ အများကြီးအထိ…ရိုးသွားမှာ မဟုတ်တဲ့ သီချင်းတစ်ပုဒ်..။
    အားပေးသွားပါတယ် အရီးရယ်….။

  • တောင်ပေါ်သား

    March 20, 2015 at 12:30 pm

    အခုအချိန်မှာ အဆွေးသီချင်းများ မကြားလိုပါ မကြားလိုပါ 🙂

    ဟဲ ဟဲ စတာပါအရီးရေ ၊ အဲ့သီချင်းသိပါ့ ၊

    ရင်းနှီးဘူးတာက လမင်းမိုမိုခင်ပွန်း ကိုနေမျိုး နဲ့ ၊

    MRTV 4 ဘောလုံးပွဲကျေညာသူတွေအဖြစ်ပေါ့ ၊ ၂၀၀၅ လောက်က

  • Mr. MarGa

    March 20, 2015 at 2:08 pm

    လူမသိ သူမသိ ဇာတ်လမ်းလေးများပေါ့
    ကိုယ်တွေကို ကြိတ်ကြွေနေမယ့်သူလေးတွေလည်း ဘယ်လောက်များမယ်မသိ 🙄
    (ဘယ်သူဘာပြောပြော ကွကိုယ် ထင်ပလိုက်တယ် အေးရော :mrgreenn: :mrgreenn: )

    • black chaw

      March 20, 2015 at 2:45 pm

      @ Mr. MarGa ;
      ဟေးဟေး…။
      အေးလေ…အေးလေ ဟုတ်သားပဲ…။
      ကိုယ်တွေကလည်း ကိုယ်တွေပဲလေ…။
      :mrgreen:

  • Shwe Ei

    March 20, 2015 at 2:40 pm

    ..သများတော့ ကြိတ်ကြွေတာထက်…ပွင့်လင်းမြင်သာရှိတာဘဲ သဘောကျတယ်…
    ..ဒါမဲ့…မျက်နှာရူးလွန်းတယ်ထင်ရင်လဲ ..မကြိုက်ချင်ပြန်ဝူး :mrgreen:

  • Ma Ei

    March 20, 2015 at 3:23 pm

    တစ်ကယ်ဖြစ်လား ဝတ္ထုရေးရကောင်းရဲ့
    အပြေးလွှားဖတ်လိုက် မန့်လိုက်ရတာ…
    ခဏနေ နောက်မှ ပြန်ဖတ်ဦးမယ်…
    ကိုဘလက်ရေးတဲ့ ဖိုးချို အကြောင်းကိုရောဘဲ
    အေးဆေးဖတ်ရမှ ရင်ထဲရောက်မှာမို့ပါ မလတ်ရေ…

  • padonmar

    March 20, 2015 at 9:39 pm

    To whom without mercy ဆိုရင်ကော၊
    မောင်ဘလှိုင် ကယ်မှပဲ။
    ကိုမှိုးထက် နေနွယ်ဇင်မြင့်၊လမင်းမိုမို၊ပုဏ္ဏမီ ၃ယောက်လုံးပိုကြိုက်တယ်။
    ခေတ်ကြိုက် အချစ်ဝတ္ထုတွေပေမယ့် ဇာတ်ဆောင်တွေ စရိုက်က လူဆန်တယ်။ဘောင်မလွတ်ဘူး။မိန်းကလေးတွေက အိန္ဒြေရှိတယ်။
    အဲဒီထက်နည်းနည်းစောတဲ့ နာမည်ကြီး စာရေးဆရာမ ညီအမရဲ့ ဝတ္ထုတွေဆို ဖတ်မရဘူး။သူတို့ ဇာတ်လိုက်မိန်းကလေးတွေက ပေါ့ပျက်ပျက် နိုင်တယ်။
    နေနွယ်ဇင်မြင့်တို့ သားအမိဝတ္ထုတွေ ဝယ်ထားတယ်။
    တူမတွေကတော့ စာအုပ်အဟောင်းပုံမွှေရင် အဲဒီ၃ယောက်ကစတာပဲ။
    မလတ် သူငယ်ချင်းဇာတ်လမ်းလေးကလည်း ရေးရင် ဝတ္ထုဖြစ်မှာပဲ။

  • Alinsett@Maung Thura

    March 21, 2015 at 12:58 pm

    …..ကျနော်…မိန်းမတွေကို အခုထိ နားမလည်သေးဘူး …..

