Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

သတင်းတစ်ပုဒ်…ပန်းတစ်ဆုပ်…။

black chawMarch 20, 20152min157442

သတင်းတစ်ပုဒ် ပန်းတစ်ဆုပ် ပို့စ် ထဲ မှာ

နာမည်တွေထည့်ပြီး စ…နောက် ထားတဲ့ ရွာသူရွာသားတွေ အနေနဲ့

ရွှေစိတ်တော်ညို အလိုမကျဘူးဆိုရင်ဖြင့် ပြန်ဖျက်ပေးပါ့မယ်လို့

ကြိုတင်အစီရင်ခံအပ်ပါတယ်ခင်ဗျား…။

ကျွန်တော်တို့ ရွာကြီး ပေါ့ပေါ့ပါးပါး ပျော်ပျော်ရွှင်ရွှင် ဖြစ်စေဖို့

ကြိုးစားကြည့်နေတဲ့ သဘောမို့ မျက်စိနောက်သူများ ရှိနေရင်လည်း

မျက်စိမှိတ်ထားပေးကြတာ အကောင်းဆုံးပါခင်ဗျာ…။

သတင်းလေး တစ်ပုဒ် ရေးပြီး

ပန်းတစ်ဆုပ်နဲ့ တူတဲ့ အပျော်လေးတွေ ဖန်တီးချင်လို့

သတင်းတစ်ပုဒ် ပန်းတစ်ဆုပ် လို့ နာမည်ပေးထားတာပါ…။

ကဲ…စလိုက်ရအောင်ဗျာ…။

 

 

ဂျပန် မင်းသားကြီး ဆန်နီချီးဘား က မြန်မာ့လွတ်လပ်ရေးသမိုင်းကို ရုပ်ရှင်အဖြစ်ရိုက်ကူးစေချင်တယ်လို့

ထုတ်ဖေါ်ပြောကြားလိုက်ပါတယ်ဗျာ…။

တကယ်လို့ ရိုက်ဖြစ်မယ်ဆိုရင် အခုအထိ လွတ်လပ်ရေးမရရှာသေးတဲ့ သီဟတင်စိုး လည်း

ပါဝင် သရုပ်ဆောင်စေချင်ကြောင်း သီဟတင်စိုး ရဲ့ အမာခံပရိသတ်တစ်ဦးဖြစ်တဲ့

ခင်ဇော် က ထုတ်ဖေါ်ပြောကြားလိုက်ပါတယ်…။

 

အဆိုတော်တွေက ရုပ်ရှင်ရိုက်၊ မင်းသားတွေက အဆိုတော် လုပ်…။

အို…လုပ်ချင်ရာလုပ်နေကြတဲ့ ခေတ်ကြီးထဲမှာ မင်းသားတစ်ယောက်ဖြစ်တဲ့

သူထူးစံက လူမိုက် လို့ အမည်ပေးထားတဲ့ စီးရီးတစ်ခွေ ထွက်ဦးမှာပါတဲ့…။

သူထူးစံ ရဲ့ အမာခံပရိသတ်တွေ ဖြစ်တဲ့ ချာတူး နဲ့ နွယ်ပင် တို့ ကတော့

သူထူးစံ ဘာလုပ်လုပ် အားပေးနေမှာပဲ ဖြစ်ပြီး အခုလည်း

မူရင်းအခွေကိုသာ ဝယ်ယူအားပေးမယ်လို့ ကြုံးဝါးနေကြကြောင်း ကြားသိရပါတယ်ဗျာ…။

 

ပရော်ဖက်ဆာ ဒေါက်တာဆိတ်ဖွား ရုပ်ရှင်ကားကြီးမှာ ကျော်သူနဲ့ တွဲဖက် သရုပ်ဆောင်မယ်လို့

သတင်းကြီးခဲ့တဲ့ စိုးသူ ပါဝင်နိုင်ခြင်း မရှိတော့ပါဘူး…။ စိုးသူ နေရာမှာ ရဲအောင် က သရုပ်ဆောင်သွားမှာပါ

