နေဝန်းနီ ဓာတ်သေ ဆြာဖြစ်သွားခြင်း -၁၂
နေဝန်းနီ ဓာတ်သေ ဆြာဖြစ်သွားခြင်း -၁၂
စာကြည့်တိုက်မှူး လည်း ရှိသတဲ့
စာကြည့်တိုက် ဆိုတာနဲ့ နေဝန်းနီ စိတ်ဝင်စားသွားပါတယ် ။ တစ်ချို့ရွာတွေမှာတော့ စာကြည့်တိုက်အတွက် မြေနေရာတော့ ရွာလယ်ခေါင်မှာ ယူထားပါရဲ့ ။ ကွက်လပ် ။ တစ်ချို့ရွာတွေကျတော့လည်း အဆောက်အဦး လှူမဲ့သူရှိတာတောင် မြေနေရာမရှိလို့ ။ ခုတော့ အဆောက်အဦး ပါရှိပြီး နေဝန်းနီတို့ အလုပ် လုက်ဖို့တောင် ကျယ်ဝန်းတယ်ဆိုတော့ ။ စိတ်ဝင်တစားမေးကြည့်မိတယ် ။
“စာကြည့်တိုက်ဆိုတော့ လူရှုပ်နေမလား ရွာမှာ စာကြည့်တိုက်နဲ့ဆိုတော့ မြို့ပေါ်ရပ်ကွက်တွေထက် သာတာပေါ့ဗျာ ကျုပ်တို့ဆီမှာ စာပိတ်တိုက်တို့ စာလှောင်တိုက်တို့ပဲရှိတာ ။ စာအုပ်တွေ ထည့်ပိတ်ပြီး သော့ခတ်ထားတာရယ် ။ ဘီရိုထဲ စာအုပ်တွေထည့်လှောင်ပြီး သော့ပျောက်နေတာရယ် ” ပေါ့ ။
“စာကြည့်တိုက် က ခုလောလောဆယ် ညနေ ငါးနာရီ ကနေ ရှစ်နာရီ လောက်ဖွင့်ပေးတာပါ ။ ရွာထဲက လူငယ်အဖွဲ့ က ကြီးကြပ်ပြီး စာကြည့်တိုက်မှူး အဖြစ် ကလေးမ တစ်ယောက်ကို တာဝန်ပေးထားတယ် ။ သူ့အတွက် လစာကိုလည်း လူငယ်အဖွဲ့ကပဲ စုပေါင်းပေးကြတယ်လေ ။ ဖွင့်ကာစ လူငယ်အဖွဲ့ ကိုပဲ လွှဲထားတာ ။ ငါတို့ လူကြီးတွေက ငွေကြေးစိုက်ထုတ် လုပ်ပေးပြီးပြီ ။ စာကြည့်တိုက်တည်မြဲဖို့ မင်းတို့တာဝန်လို့ ပြောထားတယ် ။ စာကြည့်တိုက်ကိုလည်း အလှဲ့ကျ ထိုင်ပေါ့ ။ ဒါပေမဲ့ မအားလပ်ကြတာရယ် တစ်ချို့က သိပ်စိတ်မဝင်စားကြတာရယ်ကြောင့် သူ့တို့ဖာသာ သူတို့ ငွေစုကြပြီး တစ်ယောက်ထဲကိုပဲ တာဝန်ပေးဖို့ပြောတော့ ရွာထဲက စာပေးစာယူ တက်နေတဲ့ ကလေးကို တာဝန်ပေးလိုက်တယ် ။ သူကျောင်းတက်နေတဲ့ ရက်တွေတော့ ကြီးကြပ်တဲ့ အဖွဲ့က တာဝန်ယူရတယ်လေ ။ အဆောက်အဦး ပြီးတာ နှစ်နှစ်ပဲ ရှိသေးတာ ။ ရောက်တော့တွေ့ပါလိမ့်မယ် ။ ”
ပြောနေတုန်းခဏ မှာပဲ ကလေးမ တစ်ယောက်ဝင်လာပြီး