    :k:

  • မြစပဲရိုး

    March 21, 2015 at 9:21 pm

    ပုချ်လေး
    ရီဝေယံ ကို ကောင်းကောင်း သိတယ်။
    သူနဲ့ တူတော့ ခပ်အေးအေး ရုပ်မျိုး ပေါ့။
    အမှန်ကတော့ အချစ်ရေးမှာ Right time & Right person ဖြစ်ဖို့ အရေးကြီး သတဲ့။
    အားလုံးစုံ လိုက်ရင်တော့ ပျော်ဖို့ကောင်း တဲ့ အချစ်ရေး ဖြစ်မပေါ့။
    ဆယ်ကျော်သက်မှာ ချစ်ကြိုက်ကြတာ Right time မဟုတ်ဘူး ထင်ရဲ့။
    သာမာန် စိတ်ကစား တာ က နေ ကိုယ်နဲ့ စရိုက်မတူ/ မတူ ကို မစမ်းစစ် နိုင်ဘူး။
    ဒီတော့ Right person ဖြစ်ဖို့ ခက်တယ်။
    ဒီအတိုင်း နေပြီး ရေရှည် ဆက်ဆံကြည့်ရင် သိလာတာပါဘဲ။
    အချိန်လေးတော့ ယူသင့်တာပေါ့။
    ကိုယ်စိတ်ဝင်စားသူ က Right person မဟုတ်ဘူး ထင်ရင် ဒီ အတိုင်း လူလွတ် ဘဝ က အေးချမ်း တယ် သမီးရေ။

    ကိုချော
    ဖိုးခွါး သီချင်း တွေ က သူ့မိန်းကလေး ကို မြှင့်ပေးထားတာ များတယ်။
    ချစ်သူကို ကတော့ အသဲစွဲ ပါ။
    ကိုယ့် ခေတ် ကိုယ့်အချိန် မှာ ဒီလို သီချင်း တွေ ရှိတာ ကျေးဇူး တင်မိတာ။
    အဲဒီ လို သီချင်း တွေ နားထောင်ပြီး ကိုယ့်ကိုယ်ကို တန်ဖိုး ရှိ အောင်နေဖို့ အားဖြစ်ခဲ့ဘူး တယ်။
    အဲဒီကနေ နဲနဲလေး အိုဗာ ဖြစ်လိုက်မိတော့ ကိုယ့်ကလေး ကို ကိုယ့်မြေး ထင်ဖို့ ဖြစ်ကရော ဘဲ။
    ဒီတော့ အချိန် ကို သိပ်ပြီး အထင်မစမော နဲ့ လုံမ တို့။
    ခပ်သွက်သွက် လေး လှုပ်ရှားကြ။

    မိုက်
    သများ ကတော့ စကထဲ က ကျကွဲထားတဲ့ ဆီအိုးကြီး သူကြီး လှူပြီး ဖြစ်နေရတာ။
    ၂၀၁၅ အလွန် ဒေါ်အောင်ဆန်းစုကြည် သမ္မတ ဖြစ်ရင် နောက် တစ်ဆ တောင် ထပ် ဆောင်ပေးလိုက်ဦးမယ်။
    ဆုတောင်းသူကြီး။
    ကကြီးမိုက်ကို အကြံပု မယ်။
    သမီးလေး ကို အချိန်လေး နဲနဲ ယူပြီး စာတို လေး တွေ ရေးခိုင်းပါလား။
    မြန်မာပြည်ထဲ က အဆင့်မြင့် ပညာသင် ကလေး တစ်ယောက် ရဲ့ ခံစားချက် လေး တွေ ကို နားထောင်ချင်လို့။
    တစ်ပါတ် တစ်ပုဒ် လောက် ကကြီးမိုက် က တင်ပေးပေါ့။
    နောက်ပြီး စာရေး တယ်ဆိုတာ ပိုပြီး စဉ်းစားဉာဏ် ပွင့်တယ် ပြောတာဘဲ။