တဲ့…။

အဲဒီ သတင်းနဲ့ ပတ်သက်လို့ စိုးသူရဲ့ အမာခံပရိသတ်တွေ ဖြစ်တဲ့ မွသဲ နဲ့ မဝေ (weiwei)  တို့က

စိတ်မကောင်းဖြစ်နေကြကြောင်း နားစွန်နားဖျား ကြားထားရပါတယ်ဗျာ…။

 

ဝိုင်းစုခိုင်သိန်း ရဲ့ ခါချနေရတယ် သီချင်းရေးသူ စနဲနေဝင်း က

ဒီနေ့ခေတ် ယောက်ျား လေးတွေရော မိန်းကလေးတွေပါ ခါချနေရသူတွေ

များပါတယ် လို့ ထုတ်ဖေါ်ပြောကြားလိုက်ပါတယ်။

ကျွန်တော်တို့ မြန်မာဂဇက် ရွာကြီးမှာလည်း ယောက်ျားလေးထဲက

လူပျိုကြီး အမတ်မင်း၊ မိန်းကလေးထဲက မမခွစ် တို့ ၂ ဦးဟာ

ခါအချရဆုံး ရွာသူရွာသားများ ဖြစ်ကြောင်း စုံစမ်းသိရှိရပါတယ်။

 

ကမ္ဘာ့အလှဆုံး စာရင်းဝင် အလှမယ် ဟန်သီ တစ်ယောက် ဧပြီလထဲမှာ ကိုရီးယားနိုင်ငံကို

သွား ဖြစ်ပါမယ်တဲ့။ အလှပြုပြင်ဖို့ ခွဲစိတ်ဖို့ အစီအစဉ် မရှိပါဘူးလို့လည်း ထုတ်ဖေါ်ပြောကြားလိုက်ပါတယ်။

အဲဒီ သတင်း နဲ့ ပတ်သက်လို့ ဟန်သီ ရဲ့ လက်ရှိအလှသည်သာ သူ့အတွက် စွဲမက်စရာ အကောင်းဆုံးပါလို့

Food မဂ္ဂဇင်း ရဲ့ တာဝန်ခံအယ်ဒီတာ မောင်အာဂ လေးက ထုတ်ဖေါ်ပြောကြားလာပါတယ်ခင်ဗျာ…။

 

လက်ရှိ အအောင်မြင်ဆုံး အမျိုးသမီး အဆိုတော် ဒေါက်တာနီနီခင်ဇော် က သူမအနေနဲ့ တစ်ကိုယ်တော်

ရှိုးလုပ်ဖို့ အချိန်အများကြီး လိုသေးကြောင်း ပရိသတ် ချစ်ရန်လည်း လိုသေးကြောင်း ထုတ်ဖေါ်ပြောကြားလာ

ပါတယ်။

အဲဒီ သတင်းနဲ့ ပတ်သက်လို့ နီနီခင်ဇော် ရဲ့ အမာခံ ပရိသတ် တစ်ဦးဖြစ်တဲ့ ဘဘ ဘလက် က

ဒီအချိန်ဟာ နီနီခင်ဇော် ဘာလုပ်လုပ် အားပေးမယ့်သူတွေ တန်းစီနေချိန်မို့ တစ်ကိုယ်တော် ရှိုးလုပ်ဖို့

အသင့်တော်ဆုံးအချိန်ဖြစ်ကြောင်း လေ့လာသုံးသပ်ပြောကြားသွားပါတယ်။

 

၂၀၁၅ ခုရဲ့ ပြက္ခဒိန် စတား ဟာ စစ်လွန်းဝတီထက် ဖြစ်ကြောင်း ဓါတ်ပုံ မိုးကိုဦးက ထုတ်ဖေါ်ပြောကြား

လာပါတယ်။

လက်ခုတ်တီးပြီး အားပေးပါတယ်ဗျာ…။

 