” စာကြည့်တိုက် တံခါး ဖွင့်ပြီး ရှင်းထားပြီးပါပြီ ။ မှတ်ပုံတင် လုပ်မဲ့ သူတချို့လည်း ရောက်နေပါပြီ ”
လို့ အုပ်ချုပ်ရေးမှူးကိုလာပြောလို့ သူက နေဝန်းနီတို့ဘက်လှည့်ပြီး
” အဆင်သင့်ဖြစ်ပြီတဲ့ လာသွားရအောင် တစ်လမ်းကျော်တင်ပဲ ခြေလျင်သွားလို့ရပါတယ် ”
နေဝန်းနီ တို့လည်း လိုအပ်တဲ ့ ပစ္စည်း စာရွက်စာတမ်း ထုတ်ပိုးပြီး စောစောက နွားစာစဉ်းစက်ဘေးကနေ ဖြတ်ပြီး လမ်းမဘက်ကိုထွက်လာက်ပါတယ် ။ ရွာဆိုတော့လည်း လမ်းတွေက စနစ်တကျ ဖောက်ထားသည်တော့ မဟုတ်ပေမဲ့ လမ်းကြို လမ်းကြား တစ်ဖက်ပိစ်လမ်း နည်းပါတယ် ။ ပြီးတော့ တစ်ရွာထဲ အိမ်ခြေ တစ်ထောင်ဝန်းကျင်ရှိပြီး အုပ်စု တပ်ခေါ်တာ ဆိုတော့ လက်အောက်ခံရွာမရှိပါဘူး ။ အိမ်ကထွက် တောင်မြောက် ဖြတ်ထားတဲ့ လမ်းပေါ်ရောက်တော့ တောင်ဘက်ကွေ့ ။ နောက် တစ်လမ်းမရောက်ခင်မှာပဲ ။ ဝင်းကျယ်ထဲက အဆောက်အဦး အသစ်တစ်လုံး ။ အဆောက်အဦး ဝင်ပေါက်အထက််မှာ စာကြည့်တိုက်ဆိုင်းဘုတ်ချိတ်ဆွဲလို့ ။ ပေသုံးဆယ် နှစ်ဆယ် လောက်တော့ ရှိမယ် ။ မျက်နှာစာ မှာ ကော်ရစ်တာထုတ်ထားသေးတယ် ။ ကြော်ညာ သင်ပုန်းတစ်ချပ်ထောင်ထားတာလည်းတွေ့ရဲ့ ။ နေ့အလိုက် အလှဲ့ကျ သန့်ရှင်းရေစာရင်းကို သင်ပုန်းပေါ်မှာ မညီမညာရေးထားတာတွေ့လိုက်ရသေးတယ် ။ ဝရံတာက သစ်သားနဲ့ပဲ ။ ခါးလောက်အမြင် တပ်ထားတယ် ။ စာကြည့်တိုက်ထဲရောက်သွားတော့ အလယ်မှာ စားပွဲကြီးတစ်လုံးချထားတယ် ။ အခန်းပြည့်ပဲ ။ နံဘေးမှာက စာအုပ်စင်တွေ ။ ခေါင်းရင်းဘက်မှာတော့ မှန်ဘီရိုနဲ့ ထည့်ထားတဲ့စာအုပ်တွေ ။ စင်တွေ ဘီရိုတွေကြောင့် ရှိသမျှ ပြတင်းအကုန်ဖွင့်မရ ။ အနည်းငယ် မှောင်နေတယ် ။ နေဝန်းနီ မျက်စေ့နဲ့တော့မရ ။ ဆိုတော့ကာ စာအုပ်တွေကြည့်ပြီး သွားရည်ယိုချင်သေးပေမယ့် သက်ဆိုင်ရာ ကိုယ်ပစ္စည်းလေးတွေဆွဲပြီး ဝရံတာဘက် ပြန်ထွက်လာခဲ့တယ် ။ မိုးကလည်း နဲနဲ အုံ့နေတာကြောင့် ပြီးတော့ ဝရံတာကကျဉ်းတာကြောင့် ဝရံတာရဲ့ အပြင်ဘက်အုတ်ခုံအောက်မှာ စားပွဲတစ်လုံးရွေ့ယူလိုက်တယ် ။ စားပွဲပေါ်မှာ တင်ထားတဲ့ မှန်ချပ် ဆေးဘူး နေရာချလိုက်တယ် ။ သူကအရေးကြီးတာလေ ။ သတိမထားမိရင် စာကူးစက်မှင် သုပ်ထားတဲ့ မှန်ချပ်ပေါ် တစ်ခုခု တင်မိရင် အကုန်ပေကုန်ရော။ အကျႌ တို့ ခေါင်းပေါင်းလာတဲ့ တဘက် တို့ဘာတို့က ပြန်လျှော်လို့ရသေး ။ လက်ကကိုင်လာတဲ့ မှတ်ပုံတင်တို့ အိမ်ထောင်စု စာရင်းတို့ အခုလုပ်မဲ့ ပုံစံ တို့သွားတင်မိရင် လျှော်လို့မရဘူး ။ အဲ့သဟာကြောင့် ကိုယ့်ရှေ့ လာရပ်တဲ့ သူရဲ့ လက်တွေကို မျက်စေ့ ရှင်ရှင်ကြည့်နေရတယ် ။ မှန်ချပ်နား လက်ရောက်သွားတာနဲ့ “ဟေ းးး ” “ဟိုးးးးးး ” နဲ့ တားရတာ ။ အဲ့ဒိ မှန်ချပ်ကို စားပွဲ ဘယ်ထောင့်စွန်းမှာ ထားလို့ ။ အလယ်လောက်မှာထားမရ ။ ပုံစံ စာရွက်တွေက အကြီးကြီးတွေ ။ ဓာတ်သေ မှတ်ပုတင်ကလည်း ထည့်ရသေး ။ ရှေ့မှာချထားတဲ့ သင်ပုန်း ဝရံတာမှာမှီထောင် ။ ဘက်ကဒေါင်းပိတ်စ ဆွဲချိတ် ။ ရပြီ ။
ဓာတ်သေဖိုး ငါးရာကျပါတယ်
ပြီးခဲ့တဲ့ ရွာနဲ့ မတူတာက အုပ်ချုပ်ရေးမှူးက မှတ်ပုံတင် လုပ်မဲ့သူတွေဆီက ပိုက်ဆံ တစ်ပြားမှမကောက်ပါတဲ့ဗျား ။ သို့အတွက်ကြောင့် မှတ်ပုံတင်ဘိုး ခြောက်ကျပ်ကို ဝန်ထမ်းများမှကောက်ပြီး ဓာတ်သေဘိုး ငါးရာကို နေဝန်းနီ ကတစ်ယောက်ချင်းစီက ကောက်ရအဲ့ တောင်းရပါတော့တယ် ။ ပြီးခဲ့တဲ့ ရွာတုန်းက ဧည့်ခံစရိတ် နဲ့ ရောပြီး အုပ်ချုပ်ရေးမှူးက ကောက်တာကိုး ။ ဒီဘက်ရွာမှာကျတော့ အုပ်ချုပ်ရေးမှူးက သူထိန်းဆိုတော့ မကောက်ပါဘူးတဲ့ ။
( ဟို …… ရုံးက ကောင်တွေ ဆွေးပြီပဲ မနက်က ဟိုဘက်ရွာမှာ ဓာတ်သေဘိုး လူတစ်ရာ့ သုံးဆယ် ခြောက်သောင်းခွဲ နဲ့ ဘာညာသာရကာ တစ်သိန်းပေးလိုက်တာ နေဝန်းနီ ဆိုတဲ့ ကောင်က မြင်ဖြစ်အောင်မြင်လိုက်သေး ။သူတို့ တိုးတိုး တိုးတိုး လုပ်နေလို့ ရှိုးနေတာ ။ ဒါပေမယ့် ကိုယ်နဲ့ မဆိုင်လို့ဘာမှ မပြောပါဘူး ။ ခုမှ စကားအတင်းစပ်ပြီးပြောတာ ။ )