    ကျောက်စ်
    အဲဒီ ကောင်ထီးလေး တွေထဲ က တစ်ယောက်တော့ ဟုတ်လောက်ပါဘူး နော်။
    မဗိုက် တူမနှင်း တစ်ယောက် လဲ အနေ အထိုင် ကြပ် တဲ့ အချိန်ရောက်ပြီ။
    မကြာတော့ပါဘူး။
    Sleepless night တွေ ချီးပေ ည တွေ ရောက်တော့ မယ်။
    ဒါပေမဲ့ အင်မတန် ပျော်ဖို့ ကောင်းတဲ့ အချိန် တွေ လို့ အသေအချာ ပြောမယ်။

    ကင်းကောင်လေး
    ကျေးဇူးပါ။
    အရီး က သမီးလို စာရေးမချောဘူး။
    ရေးချင်လို့ သာ ရေးနေတာ။
    ဒါပေမဲ့ ရွာထဲ က စာရေးကောင်းသူတွေ အရေးအသား ကို အတုခိုး နေလို့ နောက်ဆို ပို ပြီး ချော လာမယ် မှန်းပါတယ်။

    ကိုမျိုး
    အမေ့ မေတ္တာ၊ သမီးလေးတွေ မေတ္တာ က ကိုမျိုး အတွက် ဖြေဆေး ရှိပြီးပါလေ။
    ဒီ မေတ္တာ တွေ အပြင် အပိုဆောင်း ပို ကံကောင်း ပြီး စစ်ဆင်ရေး အောင်မြင်ပါစေ ဆုတောင်းပါတယ်။
    အချစ်စစ် မှန်ရင် ဆုံ ရပေမပေါ့။

    ဖိုးသိကြား ရဲ့
    တစ်ချို့ ကိုယ်တော် တွေ က တော့ သူတို့ကို မကြွေဘဲ သူတို့ ကို ကြွေပါတယ် လို့ အထင်ရောက် ပြီး အမြင်လွဲ အယူလွဲ သူတို့ဟာသူတို့ အထင်ဘစ် နေ တတ်တယ် ကွဲ့။
    အဲဒါမျိုး တွေ ကြောင့်လဲ တို့များ မိန်းမ တွေ မှာ တစ်ဒုက္ခ။
    အရီး ရဲ့ တူလေးတော့ ပါ မှာ ဟုတ်ပါဘူး။ နော။

    ချွေ၏
    ရဲ လိုက်လို့ ပြေးနေတုန်းလား။
    မျက်နှာရူးလွန်း ပေမဲ့ ဇွဲကြီးလွန်းရင်တော့ နဲနဲပါးပါး ပြန် ရီဗျူး လုပ်ပေးလိုက်ပါအေ။

    မအိ
    အသံလေး ဝင်ပေး သွားလို့ ကျေးဇူးပါ။
    သများ ရေး တာ တွေ ကို အတည်မထင်နဲ့။
    သီချင်း အတွက် ဟင်းပေါင်း လုပ်ထားတာ။
    ဒါပေမဲ့ တော်လှန်ရေးနေ့ တွေမှာ အိပ်ရေးပျက်ပြီး လိုက် အားပေးခဲ့ရတာ တွေ ကတော့ အမှန် ဘဲ။