အနည်းငယ် ငြိမ်သက်သလို ဖြစ်သွားတဲ့ သဉ္ဇာဝင့်ကျော် က သင်္ကြန်မှာ မိဘတွေနဲ့ ဗုဒ္ဓ ဂါယာ ကို သွားမယ်

လို့ ထုတ်ဖေါ်ပြောကြားပါတယ်။

အဲဒီသတင်းနဲ့ ပတ်သက်လို့ မြန်မာဂဇက် က အဘဖားသက်ပြင်းအနေနဲ့ သူ့တစ်ယောက်တည်း

ထားသွားရက်တယ် ဆိုပြီး စိတ်နာနာ နဲ့ သင်္ကြန်တွင်း ဘုန်းကြီး ဝတ်မယ်လို့ ဘီယာဝိုင်းတစ်ခုမှာ

ထုတ်ဖေါ်ပြောကြားသွားပါတယ်ဗျာ။

 

အဆိုတော် ဉာဏ်လင်းအောင် နဲ့ မော်ဒယ်မလေး လမင်းအိမ်တို့ ချစ်သူတွေ ဖြစ်ကြောင်း တရားဝင်ထုတ်ဖေါ်

ကြေညာသွားပါတယ်ဗျာ။

nLA

ဉာဏ်လင်းအောင် ကို ကြိတ်ကြိတ်ခိုက်နေတဲ့ အပျိုကြီး ရွှေအိတစ်ယောက် မျက်ရည်နဲ့

မျက်ခွက်ဖြစ်နေကြောင်း သတင်းရရှိပါတယ်။

 

ဒီတစ်ပတ်တော့ ဒီလောက်ပါပဲဗျာ…။

ချစ်ခင်လေးစားတဲ့

ဘလက်ချော…။

42 comments

  • Shwe Ei

    March 20, 2015 at 10:56 am

    -ဇဘင်ဖြောင့်ပီး..နှုတ်ခမ်းနီဆိုးတဲ့ ယောက်ကျားတွေကို သာမီးသိပ်မုန်းဒယ်..မာမီ 🙂

    • black chaw

      March 20, 2015 at 11:27 am

      @ Shwe Ei ;
      ဟယ်…ရွှေအိရယ်…။
      မုန်းတာလည်း မုန်းပေါ့အေ…။
      ဒင်း…ဆံပင်ဖြောင့်တာ…နှုတ်ခမ်းနီဆိုးတာ…
      ညီး…ဘယ်လိုလုပ်သိလဲ…အေ့…။
      အမှန်က ဉာဏ်လင်းအောင်လေးက ညီးနဲ့ မှလိုက်ထှာအေ့…။
      ခစ်ခစ်…ဘယ်သူဘာထင်ထင် အတင်းပို့ပေးသွားပါတယ်ဗျာ…။

  • ခင်ဇော်

    March 20, 2015 at 11:10 am

    နာ့ နာမည် သုံးဇာရှားလို့အေ။
    သများက သူထူးစံ ကြိုက်သာအေ့။
    လမင်အိမ် ဆိုတာ ဘူတုန်း??
    ဟန်သီကိုလည်း မသိဘူး

    :a:

    • black chaw

      March 20, 2015 at 11:29 am

      @ ခင်ဇော် ;
      အိမ်း…ညီးကြိုက်လို့ထင်ပါရဲ့…။
      အခုနောက်ပိုင်း သူထူးစံ ကြီးက
      ရုပ်ကြမ်းကြီးနဲ့ အခြောက် ဇာတ်ရုပ်တွေ သရုပ်ဆောင်တာ
      သိတ်များလာတယ်နော်…။
      ကံ…ပေါ့…အေ…။

  • Mike

    March 20, 2015 at 11:11 am

    .သတင်းတစ်ပုဒ် ပန်းတစ်ဆုပ်ဖတ်ပြီး ဘာမန့်ရမှန်းမသိလို့
    .အသာလေးပြန်လှည့်သွားပါသည် :))