ဆိုတော့ကာ လူတစ်ယောက ်ဓာတ် သေ ရိုက်ပြီးတိုင်း ဓာတ်သေဖိုး ငါးရာကျပါတယ်
ဆိုတာက အလွတ်ကျက်ထားသလို ပြောနေရပါတော့တယ် ။ အဲ့လို ပြောရတာ မျက်နှာတော့ပူသား ။ ဒါပေမဲ့ မပြောလို့ကလည်းမဖြစ် ။ မပြော ရင်လည်း သူတို့က ထုတ်မပေး ။ မျက်နှာပူပူ နဲ ့ တောင်းတာတောင်မှ နှစ်ယောက်သုံးယောက်လောက်က ပိုက်ဆံ ပါမလာလို့ ဆိုပြီး အိမ်ပြန်ယူကြသေး ။ ဟေးးး ဟေး ။ ပျော်တော့ ပျော်စရာကောင်းသား ။ စိုက်စရာက မပါတော့ ဂရုတစိုက် တောင်းနေရတာ ။ လက်ဗွေနှိပ်ပေးလိုက် ဓာတ်သေရိုက်လိုက် ။ အဲ့ အရပ်ပါတိုင်းပေးလိုက်ရသေး ။ စာကြည့်တိုက်ထဲက အလင်းရောင်နည်းတော့ အရပ်တိုင်းဖို့ရာက မလှည့်သာဘူး ။ ခန်းလုံးပြည့် ခင်းထားတဲ့ စားပွဲကြီးဘေးမှာ ပလပ်စတစ်ခုံလေးတွေနဲ့ထိုင်နေ ရတာ ။ ဘေးမှာလူကလည်း ဝိုင်းနေတော ့ နေဝန်းနီ နားရောက်မှပဲ အရပ်တိုင်းပေးရတော့တယ် ။ ရှင်းတယ်နော် နေဝန်းနီ အရပ်တိုင်းတာ ။ ကောင်မလေး ဆို ငါးပေ ယောက်ျားလေးဆို ငါးပေသုံး ။ မယုံပြန်တိုင်း လွဲရင်နဲနဲပဲ ။ သူတို့တွေဘာကြောင့် အရပ်မထွက်ကြသလဲ ။ ရှိတော့ ရှိပါတယ် ။ အရပ်မြင့်တဲ့သူတွေ ။ နဲတယ် ။ ဆယ်ယောက်မှာ နှစ်ယောက်သုံးယောက်က အလွန်ဆုံး ။ နေဝန်းနီ တွေးမိတာကတော့ အစာအဟာရ ရဲ့ ထောက်ပံ့မှုနဲလို့ အရပ်က တစ်ပုံစံထဲဖြစ်နေတာလားလို့ပဲ ။ သူတို့မှာ ဗိုက်ပြည့်ဖ်ို့ အဓိက စားတာ ။ ခန္ဓာကိုယ် အဟာရဖြစ်ဖို့ ထည့်တွက်တဲ့သူနည်းတယ် ။ ပြီးတော့ ဆယ်ယောက်မှာ သုံးလေးယောက်လောက်က တစ်နှစ်လုံးနေမှ မြို့ပေါ်ရောက်ရင် ဆယ်ခေါက်ထက်မပိုဘူး ။ ရောက်ပြီဆိုရင်လည်း သူတို့မှာ သုံးစရာ ငွေကြေးအလုံအလောက်မပါနိုင်ဘူး ။ လာရင်းကိစ္စပြီးရင် တန်းပြန်ရရှာတာ ။ လည်ပတ်စရာ မရှိတဲ့ မြို့သေးသေးလေးမှာ ဘယ်နေရာ ဘာရှိမှန်းမသိကြ။ လွယ်အိပ်ပုတ်တစ်လုံး စလွယ်သိုင်းလွယ်ပြီး တစ်လမ်းဝင်တစ်လမ်းထွက် ။ တွေ့တဲ့သူ သွားချင်တဲ့ နေရာမေး ။ အဲ့သလို ဆိုတော့ ……….။