    အစ်မဒုံ
    အဲဒီ To whom ဆိုတာ ကို စဉ်းစား သေးတယ်။
    အမှန်အမှား မသိ တာ နဲ့။
    သိသူ ဆရာ တစ်ယောက်လောက် ရှင်းပြပေးပါလား။
    စေတနာ အကြံပြု ထားတာလေး အတွက် အရောင်ချယ်လိုက်ပါတယ်။
    ကျေးဇူးပါနော်။
    လမင်းမိုမို ရဲ့ ဝတ္တုတို လေး တစ်ပုဒ် ကို အခုထိ စွဲ နေတုန်းပါဘဲ။
    ဝတ္တု အကြောင်းက ကောင်မလေး တစ်ယောက် ညည စာကျက် ချိန် အားလုံးတိတ်ပြီး မှောင် နေချိန် အဝေး က မီး ရောင် လေး တစ်ရောင် ဘဲ ရှိတယ်။
    အဲဒီ မီးရောင်လေး ကို ညစဉ် အဖော်လုပ်ရင်း အဲဒီ မီးရောင် ကို သုံးနေသူ ကို စိတ်ဝင်စား ပြီး သွားစုံစမ်း ခဲ့တယ်။
    အဲဒီမှာ နေမကောင်း တဲ့ ကောင်လေးတစ်ယောက် မှန်း သိသွားတယ်။
    နောက်ပိုင်း မီးရောင်လေး မတွေ့ချိန် စိုးရိမ်တကြီး သွားမေးတော့ သူ စိုးရိမ်သလိုပါဘဲ။
    သူ့အဝေးက အဖော်လေး ဆုံးသွားခဲ့ပြီ။

    ဆက်ဆက်
    တကယ်တော့ မိန်းမ တွေ မှ မဟုတ်။ မဟာပုရိသ တစ်ချို့ ကလဲ မစ်စ်တရီ ပါလေ။
    :))

  • မြစပဲရိုး

    March 21, 2015 at 9:26 pm

    သများ ပေါက်ကရ ရင်တွင်း ရွှီး ကို ဝင်ရောက် အားပေးသူများ၊ ဖတ်ရှု သူများ ကျေးဇူးပါ။

    ဇာတ်လမ်း ကို နဲနဲချဲ့ပြီး ထွင် ရရင်
    မင်းသား က မင်းသမီး ကို ချစ်ပေမဲ့ မပြောရက် ဘဲ သူ့ဟာသူ ဂုဏ်တင့်နိုင်ချိန်မှ မင်းသမီး ကို လက်ထပ်ယူဖို့ စိတ်ကူးခဲ့တာ။
    သေမင်းက ခွဲသွားတယ်။

    မနန်း ညွှန်း တဲ့ The Notebook ရုပ်ရှင် တဲ မှာတော့ မင်းသား က ဘယ်မိန်းမ မှ မယူဘဲ မင်းသမီး သူ့ဆီလာ မယ်လို့ ကို မှန်းထား ပြီး စောင့်နေတော့တာ။
    နောက်ဆုံး အထင်လွဲနေတဲ့ မင်းသမီး ကလဲ သူ ယူခါနီး သူ ကို ထားခဲ့ပြီး မင်းသားဆီ သွားလိုက်တာ။
    ဇာတ်လမ်းပြ တာ သိပ်လှ တယ်။
    မေ့တဲ့ ရောဂါ ရှိ ပြီး တစ်ခါတစ်ခါ မှ သတိ ပြန်လည်တတ် တဲ့ အဖွားကြီး ရဲ့ အနားမှာ စာအုပ်လေး အမြဲ ဖတ်ပြ နေ တဲ့ အဖိုး ကြီး နဲ့ စတာ။
    အဖိုး ကြီး က သူ့ကို သတိမရ/မသိ တဲ့ အဖွားကြီး ကို စွန့်မထားဘဲ အနားမှာ စောင့်ရှောက် နေခဲ့တာ။
    ပရိတ်သတ် က ကြည့်နေရင်း စာဖတ်ပြနေတာ ပထမ မင်းသားလား၊ ဒုတိယ မင်းသားလား မသိဘူး။
    ဇာတ်လမ်း က စာဖတ်ပြီး အတိတ် ကို ပြန်ပြပြ နေတာ ကိုး။
    မင်းသား ကလဲ နှစ်ယောက် မို့ ဘယ်သူမှန်း မသိ။
    နောက်ဆုံး မှ သူ ကလေးဘဝ ထဲ က ချစ်ခဲ့တဲ့ ငယ်သူငယ်ချင်း ကောင်လေး က သူ့ ကို စာဖတ်ပြန်နေတဲ့ သူ့ယောကျာင်္း ဖြစ်နေတာ။
    မဟာပုရိသ တစ်ယောက် ရဲ့ မပြောင်းမလဲ တဲ့ ချစ်စိတ် နဲ့ သူ့မိန်းကလေး ကို ရ အောင် ပြန်ယူနိုင်ခဲ့တဲ့ ဇွဲ ကို ပြထားတာ။
    သိပ်လှတယ်။
    :))