  • black chaw

    March 20, 2015 at 11:31 am

    @ Mike ;
    သာဓုပါဗျာ…သာဓု…သာဓုပါ…။

  • black chaw

    March 20, 2015 at 11:36 am

    @ Wow ;
    မအော်နဲ့…။
    အော်ရင် ဓါးနဲ့ ထိုးပလိုက်မယ် ဘာမှတ်နေလဲ…။
    :mrgreen:

    • Wow

      March 20, 2015 at 8:38 pm

      ရွာထဲ ဒမြတွေဝင်လာဘီ… ကယ်ဂျပါအူးရှင်င်င်င်…. :byee:

      • black chaw

        March 20, 2015 at 8:44 pm

        @ Wow ;
        မအော်ပါနဲ့ဆိုမှ
        မအော်ပါဘူးရှင် လို့ ကြုံးအော်သလိုကြီး ဖြစ်နေပြီဗျာ…။
        ငါ့များ ဒမြ တဲ့။
        :mrgreen:

  • naywoon ni

    March 20, 2015 at 11:49 am

    သီတင်​းတစ်​ပုတ်​ရယ်​ ပန်​း​လေးတစ်​ဆုပ်​ရယ်​
    အသီးနှလုံးထုတ်​လို့ လွှင်​့ပစ်​လိုက်​ဒယ်​ ။ သတင်​းကြိုက်​တတ်​ရင်​ နားဆင်​လိုက်​ဂျ ။ ပန်​းနှစ်​သက်​သူ​ကောက်​ယူပါ​စေ ။ အသီးနှစ်​လုံး တွက်​​တော့ …………….

    ဖိုးချိုသီချင်​ ပြင်​ဆိုလိုက်​ပါ​ကြောင်​း 🙂

  • black chaw

    March 20, 2015 at 11:53 am

    @ naywoon ni ;
    ဟုတ်တယ်…။ အဲဒီအတိုင်းပဲ…။
    သတင်းတွေက အမှန်တွေ…။ ပန်းတွေက အပျော်နောက်ထားတာ…။
    ယူချင်ရာကို ယူစေဗျာ…။
    စကားမစပ်…
    အဲဒီသီချင်းရဲ့ အဆိုရှင်က ဖိုးချိုမဟုတ်ပဲ
    ခိုင်ထူး ဖြစ်ပါကြောင်း…။
    :mrgreen:

    • naywoon ni

      March 20, 2015 at 12:12 pm

      ငင်​ ကျ​နော်​ ကဖိုးချိုမှတ်​​နေတာ အဲ့ အချိန်​​လောက်​က ပန်​းသီချင်​း​တွေကလဲများသားဗျ ။ ပန်​းအ​ကြောင်​း ဆိုစရာကုန်​​တော့ ” မ ပန်​းရယ်​ မငိုနဲ့” တဲ့ 🙂

      • black chaw

        March 20, 2015 at 2:39 pm

        @ naywoon ni ;
        ခိုင်ထူး ရာဇဝင်ကို ပိုမိုမြင့်တက်စေခဲ့သော
        စီးရီး ပါ…။
        သီချင်းတစ်ပုဒ်ပန်းတစ်ဆုပ် ၁ နဲ့ ၂ ခွဲ ပြီး ၂ ပုဒ်ဆိုခဲ့တာပေါ့ဗျာ…။
        တေးရေး ကိုမောင်မောင် လက်ရာသီချင်းမို့ မှတ်မှတ်ရရ မှတ်မိနေတာပါ။
        နောက်ပိုင်း ကိုမောင်မောင် က ခိုင်ထူးကို သီချင်း ရေးမပေးတော့ဘူးလို့
        ကိုနေဝင်းက အင်တာဗျူးတစ်ခုမှာပြောလို့ မကြာခင်ကမှ သိခဲ့ရတာပါ…။
        ဝတ်မှုန် တို့ဘာတို့ ခိုင်ထူး သာဆိုခွင့်ရခဲ့ရင်…
        လွမ်းရပြန်ပါပြီ ကိုနေကြီးရယ်…။