နေဝန်းနီ
11:20 PM
2015 Mar 31
8 comments
ဝင့်ပြုံးမြင့်
April 1, 2015 at 2:23 am
.ဟုတ်တယ် အဘနီရေ့။ အရပ်အမောင်းတွေ တော်တော်ဆိုးတယ်။ မိန်းကလေးတွေ ၅ပေကကို မကျော်ဘူး။
kai
April 1, 2015 at 3:01 am
မြန်မာတွေ ကြုံလှီသေးကွေးကုန်တာကြားရ..သိရတိုင်း.. ဒီလိုမြေယာလယ်ဧကပေါများတဲ့တိုင်းပြည်မှာ.. အဓိကအရေအတွက်အများဆုံးဖြစ်တဲ့.. နွားသား..။
ကလေးငယ်တွေဦးနှောက်ခန္ဓာဖွံ့ဖြိုးမှုမှာ..အင်မတန်အရေးပါတဲ့.. နွားသားနဲ့..နိုထွက်ပစ္စည်း..တွေကို.. မစားဝံ့.. မသုံးဝံ့အောင်လုပ်ခဲ့တဲ့.. နွားမေတ္တာစာ.. စကားကြီးတခွန်းနဲ့.. အဲဒီစကားကိုဖြစ်အောင်.. ဥပဒေပြုအကောင်အထည်ဖေါ်ခဲ့တဲ့.. ဦးနုကိုသတိရမိတယ်…။
တပြိုင်ထဲ.. အိန္ဒိယလိုဟိန္ဒူတိုင်းပြည်ကို… ကော်ပီကက်လုပ်ရာမှာ.. အိနိ္ဒယက.. ကမ္ဘာမှာနွားသား Export အလုပ်ဆုံးတိုင်းပြည်တခုမို့.. နွားသားသာမစားတာ.. နွားတွေမွေးထားပြီး.. သတ်..အသားကို..နိုင်ငံခြားပို့.. မြန်မာပြည်တပြည်စာ ဂက်စ်တွေ.. သစ်ပင်တွေခုတ်ရောင်းတာထက်.. ပိုဝင်ငွေဒေါ်လာတွေရ..။
နောက်.. သူတို့သက်သတ်လွတ်က.. နို့နဲ့နို့ထွက်ပစ္စည်းတွေ မျိုးစုံလုပ်စားသမို့.. ကုသလမျိုးတွေကျန်းမာသန်စွမ်းပေမယ့်..ဟိန္ဒူ ကော်ပီကက်ထေရာဝါဒထဲက သက်သတ်လွတ်က..နို့.. နို့ထွက်ပစ္စည်းနဲ့ကြက်ဥတောင်မပါသမို့..
ကျိန်စာ… :kwi:
=========
Top 10 Brain Foods for Children – MedicineNet
http://www.medicinenet.com › … › healthy kids az list
MedicineNet
Nov 17, 2014 – Eating certain ‘brain foods’ may help boost a child’s brain growth and improve brain …. Low fat milk or yogurt is great sources of protein and carbohydrates foe the brain … Beef is also a good source of zinc, which aids memory.