  • Ma Ma

    March 21, 2015 at 11:47 pm

    ကိုမှိုးဆိုတာ ကြားဖူးတယ်လို့ထင်နေတာ။
    ကိုယ်တွေခေတ်တုန်းက ငယ်ငယ်ရွယ်ရွယ်နဲ့ ကျော်ကြားတုန်း သေသွားတာ မဟုတ်လား။

    မလတ်ပြောတဲ့ သူငယ်ချင်းမျိုးက ဟိုးးရှေးရှေးတုန်းက ကိုယ်တွေခေတ်တုန်းက ပုံပြင်ဆန်ဆန် ဇာတ်လမ်းလေးတွေပေ့ါ။

    ခုခေတ်တော့ တန်းတူညီမျှရေးမူဝါဒနဲ့အညီ…….. :k:

    • ဦးကျောက်ခဲ

      March 30, 2015 at 10:18 am

      ဟမ်မယေး … ကျော်လွှမ်းမိုး (ခ) ကိုမှိုးက မသေသေးပါဘူးခီည…
      အရီးတို့တိုင်းပြည်မှာ ကျန်းမာပကတိ ချမ်းသာစွာရှိပါ၏… ဟီး ဟီး
      :k:

      • ခင်ဇော်

        March 30, 2015 at 12:27 pm

        ပြောပါအူးအေ။
        ဘယ်လိုကနေ ဘယ်လို ကိုမှိုးလေးကို အဲလို ထင်ကြတာတုန်း???

        :k:

  • Courage

    March 29, 2015 at 9:03 am

    “ငါ က စလို့ သူ ပြန်စိတ်ဝင်စား တဲ့ အဖြစ် ကို ငါ မကြိုက်ဘူး”တဲ့။ မိန်းမသားတစ်ယောက်ရဲ့ မာနတွေ အပြည့်နဲ့ပါလား။ ကောင်းလှောင်တေး ကောင်းလှောင်တေး။
    ကျွန်တော့်အဒေါ်ရဲ့ အကြိုက်ဆုံး အဆိုးတော်တွေမို့ ကိုမှိုးကိုတော့ ကောင်းကောင်းသိတယ်။ ဒါမဲ့ သူသေသွားပြီးဆိုတာ အခုမှပဲသိမိရဲ့။ ဝမ်းနည်းလိုက်တာ။
    ကိုမှိုးသီချင်းကို နားထောင်မိတော့ ကျွန်တော့ အဒေါ်ရဲ့ အသဲစွဲ ရုပ်ဖြောင့်ဖြောင့် အသံချိုချိုနဲ့ ဆရာဝန် အဆိုတော် “မိုးသက်တင်”ကိုတောင် သွားသတိရမိသေးတယ် ဒေါ်လေးမြရေ့။

  • uncle gyi

    March 29, 2015 at 10:36 pm

    ကိုမှိုးပျောက်သွားပါတယ်ထင်နေတာ
    သူကအရင်သွားနှင့်တာကိုး

  • ဦးကြောင်ကြီး

    March 30, 2015 at 11:27 am

    တိုမိုးတေဒါ ရယ်ဂျရာဂျီး… ဟီးဟီး..

Leave a Reply