  • Kaung Kin Pyar

    March 20, 2015 at 11:58 am

    သီဟတင်စိုး၊ စိုးသူ၊ သူထူးစံ…အိုက်ဒါ အမေတို့ခေတ်တုန်းက ဟော့တ်ကျတဲ့ မင်းသားဂျီးဒွေ ဖြစ်သွားပြီ..။ ကိုယ်တွေက ခုမှ ခေးပဲရှိသေးတာ…
    စိုင်းစည်တွမ်ခမ်းတို့ အလင်းရောင်တို့ခေတ် ဖြစ်နေပြီ…။
    :k:
    ဟန်သီလေးကို သဘောကျတယ်…၊ အနုပညာရှင်များရဲ့ ကလေးငယ်တွေထဲဆို…စစ်လွန်းလေးကိုလဲ ချစ်တယ်၊ ကျားပေါက်သမီးလေးကလဲ ထက်မယ့်ပုံလေး..၊ ဖစ်ဖစ်တုန်လေးကလဲ ချစ်စရာ…။
    ဟန်သီထက်စာရင် ခင်ဝင့်ဝါလေးကို ပိုချစ်တယ်…။
    လမင်းအိမ်ကို သိဝူးးးး။ ဉာဏ်လင်းအောင်ရဲ့ သူငယ်ချင်းသီချင်းကတော့ မုန်းတောင်လာပြီ…။
    နီနီခင်ဇော်နဲ့ ဆုန်သင်းပါရ်အသံကို အကြိုက်ဆုံး..ပဲ..။
    ဝိုင်းစုခိုင်သိန်း ခါချတာကိုတော့….တကယ်ကြီး သွားကြည့်ချင်ပါရဲ့…။ လက်မှတ်တွေတောင် ကုန်လောက်ပြီ..။

    • black chaw

      March 20, 2015 at 12:05 pm

      @ Kaung Kin Pyar ;
      စိုင်းစည်တွမ်ခမ်း ဟုတ်စ…။
      အရိုးရင့်နေပါပြီဟယ်…။
      ဟန်သီလေးကို သဘောကျတာတော့ တူဝါးဘီ။
      :mrgreen:
      နီနီခင်ဇော် ကြိုက်တာချင်းလည်း တူဝါးဘီ။
      ဆုန်သင်းပါရတော့ ညီးပဲ ကြိုက်တော့အေ။
      ဟွန့်…။
      :mrgreen:

  • Mr. MarGa

    March 20, 2015 at 11:58 am

    ဟန်သီလေးပဲ စိတ်ဝင်စားတယ်
    ကျန်တာတွေ နားးးး
    :mrgreen:

    • black chaw

      March 20, 2015 at 2:32 pm

      @ Mr. MarGa ;
      အေး…အေး…ဟန်သီလေးကိုတော့ မနားခိုင်းတော့ဘူးပေါ့နော်…။
      :mrgreen:

      • Mr. MarGa

        March 20, 2015 at 2:41 pm

        အခုတောင် သူလေးကို သိပ်မတွေ့လို့ စိတ်ပူနေတာဗျ
        :k:

        • black chaw

          March 20, 2015 at 2:58 pm

          @ Mr. MarGa ;
          မပူပါနဲ့ကွယ်…။
          ဦးဘလက် စောင့်ရှောက်ထားပါတယ်ဟေး…ဟေး…။
          ဧပြီလထဲ ပွဲတစ်ပွဲ တက်ဖို့ ကိုရီးယားသွားပါမယ်ဆို
          စိတ်မချရင်လိုက်သွား…။
          :mrgreen:

        • Mr. MarGa

          March 20, 2015 at 3:27 pm

          ဟေ့လူရီးးးး
          လက်ရှောင် လက်ရှောင်
          ခီညားရီး များနေဘီ

  • ဦးကျောက်ခဲ

    March 20, 2015 at 12:03 pm

    အဟိ … ဘာမှတော့မဆိုင်…
    တမနက်လုံး ခိုင်ထူးသီချင်းတွေ ညည်းနေတာ…
    ခေါင်းစဉ်ကို အမှတ်တမဲ့ဖတ်ပြီး “သီချင်းတစ်ပုဒ် ပန်းတစ်ဆုပ်” မှတ်လို့…
    :k:

    • black chaw

      March 20, 2015 at 2:34 pm

      @ ဦးကျောက်ခဲ ;
      အသည်းနှလုံးမရှိရင် လွမ်းခြင်းကင်းမဲ့မယ်
      စွဲလမ်းလွန်းရင် ဒုက္ခသိလိမ့်မယ်
      ပျော်သလိုသာနေလိုက်ကြ
      ငိုရင်လူဖြစ်ရှုံးလို့ စွန့်လွှတ်လိုက်လေကွယ်…။
      :mrgreen:

  • pooch

    March 20, 2015 at 2:42 pm

    ဟွန့် စိုင်းစိုင်းသတင်းလည်းမပါဘူး
    အော်ဇီကနေ ဘယ်နေ့ပြန်ရောက်မှာလဲလို့ မေးပေး :loll:

    • black chaw

      March 20, 2015 at 2:56 pm

      @ pooch ;
      ဒီတစ်ပတ် ဂျာနယ် သတင်းတွေထဲမှာတော့
      စိုင်းစိုင်း သတင်းက လုံးဝ ငြိမ်သက်တိတ်ဆိတ်နေခဲ့ပါတယ်…။
      သင်္ကြန်မတိုင်မီ မွေးနေ့ ရှိုးအတွက် တိတ်တဆိတ်ကြံစည် နေတယ်ထင်ပါရဲ့…။
      နောက်တစ်ပတ်လောက်ဆို လှုပ်လှုပ်ရှားရှား ဖြစ်လာမှာပါဗျာ…။
      အင်း…စိုင်းစိုင်းတောင် ၄ဝ ပြည့်လုနေပြီပဲ…။
      ခွိခွိ….:mrgreen:

    • kai

      March 20, 2015 at 3:08 pm

      ယူအက်စ်လာဦးမှာဗျ..။
      ဒီတလောယူအက်စ်လာမယ့်သူတော်တော်များတယ်..
      နီနီခင်ဇော်တောင် အကိုနဲ့သိပ်ညှိမရလို့ ကပ်လွဲတာ…။

      • black chaw

        March 20, 2015 at 3:23 pm

        @ kai ;
        အော်…သူကြီးရယ်…။
        ကျွန်တော့်ကို ခေါ်လိုက်ရောပေါ့…။
        ကျွန်တော်ညှိပေးမှာပေါ့…။
        အားနာ စရာတွေတောင် ဖြစ်ကုန်ပြီ…။
        နောက်တစ်ခါ နီနီ့ ကို ယူအက်စ် ခေါ်မယ်ဆို ကျွန်တော့်ကို ခိုင်းပါဗျာ…။
        :mrgreen:

    • ခင်ဇော်

      March 20, 2015 at 3:11 pm

      ဩဇီမှာ သူ့မေမေဆီမှာ နားနားနေနေ
      :chit:

      • black chaw

        March 20, 2015 at 8:47 pm

        @ ခင်ဇော် ;
        အောင်မယ်…ညီးကို ဘယ်သူကမေးနေလို့လဲ…။
        စိုင်းစိုင်း ဆိုရင် သူ ရှေ့ဆုံးက…။
        :mrgreen:

  • Crystalline

    March 20, 2015 at 2:49 pm

    ကမတ်ကတော့ ခါချပြီး ပတ်ပါပြေးနေရတယ်ထင်တယ်.. :mrgreenn: :mrgreenn:
    တစ်ကိုယ်တော်ရှိုးက အရမ်းအောင်မြင်ချိန်လုပ်တော့ ပိုက်ချံပိုရတာပေါ့… စပွန်ဆာပေးခင်သူလည်းပေါ… :))
    R ဇာနည်တစ်ယောက်တုန်းက သူ့ခေတ်တော်တော်ကြာခဲ့ပေမယ့် ကျချိန်မှ တစ်ကိုယ်တော်ပွဲလုပ်တော့ လူသိပ်မဝင်ခဲ့သလိုပဲ…