==
Brazil exported the most beef in 2013 followed by India & Australia. Four (4) countries exported more than 1.1 million metric tons of beef in 2013: Brazil, India, Australia & the United States. Brazil and India account for nearly 40% of the world’s exports of beef.Feb 28, 2015
==
Selling the Sacred Cow: India’s Contentious Beef Industry …
http://www.theatlantic.com/business/…indias…beef…/385359/
The Atlantic
Feb 12, 2015 – Export began in the 1960s and grew significantly in the last decade. Last year, India exported $4.3 billion worth of beef, a number expected to …
ခင်ဇော်
April 1, 2015 at 8:04 am
အဲလို ပေမမှီဒေါက်မမှီတာ တခြားနေရာ ပတနာရှိဝူးဗျ။
အားကစားမှာကျ ဂွမ်းတယ်။
ပုံ/
အီးပေါက်ရင် ဖုန်ထသူ အရပ်ပိုင်ရှင်
:k:
Alinsett@Maung Thura
April 1, 2015 at 8:16 am
တော်သေး ကျနော့်အရပ် ငါးပေခြောက်မို့ ဖြေသာတယ်
:kwi:
ကျနော်တို့ရပ်ကွက်ထဲက စာကြည့်တိုက်ကတော့ ဆိုင်းဘုတ်ချိတ်စာကြည့်တိုက်
ဆိုင်းဘုတ်ပဲ ရှိတယ် စာတအုပ်မှမရှိ။
ပိုဆိုးတာက စာကြည့်တိုက်ထဲမှာ မိသားတစု ဝင် နေထိုင် နေကြတာ
:buu:
ခင်ဇော်
April 1, 2015 at 8:23 am
ဘဝရဲ့ အိပ်မက် မြင့်မြင့် တစ်ခုထဲမှာ စာကြည့်တိုက်သေးသေးလေးဖြစ်ဖြစ် တစ်ခုလောက် ပိုင်ချင်တာ။
:buu:
Alinsett@Maung Thura
April 1, 2015 at 8:30 am
စာကြည့်တိုက်တွေ စာအုပ်အငှားဆိုင်တွေကို လူငယ် လူလတ်တွေ စိတ် သ်ပ်မဝင်စားတော့ဘူးးးး
အဲ့တော့ အလုပ်မဖြစ်ကြ
.ဟောအခု ရပ်ကွက်ထဲ အင်တာနက်ဆိုင်တွေလည်း ယိုင်နဲ့လဲပြိုကုန်ပြီ
တချိန်မှာ စာအုပ်တွေကို လူငယ်လူလတ်လူကြီးတွေအကုန် တစ်ပတ်လည် စိတ်ပြန်ဝင်စားလာလိမ့်မယ်လို့
မျှော်လင့်မိဆဲ
စာကြည့်တိုက်ကလေးတခု ကိုယ်တိုင် ကမကထလုပ်ချင်စိတ် ရှိဆဲပါပဲဗျားးးး
ခင်ဇော်
April 1, 2015 at 8:46 am
စာဖတ်ဖို့ ဆိုတာလည်း စာဖတ်ချင်စိတ်ရှိဖို့ လိုတယ်။
စာဖတ်ချင်စိတ်ပေါက်လာဖို့ကလည်း စိတ်နှလုံး မညှိုးနွမ်းနေဖို့ လိုတယ်။
စိတ်နှလုံး ကြည်လင်ဖို့ကလည်း အားလပ်ချိန်လေး ရဖို့ လိုတာပဲ။
အားလပ်ချိန်လေး နည်းနည်း ရဖို့ကလည်း အချိန်တိုင်း အခြေခံစားဝတ်နေရေးအတွက် ရုန်းကန်မနေဖို့လိုတယ်။
ဆိုတော့ အခြေခံ လိုအပ်ချက် အတွက်တောင်မှာ တအားရုန်းကန်ရှာစားရတဲ့ လူတွေကို စာထိုင်ဖတ်ဖို့ ဘယ်လို မျိုး ဆွဲဆောင်နိုင်ပါ့မလဲကွယ်။
စာဖတ်လေ့ကျင့်အစပျိုးရမဲ့ ကလေး အရွယ်တွေက အစ အလုပ်လုပ်နေရတဲ့ နိုင်ငံလေကွယ်။
ဒီ တောက် အစိုးရမကောင်းလို့ မဟုတ်ပါဘူးးး
တို့တွေကို က ကံ မကောင်းခဲ့လို့ ဖြစ်မှာပါ။
ခွီးးးးးးးး
👿
အောင် မိုးသူ
April 1, 2015 at 1:18 pm
ဘယ်သူ့မှ မဖတ်ရင်တောင် ဖတ်ချင်တဲ့သူတွေရယ် ကိုယ်တိုင်ဖတ်ဖို့ရယ် စာကြည့်တိုက်အသေးလေး လုပ်ချင်တာ စိတ်ကူးရှိတယ်။