    • black chaw

      March 20, 2015 at 3:04 pm

      @ Crystalline ;
      ခွစ်မမ တစ်ယောက် ခါချနေရတယ်လို့
      နားစွန်နားဖျားရပ်ကွက်ထဲ သတင်းဖြစ်နေလို့
      ထည့်ရေးလိုက်ရခြင်းရယ်ပါ…။
      စင်္ကာပူက လူမိုက် ခင်ဇော်ကတော့ ခွစ်ရဲ့ မျက်နှာလေးကို မြင်ရရင်
      ထမင်းပိုစားဝင်ဦးမှာ ဆိုပဲ…။
      အခု သူက သိတ်မစားနိုင်ဘူးဆိုလား…။
      ဟုတ်တာပေါ့ဗျာ…။
      ဒေါက်တာနီနီ ခင်ဇော် ရော ချမ်းချမ်းရော
      သူတို့ကိုယ် သူတို့ ယုံကြည်မှု ပြည့်ကြသေးဟန်မတူပါဘူး…။
      ၂ ယောက်စလုံးကို တစ်ကိုယ်တော်ရှိုးလုပ်ဖို့ ကမ်းလှမ်းမှုတွေ ရှိနေခဲ့ပေမယ့်
      အချိန်မတန်သေးလို့ လက်မခံကြဘူးလို့ သိရပါတယ်…။
      ကျေးဇူး ပါ ခွစ်စ်…။
      :mrgreen:

      • ခင်ဇော်

        March 20, 2015 at 3:12 pm

        ဟုတ်တယ်။
        ခု အစားအသောက်မကောင်းဘူးး
        ခွစ် ကို မြင်ရမှဖြစ်မယ်

        :sar:

        • black chaw

          March 20, 2015 at 3:18 pm

          @ ခင်ဇော် ;
          ကဲ…ပြလိုက်စမ်း မယ်ခွစ်ရယ်…။
          လူတွေ အရမ်းအရမ်း ပြောကုန်ကြပြီအေ…။
          :mrgreen:

  • Ma Ei

    March 20, 2015 at 3:10 pm

    သေချာ မကြည့်မိဘဲ သီချင်းတစ်ပုဒ် ပန်းတစ်ဆုပ် ဆိုပီး ခိုင်ထူးသီချင်း အကြောင်းများလားလို့
    ဖတ်နေရင်းနဲ့မှ ခေါင်းစဉ်ပြန်ကြည့်မိတာ…အဲ့လိုရယ်…သတင်းတွေလဲ စုံပါ့…

  • black chaw

    March 20, 2015 at 3:15 pm

    @ Ma Ei ;
    မအိ ကွန်းမန့်လေးတွေ မမြင်ရတာ အတော်တောင် ကြာနေခဲ့ပါပြီဗျာ…။
    ပို့စ်တင်တိုင်း မျှော်မိပါကြောင်း…။
    အားရင်တော့ဖြင့် ဝင်ရောက်ဖတ်ရှုပြီး အခုလို အားပေးလှည့်ပါဦးလို့
    တောင်းဆိုလိုက်ပါတယ် ဗျာ…။
    :mrgreen:

  • manawphyulay

    March 20, 2015 at 3:17 pm

    အင်း သတင်းတစ်ပုဒ်မှ မကဘဲ သတင်းတစ်အုပ် ပန်းဖွေးဖွေးဖြစ်သွားတယ်…

    • black chaw

      March 20, 2015 at 3:30 pm

      @ manawphyulay ;
      သတင်းလေးတွေက တစ်ပုဒ်ချင်းစီ…ပန်းလေးတွေကလည်း တစ်ဆုပ်ချင်းစီ…။
      :mrgreen:

  • Alinsett@Maung Thura

    March 21, 2015 at 11:43 am

    .လေးဘလက် အခုတလော ရေးနိုင် တွေးနိုင်နေလိုက်တာ..
    သတင်းလေးတွေကို ပေါ့ပေါ့ပါးပါးနဲ့ ဖတ်လို့ရအောင် ရေးနိုင်တာကို ငေးမော အားကျသွားပါတယ်..

    ( အများ စိတ်ဝင်စားပါတယ်ဆိုတဲ့ ရုပ်ရှင် ဂီတ လောကသားတွေရဲ့ သတင်းတွေကတော့ ကျနော့်အနေနဲ့ သိပ်ကြီး စိတ်အဝင်စားမရှိ….)
    😆

  • မြစပဲရိုး

    March 21, 2015 at 6:02 pm

    နီနီခင်ဇော် ဆိုတာ ဒေါ်အောင်ဆန်းစုကြည် အတွက် သီချင်း ဆိုတဲ့ တစ်ယောက်လား။
    သူက ဆရာဝန် လား။

    ဂျပန် မင်းသားကြီး ဆန်နီချီးဘား က မြန်မာ့လွတ်လပ်ရေးသမိုင်းကို ရုပ်ရှင်အဖြစ်ရိုက်ကူးစေချင်တယ် ဆိုလို့
    ဂျပန် တွေ က သူတို့ စစ်တုန်း က ရက်စက် ခဲ့တဲ့ အကြောင်း တွေ ကို ကျောင်းတွေမှာ သင်တာ ဆိုဘဲ။
    ဂုဏ်ယူဖို့ မဟုတ်ဘူး။ ရှက်စရာ အဖြစ်မို့ အနာဂါတ် ကလေး တွေ သင်ခန်းစာယူပြီး ကမ္ဘာ မှာ ချစ်ဖို့ ကောင်း တဲ့ လူမျိုး ဖြစ်အောင် ကြိုးစားဖို့ တဲ့။
    ဒါကြောင့် ဂျပန် တွေ ဟာ မြန်မာနိုင်ငံ ကို သမိုင်း အကြွေးဆပ်ဖို့ အတင်း နင်း ကူညီ နေတာ လား တောင် တွေးမိသေး။

    • အူးစည်

      March 22, 2015 at 4:05 pm

      အန်တီမြရေ.. ကျနော်ကတော့ ဂျပန်တွေက မြန်မာအတွက် သမိုင်းအကြွေးဆပ်ဖို့
      ကူညီနေတာမဟုတ်ဘူးမြင်တယ်။ မြန်မာပြည်က စီးပွားရေးနည်းနည်းဟလိုက်တောင်
      ဂငယ်တွေကတော်တော် အကျိုးမြတ်ရနေပီ။ အမှိုက်ပုံပို့ရတဲ့ ကားတွေ မြန်မာပို့ရင်း
      ၂ နှစ်အတွင်း ကားအိတ်စပို့တွေကော အစိုးရကော ထောနေကြပီ။ အဲ့ဒေါ့.. အဲ့ဒေါ့..

      ဂျပန်မှာအနေကြာတဲ့ ဆြာတွေတော့ ပိုသိနိုင်မယ် ထင်ကြောင်း.. 🙂

  • Ma Ma

    March 21, 2015 at 9:31 pm

    သတင်းထူးတွေရမယ်။
    သတင်းဦးတွေရမယ်။

    စီးပွားရေးအကွက်ပဲ။
    ဒီသတင်းတွေကိုသာ လက်ပွေ့လိုက်ရောင်းရရင်………. :k:

  • မွသဲ ( 17082011 )

    March 22, 2015 at 3:40 pm

    စိုးသူက အလကားလူမို့စိတ်မွင်ဇားဒေါ့ဝူးရယ်။ ယူဇရာမိန်းမဒလောက်ရှားဒလားလို့ ဟွင့်

Leave a Reply